ဓါတ်ပုံ – Getty Images (ပုံဟောင်း | စစ်ကောင်စီရဟတ်ယာဉ်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီး ဖြစ်ပွါးခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်၏ ရဟတ်ယာဉ် တစ်စီးကို ဒီကနေ့ ဖေဖော်ဝါရီ ၃ရက်နေ့၊ မွန်းလွဲ ၃:၄၅ နာရီခန့်က ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနှင့် မဟာမိတ် တပ်ပေါင်းစုများက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ရဲဘော်(၂)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်နေ့က စစ်ကောင်စီ လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်နှင့် တိုက်လေ ယာဉ်တို့ကို အကြီးစား ပျက်စီးသည်အထိ ပစ်ခတ် ချေမုန်းနိုင်ပါက တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၃) သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း (၆၀၀၀) ချီးမြှင့်မှာ ဖြစ်ကြောင်း ထုတ်ပြန်ဖူးပါတယ်။