သတင်း

တနိုင်းက ရွှေမော်တစ်ခုကို ပြည်သူ့စစ်တပ်ဖွဲ့ ဒရုန်းဗုံးဖြင့် တိုက်ခိုက် 

ဓါတ်ပုံ – Getty Images
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ဂျထူးဇွပ်ဒေသ နမ့်ဖက် ရွှေမော်မှာ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ ၅ နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ ဂျထူးဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ဘက်ကနေ ဒရုန်းဗုံးနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ပြည်သူ့စစ် တပ်ဖွဲ့၏ ဒရုန်းဗုံးဖြင့် ရွှေမော်ဒေသကို တိုက်ခိုက်တာဟာ ၎င်းတို့တပ်ဖွဲ့က တောင်းတဲ့အခွန်ငွေ တို့ကို ပေးဆောင်ခြင်း မရှိတာကြောင့် ခြိမ်းခြောက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ လုပ်ငန်းရှင်တို့ကို ပြောဆိုနေ ကြပါတယ်။
အဲဒီဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်မှု မရှိခဲ့ပေမယ့် လုပ်ငန်းခွင်သုံး ဘက်ဟိုး(Back Hole)ကား ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေမော်ဒေသကို ဖြတ်သန်းသွားလာတဲ့ လုပ်ငန်းရှင်များနှင့် ဒေသခံများကိုလည်း ဒရုန်းဗုံးဖြင့် ခြိမ်းခြောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်သုံး ဘက်ဟိုး(Back Hole)ကားတို့ကို လည်း သိမ်းဆည်းလိုက်တာမျိုးလည်း ကြုံတွေ့နေရတယ်လို့ ကေအိုင်အေ အာဘော်သတင်းရင်းမြစ်က ဖော်ပြပါ တယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်အရ ဒရုန်းတိုက်ခိုက်မှုအပြီး ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ကေအိုင်အေ တပ်ဖွဲ့ တို့ကြား နှစ်ဖက်တိုက်ပွဲလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဂျထူးဇွပ်၊ နမ့်ဖက် ရွှေမော်တို့ဟာ ကေအိုင်အေ တပ်မဟာ (၂) ၊ တပ်ရင်း (၄၃)နယ်မြေထဲမှာ တည်ရှိတာ ဖြစ်ပါ တယ်။

Related Articles

Back to top button