တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ပါတီ၏နိုင်ငံရေးရာများ ပိုမိုတွင်ကျယ်လာစေဖို့ KNPP ကေဒါသင်တန်းကျင်းပ

ဓါတ်ပုံ – KnIC
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၁
 
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီဟာ အနာဂတ်ပါတီ ခေါင်း ဆောင်မျိုးဆက် သစ်များပေါ်ထွက်လာစေရေးနှင့် ပါတီ၏ နိုင်ငံရေးရာ များ ပိုမိုတွင်ကျယ်လာစေဖို့ ကေဒါသင်တန်းကို ထပ်မံ ကျင်းပခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
 
(၆) ကြိမ်မြောက်ပါတီ ကေဒါသင်တန်းကိုတော့ KNPP ထိန်းချုပ်နယ်မြေဖြစ်တဲ့ တလဲဒူဆို(ညာမို)မှာ နိုဝင်ဘာ ၂၁ မှ ဒီဇင်ဘာ ၂၁ ထိ တစ်လသာ ကျင်းပပြီးစီးခဲ့တာပါ။
 
သင်တန်းဖွင့်လှစ်ရခြင်းမှာ အနာဂတ်ပါတီ ခေါင်းဆောင် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးနှင့် ပါတီ၏နိုင်ငံရေးရာများ ပိုမိုတွင်ကျယ်လာစေရန် ကေဒါကောင်းများမွေးထုတ်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ဒီကနေ့ ကေဒါ သင်တန်း အောင်မြင်စွာ ပြီးစီးပြီး ဂုဏ်ပြုတဲ့ အခမ်းအနားမှာတော့ KNPP ဥက္ကဌ ခူးဦးရယ်၊ ပါတီ အထွေ ထွေ အတွင်းရေးမှူးနှင့် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပြီး သင်တန်း ပြီးမြောက်အောင်မြင်သူများကို သင်တန်းဆင်း လက် မှတ်များ ချီးမြင့်ပေးခဲ့သလို ထူးချွန်သူများကို ဆုများ ပေးအပ်ချီးမြင့်ပေးခဲ့တဲ့ အစီအစဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button