သတင်း

ကလေးမြို့နယ်ထဲက ဒိုးဝိုင်းချောင်း – ရာဇဂြိုဟ် အနောက် မြောက်လမ်းမကြီးကို PDF (Kalay) က ယာယီပိတ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၃
ကလေးမြိုနယ်အတွင်း လက်ရှိစစ်ရေးအခြေအနေများအရ ဒိုးဝိုင်းချောင်း – ရာဇဂြိုဟ် အနောက်မြောက်လမ်းမကြီးကို အများပြည်သူမော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် မေတ္တာရပ်ခံသတိပေးအပ်တယ်လို့ PDF (Kalay) က ထုတ်ပြန်ထားတာပါ။
သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေး အန္တရာယ်များအား PDF (Kalay) မှ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပေးနိုင်ပါကြောင်းနှင့် နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုစေလိုတယ်လို့ အသိပေးထားပါတယ်။

Related Articles

Back to top button