တိုင်းရင်းသားများသတင်း

စစ်ကောင်စီတပ်မှ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ်ပြုလုပ်ဖို့ ပေါ်တာဆွဲ

စစ်ကောင်စီတပ်မှ ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ်ပြုလုပ်ဖို့ ပေါ်တာဆွဲ
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၃ 
 
ဖားကန့်မြို့နယ်၊ ခွမ်ဆိုင်ဇွပ်ကျေးရွာအနီး ဆုတောင်းတောင် တောင်ကုန်း ပေါ် မှာ တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ် တပ်မ ၃ လက်အောက်ရှိ အင် အား ၁၀၀ ကျော်ပါတဲ့ ခလရ ၄၂ မှ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ပိုင်းက အဆိုပါကျေးရွာတဝိုက်ရှိ ပြည်သူ ၅၀ နီးပါးကို ပေါ်တာ ဆွဲခေါ် သွား ကြောင်း သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ၎င်းတို့တပ်စွဲထားတဲ့ တပ်စခန်းအနီး လမ်းမပေါ်မှာလည်း ညနေပိုင်း ဖြတ်သန်းသွားလာတဲ့ အမျိုးသားတိုင်းကို ဖမ်းဆီးခဲ့သလို ဖားကန့် မြို့ကနေ ခရီးသွားတဲ့ ကားသမားနဲ့ ခရီးသည်ပြည်သူ အယောက် ၆၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခဲ့တာပါ။
 
နန့်ယားစစ်တပ်ဘက် ခေါ်ဆောင် သွားခဲ့တဲ့ ခရီးသွားပြည်သူများကိုတော့ ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၅ နာရီခန့် ပြန်လည်လွတ်ပေးခဲ့ပေမယ့် ခွမ်ဆိုင်ဇွပ် ဒေသခံများကိုတော့ ပြန်လည် လွတ်ပေးခဲ့ခြင်း မရှိတာကြောင့် မိသားစုဝင်များက စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
 
အဆိုပါ စစ်ကြောင်းက ဖားကန်မြို့ လုံးခင်းကျေးရွာကနေ နိုဝင်ဘာ ၂၇ ရက်နေ့က ထွက်ခွာလာတဲ့ အဖွဲ့ဖြစ်ပြီး ခွမ်ဆိုင်ဇွပ်ကျေးရွာထိပ်တွင် ရပ်နားက နန့်ယားတပ်စခန်းဘက် ပြန်လည် ထွက်ခွာ လာခြင်းဖြစ်ကြောင်း သိရပါတယ်။
 
“စစ်ကောင်စီတပ်က ဖားကန့်မြို့ထဲအပါအဝင်၊ ဖားကန့်မြို့နယ်ထဲက ကျေးရွာတွေ၊ မော်တွေမှာလည်း အင်အား ၅၀ လောက်ပါတဲ့ စစ်ကား ၃ စီးလောက်နဲ့ ပတ်ကင်းပုံစံ အမြဲတမ်းလှည့်လည် သွားလာ နေတာလေ၊ အဲဒါသူတို့ လှည့်လည်သွားလာနေတဲ့အချိန် ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်တဲ့ဟာ ခပ်စိတ်စိတ်ဖြစ်လာတော့ အထိနာပုံရရပါတယ်၊ အဲဒါမျိုးထိခိုက်လာတော့ လမ်းကြုံတဲ့ ရွာတွေက ရွာသူ၊သားတွေကို ကျဉ်ကာလုပ်ဖို့ လူသားတံဒိုင်းလုပ်ဖို့ နေမှာတော့ ဆယ်ဂဏန်းတချို့ ဖမ်းဆီးသွားတဲ့ဆိုတာကို ကြားရတယ်”လို့ ဖားကန့်မြို့ခံတဦးက ပြောပြပါတယ်။
 
ယမန်နေ့ ဒီဇင်ဘာ ၂ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအတွင်း လက်နက်ကိုင် ဆောင်ထားတဲ့ လူ ၂ ဦးက ဖုန်းဆိုင်တစ်ခုကို ဓားပြတိုက်ခဲ့သလို နေအိမ်ထဲထိ ဝင်ရောက်ကာ မိသားစုများပိုင်ဆိုင်တဲ့ ငွေသားများနဲ့ ဖုန်းများ အပါအဝင် ခြံဝန်းအတွင်း ရပ်ထားတဲ့ ဆိုင်ကယ်တစီးကိုလည်း ယူဆောင်သွားတဲ့ ဖြစ်ရပ်မျိုး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button