တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်လက်တိုက် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ

AA – ထုတ်ပြန်ချက်
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၉
 
ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့ဟာ နိုဝင်ဘာ ၁၈ ရက်နှင့် ယနေ့ ၁၉ ရက်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ပလက်၀ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ၎င်းတိုက် ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့သလို အေအေဘက်ကလည်း တစ်ဦးကျဆုံးကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
 
ယမန်နေ့ နိုဝင်ဘာလ (၁၈) ရက်နေ့က တပ်မ (၇၇)တပ်ဖွဲ့တို့ဟာ အေအေတပ်ဖွဲ့ရှိတဲ့ မောင်တောမြို့ မြောက်ပိုင်း၊ ဝက်ကျိန်းအပြင် ရွာတောင်ဖက် မီတာ (၈၀၀) ခန့်အကွာကနေ ထိုးစစ်ဆင် တိုက်ခိုက်လာ တာကြောင့် မွန်းတည့် (၁၂) နာရီခန့်က စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီခန့် အချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ထိုးစစ်ကို အကောင်းဆုံးတုံ့ပြန် တိုက်ခိုက်နိုင်ခဲ့လို့ တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းဘက်က ကစဥ့်ကလျား ထွက်ပြေးခဲ့ရတာကြောင့် ခမရ (၁၀၅) တပ်ရင်းထံမှ စစ်အသုံး အဆောင် ပစ္စည်းများနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင် စီ တပ်ဖွဲ့ဝင် (၁၅)ထက်မနည်းလည်း သေဆုံးခဲ့တာပါ။
 
အလားတူ အဲဒီတိုက်ပွဲအတွင်းမှာတော့ ရက္ခိုင့်တပ်တော်ဘက်ကလည်း ၁ ဦးကျဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၅) ဦးရှိခဲ့ပါတယ်။
 
ဒါ့အပြင် ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီ ဟာ လက်နက်ကြီးများကို မောင်တောမြို့နယ်၊ ဝက်ကျိန်း(အလယ်ရွာ) ၏ တောင်ဖက် ရှိ နခခ(၇) စခန်း၊ ဝက်ကျိန်း ပတ်ဝန်းကျင်ရှိ တပ်မ(၇၇) အထိုင်ချနေသောနေရာ၊ တပ်မ (၁၁) အထိုင်ချ နေသော ခဝဲဗျူဟာ၊ ကြိမ်ချောင်း (၂၄) စခန်းများကလည်း လက်နက်ကြီးများ၊ အတွဲ လိုက်ဒုံးများကို ပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။
 
အေအေတပ်ဖွဲ့များဟာလည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်၊ စကခ (၁၅) တပ်မဌာနချုပ်အား လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့သလို စစ်ကောင်စီ တပ်မဌာနချုပ်အတွင်း၌ ထိမှန်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
လက်တလော်မှာတော့ စစ်ကောင်စီတပ်ဟာ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသများသို့ စစ်လက်နက် ခဲယမ်းများ အင်အား ဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် တိုးမြှင့်ပြုလုပ်နေတာကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း အသိပေးပြောဆိုထားပါတယ်။
 
မြေပြင်မှာ ထိခိုက်ဆုံးရှုံးမှု ကြီးမားနေတဲ့ စစ်ကောင်စီဟာ လက်နက်ကြီးများ၊ ဂျက်တိုက် လေယာဉ် များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရခိုင်ဒေသအပါအဝင်၊ တခြား တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ
နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်လျက်ရှိတာပါ။
 
အလားတူ စစ်ကောင်စီဟာ အရပ်သားများကို ပစ်မှတ်ထားပြီး စစ်သုံးဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းများကို ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ AA က ပြောဆိုထားပါတယ်။

Related Articles

Back to top button