သတင်း

KNDF စနိုက်ပါ မစ်ရှင်ပြုလုပ် l စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးမှုရှိ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၉

ကယား(ကရင်နီ) ပြည်နယ်ထဲက ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို KNDF တပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်၊ နေ့လည် ၁ နာရီခန့်က ဖရူဆိုမြို့ထဲ တပ်စွဲထားတဲ့ ခမရ ၄၂၈ မှ တပ်ဖွဲ့ဝင်များ ရေပိုက်ပြင်ရန်ဆင်းလာချိန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-04 တပ်ရင်းမှ အဆင့်မြင့် စနိုက်ပါသမားများက သွားရောက်ပစ်ခတ်ခဲ့တာပါ။

အဆိုပါစနိုက်ပါ မစ်ရှင်မှာတော့ စစ်ကောင်စီတပ်သား သုံးဦး ပစ်ခိုက်နိုင်ခဲ့ပြီး သေဆုံးမှု ရှိခဲ့တယ်လို့ KNDF/B-04 တပ်ရင်းက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဆင်မတောင် စစ်ကောင်စီ တပ်စခန်းကို KNDF B- 07၊ 01၊ 09 တပ်ရင်းများ ပူးပေါင်း စစ်ဆင် သွားရောက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KNDF B-07 ဘက်က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button