သတင်း

ကလေးမြို့နယ် တောင်ပိုင်း မြောက်စည်းရွာမှာ စစ်ကောင်စီတို့ တိုက်ခိုက်ခံရ၊ အရာရှိတစ်ဦး သေဆုံးမှုရှိ

VAKOK CNDF – ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း မြောက်စည်းရွာတွင်း တပ်စွဲထားတဲ့ စစ်ကောင် စီတပ် ဖွဲ့များကို ယမန်နေ့ နိုဝင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲ ပိုင်းချိန်ခန့် ပြောက်ကျား စနစ် ဖြင့် VAKOK CNDF က ဝင်ရောက်တိုက်ခိုက် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ အရာရှိ တစ်ဦး​ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများနှင့် အသုံးဆောင် ပစ္စည်းများကိုလည်း သိမ်းစည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းစည်းရမိတဲ့ ပစ္စည်းများဟာ ဆိုင်ကယ် တစ်စီး၊ လက်ပစ်ဗုံး နှစ်လုံး၊ MA-5အတို တစ်လက်၊ ခြောက်လုံးပြူးအတို တစ်လက်၊ ဖုန်း နှင့် powerbank၊ ကျပ်ငွေ သုံးသိန်း ကျော် နှင့် မှတ်ပုံတင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ချင်းပြည်နယ် မြို့တော် ဟားခါးအနီးဝန်းကျင် ဘက်မှာလည်း လက်တလောမှာ ဒေသကာကွယ်ရေးတပ် CDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတို့ကြား တပ်ဖွဲ့ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Related Articles

Back to top button