သတင်း

စာနာစိတ်ထားတဲ့ အနေဖြင့် မန္တလေးကက်သလစ် သာသနာ အဝန်းအဝိုင်းမှာ ခရစ္စမတ်အပါအဝင်၊ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဖို့ မန္တလေး ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ညွှန်ကြား

ဖက်ဒရယ်ဂျာနယ် မြန်မာ – နိုဝင်ဘာ ၁၇

မန္တလေးတိုင်း ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် သာသနာအဝန်းအဝိုင်းမှာ ရှိတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအပါအဝင် မန္တလေး ကက်သလစ် ဘာသာဝင် တွေနဲ့ ဓမ္မမိတ်ဆွေတွေကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို စာနာထောက်ထား မျှဝေခံစားတဲ့အနေနဲ့ ခရစ္စမတ်ပွဲအပါအဝင်၊ လူစုလူဝေးဖြစ်မယ့် ပျော်ပွဲရွှင်ပွဲ တွေကို မပြုလုပ်ကြဖို့ မန္တလေး ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်က ညွှန်ကြား လိုက်ပါတယ်။

ဆရာတော်ဟာ မန္တလေး ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် သာသနာအတွင်း မှာ ရှိတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင် တွေသာသနာ့အကျိုးတော်ဆောင်တွေနဲ့ လူငယ်တွေကို ခရစ္စမတ်ပွဲတော်၊ နှစ်သစ်ကူးပွဲတွေနဲ့ ပတ်သက်ပြီး အခုလို အသိပေးလိုက်တာပါ။

ခရစ္စမတ်ကယ်ရယ်သီချင်းသီဆိုတာနဲ့ ခရစ္စမတ်ဓမ္မတေးသီးချင်းတွေကို အသံချဲ့စက်(Sound-box) တွေနဲ့ဖွင့်ပြီးပွဲခံတာ၊လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲ မိတ်ဆုံစားပွဲ ဧည့်ခံပွဲတွေ ကျင်းပတာ၊ ဘုရားရှိခိုးကျောင်း တွေ ခေါင်းလောင်းစင်တွေ၊ကျောင်းခန်းပရဝုဏ်တွေ၊ဘုန်းကြီးကျောင်းတွေ၊သီလ ရှင်ကျောင်းတွေမှာ ပုံမှန်နှစ်တွေလို မီးအလှဆင်တန်ဆာတွေနဲ့ ပြင်ဆင်တာ၊ ပွဲတော်မြတ်နဲ့ ပတ်သက် ပြီး မိမိတို့ မိသားစုရဲ့ ဘယ်လို ပုံရိပ်မျိုးကိုမဆို လူမှုကွန်ရက်စာမျက်တွေမှာ ဖော်ပြတာတွေကို မကွေးနဲ့ စစ်ကိုင်းတိုင်း အတွင်းက ကက်သလစ်ဘာသာဝင်တွေရဲ့ ဆင်းရဲဒုက္ခတွေကို စာနာထောက် ထားတဲ့အနေနဲ့ မပြုလုပ်ကြဖို့ မှာကြားလိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ(၂၇) ရက်နေ့မှာ စတင်မယ့် ခရစ်တော်ဘုရားမွေးနေ့ တော်အတွက် ပြင်ဆင်ရာ အာဒ်ဝင်တူးအချိန်ကာလဖြစ်တဲ့ ပထမအာဒ်ဝင်တူး တနင်္ဂနွေနေ့ကစပြီး အာပတ်ဖြေတာ၊ မစ္ဆားနာယူ တာ၊ဘုရားဝတ်ပြုတာ၊ ဆု တောင်းတာ၊ ကျမ်းစာဖတ်တာ၊ တရားနာယူတာ၊ခရစ်ယာန်တရားထိုင်တာ၊ ပုတီးစိပ်တာ၊ဒုက္ခရောက်နေသူတွေကို ကူညီတာ လှူဒါန်းတာ နဲ့ ခရစ္စမတ် နိုဗီနာပြုလုပ်တာ စတဲ့ မြင့်မြတ်ရာတွေကို ကက်သလစ်သာသနာ့ ညွှန်ကြား ချက်(2022-2023 ORDO,pg – 43-44) တွေနဲ့ အညီမပြတ်မကွက် လုပ် ဆောင်ကြဖို့ ဆရာတော်က ညွှန်ကြားထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုအလွန်မှာတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ သက်ဆိုင်ရာ ပွဲတော် တွေကို တာဝန်ရှိသူတွေနဲ့ စစ်အာဏာရှင်တော်လှန်နေသူတွေဟာ သူတို့ရဲ့ ယုံကြည်တဲ့ ဘာသာ အယူဝါဒတွေကို သက်ဆိုင်ရာ နေရာမှာပဲ အကျဉ်းချုပ် ပြုလုပ်နေတာလို့ နားလည်ရပါတယ်။

Related Articles

Back to top button