တိုင်းရင်းသားများသတင်း

ကရင်စစ်ဘေးရှောင်ဦးရေ ၃ သိန်းကျော်လာ၊ ၁ သိန်းကျော် အရေးပေါ် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေ

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၆

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူလေအုပ်ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိပြီး အရပ်သားပြည်သူလုထု (၃) သိန်းကျော်ဟာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင် နေကြရတာပါ၊ အဲဒီထဲ စစ်ဘေးရှောင် လူဦးရေ (၁) သိန်းကျော်ဟာ အရေး ပေါ်လူသားခြင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက် ရှိနေတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

“တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေတာဆိုတော့ စစ်ဘေးရှောင်ရတဲ့သူတွေက ဆက်ရှိနေပါတယ်၊ အခု စစ်ဘေးရှောင်များက နေ့စဉ် မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်ဖို့ ဘက်ပေါင်းစုံကနေ ခက်ခဲမှု ရှိနေတယ်၊ သူတို့(စစ်ဘေးရှောင်များ)ရဲ့ လယ်ယာမြေတွေကိုလည်း ဆက်လက် လှုပ်ကိုင်နိုင်ဖို့ အဆင်မပြေဘူး၊ ဘက်ပေါင်းစုံကနေ ထောက်ပံ့မှု ပေးနိုင်ဖို့ကလည်း အင်မတန် ခက်ခဲနေတယ်။ အဲဒီ ထဲက လူဦးရေ ၁ သိန်းကျော်က အခက်အခဲဆုံးမှာ ဖြစ်နေတယ်၊ အခြေခံအစားအသောက်တွေကို ကူညီပေးနိုင်ဖို့ အရေးပေါ်လိုအပ်နေတယ်” လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပြပါတယ်။

“လက်ရှိမြန်မာနိုင်ငံက စစ်ဘေးရှောင်များရဲ့ လူသားချင်းစာမှုဆိုင်ရာ တိုက်ရိုက် အကူအညီရရှိဖို့ လိုအပ် နေမှုဟာ နိုင်ငံတကာ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကူညီဖို့ လိုအပ်နေတယ်၊ မြန်မာပြည်တွင်း စစ်ဘေးရှောင် အရေးဟာ နိုင်ငံတကာ အရေးလဲ ဖြစ်တယ်” လို့ KNU ပြောခွင့်ရ ပဒိုစောတောနီး က ပြောဆိုထားပါတယ်။

Related Articles

Back to top button