ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁
ပြည်သူ့တရပ်လုံးလိုလားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ဖို့ EAOs အားလုံးနှင့်အတူ လက်တွဲ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဖွဲ့စည်းမှု (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ (နိုဝင်လာ ၁)ရက်နေ့မှာ KIO က သဝဏ်လွှာပို့ တိုက်တွန်းလိုက်ပါတယ်။
ယနေ့အချိန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်သွားဖို့ မြန်မာနိုင်ငံသား အားလုံး ကျရာအခန်း ကဏ္ဍမှာ အင်အတိုက်အားတိုက် ပါဝင်ကြိုးပမ်းနေတဲ့ နိုင်ငံရေးအကူးအပြောင်းကာလ အချိန်အခါ ကောင်းလည်း ဖြစ်တယ်လို့ KIO က ဆိုထားပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီဟာ စစ်အာဏာသက်ဆိုးရှည်နိုင်ဖို့ အရပ်သားပြည်သူများကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူသားမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်း၊ လူနေအိမ်များနှင့် အရပ်သားများ၏ စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် လုယက်ခြင်း စတဲ့ အဖျက်အမှောင့်လုပ်ရပ်ကို နိုင်ငံအနှံ့အပြား မှာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိနေတာလို့ KIO ၏ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
အဲဒါကြောင့် စစ်အာဏာရှင်တို့၏ ရည်ရွယ်ချက်များ ပျက်ပြားသွားစေရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး လိုလားနေသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရန်ရန်အတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ များနှင့်အတူ ဆက်လက်ပူးပေါင်း လက်တွဲ တိုက်ပွဲဝင်သွားဖို့ KIO က သဝဏ်လွှာပေးပို့ တိုက်တွန်း ထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဖွဲ့စည်းမှု (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့မှာတော့ တော်လှန်ရေးအင်အားစု အဖွဲ့အစည်း အသီးသီး သဝဏ်လွှာ ပေးပို့ကြတာ တွေ့ရပါတယ်။