တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကွတ်ခိုင်ဒေသ KIA နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်

ဓါတ်ပုံ – The Kachin Net

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၇

ရှမ်းပြည်နယ်၊ မြောက်ပိုင်း ကွတ်ခိုင်မြို့ နောင်ဆွေးကျေးရွာ အနီးဝန်းကျင် တွေမှာ KIA တပ်မဟာ (၆) တပ်ရင်း(၉) နယ်မြေဒေသထဲ ပြီးခဲ့တဲ့ အောက်တို ဘာ ၁ ရက်နေ့က စပြီး ကနေ့ချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ KIA သတင်းဌာနဘက်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

မူဆယ် – ကွတ်ခိုင် လမ်းမကြီးအတိုင်း ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲခန့်မှာ 4Weel စစ်ကား ၂ စီးဖြင့် လှုပ်ရှား ထောက်ပို့လုပ်နေတဲ့ စစ်ကောင်စီ တပ်တို့ဟာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ လုံခြုံရေး ယူထားတဲ့ နောင်ဆွေးကျေးရွာ အနီးနယ်မြေထဲ ဝင်ရောက်လာတာကြောင့် နှစ်ဖက် တိုက်ပွဲ ပြင်းထန် ခဲ့တာပါ။

အဲဒီနှစ်ဖက်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ရှိခဲ့ပြီး 4Weel စစ်ကားတစ်စီးကလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်မှုရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနီးဝန်းကျင်က ကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့တာကြောင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်း ကွတ်ခိုင်မြို့အပါအဝင် တခြားမြို့နယ်တွေထဲက KIA တပ်မဟာ (၆)၊ တပ်မဟာ (၄)၊ တပ်မဟာ (၁၀) နယ်မြေဒေသတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး အောက်တိုဘာလထဲထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတာပါ။

Related Articles

Back to top button