ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၆
ရှမ်းမြောက် ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ကွတ်ခိုင်မြိုနယ် နမ့်ဖတ်ကာအနီးမှာ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲခန့်ကစပြီး ကေအိုင်အေနှင့် စစ်ကောင်စီတိုကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်း တိုက်လေယာဥ်နဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို ဒေသအရင်းအမြစ်တိုက ဆိုပါတယ်။
မူဆယ် (၁၀၅)မိုင်ကနေ နမ့်ဖတ်ကာ ခြေလျင်တပ်ရင်းသို ဆင်းလာနေတဲ့ ကား (၁၄)စီးပါ စစ်ကောင်စီ ယာဥ်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က KIA ဘက်က ကြားဖြတ် တိုက်ခိုက်ခဲ့မှု ရှိခဲ့တာကြောင့် စစ်ရေးတင်းမာမှု ဖြစ်ခဲ့ပြီးနောက် ဒီကနေ့ညနေ မွန်းလွဲ ၃ နာရီခန့်က နှစ်ဖက် တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာ ဖြစ်ပါတယ်။
နမ့်ဖက်ကာ စစ်ကောင်စီ ခြေလျင်တပ်ရင်း (၁၂၃)ကနေ ဒီကနေ့ မနက်ပိုင်း ၈ နာရီခွဲခန့်ကစပြီး လက်နက်ကြီး အလုံးပေါင်း (၄၀)ခန့်ကို ကေအိုင်အေ တပ်စခန်း တည်ရှိရာနေရာဘက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့တာလို ဒေသခံ ကချင်သတင်းအရင်းအမြစ်က ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ့်ဖတ်ကာအနီး ကျေးရွာတွေထိ ထိခိုက်မှုဖြစ်လာနိုင်တာကြောင့် ဒေသခံတွေဘက်က စိုးရိမ်မှု မြင့်တက်နေပါတယ်။
ယမန့်နေ့ စက်တင်ဘာ ၄ ရက်နေ့က ကွတ်ခိုင်မြိုနဲ့ သိန္နီမြိုကြားက မော်ဟန်ကျေးရွာအုပ်စု၌ တည်ရှိတဲ့ မန်ပိန်းကျေးရွာအနီးမှာလည်း စစ်ကောင်စီနဲ့ ကေအိုက်အေ တပ်ဖွဲတို နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။