တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွား

Photo-KNU

ဖက်ဒရယ်ဂျာနယ် (မေလ ၇ ရက်နေ့)

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တို့ကြား ဧပြီလ တစ်လအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များမှ ၃၅၆ ဦးသေဆုံးပြီး ၁၉၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ထုတ်ပြန်သည်။။

ယင်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုင်းပြည်နှင့်လူမျိုးအတွက် ရဲဘော် ၁၅ ဦးအသက်စွန့်ခဲ့ရပြီး ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ချက်အရသိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့မှ အပြစ်မဲ့ပြည်သူ များအပေါ် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခြင်း၊  လေကြောင်းမှတိုက်ခိုက်ခြင်းတို့ ကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦး အသက်သေဆုံးခဲ့ရပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Related Articles

Back to top button