ဖေဖော်ဝါရီလ – ၂၈ – ၂၀၂၂
စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ ၃ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၅၉၇) ဦး ရှိခဲ့ပြီဖြစ်ပါ တယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၅၀၂)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
- ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ ဆီးလီဒုံးကျေးရွာအနီးတစ်ဝိုက်ဖက်မှာ ဒီကနေ့ မနက် ၅ နာရီ ကျော်အချိန်ကစ နေ့ခင်း ၁၂ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က ဆီးလီဒုံးကျေးရွာ ဖက်ကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ တင့်ကား၊ လက်နက် ကြီးပစ်ကူ အသုံးပြုပြီး ထိုးစစ်ဆင်လာတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့က ထုတ် ပြန်ထားပါတယ်။ ထိုးစစ် ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO-PDF၊ Loikaw PDF၊ အလယ်ပိုင်း တိုင်းအထူးစစ်ဆင်ရေးတပ်၊ ညီနောင်မဟာမိတ်တို့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
- ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဒုတ်ထစ်ရွာ (Dokthek khua) မှာ ညအိပ်စခန်းချတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို ဒီနေ့ မတ်လ ၃ ရက် မနက် ၃ နာရီလောက်က CNA တပ်ကသွားရောက် တိုက်ခိုက် ရာ CNA တပ်တွေပြန်ဆုတ်တဲ့ချိန်မှာ လျှပ်စစ်မီးကြိုးကိုနင်းမိတာကြောင့် CNA တပ်သား Salai Thiang Bik Lian (၁၉ နှစ်) ကျဆုံးသွားတယ်လို့သိရှိရပါတယ်။ မနေ့ကလည်း CNA တပ်သား ၂ ဦးကျဆုံး ပြီး သေနတ်ပါ စစ်ကောင်စီတွေသိမ်းယူသွားတယ်လို့သိရတယ်။
- ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ ကျူးကျော်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ကားများ၊ လမ်း ဖောက်လုပ်သည့် ကားအစီးရေ ၂၀ ကျော်ခန့်ကို KNLA နှင့် KNDO တပ်ဖွဲ့များက တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။ ဗီဒီယိုမှတ်တမ်းများပေါ်တွင် KNLA/KNDO တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လို့ တရက်အတွင်း စစ်ကား ၆ စီး ပျက်စီးခဲ့သည်ဟု ဆိုထားသည်ကို တွေ့ရသည်။
- အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ထောက်ခံ ကြောင်း မတ်လ ၃ ရက်နေ့အာရုံဦးအချိန်တွင် မြစ်ကြီးနားမြို့လယ်ရှိ စိမ်းမြဧရာပန်းခြံ၌ စာတမ်း ချိတ်ဆွဲ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
- ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် မြို့တွင် ပူတာအိုဘက်သို့ သွားရန် စောင့်ဆိုင်းနေသည့် ယာဉ် အစီး(၁၀၀)ဝန်းကျင်ကို ယနေ့နံနက် (၈)နာရီ အချိန်၌ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာသည့် စက်သုံးဆီယာဉ်၊ ကုန်တင်ယာဉ်သာမက ခရီးသည်တင် ယာဉ် စုစုပေါင်း ယာဉ်အစီး (၁၀၀) ဝန်းကျင်နှင့် လူအယောက်(၂၀၀) ဝန်းကျင်ကို စစ်ကောင်စီတပ် ပေါင်းစုက မဖြတ်ခိုင်းသောကြောင့် စောင့်ဆိုင်းနေရာမှ ယနေ့ ဖြတ်သန်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။
- “စစ်အာဏာသိမ်းပြီးနောက် သုံးလာတဲ့ လေယာဉ်ပျံနဲ့ တိုက်ခိုက်တာက ကျနော်တို့ ကရင် ဒေသ တခုတည်းမှာ မဟုတ်တော့ဘူး။ တခြားဒေသမှာကော၊ ကရင်နီဒေသမှာကော၊ ရှမ်းပြည်ဘက်မှာ ရောပေါ့နော်။ အခုနောက်ဆုံး တူမီးသေနတ်နဲ့ပဲ ပြန်ပြီးတော့ တော်လှန်တိုက်ခိုက်နေတဲ့ လူတွေ ဆီကိုလည်း သူတို့ လေယာဉ်နဲ့သုံးမှ ရနိုင်တဲ့အနေအထားဆိုတော့ ဒါကတော့ ရှင်းနေတာပဲ၊ ဒီတိုက် ပွဲ ဘယ်သူအောင်မလဲဆိုတာ။ တူမီးနဲ့ တိုက်နေတဲ့လူကို လေယာဉ်ပျံနဲ့ ပြန်ပြီးတော့ ဖြိုခွင်းတဲ့အနေ အထားဆိုတော့ အဲဒီတိုက်ပွဲကို ကျနော်တို့ မေးခွန်းထုတ်စရာမလိုတော့ဘူး။ လုပ်စရာရှိတာ လုပ်ရမယ်။ အဲဒီအောင်ပွဲက ကျနော်တို့အတွက်ပဲ။ အပြည့်အစုံဖတ်ရန် http://burmese.dvb.no /archives/519987
– ကရင်နီပြည်နယ် လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ် တောင်ပိုင်းဖက်မှာ နေရပ်မပြန်ရဲသေးဘဲ စစ်ဘေး ရှောင်နေရတဲ့ ပြည်သူတွေ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတယ်လို့ စစ်ရှောင် ပြည်သူ တစ်ဦးက Kantarawaddy Times သတင်းဌာနသို့ ပြောထားသည်ကိုတွေ့ရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း နန်းမူကျေးရွာမှာ စစ်ရှောင်နေတဲ့ ပြည်သူတစ်ဦးကတော့ ရိက္ခာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ‘’ကျနော်တို့ဒုက္ခ ရောက်နေတာ နှစ်လ တောင် ရှိပြီ ၊ ရွာထဲကိုလက်နက်ကြီးတွေကျတော့ထွက်ပြေးခဲ့ရတယ်။ ခုလည်း ဆီဆန်တွေကတော့ ၃ ရက် စာလောက် ပဲကျန်တယ်။ ပြန်ဖို့လည်းကြောက်နေသေးတယ်လေး ။’’ လို့ ပြောပါတယ်။
- မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးကို ယမန်နေ့ည ခြောက် နာရီခန့်က အမည်မသိအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်သတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် နေအိမ်ရှေ့တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ် သည်ဟု သိရသည်။ အသက် ၅၀ ခန့်အရွယ်ရှိ ဦးအောင်စိုး သည် ပစ်ခတ်ခံရသည့်နေရာတွင်ပြင် သေဆုံးသွားကြောင်းသိရသည်။
- လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ကာ ယနေ့ မတ်လ ၃ ရက်နေ့တွင် “ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ရှေ့တိုးခုတ်မှရမယ်” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ကလေးမြို့ သပိတ် အကြမ်းဖက် ဖြိုခွင်းခံရခြင်း တနှစ်ပြည့် နှင့် ပထမဆုံး ကျဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် သူရဲကောင်း မောင်ဇင်မျိုးမောင် ကျဆုံး ရခြင်း တနှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်း အမှတ် ပြုလုပ်ခဲ့ကြပါတယ်။
- မြောက်ဥက္ကလာသွေးစွန်းခြင်းနှစ်ပတ်လည်နေ့မှာ “ကျဆုံးလေသောရဲဘော်များ အားသက်သေတည်၊ တောင်းယူလို့မရတိုက်ယူကြ ကတုတ်ကျင်းများအလွန်ကမ္ဘာသစ်ဆီ”စာသားပါ ဘန်နာကိုင်ဆွဲချီတက်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုတစ်ရပ်ကို မြောက်ဥက္ကလာပ မြို့နယ်ထဲ မှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုမတ်လ ၃ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ အရပ်သားပြည်သူတွေနဲ့ ကျောင်းသား တွေကို မြောက်ဥက္ကလာအဝိုင်းမှာ ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့တာ တစ်နှစ်တင်းတင်း ရှိပြီဖြစ်ပါတယ်။
- ရန်ကုန်တွင် လူငယ်များ သမဂ္ဂမှ ဦးဆောင်ကာ Labour Alliacne အဖွဲ့ဝင် (CTUM)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်း)၊ Revolution Force (RF)၊ တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု၊ Youth Association of Thingangyun (YAT)၊ LGBT Community Yangon, LGBT Union Mandalay၊ ထားဝယ်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ ပညာနန်းတော် ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ၊ လှိုင်သာယာမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ အခြေခံကျောင်းသား လူငယ် အစည်းအရုံး (ဗဟို)၊ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းတို့မှ ပူးပေါင်းကာ ယနေ့ မတ်လ ၃ ရက်နေ့၌ “ကမ္ဘာတည်သ၍ ဥဒါန်းမကြေဘူး” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့(မတ်လ ၃) ညနေပိုင်း၌ ကျေးရွာနေ ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးလက်လူထုသပိတ်စစ် ကြောင်းဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ ယင်းသပိတ်စစ်ကြောင်းတွင် ဆန္ဒပြပြည်သူများသည် “ဘယ်နယ်ထိထိ ဒီပဲယင်းငြိတာပဲ”စာတမ်းကိုင်ဆောင်ကာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးကြွေး ကြော်ဆန္ဒပြခဲ့ကြသည်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့အာဇာနည်လမ်းပေါ်တွင် စစ်ကောင်စီ၏ လူမဆန်စွာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ကဗျာဆရာ ကေဇဝင်း အပါအဝင် ရဲဘော်အာဇာနည် ၉ ဦး၏ တစ်နှစ်ပြည့်သော ယနေ့ တွင် ဆားလင်းကြီး ပြည်သူများက ချီတက် အလေးပြုကြသည်။ ဆားလင်းကြီး ပြည်သူ များက “ကျူပ်တို့ လူထုတစ်ရပ်လုံးကိုကေဇဝင်းစိတ်ဓာတ်ကိုင်စွဲပြီး စစ်အာဏာရှင်၏ ထောက်တိုင် မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖီဆန်ပေးကြပါ” ဟု ချီတက် သပိတ်မှောက်မှုတွင် တိုက် တွန်း နှိုးဆော်ကြသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လူစည်နေသောနေရာ တွင် ယနေ့ ပျောက်ကြားသပိတ်ပြုလုပ်ခြင်း၊ ဆားလင်းကြီးလမ်းမပေါ်ထပ်တွင် စာရွက်များနှင့် နှင်းဆီပန်းဖြန့်ကျဲခြင်း၊ ကိုကေဇဝင်း ဂူဗိမ္မာန်သို့သွားရောက် အလေးနီပြုခြင်းများကို ပြည်သူများက လုပ်ဆောင်ကြသည်။
- မုံရွာ ဘုရားနီလမ်း ဖြိုခွင်းခံရမှုတွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ပြည်သူများ အတွက် မုံရွာ-အမြင့်လမ်း တတ်ကြွ လှုပ်လှုပ်ရှားသူများ ဦးဆောင်ကာ ယနေ့ မတ်လ ၃ ရက်နေ့ တွင် တစ်နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အားများစွာဖြင့် ၃၅၈ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ မတ်လ ၃ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။ ဒါ့အပြင် ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၃ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းမှ “ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ရှေ့တိုးပီး ခုက်မှ ရမယ်” စာသားဖြင့် သပိတ်ချီတက်ခဲ့ပြီး မုံရွာမြို့အာဇာနည်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်စွာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ရဲဘော်အာဇာနည်(၉)ဦး၏ တစ်နှစ် ပြည့်သော ယနေ့ မတ် ၃ ရက်နေ့တွင် ကိုကေဇဝင်းနှင့်ကျဆုံးရဲဘော်တို့ကို အလေးနီပြုခဲ့ကြပါ တယ်။
- ပုလဲလူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၃ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေးနှင့် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ကဗျာဆရာ ကေဇဝင်း အပါအဝင် မုံရွာဒေသခံ ပြည်သူ ၉ဦးအတွက် ၁နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။
- PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒဖြင့်တရားစွဲခံထားရသည့် သံတွဲ ဒေသခံ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦး တို့အား ယနေ့မတ်လ ၃ ရက်နေ့တွင် သံတွဲမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့် ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်သွားမည်ဟု အမှုလိုက်ပါဆောင်ရွက် ပေးနေသည့်ရှေ့နေက ပြောသည်။ ယနေ့ရုံးချိန်းတွင် အမှုစစ်အရာရှိ သံတွဲမြို့မရဲ့စခန်းမှူးကို စစ်ဆေး ခဲ့ပြီး လာမည့်ရုံးချိန်းတွင် နံနက်ပိုင်၌ စွဲချက်လျှောက်လဲချက်ပြုလုပ်ကာ ယင်းနေ့တွင် စွဲချက်အမိန့် ချမှတ်သွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင် က ပြောဆိုထားတဲ့အကြောင်း Western News သတင်းဌာနတွင်ဖော်ပြထားသည်။
- စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန်နှင့် အုပ်ချုပ် ရေးအဖွဲ့များဖွဲ့စည်းရန် ကျေးရွာပေါင်း ၃၁ရွာကို ကွင်းဆင်းထားပြီဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS)က ယနေ့(မတ် ၃) ထုတ်ပြန်သည်။ အဆိုပါကွင်းဆင်းဆောင်ရွက်မှုသည် ဖေဖော်ဝါရီ ၁ရက်မှ ၂၈ ရက်အထိ တစ်လအတွင်း ဆောင်ရွက်ထားရှိမှုဖြစ်ပြီး ထိုလုပ်ငန်းစဥ် များနှင့်အတူ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေးများကိုလည်း ပူးတွဲလုပ် ဆောင်ခဲ့ကြောင်း KPS ၏ ပြည်သူ့ထံအစီရင်ခံ စာတွင် ဖော်ပြသည်။
- ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မတ်လ ၂ ရက်၊ ညနေပိုင်းအချိန်က မြေမြှုပ်မိုင်း နင်းမိပြီး လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရပ်စောက်မြို့နယ်၊ ပန်ခါ ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ကိုစိုင်းခမ်းဆိုသူက အဖော် တစ်ဦးနှင့်အတူ ရွာအနီးရှိ တော အတွင်းသို့ ငါးဖမ်းရန်သွားနေစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရသူ (၂၂)ဦးခန့်မှာ စစ်ကြောရေးကာလအတွင်း သေဆုံးမှုများရှိခဲ့သဖြင့် ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေးနေသည်ဟု ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့သော်လည်း သုံးနှစ် နီးပါးကြာသည့်တိုင် စုံစမ်းစစ်ဆေးမှုရလာဒ်များ ထွက်ပေါ်မလာသေးပေ။ ဖမ်းဆီးစစ်ဆေးနေ စဉ်အတွင်း ဒေသခံများသေဆုံးမှုဖြစ်ပေါ်လာသောကြောင့် ဝေဖန်မှုများထွက်ပေါ်လာပြီး နောက် ပိုင်းတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ကာ စစ်ဆေးသွားမည်ဟု မြန်မာစစ်တပ်ကထုတ်ပြန်ခဲ့သည်။
- မြန်မာနိုင်ငံအနှံ့မှ နားမကြားသူများ(အကြားအာရုံမသန်စွမ်းသူများ)က ယူကရိန်း ပြည်သူများနှင့် အတူရပ်တည်နေကြောင်း ၊ စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြုကြောင်း” Myanmar people stand with ukarine people Solidarity with ukarine people , Dictatorship must fail all over the world FIGHT FOR FREEDOM ” စာတန်းများကာ ကိုင်ကာ ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့ မတ်လ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
- ဒီနေ့ မတ်လ ၃ရက် မနက် ၈နာရီခွဲဝန်းကျင် လားရှိုးမြို့ ရပ်ကွက် (၂)ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ မိမိကိုယ်ကိုကြိုးဆွဲတဲ့သေဆုံးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ မိုင်းအမောဝ်း (အသက် ၁၉ နှစ်ဝန်းကျင်)ဆိုသူဖြစ်ပြီး လားရှိုးမြို့မှာ ဆိုင်ကယ်ဝက်ရှော့ပညာသင်ကြားနေသူ လည်း ဖြစ်ပါတယ်။ သူရဲ့ ရည်းစားဖြစ်သူက အခြားယောက်ျားလေးနဲ့ အိမ်ထောင်ကျသွားတဲ့ အတွက်ကြောင့် မိမိကိုယ်ကို အဆုံးစီလိုက်တာဖြစ်တယ်လို့ သူနဲ့ရင်းနှီးတဲ့ မန်ကျန်းရွာသားတစ်ဦးက ပြောဆိုတဲ့အကြောင်း ရွှေဖီမြေသတင်းဌာနဖော်ပြထားပါတယ်။
- ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ စမုံတဲအုပ်စု မြတ်မချောင်းကျေးရွာမှ ဦးဖြူသီးခိုင်နှင့် ဦးသာနီနေအိမ် ၂ လုံးမှာ လေယာဉ်ကွင်းတိုးချဲ့မြေထဲပါဝင်နေ၍ ပြည်နယ်ကောင်စီပိုင်းမှ နေအိမ်ဖယ်ပေးရန် ပြော ဆိုပြီး နစ်နာကြေးပေးရာ ၎င်းတို့ထံမှပေးသည့် နစ်နာကြေးမှာ ကာလတန်ဖိုးနှင့် နည်း လွန်းသည့် အတွက် ကာယကံရှင်များဘက်မှ နေအိမ်ဖယ်ပေးရန် ငြင်းဆန်ထားသည်။ အဆိုပါ နေအိမ် ၂ လုံး အတွက် ပြည်နယ်ကောင်စီဖက်မှာ ပေးသည့်နစ်နာကြေးမှာ ဦးဖြူသီးခိုင်နေ အိမ်အတွက် ၅၁ သိန်း၊ ဦးသာနီ နေအိမ်အတွက် ကျပ်သိန်း ၁၁၀ ဖြစ်သည်။
#Federal_Journal_Myanmar
#Daily_Ethnic_News_Collection