ဆောင်းပါး

ေျခာက္လွန္ေန႔တဲ့ အတိတ္ဆုိးႀကီး

ေျခာက္လွန္ေန႔တဲ့ အတိတ္ဆုိးႀကီး

၂၀၀၈ ခုႏွစ္ အေျခခံဥပေဒရဲ႕ ေပးထားခ်က္ေတြနဲ႔အညီ ဦးသန္းစိန္ေခါင္းေဆာင္တဲ့ ႀကံခုိင္ေရးပါတီအစုိးရ၊ ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္တဲ့ အန္အယ္လ္ဒီအစုိးရတုိ႔ တုိင္းျပည္အာဏာရရွိခဲ့တဲ့အခ်ိန္မ်ားမွာ ႏွစ္ေပါင္း  ၇၀ ေက်ာ္ ၾကာရွည္ခဲ့ၿပီျဖစ္တဲ့ျပည္တြင္းစစ္ရပ္ဖစဲဖုိ႔ တုိင္းရင္းသားလက္နက္ကုိင္မ်ားနဲ႔ ေဆြးေႏြးမႈမ်ားစြာျပဳလုပ္ခဲ့သည္။

အဲဒီေဆြးေႏြးမႈေတြကတဆင့္ ႏုိင္ငံလုံးဆုိင္ရာအပစ္အခတ္ရပ္စဲေရးေတြ ေရာက္ရွိလာပါတယ္။ အန္အယ္လ္ဒီ အစုိးရလက္ထက္မွာလည္း ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စုႀကီး ေပၚေပါက္လာဖုိ႔အတြက္ ႏုိင္ငံေရးအလႊာေပါင္းစုံ ပါ၀င္ေသာ ၂၁ ရာစုပင္လုံညီလာခံႀကီးေတြက်င္းပကာ တုိင္းရင္းသားေတြရဲ႕လုိလားခ်က္ေတြကုိ အာရုံစုိက္လုပ္ေဆာင္ခဲ့ပါ တယ္။

ႀကိမ္ဖန္မ်ားစြာေသာ စားပဲြ၀ုိင္းေဆြးေႏြးပဲြေတြမ်ားစြာျပဳလုပ္ခဲ့ေပမယ့္ ဖက္ဒရယျ္ပည္ေထာင္စုအေရးက ေရွ႕မေရာက္ခဲ့ပါဘူး။ အက်ဳိးအျမတ္ရခဲ့တာဆုိလုိ႔ ယခင္ကဖက္ဒရယ္ဆုိတာခဲြထြက္တာလုိ႔သာ သိနားလည္ထားတဲ့ ျပည္သူေတြအေနနဲ႔ ဖက္ဒရယ္ဆုိတာ ခဲြထြက္တာမဟုတ္ဘူးဆုိတဲ့ မက္ေဆ့ေလာက္ဘဲျဖစ္ပါတယ္။

ၿငိမ္းခမ္းေရးနဲ႔ ဖက္ဒရယ္ေရးအတြက္ ျပည္သူလူထုကအားမလုိ အားမရျဖစ္ေနခ်ိန္မွာ ဖက္ဒရယ္ျပည္ေထာင္စု ေမွ်ာ္လင့္ခ်က္ကုိ ရုိက္ခ်ဳိးလုိက္တဲ့အျဖစ္အပ်က္ကေတာ့ ၂၀၂၁ ခုႏွစ္၊ အာဏာသိမ္းမႈျဖစ္စဥ္ဘဲျဖစ္ပါတယ္။ အာဏာသိမ္းၿပီး ေနာက္စစ္ေကာင္စီဟာ အပစ္အခတ္ရပ္စဲေရးနဲ႔ၿငိမ္းခ်မ္းေရးကုိ ဆက္လက္ေဖာ္ေဆာင္သြားဖုိ႔ အဖဲြ႕တစ္ဖဲြ႕ကုိ ဖဲြ႕စည္းခဲ့ပါ တယ္။ ၿပီးတဲ့ေနာက္ တုိင္းရင္းသားလက္နက္ကုိင္မ်ားကုိ သူတုိ႔ဖက္က တစ္ဖက္သတ္ထုိးစစ္မဆင္ဘူးဆုိတဲ့ေၾကညာခ်က္ ေတြကုိ လစဥ္ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ အာဏာသိမ္းၿပီး ၂ လေလာက္ၾကာတ့ဲအခါ စစ္ေကာင္စီကုိ ဆႏၵျပေနတဲ့လူငယ္အမ်ားစုဟာ ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ျပည္သူေတြကုိ အင္အားသုံးပစ္ခတ္ႏွိမ္နင္းေနတဲ့စစ္တပ္နဲ႔ ရဲတပ္ဖဲြ႕အေပၚယုံၾကည္မႈမရွိေတာ့ပါဘူး။ ပုိဆုိးတာက ေနအိမ္ထဲ အထဲပါ၀င္ေရာက္အၾကမ္းဖက္ႏွိမ္နင္းမႈေတြပါ။ ဒီကေန႔ ဖမ္းဆီးခံရညပီး စစ္ေၾကာေရးမွာ ေနာက္တစ္ေန႔ ေသဆုံးသြားတာေတြဟာ လူငယ္ေတြအတြက္ ထိတ္လန္႔နာက်ည္းမႈကုိပုိမုိျဖစ္ေစပါတယ္။

အဲဒီရလာဒ္ကေတာ့ လူငယ္လူရြယ္ေတြကုိ တုိင္းရင္းသားလက္နက္ကုိင္ေတြဆီကုိ ေရာက္ေအာင္တြန္းပုိ႔လုိက္တာ ပဲျဖစ္ပါတယ္။ စစ္တပ္ေလာ္ဘီေတြက ၁၉၈၈ ခုႏွစ္အာဏာသိမ္းတုန္းကလည္း ေတာခုိၾကတာဘဲ ဘာမွ ျဖစ္လာတာမဟုတ္ ဘူးဆုိၾကေပမယ့္လည္း သည္တစ္ႀကိမ္ တုိင္းရင္းသားလက္နက္ကုိင္မ်ားဆီ ေရာက္ရွိသြားတဲ့လူငယ္ေတြက စုဖဲြ႕မႈလည္း အားေကာင္းသလုိ နည္းပညာနဲ႔ အေတြးအေခၚေတြလည္း ၁၉၈၈ ခုႏွစ္က အေျခအေနထက္ အမ်ားႀကီးသာလြန္ပါတယ္။ ဒါ့အျပင္ တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႕မ်ားဆီ မသြားဘဲ ကုိယ့္ေဒသအလုိက္ စစ္ေကာင္စီကုိ ေတာ္လွန္ေနတဲ့ လူငယ္ေတြနဲ႔လည္း အစုအဖဲြ႕မ်ဳိးစုံနဲ႔ေပၚေပါက္လာၾကပါတယ္။

အာဏာသိမ္းစစ္ေကာင္စီက အပစ္အခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးကုိ ဆက္လက္ေဖာ္ေဆာင္မယ္ဆုိေပမယ့္ ရရွိလာတာကေတာ့ လက္နက္ကိုင္ပဋိပကၡေတြကုိ ပုိမုိတုိးပြားလာေစတာဘဲျဖစ္ပါတယ္။ ယခင္က တုိင္းရင္းသား လက္နက္ ကုိင္အဖဲြ႕အစည္းေတြရွိတဲ့ ေနရာေလာက္မွာသာ ေသနတ္သံ၊ ဗုံးသံေတြၾကားခဲ့ရေပမယ့္ ယခုအခ်ိန္က ရန္ကုန္ၿမိဳ႕ေပၚက ကေလးသူငယ္ေတြေတာင္ ေသနတ္သံဗုံးသံကုိ ခဲြျပားတတ္ေနၿပီျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပဲြအႏုိင္ရရွိခဲ့တဲ့ လႊတ္ေတာ္ကုိယ္စားမ်ားနဲ႔ ဖဲြ႕စည္းထားတ့ဲ လႊတ္ေတာ္ကုိယ္စားမ်ားနဲ႔ ဖဲြ႕စည္းထားတဲ့လႊတ္ေတာ္ကုိယ္စားျပဳေကာ္မတီ CRPH ကတင္ေျမွာက္ထားတဲ့ အမ်ဳိးသားညီညြတ္ေရးအစုိးရ (NUG)ကေတာ့ ၂၀၀၈ ခုႏွစ္အေျခခံဥပေဒကုိ ဖ်က္သိမ္းကာ ဖက္ဒရယ္ျပည္ေထာင္စုကုိ တည္ေထာင္ၿပီး ဖက္ဒရယ္တပ္မေတာ္ကုိ ဖဲြ႕စည္းသြားမယ္လုိ႔ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

မၾကာခင္က ဧရာ၀တီသတင္းဌာနနဲ႔ ေတြ႕ဆုံေမးျမန္းခန္းျပဳလုပ္ခဲ့တဲ့ KNU တပ္မဟာ ၅က ဖက္ဒရုိမန္းနဲ႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ စစ္တပ္ကျပန္လႊတ္ေပးလုိက္ရင္ CRPH နဲ႔တုိင္းရင္းသားေတြၾကား သေဘာတူထားတာေတြ ပ်က္ျပယ္သြားမလားဆုိတဲ့အေပၚ ဒါက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLDရဲက ကၽြန္ေတာ္တုိ႔အေပၚေျခာက္လွန္ေနတဲ့ အတိတ္ တေစၦဆုိးႀကီးဘဲျဖစ္ပါတယ္လုိ႔ ဆုိခဲ့ပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ရဲ႕ ဦးေဆာင္မႈကုိ ေမွ်ာ္လင့္ၿပီးေတာ့ ၂၀၀၈ ဖဲြ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ ေရးကုိလည္း ၅ ႏွစ္တာကာလအတြင္း ထိေရာက္ေအာင္မေဆာင္ရြက္ႏုိင္ခဲ့ဘူး။ အဲဒါအျပင္စစ္တပ္နဲ႔အဆင္ေျပေရးကုိဘဲ ဦးတည္ေဆာင္ရြက္ၿပီး တုိင္းရင္းသားလက္နက္ကုိင္ေတာ္လွန္ေရးအဖဲြ႕အစည္းေတြကုိလည္း လုံး၀လ်စ္လ်ဴရႈသြားတာတင္ မကဘဲႏွိမ္နင္းဖုိ႔အထိမူ၀ါဒေတြခ်မွတ္ခဲ့တာဟာ အတိတ္ရဲ႕ တေစၦဆုိးေတြျဖစ္တယ္လုိ႔ဆုိခဲ့ပါတယ္။

ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လာရင္ လူေျပာမ်ားတဲ့စကားေတြရွိပါတယ္။ နားလည္မႈတည္ေဆာက္ဖုိ႔၊ ႏွစ္ဘက္ရုိးသားမႈရွိဖုိ႔၊ အေပးအယူအေလ်ာ့အတင္းရွိဖုိ႔ ဆုိတာေတြျဖစ္ပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရးကုိ ဦးႏုရဲ႕ ပါလီမန္ ဒီမုိကေရစီအစုိးရလည္း ေဆာင္ရြက္ခဲ့ပါတယ္။ ေနာက္ ဦးေန၀င္းရဲ႕ ေတာ္လွန္ေရးေကာင္စီအစုိးရ၊ န၀တအစုိးရ၊ သည္ဖက္ေခတ္အစုိးရအားလုံးကလုပ္ၾကေပမယ့္ ခရီးမေရာက္ခဲ့တာဟာ ႏုိင္ငံေရးျပသာနာကုိ နုိင္ငံေရးနည္းနဲ႔မေျဖရွင္းၾက ဘဲ လက္နက္ကုိင္ေတြကုိ လက္နက္ခ်ၿပီးမွျဖစ္ျဖစ္၊ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ၿပီးမွျဖစ္ျဖစ္ ေဆြးေႏြးၾကမယ္ဆုိတဲ့ လမ္း ေၾကာင္းေပၚ ေရာက္ေရာက္သြားလုိဘဲလုိ႔ျမင္မိပါတယ္။

ဒါေၾကာင့္လည္း အတိတ္တေစၦဆုိးႀကီးက မၾကာခဏေျခာက္လွန္႔ခံေနရတာပါ။ ဖဒုိမန္းေျပာတဲ့ေဒၚေအာင္ဆန္း စုၾကည္သာလြတ္ေျမာက္လာခဲ့ရင္ CRPH နဲ႔တုိင္းရင္းသားေတြသေဘာတူထားတဲ့အခ်က္ေတြ ပ်က္ျပယ္သြားႏုိင္လားဆုိတဲ့ စုိးရိမ္မႈဟာ ျမန္မာ့ႏုိင္ငံေရးမွာ အၿမဲပါ၀င္ပတ္သက္ေနတဲ့ စစ္တပ္ရဲ႕အာဏာသိမ္းမႈအႀကိမ္ႀကိမ္ကသာ ေျခာက္လွန္ေန႔တဲ့ အတိတ္တေစၦဆုိးႀကီးပဲျဖစ္ပါတယ္။ ဒီတေစၦဆုိးႀကီးေဘးကလြတ္ဖုိ႔  ႀကိဳးစားျခင္းသည္သာ တုိင္းရင္းသားျပည္သူတစ္ရပ္လုံး အတြက္လမ္းေၾကာင္းမွန္ျဖစ္ပါေၾကာင္း ……………….။

ေမာဂၢလိ

ခြောက်လှန်နေ့တဲ့ အတိတ်ဆိုးကြီး

၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ ပေးထားချက်တွေနဲ့အညီ ဦးသန်းစိန်ခေါင်းဆောင်တဲ့ ကြံခိုင်ရေးပါတီအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီအစိုးရတို့ တိုင်းပြည်အာဏာရရှိခဲ့တဲ့အချိန်များမှာ နှစ်ပေါင်း  ၇၀ ကျော် ကြာရှည်ခဲ့ပြီဖြစ်တဲ့ပြည်တွင်းစစ်ရပ်ဖစဲဖို့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးမှုများစွာပြုလုပ်ခဲ့သည်။

အဲဒီဆွေးနွေးမှုတွေကတဆင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးတွေ ရောက်ရှိလာပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့အတွက် နိုင်ငံရေးအလွှာပေါင်းစုံ ပါဝင်သော ၂၁ ရာစုပင်လုံညီလာခံကြီးတွေကျင်းပကာ တိုင်းရင်းသားတွေရဲ့လိုလားချက်တွေကို အာရုံစိုက်လုပ်ဆောင်ခဲ့ပါ တယ်။

ကြိမ်ဖန်များစွာသော စားပွဲဝိုင်းဆွေးနွေးပွဲတွေများစွာပြုလုပ်ခဲ့ပေမယ့် ဖက်ဒရြယ်ပည်ထောင်စုအရေးက ရှေ့မရောက်ခဲ့ပါဘူး။ အကျိုးအမြတ်ရခဲ့တာဆိုလို့ ယခင်ကဖက်ဒရယ်ဆိုတာခွဲထွက်တာလို့သာ သိနားလည်ထားတဲ့ ပြည်သူတွေအနေနဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်တာမဟုတ်ဘူးဆိုတဲ့ မက်ဆေ့လောက်ဘဲဖြစ်ပါတယ်။

ငြိမ်းခမ်းရေးနဲ့ ဖက်ဒရယ်ရေးအတွက် ပြည်သူလူထုကအားမလို အားမရဖြစ်နေချိန်မှာ ဖက်ဒရယ်ပြည်ထောင်စု မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တဲ့အဖြစ်အပျက်ကတော့ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်စဉ်ဘဲဖြစ်ပါတယ်။ အာဏာသိမ်းပြီး နောက်စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်သွားဖို့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါ တယ်။ ပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်များကို သူတို့ဖက်က တစ်ဖက်သတ်ထိုးစစ်မဆင်ဘူးဆိုတဲ့ကြေညာချက် တွေကို လစဉ်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီး ၂ လလောက်ကြာတဲ့အခါ စစ်ကောင်စီကို ဆန္ဒပြနေတဲ့လူငယ်အများစုဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို အင်အားသုံးပစ်ခတ်နှိမ်နင်းနေတဲ့စစ်တပ်နဲ့ ရဲတပ်ဖွဲ့အပေါ်ယုံကြည်မှုမရှိတော့ပါဘူး။ ပိုဆိုးတာက နေအိမ်ထဲ အထဲပါဝင်ရောက်အကြမ်းဖက်နှိမ်နင်းမှုတွေပါ။ ဒီကနေ့ ဖမ်းဆီးခံရညပီး စစ်ကြောရေးမှာ နောက်တစ်နေ့ သေဆုံးသွားတာတွေဟာ လူငယ်တွေအတွက် ထိတ်လန့်နာကျည်းမှုကိုပိုမိုဖြစ်စေပါတယ်။

အဲဒီရလာဒ်ကတော့ လူငယ်လူရွယ်တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို ရောက်အောင်တွန်းပို့လိုက်တာ ပဲဖြစ်ပါတယ်။ စစ်တပ်လော်ဘီတွေက ၁၉၈၈ ခုနှစ်အာဏာသိမ်းတုန်းကလည်း တောခိုကြတာဘဲ ဘာမှ ဖြစ်လာတာမဟုတ် ဘူးဆိုကြပေမယ့်လည်း သည်တစ်ကြိမ် တိုင်းရင်းသားလက်နက်ကိုင်များဆီ ရောက်ရှိသွားတဲ့လူငယ်တွေက စုဖွဲ့မှုလည်း အားကောင်းသလို နည်းပညာနဲ့ အတွေးအခေါ်တွေလည်း ၁၉၈၈ ခုနှစ်က အခြေအနေထက် အများကြီးသာလွန်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆီ မသွားဘဲ ကိုယ့်ဒေသအလိုက် စစ်ကောင်စီကို တော်လှန်နေတဲ့ လူငယ်တွေနဲ့လည်း အစုအဖွဲ့မျိုးစုံနဲ့ပေါ်ပေါက်လာကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်မယ်ဆိုပေမယ့် ရရှိလာတာကတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ပိုမိုတိုးပွားလာစေတာဘဲဖြစ်ပါတယ်။ ယခင်က တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေရှိတဲ့ နေရာလောက်မှာသာ သေနတ်သံ၊ ဗုံးသံတွေကြားခဲ့ရပေမယ့် ယခုအချိန်က ရန်ကုန်မြို့ပေါ်က ကလေးသူငယ်တွေတောင် သေနတ်သံဗုံးသံကို ခွဲပြားတတ်နေပြီဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားများနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားများနဲ့ ဖွဲ့စည်းထားတဲ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကတင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ဖျက်သိမ်းကာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ပြီး ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းသွားမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မကြာခင်က ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့တဲ့ KNU တပ်မဟာ ၅က ဖက်ဒရိုမန်းနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကပြန်လွှတ်ပေးလိုက်ရင် CRPH နဲ့တိုင်းရင်းသားတွေကြား သဘောတူထားတာတွေ ပျက်ပြယ်သွားမလားဆိုတဲ့အပေါ် ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDရဲက ကျွန်တော်တို့အပေါ်ခြောက်လှန်နေတဲ့ အတိတ် တစ္ဆေဆိုးကြီးဘဲဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဦးဆောင်မှုကို မျှော်လင့်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကိုလည်း ၅ နှစ်တာကာလအတွင်း ထိရောက်အောင်မဆောင်ရွက်နိုင်ခဲ့ဘူး။ အဲဒါအပြင်စစ်တပ်နဲ့အဆင်ပြေရေးကိုဘဲ ဦးတည်ဆောင်ရွက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း လုံးဝလျစ်လျူရှုသွားတာတင် မကဘဲနှိမ်နင်းဖို့အထိမူဝါဒတွေချမှတ်ခဲ့တာဟာ အတိတ်ရဲ့ တစ္ဆေဆိုးတွေဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် လူပြောများတဲ့စကားတွေရှိပါတယ်။ နားလည်မှုတည်ဆောက်ဖို့၊ နှစ်ဘက်ရိုးသားမှုရှိဖို့၊ အပေးအယူအလျော့အတင်းရှိဖို့ ဆိုတာတွေဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးနုရဲ့ ပါလီမန် ဒီမိုကရေစီအစိုးရလည်း ဆောင်ရွက်ခဲ့ပါတယ်။ နောက် ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရ၊ နဝတအစိုးရ၊ သည်ဖက်ခေတ်အစိုးရအားလုံးကလုပ်ကြပေမယ့် ခရီးမရောက်ခဲ့တာဟာ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းကြ ဘဲ လက်နက်ကိုင်တွေကို လက်နက်ချပြီးမှဖြစ်ဖြစ်၊ အပစ်အခတ်ရပ်စဲရေး စာချုပ်ပြီးမှဖြစ်ဖြစ် ဆွေးနွေးကြမယ်ဆိုတဲ့ လမ်း ကြောင်းပေါ် ရောက်ရောက်သွားလိုဘဲလို့မြင်မိပါတယ်။

ဒါကြောင့်လည်း အတိတ်တစ္ဆေဆိုးကြီးက မကြာခဏခြောက်လှန့်ခံနေရတာပါ။ ဖဒိုမန်းပြောတဲ့ဒေါ်အောင်ဆန်း စုကြည်သာလွတ်မြောက်လာခဲ့ရင် CRPH နဲ့တိုင်းရင်းသားတွေသဘောတူထားတဲ့အချက်တွေ ပျက်ပြယ်သွားနိုင်လားဆိုတဲ့ စိုးရိမ်မှုဟာ မြန်မာ့နိုင်ငံရေးမှာ အမြဲပါဝင်ပတ်သက်နေတဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုအကြိမ်ကြိမ်ကသာ ခြောက်လှန်နေ့တဲ့ အတိတ်တစ္ဆေဆိုးကြီးပဲဖြစ်ပါတယ်။ ဒီတစ္ဆေဆိုးကြီးဘေးကလွတ်ဖို့  ကြိုးစားခြင်းသည်သာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတွက်လမ်းကြောင်းမှန်ဖြစ်ပါကြောင်း ……………….။

မောဂ္ဂလိ (ဆောင်းပါး)

စက်တင်ဘာ ၃ ရက်၊ ၂၀၂၁

Related Articles

Back to top button