Zawgyi
မင်းတို့ဆိုတာင်းတို့အားလုံးကို ပြောနေတာ
အေစိုင်းကေ
Unicode
ဒီမြေကို မင်းတို့ပိုင်ပါတယ်
မင်းတို့ပိုင်တဲ့မြေကို မင်းတို့ကိုယ်တိုင်
အမည်အမျိုးအမျိုးတပ် ခွဲဝေပါ
အမည်အမျိုးမျိုးတပ် တောင်းဆိုပါ
အမည်အမျိုးမျိုးတပ် လုယက်ပါ
အမည်အမျိုးမျိုးတပ် ပစ်ခတ်ပါ
မင်းတို့ဆိုတာ
မင်းတို့အားလုံးကို ပြောနေတာ
ငါတို့စိုက်ပျိုးထားတာလေးတွေကိုတော့
ငါတို့ကိုယ်တိုင်ပြန်ရိတ်သိမ်းပါရစေ . . . ။
အေစိုင်းကေ