
“နွေဉီးတော်လှန်ရေး အိမ်မက်ကြီး” – အပိုင်း (၃)
လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး အဆင့်ဆင့်လောင်ကျွမ်းခြင်း
ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စု ဖွဲစည်းပုံရေးဆွဲခဲ့စဉ် အခန်း (၁) ပုဒ်မ ၃(က) တွင် မြန်မာ စကားနှင့် မတူသော လူမျိုးကို ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်သစ်များအဖြစ် ဖွဲစည်း တည်ထောင်ပေးရမည်ဟု ပါရှိခြင်းသည် ပြည်နယ်ရာထားပြီးသော ရှမ်း ကချင် ချင်း ကရင်နီ လူမျိုး တို့ကို ဆိုလိုခြင်းမဟုတ်ပဲ ဗမာ ပြည်မတွင် အတူ နေထိုင်ကြသည့် ကရင် မွန် ရခိုင် ပြည်နယ်များနှင့် မြန်မာပြည်နယ်အပါအဝင် တစ်ပြိုင်ထဲ ဖေါ်ဆောင်ပေးရမည်ဟု ညွှန်းဆိုထားပြီး ဖြစ်ပါသည်။
သို့သော် ဦးချန်ထွန်း ရေးဆွဲထားသော ၁၉၄၇ ခု ဖွဲစည်ပုံအခြေခံဉပဒေတွင် ကရင် မွန် ရခိုင်နှင့် မြန်မာ ပြည်နယ်ကို မဖေါ်ဆောင် ပေးသည့်သည့်အပြင် ပြည်ထောင်စု ဗဟိုနှင့် တွဲထားသဖြင့် ပြည်နယ်များမရရှိသော ကရင် မွန် ရခိုင် တို့သည် မိမိတို့အမျိုးသားတန်းတူရေးအတွက် လွတ်လပ်ရေးနှင့်အတူ လက်နတ်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်။
ထို့အပြင် သီးခြားလွတ်လပ်သော ကရင်နီ ပြည်နှင့် အကြေအလည် ညှိနှီုင်းခြင်းမရှိပဲ ပြည်ထောင်းစုတွင် ထည့်သွင်း ထားသဖြင့် ကျူးကျော်လာသော ဖဆပလ အဖွဲချုပ်အစိုးရကို ကရင်နီခုခံ တော်လှန် ရေးစစ် ဆင်နွဲခဲ့သဖြင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး ပထမ အဆင့် လောင်ကျွမ်းခြင်းဖြစ်သည်။
ဒုတိယအဆင့်ပြည်တွင်းစစ်မီးလောင်ကျွမ်းခြင်း
(၁) ဖွဲစည်းပုံအခြေခံဉပဒေ အခန်း(၁၁) တွင် ဖွဲစည်းပုံအခြေခံဉပဒေပြင်ဆင်ခွင့် ဖေါ်ပြထားသော်လဲ ရှမ်း ကချင် ချင်း ကရင်နီ ပြည်ခေါင်းဆောင်များတို့သည် ဖွဲစည်းပုံအခြေခံဉပဒေပြင်ဆင်ရေဆွဲရန် တင်ပြလာတိုင်း အကြောင်းအမျိုးမျိုး ပြပြီး ဦးနုဦးဆောင်သော ဖဆပလ အဖွဲချုပ်အစိုးရသည် အကြိမ်ကြိမ်ပယ်ချခြင်း
(၂) ကူမင်တန် တရုပ်ဖြူ ကျူးကျော်ခြင်းကို အကြောင်းပြပြီး ရှမ်းပြည်စော်ပွား နယ် ၁၃ နယ်ကို စစ်အုပ်ချုပ်ရေး သက်မှတ်ပြီး ဖိနှိပ် အုပ်ချုပ်သဖြင့် ရှမ်းပြည်သူ လူထု များ မကြေနပ် မှုဖြစ်ပေါ်လာခြင်း
(၃) ကချင်ပြည် အစိတ်အပိုင်းဖြစ်သော ဖီမော် ဂေါ်လံ ဂန်ဖန် နယ်မြေသုံးခုကို ကချင်ပြည်သူ စန္ဒသဘောထား မပါပဲ တရုပ်ပြည်သို့လွှဲအပ်ပေးခြင်း
(၄) နောက်ဆုံး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သက်မှတ်ခြင်း
စသည့် ဒီမိုကရေစီ ဖေါက်ပြန်ရေး လုပ်ရပ်များကြောင့် ရှမ်းပြည် ကချင်ပြည် ချင်းပြည် တို့သည် လက်နတ်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသဖြင့် ဒုတိယ အဆင့်ပြည်တွင်း စစ်မီး ဟုန်းဟုန်းတောက် လောင်ကြွမ်းခြင်းဖြစ်သည်။
၁၉၄၇ခု ဖွဲစည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့်အတူ တတိယအဆင့် ဟုန်းဟုန်းတောက် စစ်မီးလောင်ကြွမ်းခြင်း
(၁) ၁၉၅၈ ခုနှစ်တွင် ဖဆပလ(အဖွဲချုပ်) သည် ဉီးနုနှင့် ဉီးဘတင် ဦးဆောင်သော သန့်ရှင်းဖစပလ နှင့် ဦးဘရွှေ ဦးကျော်ငြိမ်း ဦးဆောင်းသော တည်မြဲဖစပလဟူ၍ နှစ်ခြမ်း ကွဲထွက်သွားသည်။
(၂) ဝန်ကြီးချုပ်ဦးနုသည် တိုင်းပြည်အာဏာကို ယာယီအိမ်စောင့်အစိုးရ ဗိုလ်ချုပ်နေဝင်း လက်သို့ လွှဲအပ်ပေးပြီး ၁၉၆၀ ခုနှစ် ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက် တင်မြောက်ပွဲ ကျင်းပပေးရန် တာဝန်ပေးအပ် လိုက်သည်။
(၃) ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနုဦးဆောင်သော သန့်ရှင်း ဖဆပလအဖွဲချုပ် သုံးပုံးနှစ်ပုံကျော် အနိုင်ရရှိသည်။
(၄) ဝန်ကြီးချုပ်ဦးနုသည် ရှမ်းပြည် ကချင်ပြည် ချင်းပြည် ကရင်နီပြည် ပြည်နယ် ခေါင်းဆောင်များကိုခေါ်ယူပြီး အကျွန်ပ်သည် နိုင်းငံရေးအနားမယူခင်မှာ ယိင်းယိုင် နေသော တိုင်းရင်းသား စီးလုံးညီညွတ်ရေးကို ပြန်လည်တည့်မတ် တည်ထောင် လို့ကြောင်း၊ ယခု ရွေးကောက်ပွဲတွင် မိမိ အစိုးရ သုံးပုံနှစ်ပုံ အနိုင်ရရှိသဖြင့် ဖွဲစည်ပုံ အခြေခံဉပဒေပြင်ဆင်ရေးဆွဲရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟု ပြောဆိုပြီး ပြည်နယ် ခေါင်းဆောင်များအား ဖွဲစည်ပုံပြင်ဆင် ရေးဆွဲနိုင်ရန် ဉပဒေအရာရှိချုပ်ကိုပါ ပေးအပ် လိုက်သည်။
ထိုကြောင့် ပြည်နယ်ခေါင်းဆောင်များ နှင့် ရခိုင် မွန် ကရင် ခေါင်းဆောင်များ အပါအဝင် ၃၃၀ ဦးတက်ရောက်ပြီး ၁၉၆၁ခု ဩဂုတ်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့ရှမ်းပြည်ခန်းမဆောင် တွင် ဖွဲစည်းပုံ ပြင်ဆင်ရေးဆွဲ ရေး အတွက် နှီးနှောဖလှယ်ပွဲကြီးကို ကျင့်ပပြုလုပ်ကြပြီး ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင် များ ပင်လုံစာချုပ်အခြေခံမူ လမ်းစဉ်ပါအတိုင်း မြန်မာပြည်နယ် အပါအဝင် ကရင်၊ မွန်၊ ရခိုင် ပြည်နယ်ဖွဲစည် ပါဝင်ဖွဲစည်းရေး လွှတ်တော်နှစ်ရပ် အာဏာတူ သက်မှတ်ရေး စသည့်အခြေခံမူများကို ဆုံးဖြတ်ချမှတ်ကြသည်။
(၅) ဝန်ကြီးချုပ်ဦးနုသည် ပြည်နယ်ခေါင်းဆောင်များ နိုင်းငံရေးပါတီ ခေါင်းဆောင်များ နှင့် အဖွဲအစည်ခေါင်းဆောင်များအားလုံးတို့ကို ဖိတ်ကြားပြီး ပြည်လမ်း အသံလွှင့် ခန်းမဆောင်တွင် ဖွဲစည်းပုံအခြေခံဉပဒေ ပြင်ဆင် ရေးဆွဲရေး နှီးနော ဖလှယ်ပွဲကြီးကို ၁၉၆၂ ခု ဖေဖဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
(၆) ဖေဖဝါရီလ ၂၄ ရက် ပထမနေ့နှီးနှောဖလှယ်ပွဲကြီးတွင် ပြည်နယ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တောင်ကြီးမြိုတွင် ဖွဲစည်ပုံအခြေခံ ဉပဒေ ပြင်ဆင်ရေးဆွဲရန် သဘောတူညီခဲ့ကြသည်စာတမ်းကိုတင်သွင်းလိုက်သည်။ ၁၉၆၂ ခု မတ်လ ၂ ရက် ဒုတိယ ညီလာခံနေ့တွင် အတိုက်အခံပါတီများဖြစ်သော တည်မြဲ ဖစပလ ဦးကျော်ငြိမ်းနှင့် ပမညတ ခေါင်းဆောင် ဝီသူရ သခင်ချစ်မောင်တို့ သဘောထားကို အသီးသီးတင်ပြကြသည် ထို့အပြင် ဉီးနုဉီးဆောင်ပြီး အဖွဲဝင် ၂၃ ဦးပါဝင်သည့် ဖွဲစည်းပုံအခြေခံဉပဒေပြင်ဆင်ရေး ကော်မတီကိုလဲ ဖွဲစည်း ထားပြီး ၁၉၆၂ ခု မတ်လ ၇ ရက် နေ့တွင် တတိယ နေ့ညီလာခံအဖြစ် ဆက်လက် ကျင်းပရန် ညီလခံက သက်မှတ် လိုက်သည်။ ထိုအချိန်ကာလတွင် ဝန်ကြီးချုပ် ဦးနု အစိုးရသည် ရွေးကောက်ပွဲတွင် သုံးပုံနှစ်ပုံကျော် ရရှိထားပြီး ပြည်နယ် တိုင်းရင်းသား အင်အားစုများနှင့် ပေါင်းပါက ဖွဲစည်းပုံအခြေခံဉပဒေ ပြင်းဆင် ရေးဆွဲရေး လုပ်ငန်း မုချ အောင်မြင်မည်ဖြစ်သည်။
သို့သော် အားဏာ ငမ်းငမ်း တက်ပြီး တိုင်းရင်းသားများ တန်းတူရေးကို လုံးဝ မလိုလား သော လူမျိုးကြီးဝါဒ စွဲကိုင်ထားသည် ဗိုလ်နေဝင်းဦးဆောင်သည့် ဖက်ဆစ်စစ်အုပ်စုက ပြည်နယ်တိုင်း ရင်းသား များသည် ဖဒရယ်သမား ခွဲထွက်လိုသူများ ဖြစ်ကြပြီး တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲပြီး ချောက်ကမ်းပါးကျလုဆဲဆဲတွင် တပ်မတော်က အချိန်မှီ ကယ်တင်နိုင်လိုက်သည် ဟု သူခိုးလူဟစ်အော်ပြီး ၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုထံမှ နိုင်ငံတော်အာဏာ အရပ်ရပ်ကို သိမ်းယူ လိုက်သည်။
တိုင်းရင်းသားများသည် ၁၉၆၁ ခုနှစ် တောင်ကြီးနှီးနှော ဖလှယ်ပွဲ ကြီးတွင် ခွဲထွက်ခြင်း ကိုလုံးဝမတောင်းဆိုခဲပါ။ ဗမာပြည်နယ်ဖွဲစည်ရေး နှင့်လွှတ်တော် (၂) ရပ် အာဏာ တူပေးရေးကိုသာ တောင်းဆိုခဲ့ပါသည်။ အခြေခံ ဉပဒေ ပုဒ်မ အခန်း(၁၀) တွင်း ၁၀ နှစ်ပြည်ပါကခွဲထွက်ခွင့်ရှိသည်ဟု ပါရှိသော်လဲ တိုင်းရင်း သားများသည် တစ်ကြိမ်တစ်ခါမျှ ခွဲထွက်ဖို့ရန် လုံးဝကြိုးစား ခဲ့ခြင်း မရှိခဲ့ပါ။
၁၉၄၉ – ၅၁ ခုနှစ်တွင် မြန်မာတပ်ရင်း (၆)တပ်ရင်း နှင့် ကရင်တပ်ရင်း (၅) ရင်းတို့ ရှိပြီး ဗကဘ ရဲဘော်ဖြူ ပြည်သူ့ရဲဘော် KNU တပ်ရင်းတို့ သည် အသီးသီး တောခိုသွားကာ ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် တပ်ရင်း (၁)ရင်း ခွဲသာ ကျန်ရှိပြီး (၁၂) မိုင် အစိုးရဟု ခေါ်ဆိုသည့် ကာလတွင်ပင် တိုင်းရင်းသား များသည် (၁၀)နှစ်ကျော်ပြီးဖြစ်၍ ခွဲထွက်ခွင့်ရရှိသော်လဲ ခွဲထွက်ခွင့်ကို လုံးဝ အသုံးမပြုခဲ့ပါ။ ကချင် ချင်း ကရင်နီ ရှမ်း စုစုပေါင်း တပ်ရင်း (၈) ခုသည် ခွဲထွက်ခြင်းမပြုလုပ်သည့်အပြင် ပြည်ထောင်စုအစိုးရ နှင့်ဖက်တွယ်ထားပြီး ပြည်ထောင်စုရန်ကို အတူလက်တွဲထိမ်းသိမ်းလာခဲ့ပါသည်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အားဏာသိမ်းပြီးနောက် ပြည်သူ့ပါလီမန် အစိုးရ အဖွဲသည် ၁၉၆၉-၇၀ ခုနှစ်တွင် ပြည်သူ့ပါလီမန် ပါတီ ပြည်သူ့ပါလီမန် အစိုးရအဖြစ် တောခိုလာရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲများက ကြိုဆိုခဲ့ကြသည်။ ဦးနုသည် ပါလီမန် ပါတီအစိုးရ ဖွဲစည်းသည့်အပြင် အစိုးရတပ်ကိုလဲ တည်ထောင်ခဲ့သည်။
ဦးနုတပ်ဖွဲတွင် တိုင်းဒေသ အသီးသီး တည်ထောင်ထားပြီး လက်နတ်ကိုလဲ M16 အသစ်ဆက်ဆက်ဖြင့် တပ်ဆင်ခဲ့ပါသည် ထိုအချိန်ကာလတွင် ထိုင်းစစ်တပ် သည်ပင်လျှင် M16 အသစ်မကိုင်ဆောင်နိုင်သေးပါ ထိုအခါ တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများက ဦးနုအစိုးရအဖွဲနှင့် ဖဒရယ် ပြည်ထောင်စု ရေးဆွဲတည်ထောင်ရန် ဦးနုသည် လုံးဝလက်မခံပဲ ဗိုလ်နေဝင်စစ်အုပ်စုအား အပြုတ်တိုက်ပြီးမှ ဖဒရယ်ပြည်ထောင်စု နိုင်ငံတည်ထောင်မည်ဟု ပြောဆို လာသဖြင့် တိုင်းရင်းသားအင်အားစုနှင့် ပြသနာ ဖြစ်ပွားကာ ဦးနုသည် အန္ဒိယ နိုင်ငံသို့ ဘုရားဖူးထွက်ခွားသွားခဲ့သည် ဦးနုအစိုးရအဖွဲသည်လဲ ဗိုလ်နေဝင်းထံသို့ ပြန်သွားပြီး တပ်ဖွဲသည်လဲ အကုန်ပျက်စီးသွားခဲ့သည်။
ထိုသို့ ဝန်ကြီးချုပ် ဦးနုသည် ပင်လုံ အခြေခံမူလမ်းစဉ်မှ အားနဲသွေဖယ်သွားရာ ၁၉၄၇ ခုဖွဲစည်းပုံ အခြေခံဉပဒေသည် တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ဆုံးရှုံးသည့် ပြသနာရပ်များကြောင့် ပြည်တွင်းစစ်မီး တစ်ဆင့်ပြီး တစ်ဆင့် ဟုန်းဟုန်းတောက် လောင်ကြွမ်းပြီး ၁၄ နှစ်အကြာတွင် ဖွဲစည်းပုံအခြေခံဉပဒေသည် ပျက်သုဉ်း သွားခြင်း နှင့်အတူ နောက်ဆုံးရလဒ်သည် ဗိုလ်နေဝင်း ဦးဆောင်သော ဖတ်ဆစ် စစ်အုပ်စု မွေးဖွား ပေါ်ပေါက်လာ ခြင်းဖြစ်ပေသည်။
၁၉၇၄ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေ
ဗီုလ်နေဝင် ဦးဆောင်သော ဖတ်ဆစ်စစ်အုပ်စုသည် မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီကို တည်ထောင်ပြီး ၎င်းတို့စိတ်ကြိုက် ၁၉၇၄ ခုနှစ် ဖွဲစည်းပုံ အခြေခံ ဉပဒေကို အတင်း ရေးဆွဲပြဌာန်းလိုက်သည်။
ယင်းဖွဲစည်းပုံအခြေခံဉပဒေသည် တစ်ပါတီ ဖတ်ဆစ်စစ်အားဏာရှင်စနစ် ဖြစ်သဖြင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေးများ ဆုံးရှုံးသွားသည့်အပြင် ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးများအားလုံးသည်လဲ လုံးဝစိတ်သုဉ်း သွား သဖြင့် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက် လောင်ကြွမ်းသွား သည့်အပြင် တိုင်းရင်းသားပြည်သူများသည်လဲ မခံ မရပ်နိုင်သဖြင့် ဒီမိုကရေစီအရေးတော်ပုံ ကြီး အကြိမ်းကြိမ် ပေါ်ပေါက်လာပြီး နောက်ဆုံး ၁၉၈၈ ခုနှစ် ၁၈ ကြိမ်မြောက် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ကြီးကြောင့် မစလ တစ်ပါတီ စနစ် ပျက်စီး သွားပြီး ယင်းတို့စိတ်ကြိုက် ရေးဆွဲပြဌာန်း ထားသည့် ၁၉၇၄ ခုနှစ် ဖွဲစည်းပုံ အခြေခံ ဉပဒေကိုလဲ ယင်းတို့ကိုယ်တိုင် ဖျက်သိမ်းလိုက်ရသည်။
ထို့ကြောင့် တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ဆုံးရှုံးသွားခြင့်နှင့် ပြည်သူ့ ဒီမို ကရေစီ လူအခွင့်အရေး ဆုံးရှုံးခြင်း ပြသနာတို့ကြောင့် ၁၉၇၄ ခုနှစ် ဖွဲစည်းပုံ အခြေခံဉပဒေသည်လဲ ၁၄ နှစ်အကြာတွင် ပျက်စီးသွားခြင်း နှင့်အတူ နောက်ဆုံး ရလဒ်သည် အရှေတောင်အရှနိုင်ငံတွင် အချမ်းသာဆုံးနိုင်ငံဘဝမှ ကမ္ဘာအဆင်းရဲ ဆုံး ဘဝ တွင်းနက်ထဲသို့ ဇောက်ထိုး ကျဆင်းသွားခြင်းဖြစ်ပေသည်။
၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေ
၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မစလ တစ်ပါတီ စနစ် ပျက်စီးသွားပြီး ၁၉၇၄ ခုနှစ် ဖွဲစည်းပုံအခြေခံဉပဒေသည်လဲ ပျက်စီးသွားသည်။ သို့သော် ပြည်သူလူထုက ကြားဖြတ်အစိုးရ တောင်းဆိုသည့် အပေါ် လုံးဝ လက်မခံပဲ ဗိုလ်နေဝင်း ဉီးဆောင်သော မစလ ဖတ်ဆစ်အစိုးရသည် မစလ တဖြစ်လဲ ဗိုလ်စောမောင် ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွှန့် ဉီးဆောင်သော နဝတ နအဖ အစိုးရသို့ လည်းကောင် မစလ တစ်ပါတီ တစ်ဖြစ်လဲ အဖြစ် တစည ပါတီသို့ လည်ကောင်း လွှဲအပ်ပေးလိုက်သည်။ နဝတ နအဖ ဖက်ဆစ် စစ်အုပ်စုသည် ဖွဲစည်းပုံအခြေခံဉပဒေရေးဆွဲရန် ဉီးတည်ချက်ဖြင့်
(၁) ပြည်ထောင်စု မပြိုကွဲရေး
(၂) တိုင်းရင်းသားစီးလုံညီညွတ်မှု မပြိုကွဲရေး
(၃) အချုပ်အချာ အာဏာ တည်တံခိုင်မြဲရေး
(၄) ပါတီစုံဒီမို ကရေစီ ထွန်းကားရေး
(၅) လောကပါလ တစ်ရားမျှတမှုပေါ်ထွန်းရေး
(၆) အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ် တစ်စိုက် ဦးဆောင် ပါဝင် ထမ်းဆောင်နိုင်ရေး
ဟူသည် အချက် (၆) ချက်အနက် အမှတ် (၁) မှ (၅) အထိသည် အလွန်ကောင်း မွန်ပြီး ကြက်သားဒံပေါက် ထမင်းတစ်အိုး နှင့်တူပါသည် သို့သော် အမှတ်(၆) ပါဝင်လာသဖြင့် အင်မတန်စားဖွယ်ကောင်းသော ကြက်သားဒံပေါက် အိုးထဲမှာ ခွေးချေး တစ်ပုံ ထည့်လိုက် သကဲ့သို့ ဘယ်သူမှ မစားဝံ့သလို အော့နှလုံး အံထွက် မည်ဖြစ်ပေမည်။
ထို့ကြောင့် နဝတ နအဖ ဉီးဆောင်ပြီး အတင်းအဓ္ဓမ ရေးဆွဲပြဌာန်းထားသော ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဉပဒေသည် စစ်အုပ်စုက တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအပေါ် အစဉ် သဖြင့် ကျွန်ပြုဖိနှိပ်ရန် ဉီးတည် နေပါသဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက မခံမရပ်နိုင်သည့်အဆုံး နည်းမျိုးစုံးဖြင့် ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်လာခဲ့ရာ ယနေ့ကလမှာ တိုင်းပြည် သည် အလုံးစုံးပျက်သုန်း ရာသိုဦးတည်နေပြီး တစ်တိုင်တစ်ပြည်လုံး သွေးချောင်း စီးဘဝ စားဝတ်နေရေး အတိဒုက္ခမျိုးစုံ ခံစားကြုံတွေ့ နေရခြင်းဖြစ်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ၏ သဘာဝ တရားနေအထား
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် လူဦးရေနှင့် ဧရိယာအကျယ်အဝန်း သင့်တော် မျှတသည့်အပြင် မြစ်ချောင်း အင်းအိုင် ပေါများပြီး သဘာဝသယံဇာတ များဖြစ်သည့် ကျောက်မြတ်ရတနာ ခဲ သတ္တုများ ခနောက်စိမ်း ခဲမဖြူ ရွေတွင်း ငွေတွင်း ရေနံ သဘာဝဓါတ်ငွေ့တွင်းများ ပတ္တမြား ကျောက်စိမ်း မြေရှား သတ္တုမျိုးစုံနှင့် အဖိုးတန် သစ်များ နှင့် မိုးလေဝါသကောင်းမွန်ပြီး လယ်ယာမြေ စိုက်ခင်း စိုက်ကွက် စိုက်ပျိုးနိုင်သည့်နယ်မြေများ အလုံအလောက်ပိုင်ဆိုင် ထားရှိပြီး ပင်လယ်ထွက်ပေါက် အလုံအလောက်ရှိသော နိုင်ငံလည် ဖြစ်ပေသည်။
သို့သော် ဖေါင်စီးပြီး ရေငတ်ခံရ သည်ဆိုသလို တိုင်းရင်းသားပြည်သူများသည် ရွှေပုံ ငွေပုံ ရေနံပုံ Gas ပုံ ပတ္တမြား ကျောက်စိမ်းပုံ မြေရှားပုံအပေါ် နေထိုင် ကြသော်လဲ တိုင်းရင်းသားပြည်သူများ နေထိုင်စားသောက်ရေး အတိဒုက္ခမျိုးစုံ ခံစားနေရခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသာခေါင်းဆောင်များ ပန္နက်ရိုက် ချမှတ်ထားသော ပင်လုံစာချုပ် သစ္စာကတိကဝတ် နိုင်ငံရေး အခြေခံမူများ အခြေခံကြောရိုးများအပေါ် နှစ်ပေါင်း ၇၀ ကျော် သွေဖယ်ဖေါက်ဖျက်လာသည်မှာ ၁၉၄၇ ခု ၁၉၇၄ ခု ၂၀၀၈ ခု ပြသနာရပ်များ ဖြစ်သော တိုင်းရင်းသာလူမျိုးများ တန်တူအခွင့်အရေး ဆုံးရှုံးခြင်းနှင့် ပြည်သူများ ဒီမို ကရေစီ အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးခြင်း ပြသနာများ ပင်လုံကျိန်စာ သင့်ခြင်း ခံရသည်ဖြစ်ကြောင်း ဝန်ခံကြရမည်ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ ပင်လုံကျိန်စာ သင့်ရာဘဝမှ ပင်လုံသစ္စာ ဘဝဆီသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသာခေါင်းဆောင်များ ပန္နတ်ရိုက်ချမှတ် ထားသော ပင်လုံစာချုပ် ပဠိညာဉ် ဖြစ်သည့်အမျိုးသားများ တန်းတူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိပြီး စစ်မှန်သည့် ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သမ္မတနိုင်ငံတော်ကို တည်ဆောက်ရေးသည်ပင်လျှင် ဗိုလ်ချုပ် အောင်ဆန်း နှင့်တိုင်းရင်းသာ ခေါင်းဆောင်များ က မျော်မှန်းကြွေးကျော်ခဲသလို ကမ္ဘာနိုင်ငံတကာအလည်တွင် ငြိမ်းချမ်းသာယာ ဝပြောသည့် နိုင်ငံတော်ကြီး ပေါ်ထွန်း လာမည်ဖြစ်ပေသည်။
နွေဉီးတော်လှန်ရေး ၂၀၂၅ခုနှစ် အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိသော ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲစည်းပုံ အခြေခံ ဉပဒေ ကိုအောက် ဖေါ်ပြပါ စာတန်းများကျမ်းများကို ကိုးကား ကောက်နှုတ် အခြေခံထား ရှိပြီး ပြုစုရေးဆွဲ တင်ပြအပ်ပါသည်။
- လွှတ်လပ်ရေးဖခင်များ ချုပ်ဆိုထားသောပင်လုံစာချုပ် ကိုလည်ကောင်း
- ဖဒရယ်ပြည်ထောင်စုဗိသုကာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ထားသော စစ်မှန်သည့် ဖဒရယ် ပြည်ထောင်စု တည်ဆာက်ရန် အခြေအခံမူများ အခြေခံကြောရိုးများ ချမှတ်ထား သောစာအုပ် စာတန်းများ
- စစ်မှန်သော ဖဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ထောင်ရန် အခြေခံ ကြောရိုးများ ပန္နက်ရိုက်ချမှတ်ပေးထားသော
(က) တောင်တန်းဒေသ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ စုံစမ်းစစ်ဆေး တွေရှိချက် စာတမ်းကိုလည်းကောင်း
(ခ) ဖစပလ အဖွဲချုပ် ပဏာမ ပြင်ဆင်ရေး ညီလာခံ သဘင်က ချမှတ်ထားသော အခန်းကြီး (၁၄) ခန်းပါရှိသည့်စာတမ်း ကိုလည်းကောင်း
(ဂ) တိုင်ပြုပည်ပြုရွေးကောက်ပွဲအပြီး ဖွဲစည်ပုံအခြေခံဉပဒေ ရေးဆွဲရန် ကော်မတီ (၁၁၁)ဦး ဆပ်ကော်မတီ (၉)ခုနှင့် ဗိုလ်ချုပ်ကိုယ်တိုင် ဆပ်ကော်မတီ (၇) ခုတွင် ဉီဆောင်ပါဝင်ရေးဆွဲထားသော တိုင်းပြုပြည်ပြု လွှတ်တော်၏ ၁၉၄၇ ခု ဖွဲစည်းပုံ အခြေခံဉပဒေ မူကြမ်း ကိုလည်ကောင်း
- ၁၉၆၁ ခု ဖွဲစည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးဆွဲရန် နှီးနှောဖလှယ်ပွဲကြီး မှတ်တမ်းကိုလည်ကောင်း
- ၁၉၉၀ ခု NLD နှင့် UNLD ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေငြာချက်တွင် တိုင်းရင်းသားလူမျိုးများသည် လူမျိုးတန်တူညီမျှမှု နိုင်းငံရေးတန်းတူညီမျှ မှု ကိုယ်ပိုင်ပြဠာန်းခွင့်ရှိပြီး ပြည်သူ့ဒီမိုကရေစီ လူ့အခွင့်အရေးကို ကာကွယ် ပြဌာန်းနိုင်မည့် ပြည်ထောင်စုကို တိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်စွာဖြင့် တည်ဆောက် ရန် သဘောတူပါကြောင်း NLD ခေါင်းဆောင် ၁၇ နှစ်ဦးနှင့် UNLD ခေါင်းဆောင် ၁၄ ဦပူတွဲထုတ်ပြန်ကြေငြာချက်ကိုလည်းကောင်း
- NCGUB(MPU), NLDLA, IDF, DAB တို့ချုပ်ဆိုထားသော မာနယ်ပလော စာချုပ်ကိုလည်ကောင်း
- တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ မယ်သရောထ ထုတ်ပြန် ကြေငြာချက်ကိုလည်းကောင်း
- တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများ သူးမွဲကလိုး နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက် ကိုလည်းကောင်း
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ထုတ်ပြန်ကြေငြာ ချက်များ ကိုလည်ကောင်း
- 1990 ခု ICUB တပ်ပေါင်းစုကြီးက ရေးဆွဲထားသော FCDCC ဒုတိယမူကြမ်း ကိုလည်းကောင်း
စသည့်စာအုပ်စာတမ်းကျမ်းများကို ဃဂဏန လေ့လာပါက အမျိုးသားများ တန်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး စစ်မှန်သော ဖဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရေးဆွဲရန် လိုအပ်သော အခြေခံမူများ ကြောရိုးများ ပြည်စုံ ပါရှိပြီးဖြစ်ကြောင်း တွေရှိရပေမည်။
ခွန်းမတ်ရ်ကိုဘန်
NUGUB (ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး – ၁၉၉၅-၂၀၁၂)
FCDCC – ဥက္ကဌ (ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ)