FJMM ကဗျာ | စစ်ကိုင်းတိုင်းအတွက် ခံစားရသမျှ
လူသေအလောင်းတွေ ပြန့်ကျဲနေတဲ့
လွင်ပြင်မှာ
မီးခိုးတွေ တလူလူနဲ့
ခွေးဟောင်သံ ချောက်ကပ်နေတဲ့
တစပြင် —
ကြေးစည်သံ
မမြည်တဲ့ နေရာက
ရွာထိပ် ခြံစည်းရိုးတဲ့
အမိရေ —
သားစားကြူးတဲ့ ဘီလူးတွေထက်
ဆိုးပါတယ် မောင်ရယ်
လူစင်စစ်တွေ ကော
ဟုတ်ပါ့မလား
ခေါင်းပြူဝံ့ဖို့ မစဉ်းစားရဲ ပါဘူး
အသက်ကိုတောင် မျဉ်းပြီးရှုနေရတဲ့ဘဝ
ငရဲ ဆိုတာ ဂျိုနဲ့လားလို့
မေးဖို့ အားအင်ကုန်ခမ်းနေသလို
နိဗ္ဗာန်ကတော့
သုံးဆယ့်တစ်ဖုံထဲက
ပြိတ္တာသာသာပါပဲလေ ။
စစ်ကိုင်းတိုင်းအတွက် ခံစားရသမျှ
မောင်မိုး (ဝန်းသို )