ကဗျာ

ဇာတ်တူသား ဋီကာ 

ဇာတ်တူသား ဋီကာ 

ကိုယ်ကလေးအခါ ငိုသောအချိန်က
ဟို ရှေးဆရာ အမေပြော ပုံပြင်ထဲမှာ
ဟင်္သါတွေ လေးသောင်းကျော်တဲ့
ဘေးအပေါင်းကြုံ ဂူထဲမှာ ပိတ်မိခဲ့စဥ်
မတွေးကောင်းမကြံစရာ
သွေးချောင်းလျှံလာ အောင်
ဇာတ်တူသူ အချင်းချင်း သတ်ပါလို့
တစ်ဘို့အကျိုးအလိုဟန် တွေနဲ့
ကိုယ့်အမျိုးကိုယ်ပြန် ဖျက်ခဲ့တာ ။ ။

ယခုလည်း အတူတူပါပဲ
ဂူတစ်ဂူမှာ ငြူစူစွာ ပိတ်မိခဲ့တာ နှစ်များစွာ ကြာ
ညီကိုချင်း အပီကိုဗျင်းနေကြတော့ ချစ်အားဟာ မပါ ။ ။

တော်သင့်ပြီ မျှော်ချင့်ပေမဲ့
သူတို့မှာ ယူဖို့ရာ ၊ အသိအခံ မရှိပြန်တော့ စိတ်ပျက်ရ သကို ။ ။

လူ့ဘဝ အရတော်လှ ပေမဲ့
ဘာတော်သလဲ
ခုခဏ အစဖော်မရ သေးလို့
ရသလောက် ပြင် ၊ အဖာအထေးတွေ နဲ့
တစ်တိုင်ကောင်းရင် တစ်အိမ်ဆောက်နိုင် သို့
စတိုင်အပေါင်းထွင် အရှိန်ရအောင် လျှောက်ရင်း

သူ့လက်ကိုယ့်လက် တွဲချိတ် အလျှိုလျှို
( ညီနောင်မယ် တို့….)
သူ့ဘက်ကိုယ့်ဘက် ဇွဲစိတ် ကို ဖို ။ ။

– ဇာတိမာန်

Related Articles

Back to top button