သတင်း

နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၁

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲ ဖြစ်စဉ်တွေအတွင်း နေအိမ်၊ အဆောက်အအုံ (ဘာသာရေး အဆောက်အအုံများ အပါအဝင်) ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။

မီးရှို့ဖျက်ဆီးခံရမှုတွေက ၂၀၂၂ ခုနှစ်အတွင်း ပိုမို မြင့်တက်ခဲ့ပြီး စုစုပေါင်း ပမာဏရဲ့ ၉၄ ရာခိုင်နှုန်း ကျော်အထိ ရှိခဲ့ပါတယ်လို့ SP Myanmar က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား လျက်ရှိပြီး နေအိမ်၊ အဆောက်အအုံများဟာ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်း ခံနေကြရတာပါ။

Related Articles

Back to top button