ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေး ကျင်းပ
.
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ ရာစုပင်လုံ ပထမ အကြိမ် အစည်းအဝေးကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC- II)၊ နေပြည်တော်၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ကျင်းပလျှက်ရှိရာ ၊ စက်တင်ဘာလ ၄ ရက်နေ့ထိ ကျင်းပမည်ဟု လျာထားကြောင်း သိရသည်။
.
အဆိုပါပြည်ထောင်စုငြိမ်းချမ်းေ ရးညီလာခံ ၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးပွဲတွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ အနိုင်ရ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အရက်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတစ်ကာ သံတမန်အပါအဝင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
.
သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုများေ ကြာင့် KNU ၊ DKBA၊ KNU/KNLA- PC၊ ABSDF၊ CNF ၊ PNLO ၊ ALP ၊ RCSS တို့က NCA လက်မှတ်ရေးထိုးခဲ့ပြီး NCA စာချုပ်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ မှ ဆက်လက် အကောင် အထည် ဖ်ာနေခြင်းဖြစ်သည်။
.
“NCA နဲ့ ပတ်သတ်လို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေပါသေးတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ပြုလုပ်တဲ့အခါမှာ NCA ကို အခြေခံပြီး ဆောင်ရွတ်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူး အလေးထားပြီး ဆောင်ရွတ်လျှက် ရှိပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းအခန်းအနားပွဲ အဖွင့်မိန့်ခွန်းပြောကြားရင်တွ င် ထည့်သွင်း ပြောကြားခဲ့သည်။
“NCA နဲ့ ပတ်သတ်လို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေပါသေးတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ပြုလုပ်တဲ့အခါမှာ NCA ကို အခြေခံပြီး ဆောင်ရွတ်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူး အလေးထားပြီး ဆောင်ရွတ်လျှက် ရှိပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းအခန်းအနားပွဲ အဖွင့်မိန့်ခွန်းပြောကြားရင်တွ