သတင်း

NUCC မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပါဝင်

NUCC မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပါဝင်

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၆၊ ၂၀၂၁

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) ၈ ဖွဲ့ပါဝင်နေကြောင်း NUCC ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်ဆန်းမြင့်က ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUCC သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်းဖြစ်သည်။

NUCC တွင် ပါဝင်နေသော လက်နက်ကိုင်များမှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြောင်း ဦးအောင်ဆန်းမြင့်က ဆိုသည်။

သို့သော်လည်း ကျန် EAO များ၏ အမည်စာရင်းများကိုမူ လတ်တလောတွင် ထုတ်ပြောရန်မရှိသေးကြောင်း ၎င်းက ပြောသည်။

EAO များသည် NUCC တွင် အဖွဲ့အစည်းအနေနှင့်သော်လည်းကောင်း ပြည်နယ် (သို့မဟုတ်) လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီများအနေနှင့်သော်လည်းကောင်း ပါဝင်နေခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

Related Articles

Back to top button