ဆောင်းပါး

ပြည်သူတွေ တင်တဲ့ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှု

ပြည်သူတွေ တင်တဲ့ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှု

Unicode

“ပြည်သူတွေတင်တဲ့ အစိုးရ” ဆိုတာ အန်အယ်လ်ဒီအစိုးရကို ဆိုလိုပါတယ်။

“ပြည်သူတွေတင်တဲ့ အစိုးရ”ဆိုတာရဲ့ အဓိပ္ပာယ်ကို ထပ်ရှင်းပြရရင် ပြည်သူတွေက သူတို့ ဆန္ဒနဲ့ အညီမဲပေးပြီး ရွေး ကောက် တင်မြှောက် ထားတဲ့ အစိုးရကို ဆို လိုတာဖြစ်ပါ တယ်။ အန်အယ်လ်ဒီအစိုးရ ကအဲဒီလိုအမျိုး အစားအစိုးရ ဖြစ်ပါတယ်။

“လက်ထက်”ဆိုတာ က ၂၀၁၅ ပါလီမန်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အနိုင် ရပြီး ၂၀၁၆ ခုနှစ်၊ အန်အယ်လ်ဒီအစိုးရ အာဏာရလာချိန်ကနေ ယနေ့အထိကို ဆိုလိုပါ တယ်။

“ငြိမ်ချမ်းရေး”ဆိုတာက ဒီ နေရာမှာ အဓိကအားဖြင့် ပြည်တွင်း စစ် ချုပ်ငြိမ်းရေးကို ဆိုလိုပါတယ်။

“ငြိမ်းချမ်းရေးဖော်ဆောင်မှု”ဆိုတာက အဲဒီပြည်တွင်းစစ် ချုပ်ငြိမ်းရေး အတွက် လုပ်ငန်းဖော်ဆောင်မှုအခြေ အနေ တွေ ဖြစ်ပါတယ်။

အဲဒီလို ငြိမ်းချမ်းရေးဖော် ဆောင်မှု မှာ အဓိက ပါဝင် နေတဲ့ ဇာတ်ကောင် (actors)တွေကိုဆန်း စစ် ကြည့်တဲ့အခါ (၁) အန်အယ်လ်ဒီ အစိုးရ၊ (၂) စစ်တပ်နဲ့ (၃) တိုင်းရင်းသား လက်နက်ကိုင်တပ် များဆိုတာကို တွေ့ရပါတယ်။

အန်အယ်လ်ဒီအစိုးရကို ဦးဆောင်နေသူ တွေက သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၀။ (ဂ)မှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက် နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်။”လို့ ဆိုထားတဲ့အတွက် စစ်တပ်ရဲ့ အကြီးအကဲဟာ သမ္မတမဟုတ်ဘူးဆိုတာကို သတိပြုရ ပါလိမ့်မယ်။

နောက်ထပ်သတိထားရမယ့် အချက်တစ်ခုက ဒီလို ပုဒ်မမျိုးဟာ ကမ္ဘာပေါ်က ဘယ်ဒီမိုကရေစီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမှ မပါဘူးဆိုတာပဲ ဖြစ်ပါ တယ်။

အဲဒီ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၀။ (ခ)မှာ “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအား လုံး ကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။”လို့ အတိအကျ ဆိုထားတဲ့အတွက် သမ္မတက တပ်နဲ့ ပတ်သက်ပြီး ဘာမှ ဆောင်ရွက်ပိုင်ခွင့် မရှိဘူးဆို တာကိုလည်း သိနားလည်ထားဖို့ အထူးလိုအပ်ပါသေး တယ်။

ပြည်သူတွေ တင်ထားတဲ့ လက်ရှိ အရပ်သား အန်အယ်လ်ဒီအစိုးရက ပြည်တွင်းစစ်ကို စတိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာ မပါဝင်ခဲ့သလို အဲဒီပြည်တွင်း စစ်ကို လက်ရှိ တိုက်နေဆဲ အဖွဲ့အစည်းတွေထဲမှာ လည်း မပါဝင်ပါဘူး။ ဒီအချက်ကို သတိပြုဖို့ လိုပါ တယ်။

အဲဒါဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပြည် သူတွေ တင်မြှောက်ထားတဲ့ အရပ်သား အန်အယ်လ်ဒီ အစိုးရရဲ့ အခန်းကဏ္ဍက ဘယ်နေရာမှာ ပါဝင်နေတာ လဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။

တကယ်တော့ အရပ်သား အန်အယ်လ်ဒီအစိုးရ ရဲ့ အခန်းကဏ္ဍက ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အခမ်းအနားဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက် ပေးရတဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဒါက ပကတိအရှိတရား လည်း ဖြစ်ပါတယ်။

ဒီပကတိအရှိတရားအရ အရပ်သား အန် အယ်လ်ဒီ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ အတွက် ပွဲဖြစ်မြောက်အောင် စီစဉ်ပေးနိုင်ပါတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ဆွေး နွေးပွဲတွေ ဖြစ်လာဖို့ စီစဉ်ပေးနိုင်တယ်။ ဒီဆွေးနွေး ပွဲတွေကို တက်ရောက်ဖို့ လက်နက်ကိုင်ထားတဲ့ သူ တွေကို ဖိတ်ပေးနိုင်တယ်။

အဲဒီလို ဆောင်ရွက်ပေးနိုင်ပေမယ့် ဆွေးနွေး ပွဲတွေကို တက်၊ မတက်ဆိုတာကို ဆုံးဖြတ်တဲ့ အပိုင်း ကတော့ လက်နက်ကိုင်ထားတဲ့သူတွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အန်အယ်လ်ဒီ အရပ် သားအစိုးရမှာ ချမှတ်ခွင့်အာဏာမရှိဘူး ဖြစ်နေ ပါတယ်။

အဲဒီတော့ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု မှာ အဓိကဆုံးဖြတ်ချက်ချတဲ့သူတွေက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ဖြစ်နေတယ်။

အဲဒါကို တိတိကျကျ ထပ်ပြောရရင် စစ်တပ်မှာ ဆုံးဖြတ်ချက်ချနေတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်တွေမှာ ဆုံးဖြတ်ချက်ချနေတဲ့ ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

အဲဒီပုဂ္ဂိုလ်ကြီးတွေက ဒီနေ့ ငြိမ်းချမ်းချင် တယ် ဆိုရင် ဒီနေ့ ပြည်တွင်းစစ် ရပ်ပါတယ်။ သူတို့ဆက် တိုက်ချင်နေသေးသရွေ့ ပြည်တွင်းစစ်က ဆက်ရှိနေ ပါလိမ့်ဦးမယ်။ တကယ်တော့ ပြည်တွင်းစစ်က သူတို့ လက်ထဲမှာပဲ ရှိနေပါတယ်။ ဒါက အရှိတရား ဖြစ်ပါ တယ်။

ဒီနေရာမှာ သူတို့ ပြောတတ်တဲ့ ပြည်တွင်း စစ်တိုက်ရခြင်းရဲ့ အကြောင်းပြချက်တွေကို နည်းနည်း ဆန်းစစ်ကြည့်ရပါမယ်။

စစ်တပ်ခေါင်းဆောင်တွေရဲ့ အကြောင်းပြချက် က တိုင်းပြည်ကာကွယ်ဖို့ဆိုတာ ဖြစ်ပါတယ်။ တိုင်း ရင်းသားလက်နက်ကိုင်   ခေါင်းဆောင်တွေရဲ့ အကြောင်းပြချက်ကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ရဖို့လို့ ဆိုကြပါတယ်။

ဒီအကြောင်းပြချက်တွေကို ပြန်ဆန်းစစ်ကြည့် တဲ့အခါ ပြည်တွင်းစစ်ဟာ စစ်တပ်ခေါင်းဆောင်တွေ အကြောင်းပြသလို တိုင်းပြည်ကာကွယ်မှု ဖြစ် သလားဆိုတော့ မဖြစ်ခဲ့ပါဘူး။ မဖြစ်ခဲ့တဲ့အပြင် နိုင်ငံ သားတွေအချင်းချင်းကြားထဲမှာ ပိုပြီးတောင် စိတ်ဝမ်း ကွဲမှုတွေ ဖြစ်လာပါသေးတယ်။

နိုင်ငံသားတွေ စိတ်ဝမ်းကွဲနေမယ်ဆိုရင် နိုင်ငံကို စနစ်တကျ တည်ဆောက်လို့လည်း မရပါဘူး။ အဲဒီလို နိုင်ငံကို စနစ်တကျ မတည်ဆောက်ထားနိုင်သေး သရွေ့တော့ အဲဒီနိုင်ငံက နိုင်ငံသားတွေဟာ ကမ္ဘာ ပေါ်မှာ အောက်ကျနောက်ကျနဲ့ ဆက်နေရမယ်။ နိုင်ငံသားတွေ မညီညွတ်လို့ တိုင်းပြည် မတည် ဆောက်ရခြင်းမှာ ဒါပဲ ရှိပါတယ်။ တခြား ဘာမှ မရှိပါဘူး။

တစ်ခါ တိုင်းရင်းသားလက်နက်ကိုင်ခေါင်း ဆောင်တွေ အကြောင်းပြသလို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အခွင့်အရေးဆိုတာကို ရပြီးလားဆိုတော့ လည်း နှစ်ပေါင်း ၇၀ ကျော်သာ ရှိလာတယ်၊ ဒီနေ့အထိ မရသေးပါဘူး။ ဒါကလည်း ငြင်းလို့မရတဲ့ လက်ရှိ အရှိတရားတစ်ခုပါပဲ။

လက်နက်မပါဘဲ လမ်းပေါ်ထွက်ခဲ့တဲ့သူတွေ ကတောင် လက်ရှိအခြေအနေမှာ စစ်အာဏာ ရှင်တွေဆီကနေ ပြည်သူ့လက်ထဲကို အနည်းဆုံး အာဏာ ၆၀ ရာခိုင်နှုန်းလောက် ပြန်ရအောင် စွမ်း ဆောင်ထားနိုင်နေကြပြီ ဖြစ်ပါတယ်။

စစ်တပ်လက်ထဲက ပြည်ထဲရေး၊ ကာကွယ်ရေး နဲ့ နယ်စပ်ရေးတွေမှာ ရှိနေတဲ့ အာဏာကို ၄၀ ရာခိုင်နှုန်းလောက်လို့ ခန့်မှန်းတွက်ချက်(ကြည့်)ပါ တယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အခွင့် အရေး တွေအတွက် လက်နက်စွဲကိုင်ပြီး တိုက်ကြ တာပါဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေကတော့ နှစ်ပေါင်း ၇၀ သာ ကျော် လာတယ်၊ ဒီနေ့အထိ ဘာတစ်ခုမှ ရအောင် မစွမ်း ဆောင်နိုင်ကြသေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

ဒါဟာ ပကတိအရှိတရားတစ်ခု ဖြစ်ပါတယ်။ ဒီပကတိအရှိတရားကို   ဖော့မတွေးပစ်လိုက်ဖို့ အင်မတန် အရေးကြီးပါတယ်။

အဲဒီလို မရတဲ့အပြင် သာမန်လူတိုင်း လုပ်လို့ ရတဲ့၊ လုပ်နေကြတဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေးလေးတောင် စစ်ဖြစ်တဲ့ ဒေသက ပြည်သူတွေမှာ လုပ်ခွင့်မသာကြဘူး ဖြစ်နေပါတယ်။ စစ်ကြောင့် ဘဝ တွေသာ ေြွကမွပျက်စီးကြရတာပဲ ရှိပါတယ်။

အဲဒီတော့ ‘ဖွတ်မရ ဓားမဆုံး’ဆိုတဲ့ စကားလိုပဲ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အခွင့်အရေးတွေ မရ တဲ့အပြင် အများသူငါ လုပ်လို့ ရနေကြတဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလေးတွေတောင် လုပ်ခွင့်မရတဲ့ အခြေအနေအထိ ဖြစ်သွားကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တချို့မှာ လက်နက်ရှိမှ လူလေးစားတယ်၊ လက်နက် ရှိမှ အရေးတယူ ဆက်ဆံခံရတယ်ဆိုတဲ့ လက်နက် အားကိုးတဲ့ အယူအဆတွေလည်း ရှိတတ်ကြတာကို တွေ့နေရပါတယ်။ ဒါက လက်နက်မပါဘဲ လမ်းပေါ် ထွက် တော်လှန်တဲ့သူတွေနဲ့ ဆန့်ကျင်ဘက်အယူအဆ တစ်ခု ဖြစ်ပါတယ်။

အဲဒီတော့ လက်နက်မပါဘဲ လမ်းပေါ်ထွက်ခဲ့တဲ့ သူတွေကသာ ရည်မှန်းထားတဲ့ ခရီးမှတ်တိုင်တစ်ခုဆီ ကို ဆိုက်ရောက်လာကြတယ်၊ နှစ် ၇၀ ကျော် လက် နက်ကိုင် ထားတဲ့သူတွေက ဘာကြောင့် ဘာတစ်ခုမှ မရကြတာလဲ၊ သူတို့ ဒါကို ပြန်မသုံးသပ်ကြဘူးလား ဆိုတာက မေးကိုမေးရမယ့် မေးခွန်းတစ်ခု ဖြစ်လာ နေပါတယ်။

ဒီနေရာမှာ နောက်ထပ်နောက်ထပ် မေးခွန်း တွေလည်း ထပ်ထွက်လာပြန်ပါတယ်။ စစ်တပ်ခေါင်း ဆောင်တွေအတွက် မေးစရာမေးခွန်းတွေ ရှိနေသလို တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အတွက်လည်း မေးစရာမေးခွန်းတွေက ရှိနေကြပါ တယ်။

စစ်တပ်ခေါင်းဆောင်တွေက နိုင်ငံရေးအကျိုး စီးပွားအတွက် ပြည်တွင်းစစ်ကို မွေးတိုက်နေကြ တာလားဆိုတဲ့ အမေးဟာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ဒါသာ အမှန်ဖြစ်မယ်ဆိုရင် စစ်တပ် ခေါင်းဆောင်တွေက နိုင်ငံရေးအကျိုးစီးပွားကို အလိုရှိနေသေးသရွေ့ ပြည်တွင်းစစ်က ဆက်ဖြစ်နေပါ လိမ့်ဦးမယ်။

နိုင်ငံတကာမှာ ကိုယ်ပိုင်လွတ်လပ်ရေး (Independence)အတွက်ဖြစ်စေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့် (Freedom and Rights)အတွက်ဖြစ်စေ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့သူတွေဟာ ကာလသတ်မှတ်ချက်တွေ ထားတတ်ကြပါတယ်။

အဲဒီလို ကာလသတ်မှတ်ချက်ထားကြရတဲ့ အကြောင်းကတော့ ဒီလို တိုက်ပွဲမျိုးကို ဆင်နွှဲနေတဲ့ ကာလမှာ လူတွေရဲ့ အသက်တွေနဲ့ ပစ္စည်းဥစ္စာတွေကို စတေးရမှာမို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ကာလ သတ်မှတ်ချက် ထားကြတာ ဖြစ်ပါတယ်။

ဥပမာ- လက်နက်ကိုင်ပြီး တိုက်မယ့် ကာလ ဟာ နှစ် ၂၀ ဆိုရင် အဲဒီနှစ် ၂၀ အတွင်းမှာ လူပေါင်း ဘယ်လောက် သေမယ်၊ ပစ္စည်းဥစ္စာ ဘယ်လောက် ကုန်မယ်၊ ဆုံးရှုံးမယ်ဆိုတာကို တွက်ချက်ပြီးတော့ တိုက်တတ်ကြပါတယ်။ နှစ် ၂၀ ဆိုတာဟာ တကယ် တော့ မျိုးဆက်တစ်ဆက် ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ် ၇၀ ကျော်လာနေပါပြီ။ မကြာခင် နှစ် ၈၀ ပြည့် ပါတော့မယ်။ နှစ် ၈၀ ဆိုတာ မျိုးဆက်လေးဆက် ဖြစ်ပါတယ်။ နောက်ထပ် ဘယ်လောက် ကြာအောင် ဆက်တိုက်နေကြဦးမလဲဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။

အဲဒီနှစ်ပေါင်း ၈၀ မှာ လူပေါင်း ဘယ်လောက် သေခဲ့သလဲ၊ သေမလဲ၊ ပစ္စည်းဥစ္စာ ဘယ်လောက် ကုန်ခဲ့သလဲ၊ ကုန်မလဲ။ အဲဒါကို တွက်ချက်ပြီး တိုက် နေကြတာလား၊ မတွက်ချက်ဘဲနဲ့ “တော်လှန်ရေး အဓွန့်ရှည်ပါစေ”လို့ ကြွေးကြော်ပြီး ကမ္ဘာတည်သရွေ့ တိုက်နေကြမှာလား။

နောက်ထပ် သေချင်သလောက် သေပစေ၊ ကုန် ချင်သလောက် ကုန်ပစေ။ တိုက်ခဲ့ကြပြီး၊ တိုက်နေကြ ဆဲ၊ နောက်များမှာလည်း ဆက်ပြီး တိုက်နေဦးမှာပဲ ဆိုတဲ့ သဘောလား။ ဒါဟာလည်း မေးကိုမေးရတော့ မယ့် မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။

လက်ရှိအခြေအနေမှာတော့ ပြည်တွင်းစစ်ဖြစ် နေသရွေ့ စစ်တပ်က နိုင်ငံရေးမှာ ဆက်ပါနေရမယ်လို့ စစ်တပ်ခေါင်းဆောင်တွေက အကြောင်းပြနေကြ ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တွေက လည်း လက်နက်ဆက်ကိုင်ရတဲ့အကြောင်း တွေကို ကိုယ်စီကိုယ်ငှ ပြထားကြပါတယ်။

သူတို့အကုန်လုံး ပြောနေတာတွေက ကလေး တွေလို “နင်တို့ သွားမှ ငါတို့ သွားမယ်”လို့ အကြောင်း ပြပြီး ဘယ်သူမှ မသွားဘဲ ဆက်နေနေကြသလို ဖြစ် နေပါတယ်။

တကယ်လို့ စစ်တပ်ကသာ နိုင်ငံရေးက ဆုတ် ခွာပြီး စစ်တန်းလျားကို ပြန်သွားမယ်ဆိုရင် ပြည်သူ တွေနဲ့ ပြည်သူတွေက တင်လိုက်တဲ့ အစိုးရက နှစ် ၂၀ အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်ကိစ္စနဲ့ ပြည် တွင်းစစ်ပြဿနာကို အပြီး ဖြေရှင်းနိုင်ပါတယ်။

အဲဒီလိုပဲ။ တိုင်းရင်းသားလက်နက်ကိုင်ကိစ္စနဲ့ ပြည်တွင်းစစ်ပြဿနာသာ မရှိဘူးဆိုရင်လည်း နှစ် ၂၀ အတွင်းထဲမှာ စစ်တပ်ရဲ့ နိုင်ငံရေးထဲမှာ ပါဝင် နေမှုကို ပြည်သူတွေက ဖယ်ရှားပစ်ပြီး စစ်တန်း လျားကို ပြန်ပို့ပေးနိုင်ပါတယ်။

အခုကတော့ တစ်ဖက်နဲ့ တစ်ဖက်က ‘သူတို့ ရှိနေသရွေ့ ငါတို့ ရှိနေမယ်’လို့ အကြောင်းပြနေကြ တော့ ပြည်တွင်းစစ်က ဆက်ရှိနေပါလိမ့်ဦးမယ်။ ပြည်သူတွေ လိုလားတောင်းတနေတဲ့ ငြိမ်းချမ်းရေး ကလည်း ‘ကျားသနားမှ နွားချမ်းသာရမယ့်အဖြစ်’လို လက်နက်ကိုင်ထားတဲ့သူတွေ မပေးချင်သေးသရွေ့ ဝေးနေပါလိမ့်ဦးမယ်။ အဲဒီလို သဘောသက်ရောက် နေပါတယ်။

အဲဒီတော့ ရလဒ်က ဘာဖြစ်လာမလဲ။ ငြိမ်း ချမ်းရေးဖော်ဆောင်မှုအတွက် ပွဲစီစဉ်ခွင့်ပဲ ရထားတဲ့ အန်အယ်လ်ဒီ အရပ်သားအစိုးရရယ်၊ ငြိမ်းချမ်းရေးဖော် ဆောင်မှုမှာ အဓိက ဆုံးဖြတ်ခွင့်ရှိနေတဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရယ်။ တစ်ဦးကို တစ်ဦး အပြစ်တင်ရင်း ရှေးမတိုးနောက်မဆုတ်သာပဲ ဖြစ်နေပါလိမ့်မယ်။

အမှန်တော့ ဒီငြိမ်းချမ်းရေးဖော်ဆောင်မှုက မညှာတမ်းပြောရရင် တွံတေးသိန်းတန် သီဆိုထားတဲ့ ‘ကိုယ်ရယ်၊ မင်းရယ်၊ ပန်းပိတောက်ရယ်’ဆိုတဲ့ သီချင်းစားသားထဲကလို သုံးပွင့်ဆိုင်ဇာတ်လမ်း ဖြစ်နေတယ်။

‘ကိုယ်ရယ်၊ မင်းရယ်’ဆိုတဲ့ စစ်တပ်ခေါင်းဆောင် တွေနဲ့  တိုင်းရင်းသားလက်နက်ကိုင်တပ်ခေါင်းဆောင် တွေရယ်၊ ကြားထဲမှာ ‘ပိတောက်ရယ်’ဆိုတဲ့ ဓားစာခံ အန်အယ်လ်ဒီ အရပ်သားအစိုးရရယ်။

‘ကိုယ်ရယ်၊ မင်းရယ်’ဆိုတဲ့ သူတွေက ပိတောက် ကို ကြိုက်သလို လုပ်နိုင်ကြသလို စစ်တပ်ခေါင်းဆောင် တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေက အန်အယ်လ်ဒီ အရပ်သားအစိုးရကို ကြိုက်သလို လုပ်ခွင့်တွေ ရနေတယ်။

ပြီးခဲ့တဲ့ အတိတ်ကို ပြန်ကြည့်ရင် ၈၈ အရေး တော်ပုံကြီးနောက်ပိုင်းမှာ ‘ကိုယ်ရယ်၊ မင်းရယ်’ဆိုတဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေဟာ ကြိုက်သလိုလည်း လုပ်ခဲ့ ကြပါတယ်။ အတိတ်ဆိုတာ သမိုင်းပဲဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။

အဲဒီအတိတ်ဆိုတဲ့ သမိုင်းကာလမှာ စစ်တပ် ခေါင်း ဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးကြပြီလို့ ကြွေးကြော်ကြရင်း ရွှေထီး ဆောင်းခဲ့ကြတယ်။

အဲဒီအချိန်မှာ အန်အယ်လ်ဒီပါတီက ပုဂ္ဂိုလ် တွေက ထောင်းနန်းစံကြရ၊ ထောင်ထဲမှာ အသက်တွေ သေပေးကြရ၊ ပါတီရုံးတွေ အပိတ်ခံနေရတဲ့ အချိန် လည်း ဖြစ်ပါတယ်။ ဒါက မထူးဆန်းပါဘူး။ အာဏာရှင် စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးမှာ ဖြစ်ရိုးဖြစ်စဉ်သာ ပါပဲ။

ထူးဆန်းတာက ဘာလဲဆိုတော့ ငြိမ်းချမ်းရေး ယူထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက ပုဂ္ဂိုလ်တချို့နဲ့ မြေပေါ်နိုင်ငံရေးသမား တချို့က အန်အယ်လ်ဒီက ပုဂ္ဂိုလ်တွေကို “ခင်ဗျား တို့ကို စစ်တပ်က ဘယ်ဆွေးနွေးမလဲ။ ခင်ဗျားတို့မှာ လက်နက်မှ မရှိတာ။ လက်နက်ရှိတဲ့လူတွေနဲ့ပဲ စစ်တပ်က ဆွေးနွေးတယ်၊ တွေ့တယ်မဟုတ်လား။ အဲဒါ ခင်ဗျားတို့မှာ လက်နက်မရှိလို့”ဆိုပြီး လက်နက် ကိုင်ဖြေရှင်းရေးဝါဒကို အားပေးရင်းနဲ့ မညှာမတာ ပြောခဲ့ကြဖူးတာ ဖြစ်ပါတယ်။

အဲဒါ လက်နက်မကိုင်တဲ့သူတွေကို လက်နက် ကိုင်ထားတဲ့သူတွေနဲ့ လက်နက်ကိုင်တာကို အားပေး တဲ့သူတွေက ပြောခဲ့ကြတဲ့ စကားတွေပါ။ အခုတော့ ဒီစကားက အတိတ်သမိုင်းမှာ အဖတ်တင်ကျန် နေခဲ့ပါပြီ။

ဒီနေ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နဲ့ ပတ် သက်လို့လည်း အဓိက ဆုံးဖြတ်ခွင့်ရှိနေတဲ့ စစ်တပ်က ခေါင်းဆောင်တချို့နဲ့ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တချို့က အန်အယ်လ်ဒီ အရပ်သား အစိုးရကို အပြစ်တင်လာတာတွေ တွေ့နေရပါတယ်။

ဒါတွေလည်းပဲ မကြာခင်မှာ သမိုင်းဖြစ်လာ ပါလိမ့်မယ်။ ဒီနေ့ဟာ မနက်ဖြန်အတွက် အတိတ်ဖြစ် သွားမယ်။ အဲဒီတော့ ဒီနေ့ ပြောထားတာတွေက မနက်ဖြန်မှာ သမိုင်းဖြစ်လာပါလိမ့်မယ်။

တစ်ချိန်က အန်အယ်လ်ဒီကို ပြောခဲ့တဲ့ “ခင်ဗျား တို့မှာ လက်နက်မရှိလို့ စစ်တပ်က အဖက်မလုပ်တာ”ဆိုတဲ့ စကားတွေကို လက်နက်ကိုင်ထားတဲ့သူတွေနဲ့ လက်နက်ကိုင်တာကို အားပေးခဲ့တဲ့သူတွေက အခု တော့လည်း မေ့သွားကြဟန်တူပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု မအောင်မြင်တာဟာ အန်အယ်လ်ဒီ အရပ်သားအစိုးရကြောင့်လို့ စစ် တပ်ဘက်က ခေါင်းဆောင်တချို့ ပြောကြတာကို ကြားလာရသလို အန်အယ်လ်ဒီ အရပ်သားအစိုးရက သူတို့အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမှာ မဟုတ်ဘူးရယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တချို့က အပြစ် တင်လာကြတာ ကိုလည်း ကြားနေ ရပါတယ်။

ဒီနေရာမှာ ပြောစရာရှိလာ တာက သူတို့ ရွှေ ထီးဆောင်းခဲ့တုန်း က အန်အယ်လ်ဒီ ပါတီကို “ခင်ဗျား တို့နဲ့ ဘယ်ဆွေးနွေးမလဲ။ ခင်ဗျားတို့မှာ လက်နက်မှ မရှိတာကို။ စစ်တပ်က လက်နက်ရှိတဲ့သူကိုပဲ အလေး ပေးဂရုစိုက်တာ”လို့ လှောင်ပြောင်ပြောဆိုခဲ့ကြတာ လည်း အဲဒီတိုင်းရင်းသားလက်နက်ကိုင်ခေါင်း ဆောင် တွေထဲက တချို့ပါပဲ။

အဲဒီတော့ လက်နက်ကိုင်ထားတာလည်း သူ တို့။ စစ်တိုက်ဖို့၊ မတိုက်ဖို့ ဆုံးဖြတ်ချက်ချခွင့်ရှိတာ လည်း သူတို့။ ပြည်သူနဲ့ ပြည်သူတွေ တင်ထားတဲ့ အစိုးရကို အပြစ်တင်လာတာလည်း သူတို့။ ဒီနေရာမှာ ပြည်သူတင်ထားတဲ့ အစိုးရကို အပြစ်တင်တာဟာ ပြည်သူကို အပြစ်တင်တာနဲ့ အတူတူပဲဆိုတာလည်း သတိပြုရပါလိမ့်မယ်။

အဲဒီတော့ အဲဒီလိုတွေ ပြောလာကြ၊ အပြစ်တင် လာကြတဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အဓိက ဆုံးဖြတ်ခွင့်ရှိနေတဲ့ စစ်တပ်ခေါင်းဆောင်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို “သူတို့ ဘာလိုချင်နေကြတာလဲ”လို့ ပြည်သူတွေက (ဝါ) နိုင်ငံသားတွေက သံသယကြီးကြီးမားမား ထားပြီး မေးခွန်းထုတ်ကြရပါတော့မယ်။

ပြည်သူတွေက (ဝါ) နိုင်ငံသားတွေက ဘာ ကြောင့် အဲဒီလို သံသယတွေ ကြီးကြီးမားမားထားပြီး မေးခွန်းထုတ်ရသလဲဆိုတော့ လက်ရှိ အန်အယ်လ်ဒီ အရပ်သားအစိုးရဟာ သူတို့ တင်ထားတဲ့ အစိုးရ ဖြစ်ပါတယ်။ နောက်တစ်ခုက သူတို့ အဲဒီလို တင် ထားတဲ့ အရပ်သားအစိုးရဟာလည်း ငြိမ်းချမ်းရေးဖော် ဆောင်မှုဖြစ်စဉ်မှာ ပွဲဖြစ်မြောက်ရေးစီစဉ်ရုံက လွဲပြီး ဘာမှ ဆုံးဖြတ်ချက်ချခွင့် မရှိဘူးဆိုတာကိုလည်း အဲဒီပြည်သူတွေက (ဝါ) နိုင်ငံသားတွေက တိတိကျကျ သိထားကြပါသေးတယ်။

နောက်တစ်ခု ထူးဆန်းတာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အဲဒီသုံးပွင့်ဆိုင်ဖြစ်နေတဲ့ ကိစ္စပါပဲ။ နိုင်ငံတကာမှာတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်မှာ ဆွေးနွေးတာက အစိုးရရယ်၊ သူပုန်ရယ် ဆိုပြီး နှစ်ပွင့်ဆိုင်ပဲ ရှိတတ်ပါတယ်။ အဲဒီတော့ ဆွေး နွေးရတာ လွယ်ပါတယ်။ အစိုးရက အဓိကဆုံးဖြတ် ချက်ချသူထဲမှာ ပါနေတော့ အစိုးရကို အပြစ်တင်ချင် လည်း ရပါတယ်။

ဒီနေရာမှာ စစ်တပ်မပါဘူးလားလို့ မေးလို့ ရပါ တယ်။ စစ်တပ် မပါပါဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။ စစ်တပ်ဆိုတာ နိုင်ငံတိုင်းမှာ နိုင်ငံတော်ထဲက အစိတ်အပိုင်းတစ်ခု၊ အင်စတီကျူး ရှင်းတစ်ခု ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းတစ်ခုဟာ နိုင်ငံတော်ကို လည်ပတ်ခွင့်အပ်နှင်းခံထားရတဲ့ အစိုးရ ရဲ့ လက်အောက်မှာ ရှိနေရပါတယ်။

အဲဒီတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ် တွေမှာ စစ်တပ်ဟာ ဘယ်အခန်းကဏ္ဍက ပါဝင် သလဲလို့ မေးရင် အစိုးရကို လုံခြုံရေး (ဝါ) နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပေးတဲ့ အခန်းကနေ ပါဝင်နိုင်ပါတယ်။ နိုင်ငံတော်ကို ပြည်သူတွေက (ဝါ) နိုင်ငံသားတွေက လည်ပတ်ခွင့်အပ်နှင်းခံထားရတဲ့ အစိုးရရဲ့ လက်အောက်ကနေ စစ်တပ်က ပါဝင်ခွင့် ရတာ ဖြစ်ပါတယ်။ ဒါကလည်း စစ်တပ်က ဆုံးဖြတ် ချက်ချတဲ့ နေရာကနေ ပါဝင်ခွင့်ရတာ မဟုတ်ဘဲ အစိုးရကို လုံခြုံရေးဆိုင်ရာအကြံပေးခွင့် နေရာက နေသာ ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ဖို့ဆိုရင် လက်ရှိနိုင်ငံရေးအခြေအနေ ထဲကနေ စစ်တပ်က စစ်တန်းလျားကို အရင်ပြန်ဖို့ လိုပါတယ်။ အဲဒါဆိုရင် စစ်တပ်ဟာ ကာကွယ်ရေး ဦးစီးချုပ် (ဝါ) စစ်သေနာပတိချုပ်ဖြစ်တဲ့ အရပ်သား သမ္မတနဲ့ အရပ်သားကာကွယ်ရေးဝန်ကြီးတွေရဲ့ စီမံ ခန့်ခွဲမှုအောက်မှာ ရှိနေဖို့ လိုပါမယ်။

သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးတွေက အရပ် သားတွေ ဖြစ်ကြပြီး နိုင်ငံရေးသမားတွေ ဖြစ်ကြပါ တယ်။ သူတို့က လက်နက်ကိုင် သူပုန်တွေနဲ့ ဆွေးနွေး မယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ် သက်ပြီး အစိုးရဘက်က တာဝန်ယူ၊ တာဝန်ခံရမယ့် သူတွေက သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးဆိုတဲ့ အရပ် သားနိုင်ငံရေးသမားတွေသာ ဖြစ်တယ်။ နောက်ပြီး သူပုန်ဘက်က ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

အဲဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင် မြင်ရင် သမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ သူပုန်ခေါင်း ဆောင်တွေကို အပြစ်တင်နိုင်တယ်။ ဒီကိစ္စနဲ့ ပတ် သက်ပြီး သူတို့ လုံးဝ တာဝန်ယူရမယ်။ ပြည်သူတွေကို သူတို့ တာဝန်ခံရမယ်။ ဒါပါပဲ။ သိပ်ကို ရိုးစင်းပါတယ်။

စစ်တပ်က တာဝန်ခံစရာ၊ တာဝန်ယူစရာ မလိုဘူး။ ဘာဖြစ်လို့လဲ။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်တပ်က ဆုံးဖြတ်ချက်ချတာ မဟုတ်လို့ပါပဲ။ ဆုံးဖြတ်ချက်ချတဲ့သူတွေမှာပဲ အဓိကတာဝန်ရှိတယ်။ အဲဒီဆုံးဖြတ်ချက် ချတဲ့သူတွေကပဲ ပြည်သူကို အဓိကတာဝန်ခံရပါတယ်။

ဒီနေရာမှာ တာဝန်ခံခြင်းဆိုတဲ့ အဓိပ္ပာယ်က ရင်ဆိုင်ဖြေရှင်းခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်ဖြစ်ပါတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓိကတာဝန်ယူ ရင်ဆိုင်ဖြေရှင်းရမယ့်သူတွေဟာ သမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ သူပုန်ခေါင်းဆောင် တွေပဲ ဖြစ်ပါတယ်။

စစ်တပ်က ဒီတာဝန်ကို ယူစရာမလို၊ စစ်တပ်က ရင်ဆိုင်ဖြေရှင်းစရာမလို။ အဲဒါကြောင့်ပဲ စစ်တပ်ကို စစ်တန်းလျားကို ပြန်စေချင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ပြည်သူ့ရင်ခွင်ထဲကို ပြန်သွားစေချင်တာ ဖြစ်ပါတယ်။ နောက်ပြီး စစ်တပ်က စစ်တန်းလျားမှာ ရှိနေမှသာ ဒီလို တာဝန်ယူစရာမလို၊ ဒီလို ရင်ဆိုင်ဖြေရှင်းစရာမလိုတာ ဖြစ်ပါတယ်။

တကယ်လို့ စစ်တပ်က (ဝါ) စစ်တပ်ခေါင်း ဆောင်တွေက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ပတ် သက်ပြီးတော့ အဓိကဆုံးဖြတ်ချက်ချတဲ့သူ တွေထဲမှာ ပါနေမယ်ဆိုရင်တော့ သူတို့ လုံးဝ တာဝန် ယူရပါတော့ မယ်၊ သူတို့ လုံးဝ(လုံးဝ) တာဝန်ခံရပါတော့မယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေမှာ အဓိက ဆုံးဖြတ်ချက်ချတဲ့သူတွေက စစ်တပ် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ဖြစ်နေကြတယ်။ အဲဒီတော့ သူတို့ ဟာ အဓိကတာဝန်ရှိတဲ့သူတွေ ဖြစ်တယ်။ သူတို့က အဓိကတာဝန်ခံရမယ့်သူတွေလည်း ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ အရပ်သားအစိုးရက ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို စီစဉ်ပေးသူမျှသာ ဖြစ်တယ်။ သူက စစ်မတိုက်ဖို့ ဆုံးဖြတ်ချက် မချနိုင်ဘူး။ သူက လက်နက်ဖြုတ်သိမ်းဖို့ ဆုံးဖြတ်ချက် မချနိုင်ဘူး။ အဲဒီ တော့ သူ့မှာ တာဝန် သိပ်မရှိဘူး။ သူက အဓိက တာဝန်ခံရမယ့်သူ မဟုတ်ဘူး။

တကယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အရပ်သား အစိုးရကို အဓိကတာဝန်ယူ၊ အဓိကတာဝန်ခံသူ ဖြစ်စေချင်ရင် သူ့ကို ဆုံးဖြတ်ချက်ချခွင့် ပေးရမယ်။ အဲဒါဆိုရင် စစ်တပ်က သူ့လူမှန်နေရာမှန်ဖြစ်တဲ့ စစ် တန်းလျားကို ပြန်သွားရမယ်။

အန်အယ်လ်ဒီပါတီရဲ့ အရပ်သားအစိုးရသာ အဓိက ဆုံးဖြတ်ချက်ချသူ ဖြစ်ခဲ့မယ်ဆိုရင်တော့ သူက တာဝန်ယူ ရတော့မယ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သူက ပြည်သူတွေကို တာဝန်ခံရတော့ မယ်။ ဒီမှာ ပြည်သူတွေ ပါဝင်လာတော့မယ်။

နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေက (ဝါ) နိုင်ငံ သားတွေက အဓိကဇာတ်ကောင်(Main Actors)ဆို တာကို မေ့နေတတ်ကြပါတယ်။ ပြည်သူတွေက အဓိက ဇာတ်ကောင်ဖြစ်လာပြီဆိုရင် အန်အယ်လ်ဒီ အရပ် သားအစိုးရရယ်၊ စစ်တပ်ရယ်၊ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေရယ်ဆိုတဲ့ ရှုပ်ထွေးတဲ့ ဇာတ်ကောင်သုံးခု လည်း မရှိတော့ဘူး။

ဒီအခြေအနေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ဇာတ်ကောင်က နှစ်ခုပဲ ရှိတော့မယ်။ အရပ် သားအစိုးရယ်၊ တိုင်းရင်းသားလက်နက်ကိုင် တပ် ခေါင်းဆောင်တွေရယ်။ ဒါပဲ။

အဲဒီဇာတ်ကောင်နှစ်ခုက တာဝန်ယူရတော့ မယ်။ ပြီးတော့ သူတို့က ပြည်သူဆိုတဲ့ အဓိကဇာတ် ကောင်ကို တာဝန်ခံရတော့မယ်။

ဒီလို အခြေအနေမျိုးတွေ ဖြစ်လာအောင် အဓိက ဇာတ်ကောင်ဆိုတဲ့ ပြည်သူတွေက (ဝါ) နိုင်ငံသား တွေက ဖန်တီးယူလို့ ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အဓိကဇာတ်ကောင်သည်သာ ပဓာနဖြစ်ပါတယ်။

နိုင်ငံသားပြည်သူဆိုတဲ့ အဓိကဇာတ်ကောင် တွေအတွက် အဲဒီလို အခြေအနေမျိုးတွေ ဖြစ်လာ အောင် ဖန်တီးယူတဲ့အခါမှာ နည်းလမ်းတွေကတော့ တစ်ခုမက အများကြီး ရှိနိုင်ပါတယ်။ အဲဒီနည်းလမ်း တွေထဲက နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာကတော့ Óဏ်ပညာ နဲ့ ချင့်ချိန်ပြီး အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ကြ ရပါလိမ့်မယ်။

ဥပမာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပြည်သူတွေ က စစ်တပ်က နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေတာကို ဆန့်ကျင်နိုင်တယ်။ စစ်တပ်က စစ်တန်းလျားကို ပြန်သွားအောင် တွန်းအားပေးနိုင်တယ်။ ဒါက နည်း လမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။

နောက်နည်းလမ်းတစ်ခုက အဓိကဇာတ် ကောင်ဖြစ်တဲ့ ပြည်သူတွေက ဟိုဘက်၊ ဒီဘက် မကွဲ ပြားဘဲ ညီညွတ်နိုင်တယ်။ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို တစ်ပြိုင်တည်း ဆန့်ကျင် နိုင်တယ်။ သူတို့နှစ်ဖက်စလုံးကို ထောက်ခံနေတာ တွေကို ရပ်ဆိုင်းပစ်လိုက်နိုင်တယ်။

အဓိကဇာတ်ကောင်ဖြစ်တဲ့ ပြည်သူတွေ အချင်း ချင်း ညီညွတ်ပြီး စစ်ဖြစ်နေတဲ့ နေရာတွေက ပြည်သူ တွေကို စစ်မဖြစ်တဲ့ နေရာဒေသတွေဆီကို ရွှေ့ပြောင်း လာနိုင်အောင် စစ်မဖြစ်တဲ့ နေရာတွေက ပြည်သူ တွေက ကူညီပေးနိုင်တယ်။ အဲဒါဆိုရင် စစ်ဖြစ်တဲ့ နေရာတွေမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်တွေပဲ ကျန်ခဲ့မယ်။ သူတို့ ဆက်တိုက်ချင် တိုက်နေကြပါစေ။

စစ်တလင်းမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပြည်သူတွေ မရှိတော့ဘဲ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေပဲ စစ်ဖြစ်ကျန်နေခဲ့တာက တော့ သူတို့ကံကြမ္မာသူတို့ ဖန်တီးတာပဲ ဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အဲဒီလိုစစ်တလင်းမှာ တိုက်နေတဲ့သူတွေက ရွေးချယ်တာ မဟုတ်ဘူး ဆိုရင် တောင်မှပဲ ဒါဟာ စစ်တပ်ခေါင်းဆောင်တွေနဲ့ တိုင်း ရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ် ချက်နဲ့ ရွေးချယ်မှုတွေသာ ဖြစ်ပါတယ်။

အဓိကဇာတ်ကောင်ဖြစ်တဲ့ ပြည်သူတွေမှာ လည်း ရွေးချယ်ခွင့်တွေ ရှိပါတယ်။ အဓိက ဇာတ် ကောင်တွေ ဖြစ်တဲ့ ပြည်သူတွေ စဉ်းစားရမှာက တစ်ခုပဲ ရှိပါတယ်။

နှစ်ပေါင်း ၇၀ ကျော် မျိုးဆက်လေးဆက်အထိ တိုက်လာတဲ့ ပြည်တွင်းစစ်ဟာ တိုင်းပြည်ကာကွယ် တာ ဟုတ်၊ မဟုတ်ဆိုတာရယ်၊ ဒါဟာ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးတောင် လုပ်ခွင့်မရတာမို့လို့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တာ ဟုတ်၊ မဟုတ်၊ ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက်တာ ဟုတ်၊ မဟုတ်ဆိုတာတွေလောက်ပါပဲ။

အဲဒါကို မေးခွန်းအနေနဲ့ ချရေးလိုက်ရင်-

နှစ်ပေါင်း ၇၀ ကျော်ကြာ မျိုးဆက်လေးဆက် လောက် ပြည်တွင်းစစ်ကို တိုက်နေခြင်းဟာ

(၁)          တိုင်းပြည်ကို ကာကွယ်နေခြင်းဆိုတာ ဟုတ် မှဟုတ်ပါ့မလား။

(၂)          စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလေး တောင် လုပ်ခွင့်မရတာမို့လို့ ဒါဟာ ကိုယ်ပိုင်လွတ် လပ်ခွင့်အတွက် တိုက်နေခြင်းဆိုတာ ဟုတ်မှဟုတ် ပါ့မလား။

(၃)          ဒါဟာ ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက် နေခြင်းဆိုတာ ဟုတ်မှဟုတ်ပါ့မလား။

အဲဒီလို အခြေခံအကျဆုံး မေးခွန်းလေးတွေကိုပဲ အဓိကဇာတ်ကောင်ဖြစ်တဲ့ နိုင်ငံသားပြည်သူတွေက မအိပ်ခင်လေးမှာ နဖူးပေါ် လက်တင်ပြီး ကိုယ့်ကိုယ် ကိုယ် ပြန်မေးကြည့်ကြဖို့ လိုပါတယ်။ အဖြေတွေကို တွေ့လာပါလိမ့်မယ်။ အဲဒီလို တွေ့လာတဲ့ အဖြေ တွေကို အကောင်အထည်ဖော်နိုင်ကြပါတယ်။

နိုင်ငံသားပြည်သူတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်တယ်ဆိုတာကို ဘယ် တော့မှ မမေ့လိုက်ပါနဲ့။

အဲဒီလို နိုင်ငံသားပြည်သူဆိုတဲ့ အဓိက ဇာတ် ကောင်ကို ဘယ်လို ဇာတ်ကောင်မျိုးကမှ မစိုးမိုး မလွှမ်းမိုးနိုင်ဘူးဆိုတာကိုလည်း ဘယ်တော့ ဘယ် တော့ကမှ ထပ်ပြီး မမေ့လိုက်ပါနဲ့။

အတ္တာဟိ အတ္တနော နာထော။ မိမိသည်သာ မိမိ၏ အားထားရာ။

အို အဓိကဇာတ်ကောင်ဖြစ်သော နိုင်ငံသား အပေါင်းတို့…ကိုယ့်ကိုယ်ကိုယ်သာ အားကိုးကြပါ လေ။

 

အောင်နိုင်

 

 

ျပည္သူေတြ တင္တဲ့ အစိုးရလက္ထက္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ

 

“ျပည္သူေတြတင္တဲ့ အစိုးရ” ဆိုတာ အန္အယ္လ္ဒီအစိုးရကို ဆိုလိုပါတယ္။

“ျပည္သူေတြတင္တဲ့ အစိုးရ”ဆိုတာရဲ႕ အဓိပၸာယ္ကို ထပ္ရွင္းျပရရင္ ျပည္သူေတြက သူတို႔ ဆႏၵနဲ႔ အညီမဲေပးၿပီး ေရြး ေကာက္ တင္ေျမႇာက္ ထားတဲ့ အစိုးရကို ဆို လိုတာျဖစ္ပါ တယ္။ အန္အယ္လ္ဒီအစိုးရ ကအဲဒီလိုအမ်ိဳး အစားအစိုးရ ျဖစ္ပါတယ္။

“လက္ထက္”ဆိုတာ က ၂၀၁၅ ပါလီမန္ေရြးေကာက္ပြဲမွာ အန္အယ္လ္ဒီပါတီက အႏိုင္ ရၿပီး ၂၀၁၆ ခုႏွစ္၊ အန္အယ္လ္ဒီအစိုးရ အာဏာရလာခ်ိန္ကေန ယေန႔အထိကို ဆိုလိုပါ တယ္။

“ၿငိမ္ခ်မ္းေရး”ဆိုတာက ဒီ ေနရာမွာ အဓိကအားျဖင့္ ျပည္တြင္း စစ္ ခ်ဳပ္ၿငိမ္းေရးကို ဆိုလိုပါတယ္။

“ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ”ဆိုတာက အဲဒီျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းေရး အတြက္ လုပ္ငန္းေဖာ္ေဆာင္မႈအေျခ အေန ေတြ ျဖစ္ပါတယ္။

အဲဒီလို ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈ မွာ အဓိက ပါဝင္ ေနတဲ့ ဇာတ္ေကာင္ (actors)ေတြကိုဆန္း စစ္ ၾကည့္တဲ့အခါ (၁) အန္အယ္လ္ဒီ အစိုးရ၊ (၂) စစ္တပ္နဲ႔ (၃) တိုင္းရင္းသား လက္နက္ကိုင္တပ္ မ်ားဆိုတာကို ေတြ႕ရပါတယ္။

အန္အယ္လ္ဒီအစိုးရကို ဦးေဆာင္ေနသူ ေတြက သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္၏ အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။

၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ ပုဒ္မ ၂၀။ (ဂ)မွာ “တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ လက္ နက္ကိုင္တပ္ဖြဲ႕အားလံုး၏ အႀကီးအကဲ ျဖစ္သည္။”လို႔ ဆိုထားတဲ့အတြက္ စစ္တပ္ရဲ႕ အႀကီးအကဲဟာ သမၼတမဟုတ္ဘူးဆိုတာကို သတိျပဳရ ပါလိမ့္မယ္။

ေနာက္ထပ္သတိထားရမယ့္ အခ်က္တစ္ခုက ဒီလို ပုဒ္မမ်ိဳးဟာ ကမၻာေပၚက ဘယ္ဒီမိုကေရစီႏိုင္ငံရဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာမွ မပါဘူးဆိုတာပဲ ျဖစ္ပါ တယ္။

အဲဒီ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ ပုဒ္မ ၂၀။ (ခ)မွာ “တပ္မေတာ္သည္ တပ္ပိုင္းဆိုင္ရာကိစၥအား လံုး ကို လြတ္လပ္စြာ စီမံခန္႔ခြဲစီရင္ေဆာင္ရြက္ပိုင္ခြင့္ ရွိသည္။”လို႔ အတိအက် ဆိုထားတဲ့အတြက္ သမၼတက တပ္နဲ႔ ပတ္သက္ၿပီး ဘာမွ ေဆာင္ရြက္ပိုင္ခြင့္ မရွိဘူးဆို တာကိုလည္း သိနားလည္ထားဖို႔ အထူးလိုအပ္ပါေသး တယ္။

ျပည္သူေတြ တင္ထားတဲ့ လက္ရွိ အရပ္သား အန္အယ္လ္ဒီအစိုးရက ျပည္တြင္းစစ္ကို စတိုက္ခဲ့တဲ့ အဖြဲ႕အစည္းေတြထဲမွာ မပါဝင္ခဲ့သလို အဲဒီျပည္တြင္း စစ္ကို လက္ရွိ တိုက္ေနဆဲ အဖြဲ႕အစည္းေတြထဲမွာ လည္း မပါဝင္ပါဘူး။ ဒီအခ်က္ကို သတိျပဳဖို႔ လိုပါ တယ္။

အဲဒါဆိုရင္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ ျပည္ သူေတြ တင္ေျမႇာက္ထားတဲ့ အရပ္သား အန္အယ္လ္ဒီ အစိုးရရဲ႕ အခန္းက႑က ဘယ္ေနရာမွာ ပါဝင္ေနတာ လဲလို႔ ေမးခြန္းထုတ္ႏိုင္ပါတယ္။

တကယ္ေတာ့ အရပ္သား အန္အယ္လ္ဒီအစိုးရ ရဲ႕ အခန္းက႑က ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ အခမ္းအနားျဖစ္ေျမာက္ေအာင္ စီစဥ္ေဆာင္ရြက္ ေပးရတဲ့ အဆင့္မွာပဲ ရွိပါတယ္။ ဒါက ပကတိအရွိတရား လည္း ျဖစ္ပါတယ္။

ဒီပကတိအရွိတရားအရ အရပ္သား အန္ အယ္လ္ဒီ အစိုးရက ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ေတြ အတြက္ ပြဲျဖစ္ေျမာက္ေအာင္ စီစဥ္ေပးႏိုင္ပါတယ္။ ဆိုလိုတာက ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈအတြက္ ေဆြး ေႏြးပြဲေတြ ျဖစ္လာဖို႔ စီစဥ္ေပးႏိုင္တယ္။ ဒီေဆြးေႏြး ပြဲေတြကို တက္ေရာက္ဖို႔ လက္နက္ကိုင္ထားတဲ့ သူ ေတြကို ဖိတ္ေပးႏိုင္တယ္။

အဲဒီလို ေဆာင္ရြက္ေပးႏိုင္ေပမယ့္ ေဆြးေႏြး ပြဲေတြကို တက္၊ မတက္ဆိုတာကို ဆံုးျဖတ္တဲ့ အပိုင္း ကေတာ့ လက္နက္ကိုင္ထားတဲ့သူေတြရဲ႕ အလုပ္ပဲ ျဖစ္ပါတယ္။ ဒီလို ဆံုးျဖတ္ခ်က္မ်ိဳးကို ျပည္သူေတြက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ အန္အယ္လ္ဒီ အရပ္ သားအစိုးရမွာ ခ်မွတ္ခြင့္အာဏာမရွိဘူး ျဖစ္ေန ပါတယ္။

အဲဒီေတာ့ ျမန္မာ့ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ မွာ အဓိကဆံုးျဖတ္ခ်က္ခ်တဲ့သူေတြက စစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြ ျဖစ္ေနတယ္။

အဲဒါကို တိတိက်က် ထပ္ေျပာရရင္ စစ္တပ္မွာ ဆံုးျဖတ္ခ်က္ခ်ေနတဲ့ ထိပ္ပိုင္းပုဂၢိဳလ္ေတြနဲ႔ တိုင္းရင္း သားလက္နက္ကိုင္တပ္ေတြမွာ ဆံုးျဖတ္ခ်က္ခ်ေနတဲ့ ေခါင္းေဆာင္ပိုင္းပုဂၢိဳလ္ေတြပဲ ျဖစ္ပါတယ္။

အဲဒီပုဂၢိဳလ္ႀကီးေတြက ဒီေန႔ ၿငိမ္းခ်မ္းခ်င္ တယ္ ဆိုရင္ ဒီေန႔ ျပည္တြင္းစစ္ ရပ္ပါတယ္။ သူတို႔ဆက္ တိုက္ခ်င္ေနေသးသေရြ႕ ျပည္တြင္းစစ္က ဆက္ရွိေန ပါလိမ့္ဦးမယ္။ တကယ္ေတာ့ ျပည္တြင္းစစ္က သူတို႔ လက္ထဲမွာပဲ ရွိေနပါတယ္။ ဒါက အရွိတရား ျဖစ္ပါ တယ္။

ဒီေနရာမွာ သူတို႔ ေျပာတတ္တဲ့ ျပည္တြင္း စစ္တိုက္ရျခင္းရဲ႕ အေၾကာင္းျပခ်က္ေတြကို နည္းနည္း ဆန္းစစ္ၾကည့္ရပါမယ္။

စစ္တပ္ေခါင္းေဆာင္ေတြရဲ႕ အေၾကာင္းျပခ်က္ က တိုင္းျပည္ကာကြယ္ဖို႔ဆိုတာ ျဖစ္ပါတယ္။ တိုင္း ရင္းသားလက္နက္ကိုင္   ေခါင္းေဆာင္ေတြရဲ႕ အေၾကာင္းျပခ်က္ကေတာ့ ကိုယ္ပိုင္လြတ္လပ္ခြင့္နဲ႔ ကိုယ္ပိုင္အခြင့္အေရးေတြ ရဖို႔လို႔ ဆိုၾကပါတယ္။

ဒီအေၾကာင္းျပခ်က္ေတြကို ျပန္ဆန္းစစ္ၾကည့္ တဲ့အခါ ျပည္တြင္းစစ္ဟာ စစ္တပ္ေခါင္းေဆာင္ေတြ အေၾကာင္းျပသလို တိုင္းျပည္ကာကြယ္မႈ ျဖစ္ သလားဆိုေတာ့ မျဖစ္ခဲ့ပါဘူး။ မျဖစ္ခဲ့တဲ့အျပင္ ႏိုင္ငံ သားေတြအခ်င္းခ်င္းၾကားထဲမွာ ပိုၿပီးေတာင္ စိတ္ဝမ္း ကြဲမႈေတြ ျဖစ္လာပါေသးတယ္။

ႏိုင္ငံသားေတြ စိတ္ဝမ္းကြဲေနမယ္ဆိုရင္ ႏိုင္ငံကို စနစ္တက် တည္ေဆာက္လို႔လည္း မရပါဘူး။ အဲဒီလို ႏိုင္ငံကို စနစ္တက် မတည္ေဆာက္ထားႏိုင္ေသး သေရြ႕ေတာ့ အဲဒီႏိုင္ငံက ႏိုင္ငံသားေတြဟာ ကမၻာ ေပၚမွာ ေအာက္က်ေနာက္က်နဲ႔ ဆက္ေနရမယ္။ ႏိုင္ငံသားေတြ မညီၫြတ္လို႔ တိုင္းျပည္ မတည္ ေဆာက္ရျခင္းမွာ ဒါပဲ ရွိပါတယ္။ တျခား ဘာမွ မရွိပါဘူး။

တစ္ခါ တိုင္းရင္းသားလက္နက္ကိုင္ေခါင္း ေဆာင္ေတြ အေၾကာင္းျပသလို ကိုယ္ပိုင္လြတ္လပ္ခြင့္နဲ႔ ကိုယ္ပိုင္အခြင့္အေရးဆိုတာကို ရၿပီးလားဆိုေတာ့ လည္း ႏွစ္ေပါင္း ၇၀ ေက်ာ္သာ ရွိလာတယ္၊ ဒီေန႔အထိ မရေသးပါဘူး။ ဒါကလည္း ျငင္းလို႔မရတဲ့ လက္ရွိ အရွိတရားတစ္ခုပါပဲ။

လက္နက္မပါဘဲ လမ္းေပၚထြက္ခဲ့တဲ့သူေတြ ကေတာင္ လက္ရွိအေျခအေနမွာ စစ္အာဏာ ရွင္ေတြဆီကေန ျပည္သူ႔လက္ထဲကို အနည္းဆံုး အာဏာ ၆၀ ရာခိုင္ႏႈန္းေလာက္ ျပန္ရေအာင္ စြမ္း ေဆာင္ထားႏိုင္ေနၾကၿပီ ျဖစ္ပါတယ္။

စစ္တပ္လက္ထဲက ျပည္ထဲေရး၊ ကာကြယ္ေရး နဲ႔ နယ္စပ္ေရးေတြမွာ ရွိေနတဲ့ အာဏာကို ၄၀ ရာခိုင္ႏႈန္းေလာက္လို႔ ခန္႔မွန္းတြက္ခ်က္(ၾကည့္)ပါ တယ္။

ကိုယ္ပိုင္လြတ္လပ္ခြင့္၊ ကိုယ္ပိုင္အခြင့္ အေရး ေတြအတြက္ လက္နက္စြဲကိုင္ၿပီး တိုက္ၾက တာပါဆိုတဲ့ ပုဂၢိဳလ္ႀကီးေတြကေတာ့ ႏွစ္ေပါင္း ၇၀ သာ ေက်ာ္ လာတယ္၊ ဒီေန႔အထိ ဘာတစ္ခုမွ ရေအာင္ မစြမ္း ေဆာင္ႏိုင္ၾကေသးဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။

ဒါဟာ ပကတိအရွိတရားတစ္ခု ျဖစ္ပါတယ္။ ဒီပကတိအရွိတရားကို   ေဖာ့မေတြးပစ္လိုက္ဖို႔ အင္မတန္ အေရးႀကီးပါတယ္။

အဲဒီလို မရတဲ့အျပင္ သာမန္လူတိုင္း လုပ္လို႔ ရတဲ့၊ လုပ္ေနၾကတဲ့ စီးပြားေရး၊ က်န္းမာေရး၊ ပညာ ေရးေလးေတာင္ စစ္ျဖစ္တဲ့ ေဒသက ျပည္သူေတြမွာ လုပ္ခြင့္မသာၾကဘူး ျဖစ္ေနပါတယ္။ စစ္ေၾကာင့္ ဘဝ ေတြသာ ေျြကမြပ်က္စီးၾကရတာပဲ ရွိပါတယ္။

အဲဒီေတာ့ ‘ဖြတ္မရ ဓားမဆံုး’ဆိုတဲ့ စကားလိုပဲ၊ ကိုယ္ပိုင္လြတ္လပ္ခြင့္၊ ကိုယ္ပိုင္အခြင့္အေရးေတြ မရ တဲ့အျပင္ အမ်ားသူငါ လုပ္လို႔ ရေနၾကတဲ့ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရးေလးေတြေတာင္ လုပ္ခြင့္မရတဲ့ အေျခအေနအထိ ျဖစ္သြားၾကပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ တခ်ိဳ႕မွာ လက္နက္ရွိမွ လူေလးစားတယ္၊ လက္နက္ ရွိမွ အေရးတယူ ဆက္ဆံခံရတယ္ဆိုတဲ့ လက္နက္ အားကိုးတဲ့ အယူအဆေတြလည္း ရွိတတ္ၾကတာကို ေတြ႕ေနရပါတယ္။ ဒါက လက္နက္မပါဘဲ လမ္းေပၚ ထြက္ ေတာ္လွန္တဲ့သူေတြနဲ႔ ဆန္႔က်င္ဘက္အယူအဆ တစ္ခု ျဖစ္ပါတယ္။

အဲဒီေတာ့ လက္နက္မပါဘဲ လမ္းေပၚထြက္ခဲ့တဲ့ သူေတြကသာ ရည္မွန္းထားတဲ့ ခရီးမွတ္တိုင္တစ္ခုဆီ ကို ဆိုက္ေရာက္လာၾကတယ္၊ ႏွစ္ ၇၀ ေက်ာ္ လက္ နက္ကိုင္ ထားတဲ့သူေတြက ဘာေၾကာင့္ ဘာတစ္ခုမွ မရၾကတာလဲ၊ သူတို႔ ဒါကို ျပန္မသံုးသပ္ၾကဘူးလား ဆိုတာက ေမးကိုေမးရမယ့္ ေမးခြန္းတစ္ခု ျဖစ္လာ ေနပါတယ္။

ဒီေနရာမွာ ေနာက္ထပ္ေနာက္ထပ္ ေမးခြန္း ေတြလည္း ထပ္ထြက္လာျပန္ပါတယ္။ စစ္တပ္ေခါင္း ေဆာင္ေတြအတြက္ ေမးစရာေမးခြန္းေတြ ရွိေနသလို တိုင္းရင္းသား လက္နက္ကိုင္ေခါင္းေဆာင္ေတြ အတြက္လည္း ေမးစရာေမးခြန္းေတြက ရွိေနၾကပါ တယ္။

စစ္တပ္ေခါင္းေဆာင္ေတြက ႏိုင္ငံေရးအက်ိဳး စီးပြားအတြက္ ျပည္တြင္းစစ္ကို ေမြးတိုက္ေနၾက တာလားဆိုတဲ့ အေမးဟာ ေမးခြန္းတစ္ခု ျဖစ္ပါတယ္။ တကယ္လို႔ ဒါသာ အမွန္ျဖစ္မယ္ဆိုရင္ စစ္တပ္ ေခါင္းေဆာင္ေတြက ႏိုင္ငံေရးအက်ိဳးစီးပြားကို အလိုရွိေနေသးသေရြ႕ ျပည္တြင္းစစ္က ဆက္ျဖစ္ေနပါ လိမ့္ဦးမယ္။

ႏိုင္ငံတကာမွာ ကိုယ္ပိုင္လြတ္လပ္ေရး (Independence)အတြက္ျဖစ္ေစ၊ ကိုယ္ပိုင္လြတ္လပ္ခြင့္ (Freedom and Rights)အတြက္ျဖစ္ေစ လက္နက္ကိုင္ တိုက္ပြဲဝင္တဲ့သူေတြဟာ ကာလသတ္မွတ္ခ်က္ေတြ ထားတတ္ၾကပါတယ္။

အဲဒီလို ကာလသတ္မွတ္ခ်က္ထားၾကရတဲ့ အေၾကာင္းကေတာ့ ဒီလို တိုက္ပြဲမ်ိဳးကို ဆင္ႏႊဲေနတဲ့ ကာလမွာ လူေတြရဲ႕ အသက္ေတြနဲ႔ ပစၥည္းဥစၥာေတြကို စေတးရမွာမို႔ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ကာလ သတ္မွတ္ခ်က္ ထားၾကတာ ျဖစ္ပါတယ္။

ဥပမာ- လက္နက္ကိုင္ၿပီး တိုက္မယ့္ ကာလ ဟာ ႏွစ္ ၂၀ ဆိုရင္ အဲဒီႏွစ္ ၂၀ အတြင္းမွာ လူေပါင္း ဘယ္ေလာက္ ေသမယ္၊ ပစၥည္းဥစၥာ ဘယ္ေလာက္ ကုန္မယ္၊ ဆံုး႐ံႈးမယ္ဆိုတာကို တြက္ခ်က္ၿပီးေတာ့ တိုက္တတ္ၾကပါတယ္။ ႏွစ္ ၂၀ ဆိုတာဟာ တကယ္ ေတာ့ မ်ိဳးဆက္တစ္ဆက္ ျဖစ္ပါတယ္။

အခု ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ျဖစ္ေနတာ ႏွစ္ ၇၀ ေက်ာ္လာေနပါၿပီ။ မၾကာခင္ ႏွစ္ ၈၀ ျပည့္ ပါေတာ့မယ္။ ႏွစ္ ၈၀ ဆိုတာ မ်ိဳးဆက္ေလးဆက္ ျဖစ္ပါတယ္။ ေနာက္ထပ္ ဘယ္ေလာက္ ၾကာေအာင္ ဆက္တိုက္ေနၾကဦးမလဲဆိုတာကိုလည္း ဘယ္သူမွ မသိႏိုင္တဲ့ အေနအထား ျဖစ္ေနပါတယ္။

အဲဒီႏွစ္ေပါင္း ၈၀ မွာ လူေပါင္း ဘယ္ေလာက္ ေသခဲ့သလဲ၊ ေသမလဲ၊ ပစၥည္းဥစၥာ ဘယ္ေလာက္ ကုန္ခဲ့သလဲ၊ ကုန္မလဲ။ အဲဒါကို တြက္ခ်က္ၿပီး တိုက္ ေနၾကတာလား၊ မတြက္ခ်က္ဘဲနဲ႔ “ေတာ္လွန္ေရး အဓြန္႔ရွည္ပါေစ”လို႔ ေၾကြးေၾကာ္ၿပီး ကမၻာတည္သေရြ႕ တိုက္ေနၾကမွာလား။

ေနာက္ထပ္ ေသခ်င္သေလာက္ ေသပေစ၊ ကုန္ ခ်င္သေလာက္ ကုန္ပေစ။ တိုက္ခဲ့ၾကၿပီး၊ တိုက္ေနၾက ဆဲ၊ ေနာက္မ်ားမွာလည္း ဆက္ၿပီး တိုက္ေနဦးမွာပဲ ဆိုတဲ့ သေဘာလား။ ဒါဟာလည္း ေမးကိုေမးရေတာ့ မယ့္ ေမးခြန္းတစ္ခု ျဖစ္လာေနပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ျပည္တြင္းစစ္ျဖစ္ ေနသေရြ႕ စစ္တပ္က ႏိုင္ငံေရးမွာ ဆက္ပါေနရမယ္လို႔ စစ္တပ္ေခါင္းေဆာင္ေတြက အေၾကာင္းျပေနၾက ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ ေတြက လည္း လက္နက္ဆက္ကိုင္ရတဲ့အေၾကာင္း ေတြကို ကိုယ္စီကိုယ္ငွ ျပထားၾကပါတယ္။

သူတို႔အကုန္လံုး ေျပာေနတာေတြက ကေလး ေတြလို “နင္တို႔ သြားမွ ငါတို႔ သြားမယ္”လို႔ အေၾကာင္း ျပၿပီး ဘယ္သူမွ မသြားဘဲ ဆက္ေနေနၾကသလို ျဖစ္ ေနပါတယ္။

တကယ္လို႔ စစ္တပ္ကသာ ႏိုင္ငံေရးက ဆုတ္ ခြာၿပီး စစ္တန္းလ်ားကို ျပန္သြားမယ္ဆိုရင္ ျပည္သူ ေတြနဲ႔ ျပည္သူေတြက တင္လိုက္တဲ့ အစိုးရက ႏွစ္ ၂၀ အတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္ကိစၥနဲ႔ ျပည္ တြင္းစစ္ျပႆနာကို အၿပီး ေျဖရွင္းႏိုင္ပါတယ္။

အဲဒီလိုပဲ။ တိုင္းရင္းသားလက္နက္ကိုင္ကိစၥနဲ႔ ျပည္တြင္းစစ္ျပႆနာသာ မရွိဘူးဆိုရင္လည္း ႏွစ္ ၂၀ အတြင္းထဲမွာ စစ္တပ္ရဲ႕ ႏိုင္ငံေရးထဲမွာ ပါဝင္ ေနမႈကို ျပည္သူေတြက ဖယ္ရွားပစ္ၿပီး စစ္တန္း လ်ားကို ျပန္ပို႔ေပးႏိုင္ပါတယ္။

အခုကေတာ့ တစ္ဖက္နဲ႔ တစ္ဖက္က ‘သူတို႔ ရွိေနသေရြ႕ ငါတို႔ ရွိေနမယ္’လို႔ အေၾကာင္းျပေနၾက ေတာ့ ျပည္တြင္းစစ္က ဆက္ရွိေနပါလိမ့္ဦးမယ္။ ျပည္သူေတြ လိုလားေတာင္းတေနတဲ့ ၿငိမ္းခ်မ္းေရး ကလည္း ‘က်ားသနားမွ ႏြားခ်မ္းသာရမယ့္အျဖစ္’လို လက္နက္ကိုင္ထားတဲ့သူေတြ မေပးခ်င္ေသးသေရြ႕ ေဝးေနပါလိမ့္ဦးမယ္။ အဲဒီလို သေဘာသက္ေရာက္ ေနပါတယ္။

အဲဒီေတာ့ ရလဒ္က ဘာျဖစ္လာမလဲ။ ၿငိမ္း ခ်မ္းေရးေဖာ္ေဆာင္မႈအတြက္ ပြဲစီစဥ္ခြင့္ပဲ ရထားတဲ့ အန္အယ္လ္ဒီ အရပ္သားအစိုးရရယ္၊ ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈမွာ အဓိက ဆံုးျဖတ္ခြင့္ရွိေနတဲ့ စစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြရယ္။ တစ္ဦးကို တစ္ဦး အျပစ္တင္ရင္း ေရွးမတိုးေနာက္မဆုတ္သာပဲ ျဖစ္ေနပါလိမ့္မယ္။

အမွန္ေတာ့ ဒီၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈက မညႇာတမ္းေျပာရရင္ တြံေတးသိန္းတန္ သီဆိုထားတဲ့ ‘ကိုယ္ရယ္၊ မင္းရယ္၊ ပန္းပိေတာက္ရယ္’ဆိုတဲ့ သီခ်င္းစားသားထဲကလို သံုးပြင့္ဆိုင္ဇာတ္လမ္း ျဖစ္ေနတယ္။

‘ကိုယ္ရယ္၊ မင္းရယ္’ဆိုတဲ့ စစ္တပ္ေခါင္းေဆာင္ ေတြနဲ႔  တိုင္းရင္းသားလက္နက္ကိုင္တပ္ေခါင္းေဆာင္ ေတြရယ္၊ ၾကားထဲမွာ ‘ပိေတာက္ရယ္’ဆိုတဲ့ ဓားစာခံ အန္အယ္လ္ဒီ အရပ္သားအစိုးရရယ္။

‘ကိုယ္ရယ္၊ မင္းရယ္’ဆိုတဲ့ သူေတြက ပိေတာက္ ကို ႀကိဳက္သလို လုပ္ႏိုင္ၾကသလို စစ္တပ္ေခါင္းေဆာင္ ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြက အန္အယ္လ္ဒီ အရပ္သားအစိုးရကို ႀကိဳက္သလို လုပ္ခြင့္ေတြ ရေနတယ္။

ၿပီးခဲ့တဲ့ အတိတ္ကို ျပန္ၾကည့္ရင္ ၈၈ အေရး ေတာ္ပံုႀကီးေနာက္ပိုင္းမွာ ‘ကိုယ္ရယ္၊ မင္းရယ္’ဆိုတဲ့ စစ္တပ္ေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသားလက္နက္ ကိုင္ေခါင္းေဆာင္ေတြဟာ ႀကိဳက္သလိုလည္း လုပ္ခဲ့ ၾကပါတယ္။ အတိတ္ဆိုတာ သမိုင္းပဲဆိုတာကိုလည္း သတိျပဳေစခ်င္ပါတယ္။

အဲဒီအတိတ္ဆိုတဲ့ သမိုင္းကာလမွာ စစ္တပ္ ေခါင္း ေဆာင္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ တပ္ေခါင္းေဆာင္ေတြဟာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ လက္မွတ္ထိုးၾကၿပီလို႔ ေၾကြးေၾကာ္ၾကရင္း ေရႊထီး ေဆာင္းခဲ့ၾကတယ္။

အဲဒီအခ်ိန္မွာ အန္အယ္လ္ဒီပါတီက ပုဂၢိဳလ္ ေတြက ေထာင္းနန္းစံၾကရ၊ ေထာင္ထဲမွာ အသက္ေတြ ေသေပးၾကရ၊ ပါတီ႐ံုးေတြ အပိတ္ခံေနရတဲ့ အခ်ိန္ လည္း ျဖစ္ပါတယ္။ ဒါက မထူးဆန္းပါဘူး။ အာဏာရွင္ စနစ္ကို ေတာ္လွန္တဲ့ ႏိုင္ငံေရးမွာ ျဖစ္႐ိုးျဖစ္စဥ္သာ ပါပဲ။

ထူးဆန္းတာက ဘာလဲဆိုေတာ့ ၿငိမ္းခ်မ္းေရး ယူထားတယ္ဆိုတဲ့ တိုင္းရင္းသားလက္နက္ကိုင္ တပ္ေတြက ပုဂၢိဳလ္တခ်ိဳ႕နဲ႔ ေျမေပၚႏိုင္ငံေရးသမား တခ်ိဳ႕က အန္အယ္လ္ဒီက ပုဂၢိဳလ္ေတြကို “ခင္ဗ်ား တို႔ကို စစ္တပ္က ဘယ္ေဆြးေႏြးမလဲ။ ခင္ဗ်ားတို႔မွာ လက္နက္မွ မရွိတာ။ လက္နက္ရွိတဲ့လူေတြနဲ႔ပဲ စစ္တပ္က ေဆြးေႏြးတယ္၊ ေတြ႕တယ္မဟုတ္လား။ အဲဒါ ခင္ဗ်ားတို႔မွာ လက္နက္မရွိလို႔”ဆိုၿပီး လက္နက္ ကိုင္ေျဖရွင္းေရးဝါဒကို အားေပးရင္းနဲ႔ မညႇာမတာ ေျပာခဲ့ၾကဖူးတာ ျဖစ္ပါတယ္။

အဲဒါ လက္နက္မကိုင္တဲ့သူေတြကို လက္နက္ ကိုင္ထားတဲ့သူေတြနဲ႔ လက္နက္ကိုင္တာကို အားေပး တဲ့သူေတြက ေျပာခဲ့ၾကတဲ့ စကားေတြပါ။ အခုေတာ့ ဒီစကားက အတိတ္သမိုင္းမွာ အဖတ္တင္က်န္ ေနခဲ့ပါၿပီ။

ဒီေန႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈျဖစ္စဥ္နဲ႔ ပတ္ သက္လို႔လည္း အဓိက ဆံုးျဖတ္ခြင့္ရွိေနတဲ့ စစ္တပ္က ေခါင္းေဆာင္တခ်ိဳ႕နဲ႔ တိုင္းရင္းသားလက္နက္ ကိုင္ ေခါင္းေဆာင္တခ်ိဳ႕က အန္အယ္လ္ဒီ အရပ္သား အစိုးရကို အျပစ္တင္လာတာေတြ ေတြ႕ေနရပါတယ္။

ဒါေတြလည္းပဲ မၾကာခင္မွာ သမိုင္းျဖစ္လာ ပါလိမ့္မယ္။ ဒီေန႔ဟာ မနက္ျဖန္အတြက္ အတိတ္ျဖစ္ သြားမယ္။ အဲဒီေတာ့ ဒီေန႔ ေျပာထားတာေတြက မနက္ျဖန္မွာ သမိုင္းျဖစ္လာပါလိမ့္မယ္။

တစ္ခ်ိန္က အန္အယ္လ္ဒီကို ေျပာခဲ့တဲ့ “ခင္ဗ်ား တို႔မွာ လက္နက္မရွိလို႔ စစ္တပ္က အဖက္မလုပ္တာ”ဆိုတဲ့ စကားေတြကို လက္နက္ကိုင္ထားတဲ့သူေတြနဲ႔ လက္နက္ကိုင္တာကို အားေပးခဲ့တဲ့သူေတြက အခု ေတာ့လည္း ေမ့သြားၾကဟန္တူပါတယ္။

ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ မေအာင္ျမင္တာဟာ အန္အယ္လ္ဒီ အရပ္သားအစိုးရေၾကာင့္လို႔ စစ္ တပ္ဘက္က ေခါင္းေဆာင္တခ်ိဳ႕ ေျပာၾကတာကို ၾကားလာရသလို အန္အယ္လ္ဒီ အရပ္သားအစိုးရက သူတို႔အတြက္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ေပးမွာ မဟုတ္ဘူးရယ္လို႔ တိုင္းရင္းသား လက္နက္ကိုင္ ေခါင္းေဆာင္ တခ်ိဳ႕က အျပစ္ တင္လာၾကတာ ကိုလည္း ၾကားေန ရပါတယ္။

ဒီေနရာမွာ ေျပာစရာရွိလာ တာက သူတို႔ ေရႊ ထီးေဆာင္းခဲ့တုန္း က အန္အယ္လ္ဒီ ပါတီကို “ခင္ဗ်ား တို႔နဲ႔ ဘယ္ေဆြးေႏြးမလဲ။ ခင္ဗ်ားတို႔မွာ လက္နက္မွ မရွိတာကို။ စစ္တပ္က လက္နက္ရွိတဲ့သူကိုပဲ အေလး ေပးဂ႐ုစိုက္တာ”လို႔ ေလွာင္ေျပာင္ေျပာဆိုခဲ့ၾကတာ လည္း အဲဒီတိုင္းရင္းသားလက္နက္ကိုင္ေခါင္း ေဆာင္ ေတြထဲက တခ်ိဳ႕ပါပဲ။

အဲဒီေတာ့ လက္နက္ကိုင္ထားတာလည္း သူ တို႔။ စစ္တိုက္ဖို႔၊ မတိုက္ဖို႔ ဆံုးျဖတ္ခ်က္ခ်ခြင့္ရွိတာ လည္း သူတို႔။ ျပည္သူနဲ႔ ျပည္သူေတြ တင္ထားတဲ့ အစိုးရကို အျပစ္တင္လာတာလည္း သူတို႔။ ဒီေနရာမွာ ျပည္သူတင္ထားတဲ့ အစိုးရကို အျပစ္တင္တာဟာ ျပည္သူကို အျပစ္တင္တာနဲ႔ အတူတူပဲဆိုတာလည္း သတိျပဳရပါလိမ့္မယ္။

အဲဒီေတာ့ အဲဒီလိုေတြ ေျပာလာၾက၊ အျပစ္တင္ လာၾကတဲ့အတြက္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ အဓိက ဆံုးျဖတ္ခြင့္ရွိေနတဲ့ စစ္တပ္ေခါင္းေဆာင္ေတြ နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြကို “သူတို႔ ဘာလိုခ်င္ေနၾကတာလဲ”လို႔ ျပည္သူေတြက (ဝါ) ႏိုင္ငံသားေတြက သံသယႀကီးႀကီးမားမား ထားၿပီး ေမးခြန္းထုတ္ၾကရပါေတာ့မယ္။

ျပည္သူေတြက (ဝါ) ႏိုင္ငံသားေတြက ဘာ ေၾကာင့္ အဲဒီလို သံသယေတြ ႀကီးႀကီးမားမားထားၿပီး ေမးခြန္းထုတ္ရသလဲဆိုေတာ့ လက္ရွိ အန္အယ္လ္ဒီ အရပ္သားအစိုးရဟာ သူတို႔ တင္ထားတဲ့ အစိုးရ ျဖစ္ပါတယ္။ ေနာက္တစ္ခုက သူတို႔ အဲဒီလို တင္ ထားတဲ့ အရပ္သားအစိုးရဟာလည္း ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈျဖစ္စဥ္မွာ ပြဲျဖစ္ေျမာက္ေရးစီစဥ္႐ံုက လြဲၿပီး ဘာမွ ဆံုးျဖတ္ခ်က္ခ်ခြင့္ မရွိဘူးဆိုတာကိုလည္း အဲဒီျပည္သူေတြက (ဝါ) ႏိုင္ငံသားေတြက တိတိက်က် သိထားၾကပါေသးတယ္။

ေနာက္တစ္ခု ထူးဆန္းတာက ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွာ အဲဒီသံုးပြင့္ဆိုင္ျဖစ္ေနတဲ့ ကိစၥပါပဲ။ ႏိုင္ငံတကာမွာေတာ့ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ျဖစ္စဥ္မွာ ေဆြးေႏြးတာက အစိုးရရယ္၊ သူပုန္ရယ္ ဆိုၿပီး ႏွစ္ပြင့္ဆိုင္ပဲ ရွိတတ္ပါတယ္။ အဲဒီေတာ့ ေဆြး ေႏြးရတာ လြယ္ပါတယ္။ အစိုးရက အဓိကဆံုးျဖတ္ ခ်က္ခ်သူထဲမွာ ပါေနေတာ့ အစိုးရကို အျပစ္တင္ခ်င္ လည္း ရပါတယ္။

ဒီေနရာမွာ စစ္တပ္မပါဘူးလားလို႔ ေမးလို႔ ရပါ တယ္။ စစ္တပ္ မပါပါဘူးလို႔ပဲ ေျဖရပါလိမ့္မယ္။ ဘာျဖစ္လို႔ပါလဲ။ စစ္တပ္ဆိုတာ ႏိုင္ငံတိုင္းမွာ ႏိုင္ငံေတာ္ထဲက အစိတ္အပိုင္းတစ္ခု၊ အင္စတီက်ဴး ရွင္းတစ္ခု ျဖစ္တယ္။ ႏိုင္ငံေတာ္ရဲ႕ အစိတ္အပိုင္း တစ္ခုျဖစ္တဲ့ စစ္တပ္ဆိုတဲ့ အင္စတီက်ဴးရွင္းတစ္ခုဟာ ႏိုင္ငံေတာ္ကို လည္ပတ္ခြင့္အပ္ႏွင္းခံထားရတဲ့ အစိုးရ ရဲ႕ လက္ေအာက္မွာ ရွိေနရပါတယ္။

အဲဒီေတာ့ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈျဖစ္စဥ္ ေတြမွာ စစ္တပ္ဟာ ဘယ္အခန္းက႑က ပါဝင္ သလဲလို႔ ေမးရင္ အစိုးရကို လံုၿခံဳေရး (ဝါ) ႏိုင္ငံေတာ္ လံုၿခံဳေရးနဲ႔ ပတ္သက္ၿပီး အႀကံေပးတဲ့ အခန္းကေန ပါဝင္ႏိုင္ပါတယ္။ ႏိုင္ငံေတာ္ကို ျပည္သူေတြက (ဝါ) ႏိုင္ငံသားေတြက လည္ပတ္ခြင့္အပ္ႏွင္းခံထားရတဲ့ အစိုးရရဲ႕ လက္ေအာက္ကေန စစ္တပ္က ပါဝင္ခြင့္ ရတာ ျဖစ္ပါတယ္။ ဒါကလည္း စစ္တပ္က ဆံုးျဖတ္ ခ်က္ခ်တဲ့ ေနရာကေန ပါဝင္ခြင့္ရတာ မဟုတ္ဘဲ အစိုးရကို လံုၿခံဳေရးဆိုင္ရာအႀကံေပးခြင့္ ေနရာက ေနသာ ပါဝင္ခြင့္ရတာ ျဖစ္ပါတယ္။

ဒီလို ျဖစ္ဖို႔ဆိုရင္ လက္ရွိႏိုင္ငံေရးအေျခအေန ထဲကေန စစ္တပ္က စစ္တန္းလ်ားကို အရင္ျပန္ဖို႔ လိုပါတယ္။ အဲဒါဆိုရင္ စစ္တပ္ဟာ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ဝါ) စစ္ေသနာပတိခ်ဳပ္ျဖစ္တဲ့ အရပ္သား သမၼတနဲ႔ အရပ္သားကာကြယ္ေရးဝန္ႀကီးေတြရဲ႕ စီမံ ခန္႔ခြဲမႈေအာက္မွာ ရွိေနဖို႔ လိုပါမယ္။

သမၼတနဲ႔ ကာကြယ္ေရးဝန္ႀကီးေတြက အရပ္ သားေတြ ျဖစ္ၾကၿပီး ႏိုင္ငံေရးသမားေတြ ျဖစ္ၾကပါ တယ္။ သူတို႔က လက္နက္ကိုင္ သူပုန္ေတြနဲ႔ ေဆြးေႏြး မယ္။ ဒီေနရာမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲနဲ႔ ပတ္ သက္ၿပီး အစိုးရဘက္က တာဝန္ယူ၊ တာဝန္ခံရမယ့္ သူေတြက သမၼတနဲ႔ ကာကြယ္ေရးဝန္ႀကီးဆိုတဲ့ အရပ္ သားႏိုင္ငံေရးသမားေတြသာ ျဖစ္တယ္။ ေနာက္ၿပီး သူပုန္ဘက္က ေခါင္းေဆာင္ေတြ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ မေအာင္ ျမင္ရင္ သမၼတ၊ ကာကြယ္ေရးဝန္ႀကီးနဲ႔ သူပုန္ေခါင္း ေဆာင္ေတြကို အျပစ္တင္ႏိုင္တယ္။ ဒီကိစၥနဲ႔ ပတ္ သက္ၿပီး သူတို႔ လံုးဝ တာဝန္ယူရမယ္။ ျပည္သူေတြကို သူတို႔ တာဝန္ခံရမယ္။ ဒါပါပဲ။ သိပ္ကို ႐ိုးစင္းပါတယ္။

စစ္တပ္က တာဝန္ခံစရာ၊ တာဝန္ယူစရာ မလိုဘူး။ ဘာျဖစ္လို႔လဲ။ ဒီၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ စစ္တပ္က ဆံုးျဖတ္ခ်က္ခ်တာ မဟုတ္လို႔ပါပဲ။ ဆံုးျဖတ္ခ်က္ခ်တဲ့သူေတြမွာပဲ အဓိကတာဝန္ရွိတယ္။ အဲဒီဆံုးျဖတ္ခ်က္ခ်တဲ့သူေတြကပဲ ျပည္သူကို အဓိကတာဝန္ခံရပါတယ္။

ဒီေနရာမွာ တာဝန္ခံျခင္းဆိုတဲ့ အဓိပၸာယ္က ရင္ဆိုင္ေျဖရွင္းျခင္းဆိုတဲ့ အနက္အဓိပၸာယ္ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အဓိကတာဝန္ယူ ရင္ဆိုင္ေျဖရွင္းရမယ့္သူေတြဟာ သမၼတ၊ ကာကြယ္ေရးဝန္ႀကီးနဲ႔ သူပုန္ေခါင္းေဆာင္ ေတြပဲ ျဖစ္ပါတယ္။

စစ္တပ္က ဒီတာဝန္ကို ယူစရာမလို၊ စစ္တပ္က ရင္ဆိုင္ေျဖရွင္းစရာမလို။ အဲဒါေၾကာင့္ပဲ စစ္တပ္ကို စစ္တန္းလ်ားကို ျပန္ေစခ်င္တာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ေျပာရရင္ ျပည္သူ႔ရင္ခြင္ထဲကို ျပန္သြားေစခ်င္တာ ျဖစ္ပါတယ္။ ေနာက္ၿပီး စစ္တပ္က စစ္တန္းလ်ားမွာ ရွိေနမွသာ ဒီလို တာဝန္ယူစရာမလို၊ ဒီလို ရင္ဆိုင္ေျဖရွင္းစရာမလိုတာ ျဖစ္ပါတယ္။

တကယ္လို႔ စစ္တပ္က (ဝါ) စစ္တပ္ေခါင္း ေဆာင္ေတြက ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြနဲ႔ ပတ္ သက္ၿပီးေတာ့ အဓိကဆံုးျဖတ္ခ်က္ခ်တဲ့သူ ေတြထဲမွာ ပါေနမယ္ဆိုရင္ေတာ့ သူတို႔ လံုးဝ တာဝန္ ယူရပါေတာ့ မယ္၊ သူတို႔ လံုးဝ(လံုးဝ) တာဝန္ခံရပါေတာ့မယ္။

လက္ရွိျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြး ပြဲေတြမွာ အဓိက ဆံုးျဖတ္ခ်က္ခ်တဲ့သူေတြက စစ္တပ္ ေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္ေတြ ျဖစ္ေနၾကတယ္။ အဲဒီေတာ့ သူတို႔ ဟာ အဓိကတာဝန္ရွိတဲ့သူေတြ ျဖစ္တယ္။ သူတို႔က အဓိကတာဝန္ခံရမယ့္သူေတြလည္း ျဖစ္ပါတယ္။

အန္အယ္လ္ဒီပါတီရဲ႕ အရပ္သားအစိုးရက ၿငိမ္း ခ်မ္းေရးေဆြးေႏြးပြဲကို စီစဥ္ေပးသူမွ်သာ ျဖစ္တယ္။ သူက စစ္မတိုက္ဖို႔ ဆံုးျဖတ္ခ်က္ မခ်ႏိုင္ဘူး။ သူက လက္နက္ျဖဳတ္သိမ္းဖို႔ ဆံုးျဖတ္ခ်က္ မခ်ႏိုင္ဘူး။ အဲဒီ ေတာ့ သူ႔မွာ တာဝန္ သိပ္မရွိဘူး။ သူက အဓိက တာဝန္ခံရမယ့္သူ မဟုတ္ဘူး။

တကယ္လို႔ အန္အယ္လ္ဒီပါတီရဲ႕ အရပ္သား အစိုးရကို အဓိကတာဝန္ယူ၊ အဓိကတာဝန္ခံသူ ျဖစ္ေစခ်င္ရင္ သူ႔ကို ဆံုးျဖတ္ခ်က္ခ်ခြင့္ ေပးရမယ္။ အဲဒါဆိုရင္ စစ္တပ္က သူ႔လူမွန္ေနရာမွန္ျဖစ္တဲ့ စစ္ တန္းလ်ားကို ျပန္သြားရမယ္။

အန္အယ္လ္ဒီပါတီရဲ႕ အရပ္သားအစိုးရသာ အဓိက ဆံုးျဖတ္ခ်က္ခ်သူ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သူက တာဝန္ယူရေတာ့မယ္၊ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး သူက ျပည္သူေတြကို တာဝန္ခံရေတာ့ မယ္။ ဒီမွာ ျပည္သူေတြ ပါဝင္လာေတာ့မယ္။

ႏိုင္ငံတစ္ႏိုင္ငံမွာ ျပည္သူေတြက (ဝါ) ႏိုင္ငံ သားေတြက အဓိကဇာတ္ေကာင္(Main Actors)ဆို တာကို ေမ့ေနတတ္ၾကပါတယ္။ ျပည္သူေတြက အဓိက ဇာတ္ေကာင္ျဖစ္လာၿပီဆိုရင္ အန္အယ္လ္ဒီ အရပ္ သားအစိုးရရယ္၊ စစ္တပ္ရယ္၊ တိုင္းရင္းသား လက္နက္ ကိုင္တပ္ေတြရယ္ဆိုတဲ့ ႐ႈပ္ေထြးတဲ့ ဇာတ္ေကာင္သံုးခု လည္း မရွိေတာ့ဘူး။

ဒီအေျခအေနမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အတြက္ ဇာတ္ေကာင္က ႏွစ္ခုပဲ ရွိေတာ့မယ္။ အရပ္ သားအစိုးရယ္၊ တိုင္းရင္းသားလက္နက္ကိုင္ တပ္ ေခါင္းေဆာင္ေတြရယ္။ ဒါပဲ။

အဲဒီဇာတ္ေကာင္ႏွစ္ခုက တာဝန္ယူရေတာ့ မယ္။ ၿပီးေတာ့ သူတို႔က ျပည္သူဆိုတဲ့ အဓိကဇာတ္ ေကာင္ကို တာဝန္ခံရေတာ့မယ္။

ဒီလို အေျခအေနမ်ိဳးေတြ ျဖစ္လာေအာင္ အဓိက ဇာတ္ေကာင္ဆိုတဲ့ ျပည္သူေတြက (ဝါ) ႏိုင္ငံသား ေတြက ဖန္တီးယူလို႔ ရပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံမွာ အဓိကဇာတ္ေကာင္သည္သာ ပဓာနျဖစ္ပါတယ္။

ႏိုင္ငံသားျပည္သူဆိုတဲ့ အဓိကဇာတ္ေကာင္ ေတြအတြက္ အဲဒီလို အေျခအေနမ်ိဳးေတြ ျဖစ္လာ ေအာင္ ဖန္တီးယူတဲ့အခါမွာ နည္းလမ္းေတြကေတာ့ တစ္ခုမက အမ်ားႀကီး ရွိႏိုင္ပါတယ္။ အဲဒီနည္းလမ္း ေတြထဲက ႏိုင္ငံနဲ႔ ႏိုင္ငံသားေတြအတြက္ ဘယ္ဟာက အေကာင္းဆံုး ျဖစ္ႏိုင္မလဲဆိုတာကေတာ့ Óဏ္ပညာ နဲ႔ ခ်င့္ခ်ိန္ၿပီး အေကာင္းဆံုး နည္းလမ္းကို ေရြးခ်ယ္ၾက ရပါလိမ့္မယ္။

ဥပမာ အဓိကဇာတ္ေကာင္ျဖစ္တဲ့ ျပည္သူေတြ က စစ္တပ္က ႏိုင္ငံေရးမွာ ဆက္လက္ပါဝင္ေနတာကို ဆန္႔က်င္ႏိုင္တယ္။ စစ္တပ္က စစ္တန္းလ်ားကို ျပန္သြားေအာင္ တြန္းအားေပးႏိုင္တယ္။ ဒါက နည္း လမ္းတစ္ခု ျဖစ္ပါလိမ့္မယ္။

ေနာက္နည္းလမ္းတစ္ခုက အဓိကဇာတ္ ေကာင္ျဖစ္တဲ့ ျပည္သူေတြက ဟိုဘက္၊ ဒီဘက္ မကြဲ ျပားဘဲ ညီၫြတ္ႏိုင္တယ္။ စစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြကို တစ္ၿပိဳင္တည္း ဆန္႔က်င္ ႏိုင္တယ္။ သူတို႔ႏွစ္ဖက္စလံုးကို ေထာက္ခံေနတာ ေတြကို ရပ္ဆိုင္းပစ္လိုက္ႏိုင္တယ္။

အဓိကဇာတ္ေကာင္ျဖစ္တဲ့ ျပည္သူေတြ အခ်င္း ခ်င္း ညီၫြတ္ၿပီး စစ္ျဖစ္ေနတဲ့ ေနရာေတြက ျပည္သူ ေတြကို စစ္မျဖစ္တဲ့ ေနရာေဒသေတြဆီကို ေရႊ႕ေျပာင္း လာႏိုင္ေအာင္ စစ္မျဖစ္တဲ့ ေနရာေတြက ျပည္သူ ေတြက ကူညီေပးႏိုင္တယ္။ အဲဒါဆိုရင္ စစ္ျဖစ္တဲ့ ေနရာေတြမွာ စစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ ကိုင္တပ္ေတြပဲ က်န္ခဲ့မယ္။ သူတို႔ ဆက္တိုက္ခ်င္ တိုက္ေနၾကပါေစ။

စစ္တလင္းမွာ အဓိကဇာတ္ေကာင္ျဖစ္တဲ့ ျပည္သူေတြ မရွိေတာ့ဘဲ စစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြပဲ စစ္ျဖစ္က်န္ေနခဲ့တာက ေတာ့ သူတို႔ကံၾကမၼာသူတို႔ ဖန္တီးတာပဲ ျဖစ္ပါတယ္။ ဒါက သူတို႔ရဲ႕ ေရြးခ်ယ္မႈ ျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ အဲဒီလိုစစ္တလင္းမွာ တိုက္ေနတဲ့သူေတြက ေရြးခ်ယ္တာ မဟုတ္ဘူး ဆိုရင္ ေတာင္မွပဲ ဒါဟာ စစ္တပ္ေခါင္းေဆာင္ေတြနဲ႔ တိုင္း ရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြရဲ႕ ဆံုးျဖတ္ ခ်က္နဲ႔ ေရြးခ်ယ္မႈေတြသာ ျဖစ္ပါတယ္။

အဓိကဇာတ္ေကာင္ျဖစ္တဲ့ ျပည္သူေတြမွာ လည္း ေရြးခ်ယ္ခြင့္ေတြ ရွိပါတယ္။ အဓိက ဇာတ္ ေကာင္ေတြ ျဖစ္တဲ့ ျပည္သူေတြ စဥ္းစားရမွာက တစ္ခုပဲ ရွိပါတယ္။

ႏွစ္ေပါင္း ၇၀ ေက်ာ္ မ်ိဳးဆက္ေလးဆက္အထိ တိုက္လာတဲ့ ျပည္တြင္းစစ္ဟာ တိုင္းျပည္ကာကြယ္ တာ ဟုတ္၊ မဟုတ္ဆိုတာရယ္၊ ဒါဟာ စီးပြားေရး၊ ပညာေရးနဲ႔ က်န္းမာေရးေတာင္ လုပ္ခြင့္မရတာမို႔လို႔ ကိုယ္ပိုင္လြတ္လပ္ခြင့္အတြက္ တိုက္ပြဲဝင္တာ ဟုတ္၊ မဟုတ္၊ ကိုယ္ပိုင္အခြင့္အေရးအတြက္ တိုက္တာ ဟုတ္၊ မဟုတ္ဆိုတာေတြေလာက္ပါပဲ။

အဲဒါကို ေမးခြန္းအေနနဲ႔ ခ်ေရးလိုက္ရင္-

ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ မ်ိဳးဆက္ေလးဆက္ ေလာက္ ျပည္တြင္းစစ္ကို တိုက္ေနျခင္းဟာ

(၁)     တိုင္းျပည္ကို ကာကြယ္ေနျခင္းဆိုတာ ဟုတ္ မွဟုတ္ပါ့မလား။

(၂)     စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးေလး ေတာင္ လုပ္ခြင့္မရတာမို႔လို႔ ဒါဟာ ကိုယ္ပိုင္လြတ္ လပ္ခြင့္အတြက္ တိုက္ေနျခင္းဆိုတာ ဟုတ္မွဟုတ္ ပါ့မလား။

(၃)     ဒါဟာ ကိုယ္ပိုင္အခြင့္အေရးအတြက္ တိုက္ ေနျခင္းဆိုတာ ဟုတ္မွဟုတ္ပါ့မလား။

အဲဒီလို အေျခခံအက်ဆံုး ေမးခြန္းေလးေတြကိုပဲ အဓိကဇာတ္ေကာင္ျဖစ္တဲ့ ႏိုင္ငံသားျပည္သူေတြက မအိပ္ခင္ေလးမွာ နဖူးေပၚ လက္တင္ၿပီး ကိုယ့္ကိုယ္ ကိုယ္ ျပန္ေမးၾကည့္ၾကဖို႔ လိုပါတယ္။ အေျဖေတြကို ေတြ႕လာပါလိမ့္မယ္။ အဲဒီလို ေတြ႕လာတဲ့ အေျဖ ေတြကို အေကာင္အထည္ေဖာ္ႏိုင္ၾကပါတယ္။

ႏိုင္ငံသားျပည္သူေတြဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အဓိကဇာတ္ေကာင္ေတြ ျဖစ္တယ္ဆိုတာကို ဘယ္ ေတာ့မွ မေမ့လိုက္ပါနဲ႔။

အဲဒီလို ႏိုင္ငံသားျပည္သူဆိုတဲ့ အဓိက ဇာတ္ ေကာင္ကို ဘယ္လို ဇာတ္ေကာင္မ်ိဳးကမွ မစိုးမိုး မလႊမ္းမိုးႏိုင္ဘူးဆိုတာကိုလည္း ဘယ္ေတာ့ ဘယ္ ေတာ့ကမွ ထပ္ၿပီး မေမ့လိုက္ပါနဲ႔။

အတၲာဟိ အတၲေနာ နာေထာ။ မိမိသည္သာ မိမိ၏ အားထားရာ။

အို အဓိကဇာတ္ေကာင္ျဖစ္ေသာ ႏိုင္ငံသား အေပါင္းတို႔…ကိုယ့္ကိုယ္ကိုယ္သာ အားကိုးၾကပါ ေလ။

 

ေအာင္ႏိုင္

 

Related Articles

Back to top button