သတင်း

နေ့စဉ်သတင်းအကျဉ်း

၂၁ – စက်တင်ဘာ – ၂၀၂၁
• ဖေဖော်ဝါရီ ၁ ရက်နေ့ ပြည်သူ့အစိုးရထံမှ မတရားအာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ အထိ နွေဦးတော် လှန်ရေးတွင် အသက် သေ ဆုံးသူ (၁၁၁၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ဖမ်းဆီးခံခဲ့ရသူ (၈၃၁၈)၊ ချုပ်နှောင်ခံထားရဆဲ (၆၆၆၆) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၄) ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
• Kachin State Civilian Movement- KSCM အင်အားစုမှ ကချင်လူငယ်များ၊ ကျောင်းသားသမဂ္ဂများမှ လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် (international Peace day) နှင့်ကျောင်းသားသမ္မဂများ၏ ” ခွပ်ဒေါင်းတွန်းသံ မိုးသို့ညံ၊ အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွှဲ” ဟူသည့်တော်လှန် ရေးနိုးဆော် သပိတ်ကို ပြုလုပ်ခဲ့သည်။
• ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၌ “‌ကြောက်ခေတ်ကိုမှောက်ပစ်” ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အ ပြင် ဆယ်ဇင်းကျေးရွာပြည်သူများကလည်း ယနေ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
• စက်တင်ဘာလ (၂၁) ရက်​နေ့တွင် ကျ​ရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း​ရေးနေ့အတွက် Jungle Youth Revolution မှ ​တော်လှန်​ရေးရဲ​ဘော်များ၏ ယ​နေ့ ဆန္ဒ​ဖော်ထုတ်မှု ပုံရိပ်များ။
• ယ​နေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ အတွက် ပိုင်ကျုံမြို့နယ် ပိတခ ကျေးရွာရှိ ဆရာဆရာမများနှင့် ကျောင်း သားကျောင်းသူများ ဂုဏ်ပြုခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။
• လောင်းလုံမြို့ တွင် အပစ်အခတ် အဖမ်းအဆီး များ နှင့် တပ်စွဲတင်းကျပ်နေ သော် လည်း ယနေ့ နံနက်ပိုင်းတွင် လောင်းလုံမြို့ မှ လူငယ်များ သည် စစ်အာဏာရှင်အား အလိုမရှိကြောင်း ရဲရင့်စွာ သပိတ်မှောက်ခဲ့ ကြသည်။
• စက်တင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအတွင်းရှိ လူငယ်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
• ကလေးမြို့က ပြည်သူများ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ၂၂၆ ရက် မြောက်နေ့ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှောက်စစ်​ကြောင်း အောင်မြင်စွာ ချီတက်နိုင်ခဲ့ကြောင်းသိရပါတယ်။
• လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး အမျိုးသမီးများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
• မန္တလေးအခြေစိုက် တက္က သိုလ်ကျောင်းသားသမဂ္ဂများသပိတ်စစ်ကြောင်းသည် “ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ အဆုံး သတ်တိုက်ပွဲ တို့ဆင်နွှဲ” ဆိုသည့် ကြွေးကြော်သံများဖြင့် ယနေ့စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းက မန္တလေးမြို့ တွင်းတစ်နေရာတွင် လမ်း လျှောက်ချီတက် ဆန္ဒပြခဲ့ကြသည်။
• မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန်ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
• အဖိနှိပ်ခံပြည်သူများအား လုံး တော်လှန်ရေးမှာရေသာမခိုကြဘဲ စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအ တွက် ကျရာနေရာမှ ပါဝင်ကာ ပြတ်ပြတ်သားသားဆန့်ကျင်တော်လှန်ကြရန် မြိုင်မြို့နယ် အခြေခံပညာအ ထွေထွေသပိတ်ကော်မတီနဲ့ အ နောက်တောင်ပိုင်းဇုန်ရှိ ပြည်သူ လူထုပူးပေါင်းကာ ဒီနေ့ မနက် ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
• “ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်” ဟုဆိုသော စာသားအား လှိုင်သာယာမြို့တစ်နေရာတွင် လှိုင်သာယာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)မှ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
• တန့်ဆည် မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
• “စစ်အာဏာရှင်ဆန့်ကျင်ရေး” အမျိုးသမီးသပိတ်စစ်ကြောင်း လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာမှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
• “စနစ်ဆိုးကို အမြစ်ချိုးမယ့် သူပုန်အမျိုးသမီးသပိတ်တဲ့ဟေ့…” ဆိုတဲ့ကြွေးကြော်သံနဲ့ ဒီနေ့ ဆားလင်းကြီးမြို့နယ်မှာ အမျိုးသမီးသပိတ်စစ် ကြောင်းစစ်အာဏာရှင်ကို ဒီနေ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

Related Articles

Back to top button