တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

 

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 24, May 8, 2020)

 

၁။       KNU ၏ COVID-19 ကာကြယ္ေရး ဂိတ္ကုိ တပ္မေတာ္မွ မီးရႈိ႕ဖ်က္ဆီး၍ ပစ္ခတ္မႈျဖစ္ပြားခဲ့

၂။       ကယားျပည္နယ္ အစိုးရ၏ ေဒသႏၱရအမိန္႔ လူ႕အခြင့္အေရးခ်ိဳးေဖာက္ဟု ေဝဖန္ခံရ

၃။       စစ္ေဘးေရွာင္မ်ားအတြက္ ေထာက္ပံ့သည့္ စားနပ္ရိကၡာတခ်ိဳ႕ AA ထံ ေရာက္ေန

၄။       စစ္ေဘးေရွာင္မ်ားအတြက္ အကူအညီမ်ား သယ္ေဆာင္ေပးေနသည့္ ယာဉ္မ်ားကို ပစ္ခတ္တားဆီးျခင္း၊ ၿခိမ္းေျခာက္ ျခင္းႏွင့္                     ရိကၡာပစၥည္းမ်ားအား လုယက္ဖ်က္ဆီးျခင္းမ်ား မျပဳလုပ္ရန္ ခ်င္းလူငယ္မ်ားကြန္ရက္ ေတာင္းဆို

၅။       ကခ်င္ျပည္နယ္လႊတ္ေတာ္အစည္းအေဝးအတြက္ ကိုယ္စားလွယ္မ်ား Quarantine ဝင္ရမည္

၆။       ျမန္မာစစ္တပ္နဲ႔  AA တုိ႔ အပစ္ရပ္ၾကဖုိ႔ ခ်င္းလူငယ္အဖြဲ႔ေတာင္းဆုိ

၇။       နမ့္ခမ္း ေတာင္သူမ်ား ေရႊလီျမစ္ထဲသို႔ ေျပာင္းမ်ား သြန္ပစ္ေနရ

၈။       ကယားျပည္နယ္ အစိုးရအဖြဲ႔ရွိ ဌာနဆိုင္ရာအခ်ိဳ႕တြင္ အရာရွိဦးေရထက္ ယာဥ္အစီးေရမ်ားေန အသံုးျပဳျခင္းမရွိဘဲ ထိန္းသိမ္း                    စရိတ္မ်ား၊ အေလးထားစစ္ေဆးေပးရန္ ျပည္နယ္လႊတ္ေတာ္ ျပည္သူ့ေငြစာရင္း ေကာ္မတီေျပာၾကား

၉။       တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္ေနရာယူတဲ့အတြက္ မင္းျပားရြာသား ၄၀ဝ၀ ေက်ာ္ထြက္ေျပးေန

၁၀။     ျမန္မာကုိ ေငြေၾကးခ၀ါခ်မႈ အမည္ပ်က္စာရင္းထဲ ထည့္သြင္းဖုိ႔ အီးယူ ျပင္ဆင္

၁၁။     COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး မြန္ျပည္သစ္ပါတီက အစိုးရက်န္းမာေရးဌာနမ်ားနွင့္ ပူးေပါင္းမည္

၁၂။     ေရျဖဴၿမိဳ႕နယ္တြင္ ရြာသားတစ္ဦး ေျမျမွဳပ္မိုင္းေၾကာင့္ ေျခတစ္ဖက္ျပတ္

၁၃။     KNU/KNLA-PC  ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္ စ်ာပန က်င္းပၿပီးစီး

၁၄။     ရဲအေယာင္ေဆာင္ဖမ္းဆီးဖို႔ ႀကိဳးစားသူေတြေၾကာင့္ ေတာင္ကုတ္ NLD အဖြဲ႕ဝင္ေတြ တိမ္းေရွာင္ေနရ

၁၅။     ဟားခါးတကၠသိုလ္တြင္ ထားရွိသည့္ Facility Quarantine လုပ္သူမ်ား ဝင္ေရာက္ပံုမွာ မမွန္ကန္ဟုဆို

၁၆။     NCA ထိုးအဖြဲ႔မ်ားႏွင့္ သမၼတ ဖြဲ႕စည္းသည့္ COVID-19 ပူးေပါင္းသည့္ ေကာ္မတီတို႔ အလြတ္ေတြ႕ဆံု

၁၇။     ေရြးေကာက္ပြဲအစီအစဉ္အတြက္ ညွိႏိႈင္းဖို႔ ပါတီတခ်ိဳ႕ လိုလား

၁၈။     မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္က သထံုေဆးရံု ႏွင့္ ေရးၿမိဳ႕နယ္ေဆးရံုတို႔၌ အသက္ရွဴစက္ႏွစ္ခုစီရွိဟု ေျပာၾကားခဲ့ေသာ္ လည္း ေျမျပင္                အေျခအေန ႏွင့္ ကြဲလြဲေနဟု လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေျပာၾကား

၁၉။     ရေသ့ေတာင္မွာ ေက်ာင္းဆရာမတစ္ဦး မိုင္းထိလို႔ ဒဏ္ရာရ

၂၀။     ကယားျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝးတြင္ ဘတ္ဂ်က္ကိစၥေဆြးေႏြး

၂၁။     ရာေမာင္တံတားအနီး ေဈးသည္အမ်ိဳးသမီး ၁ ဦး လက္နက္က်ည္ထိမွန္ ဒဏ္ရာရ

၂၂။     ကန္ပိုင္တီ Quarantine မ်ားကို ျမစ္ႀကီးနားသို႔ ေျပာင္းေရြ႕ရန္စီစဥ္ေန

၂၃။     ရခိုင္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၄) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ ကြယ္လြန္

၂၄။     ဟားခါးၿမိဳ႕ Facility Quarantine  ထားရွိမႈတြင္ အဆင္ေျပေနေသာ္လည္း အစိုးရ ကူညီမႈေၾကာင့္မဟုတ္ဟုဆို

၂၅။     ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ဦးေဆာင္ၿပီး Mask ကမ္ပိန္းျပဳလုပ္မႈ လူစုလူေဝး ျဖစ္ေပၚခဲ့သျဖင့္ ေဝဖန္ခံရ

၂၆။     တရားရံုးက လႊတ္ေပးသည့္ ေတာင္ကုတ္ ေဒသခံ ၅ ဦး ဗံုးခြဲမႈျဖင့္ ျပန္အဖမ္းခံရ

၂၇။     ညမထြက္ရအမိန္႔ ထုတ္ထားခ်ိန္ ျမဝတီတြင္ ငါးဂိမ္းေလာင္းကစား႐ံု ဖမ္းမိ

၂၈။     COVID-19 ေရာဂါကာကြယ္ေရး ေစတနာ့ဝန္ထမ္းမ်ား ထပ္မံ လိုအပ္

၂၉။     ကိုဗစ္ေမြးရပ္ ဝူဟန္တြင္အက်ဉ္းက်သူ ျမန္မာႏိုင္ငံသားမ်ား မူဆယ္နယ္စပ္ဂိတ္သို႔ ျပန္ေရာက္

**************

 

၁။       KNU ၏ COVID-19 ကာကြယ္ေရး ဂိတ္ကုိ တပ္မေတာ္မွ မီးရႈိ႕ဖ်က္ဆီး၍ ပစ္ခတ္မႈျဖစ္ပြားခဲ့

May 7, 2020

ဖာပြန္-ကမေမာင္း ၾကားတြင္ရွိေသာ KNU -ကရင္အမ်ဳိးသားအစည္းအ႐ုံး မူေၾတာ္(ဖာပြန္) (တပ္မဟာ-၅) ခရုိင္ ၏ COVID-19 ေရာဂါကာကြယ္တားဆီးေရး ဂိတ္(၂)ခုကုိ ျမန္မာ့တပ္မေတာ္က ယမန္ေန႔ (ေမလ ၆ ရက္)တြင္ ဝင္ေရာက္ မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္း ေၾကာင့္ ႏွစ္ဖက္အၾကား တင္းမာမႈျဖစ္ပြားခဲ့ေၾကာင္း ေကအဲန္ယူ တပ္မဟာ(၅) ဘက္က ေျပာသည္။

မူေၾတာ္(ဖာပြန္)ခရုိင္၊ ဒြယ္လုိးၿမဳိ႕နယ္၊ ေလးဖုိထ ေက်းရြာအုပ္စု၊ ဝါသုိးခုိေက်းရြာႏွင့္ ကတုိင္တိ ေက်းရြာအုပ္စု၊ ဖားလုိ႔ လမ္းခြ တုိ႔တြင္ ေကအဲန္ယူ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ကရင္အမ်ဳိးသားရဲတပ္ဖြဲ႔(KNPF)တုိ႔မွ ၎တုိ႔ ထိန္းခ်ဳပ္ နယ္ေျမမ်ားအတြင္း ကုိဗစ္ေရာဂါ ကူးစက္ျပန္႔ပြားမႈမရွိေစရန္ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနစဥ္ တပ္မေတာ္ အမွတ္(၈) စစ္ကြပ္ကဲေရးဌာနခ်ဳပ္ (စကခ)လက္ေအာက္ခံ ေျချမန္တပ္ရင္း (ခမရ-၄၀၅)ႏွင့္ (ခမရ-၄၁၀) မွ ဝင္ေရာက္တားျမစ္ၿပီး ဂိတ္ စခန္းမ်ားကုိ မီးရႈိ႕ခဲ့ေၾကာင္း မူေၾတာ္ခရုိင္၏ က်န္းမာေရးမွဴး ေစာညြန္႔ဝင္းက ယခုလုိေျပာသည္။ “မေန႔က စစ္တပ္က လာၿပီး ေတာ့ က်ေနာ္တုိ႔ခ်ထားတဲ့ဝါသုိးခုိက က်န္းမာေရးဂိတ္တဲကုိလာဖ်က္ပစ္လုိက္တယ္။ ေနာက္ၿပီး ဖားလုိ႔လမ္းခြမွာရွိတဲ့ က်ေနာ္ တုိ႔ ဂိတ္မွာ တာဝန္ရွိတဲ့သူေတြကုိ ေမာင္းထုတ္ၿပီး ဂိတ္တဲ ေတြကုိ မီးရႈိ႕လုိက္တယ္။ ဒါက သူတုိ႔(စစ္တပ္) နယ္ေျမတဲ့ မင္းတုိ႔ လာၿပီးရွိေနစရာမလုိဘူးဆုိၿပီး သူတုိ႔က က်ေနာ္တုိ႔ကုိ ေျပာၿပီးေမာင္းထုတ္လုိက္တာပဲ”ဟု ၎က ေကအုိင္စီသို႔ ေျပာသည္။

ထုိသုိ႔ တပ္မေတာ္ဘက္က လာေရာက္တားျမစ္ေမာင္းထုတ္မႈမ်ား ျပဳျခင္းေၾကာင့္ ယမန္ေန႔ ေန႔လည္ ၁၂ နာရီ ၁၂ မိနစ္ႏွင့္ ၂ နာရီေက်ာ္တြင္ ဝါသုိးခုိေက်းရြာ၌ ပစ္ခတ္မႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး ညေန ၃ နာရီ ၄၁ မိနစ္ခန္႔တြင္ ကတုိင္တိ ေက်းရြာအုပ္စု ဖားလုိ႔လမ္းခြရွိ မီးရႈိ႕ခံခဲ့ရသည့္ဂိတ္တဲနားတြင္ ပစ္ခတ္မႈတစ္ႀကိမ္ စုစုေပါင္း ပစ္ခတ္မႈသုံးႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ေစာညြန္႔ဝင္း က ဆက္ေျပာသည္။ ထုိ႔အျပင္ ယေန႔ ေမလ ၇ ရက္ေန႔အခ်ိန္ထိ ႏွစ္ဖက္ၾကား ပစ္ခတ္မႈ အနည္းငယ္ရွိေသးၿပီး ၎ ပစ္ခတ္မႈ မ်ားေၾကာင့္ တပ္မေတာ္ဘက္တြင္ ထိခုိက္က်ဆုံးမႈ ရွိ၊ မရွိ မသိရေသးဘဲ ေကအဲန္ယူဘက္တြင္ ထိခုိက္မႈမရွိေၾကာင္း ၎ ပစ္ခတ္မႈမ်ားေၾကာင့္ ဝါသုိးခုိေဒသခံအခ်ဳိ႕မွာ ထြက္ေျပးတိမ္းေရွာင္ေနၾကရေၾကာင္း ေကအဲန္ယူက ဆုိသည္။ အဆုိပါ ကိစၥရပ္ ႏွင့္ ပတ္သက္ၿပီး အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္(ရတခ) ေျပာခြင့္ရ ဗုိလ္မွဴးႀကီး ေမာင္ေမာင္လတ္က “ က်ေနာ္တုိ႔ ဆီေတာ့ တင္ျပထားတာမရွိေသးဘူး။ က်ေနာ္ မသိေသးလုိ႔ေလ။ က်ေနာ္ အခုလုိက္ ေမးလုိက္ပါအုံးမယ္” ဟု ယေန႔ ေန႔လည္တြင္ ေကအုိင္စီသုိ႔ေျပာသည္။

ေကအဲန္ယူ အေနျဖင့္ ၎တုိ႔ ထိန္းခ်ဳပ္နယ္ေျမမ်ားအတြင္း COVID-19 ကပ္ေရာဂါ ကူးစက္ျပန္႔ပြား မႈမရွိေစေရး အတြက္ မတ္လ ၂၈ ရက္ေန႔က ေကအဲန္ယူ(ဗဟုိ)မွ ကိုဗစ္ကပ္ေရာဂါ အေရးေပၚ တုန္႔ျပန္ေဆာင္ရြက္ေရးအဖြဲ႔ (Covid Pandemic Emergency Respond Team)ကုိ ဖြဲ႔စည္းၿပီး ၎တုိ႔ နယ္ေျမအသီးသီးတြင္ က်န္းမာေရး အသိပညာေပးမႈမ်ား၊ ေရာဂါ ကာကြယ္တားဆီးေရး လုပ္ငန္းစဥ္မ်ား၊ ေဒသတြင္း စည္းမ်ဥ္းစည္း ကမ္းမ်ားကုိ ထုတ္ျပန္ၿပီး ၎တုိ႔ တပ္မဟာ၊ ခရုိင္၊ တပ္ရင္း၊ တပ္စိပ္အသီးသီးကို ညႊန္ၾကားခ်က္ေပး ပုိ႔လုပ္ေဆာင္ခဲ့သည္။ http://kicnews.org/2020/05/knu%e1%81%8f-covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80

**************

၂။       ကယားျပည္နယ္ အစိုးရ၏ ေဒသႏၱရအမိန္႔ လူ႕အခြင့္အေရးခ်ိဳးေဖာက္ဟု ေဝဖန္ခံရ

May 5, 2020

ကယားျပည္နယ္အတြင္း ေမလ ၃ ရက္ေန႔ ရက္စြဲပါ ေဒသႏၱရအမိန္႔သည္ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီ စံခ်ိန္စံနႈန္းမ်ားကို ခ်ိဳးေဖာက္ေနသည္ဟုဆိုကာ ကယားျပည္နယ္ ေဒသခံမ်ားက ကန္႔ကြက္လ်က္ရွိသည္။ ကယားျပည္နယ္ အစိုးရအဖြဲ႔ရံုး၏ တရားဝင္ လူမႈကြန္ရက္စာမ်က္ႏွာ၌ ေမလ ၃ ရက္ေန႔ ည ၁၀ နာရီ ၁၂ မိနစ္ အခ်ိန္တြင္ ကယားျပည္နယ္အတြင္းရွိ အမ်ား ျပည္သူမ်ား သိရွိလိုက္နာ ေဆာင္ရြက္ရန္ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ (လြိဳင္ေကာ္၊ ေဘာ လခဲ၊ ဒီးေမာ့ဆို၊ဖရူဆို၊ ရွားေတာ၊ဖားေဆာင္း၊ မယ္စဲ့) မွ ေဒသႏၱရ အမိန္႔ထုတ္ျပန္ျခင္းဟူ၍ ေဖာ္ျပခဲ့သည္။

သက္ဆိုင္ရာ ၿမိဳ႕နယ္အသီးသီးမွ အုပ္ခ်ဳပ္ေရးမွဴးမ်ား လက္မွတ္ေရးထိုးထားသည့္ အဆိုပါ ေဒသႏၱရအမိန္႔တြင္ အမ်ား ျပည္သူ အက်ိဳးငွာ ရည္ရြယ္၍ ျပည္သူမ်ားအေနျဖင့္ စည္းကမ္းခ်က္ ၁၀ ခ်က္ကို တိက်စြာ လိုက္နာေဆာင္ရြက္ရန္ႏွင့္ ပ်က္ကြက္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူျခင္း ခံရမည္ျဖစ္ေၾကာင္းလည္း သတိေပးထားသည္။ ကရင္နီျပည္လူငယ္မ်ားသမဂၢ (UKSY) တြဲဖက္အတြင္းေရးမွဴး (၂) ခြန္းေသာမတ္က “လြတ္လြတ္လပ္လပ္ ကိုယ့္ဆႏၵကို ထုတ္ေဖာ္လို႔မရေအာင္ အမိန္႔ အာဏာနဲ႔ အသံုးခ်ၿပီး ထုတ္ျပန္လိုက္တယ္လို႔ျမင္တယ္။ ဒီဟာကို ကန္႔ကြက္သလို သက္ဆိုင္ရာအစိုးရက လူ႕အခြင့္အေရးနဲ႔ မညီတဲ့ ဒီမိုကေရစီစံႏႈန္း ခ်ိဳးေဖာက္ထားတဲ့ ဒီေဒသႏၱရအမိန္႔ကို ရုပ္သိမ္းေပးဖို႔ ေျပာခ်င္တယ္” ဟု ဧရာဝတီကို ေျပာသည္။

အဆိုပါ ေဒသႏၱရအမိန္႔ပါ စည္းကမ္းခ်က္ ၁၀ ခ်က္အနက္ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံေတာ္အစိုးရ အဖြဲ႔အစည္းမ်ားအားအၾကည္အညိဳ ပ်က္ေစမည့္ အေျပာအဆို၊ အေရးအသား၊ ရုပ္ပံုကားခ်ပ္၊ ပိုစတာ၊ ဗီႏိုင္း၊ လက္ကမ္း စာေစာင္မ်ား စသည္တို႔ကို နည္းလမ္း အမ်ိဳးမ်ိဳးျဖင့္ မည္သည့္ေနရာတြင္မွ် မျပဳလုပ္ရဟူ၍ ပါရွိသည္။ ထို႔ျပင္ ျပည္သူလူထုအား ထင္ေယာင္ထင္မွားျဖစ္ေစမည့္ စကားလံုးအသံုးအႏႈန္းျဖင့္ လံႈ႕ေဆာ္၊ စည္းရံုးျခင္း၊ ထုတ္ေဖာ္  ေျပာဆိုျခင္းမ်ား မျပဳလုပ္ရ၊ ဥပေဒႏွင့္ မညီညြတ္ေသာ မဟုတ္ မမွန္သည့္ အခ်က္အလက္မ်ား ပါဝင္ေသာ သေဘာထားမ်ား ထုတ္ျပန္၊ ေဖာ္ျပေဆာင္ရြက္ျခင္းတို႔ မျပဳလုပ္ဟူ၍လည္း ေဖာ္ျပ ထားသည္။

လြိဳင္ေကာ္အေျခစိုက္ Lain နည္းပညာ အေထာက္အကူျပဳ အဖြဲ႔ဝင္ျဖစ္သလို ျပည္နယ္အေရး ေစာင့္ၾကည့္ေလ့လာ ေနသူ လည္း ျဖစ္သည့္ ကိုေက်ာ္ထင္ေအာင္က အဆိုပါ ေဒသႏၱရအမိန္႔သည္ ဒီမိုကေရစီစံႏႈန္းႏွင့္ မညီသကဲ့သို႔ ၂၀ဝ၈ ဖြဲ႔စည္းပံု အေျခခံဥပေဒပါ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးကို ေက်ာ္လြန္ေနသည့္ ထုတ္ျပန္ခ်က္ဟု သံုးသပ္သည္။“ကပ္ေရာဂါနဲ႔ လည္း ဘာမွမသက္ဆိုင္တဲ့ ထုတ္ျပန္ခ်က္ျဖစ္လို႔ ဒါသည္ လံုးဝ မလိုအပ္ဘူး။ ထုတ္လည္း မထုတ္ျပန္ သင့္ဘူး” ဟု ၎က ေျပာသည္။ က်ေနာ္ တို႔အခြင့္အေရးကို အဲဒီလိုပဲ လုပ္လို႔ရတဲ့ အာဏာကို အသံုးခ်ၿပီး ထုတ္ျပန္ေနအံုးမယ္ဆိုရင္ က်ေနာ္တို႔ ေဖာ္ေဆာင္ခ်င္တဲ့ လမ္းေၾကာင္းေတြ၊ စုေပါင္းလုပ္ေဆာင္ခ်င္တဲ့ လမ္းေၾကာင္းေတြ ေရာက္မွာ မဟုတ္ဘူး” ဟုလည္း ခြန္းေသာ မတ္က ေထာက္ျပသည္။ ဖရူဆိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးပဲ့ဒူက ျပည္နယ္အစိုးရအေနျဖင့္ လုပ္စရာရွိသည္ကို လုပ္ေနသလို ေဝဖန္သူမ်ားအေနျဖင့္လည္း လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ ရွိသည့္အတိုင္း ၎တို႔၏ ဆႏၵကို ေဖာ္ထုတ္ေနျခင္း ဟုသာ ျမင္မိေၾကာင္း မွတ္ခ်က္ျပုသည္။ https://burma.irrawaddy.com/news/2020/05/05/ 222033.html

**************

၃။       စစ္ေဘးေရွာင္မ်ားအတြက္ ေထာက္ပံ့သည့္ စားနပ္ရိကၡာတခ်ိဳ႕ AA ထံ ေရာက္ေန

May 5, 2020

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားအတြက္ ႏိုင္ငံတကာမွ ေထာက္ပံ့သည့္ စားနပ္ရိကၡာတခ်ိဳ႕မွာ ရကၡိဳင္စစ္တပ္ (AA) လက္ထဲသို႔ နည္းလမ္းမ်ိဳးစံုျဖင့္ ေရာက္ရွိေနသည္ဟု တပ္မေတာ္ႏွင့္ အစိုးရတာဝန္ရွိသူမ်ားကေျပာသည္။ စစ္ေဘးေရွာင္မ်ားအတြက္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ားရရွိရန္ ေဝးလံၿပီး သြားလာရခက္ခဲေသာ ေနရာ မ်ား၌ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႔ (ICRC) ကို သြားလာ ဝင္ထြက္ခြင့္ျပဳထားၿပီး ၎တို႔ေထာက္ပံ့ေသာ ရိကၡာအခ်ိဳ႕မွာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားမွ တဆင့္ AA ထံလႊဲေျပာင္းေပးခဲ့သည့္ ျဖစ္စဉ္မ်ား ရွိေနသည္ဟု သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာသည္။

AA ၏ တပ္စခန္းမ်ားကို သိမ္းဆည္းရာတြင္ ႏိုင္ငံတကာ အေထာက္အပံ့ ပစၥည္းမ်ားကိုပါ ေတြ႕ရွိသိမ္းဆည္းရသည့္ ျဖစ္စဥ္ မ်ားလည္း ရွိသလို ဖမ္းဆီးရမိသူမ်ားကို စစ္ေဆး ေပၚေပါက္ခ်က္မ်ား အရလည္း AA သည္ အေထာက္ပံ့ရိကၡာမ်ား ရရွိျခင္းကို အတည္ျပဳႏိုင္ေၾကာင္း တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။ AA ႏွင့္ ဆက္သြယ္ၿပီး ထိုကဲ့သို႔ လုပ္ေဆာင္သူမ်ားအား ဥပေဒႏွင့္အညီ အေရးယူျခင္းမ်ားကို လုပ္ေဆာင္ရမည္ျဖစ္ၿပီး စစ္ေဘးေရွာင္ ဒုကၡသည္မ်ား လက္ဝယ္  စားနပ္ရိကၡား ေရာက္ရွိရန္မည္သည့္နည္းလမ္းကို အသံုးျပဳ၍ လုပ္ေဆာင္ရမည္ကို အေျဖရွာသင့္ေၾကာင္း ရခိုင္ျပည္နယ္ ေျမပံု  ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာသည္။

ႏိုင္ငံတကာ အေထာက္အပံ့ ရိကၡာမ်ား AA ထံ ေရာက္ရွိေနသည္ ဆိုသည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ AA က တစံု တရာ ထုတ္ျပန္ ေျဖရွင္းထားသည္ကို မေတြ႔ရေသးေသာ္လည္း WFP ယာဥ္တန္း တိုက္ခိုက္မႈ အပါအဝင္ WHO၊ ICRC အဖြဲ႕ ႏွင့္ အရပ္သား ယာဥ္မ်ားကို ပစ္ခတ္တိုက္ခိုက္သည္မွာ AA လက္ခ်က္ မဟုတ္ေၾကာင္း တပ္မေတာ္၏ တဖက္သတ္ စြပ္စြဲ ခ်က္မ်ားသာ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ AA တို႔ ျဖစ္ပြားသည့္ တိုက္ပြဲမ်ား ကာလအတြင္း အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ား အပါအဝင္ အရပ္သား ထိခိုက္ေသဆံုးမႈမ်ားရွိေနၿပီး တိုက္ပြဲမ်ားေၾကာင့္ ေနရပ္ စြန္႔စြာ တိမ္းေရွာင္ ထြက္ေျပးေနရသည့္ စစ္ေဘးေရွာင္ ျပည္သူ ၁ သိန္းေက်ာ္ ရွိၿပီ ျဖစ္သည္။ https://burma.irrawaddy .com/news/2020/05/05/222044.html

***************

၄။       စစ္ေဘးေရွာင္မ်ားအတြက္ အကူအညီမ်ား သယ္ေဆာင္ေပးေနသည့္ ယာဉ္မ်ားကို ပစ္ခတ္တားဆီးျခင္း၊ ၿခိမ္းေျခာက္ ျခင္းႏွင့္ ရိ               ကၡာပစၥည္းမ်ားအား လုယက္ဖ်က္ဆီးျခင္းမ်ား မျပဳလုပ္ရန္ ခ်င္းလူငယ္မ်ားကြန္ရက္ ေတာင္းဆို

May 6, 2020

စစ္ေဘးေရွာင္မ်ားအတြက္ လူသားခ်င္း စာနာေထာက္ထားသည့္ အကူအညီမ်ား၊ သယ္ေဆာင္ေပးေနသည့္ ကူညီေရးယာဥ္ မ်ားအား ပစ္ခတ္တားဆီးျခင္း၊ ၿခိမ္းေျခာက္ျခင္းႏွင့္ စစ္ေဘးေရွာင္မ်ား၏ ရိကၡာပစၥည္းမ်ားအား လုယက္ဖ်က္ဆီးျခင္းမ်ား၊ ေဒသခံ ခ်င္း လူထုထံမွ ေငြေျကးေကာက္ခံျခင္းႏွင့္ ၾကက္၊ ဝက္၊ ဆန္ စေသာ စားနပ္ရိကၡာမ်ားအား အတင္းအဓမၼ ယူေဆာင္ ျခင္းမ်ား မျပဳလုပ္ရန္ ခ်င္းလူငယ္မ်ားကြန္ရက္က ေမ ၃ ရက္ ရက္စြဲျဖင့္ ေၾကညာခ်က္ထုတ္ျပန္ေတာင္းဆိုသည္။

၂၀၁၅ ခုႏွစ္မွ လက္ရွိအခ်ိန္အထိ ခ်င္းျပည္နယ္အတြင္း ျဖစ္ပြားေနေသာ တပ္မေတာ္ႏွင့္ AA တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ခ်င္း လူမ်ိဳးအရပ္သား ေသဆံုးသူ ၃၃ ဦး၊ ဒဏ္ရာရရွိသူ ၄၀ ေက်ာ္၊ မတရားဖမ္းဆီးခံ ရသူ ၂၀ ေက်ာ္၊ စာသင္ေက်ာင္းေပါင္း ၁၀၈ ေက်ာင္းေက်ာ္ ပိတ္ထားရၿပီး ရြာေပါင္း ၂၁ ရြာေက်ာ္ ဖ်က္ဆီးခံရကာ လူဦးေရတစ္သိန္းေက်ာ္မွာ တိုက္ပြဲမ်ားေၾကာင့္ ဒုကၡ ေရာက္ေနေၾကာင္း ခ်င္းလူငယ္ကြန္ရက္၏ ထုတ္ျပန္ခ်က္တြင္ ပါဝင္သည္။

ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ရွိ ေက်းရြာမ်ားတြင္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္း၊ အရပ္သားမ်ားအား လူသားဒိုင္းအျဖစ္ အသံုးခ်ျခင္း၊ အရပ္သားမ်ားအေပၚ စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္ျခင္းႏွင့္ အရပ္သားမ်ား ေနထိုင္ရာ ၿမိဳ႕ရြာမ်ားတြင္ စစ္ေရး လႈပ္ရွားမႈမ်ားႏွင့္ ပတ္သက္သည့္ မည္သည့္လႈပ္ရွားမႈမ်ိဳးမွ် မလုပ္ေဆာင္ရန္လည္း ခ်င္းလူငယ္ကြန္ရက္က ေတာင္းဆိုခဲ့သည္။ ထို႔ျပင္ ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္အစိုးရက စစ္ေဘးေရွာင္မ်ား ေနထိုင္ရာ စခန္းမ်ားကို တရားဝင္ အသိအမွတ္ေပးရန္ ႏွင့္ လိုအပ္သည့္ လူမႈစီးပြားဆိုင္ရာ အစီအမံမ်ား၊ မူဝါဒမ်ားကို အျမန္ဆံုးခ်မွတ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေပးၿပီး ခ်င္းျပည္နယ္နွင့္ ရခိုင္ျပည္နယ္အတြင္း ပိတ္ထားသည့္ အင္တာနက္လိုင္းမ်ားအား အျမန္ဆံုး ျပန္လည္ဖြင့္လွစ္ေပးရန္လည္း ခ်င္း လူငယ္ကြန္ရက္က ေတာင္းဆိုခဲ့သည္။ https://news-eleven.com/article/172298

*************

၅။       ကခ်င္ျပည္နယ္လႊတ္ေတာ္အစည္းအေဝးအတြက္ ကိုယ္စားလွယ္မ်ား Quarantine ဝင္ရမည္

May 5, 2020

ကခ်င္ျပည္နယ္လႊတ္ေတာ္ ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ (၁၉) ႀကိမ္ေျမာက္ပုံမွန္အစည္းေဝးတက္ေရာက္မည့္ လႊြတ္ေတာ္ကိုယ္စားလွယ္မ်ား ေမလ ၁၀ရက္မွ ၁၇ ရက္ထိ Quarantine ဝင္ရမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ လႊတ္ေတာ္ ဥကၠဌ ဦးထြန္းတင္ထံမွ သိရသည္။

“၁၈ ၿမိဳ႕နယ္ကလာၾကတဲ့ကိုယ္စားလွယ္ေတြျဖစ္တဲ့တြက္ အေဝးကလာၾကတဲ့သူေတြမို႔ သူတို႔မွာေရာဂါအေျခေန ဘယ္လိုရွိ လဲဆိုတာ က်ေနာ္တို႔ဘာမွမသိပါဘူး။ အဲေၾကာင့္ က်ေနာ္တို႔အေနနဲ႔အားလုံးတြက္ အကာကြယ္ျဖစ္မယ္လို႔ ယူဆတဲ့ အတြက္ လုပ္ေပးတာျဖစ္ပါတယ္။ အဆိုပါ (၁၉) ႀကိမ္ေျမာက္လႊတ္ေတာ္အစည္းေဝးတြင္ ၂၀၂၀-၂၀၂၁ အတြက္ ဘတ္ဂ်တ္ အတည္ျပဳ ေဆြးေႏြးမည္ျဖစ္ၿပီး ယခင္ပုံမွန္အစည္းေဝးကဲ့သို႔ သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ေမးခြန္းေမးျမန္းျခင္း ခြင့္ျပဳ မည္ မဟုတ္ေၾကာင္း လႊတ္ေတာ္ဥကၠ႒ ကဆက္ေျပာသည္။

နယ္မွေရာက္ရွိလာမည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားတြက္ Q ကာလတြင္း အစားအေသာက္မ်ားအား လႊတ္ေတာ္႐ုံးမွ စီစဥ္ ေပးမည္ျဖစ္ၿပီး Q ေနရာသည္ လႊတ္ေတာ္ရိပ္သာတြင္ ျဖစ္ေၾကာင္း သိရသည္။ “အန္တီတို႔ နယ္ေဝးကလူေတြဆို ၉ ရက္ေန႔ အေရာက္လာရမယ္လို႔ သိရပါတယ္။ ခုလတ္တေလာအေျခေနမွာေတာ့ Covid-19 ျဖစ္ေနေပမယ့္လည္း ဘတ္ဂ်တ္ကိစၥ က အေရးႀကီးတာျဖစ္တဲ့တြက္ လႊတ္ေတာ္ကေန ဘတ္ဂ်တ္အတည္မျပဳေပးဘူးဆိုရင္ ကခ်င္ျပည္နယ္ရဲ႕ လည္ပတ္ေနတဲ့ အုပ္ခ်ဳပ္မႈ ယႏၲရားက ရပ္ဆိုင္းသြားမယ္။”ဟု ကခ်င္ျပည္နယ္လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းစစ္ေကာ္မတီဝင္ ေဆာ့ေလာ္ ၿမိ့နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေခၚမာဝူက ေျပာသည္။ လႊတ္ေတာ္ကို အမ်ားဆုံး ၃ ရက္သာ က်င္းပမည္ဟု သိရသည္။ https://burmese.kachinnews.com/2020/05/05/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%

*************

၆။       ျမန္မာစစ္တပ္နဲ႔  AA တုိ႔ အပစ္ရပ္ၾကဖုိ႔ ခ်င္းလူငယ္အဖြဲ႔ေတာင္းဆုိ

May 6, 2020

ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕ စစ္ေရးတင္းမာေနဆဲ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲ အၾကားပစ္ခတ္မွဳေၾကာင့္ ခ်င္းလူမ်ိဳးေတြ အရပ္သားေတြ ထိခိုက္ေသဆံုးမႈ တိုးလာေနပါတယ္။ ႏွစ္ဖက္တိုက္ပြဲအတြင္း အရပ္ သား ေသဆုံးဒဏ္ရာရတဲ့ လုပ္ေဆာင္ခ်က္ အေပၚရွဳံ႕ခ်ၿပီးေတြ႕ဆုံေဆြးေႏြးအေျဖရွာၾကဖို႕ ခ်င္းလူငယ္ကြန္ရက္ ေျပာခြင့္ရ ဆလိုင္းမာန္ဟုန္က VOA ကို ေျပာပါတယ္။

စစ္ေလယာဥ္နဲ႕ပစ္ခတ္မႈေၾကာင့္ ခ်င္းလူမ်ိဳး ၂၉ ဦးေသဆုံးခဲ့ၿပီး၊တိုက္ပဲြအတြင္း လူသားဒိုင္း အသုံးျပဳမႈေတြကို ႏွစ္ဘက္ တပ္ဖြဲဲ႕ေတြ မလုပ္ေဆာင္ဖို႕နဲ႕ AA ႏွင့္တပ္မေတာ္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႕ ခ်င္းလူငယ္ကြန္ရက္ အဖြဲ႕ကေန ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုခဲ့တာပါ။ ပလက္၀ၿမိဳ႕နယ္အတြင္း ထိခိုက္မွဳရွိေနတာဟာ AA အဖြဲ႕ကေန ေႏွာက္ယွက္ ပစ္ခတ္မွဳေၾကာင့္ လို႕ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္စဥ္ ေတြမွာ လက္နက္က်ည္ထိမွန္မွဳေၾကာင့္ အရပ္သားေတြ ေသဆုံးမွဳ ဒဏ္ရာရမွဳ ေနအိမ္မီေလာင္မွဳေတြရွိခဲ့ေပမဲ့ ျမန္မာစစ္တပ္ ဘက္ကေရာ AAဖက္ကပါ သူတို႕အဖြဲ႕လက္ခ်က္မဟုတ္ ေၾကာင္းျငင္းဆိုေနၾကပါတယ္။

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ဖက္မွာ တိုက္ပြဲျဖစ္စဥ္အတြင္း ေထာင္နဲ႕ခ်ီတဲ့အရပ္သားေတြလဲ ပလက္၀ၿမိဳ႕အတြင္းနဲ႕ ဆမီးၿမိဳ႕ နယ္ ခြဲမွာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ ဒါ့အျပင္ စစ္ေရွာင္စခန္းေတြမွာ COVID-19 ေရာဂါကာကြယ္တားဆီးေရး ကို စနစ္ တက် လုပ္ေဆာင္ေပးဖို႕ အရပ္သား ေသဆုံးမႈကိစၥေတြကို ေသခ်ာစြာ စုံစမ္းေပးဖို႕ကို ခ်င္းလူငယ္ကြန္ရက္အဖြဲ႕ကေန ထုတ္ျပန္ေတာင္းဆိုထားပါတယ္။ လက္ရွိပလက္၀ၿမိဳ႕နယ္ဘက္မွာ ဒီေမလဆန္းကစျပီး ဒီကေန႕အထိ ႏွစ္ဘက္တိုက္ပြဲျပင္း ထန္ေနဆဲရိွပါတယ္။ https://burmese.voanews.com/a/myanmar-army-and-aa-fighting-chin-youth-urge-for-ceas efire-/5406625.html

**************

၇။       နမ့္ခမ္း ေတာင္သူမ်ား ေရႊလီျမစ္ထဲသို႔ ေျပာင္းမ်ား သြန္ပစ္ေနရ

May 5, 2020

ျမန္မာ-တရုတ္နယ္စပ္ ေဒသျဖစ္သည့္ နမ့္ခမ္းၿမိဳ႕နယ္တြင္ ၿခံထြက္ ေျပာင္းမ်ား တရုတ္ျပည္သို႔ ေရာင္းခြင့္မရသျဖင့္ ေရႊလီ ျမစ္ထဲသို႔ သြန္ပစ္လိုက္ရေၾကာင္း သတင္းရရွိသည္။ ေမလ ၅ ရက္ ယေန႔တြင္လည္း နမ့္ခမ္းၿမိဳ႕နယ္အတြင္းရွိ ၿခံထြက္ ေျပာင္း မ်ား တရုတ္ျပည္သို႔ တင္ပို႔ရန္ခက္ခဲသျဖင့္ ေရႊလီျမစ္ထဲသို႔ ေထာ္လဂ်ီ အစီးေရ (၂၀)ခန္႔ သြန္ပစ္လိုက္ရေၾကာင္း နမ့္ခမ္း ေတာင္သူ စိုင္းသန္းျမင့္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။ “ အဲ့ေထာ္လဂ်ီေတြ တရုတ္ျပည္ကို သြားေရာင္းဖို႔ ေစာင့္ေန တာ ၅ ည ေလာက္ရွိၿပီ။ အခုေျပာင္းေတြ ပုတ္ကုန္ ေျခာက္ကုန္ၿပီဆိုေတာ့ ေရႊလီျမစ္ထဲသြန္ လိုက္တာရွိတယ္။ ေနာက္ လမ္း ေတြေပၚ သြန္ခ် လိုက္ရတာေတြရွိတယ္” ဟု စိုင္းသန္းျမင့္ က ဆိုသည္။

ျမန္မာ – တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕တြင္ ဧၿပီ ၂၄ ရက္က အသက္ ၈၇ ႏွစ္အရြယ္ အမ်ိဳးသမီး တဦး COVID-19 လူနာ အျဖစ္ က်န္းမာေရးဌာနကေၾကျငာၿပီးေနာက္ပိုင္း တရုတ္ဘက္မွ အာဏာပိုင္မ်ားက တင္းက်ပ္စစ္ေဆးကာ နမ့္ခမ္းၿမိဳ႕နယ္ နယ္စပ္ေန ၁၉ ရြာမွ ေဒသခံမ်ားတပိုင္တႏိုင္ စိုက္ပ်ိဳးမႈမွရသည့္ ၿခံထြက္သီးႏွံမ်ားပင္ တင္ပို႕ေရာင္းခ်ခြင့္မရသည္အထိ နယ္စပ္ဂိတ္မ်ား ပိတ္ရန္အမိန္႔ ထုတ္ထားလိုက္သည္။ နယ္စပ္ဂိတ္မ်ားကို ရက္ေပါင္း ၆၀ အၾကာ ပိတ္ထားမည္ျဖစ္ၿပီး ဥပေဒက်ဴးလြန္ကာ တႏိုင္ငံႏွင့္ တႏိုင္ငံ ခိုးဝင္ပါက ႀကီးေလးသည့္ ျပစ္ဒဏ္ေပးသြားမည္ဟုလည္းေဖာ္ျပထားသည္။

“ အိမ္ျပန္သယ္ၿပီး ထားရင္လည္း အဆင္မေျပဘူး။ ေနာက္ ေျခာက္သြားရင္လည္း ဘာမွ လုပ္လို႔ မရေတာ့ဘူး။ ဒါေၾကာင့္ လႊင့္ပစ္လိုက္တာ ေရႊလီျမစ္ထဲကို ” ဟု စိုင္းစိုင္း ကဆိုသည္။ ထိုသို႔ေျပာင္းမ်ား သြန္ခ်ေနရျခင္းႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ မွ နည္းလမ္းရွာေပးရန္ လိုအပ္ေနေၾကာင္း၊ လက္ရွိ ျပႆနာသည္ ျပည္တြင္း ကုန္ေခ်ာထုတ္လုပ္မႈ မရွိျခင္းေၾကာင့္ ယခုကဲ့သို႔ အခက္အခဲမ်ားရင္ဆိုင္ေနရေၾကာင္းလည္း နမ့္ခမ္းေဒသခံ စိုင္းထြန္းလိႈင္း ကေျပာသည္။“သက္ဆိုင္ရာက နည္းလမ္းရွာေန ၾကတယ္လို႔ေျပာေပမယ့္ ေျပာင္းေတြက အထားမွ မခံေတာ့ ေရႊလီျမစ္ထဲပဲ သြန္လိုက္ရတာေပါ့”ဟု စိုင္းထြန္းလိႈင္း က ဆို သည္။ လက္ရွိ မူဆယ္-နမ့္ခမ္း ျခံစိုက္ေတာင္သူမ်ား စားဝတ္ေနေရးခက္ခဲေနၾကၿပီး၊ အေၾကြးမ်ားျဖင့္ ေသာက ေရာက္ေနၾက ေၾကာင္း သိရသည္။ https://burmese.shannews.org/archives/16421

*************

၈။       ကယားျပည္နယ္ အစိုးရအဖြဲ႔ရွိ ဌာနဆိုင္ရာအခ်ိဳ႕တြင္ အရာရွိဦးေရထက္ ယာဥ္အစီးေရမ်ားေနသည့္အျပင္ အသံုးျပဳျခင္း မရွိဘဲ                ထိန္းသိမ္းစရိတ္မ်ား၊ အေလးထားစစ္ေဆးေပးရန္ ျပည္နယ္လႊတ္ေတာ္ ျပည္သူ့ေငြစာရင္း ေကာ္မတီေျပာၾကား

May 7, 2020

ကယားျပည္နယ္အစိုးရအဖြဲ႔ရွိ ဌာနဆိုင္ရာအခ်ိဳ႕တြင္ အရာရွိဦးေရထက္ ယာဉ္အစီးေရမ်ားေနသည့္အျပင္ အသံုးျပဳျခင္းမရွိဘဲ ျပဳျပင္ထိန္းသိမ္း စရိတ္မ်ားတင္ေနရာ အေလးထားစစ္ေဆးေပးရန္ ကယားျပည္နယ္ ျပည္သူ႔ေငြစာရင္း ေစာင့္ၾကည့္ေကာ္မတီ က ေျပာၾကားသည္။

ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝးကို ေမ ၇ ရက္တြင္ စတင္က်င္းပရာ ေမာ္ေတာ္ယာဥ္ ျပင္ဆင္ထိန္းသိမ္းစရိတ္မ်ားႏွင့္ စပ္လ်ဥ္း၍ ကယားျပည္နယ္အစိုးရအဖြဲ႕မွ ဖြဲ႔စည္းထားေသာ ယာဥ္ႏွင့္ စက္ပစၥည္းမ်ား ျပင္ဆင္ ႀကီးၾကပ္မႈ ေကာ္မတီမွ အသံုးစာရိတ္မ်ား ခြင့္ျပဳေပးၿပီးေနာက္ ထုတ္ယူသံုးစြဲသည့္ ဌာနမ်ားမွ ေမာ္ေတာ္ယာဉ္မ်ားကို ေျမျပင္ တြင္ အမွန္တကယ္ ျပင္ဆင္ထိန္းသိမ္းျခင္းရွိ/ မရွိ၊ ေမာင္းႏွင္ႏိုင္ျခင္း ရွိ/ မရွိ အေလးထားစစ္ေဆးေပးရန္ႏွင့္ ျပည္သူ႔ဘ႑ာ ေငြ ေလလြင့္ဆံုးရံႈးမႈ ေလ်ာ့နည္းေစရန္ ကူညီေဆာင္ရြက္ေပးၾကရန္ တိုက္တြန္းေၾကာင္း ျပည္သူ႔ေငြစာရင္း ေစာင့္ၾကည့္ စစ္ေဆးေရး အစီရင္ခံစာအား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနာ္အီမွ လႊတ္ေတာ္တြင္တက္ေရာက္ဖတ္ၾကားရာ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေဒသတြင္းရွိ ဌာနစုစုေပါင္းအေရအတြက္မွာ ၈၆ ခုျဖစ္ၿပီး ေဒသဘတ္ဂ်က္ဌာန အဖြဲ႕အစည္း ၂၄ ဖြဲ႔အတြင္းမွ အစိုးရအဖြဲ႔၊ မီးသတ္ဦးစီး ဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ယာဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ လမ္းဦးစီးဌာန၊ ေက်းလက္လမ္းဦးစီးဌာနႏွင့္ စည္ပင္သာယာေရးအဖြဲ႕မ်ားတြင္ အသံုးစာရိတ္မ်ား ေနေၾကာင္း ေကာ္မတီထံမွသိရသည္။ ရေငြအပိုင္းတြင္လည္း ေငြလံုးေငြရင္းရ ေငြႏွင့္အခြန္ရေငြမ်ား ေကာက္ခံရရွိမႈမွာ လြန္စြာ နည္းပါးသည့္အျပင္ လ်ာထားခ်က္မွာလည္း အမွန္စာရင္းမ်ားထက္ ေလ်ာ့နည္းလ်က္ရွိသည္ကို စိစစ္သံုးသပ္ေတြ႕ရွိရေၾကာင္း၊ အထူးသျဖင့္ အခြန္မ်ားေကာက္ခံေနေသာ ဌာနမ်ား၏ အခြန္လ်ာထားခ်က္မွာ လြန္စြာေလ်ာ့နည္းလ်က္ရွိၿပီး စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာပါ အမွန္ရေငြႏွင့္ အဆမတန္ကြာျခားေနသည္မွာ ဖယ္ဒရယ္ဒီမိုကေရစီစနစ္ကို ေအာင္ျမင္စြာ တည္ေဆာက္ရာ တြင္ အဓိကအခ်က္ျဖစ္သည္ကို သတိခ်ပ္သင့္ေၾကာင္း ဦးေနာ္အီက လႊတ္ေတာ္သို႔ တင္ျပခဲ့သည္။

ထို႔ျပင္ လ်ာထားဘတ္ဂ်က္မ်ားတြင္ စီမံခန္႔ခြဲမႈ အသံုးစရိတ္ မ်ားျပားေနျခင္းႏွင့္ ရံုးဝန္ထမ္းအိမ္ရာ တည္ေဆာက္ေရးမ်ားသာ မ်ားျပားေနျခင္းကိုေလ်ာ့ခ်ၿပီး ျပည္သူလူထုကို တိုက္ရိုက္အက်ိဳးျဖစ္ထြန္းမည့္ အသံုးစရိတ္မ်ားအား လ်ာထားရန္၊ အရာရွိမ်ား အတြက္ ဖုန္းေငြျဖည့္ကတ္မ်ား ထုတ္ယူရာတြင္ ဌာနတစ္ခုႏွင့္တစ္ခု မတူညီဘဲ ကြဲျပားမႈျဖစ္ေနသည္ကို အစိုးရအဖြဲ႔အေနျဖင့္ ေျဖရွင္းေဆာင္ရြက္ရန္ အႀကံျပဳတင္ျပထားေၾကာင္းလည္း သိရသည္။ https://news-eleven.com/article/172555

************

၉။       တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္ေနရာယူတဲ့အတြက္ မင္းျပားရြာသား ၄၀ဝ၀ ေက်ာ္ထြက္ေျပးေန

May 7, 2020

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္က မင္းရြာ၊ ေထာင့္ေခ်၊ ျမစ္နား စတဲ့ေက်းရြာေတြမွာ ၿပီးခဲ့တဲ့ ေမလ ၅ ရက္ညေန ပိုင္းကေနစလို႔ တပ္မေတာ္စစ္ေၾကာင္းေတြက ရြာထဲမွာေနရာယူၿပီး တိုက္ပြဲျဖစ္တဲ့ေနရာေတြဆီကို လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ လွမ္း ပစ္တာေၾကာင့္ ေက်းရြာသံုးရြာက လူေပါင္း ၄၀ဝ၀ ေက်ာ္ခန္႔ဟာ နီးစပ္ရာေက်းရြာေတြ နဲ႔ မင္းျပားၿမိဳကေပၚကို အသီးသီးထြက္ ေျပးေနၾကရတယ္လို႔ ေဒသခံေက်းရြာသားေတြက RFA ကိုေျပာပါတယ္။ တပ္မေတာ္စစ္ေၾကာင္းဟာ မင္းရြာအလယ္မွာရွိတဲ့ စာသင္ေက်ာင္းဝင္းထဲမွာ အေျမာက္ႏွစ္လံုးတည္ၿပီး ဒီေန႔ မနက္ပိုင္းအခ်ိန္အထိ တိုက္ပြဲျဖစ္တဲ့ေနရာေတြဆီကို လွမ္းပစ္ေန တယ္လို႔ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ ရြာသားတစ္ဦးက ေျပာပါတယ္။

ေမလ ၅ ရက္ေန႔က အဲဒီတပ္မေတာ္စစ္ေၾကာင္းက ေက်းရြာသားတခ်ိဳ႕ကိုေခၚၿပီး လက္ရွိမတည္မၿငိမ္ျဖစ္ေနတဲ့ အေျခအေန ေတြကို သင္ခန္းစာယူၿပီး ေအေအကို ေထာက္ခံအားေပးတာေတြ မလုပ္ဖို႔နဲ႔ မဆက္စပ္ၾကဖို႔ တပ္မေတာ္စစ္ေၾကာင္းအရာရွိက သတိေပးေျပာဆိုခဲ့တယ္လို႔ဆိုပါတယ္။ ဒီလိုေျပာဆိုၿပီးေနာက္ အဲဒီစစ္ေၾကာင္းက ေက်းရြာေတြထဲက မူလြန္ေက်ာင္း၊ အထက္ တန္းေက်ာင္း၊ ဘုန္းႀကီးေက်ာင္းနဲ႔ ေနအိမ္ေတြမွာ စခန္းခ်ေနထိုင္ၿပီး ရြာထဲကေနၿပီး လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ လွမ္းပစ္ေနတာလို႔လည္း အမည္မေဖာ္လိုတဲ့ အဲဒီရြာသားကေျပာပါတယ္။ မင္းရြာ၊ ေထာင့္ေခ်၊ ျမစ္နား ေက်းရြာသံုးရြာဟာ ရြာ ခ်င္းဆက္ေနတဲ့ရြာေတြျဖစ္ၿပီး အိမ္ေျခ တစ္ေထာင္ေက်ာ္ ရွိပါတယ္။ တပ္မေတာ္စစ္ေၾကာင္းဟာ အဲဒီရြာသံုးရြာစလံုးထဲမွာ ေနရာယူထားတာလို႔ဆိုပါတယ္။ အခုလက္ရွိမွာ သက္ႀကီးရြယ္အိုအခ်ိဳ႕သာရြာထဲမွာ အေစာင့္အျဖစ္က်န္ရစ္ခဲ့ၾကၿပီး က်န္တဲ့လူ အားလံုးက တပ္မေတာ္စစ္ေၾကာင္း ေရာက္လာတဲ့ေန႔ကပင္ ထြက္ေျပးသြားၾကၿပီလို႔ ေနာက္ထပ္ လံုၿခံဳေရးအရအမည္မေဖာ္ လို တဲ့ ေက်းရြာသားတစ္ဦးက ေျပာပါတယ္။

အခုလိုရပ္ထဲရြာထဲနဲ႔ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းေတြထဲမွာ စခန္းခ်တာေတြကို တားျမစ္ေပးဖို႔ အႀကီး အကဲေတြကို ေတာင္းဆိုလိုေၾကာင္းလည္း ေက်းရြာသားေတြက RFA ကိုေျပာပါတယ္။ ရခိုင္ျပည္နယ္မွာ အိုးအိမ္စြန္႔ခြာထြက္ေျပးေနရသူ အမ်ားစုဟာ တိုက္ပြဲေတြထက္ တပ္မေတာ္စစ္ေၾကာင္းကို ေၾကာက္ၿပီးေတာ့ ထြက္ေျပးၾကတာလို႔ ဒုကၡသည္အေရး အကူအညီ ေတြေပးေနတဲ့ မင္းျပားေဒသခံ ကိုအမ္းသားႀကီး ကေျပာပါတယ္။

ရြာထဲမွာေနၿပီး တပ္စြဲမယ္ဆိုရင္ ဘယ္ေလာက္အႏၱရာယ္မ်ားသလဲဆိုတာ အားလံုးသိၾကတဲ့အတြက္ တပ္စြဲတယ္ဆိုတာ မျဖစ္ ႏုိင္ေၾကာင္း၊ တူးထားတဲ့ ကတုတ္က်င္းေတြဟာလည္း ရြာေတြကို အမီျပဳၿပီး စစ္ဆင္ေရးလုပ္ေနတာ AA ပဲျဖစ္တဲ့အတြက္ AA ဘက္က တူးထားသာတာျဖစ္ႏိုင္ေၾကာင္းလည္း ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ ဒီလိုေျပာၾကားခ်က္နဲ႔ ပတ္သက္လို႔ AA ဘက္က တု႔ံျပန္ခ်က္ကိုရရွိဖို႔ RFA က ႀကိဳးစားေနဆဲျဖစ္ပါတယ္။ https://www.rfa.org/burmese/news/400-minbya-villagers-flee-05072020083556.html

**************

၁၀။     ျမန္မာကုိ ေငြေၾကးခ၀ါခ်မႈ အမည္ပ်က္စာရင္းထဲ ထည့္သြင္းဖုိ႔ အီးယူ ျပင္ဆင္

May 6, 2020

ေငြေၾကးခဝါခ်မႈဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔ပ်က္ကြက္တာေၾကာင့္ ျမန္မာနိုင္ငံကို ေငြေၾကးခဝါခ်မႈဆိုင္ရာ အမည္ပ်က္ စာရင္းမွာ ဥေရာပသမဂၢအဖြဲ႕က ထည့္သြင္းဖို႔ ရွိေနပါတယ္။ ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံ ၂၂ ႏိုင္ငံကို ေငြေၾကး ခဝါခ်မႈနဲ႔ ပတ္သက္ၿပီး အနီးကပ္ ေစာင့္ၾကည့္ရမယ့္ ႏိုင္ငံစာရင္းမွာ ထည့္သြင္းထားမယ့္ ဥေရာပေကာ္မရွင္ရဲ႕ ေၾကညာခ်က္ကို ၾကာသပေတးေန႔မွာ ထုတ္ျပန္မယ္လို႔ ယူဆရပါတယ္။ ျမန္မာႏိုင္ငံနဲ႔အတူ အာရွက ကေမၻာဒီးယားနဲ႔ မြန္ဂိုးလီးယားႏိုင္ငံ ေတြ လည္း အမည္ပ်က္စာရင္းထဲ ထည့္သြင္းခံရမွာျဖစ္ၿပီး စာရင္းထဲထည့္သြင္းခံရမယ့္ ႏိုင္ငံသစ္ေတြထဲ ပနားမား၊ ဘဟားမားစ္နဲ႔ ေမာရစ္သွ်ႏိုင္ငံေတြ ပါဝင္တယ္လို႔ ေၾကညာခ်က္မူၾကမ္း ကို ရရွိခဲ့တဲ့ ရိုက္တာ သတင္းဌာနက ေျပာပါတယ္။

ဒီ စာရင္းထဲပါတဲ့ ႏိုင္ငံေတြဟာ ဥေရာပ သမဂၢအဖြဲ႕ရဲ႕ ေငြေရးေၾကးေရးစနစ္ကို အႏၲရာယ္ျပဳ ၿခိမ္းေျခာက္ေနတယ္လို႔လည္း ေၾကညာခ်က္ မူၾကမ္းမွာ ပါရွိပါတယ္။ EU ရဲ႕ ဥပေဒအရ ဘဏ္ေတြနဲ႔ တစ္ျခားဘ႑ာေရး အဖြဲ႕အစည္းေတြဟာ သူတို႔ရဲ႕ ေဖာက္သည္ ကုမၸဏီေတြကို အဲဒီ စာရင္းပါ ႏိုင္ငံေတြနဲ႔ အလုပ္လုပ္တဲ့အခါ ေသေသခ်ာခ်ာ အနီးကပ္ ေစာင့္ၾကည့္စစ္ေဆးဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ နာမည္ပ်က္ စာရင္းပါ ႏိုင္ငံေတြထဲက စီးပြားေရး ကုမၸဏီေတြလည္း ဥေရာပ သမဂၢက ေပးအပ္မယ့္ ရန္ပုံေငြ ေထာက္ပံ့ေၾကး အသစ္ေတြကို ရယူႏိုင္မွာ မဟုတ္ပါဘူး။

EU က မၾကာခင္ ထုတ္ျပန္ဖို႔ ေရးဆြဲထားတဲ့ ေၾကညာခ်က္ မူၾကမ္းဟာ ကမၻာတစ္ဝွမ္း ေငြေၾကး ခဝါခ်မႈ တိုက္ဖ်က္ေရးမွာ စံႏႈန္းေတြ သက္မွတ္တဲ့ပါရီၿမိဳ႕အေျခစိုက္ FATF – FINANCIAL ACTIONS TASK FORCE က အရင္ထုတ္ျပန္ထားတဲ့စာရင္းနဲ႔ သိပ္ကြာျခားမႈ မရွိပါဘူး။ ဥေရာပေကာ္မရွင္က ၿပီးခဲ့တဲ့ႏွစ္ စာရင္းထဲပါဝင္တဲ့အာရွ ၂ ႏိုင္ငံျဖစ္တဲ့ လာအိုနဲ႔ သီရိလကၤာႏိုင္ငံ ေတြကို ဒီႏွစ္ နာမည္ပ်က္ စာရင္းထဲကေန ပယ္ဖ်က္ထားတယ္လို႔လည္း ရိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။ https://bu rmese.voanews.com/a/myanmar-money-laundering-european-union-/5407402.html

************

၁၁။     COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး မြန္ျပည္သစ္ပါတီက အစိုးရက်န္းမာေရးဌာနမ်ားနွင့္ ပူးေပါင္းမည္

May 5, 2020

မြန္ျပည္သစ္ပါတီ နယ္ေျမအတြင္း COVID-19 လူနာေတြ႕ရွိပါက အစိုးရလက္ေအာက္ရွိ ေဆးရံုမ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္ ရြက္သြားရန္ စီစဥ္ထားေၾကာင္း မြန္ျပည္သစ္ပါတီက ေျပာသည္။ မြန္ျပည္သစ္ပါတီ နယ္ေျမတြင္ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး

ဗဟို အဆင့္၊ ခရိုင္ အဆင့္၊ ၿမိဳ႕နယ္ အဆင့္ ေကာ္မတီမ်ား ဖြဲ႔စည္းထားၿပီး ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးကို အရွိန္ျမွင့္ လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း မြန္ျပည္သစ္ပါတီက ေျပာသည္။ ထိုသို႔လုပ္ေဆာင္ရာတြင္ သံသယလူနာမ်ားရွိလာပါက ေရာဂါ စမ္းသပ္ႏိုင္ရန္ႏွင့္ ကုသရန္အတြက္ မြန္ျပည္သစ္ပါတီတြင္ လံုေလာက္သည့္ပစၥည္းကိရိယာမရွိသည့္အတြက္ေၾကာင့္ လူနာကို ကုသမႈေပးႏိုင္ရန္ အစိုးရ လက္ေအာက္ရွိ ျပည္သူ႔က်န္းမာေရးဌာနႏွင့္ ခ်ိတ္ဆက္စီစဥ္ထားသည္ဟု မြန္ျပည္သစ္ပါတီ  ျပည္တြင္းေရးရာ တာဝန္ခံ ႏိုင္ဗညားလယ္ က ေျပာသည္။

လက္ရွိအခ်ိန္ထိ မြန္ျပည္သစ္ပါတီထိန္းခ်ဳပ္နယ္ေျမအတြင္း၌ ကိုရိုနာဗိုင္းရပ္စ္ သံသယ လူနာမရွိေသးဘူးဟု  မြန္ျပည္သစ္ ပါတီ တာဝန္ရွိသူက ေျပာသည္။ မြန္အရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ားႏွင့္ မြန္ညီညြတ္ေရးပါတီတို႔ကလည္း မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမအတြင္းရွိ ျပည္သူမ်ားကို ကိုရိုနာဗိုင္းရပ္စ္ေရာဂါဆိုင္ရာ အသိပညာေပးမႈမ်ား ေဆာင္ရြက္ေပးေနသည့္အျပင္ ေရာဂါကာကြယ္ေရးပစၥည္းမ်ားကိုလည္း ေထာက္ပံ့ေပးေနသည္ဟု မြန္ညီညြတ္ေရးပါတီ တြဲဖက္အတြင္းေရးမွဴး (၂) ႏိုင္စံတင္ က ေျပာသည္။

မြန္ျပည္နယ္ပါတီအေနႏွင့္ ၎တို႔ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္သာမက မြန္ျပည္သစ္ပါတီနွင့္ထိစပ္ေနသည့္ နယ္ေျမမ်ားႏွင့္ မြန္ျပည္သူလူထုမ်ား တည္ရွိရာေနရာေဒသသို႔တြင္လည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါဆိုင္ရာ အသိပညာေပးမႈမ်ား၊ ေရာဂါ ကာကြယ္ေရးပစၥည္းမ်ား၊ အစားအေသာက္မ်ား ကူညီေထာက္ပံ့ေပးလ်က္ ရွိသည္ဟု သိရသည္။ https://www.bnionline. net/mm/news-72614

*************

၁၂။     ေရျဖဴၿမိဳ႕နယ္တြင္ ရြာသားတစ္ဦး ေျမျမွဳပ္မိုင္းေၾကာင့္ ေျခတစ္ဖက္ျပတ္

May 5, 2020

တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕နယ္အတြင္းရွိ အလယ္စခန္းေက်းရြာအနီး ေဒသခံတစ္ဦး ေျမျမွဳပ္မိုင္းနင္းမိၿပီး ေျခေထာက္ တစ္ဖက္ ျပတ္သြားသည္ဟု ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။ ေမလ ၄ ရက္ေန႔ မြန္းလႊဲ ၁ နာရီ အခ်ိန္ခန္႔တြင္ အလယ္ စခန္းေက်းရြာႏွင့္ ၃ မိုင္ခန္႔ေဝးသည့္ ေဒသအေခၚ ေၾကာင္လွ်ာကြင္းဆိုသည့္ ၿခံမွ ျပန္လာသည့္ ဟံဂံေက်းရြာမွ ႏိုင္ထြန္း သည္ လမ္းေပၚတြင္ ေျမျမွဳပ္မိုင္း နင္းမိၿပီး ဘယ္ဘက္ေျခေထာက္ ျပတ္သြားသည္ဟု သိရသည္။ အလယ္စခန္း ေက်းရြာအုပ္ခ်ဳပ္ ေရးမွဴး ႏိုင္တင္စန္း က “မိုင္းနင္းမိတဲ့လူက ဟံဂံက ဒီမွာ(အလယ္စခန္း) ၿခံလာလုပ္ေနၾကတယ္၊ ၿခံကေနအျပန္ လူသြား လမ္းေပၚမွာပဲ နင္းမိတယ္။ အဲ့ေနရာတဝိႈက္မွာပဲ ၂၀၁၉ တုန္း ကလည္း တစ္ႀကိမ္ နင္းမိဖူးတယ္” ဟု ေျပာသည္။

ယခုႏွစ္ ၂၀၂၀ ခုႏွစ္အတြင္း၌လည္း အလယ္စခန္းႏွင့္ အနည္းငယ္ေဝးသည့္ ေမ်ာက္ေခ်ာေက်းရြာႏွင့္ ကလယ္  ေက်းရြာ ဘက္တြင္ ေျမျမွဳပ္မိုင္းနင္းမိမႈ ၃ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေဒသခံႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိကာ ေျခေထာက္ တစ္ဖက္စီ ျဖတ္ပစ္ခဲ့ရ သည္။ ေရျဖဴၿမိဳ႕နယ္အတြင္း မၾကာခဏျဖစ္ပြားေနသည့္ ေျမျမွဳပ္မိုင္းနင္းမိမႈမ်ားသည္ အမ်ားျဖင့္ ေဒသခံျပည္သူမ်ား လုပ္ကိုင္ စားေသာက္ေနၾကသည့္ ဥယ်ာဥ္ၿခံမ်ား၊ ျပည္သူမ်ားအသံုးျပဳေနၾကသည့္ လမ္းမ်ားေပၚတြင္ျဖစ္ပြားေနျခင္း ျဖစ္သည္ဟု ေဒသခံ မ်ားက ေျပာသည္။

ေျမျမွဳပ္မိုင္းေပါက္ကြဲမႈျဖစ္ပြားေနသည့္ေဒသသည္ မြန္ျပည္သစ္ပါတီ (NMSP) ႏွင့္ ကရင္အမ်ိဳးသားအစည္းအရံုး (KNU) တပ္ဖြဲ႔ တို႔ လႈပ္ရွားသြားလာေနသည့္ ေဒသျဖစ္ၿပီး ႏွစ္ဘက္တပ္ဖြဲ႔အၾကား နယ္ေျမ အျငင္းပြားမႈမ်ား  ျဖစ္ပြားေနသည့္ ေနရာေဒသ လည္းျဖစ္သည္။ သို႔ေသာ္လည္း ေျမျမွဳပ္မိုင္းကိစၥႏွင့္ ပတ္သက္၍ ႏွစ္ဖက္တပ္မ်ားျဖစ္ၾကသည့္  ကရင္အမ်ိဳးသားအစည္းအရံုး ႏွင့္ မြန္ျပည္သစ္ပါတီတို႔သည္ ၎တို႔ ေထာင္ထားျခင္းမဟုတ္ေၾကာင္း ျငင္းဆိုထားသည္။ ေရျဖဴၿမိဳ႕နယ္အတြင္း မၾကာခဏ ျဖစ္ပြားေနသည့္ ေျမျမွဳပ္မိုင္းေပါက္ကြဲမႈ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ညွိႏိႈင္းေျဖရွင္းႏိုင္ေရး မြန္ျပည္သစ္ပါတီဘက္က အစိုးရ တပ္မေတာ္ႏွင့္ေရာ၊ KNU ႏွင့္ပါ ညွိႏိႈင္းေဆြးေႏြးေနေသာ္လည္း ယေန႔အခ်ိန္ထိ တစ္စံုတစ္ရာ အေကာင္အထည္ေဖာ္ႏိုင္ျခင္း မရွိေသးဘူးဟု NMSP က ေျပာသည္။ https://www.bnionline.net/mm/news-72615

************

၁၃။     KNU/KNLA-PC  ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္ စ်ာပန က်င္းပၿပီးစီး

May 5, 2020

ေကအဲန္ယူ-ကရင္အမ်ဳိးသားအစည္းအ႐ုံးမွ ခြဲထြက္သြားသည့္ KNU/KNLA -PC ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္ ႀကီး ေစာေဌးေမာင္ အသက္(၉၃)ႏွစ္၏ စ်ာပန အခမ္းအနားကို ေကာ့ကရိတ္ခ႐ိုင္၊ ေနာ္တယာၿမိဳ႕ ထို႔ေကာ္ ကိုးဌာနခ်ဳပ္ရွိ ကရင့္အမ်ိဳးသားေခါင္းေဆာင္ ေစာဘဦးႀကီး၏ ဂူဗိမၼာန္တည္ရွိရာ ထို႔ေကာ္ကိုးဌာနခ်ဳပ္ ကရင့္အာ ဇာနည္ဗိမၼာန္၌ ေမ ၅ ရက္ ေန႔၊ မြန္းလြဲ ၂ နာရီတြင္ က်င္းပၿပီးစီးသြားၿပီးျဖစ္သည္။ ဗိုလ္ခ်ဳပ္ႀကီးေစာေဌးေမာင္၏ ႐ုပ္ကလာပ္ကို ထို႔ေကာ္ကိုးေဒသ႐ွိ ခရစ္ယာန္ဘုရားေက်ာင္း၌ ဝတ္ျပဳဆုေတာင္းၿပီးေနာက္ စစ္ေရးအခမ္းအနားျဖင့္ က်င္းပခဲ့ျခင္းျဖစ္သည္။ အခမ္းအနားတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွေပးပို႔လာေသာ သဝဏ္လႊာ၊ တုိင္းရင္းသား လက္နက္ကိုင္ အဖဲြ႔အစည္း အသီးသီးက ေပးပို ့ေသာသဝဏ္လႊာမ်ား ဖတ္ၾကားခဲ့သည္။

ထုိ႔အျပင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္ တို႔မွ ေပးပို႔ လာေသာ သဝဏ္လႊာအပါအဝင္ အရပ္ဘက္အဖြဲ႔အစည္းအသီးသီးတို႔မွေပးပို႔ လာေသာ သဝဏ္လႊာ စုစုေပါင္း ၂၀ ခန္႔ အား တြဲဘက္အေထြေထြအတြင္းေရးမွဴး ဗိုလ္မွဴးႀကီး ေစာေက်ာ္ၫြန႔္က ဖတ္ၾကားခဲ့သည္။ စ်ာပန အခမ္းအနားသို႔ တိုင္းရင္း သား လက္နက္ကိုင္ ေခါင္းေဆာင္မ်ား၊ စစ္ဘက္ အရပ္ဘက္ တာဝန္ရွိ ပုဂၢိဳလ္မ်ား၊ ႏိုင္ငံေရးပါတီတစ္ခ်ိဳ႕မွ ေခါင္းေဆာင္မ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ားႏွင့္ KNU/ KNLA -PC မွ အရာရွိမ်ားႏွင့္စစ္သည္မ်ား လိုက္ပါပို႔ေဆာင္ခဲ့သည္။

ဗိုလ္ခ်ဳပ္ႀကီး ေစာေဌးေမာင္သည္ ၁၉၄၇ ခုႏွစ္ ကိုလိုနီေခတ္အဂၤလိပ္စစ္တပ္၌ ကရင့္လက္နက္ကိုင္ လူငယ္ တပ္ဖြဲ႔တြင္ တာဝန္ထမ္းေဆာင္ဘူးသူျဖစ္ၿပီး လြတ္လပ္ေရးရၿပီးေနာက္ ကရင့္အမ်ိဳးသားေတာ္လွန္ေရး စတင္သည့္ ၁၉၄၉ ခုႏွစ္ ကတည္း က ကရင့္အမ်ိဳးသားေခါင္းေဆာင္ ေစာဘဦးႀကီးႏွင့္အတူ ေတာ္လွန္ေရး တာဝန္မ်ားကို ထမ္းေဆာင္ခဲ့သူ တစ္ဦးျဖစ္သည္။ သူ ကြယ္လြန္သြားသည့္အတြက္ KNU/KNLA -PC ၿငိမ္းခ်မ္းေရးေကာင္စီ ဥကၠ႒ ေနရာမွာ လစ္လပ္လ်က္ရွိၿပီး အစားထိုး ေဆာင္ ရြက္ႏိုင္ရန္အတြက္ Proto-call အရ လက္ရွိဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာေထာ့ေလး အား လ်ာထားေၾကာင္း ႏွင့္ မၾကာမီ ရက္ပိုင္းအတြင္း တပ္ဖြဲ႔အလုပ္အမႈေဆာင္အစည္းအေဝးတစ္ရပ္ က်င္းပကာ ျပန္လည္ေရြးခ်ယ္ အတည္ျပဳသြားမည္ဟု KNU/KNLA -PC တြဲဘက္အတြင္းေရးမွဴး ဗိုလ္မွဴးႀကီး ေစာေက်ာ္ၫြန္႔က ေကအုိင္စီသို႔ ေျပာသည္။ http://kicnews.org/20 20/05/knu-knla-pc-%e1%80%a5%e1%80%80%e1 %81%a0%e1%82%92%e1%80%

*************

၁၄။     ရဲအေယာင္ေဆာင္ဖမ္းဆီးဖို႔ ႀကိဳးစားသူေတြေၾကာင့္ ေတာင္ကုတ္ NLD အဖြဲ႕ဝင္ေတြ တိမ္းေရွာင္ေနရ

May 5, 2020

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဝင္ေတြရဲ႕ ေနအိမ္ေတြကို ညဘက္မွာ ရဲ အေယာင္ ေဆာင္ထားၿပီး ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ၾကတာျဖစ္ၿပီး အသက္အႏၱရာယ္လည္း ၿခိမ္းေျခာက္တာ ခံေနရတဲ့အတြက္ ဒီလို NLD ပါတီ ဝင္တခ်ိဳ႕ ထြက္ေျပးေနၾကရတယ္လို႔ ေတာင္ကုတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ ကိုယ္စားလွယ္ ဦးမင္းေအာင္က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ ၉ ရက္ေန႔ကလည္း  ေျမာက္ပိုင္းရခိုင္ေလသံနဲ႔ တေယာက္က သတ္ျဖတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ ဖုန္းဆက္ခဲ့ သလို ဧၿပီ ၁၄ ရက္ေန႔ညမွာလဲ လူတစုက ေနအိမ္ၿခံတခါးကို လာဖြင့္ခဲ့ေၾကာင္း၊ ေဆြမ်ိဳးေတြ နဲ႕ ရြာခံေတြေရာက္လာေတာ့မွ ထြက္ေျပးသြားခဲ့ၾကတယ္လို႔ လက္ရွိမွာ တိမ္းေရွာင္ေနရဆဲျဖစ္တဲ့ ဘူးေရႊေမာ္ရြာသား NLD ပါတီရဲ႕ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ဦးသန္းေဌးက ေျပာပါတယ္။ ဦးသန္းေဌးက သူ႔ကိုၿခိမ္းေျခာက္သူေတြဟာ AA အဖြဲ႔ကလို႔ ေျပာပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကကလည္း ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဘူးေရႊေမာ္ေက်းရြာက  ရြာသား ဦးသန္းေရႊ ကို ေမလ ၅ ရက္ေန႔ မနက္အေစာပိုင္းမွာ AA ကလာေရာက္ဖမ္းဆီးသြားတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ NLD ပါတီရဲ႕ ေတာင္ကုတ္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ကိုယ္စားလွယ္ ဦးမင္းေအာင္ကေတာ့ လာေရာက္ဖမ္းသူေတြဟာ သူတို႔ ပါတီဝင္ ဦးသန္းေဌးကိုဖမ္းဖို႔လာတာျဖစ္ၿပီး ဦးသန္းေဌးကိုမရလို႔ သူနဲ႔အရင္းႏွီးဆံုးျဖစ္တဲ့ ဦးသန္းေရႊကို ဖမ္းသြားတာ ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။ ေနအိမ္ေတြကိုလာ ေရာက္ဝိုင္းတဲ့သူေတြဟာ ဘယ္သူဘယ္ဝါေတြျဖစ္တယ္ဆို တာေတာ့ ေသခ်ာမသိဘူးလို႔ ေျပာပါတယ္။

“ခုလို ေတာင္ကုတ္ၿမိဳ႕က NLD ပါတီဝင္ေတြကို ၿခိမ္းေျခာက္သူေတြဟာ AA အဖြဲ႔က ျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး AA အဖြဲ႔ ေျပာခြင့္ရသူ ခိုင္သုခ က NLD ပါတီဝင္ေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ ကိစၥသာျဖစ္ၿပီး AA နဲ႔သက္ဆိုင္မႈမရွိဘူးလို႔ RFA ကို ေျဖၾကားပါတယ္။ AA အဖြဲ႔က လူေတြက ရဲဝတ္နဲ႔ ဖမ္းဆီးဖို႔ႀကိဳးစားတာျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ ဒါဟာ သက္ သက္အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ျဖစ္ေၾကာင္း၊ ဒီကိစၥနဲ႔ AA အဖြဲ႔နဲ႔ ပတ္သက္မႈမရွိေၾကာင္း၊ ဒါဟာ AA အဖြဲ႕အေပၚ အထင္ အျမင္လြဲမွားလာေအာင္ လုပ္ႀကံဖန္တီးခ်က္သာျဖစ္လိမ့္မယ္လို႔လည္း ခိုင္သုခက ေျပာၾကားပါတယ္။ ေတာင္ကုတ္က NLD ပါတီဝင္ေတြရဲ႕ အဆိုအရ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာလည္း အေကာင့္အတုေတြနဲ႔ သူတို႔အေပၚ အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈေတြ ရွိေနတယ္လို႔လည္း RFA ကို ေျပာၾကားပါတယ္။ https://www.rfa.org/burmese/news/rakhine-aa-nld-05062020131215.html

*************

၁၅။     ဟားခါးတကၠသိုလ္တြင္ ထားရွိသည့္ Facility Quarantine လုပ္သူမ်ား ဝင္ေရာက္ပံုမွာ မမွန္ကန္ဟုဆို

May 5, 2020

ဟားခါးတကၠသိုလ္တြင္ ထားရွိသည့္ Facility Quarantine လုပ္သူမ်ားဝင္ေရာက္ပံုမွာ မမွန္ကန္ဟုခ်င္းေဝါလ္မီဒီယာက စံုစမ္း သိရွိရပါသည္။

“၂၉ ရက္ေန႔က ဟားခါးတကၠသိုလ္ ထဲ စဝင္လာတဲ့သူက သူ႔ဟာသူ ဆိုင္ကယ္စီးၿပီးလာတယ္ Positive လူနာနဲ႔ ေခ်ာင္း အတူသြားခဲ့လို႔ Quarantine ဝင္ဖို႔လာတယ္လို႔ ေျပာတယ္။  ရြာထဲကို PPE ဝတ္စံုနဲ႔ ပိုးသတ္ထားတဲ့ ကားနဲ႔ ေခၚတာ မဟုတ္ဘူးလားဆိုေတာ့ ၊ သူတို႔ဟာသူတို႔ ပိုးရွိလူနာႏွင့္ ဆက္စပ္သူ အားလံုးသြားပါ ဆိုေတာ့ လာခဲ့တာပါတဲ့။ ဒုတိယ တစ္ဖြဲ႔ ၾကေတာ့ ဆိုင္ကယ္ ၂ စီး နဲ႕လာတယ္ ၊ Quarantine ဝင္ဖို႔ ၂ ေယာက္ကို ဆိုင္ကယ္နဲ႔လာပို႔တာ သူတို႔ ၂ ေယာက္ကို ခ် ထားၿပီးေတာ့ ဆိုင္ကယ္ေမာင္းတဲ့ ၂ ေယာက္က ျပန္သြားတယ္ ဘာထူးမွာလဲ၊ ၿပီးေတာ့ တစ္ေယာက္က ရဲ နဲ႔ ဆိုင္ကယ္ တစ္စီးစီ နဲ႔ ၂ ေယာက္လာတယ္၊ သားဖြား ဆရာမ တစ္ေယာက္ကလည္း positve လူနာကို ဘယ္မွ မသြားဖို႔ သြားေျပာဖူး တယ္ဆိုၿပီး သူ႔ကိုသူ သံသယရွိလို႔ ဆိုင္ကယ္နဲ႔ သူ႔ဟာသူလာတယ္၊ ၃ဝ ရက္ေန႔ ညေနပိုင္း ၄ ခြဲေလာက္မွာ နည္းနည္း အသက္ႀကီးတဲ့ အသက္ ၅၀ ဝန္က်င္ မိန္းမ ၂ ေယာက္ Quarantine ဝင္ဖို႔ ဆိုၿပီးေတာ့ သူတို႔ ၂ ေယာက္ ထီးေလး အတူ ေဆာင္းၿပီးေတာ့ ကိုယ့္အထုတ္ကို ကိုယ္တိုင္ထမ္းၿပီးေတာ့ လာၾကတယ္၊” ဟု အမည္မေဖာ္လိုသူ တစ္ဦးမွ Chin World media သို႔ ေျပာသည္။ ဟားခါးတကၠသိုလ္တြင္ Quarantine လာပို႔သူမ်ားမွာ ျပန္သြားၿပီ ျဖစ္ၿပီး ေစာင့္ၾကည့္လူနာမွ Positive ျဖစ္လွ်င္ တစ္ၿမိဳ႕လံုး ကူးစက္သြားမည္ကို စိုးရိမ္ေနေၾကာင္းလည္း ဟားခါးတကၠသိုလ္ ဆရာမ တစ္ဦးမွ လည္းေျပာသည္။

“ကြ်န္မတို႔ ရြာကေန ေျခက်င္နဲ႔ ဟားခါးထိလာတာပါ၊ သူတို႔ရြာကို ကားနဲ႔ လာေခၚတုန္းက ကြ်န္မတို႔ ေတာင္ယာမွာအိပ္ေတာ့ ရြာျပန္ေရာက္မွ လူနာနဲ႔ လက္ႏႈတ္ဆက္ခဲ့တယ္ ဆိုေတာ့ ရြာသားေတြကလည္းဝင္ဖို႔ တိုက္တြန္းၾကေတာ့ ဟားခါး လာခါနီးမွာ လည္း ရြာက ဥကၠဌကိုလည္း အေၾကာင္းၾကားတယ္ သူက ဟားခါးသစ္က Gate ကို ေျပာေပးမယ္ ေျပာလို႔ထြက္လာတယ္။ Quarantine လုပ္တဲ့ ေနရာကို ညေန ၅ နာရီေလာက္မွာ ေရာက္ျဖစ္တယ္” ဟု ရြာမွ ေျခက်င္ျဖင့္ လာသူမွ ေျပာသည္။ ဟားခါး တကၠသိုလ္တြင္ Positvie လူနာႏွင့္ ထိေတြ႔ခဲ့သူ ၅၁ ဦးကို ဟားခါးတကၠသိုလ္ထားရွိၿပီး ႏိုင္ငံျခားျပန္မ်ားကို န.တ.လ ေက်ာင္းသို႔ Quarantine လုပ္လ်က္ရွိသည္။ https://www.bnionline.net/mm/news-72625

***************

၁၆။     NCA ထိုးအဖြဲ႔မ်ားႏွင့္ သမၼတ ဖြဲ႕စည္းသည့္ COVID-19 ပူးေပါင္းသည့္ ေကာ္မတီတို႔ အလြတ္ေတြ႕ဆံု

May 6, 2020

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔မ်ားႏွင့္ အစိုးရ၏ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသ ေရးႏွင့္စပ္လ်ဉ္းသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီ ပထမဆံုးအႀကိမ္ အလြတ္ သေဘာေတြ႔ဆံုေဆြးေႏြးခဲ့ၾကသည္။ ေဆြးေႏြးပြဲကို ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC တြင္ ေမလ ၅ ရက္ေန႔ တြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

ေဆြးေႏြးပြဲကို တက္ေရာက္ခဲ့သည့္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF ဒု-ဥကၠ႒ ဦးမ်ိဳးဝင္း က ေတြ႔ဆံုေဆြးေႏြးခဲ့ၾကသည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ေျပာသည္။“အဓိကကေတာ့ COVID- 19 ဆိုင္ရာ ထိန္းခ်ဳပ္ကာကြယ္ေရးပိုင္းရယ္၊ ကုသေရးပိုင္းဆိုင္ရာေတြေပါ့ အဲဒီကိစၥေတြကိုလည္း ေဆာင္ရြက္ၾကမယ္။ ၿပီးရင္ လည္းပဲ နယ္စပ္တစ္ေၾကာ အသီးသီးက ျပန္လာၾကမယ့္ ဒီေရႊ႕ေျပာင္း အလုပ္သမား ကိစၥနဲ႔ပတ္သက္ၿပီး ဘယ္လိုပူးေပါင္း ေဆာင္ရြက္ႏိုင္မလဲ အဲဒီကိစၥေဆြးေႏြးဖို႔အတြက္ကို  ျပင္ဆင္တာပဲ။ အခုကေတာ့ အေသးစိတ္ေဆြးေႏြးပြဲ မဟုတ္ဘူးေပါ့ေနာ္။”ဟု ေျပာသည္။ ယခုျပဳလုပ္သည့္ ေဆြးေႏြးပြဲသည္ အလြတ္သေဘာ ေတြ႔ဆံုေဆြးေႏြးမႈသာျဖစ္ၿပီး တရားဝင္ေဆြးေႏြးပြဲမ်ား ျပဳလုပ္ႏိုင္ရန္ ျပင္ဆင္သည့္ ေဆြးေႏြးပြဲ ဟု  ေျပာသည္။

တရားဝင္အစည္းအေဝးတြင္ ကရင္အမ်ိဳးသား အစည္းအရံုး KNU ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA တို႔၏ COVID- 19 ေရာဂါ ကာကြယ္တားဆီးေရးလုပ္ငန္းတြင္ ႀကံဳေတြ႕ေနရသည့္ တပ္မေတာ္၏ ဟန္႔တား ပိတ္ပင္မႈမ်ားကို လည္း ထည့္သြင္းေဆြးေႏြးသြားမည္ဟု NCA-EAOs အဖြဲ႔မ်ားက ေျပာသည္။ ယေန႔ျပဳလုပ္သည့္ အစည္းအေဝးသို႔ အစိုးရဖက္မွ  ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီ ဒု-ဥကၠ႒ ဒု-ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(ၿငိမ္း)ႏွင့္အတူ ေကာ္မတီဝင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္  NCA လက္မွတ္ေရးထိုးထားသည့္ အဖြဲ႔မွ ဦးမ်ိဳးဝင္းႏွင့္အတူ အျခားေသာ တိုင္းရင္းသား ကိုယ္စားလွယ္မ်ားတက္ေရာက္ခဲ့ၾက သည္ဟု သိရသည္။ https://www.bnionline.net/mm/news-72632

************

၁၇။     ေရြးေကာက္ပြဲအစီအစဉ္အတြက္ ညွိႏိႈင္းဖို႔ ပါတီတခ်ိဳ႕ လိုလား

May 5, 2020

၂၀၂၀ အေထြေထြေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ သေဘာထားတစ္ခုတည္းနဲ႔ မဆံုး ျဖတ္ဘဲ ႏိုင္ငံေရးပါတီေတြ၊ ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီးမွ ဆံုးျဖတ္သင့္တယ္လို႔ ပါတီေခါင္း ေဆာင္ေတြ၊ ေလ့လာသူေတြက တိုက္တြန္းလိုက္ပါတယ္။

တစ္ႏိုင္ငံလံုး ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္ကို ရင္ဆိုင္ေနရခ်ိန္ျဖစ္တာေၾကာင့္ ေရြးေကာက္ပြဲ က်င္းပသင့္၊ မက်င္းပသင့္ကို ေဆြး ေႏြးညွိႏိႈင္းသင့္တယ္လို႔ ၈၈ ေက်ာင္းသားအမ်ားစု ဦးေဆာင္ဖြဲ႔စည္းထားတဲ့ ျပည္သူ႔ပါတီ အေထြေထြအတြင္းေရးမွဴး ဦးရဲႏိုင္ေအာင္က ေျပာပါတယ္။ ၂၀၁၀ နဲ႔ ၂၀၁၅ အေထြအေထြေရြးေကာက္ပြဲေတြကို ႏိုဝင္ဘာလမွာပဲ က်င္းပခဲ့တာေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲကိုလည္း ႏိုဝင္ဘာလကုန္မွာ က်င္းပဖို႔လ်ာထားေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ တာဝန္ ရွိသူေတြက ႏိုင္ငံပိုင္မီဒီယာေတြကတဆင့္ ၿပီးခဲ့တဲ့ရက္ပိုင္းကေျပာထားပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ကို တကယ္ထိန္းခ်ဳပ္ႏိုင္မွသာ ေရြးေကာက္ပြဲကို စဉ္းစားသင့္တယ္လို႔ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါ တယ္။

ဒီအေျခအေနေတြၾကားထဲမွာ ေရြးေကာက္ပြဲကို က်င္းပမယ္ဆိုရင္ မညီမွ်မႈေတြရွိႏိုင္ၿပီး ေကာ္မရွင္အေပၚမွာ ေမးခြန္းထုတ္ စရာ ေတြ ျဖစ္လာမယ္လို႔ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ PACE ရဲ႕ အမႈေဆာင္ ဒါရိုက္တာ ဦးစိုင္းရဲေက်ာ္စြာျမင့္က ေျပာပါတယ္။ ဒီကပ္ေရာဂါအႏၱရာယ္ ႀကံဳေတြ႔ေနရခ်ိန္မွာ ေရြးေကာက္ပြဲက်င္းပမယ္ဆိုရင္ လူစုလူေဝးနဲ႔ မဲဆြယ္ေဟာေျပာရ မယ့္ ႏိုင္ငံေရးပါတီေတြရဲ႕ မဲဆြယ္စည္းရံုးခြင့္အေျခအေန၊ မဲဆႏၵရွင္ေတြ မဲစာရင္းၾကည့္ရႈစစ္ေဆးခြင့္ အပါအဝင္ အခက္အခဲ ေတြ အေတာ္မ်ားမ်ား ႀကံဳေတြ႔ရႏိုင္တယ္လို႔ ေထာက္ျပျကပါတယ္။

စစ္ပြဲေတြျဖစ္ေနတဲ့ တိုင္းရင္းသား ေဒသေတြမွာဆိုရင္ မဲဆႏၵနယ္တိုင္းကို သြားေရာက္ခြင့္၊ ျပည္သူတိုင္းကို မဲဆြယ္စည္းရံုးခြင့္ ရႏိုင္ပါ့မလားဆိုတဲ့ စိန္ေခၚမႈလည္း ရွိေနပါတယ္။ ဒီအေျခအေနမွာ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ေရြးေကာက္ပြဲ က်င္းပ ႏိုင္ဖို႔ ဆိုတာ မလြယ္ဘူးလို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္က ေျပာပါတယ္။ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ လာမယ့္ ၂၁ ရက္ေန႔မွာ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေပးမယ္လို႔  ေၾကညာထားပါတယ္။ လက္ရွိ ႏိုင္ငံေရးပါတီ တစ္ရာနီးပါးရွိၿပီး အားလံုးနီးပါး ၂၀၂၀ ေရြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ ေျခ ရွိပါတယ္။ https://www.rfa.org/burmese/news/2020-election-05052020050408.html

*************

၁၈။     ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ COVID-19 ဆိုင္ရာ ေဆြးေႏြးျခင္းတြင္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္က သထံုေဆးရံု ႏွင့္ ေရးၿမိဳ႕ နယ္ေဆးရံုတို႔၌ အသက္ရွဴစက္ႏွစ္ခုစီရွိဟု ေျပာၾကားခဲ့ေသာ္လည္း ေျမျပင္အေျခအေန ႏွင့္ ကြဲလြဲေနဟု လႊတ္ေတာ္ကိုယ္စား လွယ္ မ်ား ေျပာၾကား May 5, 2020

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ COVID- 19 ဆိုင္ရာ အျပန္အလွန္ ေဆြးေႏြးျခင္း အစီအစဥ္တြင္ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ က သထံုခရိုင္ ျပည္သူ႔ေဆးရံုႏွင့္ ေရးၿမိဳ႕နယ္ျပည္သူ႕ေဆးရံုတို႕၌ အသက္ရွဴစက္ ႏွစ္ခုစီရွိဟု ေျပာၾကားခဲ့ေသာ္လည္း တကယ့္ ေျမျပင္အေျခအေနႏွင့္ ကြဲလြဲမႈရွိေနေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေျပာၾကားသည္။ ေမ ၅ ရက္က ျပဳလုပ္သည့္ ႏိုင္ငံ ေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္မ်ား COVID- 19 ဆိုင္ရာ အျပန္အလွန္ေဆြးေႏြးျခင္း အစီးအစဥ္တြင္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက သထံုခရိုင္ ျပည္သူ႔ေဆးရံုႏွင့္ ေရးၿမိဳ႕နယ္ျပည္သူ႔ေဆးရံုတို႔၌ အသက္ရွဴစက္ႏွစ္ခုစီရွိဟု ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“မြန္ျပည္နယ္ ေမာ္လၿမိဳင္ေဆးရံုႀကီးမွာ Ventilator ေလးခုရွိပါတယ္။ သထံုမွာ Ventilator ႏွစ္ခုရွိပါတယ္။ ေရးၿမိဳ႕နယ္မွ Ventilator ႏွစ္ခုရွိပါတယ္” ဟု မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက ေျပာၾကားသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုတြင္ အသက္ရွဴစက္ (Ventilator) မရွိသည့္အျပင္ သထံုခရိုင္ ျပည္သူ႕ ေဆးရံုတြင္ လည္း Portable Ventilator စက္တစ္လံုးသာရွိဟု နယ္ေျမခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ျပန္လည္ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

“ကြ်န္ေတာ္တို႔ အရင္ကထင္ထားတာက ေက်ာက္ကပ္ေဆးတဲ့စက္မွာ အသက္ရွဴစက္သံုးရတယ္လို႔ သိထားတယ္။ အဲဒါနဲ႔ သထံုခရိုင္ေဆးရံုမွာ အဲဒီစက္တစ္လံုးရွိတယ္။ ေနာက္ Portable Ventilator တစ္လံုးရွိတယ္ ထင္ေနတာ။ ညေနကဘဲ သထံု ခရိုင္ေဆးရံုအုပ္ႀကီးကို လွမ္းၿပီးအတည္ျပဳေတာ့ ေက်ာက္ကပ္ေဆးတဲ့စက္မွာ အသက္ရွဴစက္မရွိဘူး။ Portable Ventilator စက္တစ္လံုးတည္းရွိတယ္လို႔ ေျပာပါတယ္။ ICU Ward ေတြမွာသံုးတဲ့ Ventilator စက္ေတာ့ မရွိဘူးလို႔သိရတယ္” ဟု ဦးေအာင္ေက်ာ္သူက ဆိုသည္။ https://news-eleven.com/article/172288

************

၁၉။     ရေသ့ေတာင္မွာ ေက်ာင္းဆရာမတစ္ဦး မိုင္းထိလို႔ ဒဏ္ရာရ

May 5, 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ေက်းရြာ မူလတန္းလြန္ေက်ာင္းက ဆရာမ ေဒၚခ်ိဳဇင္ေအာင္ ေမလ ၃ ရက္ ေန႔ မနက္ပိုင္းက မိုင္းထိသြားတဲ့အတြက္ စစ္ေတြၿမိဳ႕က အမွတ္ ၁၇ ကုတင္ ၁၀ဝ စစ္ေဆးရံုမွာ ပို႕ေဆာင္ကုသေနရတယ္လို႔ သိရပါတယ္။ ဆရာမဟာ ရေသ့ေတာင္ၿမိဳကနယ္က ခမရ ၅၃၆ တပ္ထဲမွာေနထိုင္သူျဖစ္ၿပီး ေမာ္ေတာ္ဆိုင္ကယ္နဲ႔ မိခင္ျဖစ္သူ အတြက္ ႏြားႏုိ႔ထြက္ဝယ္စဥ္မွာ အခုလိုျဖစ္တာလို႔သိရပါတယ္။ ျဖစ္စဥ္မွန္ကန္ေၾကာင္းနဲ႔ ေျခေထာက္တစ္ဖက္ထိခိုက္သြားလို႔ ရန္ကုန္မဂၤလာဒံုစစ္ေဆးရံုကိုကိုပို႔ေဆာင္ ကုသမယ္လို႔ သတင္းၾကားတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ပညာေရးလုပ္သားသမဂၢ အဖြဲ႔ဝင္ ကိုစိုးလင္းဦး က RFA ကိုေျပာပါတယ္။

ANP ပါတီရဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကေတာ့ ဒီျဖစ္စဥ္ကိုမသိရေသးေၾကာင္း ေျပာပါတယ္။ ရေသ့ေတာင္ကို ညေနမွ ခရီးကျပန္ေရာက္မွာျဖစ္လို႔ ျဖစ္စဥ္ကို စံုစမ္းမယ္လို႔ ေျပာပါတယ္။ တခ်ိန္ထဲမွာလည္း တပ္မေတာ္နဲ႔ AA အၾကား စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ငေတာက္တူေခ် ရြာေဟာင္းနဲ႔ ရြာသစ္ ႏွစ္ရြာလံုး မီးေလာင္ေနၿပီး တစံုတေယာက္က ရိႈ႕တဲ့ မီးေတြလို႔ ေဒသခံေတြက ေျပာၾကပါတယ္။ အဲဒီရြာႏွစ္ရြာဟာ ရေသ့ေတာင္ၿမိဳ႕နယ္ရဲ႕ ေျမာက္ဘက္ တစ္မိုင္ေလာက္အကြာ အစိုးရတပ္မေတာ္ ခမရ ၅၃၈ ရဲ႕ ေခ်ာင္းတစ္ဖက္မွာရွိတာျဖစ္ၿပီး ႏွစ္ရြာေပါင္း အိမ္ေျခ ၁၀ဝ ေက်ာ္နဲ႔ လူဦးေရ ၇၀ဝ ေက်ာ္ရွိတယ္လို႔သိရ ပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့  ရေသ့ေတာင္ဘက္မွာ တိုက္ပြဲျဖစ္ပြား တာမရွိေၾကာင္း၊ ရြာႏွစ္ရြာ မီးရိႈ႕ခံရတယ္ဆိုတာ ဟုတ္မွန္ၿပီး တပ္မေတာ္ဘက္က တပ္နဲ႔နီးလို႔ ရည္ရြယ္ခ်က္ရွိရွိ တမင္ရြာေတြ ကို မီးရိႈ႕တာျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီစြပ္စြဲခ်က္နဲ႔ပတ္သက္ၿပီး RFA က သီးျခား အတည္ျပဳႏိုင္ျခင္းေတာ့ မရွိပါဘူး။ ရခိုင္ လူမ်ိဳးေတြနဲ႔ ေက်းရြာသားေတြအေပၚမွာ တပ္မေတာ္က တမင္ရည္ရြယ္ခ်က္ရွိရွိ ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္ဆိုတဲ့ စြပ္စြဲ ခ်က္ေတြနဲ႔ပတ္သက္လို႔ေတာ့ တပ္မေတာ္အေနနဲ႔ အရပ္သားျပည္သူေတြအေပၚ တမင္သက္သက္ တိုက္ခိုက္တာမ်ိဳးမရွိ ေၾကာင္း၊ ေက်းရြာေတြကို အေျချပဳၿပီး တိုက္ပြဲေဖာ္ေဆာင္တာ ေရွာင္ရွားဖို႔နဲ႔ အရပ္သားေတြကိုအကာကြယ္ယူ တိုက္ခိုက္တာ မ်ိဳး AA အေနနဲ႔ ေရွာင္ရွားဖို႔လိုေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အရင္က RFA ကို မၾကာခဏ ေျဖၾကားထားပါတယ္။ https://www.rfa.org/burmese/news/yathaetaung-mine-one-teacher-wound-0505202008 1003.html

************

၂၀။     ကယားျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝးတြင္ ဘတ္ဂ်က္ကိစၥေဆြးေႏြး

May 7, 2020

ျပည္ေထာင္စုဘတ္ဂ်က္ပါ ဌာန ၆၀ ေက်ာ္ရဲ႕ စုစုေပါင္းအသံုးစရိတ္ဟာ  ေဒသဆိုင္ရာဌာန ၂၄ ခုရဲ႕ စုစုေပါင္းအသံုးစရိတ္ ထက္ ဘတ္ဂ်က္အရ နည္းေနတယ္လို႔ ကယားျပည္နယ္လႊတ္ေတာ္  ျပည္သူ႔ေငြစာရင္း ‌ေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီက ေျပာပါတယ္။ ေမလ ၇ ရက္က က်င္းပတဲ့ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝးမွာ  ျပည္နယ္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးေမာ္ေမာ္ရဲ႕ ၂၀၂၀-၂၀၂၁ ခုႏွစ္အတြက္ ကယားျပည္နယ္ရဲ႕ ဘ႑ာေငြ အရသံုးစာရင္းနဲ႔ ပတ္သက္ၿပီး  ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္ စစ္ေဆးေရးအဖြဲ႔ဝင္ ဖရူဆိုၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ထြန္း (ခ)ေနာ္အီးက  ေျပာပါတယ္။

“ျပည္ေထာင္စုမွ လိုေငြေထာက္ပံ့ေၾကး ၇၉ ဒသမ ၉ ဘီလီယံေက်ာ္ႏွင့္ ေဒသတြင္း အမွန္တကယ္ရေငြ ၉ ဘီလီယံေပါင္း ၈၈ ဒသမ ၉၃ ဘီလီယံကို  ေဒသဘတ္ဂ်က္ဌာန ၂၄ ဖြဲ႕ကသာ သံုစြဲေနတာျဖစ္လို႔  ဘတ္ဂ်က္အရ အလြန္မ်ားျပားေနတာကို ေတြ႔ရပါတယ္။ ျပည္ေထာင္စုဘတ္ဂ်က္ပါ ဌာန ၆၀ ေက်ာ္ စုစုေပါင္းအသံုးစရိတ္မွာ ေဒသဘတ္ဂ်တ္ပါ  ဌာန ၂၄ ခုရဲ႕ စုစုေပါင္း အသံုးစရိတ္နဲ႔ သိပ္မကြာတာေၾကာင့္  ျပည္ေထာင္စု ဘတ္ဂ်က္ပါ ဌာနမ်ားမွာ ဘတ္ဂ်က္ အရနည္းလ်က္ရွိၿပီး ေဒသဘတ္ ဂ်က္ ဌာနေတြက အရမ်ားေနတာကို  သံုးသပ္ေတြ႔ရွိရပါတယ္။

၂၀၂၀-၂၀၂၁ခု လ်ာထားခ်က္မွ ခန္႔မွန္းေငြစာရင္းမွာ  ရေငြ ၈၈ ဒသမ ၉၃ ဘီလီယံျဖစ္ၿပီး သံုးေငြ စုစုေပါင္းမွာလည္း ၈၈ ဒသမ ၉၃ ဘီလီယံ ျဖစ္ပါတယ္။ အမွန္တကယ္ရေငြမွာ ၈ ဘီလီယံေက်ာ္သာရွိၿပီး ျပည္ေထာင္စုကေန ေထာက္ပံ့ေငြ ၇၉ ဒသမ ၉ ဘီလီယံေက်ာ္ ေထာက္ပံ့ေပးထားတာေတြ႔တယ္လို႔ ဆိုပါတယ္။ ဒီေနာက္ ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္ စစ္ေဆး ေရးေကာ္မတီရဲ႕ စိစစ္ခ်က္အစီရင္ခံစာကို တင္ျပခဲ့ၿပီး ဒီအေပၚ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အႀကံျပဳေဆြးေႏြး ႏိုင္ဖို႔ အမည္စာရင္းတင္သြင္းႏိုင္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠ႒က ေၾကညာခဲ့ပါတယ္။ မနက္ျဖန္မွာေတာ့ ဘတ္ဂ်က္ ေငြစာရင္းလ်ာထားခ်က္နဲ႔ပတ္သက္ၿပီး   အတည္ျပဳမျပဳ ဆက္လက္ေဆြးေႏြးဖို႕ရွိေနပါတယ္။ http://burmese.dvb.no/arch ives/386602

*************

၂၁။     ရာေမာင္တံတားအနီး ေဈးသည္အမ်ိဳးသမီး ၁ ဦး လက္နက္က်ည္ထိမွန္ ဒဏ္ရာရ

May 7, 2020

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားေအာက္မွာ ေဈးဆိုင္ေရာင္းခ်ေနတဲ့ အမ်ိဳးသမီးတဦး  ဧၿပီ ၇ ရက္ မြန္းလြဲ ၂ နာရီ ဝန္းက်င္ေလာက္က လက္နက္ငယ္က်ည္ထိမွန္  ဒဏ္ရာရရွိသြားပါတယ္။ ရာေမာင္တံတားနားက အမ္းသားေက်းရြာက ေဈးေရာင္းသူ ေဒၚေအးခ်မ္းခိုင္ အသက္ ၃၆ ႏွစ္ဟာ လက္နက္ငယ္က်ည္ထိမွန္ခဲ့တာေၾကာင့္ ဘယ္ဘက္ေျခသလံုးမွာ က်ည္ ေဖာက္ဝင္သြားလို႔ မင္းျပားျပည္သူ႔ေဆးရံုမွာ ေဆးကုသမႈခံယူေနရတယ္လို႔ ကာယကံရွင္ ေဒၚေအးခ်မ္းခိုင္က ဒီဗြီဘီကို ေျပာ ပါတယ္။

“ေန႔လယ္ ၂ နာရီေလာက္ကျဖစ္မယ္ က်မက  ရာေမာင္တံတားေအာက္ေဈးဆိုင္ဖြင့္ၿပီး ဆိုင္ေရာင္းေနတာ။ ကေလးနဲ႔အတူ ထိုင္ေနတာ။ အဲ့ဒီအခ်ိန္မွာ က်ည္က က်မဆီကိုလာထိတယ္။ ေျခသလံုးကို ေဖာက္ဝင္သြားတယ္။ သားကေတာ့ဘာမွ မျဖစ္ ဘူး။ ရာေမာင္တံတားအနားမွာ တပ္မေတာ္က တပ္စြဲထားတာရွိတယ္။ ဘယ္ကပစ္လိုက္မွန္းေတာ့က်မ မသိဘူး။ လက္ရွိမွာ ေတာ့ ေျခသလံုးမွာ က်ည္ဝင္သြားတာေၾကာင့္ မင္းျပားေဆးရံုကို ေရာက္ရွိေနၿပီး ဓာတ္မွန္ရိုက္ကူးထားတာ အေျဖသိရဖို႔ေစာင့္ ဆိုင္းေနတယ္”ဒဏ္ရာက အသက္အႏၱရာယ္ စိုးရိမ္စရာမရွိေပမယ့္ လမ္းမေလွ်ာက္ႏိုင္ဘူးလို႔လည္း ေဒၚေအးခ်မ္းခိုင္က  ေျပာပါတယ္။

အဆိုပါပစ္ခတ္မႈဟာ ဘယ္လက္နက္ကိုင္အဖြဲ႔ရဲ႕ လက္ခ်က္လည္းဆိုတာကိုေတာ့ မသိရေသးသလို ဘယ္လက္နက္ကိုင္ အဖြဲ႔ အစည္းကမွလည္း သူတို႔ရဲ႕လက္ခ်က္လို႔ ထုတ္ေဖာ္ဝန္ခံေလ့မရွိပါဘူး။ သဂၤဟကမ္းလက္လက္ရကၡိတအဖြဲ႔အသင္းဥကၠ႒ ကိုအမ္းသားႀကီးက “ ဒီေန႔ကေတာ့ တိုက္ပြဲျဖစ္တာေတာ့ မၾကားမိဘူး။ ေလယာဥ္နဲ႔လာပစ္ေနတာေတြရွိတယ္။ လက္နက္ႀကီး ေတြနဲ႔ ပစ္ခတ္ေနတာေတြရွိတယ္။ ေနာက္ၿပီး ရာေမာင္နားက ေရတပ္ ကလည္း ပစ္ခတ္ေနတာေတြရွိတယ္။ ေတာင္ကုန္းေတြ ကို လက္နက္ႀကီးေတြနဲ႔ ပစ္ေနတာေတြရွိေနတယ္။ ဖံုသာေခ်ာင္းဘက္ ေတာင္တန္းေတြကို တေလွ်ာက္ပစ္ေနတာေတြရွိေန တယ္။ တိုက္ပြဲနဲ႔ မသက္ဆိုင္ပဲ ရခိုင္ျပည္နယ္အတြင္း အရပ္သားေတြ ေသဆံုးတာ၊ ဖမ္းဆီးခံေနရတာ၊ ညွဥ္းပန္း ႏွိပ္စက္ခံရၿပီး  ေသဆံုးတာေတြမ်ားျပားလာေနပါတယ္။” လို႔ ေျပာပါတယ္။ http://burmese.dvb.no/archives/386621

************

၂၂။     ကန္ပိုင္တီ Quarantine မ်ားကို ျမစ္ႀကီးနားသို႔ ေျပာင္းေရြ႕ရန္စီစဥ္ေန

May 5, 2020

တရုတ္နယ္စပ္ ကန္ပိုင္တီနယ္စပ္တြင္ထားရွိေသာ Quarantine မ်ားကို ျမစ္ႀကီးနားသို႔ ေရႊ႕ေျပာင္းရန္ ျပည္နယ္အစိုးရက စီစဥ္ ေနေၾကာင္း သိရသည္။

လက္ရွိ Quarantine မ်ားကို ထားရွိေသာေနတြင္ မိုးရာသီဝင္လွ်င္ မလံုၿခံဳေတာ့သျဖင့္ ျမစ္ႀကီးနားႏွင့္ ဝိုင္းေမာ္ၿမိဳ႕သို႔ ေရႊ႕ေျပာင္းထားရန္ လိုအပ္ေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားရင္းျမစ္ဝန္ႀကီးက ေျပာသည္။ “Quarantine ေတြကို ထားဖို႔ ျပညန္နယ္အစုိးရက လုပ္ေပးႏိုင္တာက အေဆာက္အဦးဘဲ လုပ္ေပးႏိုင္တယ္။ အေဆာက္အဦး ဆိုေပမယ့္လည္း မိုးကာနဲ႔ဘဲ အျဖစ္သေဘာ ေဆာက္ထားေပးတယ္။ ေနာက္ ျပည္ေတာ္ျပန္အလုပ္သမားေတြအတြက္ က်န္းမာေရးဆိုလည္း စိတ္ပူရတယ္။ ကန္ပိုက္တီဆိုရင္လည္း ကခ်င္ျပည္နယ္မွာ အျခားေဒသေတြနဲ႔မတူဘဲ အလြန္ေအးတဲ့ ေဒသျဖစ္တယ္။ အခုဆို မိုးရာသီခ်ိန္ေရာက္လာၿပီ။ အကယ္ႈမ်ား မထင္မွတ္ဘဲ ေလမုန္တိုင္းေတြ လာမယ္ဆိုရင္ စိုးရိမ္စရာရွိ ပါတယ္။ ဒါေၾကာင့္ ေရႊ႕ေျပာင္းေနထိုင္သင့္ေနတယ္”ဟု သူကေျပာသည္။

လက္ရွိ ကန္ပိုက္တီတြင္ ၂၁ ရက္ Quarantine ခံယူေနသည့္ ျပည္ေတာ္ျပန္အလုပ္သမား ၄၀၀ ေက်ာ္ရွိေနၿပီး ထိုသူမ်ားကို ျမစ္ႀကီးနား သတ္မွတ္ေနရာမ်ားသို႔ ေရႊ႕ေျပာင္းရန္ျပင္ဆင္ေနျခင္းျဖစ္သည္။ ျပည္ေတာင္ျပန္ Quarantine ဝင္ေနသူမ်ားကို ျပည္နယ္အစိုးရ ဘတ္ဂ်က္ျဖင့္ ကူညီေထာက္ပံ့ရန္ အစီစဥ္မရွိေသးသျဖင့္ အလွဴရွင္မ်ားျဖင့္သာ ဆက္လက္ရပ္တည္သြားရ မည္ဟု သိရသည္။ ကခ်င္ျပည္နယ္အတြင္း Quarantine စင္တာ ၂၆၀ ခန္႔ရွိၿပီး တရုတ္ျပည္ လြယ္ဂ်ယ္ဂိတ္ႏွင့္ ကန္ပိုက္တီ ဘက္မွ ျပန္လာသည့္ ကခ်င္ျပည္နယ္ ျပည္တြင္းႏွင့္ျပည္ပ စုစုေပါင္း ၅၃၄၆ ဦး ရွိေနၿပီဟု ျပည္နယ္အစိုးရထံမွ သိရသည္။https://burmese.kachinnews.com/20 20/05/05/%e1%80%80%e1%80%94%e1%80%ba%e1%80%95%e1

***********

၂၃။     ရခိုင္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၄) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ ကြယ္လြန္

May 7, 2020

ရခိုင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၄) မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္သည္ ဦးေႏွာက္အေျမွးပါးေရာင္ ေရာဂါျဖင့္ ေမ ၆ ရက္ နံနက္က စစ္ေတြၿမိဳ႕ ျပည္သူ႕ေဆးရံုတြင္ ကြယ္လြန္ခဲ့ေၾကာင္း ၎ႏွင့္ နီးစပ္သည့္ ကိုယ္စားလွယ္အခ်ိဳ႕ ၏ ေျပာၾကားခ်က္အရ သိရသည္။

ဦးေက်ာ္ေက်ာ္သည္ ၂၀၁၀ ႏွင့္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ ႏွစ္ႀကိမ္ဆက္ အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သည္။ ဦးေက်ာ္ေက်ာ္သည္ ၂၀၁၅  အေထြေထြေရြးေကာက္ပြဲတြင္ ရခိုင္အမ်ိဳးသားပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏိုင္ရရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္အတြင္း ပါတီမွ ႏုတ္ထြက္ကာ ရခိုင့္ဦးေဆာင္ပါတီသို႔ ဝင္ေရာက္ကာ ပါတီ၏ ဗဟိုအႀကံေပးေကာင္စီဝင္အျဖစ္ ေဆာင္ ရြက္ခဲ့ေျကာင္း သိရသည္။

ဦးေက်ာ္ေက်ာ္သည္ ေျမာက္ဦးၿမိဳ႕ ေတာင္ရပ္ (ဘီအိုစီရပ္ကြက္) ဇာတိျဖစ္ၿပီး ဥပေဒဘြဲ႕ရတစ္ဦးျဖစ္ကာ အၿငိမ္းစား အထက္ တန္းျပ ေက်ာင္းဆရာတစ္ဦးလည္း ျဖစ္သည့္အျပင္ ၎ကြယ္လြန္မႈအေပၚ ရခိုင္ဦးေဆာင္ပါတီက ဝမ္းနည္းေၾကာင္း သဝဏ္ လႊာ ထုတ္ျပန္ခဲ့သည္။ https://news-eleven.com/article/172573

*************

၂၄။     ဟားခါးၿမိဳ႕ Facility Quarantine  ထားရွိမႈတြင္ အဆင္ေျပေနေသာ္လည္း အစိုးရ ကူညီမႈေၾကာင့္မဟုတ္ဟုဆို

May 7, 2020

ဟားခါးတကၠသိုလ္တြင္ Facility Quarantine ထားရွိသူမ်ားသည္ အျပင္မွ အဖြဲ႔အစည္းမ်ား ကူညီမႈေၾကာင့္သာ အဆင္ေျပေန ၿပီး အစိုးရဘက္မွ ကူညီမႈတစ္ခုမွမရွိဟု ေစာင့္ၾကည့္ လူနာ တခ်ိဳ႕ထံမွသိရသည္။ “ကြ်န္ေတာ္တို႔က အဆင္ေျပတယ္။ အျပင္က အဖြဲ႔စည္းေလးေတြ ကူညီေပးလို႔ေပါ့ေနာ္ ဒါေပမယ့္အဆင္ေျပတယ္ဆိုတာ အစိုးရကူညီတာ တစ္ခုမွမရွိဘူး ၊ အျပင္က အဖြဲ႔ စည္းေတြ ဘာသာေရးေတြ ဒါေတြေၾကာင့္ အဆင္ေျပတာပါ” ဟု Facility Quarantine ဝင္ Pu Cia That က ေျပာသည္။

အိမ္သာ၊သန္႔ရွင္းေရးတြင္လည္း အတြင္းက်က် လုပ္ေဆာင္မႈမရွိပဲ အျပင္မွသာ ေစာင့္ေရွာက္မႈ မ်ားလုပ္ေနျခင္းေၾကာင့္ အခက္ခဲမ်ားရွိေနၿပီး က်န္းမာေရးဝန္ထမ္းမ်ား အေနျဖင့္လည္း အတြင္းက်က် ေစာင္ရြက္မႈ႔မရွိဟုလည္း သိရသည္။ အိမ္သာကို ေစာင့္ၾကည့္လူနာမ်ားမွ ကိုယ္ထူကိုယ္ထ ျပင္ဆင္မႈမ်ားလုပ္ခဲ့ၿပီး ယခုမွသာ အနည္းႏွင့္အမ်ား အသံုးျပဳနိုင္သည္ဟုသိရသည္။ “ကြ်န္ေတာ္တို႔ ဝင္လာကတည္းက သူတို႔ လံုးဝမစီစဥ္ခဲ့တာက ေရနဲ႔ အိမ္သာျဖစ္တယ္၊ ေရကအခုထိလည္း ပံုမွန္လာတာမရွိၿပီး ကြ်န္ေတာ္တို႔ ေျပာမွ ဖြင့္ေပးတယ္၊ အိမ္သာက သူတို႔လည္း အထဲဝင္ၿပီးလုပ္ဖို႔ အဆင္မေျပေတာ့ ကိုယ့္ဟာကိုပဲလုပ္ေနတယ္၊ အိမ္သာပိုက္ေတြထဲ မွာလည္း ရြံ႕ေတြပဲ ျပည့္ေနတယ္ ၊မေန႔က နည္းနည္း ကိုယ့္ဟာကိုယ္ ျပင္လိုက္ေတာ့ အခု နည္းနည္း သံုးလို႔ ရတဲ့ဟာေတြေတာ့ ရွိလာပါၿပီ၊”ဟု Facility Quarantine ဝင္သူ တစ္ဦးက ေျပာသည္။ လက္ရွိဟားခါးတကၠသိုလ္တြင္ Facility Quarantine ထားရွိသူ ၅၁ ဦးရွိၿပီး ၄၈ ဦး မွာ Negative ျဖစ္ၿပီး က်န္သံုးဦးမွာ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။ https://www.bnionline.net/mm/news-72662

************

၂၅။     ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ဦးေဆာင္ၿပီး Mask ကမ္ပိန္းျပဳလုပ္မႈ လူစုလူေဝး ျဖစ္ေပၚခဲ့သျဖင့္ ေဝဖန္ခံရ

May 7, 2020

ရွမ္းျပည္နယ္အစိုးရအဖြဲ႔က ဦးေဆာင္ၿပီး Mask ကမ္ပိန္းျပဳလုပ္မႈ လူစုလူေဝးျဖစ္ေပၚခဲ့သျဖင့္ ေဝဖန္မႈမ်ားရွိခဲ့သည္။ ေတာင္ႀကီးၿမိဳ႕တြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္ ဦးေဆာင္၍ ျပဳလုပ္ၿပီး ရွမ္းေတာင္ ၿမိဳ႕နယ္ေပါင္း ၂၁ ၿမိဳ႕နယ္တြင္ တၿပိဳင္နက္ထဲ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ေတာင္ႀကီၿမိဳ႕ မီးပံုးပ်ံကြင္းအေပါက္ဝ တြင္ ေမ ၇ ရက္ နံနက္ ၇ နာရီတြင္ စတင္၍ ကမ္ပိန္းျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ ပရဟိတလူမႈေရး အသင္းအဖြဲ႕မ်ား စသျဖင့္ အဖြဲ႔အစည္းေပါင္းစံုတို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႔တို႔ သည္ အေဝရာကုန္းသာယာကြင္းေဘးရွိ လမ္းမေပၚတြင္ ေရာင္းခ်ေနေသာ ယာယီပ်ံက် ေဈးသည္မ်ားႏွင့္ ေဈးဝယ္သူမ်ား အား Mask ေပးေဝျခင္း၊ လက္ေဆးရည္၊ အသိပညာေပး လက္ကမ္းစာေစာင္မ်ားကို ေပးေဝခဲ့ေၾကာင္း သိရသည္။

အလားတူ ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ေတာင္ႀကီး၊ ေညာင္ေရႊ၊ ေရႊေညာင္၊ ဟိုပံုး၊ ဆီဆိုင္၊ ပင္ေလာင္း၊ လြိဳင္လင္၊ ပင္လံု၊ ဟဲဟိုး၊ ေအာင္ပန္း၊ ကေလာ၊ ပင္ျဖစ္၊ အင္ေတာ၊ ရပ္ေစာက္၊ နမ့္စန္၊ ဖယ္ခံု၊ မိုးၿဗဲ၊ ရြာငံ၊ ပင္းတယ၊ ေအးသာယာ၊ လင္းေခး၊ ေမာက္မယ္၊ မိုးနဲ၊ မိုင္းပန္ စသည့္ၿမိဳ႕မ်ားတြင္လည္း Mask ကမ္ပိန္းမ်ား တစ္ၿပိဳင္နက္ျပဳလုပ္ခဲ့သည္။ ထို႕ျပင္ ရွမ္းအေရွ႕ႏွင့္ ရွမ္းေျမာက္တို႔တြင္လည္း ဆက္လက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ကမ္ပိန္းျပဳလုပ္ရာတြင္လည္း Social Distancing ကို လိုက္နာေဆာင္ရြက္ေပးၾကရန္၊ တစ္ေယာက္ႏွင့္ တစ္ေယာက္ ေျခာက္ေပခြာၿပီး လူစုလူေဝး မျဖစ္ေပၚေစေရးကို အထူးသတိထား ေဆာင္ရြက္ေပးၾကပါရန္ သတိေပး ႏိႈးေဆာ္ထားၿပီး၊ ပရဟိတ အသင္းအဖြဲ႔မ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ အရပ္ဘက္ အဖြဲ႔အစည္းမ်ား ဌာနဆိုင္ရာမ်ားအားလံုးပူးေပါင္း ပါဝင္ ေပးၾကရန္ တိုက္တြန္းထားေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာၾကားသည္။ ယင္းသို႔ ေျပာၾကားမႈမ်ား ရွိခဲ့ေသာ္လည္း လူစုလူေဝးမ်ားျဖစ္ေပၚခဲ့သျဖင့္ ေတာင္ႀကီးၿမိဳ႕ခံအခ်ိဳ႕က လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ေဝဖန္မႈမ်ား ထြက္ ေပၚလာခဲ့ၿပီးေနာက္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ျပန္လည္ ေတာင္းပန္ခဲ့ရ သည္။ အဆိုပါ Mask ကမ္ပိန္းကို တစ္ပတ္လွ်င္ တစ္ႀကိမ္ခန္႔ တစ္လၾကာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးစိုးညြန္႕လြင္က ေျပာ ၾကားသည္။ https://news-eleven.com/article/172567

*************

၂၆။     တရားရံုးက လႊတ္ေပးသည့္ ေတာင္ကုတ္ ေဒသခံ ၅ ဦး ဗံုးခြဲမႈျဖင့္ ျပန္အဖမ္းခံရ

May 7, 2020

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဆားျပင္ေက်းရြာမွ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ ဖမ္းဆီးခံထားရေသာ ေဒသခံ ၅ ဦးကို ယေန႔ ေမလ ၇ ရက္ေန႔က အေထာက္အထား မခိုင္လံု၍ ၿမိဳ႕နယ္တရားရံုးက ျပန္လႊတ္ေပးခဲ့ေသာ္လည္း ထပ္မံ ျပန္ အဖမ္းခံလိုက္ရေၾကာင္း သတင္းရရွိသည္။ အဆိုပါ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဆားျပင္ေက်းရြာမွ ေဒသခံ ၅ ဦးကို ဧၿပီလ ၅ ရက္ေန႔ က တပ္မေတာ္သားမ်ား အပါအဝင္ ၊ ရဲတပ္ဖြဲ႔ဝင္မ်ားက စစ္ေဆးစရာရွိသည္ဟုဆိုကာ ေခၚယူခဲ့ၿပီးေနာက္ ရကၡိဳင္စစ္တပ္ (AA) ႏွင့္ပတ္သက္ ဆက္ႏြယ္မႈရွိသည္ဟုဆိုကာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ ဖမ္းဆီး ခ်ဳပ္ေႏွာင္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ အၾကမ္းဖက္ ဥပေဒျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ယေန႔တြင္ ခ်ဳပ္ရမန္ သက္တမ္းေစ့သည့္အတြက္ ေတာင္ကုတ္ ၿမိဳ႕နယ္ တရားရံုသို႔ တရားစြဲတင္ရာတြင္ အေထာက္အထား ခိုင္လံုမႈမရွိသျဖင့္ တရားရံုးမွ ျပန္လႊတ္ေပးခဲ့ေသာ္လည္း ေနာက္ ထပ္ ဗံုးေဖာက္ခြဲမႈတခုျဖင့္ ထပ္မံဖမ္းဆီး ထိန္းသိမ္းခဲ့ရလိုက္ရျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။ ယင္းဖမ္းဆီးခံ ထားရသူ ဆားျပင္ေက်းရြာသား ၅ ဦးမွာ ဦးၿပံဳးခ်ိဳ၊ ဦးသန္းႏိုင္၊ ဦးလွျဖဴ၊ ဦးေအာင္ထူး၊ ဦးေအာင္ျမင့္တို႔ ျဖစ္ၿပီး ၎ထဲမွ ဦးၿပံဳးခ်ိဳ မွာ ရခိုင္အမ်ိဳးသားပါတီ (ANP) ဝင္ တဦးျဖစ္ေၾကာင္း သိရသည္။

ေတာင္ကုတ္ၿမိဳ႕နယ္ ANP ပါတီမွ ဒုဥကၠ႒ ဦးေဖၾကြယ္ က “ပထမ ဖမ္းတုန္းေတာ့ သူတို႔ကို စည္းရံုး ေဟာေျပာတယ္။ ေငြေၾကး ေကာက္ခံတယ္။ ရိကၡာပို႔တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ဖမ္းတာ။ ဒီေန႔ သက္ေသအေထာက္အထား မခိုင္လံုလို႔ တရားရံုးက လြတ္ေပး လိုက္ၿပီး နာရီဝက္ေလာက္အျကာမွာ ေနာက္ထပ္ ဗံုးေဖာက္ခြဲမႈနဲ႔ ထပ္ဖြင့္ၿပီးေတာ့ ခ်ဳပ္ရမန္ ယူသြားတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ ဗံုးခြဲမႈျဖင့္ ရဲတပ္ဖြဲ႕မွ ခ်ဳပ္ရမန္ေတာင္းခဲ့ရာတြင္ ေတာင္ကုတ္ၿမိဳ႕နယ္ တရားရံုးမွ ေမလ ၁၁ ရက္ေန႔အထိ ခ်ဳပ္ရမန္ ၄ ရက္သာ ေပးလိုက္ေၾကာင္းလည္း သိရသည္။

ေတာင္ကုတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏိုင္ကေတာ့ ၎ဆားျပင္ေက်း ရြာသား ၅ ဦး၏ အမႈကို တပ္မေတာ္က တရားလို လုပ္ တိုင္တန္းထားျခင္းျဖစ္ၿပီး ေတာင္းကုတ္ၿမိဳ႕နယ္အတြင္း ဗံုးေဖာက္ခြဲသည့္ ျဖစ္စဥ္မ်ားရွိသည့္အတြက္ ဆက္စပ္မႈ ရွိမရွိ ဆို သည္ကို စစ္ေဆးရန္ ထပ္မံအမႈဖြင့္ စစ္ေဆးေနျခင္းသာျဖစ္ေၾကာင္း ေျပာသည္။ လက္ရွိအခ်ိန္တြင္ ေတာင္ကုတ္ၿမိဳ႕နယ္ အတြင္း ႏိုင္ငံေရးပါတီမ်ားအၾကားတြင္ ရႈပ္ေထြးမႈမ်ား ျဖစ္ေပၚေနသည့္အတြက္ ၿမိဳ႕လံုၿခံဳေရးကို တင္းၾကပ္ထား ေၾကာင္းလည္း ေဒသခံမ်ားထံမွ သိရသည္။ https://burma.irrawaddy.com/news/2020/05/07/222151.html

*************

၂၇။     ညမထြက္ရအမိန္႔ ထုတ္ထားခ်ိန္ ျမဝတီတြင္ ငါးဂိမ္းေလာင္းကစား႐ံု ဖမ္းမိ

May 6, 2020

ျမဝတီၿမိဳ႕တြင္ အေရးေပၚကာလ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားေသာ္လည္း လုိက္နာမႈမရွိဘဲ ငါးဂိမ္းေလာင္း ကစား႐ံု ဖြင့္လွစ္ထားသူႏွင့္ လာေရာက္ကစားသူမ်ားကို ေမ ၆ ရက္၊ နံနက္ ၂ နာရီခန္႔တြင္ ဖမ္းဆီးလိုက္သည္ ဟု ျမဝတီၿမိဳ႕မရဲစခန္း တာဝန္ရွိမ်ားက ေျပာသည္။

ကိုဗစ္ ကာလ ညမထြက္ရ အမိန္႔ထုတ္ျပန္ထားစဥ္ အဖဲြ႔စံုပါသည့္ လွည့္ကင္းအဖဲြ႔က ျမဝတီၿမိဳ႕နယ္အတြင္း ကင္းလွည့္ ေဆာင္ရြက္ေနစဥ္ ျမဝတီၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ အမွတ္(၂)ခ်စ္ၾကည္ေရးလမ္း၊ ၿခံကြက္တစ္ခု အတြင္း ငါးဂိမ္းေလာင္းကစား ႐ံုသည္ ပိတ္ထားျခင္းမ႐ွိဘဲ ေလာင္းကစား ျပဳလုပ္ေနသည့္အတြက္ ဝင္ေရာက္ ရွာေဖြဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ထိုသို႔ ဝင္ေရာက္႐ွာေဖြစဥ္ အစဥ္အလာအတုိင္း ငါးဂိမ္းေလာင္းကစား႐ံု မန္ေနဂ်ာ၊ ကိုစိုင္း ဆိုသူသည္ ထြက္ေျပး တိမ္းေရွာင္ သြားၿပီး ေလာင္းကစားျပဳလုပ္ရာတြင္အသုံးျပဳသည့္ ငါးမန္းေလာင္းကစား ဂိမ္းစက္ ၆ လုံး ႏွင့္အတူ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းကစားျပဳလုပ္ၾကသူ ၁၁ ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းမိ ျဖစ္စဥ္အေပၚ ေလာင္းကစား႐ံု မန္ေနဂ်ာ ကိုစိုင္းဆိုသူကို (ပ)၃၇၁/၂၀၂၀ ေလာင္းကစား ဥပေဒ၊ ပုဒ္မ- ၁၆(က)/ ၁၇(က) တို႔ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ျမဝတီၿမိဳ႕မရဲစခန္းက သတင္းထုတ္ျပန္ထားသည္။ ျမဝတီၿမိဳ႕တြင္ ကိုဗစ္ အေရးေပၚကာလ ည ၁၀ နာရီမွ မနက္ ၄ နာရီထိ ညမထြက္ရ အမိန္႔ကို ဧၿပီ ၁၈ရက္က ထုတ္ျပန္ထားၿပီးေနာက္ ျပည္သူမ်ား လိုက္နာမႈ႐ွိမ႐ွိ သိရွိႏိုင္ရန္ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔က ညစဥ္ လွည့္ကင္းမ်ားျဖင့္ ေစာင့္ၾကည့္ ေဆာင္ရြက္လ်က္ ႐ွိသည္။ ထိုသို႔ ေဆာင္ရြက္ရာတြင္ လိုက္နာမႈ မရွိသူမ်ားကို ဧၿပီ ၂၀ ရက္ေန႔ ညပိုင္းမွစ၍ ဖမ္းဆီးအေရးယူမႈမ်ားျပဳလုပ္ခဲ့ၿပီး ေမ ၅ ရက္ေန႔ထိ အမိန္႔မလိုက္နာသူ လူ ၃၀၀ ဦးေက်ာ္ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း သိရသည္။ http://kicnews.org/202 0/05/%e1%80%8a%e1%80%99%e1%80%91%e1%80%bc%e1%80%80%e1%80

*************

၂၈။     COVID-19 ေရာဂါကာကြယ္ေရး ေစတနာ့ဝန္ထမ္းမ်ား ထပ္မံ လိုအပ္

May 6, 2020

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားအတြင္း ျပည္ေတာ္ျပန္မ်ားကို Quarantine ထားရွိေနရာမ်ားတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္အားေပးရန္ လူအင္အား လိုအပ္ေနသည္ဟု Kachin State Covid-19 Prevention Network မွ သိရသည္။

“ကြ်န္မတို႔က ၿမိဳ႕တြင္းမွာရွိတဲ့ Quarantine စင္တာနဲ႔ ရပ္ကြက္ေတြမွာ ေဆးဖ်န္းတာလုပ္တယ္။ အခုေနာက္ပိုင္းက လူအင္ အားပိုလိုအပ္လာတာေပါ့။ Quarantine စင္တာက ၄ ခုရွိတယ္။ တစ္ေနရာမွာက ၂ ေယာက္စီထားေပးတယ္။ ေဆးဖ်န္းတဲ့ အပိုင္းဆိုရင္လည္း တစ္ဖြဲ႔မွာ ၄ ေယာက္ေလာက္လိုတယ္။ အဲ့ဒီလူေတြဘဲ ေန႔တိုင္းလုပ္လို႔မရဘူး။ ညဆိုရင္လည္း တအား နက္တဲ့အထိ လုပ္ရတဲ့အတြက္ အိပ္ေရးပ်က္တာေတြျဖစ္တာေပါ့။ ၿပီးရင္အခုဆို Volunteer လုပ္တဲ့ ကာလဆို တစ္လ ေလာက္ရွိသြားၿပီ။ အဲ့ေတာ့ ေဆးဖ်န္းတဲ့ ပထမ အသုတ္ကို ျပန္နားခိုင္းရတယ္။ အဲ့ေတာ့ လူအင္အားနည္းသြားတာေပါ့။ လူအင္အားက ၃၀ ေလာက္ဘဲရွိတယ္။ အခုဆို ၁၀ ေယာက္ဘဲ က်န္ေတာ့တယ္”ဟု Kachin State Covid-19 prevention Network မွ မဆိုင္းႏူးပန္ ေျပာသည္။ အစိုးရသတ္မွတ္ထားသည့္ ျပည္ေတာ္ျပန္ Quarantine စင္တာမ်ားအျပင္ ရပ္ကြက္ အတြင္း ေရာဂါကာကြယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ဖို႔ ေစတနာ့ဝန္ထမ္း ၆၀ ေက်ာ္ လိုအပ္ေနသည္ဟု ထပ္မံေျပာ ဆိုသည္။

ထို႔ေၾကာင့္ Volunteer အျဖစ္ပါဝင္လိုသူမ်ားကို လူမႈကြန္ယက္မွတဆင့္ ေခၚယူသြားမည္ဟုသိရသည္။ ျပည္နယ္အတြင္း ျပည္ေတာ္ျပန္မ်ားႏွင့္ Quarantene ဝင္ေနသူမ်ားကို အစိုးရမဟုတ္ေသာ အရပ္ဖက္အဖြဲ႔အစည္းမ်ား၏ ေစတနာ့ဝန္ထမ္း အင္အားျဖင့္ ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနၾကသည္။ https://burmese.kachinnews.com/202  0/05/06/covid19%e1%80%9b%e1%80%b1%e1%80%ac%e1%80%

*************

၂၉။     ကိုဗစ္ေမြးရပ္ ဝူဟန္တြင္အက်ဉ္းက်သူ ျမန္မာႏိုင္ငံသားမ်ား မူဆယ္နယ္စပ္ဂိတ္သို႔ ျပန္ေရာက္

May 7, 2020

ကိုဗစ္ -၁၉ စတင္ျဖစ္ပြားရာ တရုတ္ျပည္ ဝူဟန္ၿမိဳ႕တြင္ အက်ဥ္းက်သည့္ ျမန္မာႏိုင္ငံသား ၂၆၀ ေက်ာ္ ယေန႔ မနက္ပိုင္းက သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕သို႔ျပန္လည္ဝင္ေရာက္လာေၾကာင္း သိရသည္။ တရုတ္ႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးေထာင္ခ်ခံရသည့္ ျမန္မာႏိုင္ငံသား ၂၆၀ ေက်ာ္အား ေမလ ရ ရက္ ယေန႔မနက္ပိုင္း က တရုတ္အာဏာပိုင္မ်ားက ျမန္မာအာဏာပိုင္မ်ားထံ လႊဲအပ္ေပးရာ ထိုအထဲတြင္ ကိုဗစ္ စတင္ျဖစ္ပြါးရာ ဝူဟန္ၿမိဳ႕၌ အက်ဥ္းက်သူ ၁၄၁ ဦး ပါဝင္ေၾကာင္း မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသူရိန္ ကသွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ထိုသူမ်ားကို ယေန႔ မနက္ပိုင္း တရုတ္အာဏာပိုင္မ်ားက သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးထံသို႔ လႊဲေျပာင္းေပးခဲ့သည္။“ ဒီေန႔ တရုတ္ျပည္ ဝူဟန္ၿမိဳ႕က ၁၄၁ ဦး၊ တျခားျပည္နယ္နဲ႕ဆိုရင္ေတာ့ ၂၆၀ ေက်ာ္ရွိတယ္။ မေန႕က လည္း တရုတ္ဘက္က ၅၈ ဦး လႊဲေျပာင္းေပးတယ္”ဟု မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသူရိန္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။ တရုတ္ျပည္ ေထာင္အသီးသီးမွလႊဲေျပာင္းလာခဲ့သူမ်ားအားလံုးကို လက္ရွိမွာ က်န္းမာေရး စစ္ေဆးေနေၾကာင္း၊ က်န္းမာေရးအတြက္ ဖ်ားနာမႈရွိ၊ မရွိ စစ္ေဆးသည့္အျပင္ က်န္းမာေရး ဌာန မွ ညႊန္ၾကားထားသည့္ တဲ့ HIV/ AIDS ကိုလည္း ထည့္သြင္းစစ္ေဆးေပးေျကာင္း သိရသည္။

ဝူဟန္ၿမိဳ႕အက်ဥ္းေထာင္မွ အက်ဉ္းသားမ်ားပါလာသည့္အတြက္ စိုးရိမ္မႈမ်ားစြာရွိေၾကာင္း၊ ထိုသူမ်ားကို က်န္းမာေရး စစ္ေဆး မႈ ေသခ်ာစြာ ျပဳလုပ္ေပးသင့္ေၾကာင္း၊ ကိုဗစ္ -၁၉ ရွိ၊မရွိ လည္း ဓာတ္ခြဲခန္း နမူနာ ေပးပို႔ကာ စစ္ေဆးသင့္ေၾကာင္း မူဆယ္ ေဒသခံမ်ားက ေျပာသည္။ ထိုသူမ်ားအတြက္ ေနေရးထိုင္ေရးကို မူဆယ္ၿမိဳ႕ သက္ဆိုင္ရာ ဌာန၊ မူဆယ္ေဒသခံမ်ား ႏွင္ ပရဟိတ အဖြဲ႕တို႔က ပူးေပါင္းကာေဆာင္ရြက္ၾကေၾကာင္း သိရသည္။ ျမန္မာ-တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕ရွိ နယ္စပ္ဂိတ္မ်ားကို တရုတ္ႏိုင္ငံမွ ဧၿပီ ၁ ရက္ မွစတင္ကာ ဝင္၊ထြက္ခြင့္ ရက္အကန္႔ အသက္မရွိ ပိတ္လိုက္သည္။ https://burmese.sha nnews.org/archives/16453

**************

 

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 24, May 8, 2020)

 

၁။        KNU ၏ COVID-19 ကာကွယ်ရေး ဂိတ်ကို တပ်မတော်မှ မီးရှို့ဖျက်ဆီး၍ ပစ်ခတ်မှုဖြစ်ပွားခဲ့

၂။         ကယားပြည်နယ် အစိုးရ၏ ဒေသန္တရအမိန့် လူ့အခွင့်အရေးချိုးဖောက်ဟု ဝေဖန်ခံရ

၃။        စစ်ဘေးရှောင်များအတွက် ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့ AA ထံ ရောက်နေ

၄။        စစ်ဘေးရှောင်များအတွက် အကူအညီများ သယ်ဆောင်ပေးနေသည့် ယာဉ်များကို ပစ်ခတ်တားဆီးခြင်း၊ ခြိမ်းခြောက် ခြင်း                နှင့် ရိက္ခာပစ္စည်းများအား လုယက်ဖျက်ဆီးခြင်းများ မပြုလုပ်ရန် ချင်းလူငယ်များကွန်ရက် တောင်းဆို

၅။        ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ Quarantine ဝင်ရမည်

၆။        မြန်မာစစ်တပ်နဲ့  AA တို့ အပစ်ရပ်ကြဖို့ ချင်းလူငယ်အဖွဲ့တောင်းဆို

၇။        နမ့်ခမ်း တောင်သူများ ရွှေလီမြစ်ထဲသို့ ပြောင်းများ သွန်ပစ်နေရ

၈။        ကယားပြည်နယ် အစိုးရအဖွဲ့ရှိ ဌာနဆိုင်ရာအချို့တွင် အရာရှိဦးရေထက် ယာဉ်အစီးရေများနေ အသုံးပြုခြင်းမရှိဘဲ                           ထိန်းသိမ်းစရိတ်များ၊ အလေးထားစစ်ဆေးပေးရန် ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီပြောကြား

၉။        တပ်မတော်စစ်ကြောင်း ဝင်ရောက်နေရာယူတဲ့အတွက် မင်းပြားရွာသား ၄၀ဝဝ ကျော်ထွက်ပြေးနေ

၁၀။      မြန်မာကို ငွေကြေးခဝါချမှု အမည်ပျက်စာရင်းထဲ ထည့်သွင်းဖို့ အီးယူ ပြင်ဆင်

၁၁။      COVID-19 ကာကွယ်ထိန်းချုပ်ရေး မွန်ပြည်သစ်ပါတီက အစိုးရကျန်းမာရေးဌာနများနှင့် ပူးပေါင်းမည်

၁၂။      ရေဖြူမြို့နယ်တွင် ရွာသားတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်

၁၃။      KNU/KNLA-PC  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် ဈာပန ကျင်းပပြီးစီး

၁၄။      ရဲအယောင်ဆောင်ဖမ်းဆီးဖို့ ကြိုးစားသူတွေကြောင့် တောင်ကုတ် NLD အဖွဲ့ဝင်တွေ တိမ်းရှောင်နေရ

၁၅။      ဟားခါးတက္ကသိုလ်တွင် ထားရှိသည့် Facility Quarantine လုပ်သူများ ဝင်ရောက်ပုံမှာ မမှန်ကန်ဟုဆို

၁၆။      NCA ထိုးအဖွဲ့များနှင့် သမ္မတ ဖွဲ့စည်းသည့် COVID-19 ပူးပေါင်းသည့် ကော်မတီတို့ အလွတ်တွေ့ဆုံ

၁၇။      ရွေးကောက်ပွဲအစီအစဉ်အတွက် ညှိနှိုင်းဖို့ ပါတီတချို့ လိုလား

၁၈။      မွန်ပြည်နယ်ဝန်ကြီးချုပ်က သထုံဆေးရုံ နှင့် ရေးမြို့နယ်ဆေးရုံတို့၌ အသက်ရှူစက်နှစ်ခုစီရှိဟု ပြောကြားခဲ့သော် လည်း                 မြေပြင်အခြေအနေ နှင့် ကွဲလွဲနေဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

၁၉။      ရသေ့တောင်မှာ ကျောင်းဆရာမတစ်ဦး မိုင်းထိလို့ ဒဏ်ရာရ

၂၀။      ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဘတ်ဂျက်ကိစ္စဆွေးနွေး

၂၁။      ရာမောင်တံတားအနီး ဈေးသည်အမျိုးသမီး ၁ ဦး လက်နက်ကျည်ထိမှန် ဒဏ်ရာရ

၂၂။       ကန်ပိုင်တီ Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွေ့ရန်စီစဉ်နေ

၂၃။      ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ကွယ်လွန်

၂၄။      ဟားခါးမြို့ Facility Quarantine  ထားရှိမှုတွင် အဆင်ပြေနေသော်လည်း အစိုးရ ကူညီမှုကြောင့်မဟုတ်ဟုဆို

၂၅။      ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး Mask ကမ်ပိန်းပြုလုပ်မှု လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် ဝေဖန်ခံရ

၂၆။      တရားရုံးက လွှတ်ပေးသည့် တောင်ကုတ် ဒေသခံ ၅ ဦး ဗုံးခွဲမှုဖြင့် ပြန်အဖမ်းခံရ

၂၇။      ညမထွက်ရအမိန့် ထုတ်ထားချိန် မြဝတီတွင် ငါးဂိမ်းလောင်းကစားရုံ ဖမ်းမိ

၂၈။      COVID-19 ရောဂါကာကွယ်ရေး စေတနာ့ဝန်ထမ်းများ ထပ်မံ လိုအပ်

၂၉။      ကိုဗစ်မွေးရပ် ဝူဟန်တွင်အကျဉ်းကျသူ မြန်မာနိုင်ငံသားများ မူဆယ်နယ်စပ်ဂိတ်သို့ ပြန်ရောက်

*****************

 

၁။        KNU ၏ COVID-19 ကာကွယ်ရေး ဂိတ်ကို တပ်မတော်မှ မီးရှို့ဖျက်ဆီး၍ ပစ်ခတ်မှုဖြစ်ပွားခဲ့

May 7, 2020

ဖာပွန်-ကမမောင်း ကြားတွင်ရှိသော KNU -ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်) (တပ်မဟာ-၅) ခရိုင် ၏ COVID-19 ရောဂါကာကွယ်တားဆီးရေး ဂိတ်(၂)ခုကို မြန်မာ့တပ်မတော်က ယမန်နေ့ (မေလ ၆ ရက်)တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ကြောင့် နှစ်ဖက်အကြား တင်းမာမှုဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၅) ဘက်က ပြောသည်။

မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုထ ကျေးရွာအုပ်စု၊ ဝါသိုးခိုကျေးရွာနှင့် ကတိုင်တိ ကျေးရွာအုပ်စု၊ ဖားလို့ လမ်းခွ တို့တွင် ကေအဲန်ယူ ကျန်းမာရေးဝန်ထမ်းများနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့မှ ၎င်းတို့ ထိန်းချုပ် နယ်မြေများအတွင်း ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် တပ်မတော် အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ်(စကခ)လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၄၀၅)နှင့် (ခမရ-၄၁၀) မှ ဝင်ရောက်တားမြစ်ပြီး ဂိတ် စခန်းများကို မီးရှို့ခဲ့ကြောင်း မူတြော်ခရိုင်၏ ကျန်းမာရေးမှူး စောညွန့်ဝင်းက ယခုလိုပြောသည်။ “မနေ့က စစ်တပ်က လာပြီး တော့ ကျနော်တို့ချထားတဲ့ဝါသိုးခိုက ကျန်းမာရေးဂိတ်တဲကိုလာဖျက်ပစ်လိုက်တယ်။ နောက်ပြီး ဖားလို့လမ်းခွမှာရှိတဲ့ ကျနော် တို့ ဂိတ်မှာ တာဝန်ရှိတဲ့သူတွေကို မောင်းထုတ်ပြီး ဂိတ်တဲ တွေကို မီးရှို့လိုက်တယ်။ ဒါက သူတို့(စစ်တပ်) နယ်မြေတဲ့ မင်းတို့ လာပြီးရှိနေစရာမလိုဘူးဆိုပြီး သူတို့က ကျနော်တို့ကို ပြောပြီးမောင်းထုတ်လိုက်တာပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ တပ်မတော်ဘက်က လာရောက်တားမြစ်မောင်းထုတ်မှုများ ပြုခြင်းကြောင့် ယမန်နေ့ နေ့လည် ၁၂ နာရီ ၁၂ မိနစ်နှင့် ၂ နာရီကျော်တွင် ဝါသိုးခိုကျေးရွာ၌ ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီ ၄၁ မိနစ်ခန့်တွင် ကတိုင်တိ ကျေးရွာအုပ်စု ဖားလို့လမ်းခွရှိ မီးရှို့ခံခဲ့ရသည့်ဂိတ်တဲနားတွင် ပစ်ခတ်မှုတစ်ကြိမ် စုစုပေါင်း ပစ်ခတ်မှုသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း စောညွန့်ဝင်း က ဆက်ပြောသည်။ ထို့အပြင် ယနေ့ မေလ ၇ ရက်နေ့အချိန်ထိ နှစ်ဖက်ကြား ပစ်ခတ်မှု အနည်းငယ်ရှိသေးပြီး ၎င်း ပစ်ခတ်မှု များကြောင့် တပ်မတော်ဘက်တွင် ထိခိုက်ကျဆုံးမှု ရှိ၊ မရှိ မသိရသေးဘဲ ကေအဲန်ယူဘက်တွင် ထိခိုက်မှုမရှိကြောင်း ၎င်း ပစ်ခတ်မှုများကြောင့် ဝါသိုးခိုဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူက ဆိုသည်။ အဆိုပါ ကိစ္စရပ် နှင့် ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လတ်က “ ကျနော်တို့ ဆီတော့ တင်ပြထားတာမရှိသေးဘူး။ ကျနော် မသိသေးလို့လေ။ ကျနော် အခုလိုက် မေးလိုက်ပါအုံးမယ်” ဟု ယနေ့ နေ့လည်တွင် ကေအိုင်စီသို့ပြောသည်။

ကေအဲန်ယူ အနေဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး အတွက် မတ်လ ၂၈ ရက်နေ့က ကေအဲန်ယူ(ဗဟို)မှ ကိုဗစ်ကပ်ရောဂါ အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ (Covid Pandemic Emergency Respond Team)ကို ဖွဲ့စည်းပြီး ၎င်းတို့ နယ်မြေအသီးသီးတွင် ကျန်းမာရေး အသိပညာပေးမှုများ၊ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ၊ ဒေသတွင်း စည်းမျဉ်းစည်း ကမ်းများကို ထုတ်ပြန်ပြီး ၎င်းတို့ တပ်မဟာ၊ ခရိုင်၊ တပ်ရင်း၊ တပ်စိပ်အသီးသီးကို ညွှန်ကြားချက်ပေး ပို့လုပ်ဆောင်ခဲ့သည်။ http://kicnews.org/2020/05/knu%e1%81%8f-covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80

**************

၂။         ကယားပြည်နယ် အစိုးရ၏ ဒေသန္တရအမိန့် လူ့အခွင့်အရေးချိုးဖောက်ဟု ဝေဖန်ခံရ

May 5, 2020

ကယားပြည်နယ်အတွင်း မေလ ၃ ရက်နေ့ ရက်စွဲပါ ဒေသန္တရအမိန့်သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံချိန်စံနှုန်းများကို ချိုးဖောက်နေသည်ဟုဆိုကာ ကယားပြည်နယ် ဒေသခံများက ကန့်ကွက်လျက်ရှိသည်။ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ၌ မေလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ် အချိန်တွင် ကယားပြည်နယ်အတွင်းရှိ အများ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရန် မြို့နယ် ၇ မြို့နယ် (လွိုင်ကော်၊ ဘော လခဲ၊ ဒီးမော့ဆို၊ဖရူဆို၊ ရှားတော၊ဖားဆောင်း၊ မယ်စဲ့) မှ ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းဟူ၍ ဖော်ပြခဲ့သည်။

သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ အုပ်ချုပ်ရေးမှူးများ လက်မှတ်ရေးထိုးထားသည့် အဆိုပါ ဒေသန္တရအမိန့်တွင် အများ ပြည်သူ အကျိုးငှာ ရည်ရွယ်၍ ပြည်သူများအနေဖြင့် စည်းကမ်းချက် ၁၀ ချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) တွဲဖက်အတွင်းရေးမှူး (၂) ခွန်းသောမတ်က “လွတ်လွတ်လပ်လပ် ကိုယ့်ဆန္ဒကို ထုတ်ဖော်လို့မရအောင် အမိန့် အာဏာနဲ့ အသုံးချပြီး ထုတ်ပြန်လိုက်တယ်လို့မြင်တယ်။ ဒီဟာကို ကန့်ကွက်သလို သက်ဆိုင်ရာအစိုးရက လူ့အခွင့်အရေးနဲ့ မညီတဲ့ ဒီမိုကရေစီစံနှုန်း ချိုးဖောက်ထားတဲ့ ဒီဒေသန္တရအမိန့်ကို ရုပ်သိမ်းပေးဖို့ ပြောချင်တယ်” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ဒေသန္တရအမိန့်ပါ စည်းကမ်းချက် ၁၀ ချက်အနက် နိုင်ငံတော်နှင့်နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများအားအကြည်အညို ပျက်စေမည့် အပြောအဆို၊ အရေးအသား၊ ရုပ်ပုံကားချပ်၊ ပိုစတာ၊ ဗီနိုင်း၊ လက်ကမ်း စာစောင်များ စသည်တို့ကို နည်းလမ်း အမျိုးမျိုးဖြင့် မည်သည့်နေရာတွင်မျှ မပြုလုပ်ရဟူ၍ ပါရှိသည်။ ထို့ပြင် ပြည်သူလူထုအား ထင်ယောင်ထင်မှားဖြစ်စေမည့် စကားလုံးအသုံးအနှုန်းဖြင့် လှုံ့ဆော်၊ စည်းရုံးခြင်း၊ ထုတ်ဖော်  ပြောဆိုခြင်းများ မပြုလုပ်ရ၊ ဥပဒေနှင့် မညီညွတ်သော မဟုတ် မမှန်သည့် အချက်အလက်များ ပါဝင်သော သဘောထားများ ထုတ်ပြန်၊ ဖော်ပြဆောင်ရွက်ခြင်းတို့ မပြုလုပ်ဟူ၍လည်း ဖော်ပြ ထားသည်။

လွိုင်ကော်အခြေစိုက် Lain နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်ဖြစ်သလို ပြည်နယ်အရေး စောင့်ကြည့်လေ့လာ နေသူ လည်း ဖြစ်သည့် ကိုကျော်ထင်အောင်က အဆိုပါ ဒေသန္တရအမိန့်သည် ဒီမိုကရေစီစံနှုန်းနှင့် မညီသကဲ့သို့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကျော်လွန်နေသည့် ထုတ်ပြန်ချက်ဟု သုံးသပ်သည်။“ကပ်ရောဂါနဲ့ လည်း ဘာမှမသက်ဆိုင်တဲ့ ထုတ်ပြန်ချက်ဖြစ်လို့ ဒါသည် လုံးဝ မလိုအပ်ဘူး။ ထုတ်လည်း မထုတ်ပြန် သင့်ဘူး” ဟု ၎င်းက ပြောသည်။ ကျနော် တို့အခွင့်အရေးကို အဲဒီလိုပဲ လုပ်လို့ရတဲ့ အာဏာကို အသုံးချပြီး ထုတ်ပြန်နေအုံးမယ်ဆိုရင် ကျနော်တို့ ဖော်ဆောင်ချင်တဲ့ လမ်းကြောင်းတွေ၊ စုပေါင်းလုပ်ဆောင်ချင်တဲ့ လမ်းကြောင်းတွေ ရောက်မှာ မဟုတ်ဘူး” ဟုလည်း ခွန်းသော မတ်က ထောက်ပြသည်။ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပဲ့ဒူက ပြည်နယ်အစိုးရအနေဖြင့် လုပ်စရာရှိသည်ကို လုပ်နေသလို ဝေဖန်သူများအနေဖြင့်လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိသည့်အတိုင်း ၎င်းတို့၏ ဆန္ဒကို ဖော်ထုတ်နေခြင်း ဟုသာ မြင်မိကြောင်း မှတ်ချက်ပြုသည်။ https://burma.irrawaddy.com/news/2020/05/05/ 222033.html

**************

၃။        စစ်ဘေးရှောင်များအတွက် ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့ AA ထံ ရောက်နေ

May 5, 2020

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့မှာ ရက္ခိုင်စစ်တပ် (AA) လက်ထဲသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိနေသည်ဟု တပ်မတော်နှင့် အစိုးရတာဝန်ရှိသူများကပြောသည်။ စစ်ဘေးရှောင်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရန် ဝေးလံပြီး သွားလာရခက်ခဲသော နေရာ များ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ကို သွားလာ ဝင်ထွက်ခွင့်ပြုထားပြီး ၎င်းတို့ထောက်ပံ့သော ရိက္ခာအချို့မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တဆင့် AA ထံလွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်များ ရှိနေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

AA ၏ တပ်စခန်းများကို သိမ်းဆည်းရာတွင် နိုင်ငံတကာ အထောက်အပံ့ ပစ္စည်းများကိုပါ တွေ့ရှိသိမ်းဆည်းရသည့် ဖြစ်စဉ် များလည်း ရှိသလို ဖမ်းဆီးရမိသူများကို စစ်ဆေး ပေါ်ပေါက်ချက်များ အရလည်း AA သည် အထောက်ပံ့ရိက္ခာများ ရရှိခြင်းကို အတည်ပြုနိုင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။ AA နှင့် ဆက်သွယ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သူများအား ဥပဒေနှင့်အညီ အရေးယူခြင်းများကို လုပ်ဆောင်ရမည်ဖြစ်ပြီး စစ်ဘေးရှောင် ဒုက္ခသည်များ လက်ဝယ်  စားနပ်ရိက္ခား ရောက်ရှိရန်မည်သည့်နည်းလမ်းကို အသုံးပြု၍ လုပ်ဆောင်ရမည်ကို အဖြေရှာသင့်ကြောင်း ရခိုင်ပြည်နယ် မြေပုံ  မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

နိုင်ငံတကာ အထောက်အပံ့ ရိက္ခာများ AA ထံ ရောက်ရှိနေသည် ဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ AA က တစုံ တရာ ထုတ်ပြန် ဖြေရှင်းထားသည်ကို မတွေ့ရသေးသော်လည်း WFP ယာဉ်တန်း တိုက်ခိုက်မှု အပါအဝင် WHO၊ ICRC အဖွဲ့ နှင့် အရပ်သား ယာဉ်များကို ပစ်ခတ်တိုက်ခိုက်သည်မှာ AA လက်ချက် မဟုတ်ကြောင်း တပ်မတော်၏ တဖက်သတ် စွပ်စွဲ ချက်များသာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ ဖြစ်ပွားသည့် တိုက်ပွဲများ ကာလအတွင်း အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုများရှိနေပြီး တိုက်ပွဲများကြောင့် နေရပ် စွန့်စွာ တိမ်းရှောင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူ ၁ သိန်းကျော် ရှိပြီ ဖြစ်သည်။ https://burma.irrawaddy .com/news/2020/05/05/222044.html

***************

၄။        စစ်ဘေးရှောင်များအတွက် အကူအညီများ သယ်ဆောင်ပေးနေသည့် ယာဉ်များကို ပစ်ခတ်တားဆီးခြင်း၊ ခြိမ်းခြောက် ခြင်းနှင့် ရိက္ခာပစ္စည်းများအား လုယက်ဖျက်ဆီးခြင်းများ မပြုလုပ်ရန် ချင်းလူငယ်များကွန်ရက် တောင်းဆို

May 6, 2020

စစ်ဘေးရှောင်များအတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ၊ သယ်ဆောင်ပေးနေသည့် ကူညီရေးယာဉ် များအား ပစ်ခတ်တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် စစ်ဘေးရှောင်များ၏ ရိက္ခာပစ္စည်းများအား လုယက်ဖျက်ဆီးခြင်းများ၊ ဒေသခံ ချင်း လူထုထံမှ ငွေကြေးကောက်ခံခြင်းနှင့် ကြက်၊ ဝက်၊ ဆန် စသော စားနပ်ရိက္ခာများအား အတင်းအဓမ္မ ယူဆောင် ခြင်းများ မပြုလုပ်ရန် ချင်းလူငယ်များကွန်ရက်က မေ ၃ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။

၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အထိ ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ချင်း လူမျိုးအရပ်သား သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာရရှိသူ ၄၀ ကျော်၊ မတရားဖမ်းဆီးခံ ရသူ ၂၀ ကျော်၊ စာသင်ကျောင်းပေါင်း ၁၀၈ ကျောင်းကျော် ပိတ်ထားရပြီး ရွာပေါင်း ၂၁ ရွာကျော် ဖျက်ဆီးခံရကာ လူဦးရေတစ်သိန်းကျော်မှာ တိုက်ပွဲများကြောင့် ဒုက္ခ ရောက်နေကြောင်း ချင်းလူငယ်ကွန်ရက်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများအား လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းနှင့် အရပ်သားများ နေထိုင်ရာ မြို့ရွာများတွင် စစ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်သည့် မည်သည့်လှုပ်ရှားမှုမျိုးမျှ မလုပ်ဆောင်ရန်လည်း ချင်းလူငယ်ကွန်ရက်က တောင်းဆိုခဲ့သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရက စစ်ဘေးရှောင်များ နေထိုင်ရာ စခန်းများကို တရားဝင် အသိအမှတ်ပေးရန် နှင့် လိုအပ်သည့် လူမှုစီးပွားဆိုင်ရာ အစီအမံများ၊ မူဝါဒများကို အမြန်ဆုံးချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ပိတ်ထားသည့် အင်တာနက်လိုင်းများအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန်လည်း ချင်း လူငယ်ကွန်ရက်က တောင်းဆိုခဲ့သည်။ https://news-eleven.com/article/172298

*************

၅။        ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ Quarantine ဝင်ရမည်

May 5, 2020

ကချင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ မေလ ၁၀ရက်မှ ၁၇ ရက်ထိ Quarantine ဝင်ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထွန်းတင်ထံမှ သိရသည်။

“၁၈ မြို့နယ်ကလာကြတဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့တွက် အဝေးကလာကြတဲ့သူတွေမို့ သူတို့မှာရောဂါအခြေနေ ဘယ်လိုရှိ လဲဆိုတာ ကျနော်တို့ဘာမှမသိပါဘူး။ အဲကြောင့် ကျနော်တို့အနေနဲ့အားလုံးတွက် အကာကွယ်ဖြစ်မယ်လို့ ယူဆတဲ့ အတွက် လုပ်ပေးတာဖြစ်ပါတယ်။ အဆိုပါ (၁၉) ကြိမ်မြောက်လွှတ်တော်အစည်းဝေးတွင် ၂၀၂၀-၂၀၂၁ အတွက် ဘတ်ဂျတ် အတည်ပြု ဆွေးနွေးမည်ဖြစ်ပြီး ယခင်ပုံမှန်အစည်းဝေးကဲ့သို့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို မေးခွန်းမေးမြန်းခြင်း ခွင့်ပြု မည် မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကဆက်ပြောသည်။

နယ်မှရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များတွက် Q ကာလတွင်း အစားအသောက်များအား လွှတ်တော်ရုံးမှ စီစဉ် ပေးမည်ဖြစ်ပြီး Q နေရာသည် လွှတ်တော်ရိပ်သာတွင် ဖြစ်ကြောင်း သိရသည်။ “အန်တီတို့ နယ်ဝေးကလူတွေဆို ၉ ရက်နေ့ အရောက်လာရမယ်လို့ သိရပါတယ်။ ခုလတ်တလောအခြေနေမှာတော့ Covid-19 ဖြစ်နေပေမယ့်လည်း ဘတ်ဂျတ်ကိစ္စ က အရေးကြီးတာဖြစ်တဲ့တွက် လွှတ်တော်ကနေ ဘတ်ဂျတ်အတည်မပြုပေးဘူးဆိုရင် ကချင်ပြည်နယ်ရဲ့ လည်ပတ်နေတဲ့ အုပ်ချုပ်မှု ယန္တရားက ရပ်ဆိုင်းသွားမယ်။”ဟု ကချင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစစ်ကော်မတီဝင် ဆော့လော် မြိ့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ပြောသည်။ လွှတ်တော်ကို အများဆုံး ၃ ရက်သာ ကျင်းပမည်ဟု သိရသည်။ https://burmese.kachinnews.com/2020/05/05/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%

*************

၆။        မြန်မာစစ်တပ်နဲ့  AA တို့ အပစ်ရပ်ကြဖို့ ချင်းလူငယ်အဖွဲ့တောင်းဆို

May 6, 2020

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲ အကြားပစ်ခတ်မှုကြောင့် ချင်းလူမျိုးတွေ အရပ်သားတွေ ထိခိုက်သေဆုံးမှု တိုးလာနေပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း အရပ် သား သေဆုံးဒဏ်ရာရတဲ့ လုပ်ဆောင်ချက် အပေါ်ရှုံ့ချပြီးတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ချင်းလူငယ်ကွန်ရက် ပြောခွင့်ရ ဆလိုင်းမာန်ဟုန်က VOA ကို ပြောပါတယ်။

စစ်လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ချင်းလူမျိုး ၂၉ ဦးသေဆုံးခဲ့ပြီး၊တိုက်ပွဲအတွင်း လူသားဒိုင်း အသုံးပြုမှုတွေကို နှစ်ဘက် တပ်ဖွဲ့တွေ မလုပ်ဆောင်ဖို့နဲ့ AA နှင့်တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ချင်းလူငယ်ကွန်ရက် အဖွဲ့ကနေ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့တာပါ။ ပလက်ဝမြို့နယ်အတွင်း ထိခိုက်မှုရှိနေတာဟာ AA အဖွဲ့ကနေ နှောက်ယှက် ပစ်ခတ်မှုကြောင့် လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်စဉ် တွေမှာ လက်နက်ကျည်ထိမှန်မှုကြောင့် အရပ်သားတွေ သေဆုံးမှု ဒဏ်ရာရမှု နေအိမ်မီလောင်မှုတွေရှိခဲ့ပေမဲ့ မြန်မာစစ်တပ် ဘက်ကရော AAဖက်ကပါ သူတို့အဖွဲ့လက်ချက်မဟုတ် ကြောင်းငြင်းဆိုနေကြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲဖြစ်စဉ်အတွင်း ထောင်နဲ့ချီတဲ့အရပ်သားတွေလဲ ပလက်ဝမြို့အတွင်းနဲ့ ဆမီးမြို့ နယ် ခွဲမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ COVID-19 ရောဂါကာကွယ်တားဆီးရေး ကို စနစ် တကျ လုပ်ဆောင်ပေးဖို့ အရပ်သား သေဆုံးမှုကိစ္စတွေကို သေချာစွာ စုံစမ်းပေးဖို့ကို ချင်းလူငယ်ကွန်ရက်အဖွဲ့ကနေ ထုတ်ပြန်တောင်းဆိုထားပါတယ်။ လက်ရှိပလက်ဝမြို့နယ်ဘက်မှာ ဒီမေလဆန်းကစပြီး ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲပြင်း ထန်နေဆဲရှိပါတယ်။ https://burmese.voanews.com/a/myanmar-army-and-aa-fighting-chin-youth-urge-for-ceas efire-/5406625.html

**************

၇။        နမ့်ခမ်း တောင်သူများ ရွှေလီမြစ်ထဲသို့ ပြောင်းများ သွန်ပစ်နေရ

May 5, 2020

မြန်မာ-တရုတ်နယ်စပ် ဒေသဖြစ်သည့် နမ့်ခမ်းမြို့နယ်တွင် ခြံထွက် ပြောင်းများ တရုတ်ပြည်သို့ ရောင်းခွင့်မရသဖြင့် ရွှေလီ မြစ်ထဲသို့ သွန်ပစ်လိုက်ရကြောင်း သတင်းရရှိသည်။ မေလ ၅ ရက် ယနေ့တွင်လည်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ခြံထွက် ပြောင်း များ တရုတ်ပြည်သို့ တင်ပို့ရန်ခက်ခဲသဖြင့် ရွှေလီမြစ်ထဲသို့ ထော်လဂျီ အစီးရေ (၂၀)ခန့် သွန်ပစ်လိုက်ရကြောင်း နမ့်ခမ်း တောင်သူ စိုင်းသန်းမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။ “ အဲ့ထော်လဂျီတွေ တရုတ်ပြည်ကို သွားရောင်းဖို့ စောင့်နေ တာ ၅ ည လောက်ရှိပြီ။ အခုပြောင်းတွေ ပုတ်ကုန် ခြောက်ကုန်ပြီဆိုတော့ ရွှေလီမြစ်ထဲသွန် လိုက်တာရှိတယ်။ နောက် လမ်း တွေပေါ် သွန်ချ လိုက်ရတာတွေရှိတယ်” ဟု စိုင်းသန်းမြင့် က ဆိုသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့တွင် ဧပြီ ၂၄ ရက်က အသက် ၈၇ နှစ်အရွယ် အမျိုးသမီး တဦး COVID-19 လူနာ အဖြစ် ကျန်းမာရေးဌာနကကြေငြာပြီးနောက်ပိုင်း တရုတ်ဘက်မှ အာဏာပိုင်များက တင်းကျပ်စစ်ဆေးကာ နမ့်ခမ်းမြို့နယ် နယ်စပ်နေ ၁၉ ရွာမှ ဒေသခံများတပိုင်တနိုင် စိုက်ပျိုးမှုမှရသည့် ခြံထွက်သီးနှံများပင် တင်ပို့ရောင်းချခွင့်မရသည်အထိ နယ်စပ်ဂိတ်များ ပိတ်ရန်အမိန့် ထုတ်ထားလိုက်သည်။ နယ်စပ်ဂိတ်များကို ရက်ပေါင်း ၆၀ အကြာ ပိတ်ထားမည်ဖြစ်ပြီး ဥပဒေကျူးလွန်ကာ တနိုင်ငံနှင့် တနိုင်ငံ ခိုးဝင်ပါက ကြီးလေးသည့် ပြစ်ဒဏ်ပေးသွားမည်ဟုလည်းဖော်ပြထားသည်။

“ အိမ်ပြန်သယ်ပြီး ထားရင်လည်း အဆင်မပြေဘူး။ နောက် ခြောက်သွားရင်လည်း ဘာမှ လုပ်လို့ မရတော့ဘူး။ ဒါကြောင့် လွှင့်ပစ်လိုက်တာ ရွှေလီမြစ်ထဲကို ” ဟု စိုင်းစိုင်း ကဆိုသည်။ ထိုသို့ပြောင်းများ သွန်ချနေရခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မှ နည်းလမ်းရှာပေးရန် လိုအပ်နေကြောင်း၊ လက်ရှိ ပြဿနာသည် ပြည်တွင်း ကုန်ချောထုတ်လုပ်မှု မရှိခြင်းကြောင့် ယခုကဲ့သို့ အခက်အခဲများရင်ဆိုင်နေရကြောင်းလည်း နမ့်ခမ်းဒေသခံ စိုင်းထွန်းလှိုင်း ကပြောသည်။“သက်ဆိုင်ရာက နည်းလမ်းရှာနေ ကြတယ်လို့ပြောပေမယ့် ပြောင်းတွေက အထားမှ မခံတော့ ရွှေလီမြစ်ထဲပဲ သွန်လိုက်ရတာပေါ့”ဟု စိုင်းထွန်းလှိုင်း က ဆို သည်။ လက်ရှိ မူဆယ်-နမ့်ခမ်း ခြံစိုက်တောင်သူများ စားဝတ်နေရေးခက်ခဲနေကြပြီး၊ အကြွေးများဖြင့် သောက ရောက်နေကြ ကြောင်း သိရသည်။ https://burmese.shannews.org/archives/16421

*************

၈။        ကယားပြည်နယ် အစိုးရအဖွဲ့ရှိ ဌာနဆိုင်ရာအချို့တွင် အရာရှိဦးရေထက် ယာဉ်အစီးရေများနေသည့်အပြင် အသုံးပြုခြင်း မ                  ရှိဘဲထိန်းသိမ်းစရိတ်များ၊ အလေးထားစစ်ဆေးပေးရန် ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီပြောကြား

May 7, 2020

ကယားပြည်နယ်အစိုးရအဖွဲ့ရှိ ဌာနဆိုင်ရာအချို့တွင် အရာရှိဦးရေထက် ယာဉ်အစီးရေများနေသည့်အပြင် အသုံးပြုခြင်းမရှိဘဲ ပြုပြင်ထိန်းသိမ်း စရိတ်များတင်နေရာ အလေးထားစစ်ဆေးပေးရန် ကယားပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်ကော်မတီ က ပြောကြားသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို မေ ၇ ရက်တွင် စတင်ကျင်းပရာ မော်တော်ယာဉ် ပြင်ဆင်ထိန်းသိမ်းစရိတ်များနှင့် စပ်လျဉ်း၍ ကယားပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော ယာဉ်နှင့် စက်ပစ္စည်းများ ပြင်ဆင် ကြီးကြပ်မှု ကော်မတီမှ အသုံးစာရိတ်များ ခွင့်ပြုပေးပြီးနောက် ထုတ်ယူသုံးစွဲသည့် ဌာနများမှ မော်တော်ယာဉ်များကို မြေပြင် တွင် အမှန်တကယ် ပြင်ဆင်ထိန်းသိမ်းခြင်းရှိ/ မရှိ၊ မောင်းနှင်နိုင်ခြင်း ရှိ/ မရှိ အလေးထားစစ်ဆေးပေးရန်နှင့် ပြည်သူ့ဘဏ္ဍာ ငွေ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေး အစီရင်ခံစာအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်အီမှ လွှတ်တော်တွင်တက်ရောက်ဖတ်ကြားရာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းရှိ ဌာနစုစုပေါင်းအရေအတွက်မှာ ၈၆ ခုဖြစ်ပြီး ဒေသဘတ်ဂျက်ဌာန အဖွဲ့အစည်း ၂၄ ဖွဲ့အတွင်းမှ အစိုးရအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များတွင် အသုံးစာရိတ်များ နေကြောင်း ကော်မတီထံမှသိရသည်။ ရငွေအပိုင်းတွင်လည်း ငွေလုံးငွေရင်းရ ငွေနှင့်အခွန်ရငွေများ ကောက်ခံရရှိမှုမှာ လွန်စွာ နည်းပါးသည့်အပြင် လျာထားချက်မှာလည်း အမှန်စာရင်းများထက် လျော့နည်းလျက်ရှိသည်ကို စိစစ်သုံးသပ်တွေ့ရှိရကြောင်း၊ အထူးသဖြင့် အခွန်များကောက်ခံနေသော ဌာနများ၏ အခွန်လျာထားချက်မှာ လွန်စွာလျော့နည်းလျက်ရှိပြီး စာရင်းစစ်ချုပ် အစီရင်ခံစာပါ အမှန်ရငွေနှင့် အဆမတန်ကွာခြားနေသည်မှာ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ တည်ဆောက်ရာ တွင် အဓိကအချက်ဖြစ်သည်ကို သတိချပ်သင့်ကြောင်း ဦးနော်အီက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် လျာထားဘတ်ဂျက်များတွင် စီမံခန့်ခွဲမှု အသုံးစရိတ် များပြားနေခြင်းနှင့် ရုံးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးများသာ များပြားနေခြင်းကိုလျော့ချပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းမည့် အသုံးစရိတ်များအား လျာထားရန်၊ အရာရှိများ အတွက် ဖုန်းငွေဖြည့်ကတ်များ ထုတ်ယူရာတွင် ဌာနတစ်ခုနှင့်တစ်ခု မတူညီဘဲ ကွဲပြားမှုဖြစ်နေသည်ကို အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက်ရန် အကြံပြုတင်ပြထားကြောင်းလည်း သိရသည်။ https://news-eleven.com/article/172555

************

၉။        တပ်မတော်စစ်ကြောင်း ဝင်ရောက်နေရာယူတဲ့အတွက် မင်းပြားရွာသား ၄၀ဝဝ ကျော်ထွက်ပြေးနေ

May 7, 2020

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က မင်းရွာ၊ ထောင့်ချေ၊ မြစ်နား စတဲ့ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလ ၅ ရက်ညနေ ပိုင်းကနေစလို့ တပ်မတော်စစ်ကြောင်းတွေက ရွာထဲမှာနေရာယူပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေဆီကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လှမ်း ပစ်တာကြောင့် ကျေးရွာသုံးရွာက လူပေါင်း ၄၀ဝဝ ကျော်ခန့်ဟာ နီးစပ်ရာကျေးရွာတွေ နဲ့ မင်းပြားမြိုကပေါ်ကို အသီးသီးထွက် ပြေးနေကြရတယ်လို့ ဒေသခံကျေးရွာသားတွေက RFA ကိုပြောပါတယ်။ တပ်မတော်စစ်ကြောင်းဟာ မင်းရွာအလယ်မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ အမြောက်နှစ်လုံးတည်ပြီး ဒီနေ့ မနက်ပိုင်းအချိန်အထိ တိုက်ပွဲဖြစ်တဲ့နေရာတွေဆီကို လှမ်းပစ်နေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

မေလ ၅ ရက်နေ့က အဲဒီတပ်မတော်စစ်ကြောင်းက ကျေးရွာသားတချို့ကိုခေါ်ပြီး လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေ တွေကို သင်ခန်းစာယူပြီး အေအေကို ထောက်ခံအားပေးတာတွေ မလုပ်ဖို့နဲ့ မဆက်စပ်ကြဖို့ တပ်မတော်စစ်ကြောင်းအရာရှိက သတိပေးပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုပြောဆိုပြီးနောက် အဲဒီစစ်ကြောင်းက ကျေးရွာတွေထဲက မူလွန်ကျောင်း၊ အထက် တန်းကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမှာ စခန်းချနေထိုင်ပြီး ရွာထဲကနေပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းပစ်နေတာလို့လည်း အမည်မဖော်လိုတဲ့ အဲဒီရွာသားကပြောပါတယ်။ မင်းရွာ၊ ထောင့်ချေ၊ မြစ်နား ကျေးရွာသုံးရွာဟာ ရွာ ချင်းဆက်နေတဲ့ရွာတွေဖြစ်ပြီး အိမ်ခြေ တစ်ထောင်ကျော် ရှိပါတယ်။ တပ်မတော်စစ်ကြောင်းဟာ အဲဒီရွာသုံးရွာစလုံးထဲမှာ နေရာယူထားတာလို့ဆိုပါတယ်။ အခုလက်ရှိမှာ သက်ကြီးရွယ်အိုအချို့သာရွာထဲမှာ အစောင့်အဖြစ်ကျန်ရစ်ခဲ့ကြပြီး ကျန်တဲ့လူ အားလုံးက တပ်မတော်စစ်ကြောင်း ရောက်လာတဲ့နေ့ကပင် ထွက်ပြေးသွားကြပြီလို့ နောက်ထပ် လုံခြုံရေးအရအမည်မဖော် လို တဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အခုလိုရပ်ထဲရွာထဲနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေထဲမှာ စခန်းချတာတွေကို တားမြစ်ပေးဖို့ အကြီး အကဲတွေကို တောင်းဆိုလိုကြောင်းလည်း ကျေးရွာသားတွေက RFA ကိုပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ အများစုဟာ တိုက်ပွဲတွေထက် တပ်မတော်စစ်ကြောင်းကို ကြောက်ပြီးတော့ ထွက်ပြေးကြတာလို့ ဒုက္ခသည်အရေး အကူအညီ တွေပေးနေတဲ့ မင်းပြားဒေသခံ ကိုအမ်းသားကြီး ကပြောပါတယ်။

ရွာထဲမှာနေပြီး တပ်စွဲမယ်ဆိုရင် ဘယ်လောက်အန္တရာယ်များသလဲဆိုတာ အားလုံးသိကြတဲ့အတွက် တပ်စွဲတယ်ဆိုတာ မဖြစ် နိုင်ကြောင်း၊ တူးထားတဲ့ ကတုတ်ကျင်းတွေဟာလည်း ရွာတွေကို အမီပြုပြီး စစ်ဆင်ရေးလုပ်နေတာ AA ပဲဖြစ်တဲ့အတွက် AA ဘက်က တူးထားသာတာဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ဒီလိုပြောကြားချက်နဲ့ ပတ်သက်လို့ AA ဘက်က တုံ့ပြန်ချက်ကိုရရှိဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။ https://www.rfa.org/burmese/news/400-minbya-villagers-flee-05072020083556.html

**************

၁၀။      မြန်မာကို ငွေကြေးခဝါချမှု အမည်ပျက်စာရင်းထဲ ထည့်သွင်းဖို့ အီးယူ ပြင်ဆင်

May 6, 2020

ငွေကြေးခဝါချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပျက်ကွက်တာကြောင့် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက် စာရင်းမှာ ဥရောပသမဂ္ဂအဖွဲ့က ထည့်သွင်းဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ နိုင်ငံကို ငွေကြေး ခဝါချမှုနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းမှာ ထည့်သွင်းထားမယ့် ဥရောပကော်မရှင်ရဲ့ ကြေညာချက်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်မယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံနဲ့အတူ အာရှက ကမ္ဘောဒီးယားနဲ့ မွန်ဂိုးလီးယားနိုင်ငံ တွေ လည်း အမည်ပျက်စာရင်းထဲ ထည့်သွင်းခံရမှာဖြစ်ပြီး စာရင်းထဲထည့်သွင်းခံရမယ့် နိုင်ငံသစ်တွေထဲ ပနားမား၊ ဘဟားမားစ်နဲ့ မောရစ်သျှနိုင်ငံတွေ ပါဝင်တယ်လို့ ကြေညာချက်မူကြမ်း ကို ရရှိခဲ့တဲ့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ဒီ စာရင်းထဲပါတဲ့ နိုင်ငံတွေဟာ ဥရောပ သမဂ္ဂအဖွဲ့ရဲ့ ငွေရေးကြေးရေးစနစ်ကို အန္တရာယ်ပြု ခြိမ်းခြောက်နေတယ်လို့လည်း ကြေညာ ချက် မူကြမ်းမှာ ပါရှိပါတယ်။ EU ရဲ့ ဥပဒေအရ ဘဏ်တွေနဲ့ တစ်ခြားဘဏ္ဍာရေး အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဖောက် သည် ကုမ္ပဏီတွေကို အဲဒီ စာရင်းပါ နိုင်ငံတွေနဲ့ အလုပ်လုပ်တဲ့အခါ သေသေချာချာ အနီးကပ် စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နာမည်ပျက် စာရင်းပါ နိုင်ငံတွေထဲက စီးပွားရေး ကုမ္ပဏီတွေလည်း ဥရောပ သမဂ္ဂက ပေးအပ်မယ့် ရန်ပုံငွေ ထောက် ပံ့ကြေး အသစ်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။

EU က မကြာခင် ထုတ်ပြန်ဖို့ ရေးဆွဲထားတဲ့ ကြေညာချက် မူကြမ်းဟာ ကမ္ဘာတစ်ဝှမ်း ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးမှာ စံနှုန်းတွေ သက်မှတ်တဲ့ပါရီမြို့အခြေစိုက် FATF – FINANCIAL ACTIONS TASK FORCE က အရင်ထုတ်ပြန်ထားတဲ့စာရင်းနဲ့ သိပ်ကွာခြားမှု မရှိပါဘူး။ ဥရောပကော်မရှင်က ပြီးခဲ့တဲ့နှစ် စာရင်းထဲပါဝင်တဲ့အာရှ ၂ နိုင်ငံဖြစ်တဲ့ လာအိုနဲ့ သီရိလင်္ကာနိုင်ငံ တွေကို ဒီနှစ် နာမည်ပျက် စာရင်းထဲကနေ ပယ်ဖျက်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ https://bu rmese.voanews.com/a/myanmar-money-laundering-european-union-/5407402.html

************

၁၁။      COVID-19 ကာကွယ်ထိန်းချုပ်ရေး မွန်ပြည်သစ်ပါတီက အစိုးရကျန်းမာရေးဌာနများနှင့် ပူးပေါင်းမည်

May 5, 2020

မွန်ပြည်သစ်ပါတီ နယ်မြေအတွင်း COVID-19 လူနာတွေ့ရှိပါက အစိုးရလက်အောက်ရှိ ဆေးရုံများနှင့် ချိတ်ဆက် ဆောင် ရွက်သွားရန် စီစဉ်ထားကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။ မွန်ပြည်သစ်ပါတီ နယ်မြေတွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟို အဆင့်၊ ခရိုင် အဆင့်၊ မြို့နယ် အဆင့် ကော်မတီများ ဖွဲ့စည်းထားပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောသည်။ ထိုသို့လုပ်ဆောင်ရာတွင် သံသယလူနာများရှိလာပါက ရောဂါ စမ်းသပ်နိုင်ရန်နှင့် ကုသရန်အတွက် မွန်ပြည်သစ်ပါတီတွင် လုံလောက်သည့်ပစ္စည်းကိရိယာမရှိသည့်အတွက်ကြောင့် လူနာကို ကုသမှုပေးနိုင်ရန် အစိုးရ လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဌာနနှင့် ချိတ်ဆက်စီစဉ်ထားသည်ဟု မွန်ပြည်သစ်ပါတီ  ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ် က ပြောသည်။

လက်ရှိအချိန်ထိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာမရှိသေးဘူးဟု  မွန်ပြည်သစ် ပါတီ တာဝန်ရှိသူက ပြောသည်။ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မွန်ညီညွတ်ရေးပါတီတို့ကလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ပေးနေသည့်အပြင် ရောဂါကာကွယ်ရေးပစ္စည်းများကိုလည်း ထောက်ပံ့ပေးနေသည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က ပြောသည်။

မွန်ပြည်နယ်ပါတီအနေနှင့် ၎င်းတို့ထိန်းချုပ်နယ်မြေများတွင်သာမက မွန်ပြည်သစ်ပါတီနှင့်ထိစပ်နေသည့် နယ်မြေများနှင့် မွန်ပြည်သူလူထုများ တည်ရှိရာနေရာဒေသသို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးမှုများ၊ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ အစားအသောက်များ ကူညီထောက်ပံ့ပေးလျက် ရှိသည်ဟု သိရသည်။ https://www.bnionline. net/mm/news-72614

*************

၁၂။      ရေဖြူမြို့နယ်တွင် ရွာသားတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်

May 5, 2020

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိ အလယ်စခန်းကျေးရွာအနီး ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက် တစ် ဖက် ပြတ်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ မေလ ၄ ရက်နေ့ မွန်းလွှဲ ၁ နာရီ အချိန်ခန့်တွင် အလယ် စခန်းကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသည့် ဒေသအခေါ် ကြောင်လျှာကွင်းဆိုသည့် ခြံမှ ပြန်လာသည့် ဟံဂံကျေးရွာမှ နိုင်ထွန်း သည် လမ်းပေါ်တွင် မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်သွားသည်ဟု သိရသည်။ အလယ်စခန်း ကျေးရွာအုပ်ချုပ် ရေးမှူး နိုင်တင်စန်း က “မိုင်းနင်းမိတဲ့လူက ဟံဂံက ဒီမှာ(အလယ်စခန်း) ခြံလာလုပ်နေကြတယ်၊ ခြံကနေအပြန် လူသွား လမ်းပေါ်မှာပဲ နင်းမိတယ်။ အဲ့နေရာတဝှိုက်မှာပဲ ၂၀၁၉ တုန်း ကလည်း တစ်ကြိမ် နင်းမိဖူးတယ်” ဟု ပြောသည်။

ယခုနှစ် ၂၀၂၀ ခုနှစ်အတွင်း၌လည်း အလယ်စခန်းနှင့် အနည်းငယ်ဝေးသည့် မျောက်ချောကျေးရွာနှင့် ကလယ်  ကျေးရွာ ဘက်တွင် မြေမြှုပ်မိုင်းနင်းမိမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ခြေထောက် တစ်ဖက်စီ ဖြတ်ပစ်ခဲ့ရ သည်။ ရေဖြူမြို့နယ်အတွင်း မကြာခဏဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းနင်းမိမှုများသည် အများဖြင့် ဒေသခံပြည်သူများ လုပ်ကိုင် စားသောက်နေကြသည့် ဥယျာဉ်ခြံများ၊ ပြည်သူများအသုံးပြုနေကြသည့် လမ်းများပေါ်တွင်ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားနေသည့်ဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ တို့ လှုပ်ရှားသွားလာနေသည့် ဒေသဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့အကြား နယ်မြေ အငြင်းပွားမှုများ  ဖြစ်ပွားနေသည့် နေရာဒေသ လည်းဖြစ်သည်။ သို့သော်လည်း မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်တပ်များဖြစ်ကြသည့်  ကရင်အမျိုးသားအစည်းအရုံး နှင့် မွန်ပြည်သစ်ပါတီတို့သည် ၎င်းတို့ ထောင်ထားခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။ ရေဖြူမြို့နယ်အတွင်း မကြာခဏ ဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းနိုင်ရေး မွန်ပြည်သစ်ပါတီဘက်က အစိုးရ တပ်မတော်နှင့်ရော၊ KNU နှင့်ပါ ညှိနှိုင်းဆွေးနွေးနေသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးဟု NMSP က ပြောသည်။ https://www.bnionline.net/mm/news-72615

************

၁၃။      KNU/KNLA-PC  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် ဈာပန ကျင်းပပြီးစီး

May 5, 2020

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်သွားသည့် KNU/KNLA -PC ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး စောဌေးမောင် အသက်(၉၃)နှစ်၏ ဈာပန အခမ်းအနားကို ကော့ကရိတ်ခရိုင်၊ နော်တယာမြို့ ထို့ကော် ကိုးဌာနချုပ်ရှိ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ဂူဗိမ္မာန်တည်ရှိရာ ထို့ကော်ကိုးဌာနချုပ် ကရင့်အာ ဇာနည်ဗိမ္မာန်၌ မေ ၅ ရက် နေ့၊ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြီးစီးသွားပြီးဖြစ်သည်။ ဗိုလ်ချုပ်ကြီးစောဌေးမောင်၏ ရုပ်ကလာပ်ကို ထို့ကော်ကိုးဒေသရှိ ခရစ်ယာန်ဘုရားကျောင်း၌ ဝတ်ပြုဆုတောင်းပြီးနောက် စစ်ရေးအခမ်းအနားဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှပေးပို့လာသော သဝဏ်လွှာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက ပေးပို ့သောသဝဏ်လွှာများ ဖတ်ကြားခဲ့သည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တို့မှ ပေးပို့လာသော သဝဏ်လွှာအပါအဝင် အရပ်ဘက်အဖွဲ့အစည်းအသီးသီးတို့မှပေးပို့ လာသော သဝဏ်လွှာ စုစုပေါင်း ၂၀ ခန့် အား တွဲဘက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ဖတ်ကြားခဲ့သည်။ ဈာပန အခမ်းအနားသို့ တိုင်းရင်း သား လက်နက်ကိုင် ခေါင်းဆောင်များ၊ စစ်ဘက် အရပ်ဘက် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီတစ်ချို့မှ ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် KNU/ KNLA -PC မှ အရာရှိများနှင့်စစ်သည်များ လိုက်ပါပို့ဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး စောဌေးမောင်သည် ၁၉၄၇ ခုနှစ် ကိုလိုနီခေတ်အင်္ဂလိပ်စစ်တပ်၌ ကရင့်လက်နက်ကိုင် လူငယ် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ဘူးသူဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် ကရင့်အမျိုးသားတော်လှန်ရေး စတင်သည့် ၁၉၄၉ ခုနှစ် ကတည်း က ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်အတူ တော်လှန်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ သူ ကွယ်လွန်သွားသည့်အတွက် KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ နေရာမှာ လစ်လပ်လျက်ရှိပြီး အစားထိုး ဆောင် ရွက်နိုင်ရန်အတွက် Proto-call အရ လက်ရှိဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စောထော့လေး အား လျာထားကြောင်း နှင့် မကြာမီ ရက်ပိုင်းအတွင်း တပ်ဖွဲ့အလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ် ကျင်းပကာ ပြန်လည်ရွေးချယ် အတည်ပြုသွားမည်ဟု KNU/KNLA -PC တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ကေအိုင်စီသို့ ပြောသည်။ http://kicnews.org/20 20/05/knu-knla-pc-%e1%80%a5%e1%80%80%e1%81%a0%e1%82%92%e1%80%

*************

၁၄။      ရဲအယောင်ဆောင်ဖမ်းဆီးဖို့ ကြိုးစားသူတွေကြောင့် တောင်ကုတ် NLD အဖွဲ့ဝင်တွေ တိမ်းရှောင်နေရ

May 5, 2020

ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို ညဘက်မှာ ရဲ အယောင် ဆောင်ထားပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး အသက်အန္တရာယ်လည်း ခြိမ်းခြောက်တာ ခံနေရတဲ့အတွက် ဒီလို NLD ပါတီ ဝင်တချို့ ထွက်ပြေးနေကြရတယ်လို့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း  မြောက်ပိုင်းရခိုင်လေသံနဲ့ တယောက်က သတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက် ဖုန်းဆက်ခဲ့ သလို ဧပြီ ၁၄ ရက်နေ့ညမှာလဲ လူတစုက နေအိမ်ခြံတခါးကို လာဖွင့်ခဲ့ကြောင်း၊ ဆွေမျိုးတွေ နဲ့ ရွာခံတွေရောက်လာတော့မှ ထွက်ပြေးသွားခဲ့ကြတယ်လို့ လက်ရှိမှာ တိမ်းရှောင်နေရဆဲဖြစ်တဲ့ ဘူးရွှေမော်ရွာသား NLD ပါတီရဲ့မြို့နယ်အလုပ်အမှုဆောင် ဦးသန်းဌေးက ပြောပါတယ်။ ဦးသန်းဌေးက သူ့ကိုခြိမ်းခြောက်သူတွေဟာ AA အဖွဲ့ကလို့ ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာက  ရွာသား ဦးသန်းရွှေ ကို မေလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ AA ကလာရောက်ဖမ်းဆီးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ NLD ပါတီရဲ့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးမင်းအောင်ကတော့ လာရောက်ဖမ်းသူတွေဟာ သူတို့ ပါတီဝင် ဦးသန်းဌေးကိုဖမ်းဖို့လာတာဖြစ်ပြီး ဦးသန်းဌေးကိုမရလို့ သူနဲ့အရင်းနှီးဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဖမ်းသွားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ နေအိမ်တွေကိုလာ ရောက်ဝိုင်းတဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆို တာတော့ သေချာမသိဘူးလို့ ပြောပါတယ်။

“ခုလို တောင်ကုတ်မြို့က NLD ပါတီဝင်တွေကို ခြိမ်းခြောက်သူတွေဟာ AA အဖွဲ့က ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခ က NLD ပါတီဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိစ္စသာဖြစ်ပြီး AA နဲ့သက်ဆိုင်မှုမရှိဘူးလို့ RFA ကို ဖြေကြားပါတယ်။ AA အဖွဲ့က လူတွေက ရဲဝတ်နဲ့ ဖမ်းဆီးဖို့ကြိုးစားတာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဒါဟာ သက် သက်အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်း၊ ဒါဟာ AA အဖွဲ့အပေါ် အထင် အမြင်လွဲမှားလာအောင် လုပ်ကြံဖန်တီးချက်သာဖြစ်လိမ့်မယ်လို့လည်း ခိုင်သုခက ပြောကြားပါတယ်။ တောင်ကုတ်က NLD ပါတီဝင်တွေရဲ့ အဆိုအရ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း အကောင့်အတုတွေနဲ့ သူတို့အပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း RFA ကို ပြောကြားပါတယ်။ https://www.rfa.org/burmese/news/rakhine-aa-nld-05062020131215.html

*************

၁၅။      ဟားခါးတက္ကသိုလ်တွင် ထားရှိသည့် Facility Quarantine လုပ်သူများ ဝင်ရောက်ပုံမှာ မမှန်ကန်ဟုဆို

May 5, 2020

ဟားခါးတက္ကသိုလ်တွင် ထားရှိသည့် Facility Quarantine လုပ်သူများဝင်ရောက်ပုံမှာ မမှန်ကန်ဟုချင်းဝေါလ်မီဒီယာက စုံစမ်း သိရှိရပါသည်။

“၂၉ ရက်နေ့က ဟားခါးတက္ကသိုလ် ထဲ စဝင်လာတဲ့သူက သူ့ဟာသူ ဆိုင်ကယ်စီးပြီးလာတယ် Positive လူနာနဲ့ ချောင်း အတူသွားခဲ့လို့ Quarantine ဝင်ဖို့လာတယ်လို့ ပြောတယ်။  ရွာထဲကို PPE ဝတ်စုံနဲ့ ပိုးသတ်ထားတဲ့ ကားနဲ့ ခေါ်တာ မဟုတ်ဘူးလားဆိုတော့ ၊ သူတို့ဟာသူတို့ ပိုးရှိလူနာနှင့် ဆက်စပ်သူ အားလုံးသွားပါ ဆိုတော့ လာခဲ့တာပါတဲ့။ ဒုတိယ တစ်ဖွဲ့ ကြတော့ ဆိုင်ကယ် ၂ စီး နဲ့လာတယ် ၊ Quarantine ဝင်ဖို့ ၂ ယောက်ကို ဆိုင်ကယ်နဲ့လာပို့တာ သူတို့ ၂ ယောက်ကို ချ ထားပြီးတော့ ဆိုင်ကယ်မောင်းတဲ့ ၂ ယောက်က ပြန်သွားတယ် ဘာထူးမှာလဲ၊ ပြီးတော့ တစ်ယောက်က ရဲ နဲ့ ဆိုင်ကယ် တစ်စီးစီ နဲ့ ၂ ယောက်လာတယ်၊ သားဖွား ဆရာမ တစ်ယောက်ကလည်း positve လူနာကို ဘယ်မှ မသွားဖို့ သွားပြောဖူး တယ်ဆိုပြီး သူ့ကိုသူ သံသယရှိလို့ ဆိုင်ကယ်နဲ့ သူ့ဟာသူလာတယ်၊ ၃ဝ ရက်နေ့ ညနေပိုင်း ၄ ခွဲလောက်မှာ နည်းနည်း အသက်ကြီးတဲ့ အသက် ၅၀ ဝန်ကျင် မိန်းမ ၂ ယောက် Quarantine ဝင်ဖို့ ဆိုပြီးတော့ သူတို့ ၂ ယောက် ထီးလေး အတူ ဆောင်းပြီးတော့ ကိုယ့်အထုတ်ကို ကိုယ်တိုင်ထမ်းပြီးတော့ လာကြတယ်၊” ဟု အမည်မဖော်လိုသူ တစ်ဦးမှ Chin World media သို့ ပြောသည်။ ဟားခါးတက္ကသိုလ်တွင် Quarantine လာပို့သူများမှာ ပြန်သွားပြီ ဖြစ်ပြီး စောင့်ကြည့်လူနာမှ Positive ဖြစ်လျှင် တစ်မြို့လုံး ကူးစက်သွားမည်ကို စိုးရိမ်နေကြောင်းလည်း ဟားခါးတက္ကသိုလ် ဆရာမ တစ်ဦးမှ လည်းပြောသည်။

“ကျွန်မတို့ ရွာကနေ ခြေကျင်နဲ့ ဟားခါးထိလာတာပါ၊ သူတို့ရွာကို ကားနဲ့ လာခေါ်တုန်းက ကျွန်မတို့ တောင်ယာမှာအိပ်တော့ ရွာပြန်ရောက်မှ လူနာနဲ့ လက်နှုတ်ဆက်ခဲ့တယ် ဆိုတော့ ရွာသားတွေကလည်းဝင်ဖို့ တိုက်တွန်းကြတော့ ဟားခါး လာခါနီးမှာ လည်း ရွာက ဥက္ကဌကိုလည်း အကြောင်းကြားတယ် သူက ဟားခါးသစ်က Gate ကို ပြောပေးမယ် ပြောလို့ထွက်လာတယ်။ Quarantine လုပ်တဲ့ နေရာကို ညနေ ၅ နာရီလောက်မှာ ရောက်ဖြစ်တယ်” ဟု ရွာမှ ခြေကျင်ဖြင့် လာသူမှ ပြောသည်။ ဟားခါး တက္ကသိုလ်တွင် Positvie လူနာနှင့် ထိတွေ့ခဲ့သူ ၅၁ ဦးကို ဟားခါးတက္ကသိုလ်ထားရှိပြီး နိုင်ငံခြားပြန်များကို န.တ.လ ကျောင်းသို့ Quarantine လုပ်လျက်ရှိသည်။ https://www.bnionline.net/mm/news-72625

***************

၁၆။      NCA ထိုးအဖွဲ့များနှင့် သမ္မတ ဖွဲ့စည်းသည့် COVID-19 ပူးပေါင်းသည့် ကော်မတီတို့ အလွတ်တွေ့ဆုံ

May 6, 2020

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ကုသ ရေးနှင့်စပ်လျဉ်းသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ပထမဆုံးအကြိမ် အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် မေလ ၅ ရက်နေ့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်း က တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောသည်။“အဓိကကတော့ COVID- 19 ဆိုင်ရာ ထိန်းချုပ်ကာကွယ်ရေးပိုင်းရယ်၊ ကုသရေးပိုင်းဆိုင်ရာတွေပေါ့ အဲဒီကိစ္စတွေကိုလည်း ဆောင်ရွက်ကြမယ်။ ပြီးရင် လည်းပဲ နယ်စပ်တစ်ကြော အသီးသီးက ပြန်လာကြမယ့် ဒီရွှေ့ပြောင်း အလုပ်သမား ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ အဲဒီကိစ္စဆွေးနွေးဖို့အတွက်ကို  ပြင်ဆင်တာပဲ။ အခုကတော့ အသေးစိတ်ဆွေးနွေးပွဲ မဟုတ်ဘူးပေါ့နော်။”ဟု ပြောသည်။ ယခုပြုလုပ်သည့် ဆွေးနွေးပွဲသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသာဖြစ်ပြီး တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ပြင်ဆင်သည့် ဆွေးနွေးပွဲ ဟု  ပြောသည်။

တရားဝင်အစည်းအဝေးတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့၏ COVID- 19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းတွင် ကြုံတွေ့နေရသည့် တပ်မတော်၏ ဟန့်တား ပိတ်ပင်မှုများကို လည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု NCA-EAOs အဖွဲ့များက ပြောသည်။ ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ အစိုးရဖက်မှ  ညှိ နှို င်းပူးပေါင်းရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့်အတူ ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့်  NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့မှ ဦးမျိုးဝင်းနှင့်အတူ အခြားသော တိုင်းရင်းသား ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြ သည်ဟု သိရသည်။ https://www.bnionline.net/mm/news-72632

************

၁၇။      ရွေးကောက်ပွဲအစီအစဉ်အတွက် ညှိနှိုင်းဖို့ ပါတီတချို့ လိုလား

May 5, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားတစ်ခုတည်းနဲ့ မဆုံး ဖြတ်ဘဲ နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ပါတီခေါင်း ဆောင်တွေ၊ လေ့လာသူတွေက တိုက်တွန်းလိုက်ပါတယ်။

တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ရင်ဆိုင်နေရချိန်ဖြစ်တာကြောင့် ရွေးကောက်ပွဲ ကျင်းပသင့်၊ မကျင်းပသင့်ကို ဆွေး နွေးညှိနှိုင်းသင့်တယ်လို့ ၈၈ ကျောင်းသားအများစု ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၅ အထွေအထွေရွေးကောက်ပွဲတွေကို နိုဝင်ဘာလမှာပဲ ကျင်းပခဲ့တာကြောင့် ၂၀၂၀ ရွေး ကောက်ပွဲကိုလည်း နိုဝင်ဘာလကုန်မှာ ကျင်းပဖို့လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန် ရှိသူတွေက နိုင်ငံပိုင်မီဒီယာတွေကတဆင့် ပြီးခဲ့တဲ့ရက်ပိုင်းကပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို တကယ်ထိန်းချုပ်နိုင်မှသာ ရွေးကောက်ပွဲကို စဉ်းစားသင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါ တယ်။

ဒီအခြေအနေတွေကြားထဲမှာ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် မညီမျှမှုတွေရှိနိုင်ပြီး ကော်မရှင်အပေါ်မှာ မေးခွန်းထုတ် စရာ တွေ ဖြစ်လာမယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ ဒီကပ်ရောဂါအန္တရာယ် ကြုံတွေ့နေရချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လူစုလူဝေးနဲ့ မဲဆွယ်ဟောပြောရ မယ့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်အခြေအနေ၊ မဲဆန္ဒရှင်တွေ မဲစာရင်းကြည့်ရှုစစ်ဆေးခွင့် အပါအဝင် အခက်အခဲ တွေ အတော်များများ ကြုံတွေ့ရနိုင်တယ်လို့ ထောက်ပြကြပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာဆိုရင် မဲဆန္ဒနယ်တိုင်းကို သွားရောက်ခွင့်၊ ပြည်သူတိုင်းကို မဲဆွယ်စည်းရုံးခွင့် ရနိုင်ပါ့မလားဆိုတဲ့ စိန်ခေါ်မှုလည်း ရှိနေပါတယ်။ ဒီအခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့ ဆိုတာ မလွယ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လာမယ့် ၂၁ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးမယ်လို့  ကြေညာထားပါတယ်။ လက်ရှိ နိုင်ငံရေးပါတီ တစ်ရာနီးပါးရှိပြီး အားလုံးနီးပါး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင် ခြေ ရှိပါတယ်။ https://www.rfa.org/burmese/news/2020-election-05052020050408.html

*************

၁၈။      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 ဆိုင်ရာ ဆွေးနွေးခြင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က သထုံဆေးရုံ                        နှင့် ရေးမြို့ နယ်ဆေးရုံတို့၌ အသက်ရှူစက်နှစ်ခုစီရှိဟု ပြောကြားခဲ့သော်လည်း မြေပြင်အခြေအနေ နှင့် ကွဲလွဲနေဟု                    လွှတ်တော်ကိုယ်စား လှယ် များ ပြောကြား

May 5, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID- 19 ဆိုင်ရာ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ် က သထုံခရိုင် ပြည်သူ့ဆေးရုံနှင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံတို့၌ အသက်ရှူစက် နှစ်ခုစီရှိဟု ပြောကြားခဲ့သော်လည်း တကယ့် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားသည်။ မေ ၅ ရက်က ပြုလုပ်သည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဝန်ကြီးချုပ်များ COVID- 19 ဆိုင်ရာ အပြန်အလှန်ဆွေးနွေးခြင်း အစီးအစဉ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သထုံခရိုင် ပြည်သူ့ဆေးရုံနှင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံတို့၌ အသက်ရှူစက်နှစ်ခုစီရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးမှာ Ventilator လေးခုရှိပါတယ်။ သထုံမှာ Ventilator နှစ်ခုရှိပါတယ်။ ရေးမြို့နယ်မှ Ventilator နှစ်ခုရှိပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်ရှူစက် (Ventilator) မရှိသည့်အပြင် သထုံခရိုင် ပြည်သူ့ ဆေးရုံတွင် လည်း Portable Ventilator စက်တစ်လုံးသာရှိဟု နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ပြောကြားခဲ့ခြင်းဖြစ် သည်။

“ကျွန်တော်တို့ အရင်ကထင်ထားတာက ကျောက်ကပ်ဆေးတဲ့စက်မှာ အသက်ရှူစက်သုံးရတယ်လို့ သိထားတယ်။ အဲဒါနဲ့ သထုံခရိုင်ဆေးရုံမှာ အဲဒီစက်တစ်လုံးရှိတယ်။ နောက် Portable Ventilator တစ်လုံးရှိတယ် ထင်နေတာ။ ညနေကဘဲ သထုံ ခရိုင်ဆေးရုံအုပ်ကြီးကို လှမ်းပြီးအတည်ပြုတော့ ကျောက်ကပ်ဆေးတဲ့စက်မှာ အသက်ရှူစက်မရှိဘူး။ Portable Ventilator စက်တစ်လုံးတည်းရှိတယ်လို့ ပြောပါတယ်။ ICU Ward တွေမှာသုံးတဲ့ Ventilator စက်တော့ မရှိဘူးလို့သိရတယ်” ဟု ဦးအောင်ကျော်သူက ဆိုသည်။ https://news-eleven.com/article/172288

************

၁၉။      ရသေ့တောင်မှာ ကျောင်းဆရာမတစ်ဦး မိုင်းထိလို့ ဒဏ်ရာရ

May 5, 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာ မူလတန်းလွန်ကျောင်းက ဆရာမ ဒေါ်ချိုဇင်အောင် မေလ ၃ ရက် နေ့ မန က်ပိုင်းက မိုင်းထိသွားတဲ့အတွက် စစ်တွေမြို့က အမှတ် ၁၇ ကုတင် ၁၀ဝ စစ်ဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။ ဆရာမဟာ ရသေ့တောင်မြိုကနယ်က ခမရ ၅၃၆ တပ်ထဲမှာနေထိုင်သူဖြစ်ပြီး မော်တော်ဆိုင်ကယ်နဲ့ မိခင်ဖြစ်သူ အတွက် နွားနို့ထွက်ဝယ်စဉ်မှာ အခုလိုဖြစ်တာလို့သိရပါတယ်။ ဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ ခြေထောက်တစ်ဖက်ထိခိုက်သွားလို့ ရန်ကုန်မင်္ဂလာဒုံစစ်ဆေးရုံကိုကိုပို့ဆောင် ကုသမယ်လို့ သတင်းကြားတယ်လို့ ရသေ့တောင်မြို့နယ် ပညာရေးလုပ်သားသမဂ္ဂ အဖွဲ့ဝင် ကိုစိုးလင်းဦး က RFA ကိုပြောပါတယ်။

ANP ပါတီရဲ့ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ ဒီဖြစ်စဉ်ကိုမသိရသေးကြောင်း ပြောပါတယ်။ ရသေ့တောင် ကို ညနေမှ ခရီးကပြန်ရောက်မှာဖြစ်လို့ ဖြစ်စဉ်ကို စုံစမ်းမယ်လို့ ပြောပါတယ်။ တချိန်ထဲမှာလည်း တပ်မတော်နဲ့ AA အကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရသေ့တောင်မြို့နယ်ထဲက ငတောက်တူချေ ရွာဟောင်းနဲ့ ရွာသစ် နှစ်ရွာလုံး မီးလောင်နေပြီး တစုံတယောက်က ရှို့တဲ့ မီးတွေလို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီရွာနှစ်ရွာဟာ ရသေ့တောင်မြို့နယ်ရဲ့ မြောက်ဘက် တစ်မိုင်လောက်အကွာ အစိုးရတပ်မတော် ခမရ ၅၃၈ ရဲ့ ချောင်းတစ်ဖက်မှာရှိတာဖြစ်ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၀ဝ ကျော်နဲ့ လူဦးရေ ၇၀ဝ ကျော်ရှိတယ်လို့သိရ ပါတယ်။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့  ရသေ့တောင်ဘက်မှာ တိုက်ပွဲဖြစ်ပွား တာမရှိကြောင်း၊ ရွာနှစ်ရွာ မီးရှို့ခံရတယ်ဆိုတာ ဟုတ်မှန်ပြီး တပ်မတော်ဘက်က တပ်နဲ့နီးလို့ ရည်ရွယ်ချက်ရှိရှိ တမင်ရွာတွေ ကို မီးရှို့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ ရခိုင် လူမျိုးတွေနဲ့ ကျေးရွာသားတွေအပေါ်မှာ တပ်မတော်က တမင်ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် တမင်သက်သက် တိုက်ခိုက်တာမျိုးမရှိ ကြောင်း၊ ကျေးရွာတွေကို အခြေပြုပြီး တိုက်ပွဲဖော်ဆောင်တာ ရှောင်ရှားဖို့နဲ့ အရပ်သားတွေကိုအကာကွယ်ယူ တိုက်ခိုက်တာ မျိုး AA အနေနဲ့ ရှောင်ရှားဖို့လိုကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အရင်က RFA ကို မကြာခဏ ဖြေကြားထားပါတယ်။ https://www.rfa.org/burmese/news/yathaetaung-mine-one-teacher-wound-0505202008 1003.html

************

၂၀။      ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဘတ်ဂျက်ကိစ္စဆွေးနွေး

May 7, 2020

ပြည်ထောင်စုဘတ်ဂျက်ပါ ဌာန ၆၀ ကျော်ရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ  ဒေသဆိုင်ရာဌာန ၂၄ ခုရဲ့ စုစုပေါင်းအသုံးစရိတ် ထက် ဘတ်ဂျက်အရ နည်းနေတယ်လို့ ကယားပြည်နယ်လွှတ်တော်  ပြည်သူ့ငွေစာရင်း ‌စောင့်ကြည့်စစ်ဆေးရေးကော်မတီက ပြောပါတယ်။ မေလ ၇ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ  ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ရဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ကယားပြည်နယ်ရဲ့ ဘဏ္ဍာငွေ အရသုံးစာရင်းနဲ့ ပတ်သက်ပြီး  ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင် ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ)နော်အီးက  ပြောပါတယ်။

“ပြည်ထောင်စုမှ လိုငွေထောက်ပံ့ကြေး ၇၉ ဒသမ ၉ ဘီလီယံကျော်နှင့် ဒေသတွင်း အမှန်တကယ်ရငွေ ၉ ဘီလီယံပေါင်း ၈၈ ဒသမ ၉၃ ဘီလီယံကို  ဒေသဘတ်ဂျက်ဌာန ၂၄ ဖွဲ့ကသာ သုံစွဲနေတာဖြစ်လို့  ဘတ်ဂျက်အရ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ပြည်ထောင်စုဘတ်ဂျက်ပါ ဌာန ၆၀ ကျော် စုစုပေါင်းအသုံးစရိတ်မှာ ဒေသဘတ်ဂျတ်ပါ  ဌာန ၂၄ ခုရဲ့ စုစုပေါင်း အသုံးစရိတ်နဲ့ သိပ်မကွာတာကြောင့်  ပြည်ထောင်စု ဘတ်ဂျက်ပါ ဌာနများမှာ ဘတ်ဂျက် အရနည်းလျက်ရှိပြီး ဒေသဘတ် ဂျက် ဌာနတွေက အရများနေတာကို  သုံးသပ်တွေ့ရှိရပါတယ်။

၂၀၂၀-၂၀၂၁ခု လျာထားချက်မှ ခန့်မှန်းငွေစာရင်းမှာ  ရငွေ ၈၈ ဒသမ ၉၃ ဘီလီယံဖြစ်ပြီး သုံးငွေ စုစုပေါင်းမှာလည်း ၈၈ ဒသမ ၉၃ ဘီလီယံ ဖြစ်ပါတယ်။ အမှန်တကယ်ရငွေမှာ ၈ ဘီလီယံကျော်သာရှိပြီး ပြည်ထောင်စုကနေ ထောက်ပံ့ငွေ ၇၉ ဒသမ ၉ ဘီလီယံကျော် ထောက်ပံ့ပေးထားတာတွေ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေး ရေးကော်မတီရဲ့ စိစစ်ချက်အစီရင်ခံစာကို တင်ပြခဲ့ပြီး ဒီအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေး နိုင်ဖို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။ မနက်ဖြန်မှာတော့ ဘတ်ဂျက် ငွေစာရင်းလျာထားချက်နဲ့ပတ်သက်ပြီး   အတည်ပြုမပြု ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။ http://burmese.dvb.no/arch ives/386602

*************

၂၁။      ရာမောင်တံတားအနီး ဈေးသည်အမျိုးသမီး ၁ ဦး လက်နက်ကျည်ထိမှန် ဒဏ်ရာရ

May 7, 2020

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအောက်မှာ ဈေးဆိုင်ရောင်းချနေတဲ့ အမျိုးသမီးတဦး  ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်လောက်က လက်နက်ငယ်ကျည်ထိမှန်  ဒဏ်ရာရရှိသွားပါတယ်။ ရာမောင်တံတားနားက အမ်းသားကျေးရွာက ဈေးရောင်းသူ ဒေါ်အေးချမ်းခိုင် အသက် ၃၆ နှစ်ဟာ လက်နက်ငယ်ကျည်ထိမှန်ခဲ့တာကြောင့် ဘယ်ဘက်ခြေသလုံးမှာ ကျည် ဖောက်ဝင်သွားလို့ မင်းပြားပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ကာယကံရှင် ဒေါ်အေးချမ်းခိုင်က ဒီဗွီဘီကို ပြော ပါတယ်။

“နေ့လယ် ၂ နာရီလောက်ကဖြစ်မယ် ကျမက  ရာမောင်တံတားအောက်ဈေးဆိုင်ဖွင့်ပြီး ဆိုင်ရောင်းနေတာ။ ကလေးနဲ့အတူ ထိုင်နေတာ။ အဲ့ဒီအချိန်မှာ ကျည်က ကျမဆီကိုလာထိတယ်။ ခြေသလုံးကို ဖောက်ဝင်သွားတယ်။ သားကတော့ဘာမှ မဖြစ် ဘူး။ ရာမောင်တံတားအနားမှာ တပ်မတော်က တပ်စွဲထားတာရှိတယ်။ ဘယ်ကပစ်လိုက်မှန်းတော့ကျမ မသိဘူး။ လက်ရှိမှာ တော့ ခြေသ လုံးမှာ ကျည်ဝင်သွားတာကြောင့် မင်းပြားဆေးရုံကို ရောက်ရှိနေပြီး ဓာတ်မှန်ရိုက်ကူးထားတာ အဖြေသိရဖို့စောင့် ဆိုင်းနေတယ်”ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်စရာမရှိပေမယ့် လမ်းမလျှောက်နိုင်ဘူးလို့လည်း ဒေါ်အေးချမ်းခိုင်က  ပြောပါတယ်။

အဆိုပါပစ်ခတ်မှုဟာ ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်လည်းဆိုတာကိုတော့ မသိရသေးသလို ဘယ်လက်နက်ကိုင် အဖွဲ့ အစည်းကမှလည်း သူတို့ရဲ့လက်ချက်လို့ ထုတ်ဖော်ဝန်ခံလေ့မရှိပါဘူး။ သင်္ဂဟကမ်းလက်လက်ရက္ခိတအဖွဲ့အသင်းဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး။ လေယာဉ်နဲ့လာပစ်နေတာတွေရှိတယ်။ လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာတွေရှိတယ်။ နောက်ပြီး ရာမောင်နားက ရေတပ် ကလည်း ပစ်ခတ်နေတာတွေရှိတယ်။ တောင်ကုန်းတွေ ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေရှိနေတယ်။ ဖုံသာချောင်းဘက် တောင်တန်းတွေကို တလျှောက်ပစ်နေတာတွေရှိနေ တယ်။ တိုက်ပွဲနဲ့ မသက်ဆိုင်ပဲ ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေ သေဆုံးတာ၊ ဖမ်းဆီးခံနေရတာ၊ ညှဉ်းပန်း နှိပ်စက်ခံရပြီး  သေဆုံးတာတွေများပြားလာနေပါတယ်။” လို့ ပြောပါတယ်။ http://burmese.dvb.no/archives/386621

************

၂၂။       ကန်ပိုင်တီ Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွေ့ရန်စီစဉ်နေ

May 5, 2020

တရုတ်နယ်စပ် ကန်ပိုင်တီနယ်စပ်တွင်ထားရှိသော Quarantine များကို မြစ်ကြီးနားသို့ ရွှေ့ပြောင်းရန် ပြည်နယ်အစိုးရက စီစဉ် နေကြောင်း သိရသည်။

လက်ရှိ Quarantine များကို ထားရှိသောနေတွင် မိုးရာသီဝင်လျှင် မလုံခြုံတော့သဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့သို့ ရွှေ့ပြောင်းထားရန် လိုအပ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဝန်ကြီးက ပြောသည်။ “Quarantine တွေကို ထားဖို့ ပြညန်နယ်အစိုးရက လုပ်ပေးနိုင်တာက အဆောက်အဦးဘဲ လုပ်ပေးနိုင်တယ်။ အဆောက်အဦး ဆိုပေမယ့်လည်း မိုးကာနဲ့ဘဲ အဖြစ်သဘော ဆောက်ထားပေးတယ်။ နောက် ပြည်တော်ပြန်အလုပ်သမားတွေအတွက် ကျန်းမာရေးဆိုလည်း စိတ်ပူရတယ်။ ကန်ပိုက်တီဆိုရင်လည်း ကချင်ပြည်နယ်မှာ အခြားဒေသတွေနဲ့မတူဘဲ အလွန်အေးတဲ့ ဒေသဖြစ်တယ်။ အခုဆို မိုးရာသီချိန်ရောက်လာပြီ။ အကယှ်ုများ မထင်မှတ်ဘဲ လေမုန်တိုင်းတွေ လာမယ်ဆိုရင် စိုးရိမ်စရာရှိ ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းနေထိုင်သင့်နေတယ်”ဟု သူကပြောသည်။

လက်ရှိ ကန်ပိုက်တီတွင် ၂၁ ရက် Quarantine ခံယူနေသည့် ပြည်တော်ပြန်အလုပ်သမား ၄၀ဝ ကျော်ရှိနေပြီး ထိုသူများကို မြစ်ကြီးနား သတ်မှတ်နေရာများသို့ ရွှေ့ပြောင်းရန်ပြင်ဆင်နေခြင်းဖြစ်သည်။ ပြည်တောင်ပြန် Quarantine ဝင်နေသူများကို ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် ကူညီထောက်ပံ့ရန် အစီစဉ်မရှိသေးသဖြင့် အလှူရှင်များဖြင့်သာ ဆက်လက်ရပ်တည်သွားရ မည်ဟု သိရသည်။ ကချင်ပြည်နယ်အတွင်း Quarantine စင်တာ ၂၆၀ ခန့်ရှိပြီး တရုတ်ပြည် လွယ်ဂျယ်ဂိတ်နှင့် ကန်ပိုက်တီ ဘက်မှ ပြန်လာသည့် ကချင်ပြည်နယ် ပြည်တွင်းနှင့်ပြည်ပ စုစုပေါင်း ၅၃၄၆ ဦး ရှိနေပြီဟု ပြည်နယ်အစိုးရထံမှ သိရသည်။https://burmese.kachinnews.com/2020/05/05/%e1%80%80%e1%80%94%e1%80%ba%e1%80%95%e1

***********

၂၃။      ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ကွယ်လွန်

May 7, 2020

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်သည် ဦးနှောက်အမြှေးပါးရောင် ရောဂါဖြင့် မေ ၆ ရက် နံနက်က စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် ကိုယ်စားလှယ်အချို့ ၏ ပြောကြားချက်အရ သိရသည်။

ဦးကျော်ကျော်သည် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ဦးကျော်ကျော်သည် ၂၀၁၅  အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ပါတီမှ နုတ်ထွက်ကာ ရခိုင့်ဦးဆောင်ပါတီသို့ ဝင်ရောက်ကာ ပါတီ၏ ဗဟိုအကြံပေးကောင်စီဝင်အဖြစ် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဦးကျော်ကျော်သည် မြောက်ဦးမြို့ တောင်ရပ် (ဘီအိုစီရပ်ကွက်) ဇာတိဖြစ်ပြီး ဥပဒေဘွဲ့ရတစ်ဦးဖြစ်ကာ အငြိမ်းစား အထက် တန်းပြ ကျောင်းဆရာတစ်ဦးလည်း ဖြစ်သည့်အပြင် ၎င်းကွယ်လွန်မှုအပေါ် ရခိုင်ဦးဆောင်ပါတီက ဝမ်းနည်းကြောင်း သဝဏ် လွှာ ထုတ်ပြန်ခဲ့သည်။ https://news-eleven.com/article/172573

*************

၂၄။      ဟားခါးမြို့ Facility Quarantine  ထားရှိမှုတွင် အဆင်ပြေနေသော်လည်း အစိုးရ ကူညီမှုကြောင့်မဟုတ်ဟုဆို

May 7, 2020

ဟားခါးတက္ကသိုလ်တွင် Facility Quarantine ထားရှိသူများသည် အပြင်မှ အဖွဲ့အစည်းများ ကူညီမှုကြောင့်သာ အဆင်ပြေနေ ပြီး အစိုးရဘက်မှ ကူညီမှုတစ်ခုမှမရှိဟု စောင့်ကြည့် လူနာ တချို့ထံမှသိရသည်။ “ကျွန်တော်တို့က အဆင်ပြေတယ်။ အပြင်က အဖွဲ့စည်းလေးတွေ ကူညီပေးလို့ပေါ့နော် ဒါပေမယ့်အဆင်ပြေတယ်ဆိုတာ အစိုးရကူညီတာ တစ်ခုမှမရှိဘူး ၊ အပြင်က အဖွဲ့ စည်းတွေ ဘာသာရေးတွေ ဒါတွေကြောင့် အဆင်ပြေတာပါ” ဟု Facility Quarantine ဝင် Pu Cia That က ပြောသည်။

အိမ်သာ၊သန့်ရှင်းရေးတွင်လည်း အတွင်းကျကျ လုပ်ဆောင်မှုမရှိပဲ အပြင်မှသာ စောင့်ရှောက်မှု များလုပ်နေခြင်းကြောင့် အခက်ခဲများရှိနေပြီး ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း အတွင်းကျကျ စောင်ရွက်မှု့မရှိဟုလည်း သိရသည်။ အိမ်သာကို စောင့်ကြည့်လူနာများမှ ကိုယ်ထူကိုယ်ထ ပြင်ဆင်မှုများလုပ်ခဲ့ပြီး ယခုမှသာ အနည်းနှင့်အများ အသုံးပြုနိုင်သည်ဟုသိရသည်။ “ကျွန်တော်တို့ ဝင်လာကတည်းက သူတို့ လုံးဝမစီစဉ်ခဲ့တာက ရေနဲ့ အိမ်သာဖြစ်တယ်၊ ရေကအခုထိလည်း ပုံမှန်လာတာမရှိပြီး ကျွန်တော်တို့ ပြောမှ ဖွင့်ပေးတယ်၊ အိမ်သာက သူတို့လည်း အထဲဝင်ပြီးလုပ်ဖို့ အဆင်မပြေတော့ ကိုယ့်ဟာကိုပဲလုပ်နေတယ်၊ အိမ်သာပိုက်တွေထဲ မှာလည်း ရွံ့တွေပဲ ပြည့်နေတယ် ၊မနေ့က နည်းနည်း ကိုယ့်ဟာကိုယ် ပြင်လိုက်တော့ အခု နည်းနည်း သုံးလို့ ရတဲ့ဟာတွေတော့ ရှိလာပါပြီ၊”ဟု Facility Quarantine ဝင်သူ တစ်ဦးက ပြောသည်။ လက်ရှိဟားခါးတက္ကသိုလ်တွင် Facility Quarantine ထားရှိသူ ၅၁ ဦးရှိပြီး ၄၈ ဦး မှာ Negative ဖြစ်ပြီး ကျန်သုံးဦးမှာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ https://www.bnionline.net/mm/news-72662

************

၂၅။      ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး Mask ကမ်ပိန်းပြုလုပ်မှု လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် ဝေဖန်ခံရ

May 7, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး Mask ကမ်ပိန်းပြုလုပ်မှု လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် ဝေဖန်မှုများရှိခဲ့သည်။ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆောင်၍ ပြုလုပ်ပြီး ရှမ်းတောင် မြို့နယ်ပေါင်း ၂၁ မြို့နယ်တွင် တပြိုင်နက်ထဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်ကြီမြို့ မီးပုံးပျံကွင်းအပေါက်ဝ တွင် မေ ၇ ရက် နံနက် ၇ နာရီတွင် စတင်၍ ကမ်ပိန်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ စသဖြင့် အဖွဲ့အစည်းပေါင်းစုံတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့ သည် အဝေရာကုန်းသာယာကွင်းဘေးရှိ လမ်းမပေါ်တွင် ရောင်းချနေသော ယာယီပျံကျ ဈေးသည်များနှင့် ဈေးဝယ်သူများ အား Mask ပေးဝေခြင်း၊ လက်ဆေးရည်၊ အသိပညာပေး လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်၊ ပင်လုံ၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်ဖြစ်၊ အင်တော၊ ရပ်စောက်၊ နမ့်စန်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ရွာငံ၊ ပင်းတယ၊ အေးသာယာ၊ လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန် စသည့်မြို့များတွင်လည်း Mask ကမ်ပိန်းများ တစ်ပြိုင်နက်ပြုလုပ်ခဲ့သည်။ ထို့ပြင် ရှမ်းအရှေ့နှင့် ရှမ်းမြောက်တို့တွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကမ်ပိန်းပြုလုပ်ရာတွင်လည်း Social Distancing ကို လိုက်နာဆောင်ရွက်ပေးကြရန်၊ တစ်ယောက်နှင့် တစ်ယောက် ခြောက်ပေခွာပြီး လူစုလူဝေး မဖြစ်ပေါ်စေရေးကို အထူးသတိထား ဆောင်ရွက်ပေးကြပါရန် သတိပေး နှိုးဆော်ထားပြီး၊ ပရဟိတ အသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ ဌာနဆိုင်ရာများအားလုံးပူးပေါင်း ပါဝင် ပေးကြရန် တိုက်တွန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။ ယင်းသို့ ပြောကြားမှုများ ရှိခဲ့သော်လည်း လူစုလူဝေးများဖြစ်ပေါ်ခဲ့သဖြင့် တောင်ကြီးမြို့ခံအချို့က လူမှုကွန်ရက်စာမျက်နှာများတွင်ဝေဖန်မှုများ ထွက် ပေါ်လာခဲ့ပြီးနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ရက် စာမျက်နှာတွင် ပြန်လည် တောင်းပန်ခဲ့ရ သည်။အဆိုပါ Mask ကမ်ပိန်းကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် တစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ပြော ကြားသည်။ https://news-eleven.com/article/172567

*************

၂၆။      တရားရုံးက လွှတ်ပေးသည့် တောင်ကုတ် ဒေသခံ ၅ ဦး ဗုံးခွဲမှုဖြင့် ပြန်အဖမ်းခံရ

May 7, 2020

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသော ဒေသခံ ၅ ဦးကို ယနေ့ မေလ ၇ ရက်နေ့က အထောက်အထား မခိုင်လုံ၍ မြို့နယ်တရားရုံးက ပြန်လွှတ်ပေးခဲ့သော်လည်း ထပ်မံ ပြန် အဖမ်းခံလိုက်ရကြောင်း သတင်းရရှိသည်။ အဆိုပါ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ဒေသခံ ၅ ဦးကို ဧပြီလ ၅ ရက်နေ့ က တပ်မတော်သားများ အပါအဝင် ၊ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ယူခဲ့ပြီးနောက် ရက္ခိုင်စစ်တပ် (AA) နှင့်ပတ်သက် ဆက်နွယ်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယနေ့တွင် ချုပ်ရမန် သက်တမ်းစေ့သည့်အတွက် တောင်ကုတ် မြို့နယ် တရားရုံသို့ တရားစွဲတင်ရာတွင် အထောက်အထား ခိုင်လုံမှုမရှိသဖြင့် တရားရုံးမှ ပြန်လွှတ်ပေးခဲ့သော်လည်း နောက် ထပ် ဗုံးဖောက်ခွဲမှုတခုဖြင့် ထပ်မံဖမ်းဆီး ထိန်းသိမ်းခဲ့ရလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ ယင်းဖမ်းဆီးခံ ထားရသူ ဆားပြင်ကျေးရွာသား ၅ ဦးမှာ ဦးပြုံးချို၊ ဦးသန်းနိုင်၊ ဦးလှဖြူ၊ ဦးအောင်ထူး၊ ဦးအောင်မြင့်တို့ ဖြစ်ပြီး ၎င်းထဲမှ ဦးပြုံးချို မှာ ရခိုင်အမျိုးသားပါတီ (ANP) ဝင် တဦးဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် ANP ပါတီမှ ဒုဥက္ကဋ္ဌ ဦးဖေကြွယ် က “ပထမ ဖမ်းတုန်းတော့ သူတို့ကို စည်းရုံး ဟောပြောတယ်။ ငွေကြေး ကောက်ခံတယ်။ ရိက္ခာပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာ။ ဒီနေ့ သက်သေအထောက်အထား မခိုင်လုံလို့ တရားရုံးက လွတ်ပေး လိုက်ပြီး နာရီဝက်လောက်အကြာမှာ နောက်ထပ် ဗုံးဖောက်ခွဲမှုနဲ့ ထပ်ဖွင့်ပြီးတော့ ချုပ်ရမန် ယူသွားတယ်”ဟု ဧရာဝတီသို့ ပြော သည်။ ဗုံးခွဲမှုဖြင့် ရဲတပ်ဖွဲ့မှ ချုပ်ရမန်တောင်းခဲ့ရာတွင် တောင်ကုတ်မြို့နယ် တရားရုံးမှ မေလ ၁၁ ရက်နေ့အထိ ချုပ်ရမန် ၄ ရက်သာ ပေးလိုက်ကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကတော့ ၎င်းဆားပြင်ကျေး ရွာသား ၅ ဦး၏ အမှုကို တပ်မတော်က တရားလို လုပ် တိုင်တန်းထားခြင်းဖြစ်ပြီး တောင်းကုတ်မြို့နယ်အတွင်း ဗုံးဖောက်ခွဲသည့် ဖြစ်စဉ်များရှိသည့်အတွက် ဆက်စပ်မှု ရှိမရှိ ဆို သည်ကို စစ်ဆေးရန် ထပ်မံအမှုဖွင့် စစ်ဆေးနေခြင်းသာဖြစ်ကြောင်း ပြောသည်။ လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ် အတွင်း နိုင်ငံရေးပါတီများအကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့လုံခြုံရေးကို တင်းကြပ်ထား ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ https://burma.irrawaddy.com/news/2020/05/07/222151.html

*************

၂၇။      ညမထွက်ရအမိန့် ထုတ်ထားချိန် မြဝတီတွင် ငါးဂိမ်းလောင်းကစားရုံ ဖမ်းမိ

May 6, 2020

မြဝတီမြို့တွင် အရေးပေါ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိဘဲ ငါးဂိမ်းလောင်း ကစားရုံ ဖွင့်လှစ်ထားသူနှင့် လာရောက်ကစားသူများကို မေ ၆ ရက်၊ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးလိုက်သည် ဟု မြဝတီမြို့မရဲစခန်း တာဝန်ရှိများက ပြောသည်။

ကိုဗစ် ကာလ ညမထွက်ရ အမိန့်ထုတ်ပြန်ထားစဉ် အဖွဲ့စုံပါသည့် လှည့်ကင်းအဖွဲ့က မြဝတီမြို့နယ်အတွင်း ကင်းလှည့် ဆောင် ရွ က် နေစဉ် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၂)ချစ်ကြည်ရေးလမ်း၊ ခြံကွက်တစ်ခု အတွင်း ငါးဂိမ်းလောင်းကစား ရုံသည် ပိတ်ထားခြင်းမရှိဘဲ လောင်းကစား ပြုလုပ်နေသည့်အတွက် ဝင်ရောက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝင်ရောက်ရှာဖွေစဉ် အစဉ်အလာအတိုင်း ငါးဂိမ်းလောင်းကစားရုံ မန်နေဂျာ၊ ကိုစိုင်း ဆိုသူသည် ထွက်ပြေး တိမ်းရှောင် သွားပြီး လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ငါးမန်းလောင်းကစား ဂိမ်းစက် ၆ လုံး နှင့်အတူ ဆက်စပ်ပစ္စည်းများ၊ လောင်းကစားပြုလုပ်ကြသူ ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိ ဖြစ်စဉ်အပေါ် လောင်းကစားရုံ မန်နေဂျာ ကိုစိုင်းဆိုသူကို (ပ)၃၇၁/၂၀၂၀ လောင်းကစား ဥပဒေ၊ ပုဒ်မ- ၁၆(က)/ ၁၇(က) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြဝတီမြို့မရဲစခန်းက သတင်းထုတ်ပြန်ထားသည်။ မြဝတီမြို့တွင် ကိုဗစ် အရေးပေါ်ကာလ ည ၁၀ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကို ဧပြီ ၁၈ရက်က ထုတ်ပြန်ထားပြီးနောက် ပြည်သူများ လိုက်နာမှုရှိမရှိ သိရှိနိုင်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ညစဉ် လှည့်ကင်းများဖြင့် စောင့်ကြည့် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လိုက်နာမှု မရှိသူများကို ဧပြီ ၂၀ ရက်နေ့ ညပိုင်းမှစ၍ ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ပြီး မေ ၅ ရက်နေ့ထိ အမိန့်မလိုက်နာသူ လူ ၃၀ဝ ဦးကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ http://kicnews.org/202 0/05/%e1%80%8a%e1%80%99%e1%80%91%e1%80%bc%e1%80%80%e1%80

*************

၂၈။      COVID-19 ရောဂါကာကွယ်ရေး စေတနာ့ဝန်ထမ်းများ ထပ်မံ လိုအပ်

May 6, 2020

ကချင်ပြည်နယ် မြစ်ကြီးနားအတွင်း ပြည်တော်ပြန်များကို Quarantine ထားရှိနေရာများတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးရန် လူအင်အား လိုအပ်နေသည်ဟု Kachin State Covid-19 Prevention Network မှ သိရသည်။

“ကျွန်မတို့က မြို့တွင်းမှာရှိတဲ့ Quarantine စင်တာနဲ့ ရပ်ကွက်တွေမှာ ဆေးဖျန်းတာလုပ်တယ်။ အခုနောက်ပိုင်းက လူအင် အားပိုလိုအပ်လာတာပေါ့။ Quarantine စင်တာက ၄ ခုရှိတယ်။ တစ်နေရာမှာက ၂ ယောက်စီထားပေးတယ်။ ဆေးဖျန်းတဲ့ အပိုင်းဆိုရင်လည်း တစ်ဖွဲ့မှာ ၄ ယောက်လောက်လိုတယ်။ အဲ့ဒီလူတွေဘဲ နေ့တိုင်းလုပ်လို့မရဘူး။ ညဆိုရင်လည်း တအား နက်တဲ့အထိ လုပ်ရတဲ့အတွက် အိပ်ရေးပျက်တာတွေဖြစ်တာပေါ့။ ပြီးရင်အခုဆို Volunteer လုပ်တဲ့ ကာလဆို တစ်လ လောက်ရှိသွားပြီ။ အဲ့တော့ ဆေးဖျန်းတဲ့ ပထမ အသုတ်ကို ပြန်နားခိုင်းရတယ်။ အဲ့တော့ လူအင်အားနည်းသွားတာပေါ့။ လူအင်အားက ၃၀ လောက်ဘဲရှိတယ်။ အခုဆို ၁၀ ယောက်ဘဲ ကျန်တော့တယ်”ဟု Kachin State Covid-19 prevention Network မှ မဆိုင်းနူးပန် ပြောသည်။ အစိုးရသတ်မှတ်ထားသည့် ပြည်တော်ပြန် Quarantine စင်တာများအပြင် ရပ်ကွက် အတွင်း ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ စေတနာ့ဝန်ထမ်း ၆၀ ကျော် လိုအပ်နေသည်ဟု ထပ်မံပြော ဆိုသည်။

ထို့ကြောင့် Volunteer အဖြစ်ပါဝင်လိုသူများကို လူမှုကွန်ယက်မှတဆင့် ခေါ်ယူသွားမည်ဟုသိရသည်။ ပြည်နယ်အတွင်း ပြည်တော်ပြန်များနှင့် Quarantene ဝင်နေသူများကို အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းများ၏ စေတနာ့ဝန်ထမ်း အင်အားဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ https://burmese.kachinnews.com/202  0/05/06/covid19%e1%80%9b%e1%80%b1%e1%80%ac%e1%80%

*************

၂၉။      ကိုဗစ်မွေးရပ် ဝူဟန်တွင်အကျဉ်းကျသူ မြန်မာနိုင်ငံသားများ မူဆယ်နယ်စပ်ဂိတ်သို့ ပြန်ရောက်

May 7, 2020

ကိုဗစ် -၁၉ စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မြို့တွင် အကျဉ်းကျသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် ယနေ့ မနက်ပိုင်းက သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခံရသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော်အား မေလ ရ ရက် ယနေ့မနက်ပိုင်း က တရုတ်အာဏာပိုင်များက မြန်မာအာဏာပိုင်များထံ လွှဲအပ်ပေးရာ ထိုအထဲတွင် ကိုဗစ် စတင်ဖြစ်ပွါးရာ ဝူဟန်မြို့၌ အကျဉ်းကျသူ ၁၄၁ ဦး ပါဝင်ကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် ကသျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထိုသူများကို ယနေ့ မနက်ပိုင်း တရုတ်အာဏာပိုင်များက သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးထံသို့ လွှဲ ပြောင်းပေးခဲ့သည်။“ ဒီနေ့ တရုတ်ပြည် ဝူဟန်မြို့က ၁၄၁ ဦး၊ တခြားပြည်နယ်နဲ့ဆိုရင်တော့ ၂၆၀ ကျော်ရှိတယ်။ မနေ့က လည်း တရုတ်ဘက်က ၅၈ ဦး လွှဲပြောင်းပေးတယ်”ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။ တရုတ်ပြည် ထောင်အသီးသီးမှလွှဲပြောင်းလာခဲ့သူများအားလုံးကို လက်ရှိမှာ ကျန်းမာရေး စစ်ဆေးနေကြောင်း၊ ကျန်းမာရေးအတွက် ဖျားနာမှုရှိ၊ မရှိ စစ်ဆေးသည့်အပြင် ကျန်းမာရေး ဌာန မှ ညွှန်ကြားထားသည့် တဲ့ HIV/ AIDS ကိုလည်း ထည့်သွင်းစစ်ဆေးပေးကြောင်း သိရသည်။

ဝူဟန်မြို့အကျဉ်းထောင်မှ အကျဉ်းသားများပါလာသည့်အတွက် စိုးရိမ်မှုများစွာရှိကြောင်း၊ ထိုသူများကို ကျန်းမာရေး စစ်ဆေး မှု သေချာစွာ ပြုလုပ်ပေးသင့်ကြောင်း၊ ကိုဗစ် -၁၉ ရှိ၊မရှိ လည်း ဓာတ်ခွဲခန်း နမူနာ ပေးပို့ကာ စစ်ဆေးသင့်ကြောင်း မူဆယ် ဒေသခံများက ပြောသည်။ ထိုသူများအတွက် နေရေးထိုင်ရေးကို မူဆယ်မြို့ သက်ဆိုင်ရာ ဌာန၊ မူဆယ်ဒေသခံများ နှင် ပရဟိတ အဖွဲ့တို့က ပူးပေါင်းကာဆောင်ရွက်ကြကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံမှ ဧပြီ ၁ ရက် မှစတင်ကာ ဝင်၊ထွက်ခွင့် ရက်အကန့် အသက်မရှိ ပိတ်လိုက်သည်။ https://burmese.sha nnews.org/archives/16453

**************

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button