တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 35, June 16, 2020)

၁။ တပ္ရင္းမွဴးတစ္ဦးကို စစ္ေဆးရန္ ေစလႊတ္ေပးေရး DKBA ထံ ျပည္နယ္ နယ္လံုဝန္ႀကီးအေၾကာင္းၾကား

၂။ အျငင္းပြားေျမမွာ တပ္ ဝင္ေရာက္ထြန္ယက္မႈကို ေတာင္သူေတြ ကန္႔ကြက္

၃။ ရေသ့ေတာင္၊အုန္းေခ်ာင္းတြင္ AA ႏွင့္တပ္မေတာ္ တိုက္ပြဲျပင္းထန္၊ ေက်းရြာသားေထာင္ႏွင့္ခ်ီထြက္ေျပးတိမ္းေရွာင္

၄။ KNU တပ္မဟာ ၅ ႏွင့္ တပ္မေတာ္တို႔ ၂ လအတြင္း တိုက္ပြဲ ၈၈ ႀကိမ္ျဖစ္ဟုဆို

၅။ ခ်င္းျပည္နယ္ႏွင့္ ေဒသႀကီး ၄ ခု ၌ ဝင္ၿပိဳင္မည္ ဟု CNLD ပါတီ ေျပာ

၆။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ တစ္ဆို႔မႈျဖစ္ေစေသာကိစၥမ်ားအား ေက်ာ္လႊားႏိုင္မည့္ နည္းလမ္းမ်ားကို ရွာေဖြေနဟု NCA အေကာင္          အထည္ ေဖာ္မႈဆိုင္ရာ မူေဘာင္ညွိႏိႈင္းေရးအဖြဲ႔ ညွိႏိႈင္ေရးမွဴး ေျပာၾကား

၇။ ေျမာက္ပိုင္း ၄ ဖြဲ႔ကို ေတြ႔ဆံုေဆြးေႏြးဖို႔ အစိုးရဖိတ္ၾကား

၈။ ဂြၿမိဳ႕နယ္တြင္ ALP/ALA တပ္ဖြဲ႔ဝင္ ၃ ဦးကို ပုဒ္မ ၆ ခုျဖင့္ အမႈဖြင့္ထား

၉။ ရွမ္းေျမာက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္ရွိ စစ္ေဘးေရွာင္ဒုကၡသည္မ်ား ကိုဗစ္ကာလ စားဝတ္ေနေရး အလြန္ခက္ခဲေန

၁၀။ မင္းတပ္တြင္ ျပည္ပျပန္ Quarantine ဝင္ရသူမ်ား ကိုယ့္စရိတ္ႏွင့္ကိုယ္ ေနရဟုဆို

၁၁။ ရေသ့ေတာင္ ဒံုးပိုက္ နယ္ျခားေစာင့္ရဲကို AA ဝင္တိုက္

၁၂။ လိြဳင္ေကာ္ၿမိဳ႕နယ္ ေဒါလိုေရွးရြာအနီး လွ်ပ္စစ္တာဝါတိုင္ ေအာက္ေျခတြင္ ေျမျမွဳပ္မိုင္း ႏွစ္လံုး ေတြ႔ရွိ

၁၃။ ေရႊေညာင္ၿမိဳ႕ Quarantine Center တြင္ ထိုင္းမွျပန္လာသူ အမ်ိဳးသမီး ၁ ဦးေသဆံုး

၁၄။ KIO ၏ COVID-19 ေကာ္မတီက အျခားေရာဂါကာကြယ္ေရးမ်ား တိုးခ်ဲ႕ ေဆာင္ရြက္ရန္ ဆံုးျဖတ္

၁၅။ ေက်ာက္ေတာ္ၿမိဳ႕လယ္၌ ရဲအရာရွိ ၁ ဦး သတ္ခံရ၍ ေသဆံုး

၁၆။ ေရးေတာင္ပိုင္း ဓနိၾကာစံျပေက်းရြာ တည္ေဆာက္ေရး ရြာသားအမ်ားစုလက္မခံ

၁၇။ ရခိုင္တိုက္ပြဲေၾကာင့္ စစ္ေဘးဒုကၡသည္စခန္း ၁၀ဝ ေက်ာ္ ရွိလာ

၁၈။ ရန္ကုန္ႏွင့္ မြန္ကရင္ဝန္ႀကီးႏွစ္ဦး ေရးရာေနရာအတြက္ ျပန္ေလွ်ာက္ထားျခင္းမရွိ

၁၉။ သွ်မ္းျပည္တြင္း ေနရပ္ျပန္ ေရႊ႕ေျပာင္းအလုပ္သမား ၄ ေသာင္းေက်ာ္ရွိ

၂၀။ ထိုင္းျပည္ေတာ္ျပန္ ၇၀၀ ေက်ာ္အနက္ ၄၄ ဦးကိုစစ္ေဆးရာ ပိုးမေတြ႕

၂၁။ ေတာင္ႀကီးေရာက္ ထိုင္းေနရပ္ျပန္ ၂၀ဝ ဓာတ္ခြဲ အေျဖ Negative ျဖစ္

၂၂။ ရခိုင္ျပည္နယ္တြင္ ေဒသမလံုၿခံဳမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏုတ္ထြက္ေနဟု ဒုဝန္ႀကီးေျပာ

၂၃။ မဘိမ္းၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း ၁၄,ဝ၀ဝ ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြ ေဆးမ်ား ဖမ္းမိ

၂၄။ စစ္ေတြဘဏ္မွ ေငြလုယက္မႈတြင္ သံသယျဖင့္ ဖမ္းဆီးထားသူတစ္ဦးကို ခ်ဳပ္ရမန္ယူစစ္ေဆးေန

*************

၁။ တပ္ရင္းမွဴးတစ္ဦးကို စစ္ေဆးရန္ ေစလႊတ္ေပးေရး DKBA ထံ ျပည္နယ္ နယ္လံုဝန္ႀကီးအေၾကာင္းၾကား
June 12, 2020

မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈႏွင့္ပတ္သက္မႈရွိေနသည္ဆိုကာ ဒီမိုကေရစီအက်ိဳးျပဳကရင္ တပ္မေတာ္ -DKBA မွ တပ္ရင္းမွဴးအဆင့္ရွိသူ ေစာေအဝမ္းကို စစ္ေဆးႏိုင္ေရးအတြက္ ေစလႊတ္ေပးရန္ ကရင္ျပည္နယ္လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီး မ်ိဳးမင္းေနာင္က KKO (DKBA)ထံ အေၾကာင္းၾကား စာေပးပို႔ထားသည္ဟု သိရသည္။

ရွမ္းျပည္နယ္အတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္း၀ယ္မႈတစ္ခုႏွင့္ ပတ္သက္မႈရွိေၾကာင္း စစ္ေဆး ေတြ႔ရွိ၍ တရားဥပေဒႏွင့္အညီ စစ္ေဆးႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြ႔ဲ႔ထံ အျမန္ေစလႊတ္ေပးရန္ ကရင္ျပည္နယ္ဝန္ႀကီး ခ်ဳပ္(ကိုယ္စား) နယ္လံုဝန္ႀကီး ဗိုလ္မွဴးႀကီး မ်ိဳးမင္းေနာင္မွ ဇြန္လ ၈ ရက္ေန႔ ရက္စြဲႏွင့္ DKBA ဖားအံ ဆက္ဆံေရးရံုးသို႔ အေၾကာင္းၾကားစာ ေပးပို႔ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ေမလ ၂၄ ရက္ေန႔တြင္ လြိဳင္လင္၊ ေတာင္ႀကီးကားလမ္း၊ ဟိုတင့္ေက်းရြာအနီးတြင္ ICE (၁၆၁၅) ကီလိုႏွင့္ သယ္ ေဆာင္သူႏွစ္ဦးကို ဖမ္းဆီးရမိၿပီး စစ္ေဆးခ်က္မ်ားအရ ၎မူး ယစ္ေဆး၀ါးမ်ားမွာ DKBA ( ၉၀၃) တပ္ရင္းမွ တပ္ရင္းမွဴး အဆင့္ရွိသည့္ ေစာေအဝမ္းႏွင့္ ပတ္သက္မွႈရွိေၾကာင္း ကရင္ျပည္နယ္နယ္လံုဝန္ႀကီး ေပးပို႔သည့္ အေၾကာင္းၾကားစာတြင္ ထိုသို႔ ေဖာ္ျပထားသည္။ အဆိုပါအေၾကာင္းၾကားစာႏွင့္ပတ္သက္ၿပီး ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ -DKBA စစ္ဦးစီး ခ်ဳပ္ႏွင့္ ဌာနခ်ဳပ္ရံုးသို႔ ေပးပို႔အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း DKBA ဖားအံဆက္ဆံေရးရံုးမွ ေျပာဆိုသည့္အတြက္ စစ္ဦးစီးခ်ဳပ္ – ဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွးကို ေကအိုင္စီမွ ဖုန္းႏွင့္ဆက္သြယ္ေသာ္လည္း ဖုန္းဆက္သြယ္မွႈမ ရရွိခဲ့ေပ။

ထို႔အျပင္ DKBA ဒုစစ္ဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီး ေစာစတီးထံ ေကအိုင္စီမွ ယေန႔ဇြန္လ ၁၂ ရက္ေန႔တြင္ ဆက္သြယ္ရာ အဆိုပါ အေၾကာင္းၾကားစာမွာ ဌာနခ်ဳပ္တြင္ မေရာက္ရွိေသးသည့္အတြက္ မိမိအေနျဖင့္ မသိရွိရေသးေၾကာင္းသာ ေကအိုင္စီသို႔ ျပန္ လည္ေျပာဆိုသည္။ http://kicnews.org/2020/06/%e1%80%90%e1%80%95%e1%80%b9%e1%80%9b %e 1%80%84%e1%

************

၂။ အျငင္းပြားေျမမွာ တပ္ ဝင္ေရာက္ထြန္ယက္မႈကို ေတာင္သူေတြ ကန္႔ကြက္
June 13, 2020

ေျမယာပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ကယားျပည္နယ္၊ ဒီေမာဆိုၿမိဳ႕နယ္ ေဒါဆိုေရွ႕ေက်းရြာက ေတာင္ယာေတြထဲမွာ တပ္မေတာ္က ဝင္ေရာက္ထြန္ယက္ေနတဲ့အေပၚ ေတာင္သူေတြကကန္႔ကြက္လိုက္ပါတယ္။ အမွတ္ ၃၆၀ အေျမာက္တပ္နဲ႔ ေျမယာပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ေဒါဆိုေရွ႕ေက်းရြာကေတာင္ယာေတြထဲမွာ ဒီရက္ပိုင္းအတြင္း တပ္ကဝင္ေရာက္ ထြန္ယက္ သြားတာဟာ တရားမွ်တမႈ မရွိဘူးလို႔ ေတာင္သူေတြက ေျပာၾကပါတယ္။

ေဒါဆိုေရွ႕ေတာင္သူ ခြန္းေသာမတ္စ္ က ေတာင္သူေတြကိုေတာ့ ယာထဲ မဝင္ဖို႔ေျပာၿပီး၊ တပ္က ဝင္ေရာက္ထြန္ယက္သြား တယ္လို႔ ေျပာပါတယ္။ “သူတို႔အခု လာလုပ္သြားတာ ၃ ရက္လား ၄ ရက္ေလာက္ရွိၿပီ၊ က်ေနာ္တို႔ကိုက်ေတာ့ မဝင္ေသးနဲ႔ အံုးလို႔ ေျပာၿပီးေတာ့မွ အခုက သူတို႔တပ္ဖက္ကေန က်ေနာ္တို႔ေတာင္ယာကို လာထြန္ထယ္သြားတဲ့ကိစၥက က်ေနာ္တို႔ အတြက္ မတရားပါဘူး။” ၂၀ဝ၂ ခုႏွစ္ေလာက္ကတည္းက ေဒါဆိုေရွ႕ရြာထဲက ယာေျမ ဧက ၂၀ဝ ကို အမွတ္ ၃၆၀ အေျမာက္တပ္က သိမ္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီယာေတြဟာ ဘိုးဘြားစဉ္ဆက္ လုပ္ကိုင္စားေသာက္ခဲ့ျကတဲ့ ေျမေတြျဖစ္တယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။ လုပ္ကိုင္စားေသာက္စရာ ေျမေနရာ မရွိတဲ့အတြက္ မိသားစုစားဝတ္ေနေရးကို စိတ္ပူပန္ရၿပီး ေန႔စဥ္နဲ႔အမွ် စိတ္ဆင္းရဲေနရ တယ္လို႔ ေဒါဆိုေရွ႕ေတာင္သူတစ္ဦးျဖစ္တဲ့ ေဒၚညားမာ က ေျပာပါတယ္။

ေဒၚညားမာက ေတာင္ယာေျမ ဧက ၂၀ ဝန္းက်င္ သိမ္းယူခံရၿပီး လက္ရွိမွာေတာ့ စိုက္ပ်ိဳးစားေသာက္စရာ ေျမေနရာမရွိ ေတာ့လို႔ ေဆာက္ေနဆဲ တိုက္ပုအိမ္ကေလးကိုလည္း မေဆာက္ႏိုင္ေတာ့ဘူးလို႔ ေျပာပါတယ္။ ေဒါဆိုေရွ႕ေက်းရြာက ေတာင္သူေတြဟာ သိမ္းဆည္းခံထားရတဲ့ ေတာင္ယာအျပင္ တျခားလုပ္ကိုင္စားေသာက္စရာ ေနရာမရွိတဲ့အတြက္ ျပန္ေပးဖို႔ ေျမသိမ္းခံရတဲ့ ခြန္းေသာမတ္စ္ က ေတာင္းဆိုပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ကယားျပည္နယ္အစိုးရ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ျမင့္ေဝ ကို ဇြန္လ ၁၀ ရက္ ေန႔က လႊတ္ေတာ္အစည္းအေဝးအၿပီး ေမးျမန္းရာမွာေတာ့ သူ႔အေနနဲ႔ မသိေၾကာင္း ျပန္လည္ေျဖၾကားပါတယ္။

၂၀၁၉ ခုႏွစ္ စိုက္ပ်ိဳးရာသီခ်ိန္မွာ ေဒါဆိုေရွးေတာင္သူေတြဟာ အဲဒီေတာင္ယာေျမေတြထဲကို ဝင္ေရာက္ထြန္ယက္ စိုက္ပ်ိဳး ရာကေန တပ္ပိုင္ေျမထဲ ဝင္ေရာက္က်ဴးေက်ာ္ စိုက္ပ်ိဳးတယ္ဆိုၿပီး ေဒၚညားမာ အပါအဝင္ ေတာင္သူ ၁၉ ေယာက္ကို အမွတ္ ၃၆၀ အေျမာက္တပ္က ျပည္သူပိုင္ ပစၥည္းကာကြယ္ေရးဥပေဒ ပုဒ္မ ၆/၁၊ ပိုင္နက္ က်ဴးေက်ာ္ မႈေတြနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ တရားစြဲခံရသူေတြထဲက ေတာင္သူထက္ဝက္ခန္႔က ရွစ္လခန္႔ အခ်ဳပ္က်ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ မတ္လ ၁၃ ရက္ေန႔မွာ ေထာင္ ဒဏ္ ၁၅ ရက္ သို႔မဟုတ္ ေငြဒဏ္ တစ္ေသာင္းနဲ႔ စီရင္ခ်က္ ခ်မွတ္ခံရလို႔ ေငြဒဏ္ေပးေဆာင္ကာ ျပန္လည္လြတ္ ျမာက္လာ ခဲ့ၾကသူေတြျဖစ္ပါတယ္။ ေတာင္သူေတြက သူတို႔ေျမယာေတြမွာ ျပန္လည္စိုက္ပ်ိဳးထြန္ယက္ႏိုင္ဖို႔ အရပ္ဖက္အဖြဲ႔အစည္း ေတြနဲ႔ ပူးေပါင္းႀကိဳးစားသြားမယ္လို႔ ေျပာျကပါတယ္။ https://www.rfa.org/burmese/news/demoso-disputed-land-06132020032529.html

***********

၃။ ရေသ့ေတာင္၊ အုန္းေခ်ာင္းတြင္ AA ႏွင့္တပ္မေတာ္ တိုက္ပြဲျပင္းထန္၊ ေက်းရြာသား ေထာင္ႏွင့္ခ်ီထြက္ေျပးတိမ္းေရွာင္
June 15, 2020

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ ၁၃ မိုင္ခန္႔ကြာေဝးေသာအုန္းေခ်ာင္းေက်းရြာေတာင္ဖက္၊ သမီးလွေက်းရြာအနားတြင္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ ဇြန္လ ၁၄ ရက္ေန႔ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့မႈေၾကာင့္ ေက်းရြာ ၁၀ ရြာခန္႔မွ ေဒသခံ ေထာင္ခ်ီ၍ ထြက္ေျပးတိမ္းေရွာင္ေနၾကရေၾကာင္း ေဒသခံမ်ားႏွင့္လြတ္ေတာ္ ကိုယ္စားလွယ္မ်ားက ရန္ကုန္ ေခတ္သစ္သတင္းဌာနသို႔ ေျပာသည္။ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က “တိုက္ပြဲ ျဖစ္တာကေတာ့ မေန႔ ညေန ၄ နာရီေလာက္ကျဖစ္တယ္။ ညေန ၅ နာရီေက်ာ္ေက်ာ္ ေလာက္မွာ ႏွစ္ဖက္ပစ္ခတ္မႈ ေတြရပ္သြားတယ္။ ႏွစ္ဖက္စလံုးက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိတယ္။ ပစ္ခတ္မႈေတြက မေန႔ ည ၇ နာရီေလာက္ အထိရွိေနတယ္”ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာသည္။

တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္၊အုပ္ေခ်ာင္းေက်းရြာ၊သမီးလွေက်းရြာသစ္၊ သမီးလွေက်းရြာေဟာင္း၊ ကုန္တန္း၊ အိုးေဖာက္၊ ဈီးေခါင္း၊ မညွင္းေတာင္၊ သေျပဆိပ္၊ ေဇယ်ာၿမိဳင္ ေက်းရြာမ်ားမွ ေဒသခံေထာင္ခ်ီ၍ ဘူးသီးေတာင္ၿမိဳ႕နယ္ ေသကံေက်းရြာႏွင့္ ခြဆံုေက်းရြာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း သိရွိရသည္။ အုန္းေခ်ာင္းေက်းရြာသား တစ္ဦး က”ရြာနားကို တပ္မေတာ္စစ္ေၾကာင္းေရာက္ေနတာ တစ္ပတ္ေလာက္ရွိၿပီ။ အခုႏွစ္ဖက္ တိုက္ပြဲျဖစ္ၾကတာ။ မေန႔က စၿပီး ေတာ့ တိုက္ပြဲျဖစ္ၾကတယ္။ အုန္းေခ်ာင္းေက်းရြာမွာ လယ္ထြန္တဲ့ လယ္သမားေတြကိုပစ္ခတ္ တာေတြလုပ္တယ္။ ထိခိုက္ ဒဏ္ရာရတာေတာ့မရွိဘူး။ က်ေနာ္တို႔ ရြာအပါအဝင္ ေက်းရြာေတာ္ေတာ္မ်ားမ်ား တိုက္ပြဲျဖစ္လို႔ အကုန္ထြက္ေျပးၾကတယ္” ဟုေျပာသည္။

တိုက္ပြဲမ်ားျဖစ္ပြားေနာက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေက်းရြာမ်ားသို႔ ဝင္ေရာက္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေလ့ရွိသျဖင့္ ေက်းရြာသားမ်ား ေၾကာက္လန္႔၍ ထြက္ေျပးတိမ္းေရွာင္ၾကၿပီး တိုက္ပြဲေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမည္ကို စိုးရိမ္၍ ထြက္ေျပး ၾကသူမ်ားလည္း မ်ားျပားေၾကာင္းသိရွိရသည္။ တိုက္ပြဲေၾကာင့္ လက္ရွိအခ်ိန္တြင္ အရပ္သားမ်ား ထိခိုက္ဒဏ္ရာရရွိသည္ဆို ေသာ သတင္းမ်ားမၾကားရေသးေၾကာင္း ေဒသခံမ်ားကေျပာဆိုသည္။ ယမန္ေန႔ တိုက္ပြဲျဖစ္ခ်ိန္ႏွင့္ တိုက္ပြဲျဖစ္ပြားၿပီး ေနာက္ ပိုင္း ေရစိုးေခ်ာင္းဗ်ဴဟာႏွင့္ ေမယုျမစ္ထဲေရတပ္မ်ားက လက္နက္ႀကီးမ်ားျဖင့္ ပစ္ကူေပးမႈမ်ားရွိသည္ဟု ေဒသခံမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားထံမွ သိရွိရသည္။ https://www.khitthitnews.com/2020/ 06/%e1%80%9b%e1%80 %9e%e1%80%b1%e1%80%b7%e1%80

*************

၄။ KNU တပ္မဟာ ၅ ႏွင့္ တပ္မေတာ္တို႔ ၂ လအတြင္း တိုက္ပြဲ ၈၈ ႀကိမ္ျဖစ္ဟုဆို
June 13, 2020

ကရင္အမ်ိဳးသားအစည္းအရံုး (KNU) တပ္မဟာ (၅) ႏွင့္ ျမန္မာ့တပ္မေတာ္တို႔အၾကား ဧၿပီလ ၁ ရက္မွ ဇြန္လ ၃ ရက္အထိ ထိေတြ႔တိုက္ပြဲ ေပါင္း (၈၈) ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း KNU စည္းရံုးေရးႏွင့္ ျပန္ၾကားေရးဌာန၏ သတင္းႏွင့္ ျပန္ၾကားေရးဌာနခြဲ ထံမွ သိရသည္။ ထိေတြ႔ တိုက္ပြဲမ်ားအတြင္း KNU တပ္မဟာ (၅)ဘက္က ေထာင္ထားေသာ မိုင္း ၁၃ လံုးကို တပ္မေတာ္စစ္ သည္မ်ားနင္းမိခဲ့၍ စစ္သည္ ၃၀ က်ဆံုးကာ ၃ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း KNU သတင္းႏွင့္ ျပန္ၾကားေရးဌာနခြဲကဆိုသည္။

ျမန္မာတပ္မေတာ္သည္ သတ္မွတ္နယ္ေျမမ်ားကို ေက်ာ္လြန္၍ လႈပ္ရွားသြားလာျခင္း ႏွင့္ တပ္စခန္းမ်ား လာေရာက္ခ်ထား ျခင္းေၾကာင့္ KNU ၏ မူေၾတာ္ခရိုင္ရွိ တပ္မဟာ (၅) ၏ နယ္ေျမကာကြယ္ေစာင့္ေရွာက္ေရးတပ္မ်ားႏွင့္ ထိေတြ႔ကာ ပစ္ခတ္မႈ မ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း KNU သတင္းႏွင့္ ျပန္ၾကားေရးဌာနခြဲ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။ ထိေတြ႔ ပစ္ခတ္တိုက္မႈမ်ားေၾကာင့္ တပ္မေတာ္သည္ လက္နက္ႀကီးပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ၿပီး တပ္မေတာ္၏ လက္နက္ႀကီးေၾကာင့္ ရြာသား ၃ ဦး ထိခိုက္ဒဏ္ရာရမႈမ်ားရွိခဲ့ၿပီး၊ ရြာ ၄ ရြာမွ အရပ္သား ၅၇၂ ဦး ထြက္ေျပးတိမ္ေရွာင္ရေၾကာင္း KNU ၏ ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။ တိုက္ပြဲျဖစ္ပြားမႈ အေျခအေန အေသးစိတ္ေမးျမန္းရန္ KNU တပ္မဟာ (၅) ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး ေစာကလယ္ဒိုးထံ ဧရာဝတီက ဖုန္းျဖင့္ဆက္သြယ္ခဲ့ေသာ္လည္း အဆက္အသြယ္မရခဲ့ေပ။ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ကမူ ဧၿပီလ ၁ ရက္မွ ဇြန္လ ၃ ရက္အထိ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ႏွင့္ ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္ တို႔တြင္ တပ္မေတာ္ႏွင့္ KNU တပ္မဟာ (၅) တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည္မွာ မွန္ကန္ေၾကာင္း အတည္ျပုသည္။

“အဓိက ျဖစ္ပြားတဲ့ ပံုစံကေတာ့ တပ္စခန္းေတြကို လာေရာက္ေခ်ာင္းေျမာင္းပစ္ခတ္တဲ့ ဟာမ်ိဳးေတြ မ်ားတယ္။ လမ္းမေပၚ မိုင္းေထာင္မိုင္းဆြဲ တိုက္ခိုက္မႈ ျဖစ္တာမ်ားပါတယ္။ အႀကိမ္ေရကေတာ့ ၈၈ ႀကိမ္မဟုတ္ပါဘူး။ ေန႔စဥ္ရက္ဆက္ တိုက္ပြဲ ျဖစ္ေနတာလည္း မရွိပါဘူး”ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ရွင္းျပသည္။ KNU တပ္မဟာ ၅ မွလည္း ၎တို႔၏ တပ္ရင္း ၁၀၂ လက္ေအာက္ခံ တပ္ခြဲ (၃) ႏွင့္ တပ္ခြဲ (၄) တို႔သည္ ၿပီးခဲ့ သည့္ ေမလ ၃၀ ရက္တြင္ မေထာရြာအနီး တပ္စြဲထားေသာ တပ္မေတာ္တပ္စခန္းတခုကို ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း ေၾကညာထားသည္။

KNU အဖြဲ႔သည္ အစိုးရႏွင့္ တႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ေရးထိုးထား သည့္ လက္နက္ကိုင္အဖြဲ႔ျဖစ္ၿပီး လက္ရွိတြင္အစိုးရႏွင့္လက္တြဲကာ ဗိုင္းရပ္စ္ကာကြယ္ေရးေဆာင္ရြက္ေနသည့္ အဖြဲ႔အစည္း ျဖစ္သည္။ သို႔ေသာ္ ၿပီးခဲ့သည့္ ေမလအတြင္းက မြန္ျပည္နယ္၊ သထံုခရိုင္ရွိ ကရင္အမ်ိဳးသား အစည္းအရံုး (KNU) ၏ တပ္မဟာ (၁) ဖြင့္ထားသည့္ COVID– 19 စစ္ေဆးေရးဂိတ္ အပါအဝင္ ဖာပြန္ခရိုင္ ဒြဲလံုၿမိဳ႕ရွိ စစ္ေဆးေရးဂိတ္မ်ားႏွင့္ ပတ္ သက္၍လည္းေကာင္း သံေတာင္ႀကီးႏွင့္ဖာပြန္ၿမိဳ႕နယ္တို႔တြင္ လမ္းေဖာက္လုပ္ေနသည့္ ကိစၥႏွင့္ပတ္သက္၍ လည္းေကာင္း တပ္မေတာ္ႏွင့္ KNU ၾကား စစ္ေရးတင္းမာမႈမ်ား ျဖစ္ေပၚခဲ့သည္။ https://burma.irrawaddy.com/news/2020/06/13/2

************

၅။ ခ်င္းျပည္နယ္ႏွင့္ ေဒသႀကီး ၄ ခု ၌ ဝင္ၿပိဳင္မည္ ဟု CNLD ပါတီ ေျပာ
June 16, 2020

ခ်င္းတိုင္းရင္းသားပါတီ ၃ ခု ေပါင္းစည္းထားသည့္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (CNLD) ပါတီအေနျဖင့္ ခ်င္းျပည္နယ္ ရွိ မဲဆႏၵနယ္ အားလံုးအျပင္ စစ္ကိုင္း၊ မေကြးႏွင့္ ရခိုင္ျပည္နယ္တို႔ရွိ ခ်င္းလူမ်ိဳးမ်ား ေနထိုင္ရာ ေဒသမ်ားတြင္ ေရြးေကာက္ပြဲ ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။ CNLD ပါတီ ပူးတြဲ ဥကၠ႒ ပူးႏိုထန္ကပ္က“က်ေနာ္တို႔ကေတာ့ ခ်င္းျပည္နယ္က မဲဆႏၵနယ္အားလံုးၿပိဳင္မွာပါ။ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္း မွာလည္းဝင္ၿပိဳင္ဖို႔ စီစဥ္ေနတယ္။ ရခိုင္ျပည္နယ္ မွာလည္း ေရြးေကာက္ပြဲ ရွိခဲ့ရင္ေတာ့ ခ်င္းတိုင္းရင္းသား ေရးရာဝန္ႀကီးေနရာ ဝင္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။ အားလံုးဆိုရင္ မဲဆႏၵနယ္ ၆၀ ေလာက္ကို ဝင္ၿပိဳင္ဖို႔ စီစဥ္ ေနတယ္”ဟု ေျပာသည္။

ခ်င္းျပည္နယ္တြင္ ၿမိဳ႕နယ္ ၉ ခု ရွိၿပီး ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ ၁၈ ေနရာ၊ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ ၉ ေနရာႏွင့္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၁၂ ေနရာရွိကာ စုစုေပါင္း မဲဆႏၵနယ္ ၃၉ ေနရာ ရွိေၾကာင္းသိရသည္။ CNLD ပါတီ အေနျဖင့္ ခ်င္းျပည္နယ္ရွိ မဲဆႏၵနယ္ ၃၉ ခုလံုးအျပင္ မေကြးတိုင္း၌ ခ်င္းတိုင္းရင္းသား ေရးရာဝန္ႀကီး မဲဆႏၵနယ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္တို႔ အပါအဝင္ အနည္းဆံုး မဲဆႏၵနယ္ ၇ ခု ဝင္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စစ္ကိုင္းတိုင္း၌ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီး မဲဆႏၵနယ္၊ တမူးႏွင့္ ကေလးၿမိဳ႕နယ္တို႔၌ မဲဆႏၵနယ္အားလံုး ဝင္ၿပိဳင္ သြားမည္ျဖစ္ၿပီး ရခိုင္ျပည္နယ္တြင္လည္း ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာ ဝင္ၿပိဳင္ရန္ စီစဥ္ေနေၾကာင္း CNLD ပါတီ ထံက ဆိုသည္။ ပူးတြဲ ဥကၠ႒ ပူးႏိုထန္ကပ္က“က်ေနာ္တို႔က ကိုယ္စားလွယ္ေလာင္း ေရြးရာမွာ လူငယ္နဲ႔ အမ်ိဳးသမီးကို အဓိက ဦးစားေပးပါတယ္။ ခ်င္းလူမ်ိဳးထဲမွာ ႏိုင္ငံျခားကေန Political Science (ႏိုင္ငံေရး သိပၸံ) မာစတာတန္းၿပီးလို႔ ဘြဲ႔ရသူ ေတြရွိတယ္။ အဲဒီလို လူေတြကို ဦးစားေပးပါတယ္။ ယခင္တုန္းက ဧၿပီလကုန္မွာ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း အကုန္ပို႔ဖို႔ လုပ္ထားေပမယ့္ ကိုဗစ္ျဖစ္လာလို႔ ဇြန္လကုန္မွာ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း အကုန္ပို႔ဖို႔ ညႊန္ၾကားထား ပါတယ္” ဟု ေျပာ သည္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတြင္ ခ်င္းျပည္နယ္ရွိ ပါတီ ၃ ခုျဖစ္သည့္ ပူးႏိုထန္ကပ္ ဦးေဆာင္ေသာ ခ်င္းတိုးတက္ေရး ပါ တီ (CPP) ၊ ပူးဇိုဇမ္ ဦးေဆာင္ေသာ ခ်င္းအမ်ိဳးသား ဒီမိုကရက္တစ္ ပါတီ (CNDP) ႏွင့္ ဦးငိုင္ဆတ္ ဦးေဆာင္ေသာ ခ်င္း ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီ (CLD) တို႔ ပူးေပါင္း၍ ခ်င္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (CNLD) ပါတီကို ျပန္လည္ တည္ ေထာင္ကာ ျပည္ေထာင္စုေရြးကာက္ပြဲေကာ္မရွင္တြင္ မွတ္ပံုတင္ခဲ့သည္။ ထို႔ေျကာင့္ ၂၀၁၈ ခုႏွစ္တြင္ ခ်င္းပါတီ ၃ ခု ပူး ေပါင္း၍ CNLD ပါတီ တည္ေထာင္ကာ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲတြင္ အင္အားႀကီး ပါတီမ်ားကို ယွဥ္ၿပိဳင္သြားရန္ ျပင္ဆင္လာျခင္း ျဖစ္သည္။

ခ်င္းျပည္နယ္၌ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲတြင္ မဲဆႏၵနယ္ စုစုေပါင္း ၃၉ ေနရာ ရွိသည့္အနက္ NLD ပါတီက ၂၈ ေနရာ၊ ဇိုမီး ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (ZCD) ပါတီက ၆ ေနရာႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) က ၅ ေနရာ အႏိုင္ ရရွိခဲ့သည္။ https://burma.irrawaddy.com/news/2020/06/16/224709.html

*************

၆။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ တစ္ဆို႔မႈျဖစ္ေစေသာကိစၥမ်ားအား ေက်ာ္လႊားႏိုင္မည့္ နည္းလမ္းမ်ားကို ရွာေဖြေနဟု NCA အေကာင္          အထည္ ေဖာ္မႈဆိုင္ရာ မူေဘာင္ညွိႏိႈင္းေရးအဖြဲ႔ ညွိႏိႈင္ေရးမွဴး ေျပာၾကား
June 14, 2020

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ တစ္ဆို႔မႈ ျဖစ္ေစေသာ အေျကာင္းအရာမ်ားနွင့္ပတ္ သက္၍ ေက်ာ္လႊားႏိုင္မည့္ နည္းလမ္းမ်ား ကို ရွာေဖြေနေၾကာင္း NCA ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႔စည္း ထားသည့္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာမူေဘာင္ ညွိႏိႈင္းေရးအဖြဲ႔ ညွိႏိႈင္းေရးမွဴး ရဲေဘာ္ မ်ိဳးဝင္းက ေျပာၾကားသည္။ ေနျပည္ေတာ္တြင္ ၂၀၁၈ ခုႏွစ္ ဇူလိုင္ အတြင္းက က်င္းပခဲ့ေသာ ၂၁ ရာစုပင္လံု တတိယအစည္းအေဝးအၿပီး ဆက္လက္ က်င္းပခဲ့သည့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ တစ္ခုတည္းေသာ တပ္မေတာ္၊ ျပည္ေထာင္စုမွ ခြဲမထြက္ေရးဟူေသာအခ်က္ မ်ားႏွင့္ ပတ္သက္၍ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဉ္တြင္ တစ္ဆို႔မႈမ်ား ျဖစ္ေပၚခဲ့သည္။

“တစ္ဆို႔ေနတဲ့ အေၾကာင္းအရာေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ ကြ်န္ေတာ္တို႔ ျပင္ဆင္ေနပါတယ္။ အဲဒီတစ္ဆို႔ေနတဲ့ အ ေၾကာင္းအရာကအားလံုးသိတဲ့အတိုင္းပဲ ခြဲမထြက္ရနဲ႔တစ္ဆို႔ေနတာရွိတယ္။ တစ္ခုတည္းေသာတပ္မေတာ္ဆိုတဲ့ အေၾကာင္း အရာနဲ႔ တစ္ဆို႔ေနတာရွိတယ္။ ဒီတစ္ဆို႔ေနတဲ့ အေၾကာင္းအရာေတြကို ေက်ာ္လႊားႏိုင္ မယ့္နည္းလမ္းေတြကို ကြ်န္ေတာ္တို႔ ရွာေနတယ္”ဟု ရဲေဘာ္မ်ိဳးဝင္းက ေျပာၾကားသည္။ လံုၿခံဳေရးက႑တြင္ပါဝင္သည့္ တစ္ခုတည္းေသာ တပ္မေတာ္ထားရွိ ေရးႏွင့္ခြဲမထြက္ေရးဟူေသာကိစၥမ်ားသည္ ဆက္လက္ေဆြးေႏြးရမည့္ကိစၥရပ္မ်ားျဖစ္ေသာ္လည္း လက္ရွိအခ်ိန္တြင္ အဆိုပါ အေၾကာင္းအရာႏွင့္ပတ္သက္၍ သီးျခားေဆြးေႏြးမႈမရွိေသးေၾကာင္း ရဲေဘာ္မ်ိဳးဝင္းက ေျပာၾကားသည္။ “အဲဒီအေၾကာင္း အရာသက္သက္ေတာ့ ကြ်န္ေတာ္တို႔ မေဆြးေႏြးဘူး။ ဒါေတြေက်ာ္လႊားႏိုင္မယ့္နည္းလမ္းေတြကိုေတာ့ ကြ်န္ေတာ္တို႔ ရွာေဖြ ေနပါတယ္”ဟု ရဲေဘာ္ မ်ိဳးဝင္းက ေျပာၾကားသည္။

တပ္မေတာ္က တင္သြင္းခဲ့သည့္ တစ္ခု တည္းေသာ တပ္မေတာ္ထားရွိေရးကိစၥကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္း မ်ားကလက္ခံေသာ္လည္း ယင္းကိစၥအားမည္သို႔ျပဳျပင္ေျပာင္းလဲက်င့္သံုးမည္ဟူသည့္ နည္းစနစ္ႏွင့္ပတ္သက္၍ တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားအၾကား သေဘာထားကြဲလြဲခဲ့သည္။ အဆိုပါကိစၥရပ္မ်ားႏွင့္ပတ္သက္၍ သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္ တစ္ဆို႔သြားေသာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျပန္လည္ေရွ႕ဆက္ႏိုင္ေရးအတြက္ အစိုးရ၏ ၿငိမ္းခ်မ္းေရးေကာ္မရွင္မွ ကိုယ္စားလွယ္မ်ားသည္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ တစ္ဖြဲ႔ခ်င္း ျဖစ္ေစ၊ အစုအဖြဲ႔ျဖင့္ ျဖစ္ေစ ညွိႏိႈင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ရၿပီး ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီတြင္ ရွစ္ၾကိမ္ေျမာက္ JICM အစည္းအေဝး က်င္းပျခင္းျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဉ္ဆိုင္ရာ တရားဝင္အစည္းအေဝးမ်ား ျပန္လည္စတင္ႏိုင္ခဲ့သည္။ https ://news-eleven.com/article/178333

*************

၇။ ေျမာက္ပိုင္း ၄ ဖြဲ႔ကို ေတြ႔ဆံုေဆြးေႏြးဖို႔ အစိုးရဖိတ္ၾကား
June 12, 2020

ျမန္မာအစိုးရက ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ဝင္ေတြျဖစ္ၾကတဲ့ KIA, AA, TNLA နဲ႔ MNDAA တို႔ကို ေတြ႔ဆံုေဆြးေႏြးဖို႔ ဒီလ ဆန္းပိုင္းက ဖိတ္ၾကားခဲ့ပါတယ္။ အခုလို အစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ဝင္ေတြအၾကား ေတြ႔ဆံုေဆြးေႏြးဖို႔အတြက္ ႏိုင္ငံေတာ္သမၼတရံုး ညြန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး က PCG (Peace-talk Creation Group) ေခၚ ၿငိမ္းခ်မ္းေရးေဆြးေႏြး ေရး အက်ိဳးေဆာင္အဖြဲ႔ဝင္ ဦးလမိုင္ဂြန္ဂ်ာ ကတဆင့္ ဖိတ္ၾကားခဲ့ပါတယ္လို႔ PCG အဖြဲ႔ဝင္တဦးျဖစ္တဲ့ ဦးစန္းေအာင္က RFA ကို ေျပာပါတယ္။

AA ေျပာခြင့္ရ ခိုင္သုခက အခုလို အစိုးရဖက္က ဖိတ္ၾကားခ်က္ကို ဇြန္လ ၅ ရက္ေန႔က ရရွိခဲ့ၿပီးေနာက္ အျပန္အလွန္ ညွိႏိႈင္း ေနေၾကာင္း၊ အစိုးရဖက္က က်ိဳင္းတံုမွာေတြ႔ဖို႔ ကမ္းလွမ္းခဲ့ၿပီး လက္ရွိျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ျပႆနာေၾကာင့္ သူတို႔အဖြဲ႔ သြားေရာက္ဖို႔ အခက္အခဲရွိေၾကာင္း၊ ဒါ့အျပင္ AA ကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အစိုးရက ေၾကညာထားတဲ့ အတြက္ လံုၿခံဳေရးအရလည္း စဥ္းစားရေျကာင္း၊ အင္တာနက္ကေန ဗီဒီယိုနဲ႔ ဆက္သြယ္ေဆြးေႏြးဖို႔ထက္ လူခ်င္းေတြ႔ဆံု ေဆြးေႏြးဖို႔ သူတို႔အဖြဲ႔က လိုလားေၾကာင္း RFA ကို ေျပာပါတယ္။

တၿပိဳင္နက္မွာပဲ အစိုးရနဲ႔ နီးစပ္သူတဦးက ျပည္တြင္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတခုကို ေနျပည္ေတာ္မွာ လာမယ့္ ၂၃ ရက္ေန႔ ေလာက္ က်င္းပႏိုင္ဖို႔အတြက္ အစိုးရနဲ႔ တိုင္းရင္းသားအဖြဲ႔ေတြ ညွိႏိႈင္းေနတယ္လို႔ ေျပာပါတယ္။ PCG အဖြဲ႔ဝင္ ဦးစန္းေအာင္ ကေတာ့ လက္ရွိအေျခအေနေတြအရ ဒီႏွစ္အတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ တခုေလာက္ပဲျဖစ္ေပၚႏိုင္မယ္လို႔ ယူဆပါတယ္။ အစိုးရဖက္က ပီပီျပင္ျပင္လုပ္ေဆာင္မႈ အားနည္းတယ္၊ ယံုၾကည္မႈ တည္ေဆာက္ေရးအတြက္ ေဆြးေႏြးပြဲေတြမ်ားမ်ားလို တယ္လို႔ သူက ေဝဖန္ပါတယ္။

CPR Center for Peace and Reconciliation ၿငိမ္းခ်မ္းေရးနဲ႔ျပန္လည္သင့္ျမတ္ေရးဗဟိုဌာနညြန္ၾကားေရးမွဴး ဦးညိဳအုန္းျမင့္ က အဲဒီလို ယံုၾကည္မႈတည္ေဆာက္ေရးအတြက္ တိုင္းရင္းသားေတြဘက္ကလည္း ခဏတာျဖစ္ေစ အပစ္အခတ္ရပ္စဲဖို႔ သင့္တယ္လို႔ အႀကံေပးပါတယ္။ အစိုးရအသိုင္းအဝန္းနဲ႔ နီးစပ္သူေတြကေရာ တိုင္းရင္းသားအဖြဲ႔ေတြနဲ႔ နီးစပ္သူေတြကပါ တညီတညြတ္ ေျပာဆိုေနၾကတဲ့အခ်က္ကေတာ့ ျမန္မာျပည္ဟာ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ အလွမ္းေဝးေနဆဲ ျဖစ္တယ္ဆိုတဲ့ အခ်က္ပါပဲ။ https://www.rfa.org/burmese/ news/peace-kia-aa-mndaa-tnla-06122020192805.html

**************

၈။     ဂြၿမိဳ႕နယ္တြင္ ALP/ALA တပ္ဖြဲ႔ဝင္ ၃ ဦးကို ပုဒ္မ ၆ ခုျဖင့္ အမႈဖြင့္ထား
June 13, 2020

ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္(ခြဲ) က်ိႏၱလီၿမိဳ႕တြင္ ရခိုင္ျပည္လြတ္ေျမာက္ေရးတပ္မေတာ္/ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALA/ALP) အဖြဲ႔ဝင္သံုးဦးကို ပုဒ္မ ၆ ခုျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း က်ိႏၱလီနယ္ေျမ ရဲစခန္းမွ စခန္းမွဴးရဲအုပ္ ေက်ာ္လြင္ဦး က ေျပာသည္။

၎တပ္ဖြဲ႔ဝင္တို႔သည္ ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းက က်ိႏၱလီေဒသသို႔ ေရာက္ရွိလာကာ လိုင္စင္မရွိဘဲ ေက်ာက္ထုတ္ လုပ္ျခင္း၊ သဲထုတ္လုပ္ျခင္း စသည့္စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနၾကၿပီး ‌ေဒသခံမ်ားကို ဆဲဆိုၿခိမ္းေျခာက္ျခင္း စသည့္ ကိစၥမ်ားျဖစ္ေပၚလာေၾကာင္း ေဒသခံမ်ားကဆိုသည္။“က်ေနာ္သူတို႔ (ALA တပ္ဖြဲ႔ဝင္) သဲေက်ာက္လုပ္ေနၾကတာကို ဓါတ္ပံု ရိုက္ဖို႔လုပ္ေတာ့ ဘက္ဖိုးနားက ထြက္လာၿပီးေတာ့ က်ေနာ့္ကိုေမးေတာ့ ဓါတ္ပံုရိုက္ဖို႔လာတာလို႔ ေျပာတယ္။ သူတို႔ကမလို ဘူး ဘယ္ေကာင္မွ ရိုက္ခြင့္မရွိဘူး။ ငါတို႔ ရခိုင္အခ်င္းခ်င္း မသတ္ခ်င္ဘူး၊ ငါတို႔လူသတ္လာတာ မ်ားေနၿပီဆိုၿပီးေတာ့ ဓါးနဲ႔ က်ေနာ့္ လည္ဂုတ္ကို လွီးဖို႔လုပ္တယ္”ဟု အမႈဖြင့္ထားသူ ဦးခ်စ္စမ္းေမာင္က ရွင္းျပသည္။

ALA တပ္ဖြဲ႔ဝင္မ်ားျဖစ္သည့္ ဗိုလ္မွဴးခိုင္ႏိုင္လင္း၊ ဗိုလ္ႀကီးခိုင္ေအာင္လင္းႏွင့္ ခိုင္ျပည္သိန္းတို႔ကို က်ိႏၱလီၿမိဳ႕အပိုင္ ဘိုက ေလး ေက်းရြာသားအခ်ိဳ႕ႏွင့္ သက္ဆိုင္ရာအာဏာပိုင္မ်ားက ရာဇသတ္ႀကီးပုဒ္မ-၂၉၄၊ ၃၅၂၊ ၅၀၆၊ ၁၁၄၊ ေရအရင္းအျမစ္ ဥပေဒ ပုဒ္မ-၂၆ တို႔အျပင္ ေဆးေကာင္စီ ဥပေဒ ပုဒ္မ- ၅၈ တို႔ျဖင့္ အမႈဖြင့္လွစ္ထာေၾကာင္း စခန္းမွဴးကေျပာသည္။ လက္ရွိ အခ်ိန္၌ အမႈဖြင့္ခံထားရသူမ်ား ထြက္ေျပးတိမ္းေရွာင္ေနၾက၍ ဖမ္းဆီးႏိုင္ျခင္းမရွိေသးေၾကာင္း ၎က ဆက္၍ေျပာသည္။

ရခိုင္ျပည္လြတ္ေျမာက္ေရတပ္မေတာ္ (ALA) စစ္ေရးေကာ္မတီက ဗိုလ္မွဴးႀကီးခိုင္စိုးျမက အဆိုပါေနရာတြင္ သဲ၊ ေက်ာက္ လုပ္ငန္း လုပ္ကိုင္ေနၾကသည္မွာ ၎တို႔တပ္ဖြဲ႔မ်ားသာမဟုတ္ဘဲ ေဒသခံမ်ားပါ လုပ္ကိုင္ေနၾကျခင္းျဖစ္ေၾကာင္း ေျပာသည္။“အဲဒီမွာလုပ္ေနတာ က်ေနာ္တို႔ လူေတြတင္မဟုတ္ဘူး၊ ရြာသားေတြလည္းပါတယ္။ ရြာသားေတြလုပ္လို႔ က်ေနာ္တို႔လည္း လုပ္လို႔ရတယ္ထင္ၿပီးလုပ္တာ။ ရြာသားေတြကို တရားမစြဲဘဲနဲ႔ က်ေနာ္တို႔ ရဲေဘာ္ေတြကို တရားစြဲေတာ့ တမင္တရားစြဲသလို ျဖစ္ေနတယ္”ဟု ၎ကဆက္၍ေျပာသည္။ ယင္းသို႔ အမႈဖြင့္လွစ္ထားျခင္းႏွင့္ပတ္သက္၍လည္း ရခိုင္ျပည္လြတ္ေျမာက္ ေရးပါတီအေနျဖင့္ ျပည္နယ္အစိုးရႏွင့္ သက္ဆိုင္ရာအာဏာပိုင္မ်ားကို ရုပ္သိမ္းေပးရန္ ေတာင္းဆိုထားေၾကာင္း ဗိုလ္မွဴးႀကီး ခိုင္စိုးျမကဆိုသည္။ https://www.bnionline.net/mm/news-73456

*************

၉။ ရွမ္းေျမာက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္ရွိ စစ္ေဘးေရွာင္ဒုကၡသည္မ်ား ကိုဗစ္ကာလ စားဝတ္ေနေရး အလြန္ခက္ခဲေန
June 15, 2020

ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္ မန္ဝိန္းႀကီးေဒသအတြင္းရွိ ေနရပ္စြန္႔ခြာစစ္ေျပးတိမ္းေရွာင္သူမ်ား (IDPs) မ်ား သည္ ကိုဗစ္ကာလအတြင္း စားဝတ္ေနေရးအခက္အခဲမ်ားရွိေနျခင္းေၾကာင့္ သက္ဆိုင္ရာ အစိုးရအဖြဲ႔အစည္းမ်ားက တာဝန္ ယူေဆာင္ရြက္ေပးရန္ စစ္ေရွာင္မ်ားက ေမွ်ာ္လင့္လ်က္ရွိေၾကာင္း ရွမ္းျပည္နယ္ စစ္ေရွာင္ျပည္သူမ်ားအေရး ေဆာင္ရြက္သူ ဦးေနာင္လတ္ကေျပာဆိုသည္။ အဆိုပါ ေဒသအတြင္း ေနရပ္စြန္႔ခြာစစ္ေျပးတိမ္းေရွာင္သူမ်ား (IDPs) စခန္း ၃၉ ခုရွိၿပီး လူဦးေရ ၁၄ဝဝဝ ေနထိုင္ေၾကာင္းကာ လက္ရွိခ်ိန္တြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ စခန္းျပင္ပတြင္ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းလုပ္ကိုင္ရန္အတြက္ ကန္႔သတ္ခ်က္မ်ားရွိေနေၾကာင္း ၎ကေျပာဆိုသည္။

“အဓိကကေတာ့ တရုတ္နယ္စပ္မွာရွိတဲ့ စခန္းေတြထဲကသူေတြကေတာ့ တရုတ္ႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ကိုင္တယ္ ေပါ့။ ေန႔စားအလုပ္သမားေတြအျဖစ္ေပါ့။ အဲလိုမ်ိဳး အရင္တုန္းက အျပင္မွာသြားအလုပ္လုပ္ေနရတဲ့သူေတြက ျပန္လာရင္ ကိုဗစ္- ၁၉ ေၾကာင့္ ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ခံရေတာ့ ေနာက္ၿပီးေတာ့ စခန္းမွာရွိတဲ့ လူေတြကိုလည္း အျပင္ကိုမသြားခိုင္း ေတာ့တာေၾကာင့္ လုပ္ကိုင္စားေသာက္ဖို႔ အခက္အခဲေတြျဖစ္လာၿပီးေတာ့ စားဝတ္ေနေရး ဒုကၡေရာက္ႏိုင္တာေတြရွိတာေပါ့။ အဲေတာ့ ကြ်န္ေတာ္တို႔ကို သက္ဆိုင္ရာအဖြဲ႔အစည္းက စားနပ္ရိကၡာအတြက္ တာဝန္ယူေျဖရွင္းေပးဖို႔ ေမွ်ာ္လင့္တာေပါ့ ” ဟု ဦးေနာင္လတ္ ကေျပာဆိုသည္။ ထို႔ေၾကာင့္ IDP စခန္းမ်ားတြင္ ေနထိုင္သူမ်ားက ဇြန္လ ၁၁ ရက္ေန႔တြင္ ၎တို႔၏ စိုးရိမ္ ပူပန္မႈမ်ားႏွင့္ ပတ္သက္ၿပီး အခ်က္ ၆ ခ်က္ပါေသာ သေဘာထား ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့သည္။

ကိုဗစ္ကာလအတြင္း ေရရွည္ႏွစ္ဖက္လက္နက္ကိုင္မ်ား စစ္မက္ျဖစ္ပြားမႈမ်ားအား ျခြင္းခ်က္မရွိ ရပ္တန္႔ရန္၊ ကိုဗစ္ကာလ ၾကာျမင့္လာသည္ႏွင့္အမွ် စခန္းတြင္းရွိ IDPS မ်ားသည္ စခန္းျပင္ပသို႔ အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာလုပ္ငန္းမ်ား လုပ္ကိုင္ ရန္အခြင့္အလမ္းနည္းပါးျခင္း၊ ကန္႔သတ္ခ်က္မ်ား ရွိေနျခင္းေၾကာင့္ IDPS မ်ားအား ေရရွည္စားဝတ္ေနေရး (စားနပ္ရိကၡာ) လံုေလာက္စြာ ပံ့ပိုးေပးရန္ ထုတ္ျပန္ခဲ့သည္။ မၾကာမီ ေက်ာင္းဖြင့္ကာလေရာက္ရွိေတာ့မည္ျဖစ္ေသာေၾကာင့္ IDPS စခန္း မ်ားရွိ ေနရပ္စြန္႔ခြာ ကေလးငယ္မ်ား ပညာသင္ၾကားေရးအတြက္ အေျခခံပညာအခြင့္အေရးတန္းတူရရွိေရး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက လမ္းညႊန္ထုတ္ျပန္ထားသည့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရးပစၥည္းမ်ား သင္ေထာက္ကူမ်ား ဆရာ၊ဆရာမမ်ား စာသင္ေဆာင္မ်ားအား လံုေလာက္စြာပံ့ပိုးေပးရန္လည္း ေတာင္းဆိုခ်က္တြင္ေဖာ္ျပ ထားသည္။

ႏိုင္ငံတကာ စစ္ေဘးေရွာင္သူမ်ား အိုးအိမ္ေျမယာ ပိုင္ဆိုင္ခြင့္ႏွင့္ ျပန္လည္လုပ္ပိုင္ခြင့္မ်ားဆိုင္ရာ အခြင့္အေရးမ်ားႏွင့္အညီ ေနရပ္စြန္႔ခြာ စစ္ေဘးေရွာင္ျပည္သူမ်ား၏ မူရင္းေက်းရြာေဒသရွိ ေျမယာႏွင့္ သဘာဝအရင္းအျမစ္မ်ားအား အစိုးရႏွင့္ သက္ဆိုင္ရာအဖြဲ႔အစည္းမ်ားက ကာကြယ္ေစာင့္ေရွာက္ေပးရန္ စသည့္အခ်က္မ်ားကိုလည္း ေတာင္းဆိုထားသည္။ https://www.khitthitnews.com/2020/06 /%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80

**************

၁၀။  မင္းတပ္တြင္ ျပည္ပျပန္ Quarantine ဝင္ရသူမ်ား ကိုယ့္စရိတ္ႏွင့္ကိုယ္ ေနရဟုဆို
June 13, 2020

မင္းတပ္ၿမိဳ႕တြင္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါထိန္းခ်ဳပ္ေရး အစီစဉ္အရ Quarantine ဝင္ရသူ ျပည္ပျပန္လာသူမ်ားမွာ ကိုယ့္စရိတ္ ႏွင့္ကိုယ္ေနရေၾကာင္း ေဒသခံမ်ားထံသိရသည္။ Quarantine ဝင္ရသူမ်ားကိုကူညီေပးေနေသာ မင္းတပ္ၿမိဳ႕ရွိ ေဒသခံ တစ္ ဦးက “အခု Quarantine စုစုေပါင္းရင္ ၁၁ ေယာက္ရွိၿပီ ဒီလို Quarantine ဝင္ေနတဲ့ခ်ိန္မွာ အစားေသာက္နဲ႔ ပက္သက္ၿပီး အခ်ိဳ႕က အရမ္းခက္ခဲတယ္ တခ်ိဳ႕က မင္းတပ္ၿမိဳ႕နယ္မွာ ရြာမွာေနတဲ့ လူေတြဆိုေတာ့ သူတို႔ကို ကူညီေပးမဲ့လူမရွိရင္ အရမ္း ခက္ခဲတယ္ ေနာက္ၿပီးလက္ရွိ Quarantine ဝင္ေနတဲ့သူေတြကလည္း သူတို႔စရိတ္နဲ႔ သူတို႔ေနေနရတယ္လို႔သိရတယ္”ဟု ေျပာသည္။

ခ်င္းျပည္နယ္ ၿမိဳ႕နယ္အားလံုးကို ၄ လပိုင္းေလာက္မွ စတင္ၿပီး Quarantine ဝင္ေနရသူမ်ားကို ျပည္နယ္အစိုးရမွ ေထာက္ပံ့ ေၾကးမ်ား ေပးထားသည္ဟု သိရေသာ္လည္း မင္းတပ္တြင္ ထမင္းဖိုးမ်ား ေပးရသည္ဟု Quarantine မ်ားကို ကူညီေဆာင္ ရြက္ေပးေနသည့္ အသင္းဖြဲ႔မ်ားကေျပာသည္။ မင္းတပ္ၿမိဳ႕နယ္ရွိ အုပ္ခ်ဳပ္ေရးဖက္မွတာဝန္ရွိသူမ်ားမွ ျပည္ပျပန္ Quarantine ဝင္ေနရသူမ်ားကို ၿမိဳ႕အစီစဥ္ႏွင့္လည္းေကာင္း၊ အစိုးရမွေထာက္ပံ့ေပးသည့္ ေငြေၾကးမ်ားကို တာဝန္ရွိသူမ်ားကို ေသခ်ာေပး လိုက္ေၾကာင္း မင္းတပ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းဧရာထိုက္က ေျပာသည္။

မင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းဧရာထိုက္က “ၿမိဳ႕အစီစဥ္နဲ႔ က်ေတာ္တို႔က ဒီ Quarantine ဝင္တဲ့လူေတြကိုေကြ်းေမြးတယ္ ေနာက္ၿပီး ခ်င္းျပည္နယ္ အစိုးရကလည္း ဒီဟာနဲ႔ပက္သက္ၿပီး ေပးတယ္ အဲဒီေပးတဲ့ ဟာေတြကိုလည္း Quarantine ဝင္တဲ့ လူေတြကို ခ်က္ျပဳတ္လုပ္ေပးတဲ့ တာဝန္ရွိတဲ့ သူေတြကို ေပးတယ္ အဲဒါကို မေပးဘူးလို႔ လူမႈကြန္ရက္ေတြမွာ ေလွ်ာက္တင္ ေနၾကတာ”ဟု ေျပာသည္။ မင္းတပ္ၿမိဳ႕တြင္ ဇြန္လ ၂ ရက္ေန႔က မေလးရွားမွ ျပန္လာၿပီး Quarantine ဝင္သူ တစ္ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ ပိုးေတြ႔ရွိခဲ့ၿပီး အဆိုပါ case-232 ကို ဟားခါးျပည္သူ႔ ေဆးရံုႀကီးေတြ ပို႔ဆာင္ခဲ့ရေၾကာင္း သိရသည္။ https://www.bnionline.net/mm/news-73473

*************

၁၁။ ရေသ့ေတာင္ ဒံုးပိုက္ နယ္ျခားေစာင့္ရဲကို AA ဝင္တိုက္
June 13, 2020

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ဒံုးပိုက္ နယ္ျခားေစာင့္ ရဲကင္းစခန္းကို ဇြန္လ ၁၃ ရက္ နံနက္ ၅ နာရီဝန္းက်င္ အခ်ိန္ခန္႔က ရကၡိဳင့္ စစ္တပ္ (AA) အဖြဲ႔က လာေရာက္တိုက္ခဲ့သည့္အတြက္ တပ္ဖြဲ႔ဝင္တခ်ိဳ႕ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက “ ဒီေန႔ မနက္ ၅ နာရီခြဲေလာက္မွာ ဒံုးပိုက္ နယ္ျခားေစာင့္ရဲကင္းစခန္းကို AA အဖြဲ႔က လာေရာက္ ေႏွာင့္ယွက္ပစ္ခတ္တာရွိတယ္။ ၁၅ မိႏွစ္ခန္႔ေလာက္ ပစ္ခတ္ခဲ့ၿပီးေနာက္ ဆုတ္ေျပးသြားတယ္။ ျဖစ္စဥ္မွာေတာ့ ရဲတပ္ဖြဲ႔ဝင္တခ်ိဳ႕ ထိခိုက္ဒဏ္ရာတာရွိတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ ထိုတိုက္ခိုက္မႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ရဲတပ္ဖြဲ႔ဝင္မ်ား ပူးေပါင္း ကာ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္လွ်က္ရွိေၾကာင္းလည္း ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ ဒံုးပိုက္ေက်းရြာအနီးရွိ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ၁ ဦးက ယေန႔ မနက္ပိုင္းက အဆိုပါ နယ္ျခားေစာင့္ ရဲ စခန္းဘက္မွာ ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္သံမ်ားကိုၾကားရေသာ္လည္း ျဖစ္စဥ္အေသးစိတ္ကိုမသိရွိေၾကာင္း ေျပာသည္။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက “ဒီေန႔ နံနက္ ၅ နာရီေလာက္မွာ အဲဒီစခန္းဘက္က အျပန္အလွန္ပစ္ခတ္သံေတြေတာ့ၾကား တယ္။ အေသးစိတ္ကိုေတာ့ က်ေနာ္တို႔လည္း မသိဘူး။ လူနာတင္ကား ေတြေတာ့ သြားတာေတြ႔တယ္။ ဒံုးပိုက္ရြာသားေတြ စိုးရိမ္ၿပီး ရြာကထြက္ေျပးေနၾကလို႔ ဖုန္းဆက္လို႔လည္း မရဘူး” ဟု ဧရာဝတီသို႔ ေျပာသည္။ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက ဒံုးပိုက္နယ္ျခားေစာင့္ရဲကင္းစခန္းမွာ ပင္လယ္ကမ္း ကမ္းေျခအတိုင္း ေဖာက္လုပ္ထားသည့္ အငူေမာ္ – ေမာင္ေတာ္ ကား လမ္းမႀကီးေပၚတြင္ တည္ရွိေသာ အငူေမာ္ နယ္ေျမရဲစခန္း လက္ေအာက္ခံ ရဲကင္းစခန္း တခုလည္း ျဖစ္သည္။

ထိုရဲစခန္းမ်ားအား တိုက္ခိုက္သည့္ ျဖစ္စဥ္မ်ားတြင္ တပ္ဖြဲ႔ဝင္ မိသားစုဝင္မ်ား ဖမ္းဆီးခံရမႈရွိခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ AA အဖြဲ႔က ျပန္လည္လြတ္ေပးခဲ့သည္။ ထိုသို႔ နယ္ေျမလံုၿခံဳေရးႏွင့္ တရားဥပေဒစိုးမိုးေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေန ေသာ ရဲတပ္ဖြဲ႔ဝင္မ်ားကို AA အဖြဲ႔က လာေရာက္တိုက္ခိုက္ျခင္းမွာ စစ္ရာဇဝတ္မႈကို က်ဴးလြန္ရာေရာက္ေၾကာင္း တပ္မေတာ္ က ေျပာဆို ထားသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက ခ်င္းျပည္နယ္ ၊ပလက္ဝ ၿမိဳ႕နယ္အတြင္း ဒဏ္ရာရ AA တပ္ဖြဲ႔ဝင္မ်ားအား ေဆးကုသေနေသာ ယာယီစခန္းတခုကို တပ္မေတာ္က အင္အားအလံုးအရင္းျဖင့္ လာေရာက္တိုက္ခိုက္ခဲ့သည့္အတြက္ လက္တုန္႔ျပန္သည့္ အေနျဖင့္ ထိုသို႔ သဇင္ၿမိဳင္ ရဲကင္းစခန္းအား တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း AA အဖြဲ႔၏ ေမလ ၂၉ ရက္ေန႔က ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။ ယင္းအျပင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ဝင္မ်ားဆိုသည္မွာ တပ္မေတာ္လက္ ေအာက္တြင္ရွိၿပီး တပ္မေတာ္ ၏ စစ္ဆင္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္မႈ၊ ရဲစခန္းမ်ားကေန လက္နက္ႀကီးယာယီ စခန္းမ်ားထိုင္ကာ ပစ္ခတ္မႈမ်ားရွိ သည့္အတြက္ ရဲစခန္းမ်ားကို တိုက္ခိုက္ရျခင္းျဖစ္ေၾကာင္း AA အဖြဲ႔က ယခင္ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္ၿပီး ေျပာဆိုထားသည္။ https://burma.irrawaddy.com/news/2020/06/13/224572.html

**************

၁၂။ လိြဳင္ေကာ္ၿမိဳ႕နယ္ ေဒါလိုေရွးရြာအနီး လွ်ပ္စစ္တာဝါတိုင္ ေအာက္ေျခတြင္ ေျမျမွဳပ္မိုင္း ႏွစ္လံုး ေတြ႔ရွိ
June 14, 2020

လိြဳင္ေကာ္ၿမိဳ႕နယ္ ေဒါလိုေရွးရြာအနီး လွ်ပ္စစ္တာဝါတိုင္ေအာက္ေျခတြင္ ျမွဳပ္ထားေသာမိုင္းမ်ားေပၚလာသျဖင့္ အနီးရွိ ေတာင္သူလယ္သမားမ်ားမွာ ေပါက္ကြဲထိခိုက္မည္ကို စိုးရိမ္ေနၾကရေၾကာင္းသိရသည္။“လယ္ပိုင္ရွင္က လယ္သြားထယ္ ရင္းနဲ႔ သူရဲ႕တာဝါတိုင္ေအာက္ သူေခ်ာင္းၾကည့္တာေပါ့။ ကြ်န္ေတာ့္ကို လာအေၾကာင္းၾကားတာေပါ့။ တစ္လံုးမဟုတ္ ႏွစ္လံုး ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ေပါ့။ အခုေလာေလာဆယ္ေတြ႔တာေတာ့ ႏွစ္လံုးေပါ့၊ တိုက္မိုင္းနဲ႔နင္းမိုင္းတစ္လံုးေပါ့”ဟု ေဒါလိုေရွး အုပ္ခ်ဳပ္ေရးမွဴး ခူးရွားရယ္က ေျပာျကားသည္။

လယ္ပိုင္ရွင္ခူးငါးရယ္၏ လယ္ထဲရွိ တာဝါတိုင္အမွတ္ ၁၀၈ ေအာက္ေျခတြင္ တိုက္မိုင္း ႏွင့္ နင္းမိုင္း ႏွစ္လံုးကို ဇြန္ ၁၀ ရက္ က လယ္ထြန္ရာမွေတြ႔ရွိသျဖင့္ ဇြန္ ၁၁ ရက္တြင္ တပ္က ဝါးျဖင့္ လာေရာက္ၿခံစည္းရိုးခတ္ခဲ့ေၾကာင္း သိရသည္။“အုတ္ တံတိုင္းနဲ႔ခတ္ရင္ပိုေသခ်ာတာေပါ့။ ဝါးနဲ႔ခတ္ရင္အဆင္မေျပဘူး။ တစ္ေန႔ မဟုတ္ရင္ တစ္ေန႔ေတာ့ပ်က္မွာပဲ။ ၿခံကာလိုက္ ရင္ ျမက္ေတြဘာေတြထူလာရင္ ႏြားက သူ႔အစာေတြ႔ရင္ေတာ့ ဝင္မွာပဲ။ ေလာေလာဆယ္ကေတာ့ အုတ္တံတိုင္းပဲကာ ေစခ်င္တယ္” ဟု ေဒါလိုေရွးအုပ္ခ်ဳပ္ေရးမွဴး ခူးရွားရယ္က ေျပာၾကားသည္။

ေဒါလိုေရွးေက်းရြာသည္ လွ်ပ္စစ္မီးစတင္ရရွိခဲ့သည္မွာ ငါးႏွစ္ခန္႔သာရွိေသာ္လည္း လြန္ခဲ့သည့္ ႏွစ္ ၃၀ အတြင္း တာဝါတိုင္ မ်ားအား ဝါးျဖင့္ကာရံေပးရျခင္း၊ ညကင္းမ်ားအား အလွည့္က်ေစာင့္ေပးရျခင္း၊ လုပ္အားေပးအျဖစ္ေခၚယူသျဖင့္ အခမဲ့ လုပ္ေဆာင္ေပးရျခင္းမ်ားရွိခဲ့ေၾကာင္း၊ တာဝါတိုင္ေအာက္ေျခသို႔ အိမ္ေမြးတိရစာၦန္မ်ားဝင္ေရာက္ရာမွ ေပါက္ကြဲၿပီး လူကိုပါ ဗံုးစထိမွန္ခဲ့ျခင္းမ်ား ရွိခဲ့ေၾကာင္း သိရသည္။ https://news-eleven.com/article/178458

*************

၁၃။ ေရႊေညာင္ၿမိဳ႕ Quarantine Center တြင္ ထိုင္းမွျပန္လာသူ အမ်ိဳးသမီး ၁ ဦးေသဆံုး
June 14, 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ သုခခ်မ္းသာရပ္ကြက္ရွိ အမွတ္ (၁) တည္းခိုေရးတပ္စခန္း Quarantine Center မွာ အမ်ိဳးသမီးတဦး ဇြန္ ၁၄ ရက္ မနက္ပိုင္းက ေသဆံုးသြားတယ္လို႔ ေရႊေညာင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ ေသဆံုးသူမွာ ႏွလံုးေရာဂါ အခံရွိသူျဖစ္ၿပီး ဇြန္ ၁၀ ရက္ေန႔မွ ေရႊေညာင္ၿမိဳ႕ Quarantine Centre ကို ျမဝတီ ကတဆင့္ ေရာက္ရွိလာတာ ျဖစ္ပါတယ္။

ေရႊေညာင္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး ဦးသက္ဦးေမာင္က “ဇြန္ ၅ ရက္ေန႔က ျမဝတီ Center မွာ ဓာတ္ခြဲနမူနာယူၿပီး စစ္ေဆးထားတယ္။ ျမဝတီေဆးရံုမွာ တက္ခဲ့တယ္။ သူက ေမြးရာပါ ႏွလံုးအေပါက္ပါ ႏွလံုးအားနည္းသူေပါ့။ အဲဒီေရာဂါနဲ႔ ေဆးရံုတက္ တယ္။ ေဆးမွတ္တမ္းေတြရွိတယ္။ ၅ ရက္ေန႔က ယူထားတဲ့ ဓာတ္ခြဲနမူနာက negative အေျဖထြက္တယ္။ က်ေနာ္တို႔ Center ကို ၁၀ ရက္ေန႔ ေရာက္လာတယ္။ ဒီေန႔မနက္ Center မွာရွိသူအားလံုး ဓာတ္ခြဲနမူနာယူဖို႔ လာတာ မနက္စာစားဖို႔ သူ႔ကိုႏိႈးေတာ့ ႏိႈးလို႔မရေတာ့ဘူး၊ က်န္းမာေရးဆရာေတြ စစ္ေဆးတဲ့အခါ ေသဆံုးသြားၿပီ ျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

က်န္းမာေရးဝန္ထမ္းေတြက ႏွလံုးေရာဂါေၾကာင့္ ေသဆံုးသြားတယ္လို႔ သံုးသပ္ထားေပမယ့္ ေသခ်ာေအာင္ ဓာတ္ခြဲနမူနာ ယူၿပီး ဓာတ္ခြဲဌာနကို ပို႔ေဆာင္သြားမွာ ျဖစ္ပါတယ္။ ေသဆံုးသူမွာ က်ိဳင္းတံုၿမိဳ႕၊ မိုင္းေယာင္းေက်းရြာေန အသက္ ၄၀ အရြယ္ အမ်ိဳးသမီး ၁ ဦးျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕ကေနျပန္လာတာျဖစ္ပါတယ္။ ေသဆံုးသူအမ်ိဳးသမီးဟာ ေရႊေညာင္ၿမိဳ႕ Quarantine Centre မွာ တခန္းတည္း အတူေနသူ ၁၆ ဦးရွိၿပီး Center တခုလံုးမွာ ျမဝတီကျပန္လာသူ ေရႊ႕ေျပာင္းလုပ္သား ၇၃ ဦး ရွိပါ တယ္ http://burmese.dvb.no/arch ives/394135

*************

၁၄။ KIO ၏ COVID-19 ေကာ္မတီက အျခားေရာဂါကာကြယ္ေရးမ်ား တိုးခ်ဲ႕ ေဆာင္ရြက္ရန္ ဆံုးျဖတ္

June 12, 2020

ကခ်င္ လြတ္လပ္ေရး အဖြဲ႔ (KIO) ဗဟို COVID-19 ကာကြယ္ႏွိမ္ႏွင္းေရး ေကာ္မတီက လက္ရွိလုပ္ေဆာင္ ေနေသာ COVID-19 ကပ္ေရာဂါအျပင္ အျခားေသာ ေရာဂါမ်ားကာကြယ္ေရးမ်ားကို တိုးခ်ဲ႕လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဇြန္လ (၁၀) ရက္ေန႔ အစည္းအေဝးတြင္ ဆံုးျဖတ္ခဲ့သည္။ United For Health (COVID-19 Response Group Kachin State) မွာ လက္ေတြ႔ ဦးေဆာင္ေနေသာ ေဒၚလဘန္ေခါန္ဂ်ာ က မိုးရာသီေရာက္လာၿပီ ျဖစ္ေသာေၾကာင့္ အျခားကူးစက္ေရာဂါမ်ားႏွင့္ COVID-19 တြဲၿပီး ျဖစ္မည္ကို စိုးရိမ္ေၾကာင္း ေျပာ သည္။

“က်မတို႔လည္း အခု ပိုၿပီးမွ သတိရွိရမယ္၊ ဘာေၾကာင့္ဆိုေတာ့ ဒီမိုးတြင္းကာလက COVID-19 ကိုပိုၿပီးမွ အားေပးတဲ့ သဘာဝတရား က်မတို႔မွာ ျဖစ္ေနတဲ့အတြက္ ေနာက္ႏွစ္ေႏြရာသီအထိ သတိရွိေနဖို႔လိုပါတယ္၊ ဥပမာ COVID က ေသြးလြန္ တုပ္ေကြးနဲ႔ ငွက္ဖ်ားေရာဂါေရာၿပီး ေရာဂါလကၡဏာ မျပပဲျဖစ္မွာကိုလည္း စိုးရိမ္ရတဲ့အတြက္ ေရာဂါကို ကာကြယ္တဲ့ အခ်ိန္ မွာ COVID-19 တစ္ခုကိုပဲ ကာကြယ္တာမဟုတ္ပဲနဲ႔ တျခား ျဖစ္လာႏိုင္တဲ့ ေရာဂါေတြကိုလည္း အတူကာကြယ္ႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ အဲ့ဒါကိုလည္း သတိထားရမယ္”ဟု ေျပာသည္။ COVID-19 တစ္ခုတည္းကိုပဲ ကာကြယ္ျခင္းမ်ိဳး မဟုတ္ပဲ အျခားေရာဂါမ်ားကိုလည္း ပူးေပါင္းကာကြယ္သြား မည္ ျဖစ္ေၾကာင္း ေဒၚလဘန္ေခါန္ဂ်ာ က ေျပာသည္။

COVID-19 ကာကြယ္ႏွိမ္နင္းေရးေကာ္မတီ၏ စတုတၳအႀကိမ္အစည္းအေဝးတြင္ ေကာ္မတီကထုတ္ျပန္ထားေသာ စည္းမ်ဥ္း စည္းကမ္းမ်ားကို ပိုမိုထိေရာက္ေစရန္ တာဝန္ရွိေသာ အဖြဲ႔အစည္းအသီးသီးက ပိုမိုလုပ္ေဆာင္ၾကရန္ ေဆြးေႏြးခဲ့ေၾကာင္းကို လည္း KIO ဗဟိုေကာ္မတီ က ဖြဲ႔စည္းထားသည့္ COVID-19 ေရာဂါ ကာကြယ္တားဆီးေရးေကာ္မတီ အတြင္းေရးမွဴး ဦးလဖိုင္ဟိန္းဝမ္ က ေျပာသည္။“ကြာရန္တင္းစခန္းနဲ႔ စစ္ေဆးေရးဂိတ္ေတြနဲ႔ လက္ေတြ႔ ဦးေဆာင္ေနတဲ့ ေကာ္မတီေတြက အလုပ္ကို ပိုမိုထိ ေရာက္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔နဲ႔ ခ်မွတ္ထားတဲ့စည္းမ်ဥ္း စည္းကမ္းေတြထဲကတခ်ိဳ႕ စည္းကမ္းခ်က္ေတြ ကို ျပန္လည္ျပဳျပင္တာပါ”ဟု ေျပာသည္။

ယခု အစည္းအေဝးတြင္ အေရးေပၚအေျခအေနမ်ားထဲ ဌာနဆိုင္ရာမ်ား ပူးေပါင္းေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားႏွင့္ စာသင္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးၾကသည္။ အစည္းအေဝးကို ေကအိုင္အိုဌာနခ်ဳပ္ လိုင္ဇာ ရွိ အစိုးရမဟုတ္ေသာ အရပ္ဘက္အဖြဲ႔အစည္းမ်ား (NGO မ်ား)၊ ႏိုင္ငံတကာ အစိုးရမဟုတ္ေသာ အဖြဲ႔မ်ား (INGO မ်ား)၊ ဘာသာေရးအဖြဲ႔မ်ား၊ အမ်ိဳးသမီးေရးရာအဖြဲ႔ႏွင့္ လူထု အေျချပဳ အဖြဲ႔အစည္းမ်ား တက္ေရာက္ခဲ့ၾကသည္။ https:// www.bnionline.net/mm/news-73438

**************

၁၅။ ေက်ာက္ေတာ္ၿမိဳ႕လယ္၌ ရဲအရာရွိ ၁ ဦး သတ္ခံရ၍ ေသဆံုး
June 14, 2020

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕လယ္တြင္ ယမန္ေန႔ ညေန ၃ နာရီ ခန္႔က ရဲအရာရွိ ၁ ဦး သတ္ျဖတ္ခံရ၍ ေသဆံုးသြား ေၾကာင္း သတင္း ရရွိသည္။

အဆိုပါ သတ္ျဖတ္ခံရသူမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲအုပ္ေအာင္မင္းေဇာ္ ျဖစ္ၿပီး ၿမိဳ႕လယ္ရွိသာသနာ့ဗိမာန္ ေရွ႕လမ္းမေပၚတြင္ရွိေနစဥ္ အမည္မသိ လူ ၂ ဦးမွ ဆိုင္ကယ္ျဖင့္လာေရာက္ကာ ဓားျဖင့္ထိုးသတ္သြားျခင္းျဖစ္ေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲတပ္ဖြဲ႔ဝင္ တဦးက ေျပာသည္။ ၎က “ျဖစ္စဥ္ကေတာ့ ဟုတ္တယ္။ သူက CRO (ရဲ မႈခင္းမွတ္ဌာန) ကိုင္တယ္။ သာသနာ့ဗိမာန္ေရွ႕ သြားလာေနတုန္း ဆိုင္ကယ္နဲ႔ လူ ၂ ေယာက္က ဓားနဲ႔လာထိုး သြားတာလို႔ ေျပာတယ္။ အဲဒီမွာပဲ ဆံုးသြားတယ္”ဟု ဧရာဝတီသို႔ ေျပာဆိုသည္။ ေက်ာက္ေတာ္ၿမိဳ႕ေပၚတြင္ ထိုသို႔ ရဲအရာရွိ ၁ ဦး လုပ္ႀကံ သတ္ျဖတ္ခံရသည့္အတြက္ ၿမိဳ႕ခံမ်ားမွာ စိုးရိမ္ေၾကာင့္ၾကမႈမ်ားျဖစ္ေပၚကာ အိမ္ျပင္မထြက္ရဲၾကဘဲ အေျခအေနကို ေစာင့္ၾကည့္ေနၾကရေၾကာင္းလည္း သိရသည္။

ေက်ာက္ေတာ္ၿမိဳ႕ခံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းက “အဲဒီလို ျဖစ္တယ္လို႔ေတာ့ၾကားတယ္။ က်ေနာ့္ လည္း ျမင္တာေတာ့မဟုတ္ဘူး။ လူေတြလည္း တေယာက္မွ သြားမၾကည့္ရဲၾကဘူး။ အားလံုးအိမ္ထဲကေန အိမ္ျပင္မထြက္ ရဲၾကဘူး။ ဆိုင္ေတြလည္း အကုန္ပိတ္ထားၾကတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ ျဖစ္စဥ္အား အေသးစိတ္သိရွိႏိုင္ရန္ ဧရာဝတီ မွ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ ဒုရဲမွဴးႀကီး ေမာင္ေမာင္စိုးအား ဆက္သြယ္ ခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ပါ။

ရခိုင္ျပည္နယ္အတြင္း ရဲတပ္ဖြဲ႔ဝင္မ်ားအပါအဝင္ ေက်းရြာတခ်ိဳ႕၌ ယခုကဲ့သို႔ေသာလုပ္ႀကံသတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ားက ခတ္စိပ္စိပ္ ျဖစ္ပြားေနၿပီး သတ္ျဖတ္ခံရသည့္ အေၾကာင္းရင္းမ်ားႏွင့္အတူ က်ဴးလြန္သည့္တရားခံမ်ားကို လက္ရွိအခ်ိန္အထိ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ျခင္း မရွိေသးေပ။ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အသီးသီး၌ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ား ႏွင့္ ရြာသားမ်ားမွာ ယခုကဲ့သို႔ ဓားျဖင့္ထိုးကာ သတ္ျဖတ္ခံရျခင္း၊ ေနအိမ္အတြင္းသို႔ ဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္သတ္ခံရ ျခင္း စသည့္ျဖစ္စဥ္မ်ား ျဖစ္ပြားေနသျဖင့္ ေဒသခံျပည္သူမ်ားၾကား လံုၿခံဳမႈမရွိျခင္းေၾကာင့္ စိုးရိမ္မႈျမင့္တက္လ်က္ရွိေနသည္။ https://burma.irrawaddy .com/news/2020 /06/14/224576.html

*************

၁၆။ ေရးေတာင္ပိုင္း ဓနိၾကာစံျပေက်းရြာ တည္ေဆာက္ေရး ရြာသားအမ်ားစုလက္မခံ
June 15, 2020

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ေတာင္ပိုင္း မန္ႀကီးေက်းရြာအုပ္စုအတြင္း ဗလဲ့ခပြားေတာင္ကိုအမွီျပဳ၍ ျမန္မာေရႊဧကရာဇ္ သတၱဳ တူးေဖာ္ေရးကုမၸဏီ၏ စီမံကိန္းလုပ္ငန္းႏွင့္အႀကံဳးဝင္သည့္ ဓနိၾကာစံျပေက်းရြာ တည္ေဆာက္ေရးအတြက္ ေဒသခံေထာက္ခံ လက္မွတ္မ်ားေကာက္ခံရာတြင္ ရြာသားအမ်ားစုလက္မခံေၾကာင္းသတင္းရရွိသည္။ ဘိုးဘြားအစဥ္အဆက္မ်ားစြာ ကတည္း က ဥယ်ာဥ္ၿခံေျမစိုက္ပ်ိဳးလုပ္ကိုင္ေနထိုင္လာၾကသည့္ ေဒသခံမ်ားကို ဓနိၾကာအျပင္ရြာႏွင့္ အတြင္းရြာအၾကားရွိ စံျပရြာသစ္ တည္ေဆာက္မည့္ ေျမ ၁၂ ဧကအက်ယ္ရွိသည့္ေနရာသို႔ ေနအိမ္မ်ားေရႊ႕ေျပာင္းရန္ အဆိုပါကုမၸဏီက ႀကိဳးပမ္းအေကာင္ အထည္ေဖာ္ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

မန္က်ီးေက်းရြာသား ႏိုင္ေဟာင္းစားက “အခုသူတို႔ အေကာင္အထည္ေဖာ္ေနတဲ့ ဓနိၾကာစံျပေက်းရြာဆိုတာက က်ေနာ္တို႔ အတြက္ဘာမွ အက်ိဳးမရွိပါဘူး၊ တစ္ျခားေဒသကလူေတြေခၚလာၿပီး က်ေနာ္တို႔လူမ်ိဳးအေပၚ လႊမ္းမိုးႏိုင္ဖို႔ျဖစ္တယ္၊ ကုမၸဏီ ဘက္က ရင္းႏွီးျွမွဳပ္ႏွံရင္ က်ေနာ္တို႔ ေဒသခံေတြအတြက္အက်ိဳးယုတ္ဖို႔ပဲ ရွိပါတယ္၊ သူတို႔စံျပေက်းရြာျဖစ္လာခဲ့ရင္ အုပ္ခ်ဳပ္ ေရးမွဴးေတြက သူတို႔လူမ်ိဳးပဲျဖစ္လာမယ္၊ က်ေနာ္တို႔ မူလေဒသခံေတြဟာ အလိုလိုေနရင္း သူတို႔ရဲ႕အုပ္ခ်ဳပ္မႈေအာက္ ေရာက္ရွိသြားမွာပါ”ဟု ဆိုသည္။ ထို႔အတူ အဆိုပါ ကုမၸဏီလက္ရွိအေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနသည့္ ဓနိၾကာစံျပ ေက်းရြာ ေျမေနရာသည္ ရြာသားမ်ားပိုင္ဆိုင္ေသာ လက္ရွိၿခံေျမေနရာမ်ားသာ ျဖစ္ေနသည့္အတြက္ ကန္႔ကြက္ရျခင္းျဖစ္ ေၾကာင္း ဓနိၾကာအျပင္ရြာေန မိညြန္႔စိန္က ေျပာသည္။ မိညြန္႔စိန္က “တကယ္လို႔ဒီေနရာကေန က်မတို႔ေျပာင္းမယ္ဆိုရင္ က်မတို႔အတြက္ ဘာမွအက်ိဳးမရွိပါဘူး၊ ဒါေၾကာင့္ က်မတို႔မသြားဘူး၊ လက္ရွိက်မတို႔ေနထိုင္ေနတဲ့ ေနရာကလည္း အေကာင္းပဲ၊ က်မတို႔အိမ္ေတြကလည္း အေကာင္းပဲရွိေနေသးတာ ဒီေနရာက က်မတို႔ မိဘေတြထားေပးခဲ့တဲ့ ၿခံေျမေတြျဖစ္ တဲ့အတြက္ ဒီေနရာမွာပဲ က်မတို႔ ဆက္ေနသြားမယ္” ဟု ဆိုသည္။

အဆိုပါ ဗလဲ့ခပြားေတာင္တဝိုက္တြင္ ျမန္မာေရႊဧကရာဇ္ကုမၸဏီက လယ္ယာေျမမ်ားစြာကို အျခားနည္းျဖင့္ အသံုးျပဳခြင့္ ေလွ်ာက္ထားရရွိထားၿပီးျဖစ္သည့္အျပင္ ဥယ်ာဥ္ၿခံေျမေနရာအခ်ိဳ႕ကိုလည္း လမ္းခင္းေက်ာက္တူးေဖာ္ထုတ္လုပ္ခြင့္ ဆက္ လက္ ေလွ်ာက္ထားေၾကာင္း ကုမၸဏီ၏ မန္းေနဂ်င္းဒါရိုက္တာ ဦးၾကည္စိုးက မြန္သတင္းေအဂ်င္စီကို ေျပာခဲ့သည္။

NLD အစိုးရလက္ထက္ ၂၀၁၇ ခုႏွစ္မွစတင္၍ ဗလဲ့ခပြားေတာင္၌ ေက်ာက္မိုင္းထုတ္လုပ္ရန္ ေဒသခံမ်ား ကန္႔ကြက္ေန သည့္ၾကားကပင္ ေျမဧက ၁၀ဝ ေက်ာ္ခန္႔ကို ျမန္မာေရႊဧကရာဇ္သတၱဳတူးေဖာ္ေရးကုမၸဏီမွ ဝယ္ယူရရွိခဲ့ၿပီး ျဖစ္သည္။ သမၼတ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ မြန္ျပည္နယ္ေအာက္ပိုင္းေဒသျဖစ္သည့္ ေရးၿမိဳ႕နယ္ေတာင္ပိုင္း ယခင္ေခါဇာ ၿမိဳ႕နယ္ခြဲတဝိုက္ မိေထာလွာႀကီးရြာမွ မန္က်ီးေက်းရြာ၊ ဓနိၾကာႏွင့္ မြန္ျပည္နယ္ေတာင္ပိုင္း နယ္စပ္အဆံုးထိ ဧရိယာကို သဘာဝ အေျခခံခရီးသြားလုပ္ ငန္း (Eco Tourism) ဇုန္အျဖစ္ မြန္ ျပည္နယ္အစိုးရက သတ္မွတ္ထားၿပီး ျဖစ္သည္။ http://burmese.monnews.org/2020/06/15/%e1%80%9b%e1%80% b1%e1%80%b8%e1%80%90%e1%

**************

၁၇။ ရခိုင္တိုက္ပြဲေၾကာင့္ စစ္ေဘးဒုကၡသည္စခန္း ၁၀ဝ ေက်ာ္ ရွိလာ
June 15, 2020

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္ႏွင့္ ရခိုင့္တပ္ေအေအတို႔ တိုက္ပြဲေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးလာသူမ်ား ခိုလံႈ ရန္ဖြင့္လွစ္ထားသည့္ စစ္ေဘးဒုကၡသည္စခန္း အေရအတြက္ (၁၁၁) ခု ရွိေနၿပီျဖစ္ေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး (REC) က ေကာက္ယူထားေသာ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ ဒုကၡသည္စခန္းမ်ားမွာ ပုဏၰားကြ်န္းၿမိဳ႕နယ္တြင္ ၁၀ ခု၊ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ၂၀ ခု၊ ေျမာက္ဦးၿမိဳ႕နယ္တြင္ ၂၇ ခု၊ မင္းျပားၿမိဳ႕နယ္တြင္ ၉ ခု၊ ေျမပံုၿမိဳ႕နယ္တြင္ ၁၈ ခု၊ ရေသ့ေတာင္ၿမိဳ႕နယ္တြင္ ၂၅ ခု၊ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ၈ ခု၊ ေမာင္ေတာၿမိဳ႕နယ္တြင္ ၂ ခု၊ စစ္ေတြၿမိဳ႕ေပၚတြင္ ၁၈ ခုႏွင့္ ေပါက္ေတာတြင္ ၄ ခု ျဖစ္ေၾကာင္း REC က ထုတ္ျပန္ထားသည္။ ထိုစစ္ေဘး ေရွာင္စခန္းမ်ားအနက္ တစ္ခ်ိဳ႕စစ္ေရွာင္စခန္းမ်ားတြင္ လူေပါင္းေထာင္ခ်ီထိ ေနထိုင္ၾကၿပီး လက္ရွိ ရခိုင္ျပည္ နယ္တြင္ စစ္ေဘးေရွာင္ဦးေရစုစုေပါင္း ႏွစ္သိန္းခန္႔ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။ တစ္ခ်ိဳ႕စစ္ေဘးေရွာင္စခန္းမ်ားကို စာသင္ ေက်ာင္းမ်ားတြင္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ယေန႔ဇြန္လ ၁၅ ရက္ ေနာက္ဆံုး ဖယ္ရွားေပးရမည္ဟုဆိုေသာ္လည္း ေက်ာက္ေတာ္ၿမိဳ႕ေပၚက စာသင္ေက်ာင္း ခုႏွစ္ေက်ာင္းတြင္ ခိုလံုေနသည့္ စစ္ေဘးဒုကၡသည္ ၃၀ဝ၀ ေက်ာ္ကို ေနရာေျပာင္း ေရႊ႕ဖို႔ အခက္အခဲ ႏွင့္ ရင္ဆိုင္ေနၾကရသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္က “ေရႊၿပီးရင္ျပန္ထားမယ့္ေနရာေတြ လိုအပ္တဲ့ အခါ ဒီကေန႔ ေနာက္ဆံုးထား လုပ္ေပးႏိုင္ဖို႔ အေျခအေနက မလြယ္ဘူး။ လက္ေတြ႔လုပ္ရတဲ့ အလုပ္ေတြက ခက္ခဲပါတယ္” ဟု ေျပာသည္။ ယင္းအျပင္ စစ္ေရွာင္အမ်ားစုမွာ တဲအိမ္သာသာေဆာက္လုပ္ထားသည့္ အမိုးအကာေအာက္တြင္ ျဖစ္သလို ေနထိုင္ေနၾကျခင္းျဖစ္ၿပီး မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနထိုင္ေရးအျပင္ စားဝတ္ေနေရးအပိုင္းမွာလည္း အခက္အခဲ တခ်ိဳ႕ ရွိေနၾကသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက စစ္ေဘးေရွာင္ ဒုကၡသည္မ်ားသည္ ၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ လက္သမား၊ ပန္းရံ စသည့္အလုပ္မ်ားကို လုပ္ကိုင္ၿပီး စားဝတ္ေနေရးအတြက္ ေျဖရွင္းေနၾကေၾကာင္းေျပာ သည္။“တိုက္ပြဲျဖစ္လို႔ ေျပးလာရတယ္၊ ျပန္သြားရတယ္ဆိုေတာ့ စားဝတ္ေနေရးအခက္အခဲျဖစ္တဲ့ စစ္ေရွာင္ေတြ အမ်ားစု ကေတာ့ ရေသ့ေတာင္ၿမိဳ႕ေပၚမွာပါပဲ ပန္းရံလုပ္တယ္။ ရတဲအလုပ္ေတြကို လုပ္ၿပီးေတာ့ အသက္ေမြးဝမ္းေက်ာင္းျပဳၿပီး ေနထိုင္ၾကတယ္”ဟု ေဒၚခင္ေစာေဝက ေျပာသည္။ ရေသ့ေတာင္ၿမိဳ႕နယ္ အုန္းေခ်ာင္းေက်းရြာအနီးတြင္ ဇြန္လ ၁၄ ရက္ေန႔ ညေနပိုင္းကလည္း တပ္မေတာ္ႏွင့္ ရခိုင့္တပ္ေအေအတို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ အနီးအနားရွိ ေက်းရြာေပါင္း ၁၀ ရြာေက်ာ္ က ေက်းရြာသားအမ်ားအျပား ေဘးလြတ္ရာေနရာမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ေၾကာင္း သိရသည္။ http://www.mizzi maburmese.com/article/70710

*************

၁၈။ ရန္ကုန္ႏွင့္ မြန္ကရင္ဝန္ႀကီးႏွစ္ဦး ေရးရာေနရာအတြက္ ျပန္ေလွ်ာက္ထားျခင္းမရွိ
June 15, 2020

မြန္ျပည္နယ္ႏွင့္ ရန္ကုန္တုိင္းေဒသႀကီးတို႔၏ လက္ရွိကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးမ်ားျဖစ္သည့္ ေစာေအာင္ျမင့္ခိုင္ ႏွင့္ ေနာ္ပန္းသဥၨာမ်ိဳးတုိ႔သည့္ အဆိုပါ ေနရာမ်ားအတြက္ လာမည့္ေရြးေကာက္ပြဲတြင္ ျပန္အေရြးခံေတာ့မည္မဟုတ္ေၾကာင္း ေကအိုင္စီသို႔ ဇြန္ ၁၅ ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။ “ က်မ ရန္ကုန္တုိင္းရဲ႕ ကရင္ေရးရာဝန္ႀကီးေနရာအတြက္ ေလွ်ာက္လႊာျပန္မတင္ ျဖစ္ဘူး”ဟု ဝန္ႀကီး ေနာ္ ပန္းသဥၨာမ်ိဳးက ေျပာသည္။ သူမသည္ လက္ရွိရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖဲြ႔တြင္ ကရင့္ေရးရာအျပင္ ဟိုတယ္ႏွင့္ ခရီးႏွင့္ ျပန္ၾကားေရး ဌာနတုိ႔ကိုလည္း တာဝန္ယူထားသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

အလားတူ မြန္ျပည္နယ္ ကရင္တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေစာေအာင္ျမင့္ခိုင္သည္လည္း မြန္ျပည္နယ္ ကရင္ေရးရာ ဝန္ႀကီးေနရာကို ျပန္အေရြးခံေတာ့မည္မဟုတ္ေၾကာင္း ေကအုိင္စီသို႔ ယခုလုိ ေျပာသည္။ “ အဓိက ကေတာ့ ကိုယ္ဘာလုပ္ ေပး ႏုိင္လဲ၊ ကိုယ္ဘာလုပ္ခ်င္လဲ၊ ကိုယ္ဘယ္ေနရာနဲ႔ သင့္ေတာ္လဲဆိုတဲ့ အေပၚမွာပဲ ဆံုးျဖတ္လိုက္တာပါ။ ပါတီက တာဝန္ ေပးမယ္ဆိုရင္ေတာ့ အျခားေနရာမွာ ျပန္တာဝန္ထမ္းေဆာင္ သြားဖုိ႔ေတာ့ ရွိပါတယ္” ဟု ဝန္ႀကီး ေစာေအာင္ျမင့္ခိုင္က ေျပာ သည္။

ယခုလို ဝန္ႀကီး ေစာေအာင္ျမင့္ခိုင္ ေရးရာေနရာ ျပန္မဝင္ေတာ့သည့္အတြက္ မြန္ျပည္နယ္ ကရင္တုိင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီးေနရာကို ေပါင္ၿမိဳ႕နယ္သား ေဒါက္တာ ေစာသာစိန္က အဆိုျပဳလႊာတင္ထားသည္ဟု မြန္ျပည္နယ္အတြင္းရွိ ကရင္ အသိုင္းအဝိုင္းကဆိုသည္။ ထုိ႔အျပင္ ရန္ကုန္တုိင္းေဒသႀကီး ကရင္တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနရာကို ရန္ကုန္တုိင္း ေဒသႀကီး အမ်ိဳးသမီး အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးဝင္ၿပိဳင္ဖြယ္ရွိသည္ဟု သတင္းေပၚထြက္ေနေသာ္လည္း ေကအိုင္စီက သီးျခားအတည္ျပဳခ်က္မရရွိျဖစ္ေနသည္။ လက္ရွိကရင္ျပည္နယ္ျပင္ပ မြန္ျပည္နယ္၊ တနသၤာရီ၊ ပဲခူး၊ ဧရာဝတီ ႏွင့္ ရန္ကုန္တုိင္းေဒသႀကီးတို႔တြင္ ကရင္တုိင္းရင္းသား ေရးရာဝန္ႀကီး ၅ ဦးရွိၿပီး ၎တို႔အားလံုးသည္ NLD ပါတီဝင္မ်ား ျဖစ္သည္။ http://kicnews.org/2020/06/%e1%80% 9b%e1%80%94%e1%80%b9%e1%80%80%e1%80%

*************

၁၉။ သွ်မ္းျပည္တြင္း ေနရပ္ျပန္ ေရႊ႕ေျပာင္းအလုပ္သမား ၄ ေသာင္းေက်ာ္ရွိ
June 12, 2020

သွ်မ္းျပည္နယ္တြင္းရွိ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား သွ်မ္းျပည္တြင္း ျပန္လည္ဝင္ေရာက္လာသူ ၄ ေသာင္းေက်ာ္ ရွိၿပီ ျဖစ္ေၾကာင္း စံုစမ္းသိရွိရသည္။ေဖေဖာ္ဝါရီ မွ စၿပီး ဇြန္ လ ထိ သွ်မ္းျပည္တြင္းရွိ သက္ဆိုင္ရာ နယ္စပ္ဂိတ္မွာ တဆင့္ ျပန္လည္ ဝင္ေရာက္လာသူ စုစုေပါင္း (၄၂၉ ၉ ၅) ဦး ရွိၿပီ ျဖစ္ေၾကာင္း သွ်မ္းျပည္နယ္ အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။“သွ်မ္းျပည္နယ္တစ္ခုလံုးမွာ Facility Quarantine (၅၁၇) ေနရာ ျပဳလုပ္ထားတယ္” ဟု လူမႈေရးဝနႀ္ကီး ေဒါက္တာမ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

ထို ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမားမ်ားသည္ မူဆယ္ ေရႊနန္းေတာ္ဂိတ္၊ ေလာက္ကိုင္ ခ်င္းေရႊေဟာ္ဂိတ္၊ တာခ်ီလိတ္ တံတားအမွတ္ (၂) ႏွင့္ ျမဝတီနယ္စပ္ဂိတ္ ေတြမွာ အသီးသီး ျပန္လည္ဝင္ေရာက္လာၾကသည္။ မူဆယ္ဂိတ္၊ ေလာက္ကိုင္ ခ်င္းေရႊေဟာ္ဂိတ္မွျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားအမ်ားစုသည္ စစ္ကိုင္းတိုင္း၊ မႏၱေလးတိုင္း တို႔ အမ်ားစုျဖစ္ၾကသည္။

“တျခားတိုင္းနဲ႔ ျပည္နယ္က သူေတြဆိုရင္ေတာ့ သက္ဆိုင္ရာ သွ်မ္းေျမာက္ဆိုရင္ကား နဲ႔ လားရိႈး ကို ပို႔တယ္။ လားရိႈးကေနတဆင့္ ရထားနဲ႔ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ကို ျပန္ပို႔ေပးတယ္”ဟု ေဒါက္တာမ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ သွ်မ္းျပည္တြင္း ျပန္လည္ဝင္ေရာက္လာသူ (၄၀ဝ၀ဝ) ေက်ာ္သည္ Quarantine ျပည့္ၿပီး ျပန္သြားသူ ( ၃၀ဝ၀ဝ) ေက်ာ္ရွိၿပီး လက္ရွိခ်ိန္ထိ Home Quarantine (၅၀ဝ၀) ေက်ာ္ ႏွင့္ Facility Quarantine ( ၁၀ဝ၀) ေက်ာ္ က်န္ရွိထားေၾကာင္း သိရ သည္။ https://burmese. shannews.org/archives/17082

*************

၂၀။ ထိုင္းျပည္ေတာ္ျပန္ ၇၀၀ ေက်ာ္အနက္ ၄၄ ဦးကိုစစ္ေဆးရာ ပိုးမေတြ႕
June 12, 2020

ကခ်င္ျပည္နယ္တြင္ ဆိုက္ေရာက္ေနၿပီျဖစ္ေသာ ထိုင္းျပည္ေတာ္ျပန္ ၇၀၀ ေက်ာ္အနက္ ပထမဆုံးအႀကိမ္ ၄၄ ေယာက္ကို စစ္ေဆးခဲ့ရာ တစ္ဦးမွ်ပိုးမေတြ႔ရေသးေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။ ေမလ ကုန္ပိုင္းကစၿပီး ကခ်င္ျပည္နယ္အစိုးရက ထိုင္းျပည္ေတာ္ျပန္မ်ားကို စတင္လက္ခံခဲ့ရာ လက္ရွိတြင္ စုစုေပါင္း ၇၂၆ ဦး ရွိေန ၿပီျဖစ္သည္။

“ထိုင္းကျပန္လာတဲ့သူေတြကို ဟိုမွာလည္းစစ္ခဲ့တာေပါ့။ ၿပီးမွ ဒီကိုပို႔တယ္။ ဒီမွာလည္းေရာက္ေတာ့လည္း ၂၁ ရက္ ကြာရန္တင္း ထားတယ္။ ၿပီးမွ ေဆးစစ္ေဆးမႈေတြျပဳလုပ္တာေပါ့။ အဲ့ထဲမွာ အခု ပထမ စစ္တဲ့ထဲမွာ ၄၄ေရာက္က ပိုးမေတြ႕ ရဘူးေပါ့ေလ” ဟု ျပည္နယ္ Covid-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီမွ ဒုညြန္ၾကားေရးမွဴး ဦးတင့္ႏိုင္ က ေျပာသည္။

ဇြန္လ ၁၂ ရက္ေန႔တြင္လည္း ထိုင္းျပည္ေတာ္ျပန္ ၁၄၃ ဦး ျပန္လည္ေရာက္ရွိလာမည္ဟု သူက ဆက္လက္ေျပာဆိုခဲ့သည္။
ျမစ္ႀကီးနားၿမိဳ႕အတြင္း ထိုင္းျပည္ေတာ္ျပန္မ်ားကို ပညာေရးေကာလိပ္ေက်ာင္း၊ သားဖြားသင္တန္းေက်ာင္းႏွင့္ ဟိႏၵဴဘုရား ေက်ာင္း စေသာေနရာတြင္ထားရွိၿပီး စုစုေပါင္း၂၅၄ဦးခန႔္ရွိေၾကာင္း ျမစ္ႀကီးနား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္း ထံမွ သိရသည္။ က်န္ရွိသူမ်ားကို ၎တို႔သက္ဆိုင္ေသာ ၿမိဳ႕နယ္အလိုက္ ကြာရန္တင္းထားရွိေနေၾကာင္း သိရသည္။ https://b urmese.kachinnews.com/2020/0 6/12/return-from-thailand/

*************

၂၁။ ေတာင္ႀကီးေရာက္ ထိုင္းေနရပ္ျပန္ ၂၀ဝ ဓာတ္ခြဲ အေျဖ Negative ျဖစ္
June 15, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ Facility Quarantine ဝင္ထားသည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား (၂၀ဝ) ေက်ာ္ ၏ ဓါတ္ခြဲနမူနာ အားလံုး Negative ျဖစ္ေၾကာင္း စံုစမ္း သိရွိရသည္။ သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ အနီးတစ္ဝိုက္မွာ Facility Quarantine (၁၀) ခု ထားရွိျပီး Facility Quarantine ၂ ေနရာမွာ ဓါတ္ခြဲ နမူနာ အားလံုး Negative ျဖစ္ေၾကာင္း စံုစမ္း သိရွိရသည္။

“ေတာင္ႀကီး ကြန္ဗ်ဴတာ တကၠသိုလ္နဲ႔ ကေမၻာဇ ႆသနာ့ ဗိမာန္ မွာ facility quarantine ဝင္ထားတဲ့သူ ဓါတ္ခြဲအေျဖေတြ အားလံုး Negative ျဖစ္တယ္လို႔ က်ေနာ္တို႔ ဒီေန႔မွ သိရပါတယ္”ဟု Facility Quarantine တြင္ ဝင္ေရာက္ ကူညီေပးေန သည့္ေစတနာ့ဝန္ထမ္း ကိုဝင္းႏိုင္စိုး ကသွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ ကြန္ဗ်ဴတာ တကၠသိုလ္တြင္ Facility Quarantine ဝင္ထားသည့္ သူ (၁၅၅) ဦး ႏွင့္ ကေမၻာဇ ႆသနာ့ ဗိမာန္ မွာ (၁၃၄) ဦး တို႔၏ ဓါတ္ခြဲအေျဖအားလံုး Negative ျဖစ္ေၾကာင္း သိရသည္။ ထို Facility Quarantine ဝင္သူ ၂၀ဝ ေက်ာ္သည့္ ယေန႔ ကားစီစဥ္ေပးကာ သက္ဆိုင္ရာ ၿမိဳ႕နယ္ မ်ားျပန္သြားမည္ ျဖစ္ေၾကာင္း ကိုဝင္းႏိုင္စိုး က ေျပာသည္။“၂၅ ရက္ေန႔ထိ ေနာက္ထပ္ ဝင္ေရာက္လာဖို႔ ရွိတယ္လို႔ သိရတယ္။ အားလံုးက ျမဝတီ ဘက္က ဝင္လာမယ့္သူေတြပဲ” ဟု ကိုဝင္းႏိုင္စိုး ကေျပာသည္။

အဆိုပါ ေနရပ္ျပန္မ်ားသည္ ေတာင္ႀကီးၿမိဳ႕နယ္အတြင္း သတ္မွတ္ထားသည့္ Facility Quarantine စခန္း ၁၀ ခုတြင္ အသီး သီးေရာက္ရွိၿပီး ၅ ရက္ေျမာက္ေန႔တြင္ ဓါတ္ခြဲနမူနာ စတင္စစ္ေဆးေၾကာင္း သွ်မ္းျပည္နယ္ အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ https://burmese.shannews.org/archives/17108

*************

၂၂။ ရခိုင္ျပည္နယ္တြင္ ေဒသမလံုၿခံဳမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏုတ္ထြက္ေနဟု ဒုဝန္ႀကီးေျပာ
June 15, 2020

ရခိုင္ျပည္နယ္အတြင္း ေဒသမလံုၿခံဳမႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ တာဝန္က ႏုတ္ထြက္ေနသလို အၾကမ္းဖက္အဖြဲ႔ ေတြကို ရိကၡာေထာက္ပံ့ေပးလို႔ ဖမ္းဆီးအေရးယူခံရတဲ့ အုပ္ခ်ဳပ္ေရးမွဴးေတြလည္းရွိတယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး ဒုဝန္ႀကီးက ေျပာပါတယ္။ ရခိုင္ျပည္နယ္၊ ေျမပံုၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့သီတင္းပတ္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ၅၈ ဦး ႏုတ္ထြက္ ခဲ့ၿပီး သူတို႔ေနရာကို ျပန္လည္ခန္႔အပ္ႏိုင္ဖို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔က ေဆာင္ရြက္ေနပါတယ္။ ဒီေနရာမွာ မိမိဆႏၵသေဘာ အေလ်ာက္ ႏုတ္ထြက္သူေတြရွိသလို ဖမ္းဆီးအေရးယူခံထားရသူေတြလည္း ရွိတယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး ဒုဝန္ႀကီး ဦးတင္ျမင့္က ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“အၾကမ္းဖက္အဖြဲ႔အစည္းေတြရဲ့ ဖမ္းဆီးျခင္း၊ စစ္ေဆးျခင္း၊ ရိုက္ႏွက္ျခင္း၊ သတ္ျဖတ္ျခင္း အထိေတာင္ခံရတယ္။ အဲဒါ ေၾကာင့္လည္း တခ်ိဳ႕ရပ္ကြက္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြက မလုပ္လိုဘူးဆိုၿပီး ထြက္ၾကတယ္။ အဲဒီထဲမွာ တခ်ိဳ႕ရပ္ကြက္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက်ေတာ့လည္း ဒီအၾကမ္းဖက္အဖြဲ႔အစည္းပါဆိုၿပီး ေၾကညာထားတဲ့အဖြဲ႔ကို ရိကၡာေတြပို႔တယ္။ ေငြေၾကးေတြ ေထာက္ပံ့တယ္။ ဒါေတြဟာျဖစ္လာေတာ့ေၾကညာၿပီး ဥပေဒအရေျပာၿပီးတဲ့ေနာက္ ျဖစ္လာတဲ့သူေတြကို တပ္မေတာ္ကေနၿပီးေတာ့မွ ဒါေတြကို စံုစမ္းစစ္ေဆးတယ္။ ၿပီးရင္ ရဲတပ္ဖြဲ႔ အပ္ႏွံၿပီးေတာ့ အၾကမ္းဖက္ဥပေဒနဲ႔ေပါ့ အေရးယူ ဖို႔ရာဆိုၿပီး လုပ္ထားတာ ရွိပါတယ္။ ဒါေပမဲ့ ႏိုင္ငံေတာ္အစိုးရေသာ္လည္းေကာင္း၊ တပ္မေတာ္၊ ရဲတပ္ဖြဲ႔ကေတာ့ ဒီအေပၚမွာ ဥပေဒနဲ႔အညီပဲ ေဆာင္ရြက္တာျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ဒီလို ႏုတ္ထြက္သြားတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြေနရာမွာ အစားထိုးခန္႔အပ္ႏိုင္ဖို႔ ေဆာင္ရြက္ေနသလို ႏုတ္ထြက္သြားသူ ေတြက ျပန္လည္တာဝန္ထမ္းေဆာင္လိုပါကလည္း ေဆာင္ရြက္ေပးဖို႔ အသင့္ရွိေနတယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး ဝန္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးျမင့္သန္းက ေျပာပါတယ္။

“အခုထြက္တယ္ဆိုတာ ကလည္း နယ္ေျမေဒသ မလံုၿခံဳလို႔၊ မေအးခ်မ္းလို႔ ထြက္ရတာပါ။ သူ႔စိတ္ဆႏၵမူရင္းအရေတာ့ ထြက္ခ်င္လို႔ထြက္တာ မဟုတ္ ပါဘူး။ ဒါေၾကာင့္မို႔လို႔ အခုလိုမ်ိဳး မေအးခ်မ္းတဲ့အခ်ိန္မွာ ထြက္ေကာင္းထြက္ေပမယ့္ ေဒသလံုၿခံဳတယ္ဆိုရင္ ရပ္ရြာအက်ိဳး အတြက္ ေဆာင္ရြက္ခ်င္တဲ့စိတ္ အျပည့္ရွိမယ္လို႔ ယံုၾကည္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ အခုလိုမ်ိဳး မလံုၿခံဳလို႔ထြက္တဲ့အေပၚမွာ လည္း က်ေနာ္တို႔ ဌာနအေနနဲ႔ အျပစ္ရွိတဲ့သူတစ္ေယာက္အေနနဲ႔ ျမင္တာ မရွိပါဘူး။ ဒါ့ေၾကာင့္ ျပန္လည္တာဝန္ထမ္းေဆာင္ မယ္ဆိုရင္လည္း အခ်ိန္မေရြး ျပန္လည္တာဝန္ထမ္းေဆာင္ဖို႔အတြက္ စီမံေဆာင္ ရြက္ေပးဖို႔ အသင့္ရွိပါတယ္”လို႔ အစိုးရ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ရခိုင္ျပည္နယ္အတြင္းမွာ နယ္ေျမေဒသ မလံုၿခံဳမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴးေတြ ႏုတ္ထြက္ေနေပမဲ့ အခ်ိန္မီ ျပန္လည္ခန္႔အပ္ ႏိုင္ဖို႔ ေဆာင္ရြက္ေနတာေၾကာင့္ အရပ္ဘက္ အုပ္ခ်ဳပ္ေရးေနရာမွာ စစ္အုပ္ခ်ဳပ္ေရးဝင္လာဖို႔အထိ မျဖစ္ႏိုင္ေသးဘူးလို႔လည္း ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး တာဝန္ရွိသူေတြက ေျပာပါတယ္။ http://burmese.dvb.no/archives/394366

**************

၂၃။ မဘိမ္းၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း ၁၄,ဝ၀ဝ ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြ ေဆးမ်ား ဖမ္းမိ
June 14, 2020

ရွမ္းျပည္နယ္ မဘိမ္းၿမိဳ႕နယ္မွာ ေငြက်ပ္သိန္း ၁၄,ဝ၀ဝ ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြရူးသြပ္ေဆးျပားေတြ ဖမ္းဆီးရမိတယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

ဇြန္လ ၁၂ ရက္ေန႔ ညေန ၄ နာရီခြဲ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႔ဟာ မဘိမ္းၿမိဳ႕နယ္၊ ခတ္ခံုေက်းရြာအုပ္စု၊ ခတ္ခံုေက်းရြာ-မိုမင္တန္သစ္ထုတ္လုပ္ေရးသြားလမ္း၊ သစ္ဖြဲ႔ပင္ျပန္႔ဆင္စခန္းရွိ ေအာင္ေက်ာ္ေက်ာ္ရဲ႕ ေနအိမ္တဲကို ရွာေဖြ ရာ ထြန္းႀကိဳင္အား အတူေတြ႔ရွိရတယ္လို႔ ဆိုပါတယ္။

ေနအိမ္တဲထဲကေန က်ပ္သိန္း ၁၄,၂၂၀ တန္ဖိုးရွိ စိတ္ၾကြရူးသြပ္ေဆးျပား ၇၁၁,ဝဝဝ ျပား သိမ္းဆည္းရမိခဲ့ၿပီး ေအာင္ေက်ာ္ ေက်ာ္ နဲ႔ ထြန္းႀကိဳင္ တို႔ကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားတယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archives/394125

*************

၂၄။ စစ္ေတြဘဏ္မွ ေငြလုယက္မႈတြင္ သံသယျဖင့္ ဖမ္းဆီးထားသူတစ္ဦးကို ခ်ဳပ္ရမန္ယူစစ္ေဆးေန
June 15, 2020

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ ေက်းပင္ႀကီးရပ္ကြက္ရွိ ကေမာၻဇဘဏ္ခြဲ(၂)မွ ေငြလုယက္မႈႏွင့္ပတ္သက္ၿပီး သံသယျဖင့္ ဖမ္းဆီး ခံထားသူတစ္ဦးကို ၿမိဳ႕နယ္တရားရံုး၌ ခ်ဳပ္ရမန္ယူထားေၾကာင္း မိသားစုထံမွ သိရသည္။ ဇြန္လ ၁ဝ ရက္ေန႔၊ ညေန ၄ နာရီ ေက်ာ္ခန္႔က KBZ ဘဏ္ခြဲ(၂)ကို အမည္မသိမ်က္ႏွာဖံုးစြပ္ လူ(၄)ဦးက Hi Jet အျဖဴေရာင္ကားတစ္စီးျဖင့္ လာေရာက္ကာ ေငြမ်ားကိုလုယူခဲ့သျဖင့္ ေငြက်ပ္သိန္း ၁၈၀ဝ ေက်ာ္ပါသြားခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့သည္။ ယင္းကိစၥ တြင္ က်ဴးလြန္သူမ်ားကို လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ားက လိုက္လံဖမ္းဆီးခဲ့ရာတြင္ သံသယရွိသူတစ္ဦးကို ေမာ္ေတာ္ယဥ္ႏွင့္အတူ ဖမ္းမိခဲ့ၿပီး က်န္ ၃ ဦးမွာ ဘဏ္မွေငြမ်ားႏွင့္အတူ ထြက္ေျပးေနဆဲျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ဖမ္းဆီးစစ္ေဆးခံေနရသူမွာ စစ္ေတြၿမိဳ႕၊ ကုန္းတန္းရပ္ကြက္မွ ကားအငွားေမာင္းသူ စိုးမင္းထြန္းဆိုသူျဖစ္ၿပီး ၎ကို ဇြန္လ(၁၁)ရက္ေန႔က စစ္ေတြၿမိဳ႕နယ္တရားရံုး၌ ခ်ဳပ္ရမန္ယူခဲ့ေၾကာင္း ဇနီးျဖစ္သူ ေဒၚတင္တင္ဝင္းက DMG သို႔ ေျပာသည္။ “သူ႔ကို ရမန္ယူထားတယ္။ ၂၅ ရက္ေန႔ ရံုးခ်ိန္းထားပါတယ္။ သူနဲ႔က်မတို႔ ေတြ႕ခြင့္မရေသးပါဘူး။ အမွတ္(၁) ရဲစခန္းမွာ ထိန္းသိမ္းထားတယ္။ ထမင္းပိုရင္လည္း စခန္းအဝမွာ ထားခဲ့ရတယ္။ သူ႔ဆီက စကားေတြကို ဘာမွမၾကားရေသးဘူး။ ရမန္ ယူတုန္းကလည္း သူနဲ႔စကားမေျပာလိုက္ရပါ ”ဟု ေဒၚတင္တင္ဝင္းက ဆိုသည္။ အခင္းျဖစ္သည့္ေန႔က ကိုစိုးမင္းထြန္းမွာ ကားေမာင္းရန္ထြက္သြားၿပီးေနာက္ ဖမ္းဆီးခံရသည္ဆိုသည့္ သတင္းကိုသာ မိသားစုဝင္မ်ားက သိရွိထားၿပီး မည္ကဲ့သို႔ ျဖစ္သြားသည္ကို ကာယကံရွင္ႏွင့္ မေတြ႔ရေသးသျဖင့္ သိရွိျခင္း မရွိေသးေၾကာင္း ဆိုသည္။

DMG မွ စစ္ေတြအမွတ္(၁)ရဲစခန္းသို႔ သြားေရာက္ၿပီး စခန္းမွဴး ဒုရဲမွဴးေအာင္ျမဦးအား ေတြ႔ဆံုေမးျမန္းရန္ ႀကိဳးပမ္းခဲ့ေသာ္ လည္း မအားေသးဟုသာ တုန္႔ျပန္ခဲ့သည္။ ျပည္နယ္အစိုးရံုးမ်ားတည္ရွိရာ စစ္ေတြၿမိဳ႕တြင္ ယခုကဲ့သို႔ ဘဏ္မွေငြလုယူမႈမ်ား ျဖစ္ပြားလာသည့္အေပၚ ၿမိဳ႕သူၿမိဳ႕သားမ်ားက စိုးရိမ္မႈမ်ားျဖစ္ေပၚေနၾကသည္။“ဒီစစ္ေတြၿမိဳ႕ေပၚမွာေတာင္ ဓားထိုးမႈေတြ၊ လုယက္မႈေတြ ဒီေလာက္ျဖစ္ေနတယ္။ အန္တီတို႔အေနနဲ႔ ဘာမွလံုၿခံဳမႈမရွိဘူး၊ တစ္ေန႔ထက္တစ္ေန႔ ေဒသခံေတြအကုန္လံုး စိုးရိမ္ေနၾကတယ္” ဟု စစ္ေတြၿမိဳ႕ခံ ေဒၚျဖဴျဖဴသန္းက ဆိုသည္။ https://www.bnionline.net/mm/news-73479

မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

*** ၿပီး ***

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း
(No. 35, June 16, 2020)

၁။ တပ်ရင်းမှူးတစ်ဦးကို စစ်ဆေးရန် စေလွှတ်ပေးရေး DKBA ထံ ပြည်နယ် နယ်လုံဝန်ကြီးအကြောင်းကြား

၂။ အငြင်းပွားမြေမှာ တပ် ဝင်ရောက်ထွန်ယက်မှုကို တောင်သူတွေ ကန့်ကွက်

၃။ ရသေ့တောင်၊အုန်းချောင်းတွင် AA နှင့်တပ်မတော် တိုက်ပွဲပြင်းထန်၊ ကျေးရွာသားထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်

၄။ KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့ ၂ လအတွင်း တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ဟုဆို

၅။ ချင်းပြည်နယ်နှင့် ဒေသကြီး ၄ ခု ၌ ဝင်ပြိုင်မည် ဟု CNLD ပါတီ ပြော

၆။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့မှုဖြစ်စေသောကိစ္စများအား ကျော်လွှားနိုင်မည့် နည်းလမ်းများကို ရှာဖွေနေဟု NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်ရေးမှူး ပြောကြား

၇။ မြောက်ပိုင်း ၄ ဖွဲ့ကို တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖိတ်ကြား

၈။ ဂွမြို့နယ်တွင် ALP/ALA တပ်ဖွဲ့ဝင် ၃ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထား

၉။ ရှမ်းမြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ကိုဗစ်ကာလ စားဝတ်နေရေး အလွန်ခက်ခဲနေ

၁၀။ မင်းတပ်တွင် ပြည်ပပြန် Quarantine ဝင်ရသူများ ကိုယ့်စရိတ်နှင့်ကိုယ် နေရဟုဆို

၁၁။ ရသေ့တောင် ဒုံးပိုက် နယ်ခြားစောင့်ရဲကို AA ဝင်တိုက်

၁၂။ လွိုင်ကော်မြို့နယ် ဒေါလိုရှေးရွာအနီး လျှပ်စစ်တာဝါတိုင် အောက်ခြေတွင် မြေမြှုပ်မိုင်း နှစ်လုံး တွေ့ရှိ

၁၃။ ရွှေညောင်မြို့ Quarantine Center တွင် ထိုင်းမှပြန်လာသူ အမျိုးသမီး ၁ ဦးသေဆုံး

၁၄။ KIO ၏ COVID-19 ကော်မတီက အခြားရောဂါကာကွယ်ရေးများ တိုးချဲ့ ဆောင်ရွက်ရန် ဆုံးဖြတ်

၁၅။ ကျောက်တော်မြို့လယ်၌ ရဲအရာရှိ ၁ ဦး သတ်ခံရ၍ သေဆုံး

၁၆။ ရေးတောင်ပိုင်း ဓနိကြာစံပြကျေးရွာ တည်ဆောက်ရေး ရွာသားအများစုလက်မခံ

၁၇။ ရခိုင်တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၀ဝ ကျော် ရှိလာ

၁၈။ ရန်ကုန်နှင့် မွန်ကရင်ဝန်ကြီးနှစ်ဦး ရေးရာနေရာအတွက် ပြန်လျှောက်ထားခြင်းမရှိ

၁၉။ သျှမ်းပြည်တွင်း နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၄ သောင်းကျော်ရှိ

၂၀။ ထိုင်းပြည်တော်ပြန် ၇၀ဝ ကျော်အနက် ၄၄ ဦးကိုစစ်ဆေးရာ ပိုးမတွေ့

၂၁။ တောင်ကြီးရောက် ထိုင်းနေရပ်ပြန် ၂၀ဝ ဓာတ်ခွဲ အဖြေ Negative ဖြစ်

၂၂။ ရခိုင်ပြည်နယ်တွင် ဒေသမလုံခြုံမှုကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေဟု ဒုဝန်ကြီးပြော

၂၃။ မဘိမ်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၄,ဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးများ ဖမ်းမိ

၂၄။ စစ်တွေဘဏ်မှ ငွေလုယက်မှုတွင် သံသယဖြင့် ဖမ်းဆီးထားသူတစ်ဦးကို ချုပ်ရမန်ယူစစ်ဆေးနေ

***************

၁။ တပ်ရင်းမှူးတစ်ဦးကို စစ်ဆေးရန် စေလွှတ်ပေးရေး DKBA ထံ ပြည်နယ် နယ်လုံဝန်ကြီးအကြောင်းကြား
June 12, 2020

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့်ပတ်သက်မှုရှိနေသည်ဆိုကာ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် -DKBA မှ တပ်ရင်းမှူးအဆင့်ရှိသူ စောအေဝမ်းကို စစ်ဆေးနိုင်ရေးအတွက် စေလွှတ်ပေးရန် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က KKO (DKBA)ထံ အကြောင်းကြား စာပေးပို့ထားသည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတစ်ခုနှင့် ပတ်သက်မှုရှိကြောင်း စစ်ဆေး တွေ့ရှိ၍ တရားဥပဒေနှင့်အညီ စစ်ဆေးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့့ထံ အမြန်စေလွှတ်ပေးရန် ကရင်ပြည်နယ်ဝန်ကြီး ချုပ်(ကိုယ်စား) နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ ဇွန်လ ၈ ရက်နေ့ ရက်စွဲနှင့် DKBA ဖားအံ ဆက်ဆံရေးရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် လွိုင်လင်၊ တောင်ကြီးကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် ICE (၁၆၁၅) ကီလိုနှင့် သယ် ဆောင်သူနှစ်ဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးချက်များအရ ၎င်းမူး ယစ်ဆေးဝါးများမှာ DKBA ( ၉၀၃) တပ်ရင်းမှ တပ်ရင်းမှူး အဆင့်ရှိသည့် စောအေဝမ်းနှင့် ပတ်သက်မှုရှိကြောင်း ကရင်ပြည်နယ်နယ်လုံဝန်ကြီး ပေးပို့သည့် အကြောင်းကြားစာတွင် ထိုသို့ ဖော်ပြထားသည်။ အဆိုပါအကြောင်းကြားစာနှင့်ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် -DKBA စစ်ဦးစီး ချုပ်နှင့် ဌာနချုပ်ရုံးသို့ ပေးပို့အကြောင်းကြားထားပြီးဖြစ်ကြောင်း DKBA ဖားအံဆက်ဆံရေးရုံးမှ ပြောဆိုသည့်အတွက် စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ကြီး စောမိုရှေးကို ကေအိုင်စီမှ ဖုန်းနှင့်ဆက်သွယ်သော်လည်း ဖုန်းဆက်သွယ်မှုမ ရရှိခဲ့ပေ။

ထို့အပြင် DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးထံ ကေအိုင်စီမှ ယနေ့ဇွန်လ ၁၂ ရက်နေ့တွင် ဆက်သွယ်ရာ အဆိုပါ အကြောင်းကြားစာမှာ ဌာနချုပ်တွင် မရောက်ရှိသေးသည့်အတွက် မိမိအနေဖြင့် မသိရှိရသေးကြောင်းသာ ကေအိုင်စီသို့ ပြန် လည်ပြောဆိုသည်။ http://kicnews.org/2020/06/%e1%80%90%e1%80%95%e1%80%b9%e1%80%9b %e 1%80%84%e1%

************

၂။ အငြင်းပွားမြေမှာ တပ် ဝင်ရောက်ထွန်ယက်မှုကို တောင်သူတွေ ကန့်ကွက်
June 13, 2020

မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်ယာတွေထဲမှာ တပ်မတော်က ဝင်ရောက်ထွန်ယက်နေတဲ့အပေါ် တောင်သူတွေကကန့်ကွက်လိုက်ပါတယ်။ အမှတ် ၃၆၀ အမြောက်တပ်နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေါဆိုရှေ့ကျေးရွာကတောင်ယာတွေထဲမှာ ဒီရက်ပိုင်းအတွင်း တပ်ကဝင်ရောက် ထွန်ယက် သွားတာဟာ တရားမျှတမှု မရှိဘူးလို့ တောင်သူတွေက ပြောကြပါတယ်။

ဒေါဆိုရှေ့တောင်သူ ခွန်းသောမတ်စ် က တောင်သူတွေကိုတော့ ယာထဲ မဝင်ဖို့ပြောပြီး၊ တပ်က ဝင်ရောက်ထွန်ယက်သွား တယ်လို့ ပြောပါတယ်။ “သူတို့အခု လာလုပ်သွားတာ ၃ ရက်လား ၄ ရက်လောက်ရှိပြီ၊ ကျနော်တို့ကိုကျတော့ မဝင်သေးနဲ့ အုံးလို့ ပြောပြီးတော့မှ အခုက သူတို့တပ်ဖက်ကနေ ကျနော်တို့တောင်ယာကို လာထွန်ထယ်သွားတဲ့ကိစ္စက ကျနော်တို့ အတွက် မတရားပါဘူး။” ၂၀ဝ၂ ခုနှစ်လောက်ကတည်းက ဒေါဆိုရှေ့ရွာထဲက ယာမြေ ဧက ၂၀ဝ ကို အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီယာတွေဟာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ မြေတွေဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတဲ့အတွက် မိသားစုစားဝတ်နေရေးကို စိတ်ပူပန်ရပြီး နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရ တယ်လို့ ဒေါဆိုရှေ့တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ညားမာ က ပြောပါတယ်။

ဒေါ်ညားမာက တောင်ယာမြေ ဧက ၂၀ ဝန်းကျင် သိမ်းယူခံရပြီး လက်ရှိမှာတော့ စိုက်ပျိုးစားသောက်စရာ မြေနေရာမရှိ တော့လို့ ဆောက်နေဆဲ တိုက်ပုအိမ်ကလေးကိုလည်း မဆောက်နိုင်တော့ဘူးလို့ ပြောပါတယ်။ ဒေါဆိုရှေ့ကျေးရွာက တောင်သူတွေဟာ သိမ်းဆည်းခံထားရတဲ့ တောင်ယာအပြင် တခြားလုပ်ကိုင်စားသောက်စရာ နေရာမရှိတဲ့အတွက် ပြန်ပေးဖို့ မြေသိမ်းခံရတဲ့ ခွန်းသောမတ်စ် က တောင်းဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ ကို ဇွန်လ ၁၀ ရက် နေ့က လွှတ်တော်အစည်းအဝေးအပြီး မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိကြောင်း ပြန်လည်ဖြေကြားပါတယ်။

၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီချိန်မှာ ဒေါဆိုရှေးတောင်သူတွေဟာ အဲဒီတောင်ယာမြေတွေထဲကို ဝင်ရောက်ထွန်ယက် စိုက်ပျိုး ရာကနေ တပ်ပိုင်မြေထဲ ဝင်ရောက်ကျူးကျော် စိုက်ပျိုးတယ်ဆိုပြီး ဒေါ်ညားမာ အပါအဝင် တောင်သူ ၁၉ ယောက်ကို အမှတ် ၃၆၀ အမြောက်တပ်က ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆/၁၊ ပိုင်နက် ကျူးကျော် မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲခံရသူတွေထဲက တောင်သူထက်ဝက်ခန့်က ရှစ်လခန့် အချုပ်ကျခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ထောင် ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းနဲ့ စီရင်ချက် ချမှတ်ခံရလို့ ငွေဒဏ်ပေးဆောင်ကာ ပြန်လည်လွတ် မြာက်လာ ခဲ့ကြသူတွေဖြစ်ပါတယ်။ တောင်သူတွေက သူတို့မြေယာတွေမှာ ပြန်လည်စိုက်ပျိုးထွန်ယက်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းကြိုးစားသွားမယ်လို့ ပြောကြပါတယ်။ https://www.rfa.org/burmese/news/demoso-disputed-land-06132020032529.html

***********

၃။ ရသေ့တောင်၊ အုန်းချောင်းတွင် AA နှင့်တပ်မတော် တိုက်ပွဲပြင်းထန်၊ ကျေးရွာသား ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်
June 15, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ၁၃ မိုင်ခန့်ကွာဝေးသောအုန်းချောင်းကျေးရွာတောင်ဖက်၊ သမီးလှကျေးရွာအနားတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အေအေတို့ ဇွန်လ ၁၄ ရက်နေ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများနှင့်လွတ်တော် ကိုယ်စားလှယ်များက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောသည်။ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “တိုက်ပွဲ ဖြစ်တာကတော့ မနေ့ ညနေ ၄ နာရီလောက်ကဖြစ်တယ်။ ညနေ ၅ နာရီကျော်ကျော် လောက်မှာ နှစ်ဖက်ပစ်ခတ်မှု တွေရပ်သွားတယ်။ နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ ပစ်ခတ်မှုတွေက မနေ့ ည ၇ နာရီလောက် အထိရှိနေတယ်”ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်မြို့နယ်၊အုပ်ချောင်းကျေးရွာ၊သမီးလှကျေးရွာသစ်၊ သမီးလှကျေးရွာဟောင်း၊ ကုန်တန်း၊ အိုးဖောက်၊ ဈီးခေါင်း၊ မညှင်းတောင်၊ သပြေဆိပ်၊ ဇေယျာမြိုင် ကျေးရွာများမှ ဒေသခံထောင်ချီ၍ ဘူးသီးတောင်မြို့နယ် သေကံကျေးရွာနှင့် ခွဆုံကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။ အုန်းချောင်းကျေးရွာသား တစ်ဦး က”ရွာနားကို တပ်မတော်စစ်ကြောင်းရောက်နေတာ တစ်ပတ်လောက်ရှိပြီ။ အခုနှစ်ဖက် တိုက်ပွဲဖြစ်ကြတာ။ မနေ့က စပြီး တော့ တိုက်ပွဲဖြစ်ကြတယ်။ အုန်းချောင်းကျေးရွာမှာ လယ်ထွန်တဲ့ လယ်သမားတွေကိုပစ်ခတ် တာတွေလုပ်တယ်။ ထိခိုက် ဒဏ်ရာရတာတော့မရှိဘူး။ ကျနော်တို့ ရွာအပါအဝင် ကျေးရွာတော်တော်များများ တိုက်ပွဲဖြစ်လို့ အကုန်ထွက်ပြေးကြတယ်” ဟုပြောသည်။

တိုက်ပွဲများဖြစ်ပွားနောက် တပ်မတော်စစ်ကြောင်းများက ကျေးရွာများသို့ ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသဖြင့် ကျေးရွာသားများ ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်ကြပြီး တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိမည်ကို စိုးရိမ်၍ ထွက်ပြေး ကြသူများလည်း များပြားကြောင်းသိရှိရသည်။ တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိသည်ဆို သော သတင်းများမကြားရသေးကြောင်း ဒေသခံများကပြောဆိုသည်။ ယမန်နေ့ တိုက်ပွဲဖြစ်ချိန်နှင့် တိုက်ပွဲဖြစ်ပွားပြီး နောက် ပိုင်း ရေစိုးချောင်းဗျူဟာနှင့် မေယုမြစ်ထဲရေတပ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေးမှုများရှိသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စား လှယ်များထံမှ သိရှိရသည်။ https://www.khitthitnews.com/2020/ 06/%e1%80%9b%e1%80 %9e%e1 %80%b1%e1%80%b7%e1%80

၄။ KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့ ၂ လအတွင်း တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ဟုဆို
June 13, 2020

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နှင့် မြန်မာ့တပ်မတော်တို့အကြား ဧပြီလ ၁ ရက်မှ ဇွန်လ ၃ ရက်အထိ ထိတွေ့တိုက်ပွဲ ပေါင်း (၈၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ သတင်းနှင့် ပြန်ကြားရေးဌာနခွဲ ထံမှ သိရသည်။ ထိတွေ့ တိုက်ပွဲများအတွင်း KNU တပ်မဟာ (၅)ဘက်က ထောင်ထားသော မိုင်း ၁၃ လုံးကို တပ်မတော်စစ် သည်များနင်းမိခဲ့၍ စစ်သည် ၃၀ ကျဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာနခွဲကဆိုသည်။

မြန်မာတပ်မတော်သည် သတ်မှတ်နယ်မြေများကို ကျော်လွန်၍ လှုပ်ရှားသွားလာခြင်း နှင့် တပ်စခန်းများ လာရောက်ချထား ခြင်းကြောင့် KNU ၏ မူတြော်ခရိုင်ရှိ တပ်မဟာ (၅) ၏ နယ်မြေကာကွယ်စောင့်ရှောက်ရေးတပ်များနှင့် ထိတွေ့ကာ ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာနခွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိတွေ့ ပစ်ခတ်တိုက်မှုများကြောင့် တပ်မတော်သည် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်၏ လက်နက်ကြီးကြောင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး၊ ရွာ ၄ ရွာမှ အရပ်သား ၅၇၂ ဦး ထွက်ပြေးတိမ်ရှောင်ရကြောင်း KNU ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ အသေးစိတ်မေးမြန်းရန် KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒိုးထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကမူ ဧပြီလ ၁ ရက်မှ ဇွန်လ ၃ ရက်အထိ ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တို့တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

“အဓိက ဖြစ်ပွားတဲ့ ပုံစံကတော့ တပ်စခန်းတွေကို လာရောက်ချောင်းမြောင်းပစ်ခတ်တဲ့ ဟာမျိုးတွေ များတယ်။ လမ်းမပေါ် မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်တာများပါတယ်။ အကြိမ်ရေကတော့ ၈၈ ကြိမ်မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်နေတာလည်း မရှိပါဘူး”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။ KNU တပ်မဟာ ၅ မှလည်း ၎င်းတို့၏ တပ်ရင်း ၁၀၂ လက်အောက်ခံ တပ်ခွဲ (၃) နှင့် တပ်ခွဲ (၄) တို့သည် ပြီးခဲ့ သည့် မေလ ၃၀ ရက်တွင် မထောရွာအနီး တပ်စွဲထားသော တပ်မတော်တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကြေညာထားသည်။

KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထား သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင်အစိုးရနှင့်လက်တွဲကာ ဗိုင်းရပ်စ်ကာကွယ်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် မေလအတွင်းက မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၁) ဖွင့်ထားသည့် COVID– 19 စစ်ဆေးရေးဂိတ် အပါအဝင် ဖာပွန်ခရိုင် ဒွဲလုံမြို့ရှိ စစ်ဆေးရေးဂိတ်များနှင့် ပတ် သက်၍လည် းကောင်း သံတောင်ကြီးနှင့်ဖာပွန်မြို့နယ်တို့တွင် လမ်းဖောက်လုပ်နေသည့် ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း တပ်မတော်နှင့် KNU ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ https://burma.irrawaddy.com/news/2020/06/13/2

************

၅။ ချင်းပြည်နယ်နှင့် ဒေသကြီး ၄ ခု ၌ ဝင်ပြိုင်မည် ဟု CNLD ပါတီ ပြော
June 16, 2020

ချင်းတိုင်းရင်းသားပါတီ ၃ ခု ပေါင်းစည်းထားသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီအနေဖြင့် ချင်းပြည်နယ် ရှိ မဲဆန္ဒနယ် အားလုံးအပြင် စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ပြည်နယ်တို့ရှိ ချင်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ CNLD ပါတီ ပူးတွဲ ဥက္ကဋ္ဌ ပူးနိုထန်ကပ်က“ကျနော်တို့ကတော့ ချင်းပြည်နယ်က မဲဆန္ဒနယ်အားလုံးပြိုင်မှာပါ။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း မှာလည်းဝင်ပြိုင်ဖို့ စီစဉ်နေတယ်။ ရခိုင်ပြည်နယ် မှာလည်း ရွေးကောက်ပွဲ ရှိခဲ့ရင်တော့ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာ ဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အားလုံးဆိုရင် မဲဆန္ဒနယ် ၆၀ လောက်ကို ဝင်ပြိုင်ဖို့ စီစဉ် နေတယ်”ဟု ပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ် ၉ ခု ရှိပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၈ နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ နေရာနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာရှိကာ စုစုပေါင်း မဲဆန္ဒနယ် ၃၉ နေရာ ရှိကြောင်းသိရသည်။ CNLD ပါတီ အနေဖြင့် ချင်းပြည်နယ်ရှိ မဲဆန္ဒနယ် ၃၉ ခုလုံးအပြင် မကွေးတိုင်း၌ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး မဲဆန္ဒနယ်နှင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ အပါအဝင် အနည်းဆုံး မဲဆန္ဒနယ် ၇ ခု ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်၊ တမူးနှင့် ကလေးမြို့နယ်တို့၌ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင် သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ပြိုင်ရန် စီစဉ်နေကြောင်း CNLD ပါတီ ထံက ဆိုသည်။ ပူးတွဲ ဥက္ကဋ္ဌ ပူးနိုထန်ကပ်က“ကျနော်တို့က ကိုယ်စားလှယ်လောင်း ရွေးရာမှာ လူငယ်နဲ့ အမျိုးသမီးကို အဓိက ဦးစားပေးပါတယ်။ ချင်းလူမျိုးထဲမှာ နိုင်ငံခြားကနေ Political Science (နိုင်ငံရေး သိပ္ပံ) မာစတာတန်းပြီးလို့ ဘွဲ့ရသူ တွေရှိတယ်။ အဲဒီလို လူတွေကို ဦးစားပေးပါတယ်။ ယခင်တုန်းက ဧပြီလကုန်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း အကုန်ပို့ဖို့ လုပ်ထားပေမယ့် ကိုဗစ်ဖြစ်လာလို့ ဇွန်လကုန်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း အကုန်ပို့ဖို့ ညွှန်ကြားထား ပါတယ်” ဟု ပြော သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ချင်းပြည်နယ်ရှိ ပါတီ ၃ ခုဖြစ်သည့် ပူးနိုထန်ကပ် ဦးဆောင်သော ချင်းတိုးတက်ရေး ပါ တီ (CPP) ၊ ပူးဇိုဇမ် ဦးဆောင်သော ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP) နှင့် ဦးငိုင်ဆတ် ဦးဆောင်သော ချင်း ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (CLD) တို့ ပူးပေါင်း၍ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ပါတီကို ပြန်လည် တည် ထောင်ကာ ပြည်ထောင်စုရွေးကာက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ်တွင် ချင်းပါတီ ၃ ခု ပူး ပေါင်း၍ CNLD ပါတီ တည်ထောင်ကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အင်အားကြီး ပါတီများကို ယှဉ်ပြိုင်သွားရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ချင်းပြည်နယ်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း ၃၉ နေရာ ရှိသည့်အနက် NLD ပါတီက ၂၈ နေရာ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် (ZCD) ပါတီက ၆ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၅ နေရာ အနိုင် ရရှိခဲ့သည်။ https://burma.irrawaddy.com/news/2020/06/16/224709.html

*************

၆။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့မှုဖြစ်စေသောကိစ္စများအား ကျော်လွှားနိုင်မည့် နည်းလမ်းများကို ရှာဖွေနေဟု NCA       အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်ရေးမှူး ပြောကြား
June 14, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့မှု ဖြစ်စေသော အကြောင်းအရာများနှင့်ပတ် သက်၍ ကျော်လွှားနိုင်မည့် နည်းလမ်းများ ကို ရှာဖွေနေကြောင်း NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှူး ရဲဘော် မျိုးဝင်းက ပြောကြား သည်။ နေပြည်တော်တွင် ၂၀၁၈ ခုနှစ် ဇူလိုင် အတွင်းက ကျင်းပခဲ့သော ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပြီး ဆက် လက် ကျင်းပခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တစ်ခုတည်းသော တပ်မတော်၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးဟူသောအချက် များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

“တစ်ဆို့နေတဲ့ အကြောင်းအရာတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ အဲဒီတစ်ဆို့နေတဲ့ အ ကြောင်းအရာကအားလုံးသိတဲ့အတိုင်းပဲ ခွဲမထွက်ရနဲ့တစ်ဆို့နေတာရှိတယ်။ တစ်ခုတည်းသောတပ်မတော်ဆိုတဲ့ အကြောင်း အရာနဲ့ တစ်ဆို့နေတာရှိတယ်။ ဒီတစ်ဆို့နေတဲ့ အကြောင်းအရာတွေကို ကျော်လွှားနိုင် မယ့်နည်းလမ်းတွေကို ကျွန်တော်တို့ ရှာနေတယ်”ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။ လုံခြုံရေးကဏ္ဍတွင်ပါဝင်သည့် တစ်ခုတည်းသော တပ်မတော်ထားရှိ ရေးနှင့်ခွဲမထွက်ရေးဟူသောကိစ္စများသည် ဆက်လက်ဆွေးနွေးရမည့်ကိစ္စရပ်များဖြစ်သော်လည်း လက်ရှိအချိန်တွင် အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သီးခြားဆွေးနွေးမှုမရှိသေးကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။ “အဲဒီအကြောင်း အရာသက်သက်တော့ ကျွန်တော်တို့ မဆွေးနွေးဘူး။ ဒါတွေကျော်လွှားနိုင်မယ့်နည်းလမ်းတွေကိုတော့ ကျွန်တော်တို့ ရှာဖွေ နေပါတယ်”ဟု ရဲဘော် မျိုးဝင်းက ပြောကြားသည်။

တပ်မတော်က တင်သွင်းခဲ့သည့် တစ်ခု တည်းသော တပ်မတော်ထားရှိရေးကိစ္စကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကလက်ခံသော်လည်း ယင်းကိစ္စအားမည်သို့ပြုပြင်ပြောင်းလဲကျင့်သုံးမည်ဟူသည့် နည်းစနစ်နှင့်ပတ်သက်၍ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲခဲ့သည်။ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီးနောက် တစ်ဆို့သွားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ရှေ့ဆက်နိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်း ဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ခဲ့သည်။ https ://news-eleven.com/article/178333

*************

၇။ မြောက်ပိုင်း ၄ ဖွဲ့ကို တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖိတ်ကြား
June 12, 2020

မြန်မာအစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ KIA, AA, TNLA နဲ့ MNDAA တို့ကို တွေ့ဆုံဆွေးနွေးဖို့ ဒီလ ဆန်းပိုင်းက ဖိတ်ကြားခဲ့ပါတယ်။ အခုလို အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေအကြား တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က PCG (Peace-talk Creation Group) ခေါ် ငြိမ်းချမ်းရေးဆွေးနွေး ရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ ကတဆင့် ဖိတ်ကြားခဲ့ပါတယ်လို့ PCG အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးစန်းအောင်က RFA ကို ပြောပါတယ်။

AA ပြောခွင့်ရ ခိုင်သုခက အခုလို အစိုးရဖက်က ဖိတ်ကြားချက်ကို ဇွန်လ ၅ ရက်နေ့က ရရှိခဲ့ပြီးနောက် အပြန်အလှန် ညှိနှိုင်း နေကြောင်း၊ အစိုးရဖက်က ကျိုင်းတုံမှာတွေ့ဖို့ ကမ်းလှမ်းခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြဿနာကြောင့် သူတို့အဖွဲ့ သွားရောက်ဖို့ အခက်အခဲရှိကြောင်း၊ ဒါ့အပြင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားတဲ့ အတွက် လုံခြုံရေးအရလည်း စဉ်းစားရကြောင်း၊ အင်တာနက်ကနေ ဗီဒီယိုနဲ့ ဆက်သွယ်ဆွေးနွေးဖို့ထက် လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ သူတို့အဖွဲ့က လိုလားကြောင်း RFA ကို ပြောပါတယ်။

တပြိုင်နက်မှာပဲ အစိုးရနဲ့ နီးစပ်သူတဦးက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတခုကို နေပြည်တော်မှာ လာမယ့် ၂၃ ရက်နေ့ လောက် ကျင်းပနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ PCG အဖွဲ့ဝင် ဦးစန်းအောင် ကတော့ လက်ရှိအခြေအနေတွေအရ ဒီနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တခုလောက်ပဲဖြစ်ပေါ်နိုင်မယ်လို့ ယူဆပါတယ်။ အစိုးရဖက်က ပီပီပြင်ပြင်လုပ်ဆောင်မှု အားနည်းတယ်၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆွေးနွေးပွဲတွေများများလို တယ်လို့ သူက ဝေဖန်ပါတယ်။

CPR Center for Peace and Reconciliation ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေးဗဟိုဌာနညွန်ကြားရေးမှူး ဦးညိုအုန်းမြင့် က အဲဒီလို ယုံကြည်မှုတည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေဘက်ကလည်း ခဏတာဖြစ်စေ အပစ်အခတ်ရပ်စဲဖို့ သင့်တယ်လို့ အကြံပေးပါတယ်။ အစိုးရအသိုင်းအဝန်းနဲ့ နီးစပ်သူတွေကရော တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတွေကပါ တညီတညွတ် ပြောဆိုနေကြတဲ့အချက်ကတော့ မြန်မာပြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ https://www.rfa.org/burmese/news/peace-kia-aa-mndaa-tnla-06122020192805.html

**************

၈။ ဂွမြို့နယ်တွင် ALP/ALA တပ်ဖွဲ့ဝင် ၃ ဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်ထား
June 13, 2020

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်(ခွဲ) ကျိန္တလီမြို့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်/ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALA/ALP) အဖွဲ့ဝင်သုံးဦးကို ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျိန္တလီနယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ် ကျော်လွင်ဦး က ပြောသည်။

၎င်းတပ်ဖွဲ့ဝင်တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျိန္တလီဒေသသို့ ရောက်ရှိလာကာ လိုင်စင်မရှိဘဲ ကျောက်ထုတ် လုပ်ခြင်း၊ သဲထုတ်လုပ်ခြင်း စသည့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး ‌ဒေသခံများကို ဆဲဆိုခြိမ်းခြောက်ခြင်း စသည့် ကိစ္စများဖြစ်ပေါ်လာကြောင်း ဒေသခံများကဆိုသည်။“ကျနော်သူတို့ (ALA တပ်ဖွဲ့ဝင်) သဲကျောက်လုပ်နေကြတာကို ဓါတ်ပုံ ရိုက်ဖို့လုပ်တော့ ဘက်ဖိုးနားက ထွက်လာပြီးတော့ ကျနော့်ကိုမေးတော့ ဓါတ်ပုံရိုက်ဖို့လာတာလို့ ပြောတယ်။ သူတို့ကမလို ဘူး ဘယ်ကောင်မှ ရိုက်ခွင့်မရှိဘူး။ ငါတို့ ရခိုင်အချင်းချင်း မသတ်ချင်ဘူး၊ ငါတို့လူသတ်လာတာ များနေပြီဆိုပြီးတော့ ဓါးနဲ့ ကျနော့် လည်ဂုတ်ကို လှီးဖို့လုပ်တယ်”ဟု အမှုဖွင့်ထားသူ ဦးချစ်စမ်းမောင်က ရှင်းပြသည်။

ALA တပ်ဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးခိုင်နိုင်လင်း၊ ဗိုလ်ကြီးခိုင်အောင်လင်းနှင့် ခိုင်ပြည်သိန်းတို့ကို ကျိန္တလီမြို့အပိုင် ဘိုက လေး ကျေးရွာသားအချို့နှင့် သက်ဆိုင်ရာအာဏာပိုင်များက ရာဇသတ်ကြီးပုဒ်မ-၂၉၄၊ ၃၅၂၊ ၅၀၆၊ ၁၁၄၊ ရေအရင်းအမြစ် ဥပဒေ ပုဒ်မ-၂၆ တို့အပြင် ဆေးကောင်စီ ဥပဒေ ပုဒ်မ- ၅၈ တို့ဖြင့် အမှုဖွင့်လှစ်ထာကြောင်း စခန်းမှူးကပြောသည်။ လက်ရှိ အချိန်၌ အမှုဖွင့်ခံထားရသူများ ထွက်ပြေးတိမ်းရှောင်နေကြ၍ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်၍ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေတပ်မတော် (ALA) စစ်ရေးကော်မတီက ဗိုလ်မှူးကြီးခိုင်စိုးမြက အဆိုပါနေရာတွင် သဲ၊ ကျောက် လုပ်ငန်း လုပ်ကိုင်နေကြသည်မှာ ၎င်းတို့တပ်ဖွဲ့များသာမဟုတ်ဘဲ ဒေသခံများပါ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ပြောသည်။“အဲဒီမှာလုပ်နေတာ ကျနော်တို့ လူတွေတင်မဟုတ်ဘူး၊ ရွာသားတွေလည်းပါတယ်။ ရွာသားတွေလုပ်လို့ ကျနော်တို့လည်း လုပ်လို့ရတယ်ထင်ပြီးလုပ်တာ။ ရွာသားတွေကို တရားမစွဲဘဲနဲ့ ကျနော်တို့ ရဲဘော်တွေကို တရားစွဲတော့ တမင်တရားစွဲသလို ဖြစ်နေတယ်”ဟု ၎င်းကဆက်၍ပြောသည်။ ယင်းသို့ အမှုဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်၍လည်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီအနေဖြင့် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်များကို ရုပ်သိမ်းပေးရန် တောင်းဆိုထားကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြကဆိုသည်။ https://www.bnionline.net/mm/news-73456

*************

၉။ ရှမ်းမြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ကိုဗစ်ကာလ စားဝတ်နေရေး အလွန်ခက်ခဲနေ
June 15, 2020

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသအတွင်းရှိ နေရပ်စွန့်ခွာစစ်ပြေးတိမ်းရှောင်သူများ (IDPs) များ သည် ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲများရှိနေခြင်းကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက တာဝန် ယူ ဆောင်ရွက်ပေးရန် စစ်ရှောင်များက မျှော်လင့်လျက်ရှိကြောင်း ရှမ်းပြည်နယ် စစ်ရှောင်ပြည်သူများအရေး ဆောင်ရွက်သူ ဦးနောင်လတ်ကပြောဆိုသည်။ အဆိုပါ ဒေသအတွင်း နေရပ်စွန့်ခွာစစ်ပြေးတိမ်းရှောင်သူများ (IDPs) စခန်း ၃၉ ခုရှိပြီး လူဦး ရေ ၁၄ဝဝဝ နေထိုင်ကြောင်းကာ လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စခန်းပြင်ပတွင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကန့်သတ်ချက်များရှိနေကြောင်း ၎င်းကပြောဆိုသည်။

“အဓိကကတော့ တရုတ်နယ်စပ်မှာရှိတဲ့ စခန်းတွေထဲကသူတွေကတော့ တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်တယ် ပေါ့။ နေ့စားအလုပ်သမားတွေအဖြစ်ပေါ့။ အဲလိုမျိုး အရင်တုန်းက အပြင်မှာသွားအလုပ်လုပ်နေရတဲ့သူတွေက ပြန်လာရင် ကိုဗစ်- ၁၉ ကြောင့် စောင့်ကြည့်မှုများ ပြုလုပ်ခံရတော့ နောက်ပြီးတော့ စခန်းမှာရှိတဲ့ လူတွေကိုလည်း အပြင်ကိုမသွားခိုင်း တော့တာကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေဖြစ်လာပြီးတော့ စားဝတ်နေရေး ဒုက္ခရောက်နိုင်တာတွေရှိတာပေါ့။

အဲတော့ ကျွန်တော်တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းက စားနပ်ရိက္ခာအတွက် တာဝန်ယူဖြေရှင်းပေးဖို့ မျှော်လင့်တာပေါ့ ” ဟု ဦးနောင်လတ် ကပြောဆိုသည်။ ထို့ကြောင့် IDP စခန်းများတွင် နေထိုင်သူများက ဇွန်လ ၁၁ ရက်နေ့တွင် ၎င်းတို့၏ စိုးရိမ် ပူပန်မှုများနှင့် ပတ်သက်ပြီး အချက် ၆ ချက်ပါသော သဘောထား ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ကိုဗစ်ကာလအတွင်း ရေရှည်နှစ်ဖက်လက်နက်ကိုင်များ စစ်မက်ဖြစ်ပွားမှုများအား ခြွင်းချက်မရှိ ရပ်တန့်ရန်၊ ကိုဗစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ စခန်းတွင်းရှိ IDPS များသည် စခန်းပြင်ပသို့ အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ လုပ်ကိုင် ရန်အခွင့်အလမ်းနည်းပါးခြင်း၊ ကန့်သတ်ချက်များ ရှိနေခြင်းကြောင့် IDPS များအား ရေရှည်စားဝတ်နေရေး (စားနပ်ရိက္ခာ) လုံလောက်စွာ ပံ့ပိုးပေးရန် ထုတ်ပြန်ခဲ့သည်။ မကြာမီ ကျောင်းဖွင့်ကာလရောက်ရှိတော့မည်ဖြစ်သောကြောင့် IDPS စခန်း များရှိ နေရပ်စွန့်ခွာ ကလေးငယ်များ ပညာသင်ကြားရေးအတွက် အခြေခံပညာအခွင့်အရေးတန်းတူရရှိရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ သင်ထောက်ကူများ ဆရာ၊ဆရာမများ စာသင်ဆောင်များအား လုံလောက်စွာပံ့ပိုးပေးရန်လည်း တောင်းဆိုချက်တွင်ဖော်ပြ ထားသည်။

နိုင်ငံတကာ စစ်ဘေးရှောင်သူများ အိုးအိမ်မြေယာ ပိုင်ဆိုင်ခွင့်နှင့် ပြန်လည်လုပ်ပိုင်ခွင့်များဆိုင်ရာ အခွင့်အရေးများနှင့်အညီ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ၏ မူရင်းကျေးရွာဒေသရှိ မြေယာနှင့် သဘာဝအရင်းအမြစ်များအား အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ပေးရန် စသည့်အချက်များကိုလည်း တောင်းဆိုထားသည်။ https://www.khitthitnews.com/2020/06/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80

**************

၁၀။ မင်းတပ်တွင် ပြည်ပပြန် Quarantine ဝင်ရသူများ ကိုယ့်စရိတ်နှင့်ကိုယ် နေရဟုဆို
June 13, 2020

မင်းတပ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါထိန်းချုပ်ရေး အစီစဉ်အရ Quarantine ဝင်ရသူ ပြည်ပပြန်လာသူများမှာ ကိုယ့်စရိတ် နှင့်ကိုယ်နေရကြောင်း ဒေသခံများထံသိရသည်။ Quarantine ဝင်ရသူများကိုကူညီပေးနေသော မင်းတပ်မြို့ရှိ ဒေသခံ တစ် ဦးက “အခု Quarantine စုစုပေါင်းရင် ၁၁ ယောက်ရှိပြီ ဒီလို Quarantine ဝင်နေတဲ့ချိန်မှာ အစားသောက်နဲ့ ပက်သက်ပြီး အချို့က အရမ်းခက်ခဲတယ် တချို့က မင်းတပ်မြို့နယ်မှာ ရွာမှာနေတဲ့ လူတွေဆိုတော့ သူတို့ကို ကူညီပေးမဲ့လူမရှိရင် အရမ်း ခက်ခဲတယ် နောက်ပြီးလက်ရှိ Quarantine ဝင်နေတဲ့သူတွေကလည်း သူတို့စရိတ်နဲ့ သူတို့နေနေရတယ်လို့သိရတယ်”ဟု ပြောသည်။

ချင်းပြည်နယ် မြို့နယ်အားလုံးကို ၄ လပိုင်းလောက်မှ စတင်ပြီး Quarantine ဝင်နေရသူများကို ပြည်နယ်အစိုးရမှ ထောက်ပံ့ ကြေးများ ပေးထားသည်ဟု သိရသော်လည်း မင်းတပ်တွင် ထမင်းဖိုးများ ပေးရသည်ဟု Quarantine များကို ကူညီဆောင် ရွက်ပေးနေသည့် အသင်းဖွဲ့များကပြောသည်။ မင်းတပ်မြို့နယ်ရှိ အုပ်ချုပ်ရေးဖက်မှတာဝန်ရှိသူများမှ ပြည်ပပြန် Quarantine ဝင်နေရသူများကို မြို့အစီစဉ်နှင့်လည်းကောင်း၊ အစိုးရမှထောက်ပံ့ပေးသည့် ငွေကြေးများကို တာဝန်ရှိသူများကို သေချာပေး လိုက်ကြောင်း မင်းတပ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က ပြောသည်။

မင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က “မြို့အစီစဉ်နဲ့ ကျတော်တို့က ဒီ Quarantine ဝင်တဲ့လူတွေကိုကျွေးမွေးတယ် နောက်ပြီး ချင်းပြည်နယ် အစိုးရကလည်း ဒီဟာနဲ့ပက်သက်ပြီး ပေးတယ် အဲဒီပေးတဲ့ ဟာတွေကိုလည်း Quarantine ဝင်တဲ့ လူတွေကို ချက်ပြုတ်လုပ်ပေးတဲ့ တာဝန်ရှိတဲ့ သူတွေကို ပေးတယ် အဲဒါကို မပေးဘူးလို့ လူမှုကွန်ရက်တွေမှာ လျှောက်တင် နေကြတာ”ဟု ပြောသည်။ မင်းတပ်မြို့တွင် ဇွန်လ ၂ ရက်နေ့က မလေးရှားမှ ပြန်လာပြီး Quarantine ဝင်သူ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ case-232 ကို ဟားခါးပြည်သူ့ ဆေးရုံကြီးတွေ ပို့ဆာင်ခဲ့ရကြောင်း သိရသည်။ https://www.bnionl ine.net/mm/news-73473

*************

၁၁။ ရသေ့တောင် ဒုံးပိုက် နယ်ခြားစောင့်ရဲကို AA ဝင်တိုက်
June 13, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက် နယ်ခြားစောင့် ရဲကင်းစခန်းကို ဇွန်လ ၁၃ ရက် နံနက် ၅ နာရီဝန်းကျင် အချိန်ခန့်က ရက္ခိုင့် စစ်တပ် (AA) အဖွဲ့က လာရောက်တိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ ဒီနေ့ မနက် ၅ နာရီခွဲလောက်မှာ ဒုံးပိုက် နယ်ခြားစောင့်ရဲကင်းစခန်းကို AA အဖွဲ့က လာရောက် နှောင့်ယှက်ပစ်ခတ်တာရှိတယ်။ ၁၅ မိနှစ်ခန့်လောက် ပစ်ခတ်ခဲ့ပြီးနောက် ဆုတ်ပြေးသွားတယ်။ ဖြစ်စဉ်မှာတော့ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာတာရှိတယ်”ဟု ဧရာဝတီသို့ ပြော သည်။ ထိုတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်စစ်ကြောင်းများနှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျှက်ရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးက ယနေ့ မနက်ပိုင်းက အဆိုပါ နယ်ခြားစောင့် ရဲ စခန်းဘက်မှာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်သံများကိုကြားရသော်လည်း ဖြစ်စဉ်အသေးစိတ်ကိုမသိရှိကြောင်း ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက “ဒီနေ့ နံနက် ၅ နာရီလောက်မှာ အဲဒီစခန်းဘက်က အပြန်အလှန်ပစ်ခတ်သံတွေတော့ကြား တယ်။ အသေးစိတ်ကိုတော့ ကျနော်တို့လည်း မသိဘူး။ လူနာတင်ကား တွေတော့ သွားတာတွေ့တယ်။ ဒုံးပိုက်ရွာသားတွေ စိုးရိမ်ပြီး ရွာကထွက်ပြေးနေကြလို့ ဖုန်းဆက်လို့လည်း မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ရသေ့တောင်မြို့နယ်အတွင်းက ဒုံးပိုက်နယ်ခြားစောင့်ရဲကင်းစခန်းမှာ ပင်လယ်ကမ်း ကမ်းခြေအတိုင်း ဖောက်လုပ်ထားသည့် အငူမော် – မောင်တော် ကား လမ်းမကြီးပေါ်တွင် တည်ရှိသော အငူမော် နယ်မြေရဲစခန်း လက်အောက်ခံ ရဲကင်းစခန်း တခုလည်း ဖြစ်သည်။

ထိုရဲစခန်းများအား တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် တပ်ဖွဲ့ဝင် မိသားစုဝင်များ ဖမ်းဆီးခံရမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် AA အဖွဲ့က ပြန်လည်လွတ်ပေးခဲ့သည်။ ထိုသို့ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို လုပ်ဆောင်နေ သော ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်ကြောင်း တပ်မတော် က ပြောဆို ထားသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ချင်းပြည်နယ် ၊ပလက်ဝ မြို့နယ်အတွင်း ဒဏ်ရာရ AA တပ်ဖွဲ့ဝင်များအား ဆေးကုသနေသော ယာယီစခန်းတခုကို တပ်မတော်က အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် လက်တုန့်ပြန်သည့် အနေဖြင့် ထိုသို့ သဇင်မြိုင် ရဲကင်းစခန်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA အဖွဲ့၏ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ယင်းအပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဆိုသည်မှာ တပ်မတော်လက် အောက်တွင်ရှိပြီး တပ်မတော် ၏ စစ်ဆင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု၊ ရဲစခန်းများကနေ လက်နက်ကြီးယာယီ စခန်းများထိုင်ကာ ပစ်ခတ်မှုများရှိ သည့်အတွက် ရဲစခန်းများကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း AA အဖွဲ့က ယခင် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြောဆိုထားသည်။ https://burma.irrawadd y.com/news/2020/06/13/224572.html

**************

၁၂။ လွိုင်ကော်မြို့နယ် ဒေါလိုရှေးရွာအနီး လျှပ်စစ်တာဝါတိုင် အောက်ခြေတွင် မြေမြှုပ်မိုင်း နှစ်လုံး တွေ့ရှိ
June 14, 2020

လွိုင်ကော်မြို့နယ် ဒေါလိုရှေးရွာအနီး လျှပ်စစ်တာဝါတိုင်အောက်ခြေတွင် မြှုပ်ထားသောမိုင်းများပေါ်လာသဖြင့် အနီးရှိ တောင်သူလယ်သမားများမှာ ပေါက်ကွဲထိခိုက်မည်ကို စိုးရိမ်နေကြရကြောင်းသိရသည်။“လယ်ပိုင်ရှင်က လယ်သွားထယ် ရင်းနဲ့ သူရဲ့တာဝါတိုင်အောက် သူချောင်းကြည့်တာပေါ့။ ကျွန်တော့်ကို လာအကြောင်းကြားတာပေါ့။ တစ်လုံးမဟုတ် နှစ်လုံး ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ အခုလောလောဆယ်တွေ့တာတော့ နှစ်လုံးပေါ့၊ တိုက်မိုင်းနဲ့နင်းမိုင်းတစ်လုံးပေါ့”ဟု ဒေါလိုရှေး အုပ်ချုပ်ရေးမှူး ခူးရှားရယ်က ပြောကြားသည်။

လယ်ပိုင်ရှင်ခူးငါးရယ်၏ လယ်ထဲရှိ တာဝါတိုင်အမှတ် ၁၀၈ အောက်ခြေတွင် တိုက်မိုင်း နှင့် နင်းမိုင်း နှစ်လုံးကို ဇွန် ၁၀ ရက် က လယ်ထွန်ရာမှတွေ့ရှိသဖြင့် ဇွန် ၁၁ ရက်တွင် တပ်က ဝါးဖြင့် လာရောက်ခြံစည်းရိုးခတ်ခဲ့ကြောင်း သိရသည်။“အုတ် တံတိုင်းနဲ့ခတ်ရင်ပိုသေချာတာပေါ့။ ဝါးနဲ့ခတ်ရင်အဆင်မပြေဘူး။ တစ်နေ့ မဟုတ်ရင် တစ်နေ့တော့ပျက်မှာပဲ။ ခြံကာလိုက် ရင် မြက်တွေဘာတွေထူလာရင် နွားက သူ့အစာတွေ့ရင်တော့ ဝင်မှာပဲ။ လောလောဆယ်ကတော့ အုတ်တံတိုင်းပဲကာ စေချင်တယ်” ဟု ဒေါလိုရှေးအုပ်ချုပ်ရေးမှူး ခူးရှားရယ်က ပြောကြားသည်။

ဒေါလိုရှေးကျေးရွာသည် လျှပ်စစ်မီးစတင်ရရှိခဲ့သည်မှာ ငါးနှစ်ခန့်သာရှိသော်လည်း လွန်ခဲ့သည့် နှစ် ၃၀ အတွင်း တာဝါတိုင် များအား ဝါးဖြင့်ကာရံပေးရခြင်း၊ ညကင်းများအား အလှည့်ကျစောင့်ပေးရခြင်း၊ လုပ်အားပေးအဖြစ်ခေါ်ယူသဖြင့် အခမဲ့ လုပ်ဆောင်ပေးရခြင်းများရှိခဲ့ကြောင်း၊ တာဝါတိုင်အောက်ခြေသို့ အိမ်မွေးတိရစ္ဆာန်များဝင်ရောက်ရာမှ ပေါက်ကွဲပြီး လူကိုပါ ဗုံးစထိမှန်ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။ https://news-eleven.com/article/178458

*************

၁၃။ ရွှေညောင်မြို့ Quarantine Center တွင် ထိုင်းမှပြန်လာသူ အမျိုးသမီး ၁ ဦးသေဆုံး
June 14, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ အမှတ် (၁) တည်းခိုရေးတပ်စခန်း Quarantine Center မှာ အမျိုးသမီးတဦး ဇွန် ၁၄ ရက် မနက်ပိုင်းက သေဆုံးသွားတယ်လို့ ရွှေညောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သေဆုံးသူမှာ နှလုံးရောဂါ အခံရှိသူဖြစ်ပြီး ဇွန် ၁၀ ရက်နေ့မှ ရွှေညောင်မြို့ Quarantine Centre ကို မြဝတီ ကတဆင့် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင်က “ဇွန် ၅ ရက်နေ့က မြဝတီ Center မှာ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးထား တယ်။ မြဝတီဆေးရုံမှာ တက်ခဲ့တယ်။ သူက မွေးရာပါ နှလုံးအပေါက်ပါ နှလုံးအားနည်းသူပေါ့။ အဲဒီရောဂါနဲ့ ဆေးရုံတက် တယ်။ ဆေးမှတ်တမ်းတွေရှိတယ်။ ၅ ရက်နေ့က ယူထားတဲ့ ဓာတ်ခွဲနမူနာက negative အဖြေထွက်တယ်။ ကျနော်တို့ Center ကို ၁၀ ရက်နေ့ ရောက်လာတယ်။ ဒီနေ့မနက် Center မှာရှိသူအားလုံး ဓာတ်ခွဲနမူနာယူဖို့ လာတာ မနက်စာစားဖို့ သူ့ကိုနှိုးတော့ နှိုးလို့မရတော့ဘူး၊ ကျန်းမာရေးဆရာတွေ စစ်ဆေးတဲ့အခါ သေဆုံးသွားပြီ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက နှလုံးရောဂါကြောင့် သေဆုံးသွားတယ်လို့ သုံးသပ်ထားပေမယ့် သေချာအောင် ဓာတ်ခွဲနမူနာ ယူပြီး ဓာတ်ခွဲဌာနကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ သေဆုံးသူမှာ ကျိုင်းတုံမြို့၊ မိုင်းယောင်းကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးဖြစ်ပြီး ဘန်ကောက်မြို့ကနေပြန်လာတာဖြစ်ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ ရွှေညောင်မြို့ Quarantine Centre မှာ တခန်းတည်း အတူနေသူ ၁၆ ဦးရှိပြီး Center တခုလုံးမှာ မြဝတီကပြန်လာသူ ရွှေ့ပြောင်းလုပ်သား ၇၃ ဦး ရှိပါ တယ်။ http://burmese.dvb.no/archives/394135

*************

၁၄။ KIO ၏ COVID-19 ကော်မတီက အခြားရောဂါကာကွယ်ရေးများ တိုးချဲ့ ဆောင်ရွက်ရန် ဆုံးဖြတ်
June 12, 2020

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟို COVID-19 ကာကွယ်နှိမ်နှင်းရေး ကော်မတီက လက်ရှိလုပ်ဆောင် နေသော COVID-19 ကပ်ရောဂါအပြင် အခြားသော ရောဂါများကာကွယ်ရေးများကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန်လ (၁၀) ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ United For Health (COVID-19 Response Group Kachin State) မှာ လက်တွေ့ ဦးဆောင်နေသော ဒေါ်လဘန်ခေါန်ဂျာ က မိုးရာသီရောက်လာပြီ ဖြစ်သောကြောင့် အခြားကူးစက်ရောဂါများနှင့် COVID-19 တွဲပြီး ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြော သည်။

“ကျမတို့လည်း အခု ပိုပြီးမှ သတိရှိရမယ်၊ ဘာကြောင့်ဆိုတော့ ဒီမိုးတွင်းကာလက COVID-19 ကိုပိုပြီးမှ အားပေးတဲ့ သဘာဝတရား ကျမတို့မှာ ဖြစ်နေတဲ့အတွက် နောက်နှစ်နွေရာသီအထိ သတိရှိနေဖို့လိုပါတယ်၊ ဥပမာ COVID က သွေးလွန် တုပ်ကွေးနဲ့ ငှက်ဖျားရောဂါရောပြီး ရောဂါလက္ခဏာ မပြပဲဖြစ်မှာကိုလည်း စိုးရိမ်ရတဲ့အတွက် ရောဂါကို ကာကွယ်တဲ့ အချိန် မှာ COVID-19 တစ်ခုကိုပဲ ကာကွယ်တာမဟုတ်ပဲနဲ့ တခြား ဖြစ်လာနိုင်တဲ့ ရောဂါတွေကိုလည်း အတူကာကွယ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒါကိုလည်း သတိထားရမယ်”ဟု ပြောသည်။ COVID-19 တစ်ခုတည်းကိုပဲ ကာကွယ်ခြင်းမျိုး မဟုတ်ပဲ အခြားရောဂါများကိုလည်း ပူးပေါင်းကာကွယ်သွား မည် ဖြစ်ကြောင်း ဒေါ်လဘန်ခေါန်ဂျာ က ပြောသည်။

COVID-19 ကာကွယ်နှိမ်နင်းရေးကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးတွင် ကော်မတီကထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများကို ပိုမိုထိရောက်စေရန် တာဝန်ရှိသော အဖွဲ့အစည်းအသီးသီးက ပိုမိုလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြောင်းကို လည်း KIO ဗဟိုကော်မတီ က ဖွဲ့စည်းထားသည့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး ဦးလဖိုင်ဟိန်းဝမ် က ပြောသည်။“ကွာရန်တင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လက်တွေ့ ဦးဆောင်နေတဲ့ ကော်မတီတွေက အလုပ်ကို ပိုမိုထိ ရောက်အောင် လုပ်ဆောင်နိုင်ဖို့နဲ့ ချမှတ်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေထဲကတချို့ စည်းကမ်းချက်တွေ ကို ပြန်လည်ပြုပြင်တာပါ”ဟု ပြောသည်။

ယခု အစည်းအဝေးတွင် အရေးပေါ်အခြေအနေများထဲ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြသည်။ အစည်းအဝေးကို ကေအိုင်အိုဌာနချုပ် လိုင်ဇာ ရှိ အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ (NGO များ)၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များ (INGO များ)၊ ဘာသာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လူထု အခြေပြု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ https:// www.bnionline.net/ mm/news-73438

**************

၁၅။ ကျောက်တော်မြို့လယ်၌ ရဲအရာရှိ ၁ ဦး သတ်ခံရ၍ သေဆုံး
June 14, 2020

ရခိုင်ပြည်နယ် ကျောက်တော်မြို့လယ်တွင် ယမန်နေ့ ညနေ ၃ နာရီ ခန့်က ရဲအရာရှိ ၁ ဦး သတ်ဖြတ်ခံရ၍ သေဆုံးသွား ကြောင်း သတင်း ရရှိသည်။

အဆိုပါ သတ်ဖြတ်ခံရသူမှာ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်မင်းဇော် ဖြစ်ပြီး မြို့လယ်ရှိသာသနာ့ဗိမာန် ရှေ့လမ်းမပေါ်တွင်ရှိနေစဉ် အမည်မသိ လူ ၂ ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ကာ ဓားဖြင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။ ၎င်းက “ဖြစ်စဉ်ကတော့ ဟုတ်တယ်။ သူက CRO (ရဲ မှုခင်းမှတ်ဌာန) ကိုင်တယ်။ သာသနာ့ဗိမာန်ရှေ့ သွားလာနေတုန်း ဆိုင်ကယ်နဲ့ လူ ၂ ယောက်က ဓားနဲ့လာထိုး သွားတာလို့ ပြောတယ်။ အဲဒီမှာပဲ ဆုံးသွားတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။ ကျောက်တော်မြို့ပေါ်တွင် ထိုသို့ ရဲအရာရှိ ၁ ဦး လုပ်ကြံ သတ်ဖြတ်ခံရသည့်အတွက် မြို့ခံများမှာ စိုးရိမ်ကြောင့်ကြမှုများဖြစ်ပေါ်ကာ အိမ်ပြင်မထွက်ရဲကြဘဲ အခြေအနေကို စောင့်ကြည့်နေကြရကြောင်းလည်း သိရသည်။

ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “အဲဒီလို ဖြစ်တယ်လို့တော့ကြားတယ်။ ကျနော့် လည်း မြင်တာတော့မဟုတ်ဘူး။ လူတွေလည်း တယောက်မှ သွားမကြည့်ရဲကြဘူး။ အားလုံးအိမ်ထဲကနေ အိမ်ပြင်မထွက် ရဲကြဘူး။ ဆိုင်တွေလည်း အကုန်ပိတ်ထားကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဖြစ်စဉ်အား အသေးစိတ်သိရှိနိုင်ရန် ဧရာဝတီ မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးအား ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များအပါအဝင် ကျေးရွာတချို့၌ ယခုကဲ့သို့သောလုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များက ခတ်စိပ်စိပ် ဖြစ်ပွားနေပြီး သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ ကျူးလွန်သည့်တရားခံများကို လက်ရှိအချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ရခိုင်ပြည်နယ် မြို့နယ်အသီးသီး၌ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် ရွာသားများမှာ ယခုကဲ့သို့ ဓားဖြင့်ထိုးကာ သတ်ဖြတ်ခံရခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခံရ ခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများကြား လုံခြုံမှုမရှိခြင်းကြောင့် စိုးရိမ်မှုမြင့်တက်လျက်ရှိနေသည်။ https://burma .irrawaddy .co m/news/2020/06/14/224576.html

*************

၁၆။ ရေးတောင်ပိုင်း ဓနိကြာစံပြကျေးရွာ တည်ဆောက်ရေး ရွာသားအများစုလက်မခံ
June 15, 2020

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း မန်ကြီးကျေးရွာအုပ်စုအတွင်း ဗလဲ့ခပွားတောင်ကိုအမှီပြု၍ မြန်မာရွှေဧကရာဇ် သတ္တု တူးဖော်ရေးကုမ္ပဏီ၏ စီမံကိန်းလုပ်ငန်းနှင့်အကြုံးဝင်သည့် ဓနိကြာစံပြကျေးရွာ တည်ဆောက်ရေးအတွက် ဒေသခံထောက်ခံ လက်မှတ်များကောက်ခံရာတွင် ရွာသားအများစုလက်မခံကြောင်းသတင်းရရှိသည်။ ဘိုးဘွားအစဉ်အဆက်များစွာ ကတည်း က ဥယျာဉ်ခြံမြေစိုက်ပျိုးလုပ်ကိုင်နေထိုင်လာကြသည့် ဒေသခံများကို ဓနိကြာအပြင်ရွာနှင့် အတွင်းရွာအကြားရှိ စံပြရွာသစ် တည်ဆောက်မည့် မြေ ၁၂ ဧကအကျယ်ရှိသည့်နေရာသို့ နေအိမ်များရွှေ့ပြောင်းရန် အဆိုပါကုမ္ပဏီက ကြိုးပမ်းအကောင် အထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်သည်။

မန်ကျီးကျေးရွာသား နိုင်ဟောင်းစားက “အခုသူတို့ အကောင်အထည်ဖော်နေတဲ့ ဓနိကြာစံပြကျေးရွာဆိုတာက ကျနော်တို့ အတွက်ဘာမှ အကျိုးမရှိပါဘူး၊ တစ်ခြားဒေသကလူတွေခေါ်လာပြီး ကျနော်တို့လူမျိုးအပေါ် လွှမ်းမိုးနိုင်ဖို့ဖြစ်တယ်၊ ကုမ္ပဏီ ဘက်က ရင်းနှီးြှမှုပ်နှံရင် ကျနော်တို့ ဒေသခံတွေအတွက်အကျိုးယုတ်ဖို့ပဲ ရှိပါတယ်၊ သူတို့စံပြကျေးရွာဖြစ်လာခဲ့ရင် အုပ်ချုပ် ရေးမှူးတွေက သူတို့လူမျိုးပဲဖြစ်လာမယ်၊ ကျနော်တို့ မူလဒေသခံတွေဟာ အလိုလိုနေရင်း သူတို့ရဲ့အုပ်ချုပ်မှုအောက် ရောက်ရှိသွားမှာပါ”ဟု ဆိုသည်။ ထို့အတူ အဆိုပါ ကုမ္ပဏီလက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဓနိကြာစံပြ ကျေးရွာ မြေနေရာသည် ရွာသားများပိုင်ဆိုင်သော လက်ရှိခြံမြေနေရာများသာ ဖြစ်နေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ် ကြောင်း ဓနိကြာအပြင်ရွာနေ မိညွန့်စိန်က ပြောသည်။ မိညွန့်စိန်က “တကယ်လို့ဒီနေရာကနေ ကျမတို့ပြောင်းမယ်ဆိုရင် ကျမတို့အတွက် ဘာမှအကျိုးမရှိပါဘူး၊ ဒါကြောင့် ကျမတို့မသွားဘူး၊ လက်ရှိကျမတို့နေထိုင်နေတဲ့ နေရာကလည်း အကောင်းပဲ၊ ကျမတို့အိမ်တွေကလည်း အကောင်းပဲရှိနေသေးတာ ဒီနေရာက ကျမတို့ မိဘတွေထားပေးခဲ့တဲ့ ခြံမြေတွေဖြစ် တဲ့အတွက် ဒီနေရာမှာပဲ ကျမတို့ ဆက်နေသွားမယ်” ဟု ဆိုသည်။

အဆိုပါ ဗလဲ့ခပွားတောင်တဝိုက်တွင် မြန်မာရွှေဧကရာဇ်ကုမ္ပဏီက လယ်ယာမြေများစွာကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက် ထားရရှိထားပြီးဖြစ်သည့်အပြင် ဥယျာဉ်ခြံမြေနေရာအချို့ကိုလည်း လမ်းခင်းကျောက်တူးဖော်ထုတ်လုပ်ခွင့် ဆက် လက် လျှောက် ထားကြောင်း ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးကြည်စိုးက မွန်သတင်းအေဂျင်စီကို ပြောခဲ့သည်။

NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှစတင်၍ ဗလဲ့ခပွားတောင်၌ ကျောက်မိုင်းထုတ်လုပ်ရန် ဒေသခံများ ကန့်ကွက်နေ သည့်ကြားကပင် မြေဧက ၁၀ဝ ကျော်ခန့်ကို မြန်မာရွှေဧကရာဇ်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဝယ်ယူရရှိခဲ့ပြီး ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်ပြည်နယ်အောက်ပိုင်းဒေသဖြစ်သည့် ရေးမြို့နယ်တောင်ပိုင်း ယခင်ခေါဇာ မြို့နယ်ခွဲတဝိုက် မိထောလှာကြီးရွာမှ မန်ကျီးကျေးရွာ၊ ဓနိကြာနှင့် မွန်ပြည်နယ်တောင်ပိုင်း နယ်စပ်အဆုံးထိ ဧရိယာကို သဘာဝ အခြေခံခရီးသွားလုပ် ငန်း (Eco Tourism) ဇုန်အဖြစ် မွန် ပြည်နယ်အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည်။ http://burmese.monnews. org/2020/06/15/%e1%80%9b%e1%80%b1%e1%80%b8%e1%80%90%e1%

**************

၁၇။ ရခိုင်တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၀ဝ ကျော် ရှိလာ
June 15, 2020

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နှင့် ရခိုင့်တပ်အေအေတို့ တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးလာသူများ ခိုလှုံ ရန်ဖွင့်လှစ်ထားသည့် စစ်ဘေးဒုက္ခသည်စခန်း အရေအတွက် (၁၁၁) ခု ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) က ကောက်ယူထားသော အချက်အလက်များအရ သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁၀ ခု၊ ကျောက်တော်မြို့နယ်တွင် ၂၀ ခု၊ မြောက်ဦးမြို့နယ်တွင် ၂၇ ခု၊ မင်းပြားမြို့နယ်တွင် ၉ ခု၊ မြေပုံမြို့နယ်တွင် ၁၈ ခု၊ ရသေ့တောင်မြို့နယ်တွင် ၂၅ ခု၊ ဘူးသီးတောင်မြို့နယ်တွင် ၈ ခု၊ မောင်တောမြို့နယ်တွင် ၂ ခု၊ စစ်တွေမြို့ပေါ်တွင် ၁၈ ခုနှင့် ပေါက်တောတွင် ၄ ခု ဖြစ်ကြောင်း REC က ထုတ်ပြန်ထားသည်။ ထိုစစ်ဘေး ရှောင်စခန်းများအနက် တစ်ချို့စစ်ရှောင်စခန်းများတွင် လူပေါင်းထောင်ချီထိ နေထိုင်ကြပြီး လက်ရှိ ရခိုင်ပြည် နယ်တွင် စစ်ဘေးရှောင်ဦးရေစုစုပေါင်း နှစ်သိန်းခန့်ရှိနေပြီဖြစ်ကြောင်းသိရသည်။ တစ်ချို့စစ်ဘေးရှောင်စခန်းများကို စာသင် ကျောင်းများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယနေ့ဇွန်လ ၁၅ ရက် နောက်ဆုံး ဖယ်ရှားပေးရမည်ဟုဆိုသော်လည်း ကျောက်တော်မြို့ပေါ်က စာသင်ကျောင်း ခုနှစ်ကျောင်းတွင် ခိုလုံနေသည့် စစ်ဘေးဒုက္ခသည် ၃၀ဝဝ ကျော်ကို နေရာပြောင်း ရွှေ့ဖို့ အခက်အခဲ နှင့် ရင်ဆိုင်နေကြရသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က “ရွှေပြီးရင်ပြန်ထားမယ့်နေရာတွေ လိုအပ်တဲ့ အခါ ဒီကနေ့ နောက်ဆုံးထား လုပ်ပေးနိုင်ဖို့ အခြေအနေက မလွယ်ဘူး။ လက်တွေ့လုပ်ရတဲ့ အလုပ်တွေက ခက်ခဲပါတယ်” ဟု ပြောသည်။ ယင်းအပြင် စစ်ရှောင်အများစုမှာ တဲအိမ်သာသာဆောက်လုပ်ထားသည့် အမိုးအကာအောက်တွင် ဖြစ်သလို နေထိုင်နေကြခြင်းဖြစ်ပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေထိုင်ရေးအပြင် စားဝတ်နေရေးအပိုင်းမှာလည်း အခက်အခဲ တချို့ ရှိနေကြသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက စစ်ဘေးရှောင် ဒုက္ခသည်များသည် မြို့ပေါ် ရပ်ကွက်များတွင် လက်သမား၊ ပန်းရံ စသည့်အလုပ်များကို လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြကြောင်းပြော သည်။“တိုက်ပွဲဖြစ်လို့ ပြေးလာရတယ်၊ ပြန်သွားရတယ်ဆိုတော့ စားဝတ်နေရေးအခက်အခဲဖြစ်တဲ့ စစ်ရှောင်တွေ အများစု ကတော့ ရသေ့တောင်မြို့ပေါ်မှာပါပဲ ပန်းရံလုပ်တယ်။ ရတဲအလုပ်တွေကို လုပ်ပြီးတော့ အသက်မွေးဝမ်းကျောင်းပြုပြီး နေထိုင်ကြတယ်”ဟု ဒေါ်ခင်စောဝေက ပြောသည်။ ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးတွင် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းကလည်း တပ်မတော်နှင့် ရခိုင့်တပ်အေအေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွာပေါင်း ၁၀ ရွာကျော် က ကျေးရွာသားအများအပြား ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ http://www.mizzi maburmese.com/article/70710

*************

၁၈။ ရန်ကုန်နှင့် မွန်ကရင်ဝန်ကြီးနှစ်ဦး ရေးရာနေရာအတွက် ပြန်လျှောက်ထားခြင်းမရှိ
June 15, 2020

မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ လက်ရှိကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့် စောအောင်မြင့်ခိုင် နှင့် နော်ပန်းသဉ္ဇာမျိုးတို့သည့် အဆိုပါ နေရာများအတွက် လာမည့်ရွေးကောက်ပွဲတွင် ပြန်အရွေးခံတော့မည်မဟုတ်ကြောင်း ကေအိုင်စီသို့ ဇွန် ၁၅ ရက်နေ့တွင် အတည်ပြုပြောကြားသည်။ “ ကျမ ရန်ကုန်တိုင်းရဲ့ ကရင်ရေးရာဝန်ကြီးနေရာအတွက် လျှောက်လွှာပြန်မတင် ဖြစ်ဘူး”ဟု ဝန်ကြီး နော် ပန်းသဉ္ဇာမျိုးက ပြောသည်။ သူမသည် လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ကရင့်ရေးရာအပြင် ဟိုတယ်နှင့် ခရီးနှင့် ပြန်ကြားရေး ဌာနတို့ကိုလည်း တာဝန်ယူထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်သည်လည်း မွန်ပြည်နယ် ကရင်ရေးရာ ဝန်ကြီးနေရာကို ပြန်အရွေးခံတော့မည်မဟုတ်ကြောင်း ကေအိုင်စီသို့ ယခုလို ပြောသည်။ “ အဓိက ကတော့ ကိုယ်ဘာလုပ် ပေး နိုင်လဲ၊ ကိုယ်ဘာလုပ်ချင်လဲ၊ ကိုယ်ဘယ်နေရာနဲ့ သင့်တော်လဲဆိုတဲ့ အပေါ်မှာပဲ ဆုံးဖြတ်လိုက်တာပါ။ ပါတီက တာဝန် ပေးမယ်ဆိုရင်တော့ အခြားနေရာမှာ ပြန်တာဝန်ထမ်းဆောင် သွားဖို့တော့ ရှိပါတယ်” ဟု ဝန်ကြီး စောအောင်မြင့်ခိုင်က ပြော သည်။

ယခုလို ဝန်ကြီး စောအောင်မြင့်ခိုင် ရေးရာနေရာ ပြန်မဝင်တော့သည့်အတွက် မွန်ပြည်နယ် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနေရာကို ပေါင်မြို့နယ်သား ဒေါက်တာ စောသာစိန်က အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ်အတွင်းရှိ ကရင် အသိုင်းအဝိုင်းကဆိုသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာကို ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဝင်ပြိုင်ဖွယ်ရှိသည်ဟု သတင်းပေါ်ထွက်နေသော်လည်း ကေအိုင်စီက သီးခြားအတည်ပြုချက်မရရှိဖြစ်နေသည်။ လက်ရှိကရင်ပြည်နယ်ပြင်ပ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ၅ ဦးရှိပြီး ၎င်းတို့အားလုံးသည် NLD ပါတီဝင်များ ဖြစ်သည်။ http://kicnews.org/2020/06/%e1%80%9b%e1%80%94%e1%80%b9%e1%80%80%e1%80%

*************

၁၉။ သျှမ်းပြည်တွင်း နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၄ သောင်းကျော်ရှိ
June 12, 2020

သျှမ်းပြည်နယ်တွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သျှမ်းပြည်တွင်း ပြန်လည်ဝင်ရောက်လာသူ ၄ သောင်းကျော် ရှိပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ဖေဖော်ဝါရီ မှ စပြီး ဇွန် လ ထိ သျှမ်းပြည်တွင်းရှိ သက်ဆိုင်ရာ နယ်စပ်ဂိတ်မှာ တဆင့် ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်း (၄၂၉ ၉ ၅) ဦး ရှိပြီ ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။“သျှမ်းပြည်နယ်တစ်ခုလုံးမှာ Facility Quarantine (၅၁၇) နေရာ ပြုလုပ်ထားတယ်” ဟု လူမှုရေးဝနြ်ကီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် မူဆယ် ရွှေနန်းတော်ဂိတ်၊ လောက်ကိုင် ချင်းရွှေဟော်ဂိတ်၊ တာချီလိတ် တံတားအမှတ် (၂) နှင့် မြဝတီနယ်စပ်ဂိတ် တွေမှာ အသီးသီး ပြန်လည်ဝင်ရောက်လာကြသည်။ မူဆယ်ဂိတ်၊ လောက်ကိုင် ချင်းရွှေဟော်ဂိတ်မှပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့ အများစုဖြစ်ကြသည်။ “တခြားတိုင်းနဲ့ ပြည်နယ်က သူတွေဆိုရင်တော့ သက်ဆိုင်ရာ သျှမ်းမြောက်ဆိုရင်ကား နဲ့ လားရှိုး ကို ပို့တယ်။ လားရှိုးကနေတဆင့် ရထားနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ကို ပြန်ပို့ပေးတယ်”ဟု ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တွင်း ပြန်လည်ဝင်ရောက်လာသူ (၄၀ဝဝဝ) ကျော်သည် Quarantine ပြည့်ပြီး ပြန်သွားသူ ( ၃၀ဝဝဝ) ကျော်ရှိပြီး လက်ရှိချိန်ထိ Home Quarantine (၅၀ဝဝ) ကျော် နှင့် Facility Quarantine ( ၁၀ဝဝ) ကျော် ကျန်ရှိထားကြောင်း သိရ သည်။ https://burmese.shannews.org/archives/17082

*************

၂၀။ ထိုင်းပြည်တော်ပြန် ၇၀ဝ ကျော်အနက် ၄၄ ဦးကိုစစ်ဆေးရာ ပိုးမတွေ့
June 12, 2020

ကချင်ပြည်နယ်တွင် ဆိုက်ရောက်နေပြီဖြစ်သော ထိုင်းပြည်တော်ပြန် ၇၀ဝ ကျော်အနက် ပထမဆုံးအကြိမ် ၄၄ ယောက်ကို စစ်ဆေးခဲ့ရာ တစ်ဦးမျှပိုးမတွေ့ရသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ မေလ ကုန်ပိုင်းကစပြီး ကချင်ပြည်နယ်အစိုးရက ထိုင်းပြည်တော်ပြန်များကို စတင်လက်ခံခဲ့ရာ လက်ရှိတွင် စုစုပေါင်း ၇၂၆ ဦး ရှိနေ ပြီဖြစ်သည်။

“ထိုင်းကပြန်လာတဲ့သူတွေကို ဟိုမှာလည်းစစ်ခဲ့တာပေါ့။ ပြီးမှ ဒီကိုပို့တယ်။ ဒီမှာလည်းရောက်တော့လည်း ၂၁ ရက် ကွာရန်တင်း ထားတယ်။ ပြီးမှ ဆေးစစ်ဆေးမှုတွေပြုလုပ်တာပေါ့။ အဲ့ထဲမှာ အခု ပထမ စစ်တဲ့ထဲမှာ ၄၄ရောက်က ပိုးမတွေ့ ရဘူးပေါ့လေ” ဟု ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဒုညွန်ကြားရေးမှူး ဦးတင့်နိုင် က ပြောသည်။
ဇွန်လ ၁၂ ရက်နေ့တွင်လည်း ထိုင်းပြည်တော်ပြန် ၁၄၃ ဦး ပြန်လည်ရောက်ရှိလာမည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

မြစ်ကြီးနားမြို့အတွင်း ထိုင်းပြည်တော်ပြန်များကို ပညာရေးကောလိပ်ကျောင်း၊ သားဖွားသင်တန်းကျောင်းနှင့် ဟိန္ဒူဘုရား ကျောင်း စသောနေရာတွင်ထားရှိပြီး စုစုပေါင်း၂၅၄ဦးခန့်ရှိကြောင်း မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ထံမှ သိရသည်။ ကျန်ရှိသူများကို ၎င်းတို့သက်ဆိုင်သော မြို့နယ်အလိုက် ကွာရန်တင်းထားရှိနေကြောင်း သိရသည်။ https://b urmese.kachinnews.com/2020/06/12/return-from-thailand/

*************

၂၁။ တောင်ကြီးရောက် ထိုင်းနေရပ်ပြန် ၂၀ဝ ဓာတ်ခွဲ အဖြေ Negative ဖြစ်
June 15, 2020

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Facility Quarantine ဝင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀ဝ) ကျော် ၏ ဓါတ်ခွဲနမူနာ အားလုံး Negative ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနီးတစ်ဝိုက်မှာ Facility Quarantine (၁၀) ခု ထားရှိပြီး Facility Quarantine ၂ နေရာမှာ ဓါတ်ခွဲ နမူနာ အားလုံး Negative ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

“တောင်ကြီး ကွန်ဗျူတာ တက္ကသိုလ်နဲ့ ကမ္ဘောဇ ဿသနာ့ ဗိမာန် မှာ facility quarantine ဝင်ထားတဲ့သူ ဓါတ်ခွဲအဖြေတွေ အားလုံး Negative ဖြစ်တယ်လို့ ကျနော်တို့ ဒီနေ့မှ သိရပါတယ်”ဟု Facility Quarantine တွင် ဝင်ရောက် ကူညီပေးနေ သည့်စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။ ကွန်ဗျူတာ တက္ကသိုလ်တွင် Facility Quarantine ဝင်ထားသည့် သူ (၁၅၅) ဦး နှင့် ကမ္ဘောဇ ဿသနာ့ ဗိမာန် မှာ (၁၃၄) ဦး တို့၏ ဓါတ်ခွဲအဖြေအားလုံး Negative ဖြစ်ကြောင်း သိရသည်။ ထို Facility Quarantine ဝင်သူ ၂၀ဝ ကျော်သည့် ယနေ့ ကားစီစဉ်ပေးကာ သက်ဆိုင်ရာ မြို့နယ် များပြန်သွားမည် ဖြစ်ကြောင်း ကိုဝင်းနိုင်စိုး က ပြောသည်။“၂၅ ရက်နေ့ထိ နောက်ထပ် ဝင်ရောက်လာဖို့ ရှိတယ်လို့ သိရတယ်။ အားလုံးက မြဝတီ ဘက်က ဝင်လာမယ့်သူတွေပဲ” ဟု ကိုဝင်းနိုင်စိုး ကပြောသည်။

အဆိုပါ နေရပ်ပြန်များသည် တောင်ကြီးမြို့နယ်အတွင်း သတ်မှတ်ထားသည့် Facility Quarantine စခန်း ၁၀ ခုတွင် အသီး သီးရောက်ရှိပြီး ၅ ရက်မြောက်နေ့တွင် ဓါတ်ခွဲနမူနာ စတင်စစ်ဆေးကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။ https://burmese.shannews.org/archives/17108

*************

၂၂။ ရခိုင်ပြည်နယ်တွင် ဒေသမလုံခြုံမှုကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေဟု ဒုဝန်ကြီးပြော
June 15, 2020

ရခိုင်ပြည်နယ်အတွင်း ဒေသမလုံခြုံမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်နေသလို အကြမ်းဖက်အဖွဲ့ တွေကို ရိက္ခာထောက်ပံ့ပေးလို့ ဖမ်းဆီးအရေးယူခံရတဲ့ အုပ်ချုပ်ရေးမှူးတွေလည်းရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုဝန်ကြီးက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၅၈ ဦး နုတ်ထွက် ခဲ့ပြီး သူတို့နေရာကို ပြန်လည်ခန့်အပ်နိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ မိမိဆန္ဒသဘော အလျောက် နုတ်ထွက်သူတွေရှိသလို ဖမ်းဆီးအရေးယူခံထားရသူတွေလည်း ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုဝန်ကြီး ဦးတင်မြင့်က ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း အထိတောင်ခံရတယ်။ အဲဒါ ကြောင့်လည်း တချို့ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မလုပ်လိုဘူးဆိုပြီး ထွက်ကြတယ်။ အဲဒီထဲမှာ တချို့ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးကျတော့လည်း ဒီအကြမ်းဖက်အဖွဲ့အစည်းပါဆိုပြီး ကြေညာထားတဲ့အဖွဲ့ကို ရိက္ခာတွေပို့တယ်။ ငွေကြေးတွေ ထောက်ပံ့တယ်။ ဒါတွေဟာဖြစ်လာတော့ကြေညာပြီး ဥပဒေအရပြောပြီးတဲ့နောက် ဖြစ်လာတဲ့သူတွေကို တပ်မတော်ကနေပြီးတော့မှ ဒါတွေကို စုံစမ်းစစ်ဆေးတယ်။ ပြီးရင် ရဲတပ်ဖွဲ့ အပ်နှံပြီးတော့ အကြမ်းဖက်ဥပဒေနဲ့ပေါ့ အရေးယူ ဖို့ရာဆိုပြီး လုပ်ထားတာ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရသော်လည်းကောင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့ကတော့ ဒီအပေါ်မှာ ဥပဒေနဲ့အညီပဲ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီလို နုတ်ထွက်သွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေသလို နုတ်ထွက်သွားသူ တွေက ပြန်လည်တာဝန်ထမ်းဆောင်လိုပါကလည်း ဆောင်ရွက်ပေးဖို့ အသင့်ရှိနေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။ “အခုထွက်တယ်ဆိုတာ ကလည်း နယ်မြေဒေသ မလုံခြုံလို့၊ မအေးချမ်းလို့ ထွက်ရတာပါ။ သူ့စိတ်ဆန္ဒမူရင်းအရတော့ ထွက်ချင်လို့ထွက်တာ မဟုတ် ပါဘူး။ ဒါကြောင့်မို့လို့ အခုလိုမျိုး မအေးချမ်းတဲ့အချိန်မှာ ထွက်ကောင်းထွက်ပေမယ့် ဒေသလုံခြုံတယ်ဆိုရင် ရပ်ရွာအကျိုး အတွက် ဆောင်ရွက်ချင်တဲ့စိတ် အပြည့်ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့်မို့လို့ အခုလိုမျိုး မလုံခြုံလို့ထွက်တဲ့အပေါ်မှာ လည်း ကျနော်တို့ ဌာနအနေနဲ့ အပြစ်ရှိတဲ့သူတစ်ယောက်အနေနဲ့ မြင်တာ မရှိပါဘူး။ ဒါ့ကြောင့် ပြန်လည်တာဝန်ထမ်းဆောင် မယ်ဆိုရင်လည်း အချိန်မရွေး ပြန်လည်တာဝန်ထမ်းဆောင်ဖို့အတွက် စီမံဆောင် ရွက်ပေးဖို့ အသင့်ရှိပါတယ်”လို့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နယ်မြေဒေသ မလုံခြုံမှုကြောင့် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေပေမဲ့ အချိန်မီ ပြန်လည်ခန့်အပ် နိုင်ဖို့ ဆောင်ရွက်နေတာကြောင့် အရပ်ဘက် အုပ်ချုပ်ရေးနေရာမှာ စစ်အုပ်ချုပ်ရေးဝင်လာဖို့အထိ မဖြစ်နိုင်သေးဘူးလို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ http://burmese.dvb.no/archives/394366

**************

၂၃။ မဘိမ်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၄,ဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးများ ဖမ်းမိ
June 14, 2020

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်မှာ ငွေကျပ်သိန်း ၁၄,ဝဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ ခတ်ခုံကျေးရွာ-မိုမင်တန်သစ်ထုတ်လုပ်ရေးသွားလမ်း၊ သစ်ဖွဲ့ပင်ပြန့်ဆင်စခန်းရှိ အောင်ကျော်ကျော်ရဲ့ နေအိမ်တဲကို ရှာဖွေ ရာ ထွန်းကြိုင်အား အတူတွေ့ရှိရတယ်လို့ ဆိုပါတယ်။

နေအိမ်တဲထဲကနေ ကျပ်သိန်း ၁၄,၂၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁,ဝဝဝ ပြား သိမ်းဆည်းရမိခဲ့ပြီး အောင်ကျော် ကျော် နဲ့ ထွန်းကြိုင် တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/394125

*************

၂၄။ စစ်တွေဘဏ်မှ ငွေလုယက်မှုတွင် သံသယဖြင့် ဖမ်းဆီးထားသူတစ်ဦးကို ချုပ်ရမန်ယူစစ်ဆေးနေ
June 15, 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)မှ ငွေလုယက်မှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီး ခံထားသူတစ်ဦးကို မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူထားကြောင်း မိသားစုထံမှ သိရသည်။ ဇွန်လ ၁ဝ ရက်နေ့၊ ညနေ ၄ နာရီ ကျော်ခန့်က KBZ ဘဏ်ခွဲ(၂)ကို အမည်မသိမျက်နှာဖုံးစွပ် လူ(၄)ဦးက Hi Jet အဖြူရောင်ကားတစ်စီးဖြင့် လာရောက်ကာ ငွေများကိုလုယူခဲ့သဖြင့် ငွေကျပ်သိန်း ၁၈၀ဝ ကျော်ပါသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စ တွင် ကျူးလွန်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာတွင် သံသယရှိသူတစ်ဦးကို မော်တော်ယဉ်နှင့်အတူ ဖမ်းမိခဲ့ပြီး ကျန် ၃ ဦးမှာ ဘဏ်မှငွေများနှင့်အတူ ထွက်ပြေးနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးစစ်ဆေးခံနေရသူမှာ စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်မှ ကားအငှားမောင်းသူ စိုးမင်းထွန်းဆိုသူဖြစ်ပြီး ၎င်းကို ဇွန်လ(၁၁)ရက်နေ့က စစ်တွေမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်တင်တင်ဝင်းက DMG သို့ ပြောသည်။ “သူ့ကို ရမန်ယူထားတယ်။ ၂၅ ရက်နေ့ ရုံးချိန်းထားပါတယ်။ သူနဲ့ကျမတို့ တွေ့ခွင့်မရသေးပါဘူး။ အမှတ်(၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ထမင်းပိုရင်လည်း စခန်းအဝမှာ ထားခဲ့ရတယ်။ သူ့ဆီက စကားတွေကို ဘာမှမကြားရသေးဘူး။ ရမန် ယူတုန်းကလည်း သူနဲ့စကားမပြောလိုက်ရပါ ”ဟု ဒေါ်တင်တင်ဝင်းက ဆိုသည်။ အခင်းဖြစ်သည့်နေ့က ကိုစိုးမင်းထွန်းမှာ ကားမောင်းရန်ထွက်သွားပြီးနောက် ဖမ်းဆီးခံရသည်ဆိုသည့် သတင်းကိုသာ မိသားစုဝင်များက သိရှိထားပြီး မည်ကဲ့သို့ ဖြစ်သွားသည်ကို ကာယကံရှင်နှင့် မတွေ့ရသေးသဖြင့် သိရှိခြင်း မရှိသေးကြောင်း ဆိုသည်။

DMG မှ စစ်တွေအမှတ်(၁)ရဲစခန်းသို့ သွားရောက်ပြီး စခန်းမှူး ဒုရဲမှူးအောင်မြဦးအား တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းခဲ့သော် လည်း မအားသေးဟုသာ တုန့်ပြန်ခဲ့သည်။ ပြည်နယ်အစိုးရုံးများတည်ရှိရာ စစ်တွေမြို့တွင် ယခုကဲ့သို့ ဘဏ်မှငွေလုယူမှုများ ဖြစ်ပွားလာသည့်အပေါ် မြို့သူမြို့သားများက စိုးရိမ်မှုများဖြစ်ပေါ်နေကြသည်။“ဒီစစ်တွေမြို့ပေါ်မှာတောင် ဓားထိုးမှုတွေ၊ လုယက်မှုတွေ ဒီလောက်ဖြစ်နေတယ်။ အန်တီတို့အနေနဲ့ ဘာမှလုံခြုံမှုမရှိဘူး၊ တစ်နေ့ထက်တစ်နေ့ ဒေသခံတွေအကုန်လုံး စိုးရိမ်နေကြတယ်” ဟု စစ်တွေမြို့ခံ ဒေါ်ဖြူဖြူသန်းက ဆိုသည်။ https://www.bnionline.net/mm/news-73479

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

*** ပြီး ***

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button