တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 69 , October 30, 2020)

၁။ မဲ႐ုံပစၥည္းမ်ား သြားပို႔သည့္အဖြဲ႕ကို ၎တို႔ ပစ္ခတ္ေၾကာင္း RCSS ဝန္ခံ

၂။ ပလက္ဝရွိ ေက်း႐ြာအုပ္စု ၁၂ ခုတြင္ ေ႐ြးေကာက္ပြဲ က်င္းပခြင့္ျပဳရန္ KACC က ေ႐ြးေကာ္ထံ တင္ျပ

၃။ ေမယုျမစ္ထဲတြင္ ICRC ေထာက္ပံ့ေရး ေရယာဥ္ ပစ္ခတ္ခံရ၍ ၁ ဦးေသဆုံး

၄။ KNU လက္မွ ျပန္လြတ္လာသည့္ ေက်ာင္းအုပ္ဆရာႀကီးႏွင့္ ေမးျမန္းခ်က္

၅။ မယ္စဲ့ၿမိဳ႕နယ္တြင္ထားမည့္ မဲပုံးအလြတ္ ၃ ပုံး လုံၿခဳံေရးႀကိဳး ျပတ္ေတာက္၊ ေ႐ြးေကာ္က ပါတီမ်ားကို အသိေပး

၆။ ခ်င္းျပည္နယ္၏ ပထမဆုံးေလဆိပ္တြင္ ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲႏိုင္ရန္ အဆင္သင့္ ျဖစ္ေန

၇။ AA ဖမ္းသြားသည့္ ရေသ့ေတာင္ ၿမိဳ႕မိ ၿမိဳ႕ဖ ၂ ဦးအနက္မွ ၁ ဦးျပန္လြတ္လာ

၈။ ဟုမၼလင္းၿမိဳ႕နယ္ က်ားနီပါတီမဲဆြယ္စည္း႐ုံးေရးမွဴး ကို အစိုးရတပ္ကဖမ္းဆီး႐ိုက္ႏွက္

၉။ ဦးအယ္လ္ေဖာင္းရႈိ စြပ္စြဲျပစ္တင္ခံရမႈ အေျခခံ ဥပေဒခုံ႐ုံး ဘယ္လို ဆုံးျဖတ္သလဲ

၁၀။ ရခိုင္ၿမိဳ႕နယ္ ၄ ခုတြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး တင္ျပရန္ ျပည္နယ္ေ႐ြးေကာ္ႏွင့္ ႏိုင္ငံေရးပါတီတို႔ သေဘာတူ

၁၁။ မြန္+ကရင္ ပူးတြဲအုပ္ခ်ဳပ္သည့္ ေတာင္ေပါက္ေဒသကုိ မဲဆြယ္ခြင့္ျပဳၿပီဟု မြန္ျပည္သစ္ပါတီထုတ္ျပန္

၁၂။ လက္နက္ကိုင္ႏွစ္ဖဲြ႔၏ ဂိမ္းႏွင့္ ေလာင္းကစား႐ုံအခ်ဳိ႕ ဖယ္ရွားရန္ အစိုးရ ကန္႔ကြက္အေၾကာင္းၾကား

၁၃။ မုဒုံၿမိဳ႕တြင္ မြန္ညီၫြတ္ေရးပါတီ အင္အားျပယာဥ္ေပၚမွ အမ်ိဳးသမီးသုံးဦး ျပဳတ္က်

၁၄။ ေခါင္လံဖူးၿမိဳ႕တြင္ မဲ႐ုံတာဝန္က်သည့္ ပညာေရးဝန္ထမ္းမ်ားကို လိုက္ပို႔ေသာ ယာဥ္အစီးသုံးဆယ္ လမ္းေျမၿပိဳမႈ ေၾကာင့္ ကိုးရက္ၾကာ ပိတ္မိေနၿပီး ဆရာ၊ ဆရာမမ်ား ေျခလ်င္ခရီးဆက္ခဲ့ရ

၁၅။ နမၼတူျမစ္ေပၚတြင္ တည္ေဆာက္ထားသည့္ ေရကာတာ ရပ္တန႔္ေပးရန္ ေဒၚေအာင္ဆန္းစုၾကည္ထံစာပို႔

၁၆။ ဖားကန႔္ ေတာင္ၿပိဳေက်း႐ြာကို ေလာဒ့္ေဒါင္း မျဖဳတ္ေသး

၁၇။ ဧရာဝတီတြင္ ကရင္ပါတီမ်ားကို ဝန္းရံအင္အားျပပြဲမ်ား ဆက္တိုက္ျပဳလုပ္

၁၈။ ေမာ္လၿမိဳင္ၿမိဳ႕၌ ဆိုင္ခန္းငွားရေသာေဈးသည္မ်ား ပိုမိုၾကပ္တည္းလာ

၁၉။ ဝိုင္းေမာ္တြင္ ႀကိဳတင္မဲေပး၊ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးစည္းကမ္းလိုက္နာမႈ အားနည္း

၂၀။ ကိုဗစ္ကာလ ပါတီမ်ားမွ လူစုလူေဝးျဖင့္ အင္အားျပမဲဆြယ္သည့္အေပၚ ေတာင္ႀကီးေဒသခံမ်ားေဝဖန္

၂၁။ လမ္းခ်ဲ႕လို႔ ေျမၿပိဳမႈမ်ားလာၿပီး တီးတိန္ေဒသခံေတြ အခက္ေတြ႕

၂၂။ လြိဳင္ေကာ္ၿမိဳ႕နယ္ ၀ါရီေကာခူေက်း႐ြာရွိ ယာယီကုန္တင္ယာဥ္ရပ္နားစခန္းကို လာေရာက္ညႇိႏႈိင္းေျပာင္းေ႐ႊ႕ေပးရန္ ႏွင့္ မေျဖရွင္းပါက ေက်း႐ြာလူထုက ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္

၂၃။ ဖားအံၿမိဳ႕ သရက္ေတာေက်ာင္းတိုက္တြင္ သံဃာေတာ္မ်ား Covid ကူးစက္မႈမ်ားလာ

၂၄။ တိုင္းရင္းသားပါတီမ်ား ပူးေပါင္း၍ ၫြန႔္ေပါင္းအစိုးရဖြဲ႕ႏိုင္က အေျပာင္းအလဲ လုပ္ႏိုင္မည္

၂၅။ ရခိုင္တြင္ လူ႔အခြင့္ေရး ခ်ိဳးေဖာက္ခံရမႈမ်ားနဲ႔ပတ္သက္ၿပီး ဂ်ပန္တြင္ ဆႏၵေဖာ္ထုတ္

၂၆။ ႏိုင္ငံေရးပါတီမ်ား မဲဆြယ္စည္း႐ုံးရာတြင္ လူ ၅၀ ထက္ပိုပါက ယေန႔မွစ၍ ရဲတပ္ဖြဲ႕က ရာဇဝတ္က်င့္ထုံးႏွင့္အညီ လူစုခြဲအေရးယူမည္

၂၇။ လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္ ျမန္မာကို ICJ တရား႐ုံးတြင္ တရားစြဲဆိုမႈအတြက္ အခ်က္အလက္မ်ား ေပးအပ္ေနၿပီဟု ကုလသမဂၢ IIMM ထုတ္ျပန္

**************

၁။ မဲ႐ုံပစၥည္းမ်ား သြားပို႔သည့္အဖြဲ႕ကို ၎တို႔ ပစ္ခတ္ေၾကာင္း RCSS ဝန္ခံ
28 October 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း လင္းေခးခ႐ိုင္ မိုင္းပန္ၿမိဳ႕နယ္အတြင္း ေ႐ြးေကာက္ပြဲအတြက္ မဲ႐ုံပစၥည္းမ်ား သြားပို႔သည့္ အုပ္ခ်ဳပ္ ေရးမွဴးႏွင့္ အဖြဲ႕ကို ပစ္ခတ္လိုက္ေၾကာင္း ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) က ဧရာဝတီကို ေျပာသည္။ RCSS ၏ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉးႀကီး စိုင္းအုဏ္ေခးက “သူတို႔လည္း သြားလာမယ္ဆိုတဲ့အေၾကာင္း ဆက္ဆံေရး႐ုံး မွာ အေၾကာင္းၾကားတယ္။ အေၾကာင္းၾကားတာနဲ႔ ဆက္ဆံေရး႐ုံးကလည္း ေရွ႕တန္းတပ္နယ္မွဴးေတြနဲ႔ ေရွ႕တန္းစစ္မ်က္ ႏွာျပင္ ကို အဆက္အသြယ္ အခ်ိန္မီမလုပ္ႏိုင္ခင္ သူတို႔က အသြားအလာေစာသြားေတာ့ ၾကားထဲက ဟသြားတဲ့သေဘာပါ။ စစ္မ်က္ႏွာျပင္က မၾကားမသိလိုက္ရဘဲ လမ္းျဖတ္ကူးလာေတာ့ လမ္းလုံၿခဳံေရးအဖြဲ႕က ကား႐ုတ္တရတ္ ေပၚလာေတာ့ လန႔္ၿပီး ပစ္ထည့္မိတာပါ”ဟု ေျပာသည္။ ပစ္ခတ္လိုက္သည့္ နယ္ေျမမွာ တပ္မေတာ္ႏွင့္ စစ္ေရးတင္းမာေနသည့္ အေျခ အေန မဟုတ္ေသာ္လည္း အလုံးစုံၿငိမ္းခ်မ္းသည့္ နယ္ေျမမဟုတ္သျဖင့္ ေရွ႕တန္းစစ္မ်က္ႏွာျပင္အျဖစ္ထားရွိၿပီး အသင့္ အေနအထားျဖင့္ ေနရသည့္ ေနရာ ျဖစ္ သည္ ဟု ၎က ဆိုသည္။

ပစ္ခတ္ခံရသူမ်ားမွာ လင္းေခးခ႐ိုင္မွ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ႐ုံးအဖြဲ႕ဝင္မ်ား ျဖစ္ၿပီး ၎တို႔သည္ ေအာက္တိုဘာ ၂၇ ရက္ က မိုင္းပန္ၿမိဳ႕နယ္သို႔ မဲ႐ုံပစၥည္းမ်ားသြားပို႔ၿပီး အျပန္တြင္ပစ္ခတ္ခံရျခင္း ျဖစ္သည္။ ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ခ႐ိုင္အုပ္ခ်ဳပ္ ေရးမွဴးႏွင့္ စာေရးတဦး က်ည္ဆန္မ်ား ထိမွန္ၿပီး လက္ရွိတြင္ ေတာင္ႀကီးၿမိဳ႕၊ စဝ္စံ ထြန္းေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရသည္။ မဲ႐ုံပစၥည္း သြားပို႔ရာတြင္ ကား ၂ စီး၊ လူ ၁၃ ဦးျဖင့္ သြားေသာ္လည္း ပစ္ခတ္ခံရခ်ိန္တြင္ ခ႐ိုင္အုပ္ခ်ဳပ္ ေရးမွဴး ႏွင့္ စာေရးတဦး ထိခိုက္ၿပီး က်န္အဖြဲ႕ဝင္မ်ားမွာ ထိခိုက္မႈ မရွိေၾကာင္း သိရသည္။ ဒုဗိုလ္မွဴးႀကီး စိုင္းအုဏ္ေခးက “ျဖစ္သြားတဲ့ကိစၥက ဗဟိုအထက္က ရည္႐ြယ္ခ်က္ရွိရွိနဲ႔လုပ္တဲ့ ကိစၥမ်ိဳး မဟုတ္ဘူးဆိုေတာ့ ဘယ္လိုပဲေျပာေျပာ ႏွစ္ဖက္လုံး ေတာ့ ႁခြင္းခ်က္ေတာ့ ရွိပါတယ္။ အမွားရွိပါတယ္ဆိုၿပီး ကိုယ့္လူကိုလည္း စည္းကမ္းရွိတဲ့အတိုင္း အေရးယူသြားမယ္လို႔ အစီအစဥ္ ရွိပါတယ္” ဟု ေျပာသည္။

မိုင္းပန္ၿမိဳ႕နယ္၏ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) မွ ကိုယ္စားလွယ္ေလာင္း ဦးစိုင္းေက်ာ္ခိုင္က ၎တို႔ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္း႐ုံးေရး ဆင္းရာတြင္ မိုင္းပန္ၿမိဳ႕နယ္အတြင္း ႏိုင္ငံေရးပါတီ ေပါင္းစုံမွ သြားလာေနေသာ္လည္း ျပႆနာ တစုံတရာ ႀကဳံရျခင္း၊ လာေမးျမန္းျခင္း၊ စည္း႐ုံးေရးဆင္းသည္ကို လာနားေထာင္ျခင္းမ်ား တႀကိမ္မွ မႀကဳံဖူးပါဟု ေျပာဆိုသည္။ ပစ္ခတ္မႈ ျဖစ္သြားသည့္ မိုင္းပန္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ တပ္မေတာ္လက္ေအာက္ခံ ျပည္သူ႔စစ္ တပ္ဖြဲ႕မ်ားအျပင္ RCSS ႏွင့္ NCA လက္မွတ္ထိုး ထားသည့္ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PNLO) တို႔လည္း လႈပ္ရွား သည္။ ထိုအေျခအေနမ်ားေၾကာင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က မိုင္းကိုင္ၿမိဳ႕နယ္ကို လြတ္လပ္ၿပီးတရားမွ်တမႈရွိေသာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္ အေျခအေနမရွိဟုဆိုကာ ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ မိုင္းကိုင္ကို ထည့္သြင္း က်င္းပ ေတာ့မည္ မဟုတ္ေၾကာင္း ေၾကညာထားသည္ ။ https://burma.irrawaddy.com/news/2020/10/28/232 431.html

***************

၂။ ပလက္ဝရွိ ေက်း႐ြာအုပ္စု ၁၂ ခုတြင္ ေ႐ြးေကာက္ပြဲ က်င္းပခြင့္ျပဳရန္ KACC က ေ႐ြးေကာ္ထံ တင္ျပ
28 October 2020

လာမည့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြ ေ႐ြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ရွိ ၿမိဳ႕ေပၚရပ္ကြက္မ်ား အပါ အဝင္ ေက်း႐ြာအုပ္စု ၁၀၂ အုပ္စုအနက္ ၉၄ ခုကို မဲဆႏၵနယ္ေျမအျဖစ္မွ ဖ်က္သိမ္းေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေအာက္တိုဘာလ ၂၇ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေအာက္တို ဘာလ ၁၆ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ ေသာ မဲဆႏၵနယ္မ်ားကို ထုတ္ျပန္ခဲ့ရာ တပ္မေတာ္ ႏွင့္ ရခိုင့္တပ္ AA တို႔ တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး စစ္ေဘးေရွာင္စခန္းမ်ား လည္း ရွိေနသည့္ ပလက္ဝၿမိဳ႕နယ္ကို ထည့္သြင္းထားသျဖင့္ ေဝဖန္မႈမ်ား ထြက္ေပၚလာၿပီးေနာက္ ပလက္ဝၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္စု ၉၄ အုပ္စုကို လုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ ယခုကဲ့သို႔ ေ႐ြးေကာက္ပြဲ ဖ်က္သိမ္းလိုက္ျခင္းလည္း ျဖစ္သည္။

ဖ်က္သိမ္းလိုက္ေသာ ေက်း႐ြာအုပ္စု ၉၄ အုပ္စုအနက္ အနည္းဆုံး ေက်း႐ြာအုပ္စု ၁၂ ခုတြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေျခ ရွိသည့္အတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ထုတ္ျပန္ခ်က္ကို ျပန္လည္ ျပင္ဆင္ေပးရန္ ခူမီးခ်င္း မ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ ညႇိႏႈိင္းေရးေကာင္စီ (KACC) က ျပည္ေထာင္စု အစိုးရႏွင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ ေအာက္တိုဘာလ ၂၈ ရက္ေန႔တြင္ စာပို႔ တင္ျပထားေၾကာင္း KACC ေျပာေရးဆိုခြင့္ရွိသူ မိုင္နန္းေဝက ေျပာသည္။“ကပ္ၿပီးမွ ျဖဳတ္လိုက္တာ ေတာ့ေတာ္ေတာ္ေလးအဆင္မေျပဘူးေပါ့ေလ။ ပထမက်င္းပခြင့္က်လာၿပီဆို႔ေတာ့ လူထုကေတာ့ ျပင္ဆင္ေနၾကၿပီေပါ့ေနာ္။ တိုက္ပြဲကလည္း ျပင္းထန္ေနတဲ့ ေဒသဆိုေတာ့ အစကတည္းက ေ႐ြးေကာက္ပြဲ မလုပ္ရမွာကို စိုးရိမ္ေနၾကတာ။ အခက္ အခဲၾကားထဲက ပါလာေတာ့ ေမွ်ာ္လင့္တာေပါ့ေလ။ နီးမွပဲ ကပ္ျဖဳတ္လိုက္ေတာ့ အကုန္လုံးအတြက္ ရလဒ္ေကာင္းေတာ့ မဟုတ္ေတာ့ဘူးေပါ့။ နစ္နာဆုံးကေတာ့ လူထုေပါ့ေလ။ သူတို႔ေ႐ြးခ်ယ္ခ်င္တဲ့ အမတ္ေလာင္းေတြ ရွိမယ္။ မဲေပးခြင့္မရဘဲ ႏိုင္ငံသားတစ္ေယာက္ရဲ႕ အခြင့္အေရး ဆုံးရႈံးတာကေတာ့ ေတာ္ေတာ္ေလး ထိခိုက္တာေပါ့”ဟု မိုင္နန္းေဝက ေျပာသည္။

ပလက္ဝၿမိဳ႕နယ္၌ ၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီက ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ေျမ တစ္ေနရာႏွင့္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ေျမ တစ္ေနရာ အႏိုင္ရရွိခဲ့ၿပီး ခ်င္းတိုးတက္ေရးပါတီက ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ေျမ တစ္ေနရာ အႏိုင္ရရွိခဲ့သည္။ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္သည္ ရခိုင္ျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ကာ ေရလမ္းခရီးကို အားထားေနရသည့္ ေဒသတစ္ခုျဖစ္ၿပီး တပ္မေတာ္ႏွင့္ ရခိုင့္တပ္ AA တို႔ တိုက္ပြဲ ျဖစ္ပြားေနသည့္ ေဒတစ္ခုလည္းျဖစ္ကာ စစ္ေဘးေရွာင္စခန္းမ်ားလည္း ရွိေနသည္။ http://www.mizzimaburmese.co m/article/ 74986

**************

၃။ ေမယုျမစ္ထဲတြင္ ICRC ေထာက္ပံ့ေရး ေရယာဥ္ ပစ္ခတ္ခံရ၍ ၁ ဦးေသဆုံး
28 October 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ ျပင္ဝန္းေက်း႐ြာအနီး ေမယုျမစ္ထဲတြင္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC ) ၏ ေထာက္ပံ့ေရး ပစၥည္မ်ားကို တင္ေဆာင္သည့္ စက္ေလွတစီးမွာ ေအာက္တိုဘာလ ၂၈ ရက္ေန႔ မြန္းလြဲပိုင္းက တပ္မေတာ္က ပစ္ခတ္လိုက္သည့္အတြက္ မီးေလာင္ကာ စက္ေလွသမား တဦးေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္း ရရွိသည္။

အဆိုပါ စက္ေလွသည္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္စခန္းမ်ားကို ေထာက္ပံ့မည့္ ICRC ေထာက္ပံ့ေရး ပစၥည္းမ်ားကို တင္ေဆာင္ကာ ယေန႔ မနက္ပိုင္း က စစ္ေတြၿမိဳ႕မွေန ထြက္ခြာခဲ့ရာတြင္ ျပင္ဝန္းေက်း႐ြာႏွင့္ ကံျပင္ ေက်း႐ြာ ၾကား ေမယုျမစ္ထဲတြင္ ထိုသို႔ ပစ္ခတ္ခံရျခင္း ျဖစ္ေၾကာင္း ပစ္ခံရသည့္ ဒဏ္ရာရရွိခဲ့သူ ဦးေမာင္သန္းေဝက ေျပာသည္။ ဦးေမာင္သန္းေဝက “က်ေနာ္တို႔က အိုင္စီအာစီ ပစၥည္းေတြကို သြားပို႔တာပါ။ အစိုးရ ခြင့္ျပဳခ်က္စာေတြလည္း ပါပါတယ္။ အဲဒီလိုသြားရင္း ျပင္ဝန္းေက်း႐ြာအနီးမွာ တပ္မေတာ္ ေရယာဥ္က အထက္က ဆင္းလာပါတယ္။ က်ေနာ္တို႔ကလည္း သူတို႔နဲ႔ ေတြ႕ေတာ့ ေျဖးေျဖးေမာင္းပါတယ္။ အဲဒီအခ်ိန္ ဘာမွန္းမသိ လွမ္းပစ္ပါတယ္။ သူတို႔ဆီ လွမ္းကပ္မယ္လုပ္ေတာ့ လည္း အကပ္မခံဘူး ။ ေတာက္ေလွ်ာက္ ပစ္ပါတယ္။ က်ေနာ္တို႔ ေရထဲကို ခုန္ဆင္းတဲ့အခ်ိန္ စစ္သားေတြ စက္ေလွေပၚ တက္ၿပီး ဓါတ္ဆီး ေလာင္းၿပီး စက္ေလွကိုပါ မီးရႈိ႕သြားပါတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

အဆိုပါေရယာဥ္မွာ လုံၿခဳံေရးအရ စစ္ေဆးရန္ တပ္မေတာ္ေရက တားဆီးစဥ္ ထြက္ေျပးသျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္ သတင္းျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က ဧရာဝတီသို႔ ေျပာသည္။ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က “ICRC ရိကၡာေတြ ပို႔ဖို႔ ငွားထားတဲ့ ေရယာဥ္ပဲ ICRC အပိုင္မဟုတ္ဘူး။ အဲဒီသေဘၤာကို Navy ကေနတား တယ္။ မရပ္ဘူး။ ေမာင္းေျပးတယ္လို႔ သိရတယ္။ စိစစ္စဲသတင္းအရ အဲဒီသေဘၤာေပၚကလည္း ျပန္ၿပီးပစ္တယ္လို႔သိရ တယ္။ Navy က ဘာလို႔တားတာလဲဆိုေတာ့ တရားမဝင္ လက္နက္ခဲယမ္းေတြ မပါေအာင္ တားစစ္တာပဲ”ဟု ေျပာသည္။ လက္ရွိအခ်ိန္တြင္ အဆိုပါ စက္ေလွတြင္ လိုက္ပါလာသူ ၄ ဦးအနက္ ၁ ဦးမွာ စက္ေလွေပၚတြင္ ေသဆုံးသြားခဲ့ၿပီး ဒဏ္ရာ ျပင္းထန္သူ ၂ ဦးကိုေတာ့ ေစတီျပင္ တိုက္နယ္ေဆး႐ုံမွေန စစ္ေတြ ေဆး႐ုံသို႔ ယူေဆာင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။ https://burma.irrawaddy.com/news/2020/10/28/232445.html

*************

၄။ KNU လက္မွ ျပန္လြတ္လာသည့္ ေက်ာင္းအုပ္ဆရာႀကီးႏွင့္ ေမးျမန္းခ်က္
28 October 2020

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္ မေထာ႐ြာမွ မူလတန္းေက်ာင္းအုပ္ျဖစ္သူ ဦးျမင့္ေဇာ္ကို ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) ဘက္က အဓမၼ ဖမ္းဆီးသြားၿပီး သားျဖစ္သူအား ၎တို႔ထံတြင္ စစ္မႈထမ္းရန္ ကိစၥႏွင့္ ဦးျမင့္ေဇာ္ကို လဲလွယ္ႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေအာက္တိုဘာလ ၂၆ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ သည္။ ဖာပြန္ခ႐ိုင္ အေျခစိုက္ (KNU) တပ္မဟာ (၅) မွ တာဝန္ရွိသူမ်ားကမူ ဦးျမင့္ေဇာ္ကို အဓမၼ ဖမ္းဆီးခဲ့ျခင္း မရွိဘဲ ၎၏ သားျဖစ္သူ စစ္မႈထမ္းႏိုင္ေရးကိစၥ ေျပာဆိုရန္ ေခၚယူေဆြးေႏြးခဲ့ျခင္း ျဖစ္ေၾကာင္း ကရင္ျပည္နယ္ အေျခစိုက္ သတင္း ဌာနမ်ားသို႔ ေျပာၾကားထားသည္။ ထို႔ေနာက္တြင္ ဦးျမင့္ေဇာ္ကိုလည္း ျပန္လႊတ္ေပး လိုက္သည္။

ေမး ။ ။ KNU ဘက္က ဖမ္းသြားတယ္လို႔ၾကားတယ္။ ဆရာ ဘယ္လိုအဖမ္းခံရတာလဲဆိုတာ ေျပာျပ ေပးပါအုံး။

ေျဖ ။ ။ သူတို႔က စိတ္ေကာက္တဲ့သေဘာေပါ့။ က်ေနာ့္ကို မွာတယ္။ ေအာက္တိုဘာ ၁၃ ရက္ေန႔က။ က်ေနာ္ကို ေခၚၿပီး ေတြ႕ဆုံတယ္။ သူတို႔ရဲ႕ ၁၀၂ ႐ုံးမွာေပါ့။ ေတြ႕ဆုံၿပီး စကားေတြေျပာတာေပါ့ ေျပာၿပီးေတာ့။ သူတို႔ပဲ ေျပာတာ မ်ားပါတယ္။ ကိုယ္ေတြက ဘာမွ ေျပာပိုင္ခြင့္ သိပ္မရွိဘူး။ ေနာက္ဆုံးေတာ့လည္း က်ေနာ္ ျပန္ေတာ့ မယ္ဆိုေတာ့ သူတို႔က ခဏေနဦး၊ ခဏေစာင့္ဆိုၿပီး စာတေစာင္ထုတ္တယ္။ အဲဒီစာကို က်ေနာ့္ကို ေပးလိုက္ တယ္ေပါ့။ စာကေတာ့ က်ေနာ့္သား အႀကီး ေကာင္ ၁၀ တန္းေအာင္တေယာက္ကို ေအာက္တိုဘာ ၂၂ ရက္ေန႔ က်ရင္ ေခၚလာၿပီး သူတို႔ဆီလာအပ္ဖို႔ေပါ့။ အဲဒီလိုစာ ၁ ေစာင္ေပးလိုက္တယ္။ ၿပီးေတာ့ က်ေနာ္ျပန္လာတယ္။ ၂၁ ရက္ေန႔က်ေတာ့ က်ေနာ္ သူတို႔ဆီကို သတင္းသြားပို႔တယ္။ ကေလး မလာ ဘူးေပါ့။ ေခၚလို႔မရဘူးေပါ့။ အဲဒီလိုေျပာလိုက္တယ္။ အဲဒီအခါက်ေတာ့ ကေလးမလႊတ္ဘူး ဆိုေတာ့လည္း ေနခဲ့ရမယ္တဲ့ သူတို႔က ေျပာတယ္။ မိဘကို ခ်ဳပ္မယ္ဆိုတဲ့ သေဘာေပါ့။ အဲဒီလိုနဲ႔ က်ေနာ့္ကို သူတို႔တပ္ရင္းကို ေခၚသြား လိုက္တယ္။

ေမး ။ ။ တပ္ရင္းက ဘယ္ေနရာလဲ။

က်ေနာ္တို႔႐ြာနဲ႔ဆိုရင္ ဆိုင္ကယ္စီးရင္ ၂ နာရီေလာက္ စီးရတယ္။ သူက ေတာင္ေက်ာ္ ၿပီးေတာ့ ဟိုဘက္အေနာက္ဘက္ကို ေရာက္သြားတာေပါ့။ က်ေနာ့္ကို ထားတာေတာ့ ေအးေဆးပါပဲ။ သူတို႔ ဘာမွ မလုပ္ခိုင္းပါဘူး။ အိပ္လိုက္၊ စားလိုက္နဲ႔ေပါ့။ ေနာက္ ၂၄ ရက္ေလာက္က်ေတာ့ ဂိတ္ ၁ ဂိတ္မွာ သြားေစာင့္ေပးပါဆိုၿပီး ပို႔လိုက္တယ္။ ၁ ညေပါ့။ ေနာက္ မိုးလင္းလာေတာ့ သူတို႔ျပန္ခ်ိတ္တယ္။ ေက်ာင္းအုပ္တေယာက္ေပါ့။ မေထာ႐ြာကေပါ့။ ျပန္ပို႔ေပးပါေပါ့။ သူတို႔ လာႀကိဳတယ္။ က်ေနာ့္ကို ႀကိဳၿပီးေတာ့ ဘာေျပာသလဲဆိုေတာ့ အခုက မဲကိစၥအေရးႀကီးတယ္။ အဲဒါ နင္ျပန္ရ မယ္ေပါ့။ အဲဒီေတာ့ က်ေနာ္လည္းျပန္ဆိုေတာ့လည္း ျပန္မယ္ေပါ့။ မဲ႐ုံကိစၥဘာညာၿပီးေတာ့မွပဲ ျပန္ေဆြးေႏြးၾကတာေပါ့တဲ့။ အဲဒီလိုမ်ိဳး က်ေနာ့္ကို သူတို႔ျပန္ ေျပာတယ္။ အဲဒီလိုနဲ႔ က်ေနာ္ျပန္လာလိုက္တာ။ ေအာက္တိုဘာ ၂၆ ရက္ေန႔ ညေန ၅ နာရီမွာ ျပန္ေရာက္တာပါ။

ေမး ။ ။ အခုလို KNU ဘက္က ယာယီထိန္းသိမ္းျခင္း ခံရၿပီး ျပန္လြတ္လာတဲ့အေပၚမွာ ဘာေျပာခ်င္လဲ။ ဆရာ့ ခံစားခ်က္ ဘယ္လိုရွိလဲ။

ခံစားခ်က္ကေတာ့ စိတ္ေတာ့ ဘယ္ေကာင္းမလဲဗ်ာ။ ကိုယ္လည္း ဝန္ထမ္းတေယာက္ပဲ။ မျဖစ္ေစခ်င္ဘူးေပါ့။ ဒါေလးေတြ။ သူတို႔အေနနဲ႔ က်ေနာ္တို႔ ဝန္ထမ္းမိသားစုေတြကိုလည္း အတတ္ႏိုင္ဆုံး ကေလးေတြကို စစ္မႈထမ္း ဖို႔ ေကာက္တဲ့ အထဲမပါဖို႔ ျဖစ္ေစခ်င္တယ္ေပါ့။ က်ေနာ္က အဲဒီ႐ြာမွာ တာဝန္ထမ္းေဆာင္ေနတာလည္းၾကာၿပီ ၁၉၉၉ ခုႏွစ္ကတည္းကေပါ့။ မိသားစု လည္း အဲဒီမွာပဲေနတာ။ အခုကေတာ့ ျပန္ေလွ်ာ့လိုက္တဲ့ သေဘာလား။ ဘာလားေတာ့မသိဘူး။ ဒီေန႔ေတာ့ သူတို႔ဘက္က ဒီည တေခါက္ေတြ႕ဖို႔ ေခၚထားေသးတယ္။ ေခၚထားတယ္ ဆိုတာက က်ေနာ့္မိသားစုေရာေပါ့။ က်ေနာ့္ ညီအကို ေမာင္ႏွမ ေတြ ေရာေပါ့။ ၄ နာရီေလာက္မွာ ခ်ိန္းထားတာ ရွိေသးတယ္။ ဘာထပ္ေျပာမယ္ေတာ့ မသိေသးဘူး။ က်ေနာ္ထင္ တာေတာ့ အခုအစိုးရဘက္ကလည္း စာေတြတင္၊ သတင္းေတြလည္း ပ်ံ႕ေနေတာ့ ေျဖေလွ်ာ့ေပး လိုက္တဲ့ သေဘာလား။ ဒါမွမဟုတ္ အခုက က်ေနာ့္သား အငယ္ေကာင္ ၁ ေယာက္ေတာ့ ရွိေသးတယ္။ သူ႔ကို ေတာင္းဖို႔ ေခၚေျပာတာလား။ လက္မွတ္ေတြ ဘာေတြ ေခၚထိုးခိုင္းမွာလား။ ေတြးေနရတယ္။ က်ေနာ့္စိတ္ထင္ ေပါ့။ ေလာေလာဆယ္ေတာ့ သူတို႔ကေခၚထားတာဆိုေတာ့ ညဘက္ေလာက္မွ အေျဖသိရမယ္။ သူတို႔နဲ႔ သြားေတြ႕ရဦးမယ္။ https://burma.irrawaddy.com/opinion/interview/ 2020/10/28/23 2440.html

**************

၅။ မယ္စဲ့ၿမိဳ႕နယ္တြင္ထားမည့္ မဲပုံးအလြတ္ ၃ ပုံး လုံၿခဳံေရးႀကိဳး ျပတ္ေတာက္၊ ေ႐ြးေကာ္က ပါတီမ်ားကို အသိေပး
27 October 2020

ကယားျပည္နယ္၊ ေဘာ္လခဲခ႐ိုင္၊ မယ္စဲ့ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲရက္၌ ထားရွိမည့္ မဲပုံးသုံးပုံး၏ လုံၿခဳံေရး ခ်ိတ္ပိတ္ ႀကိဳးမ်ား ေအာက္တိုဘာ ၂၆ ရက္ေန႔က ျပတ္ေတာက္မႈ ျဖစ္ပြားခဲ့သျဖင့္ ယင္းၿမိဳ႕နယ္မွ ဝင္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီမ်ားကို ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံး၌ ေခၚယူအသိေပးခဲ့ေၾကာင္း သိရသည္။

ေအာက္တိုဘာ ၂၆ ရက္တြင္ပင္ မယ္စဲ့ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးတြင္ ေတြ႕ဆုံ အသိေပးခဲ့ေၾကာင္း၊ လုံၿခဳံေရးခ်ိတ္ပိတ္ႀကိဳးမ်ား ျပတ္ေတာက္မႈ ျဖစ္ပြားခဲ့ျခင္းဟု ေျပာေၾကာင္း ကယန္း အမ်ိဳးသားပါတီ (KNP) ဥကၠ႒ ခြန္းဘီထူး (ခ) လြီးစီၿငိမ္းက မဇၩိမကို ေျပာသည္။“ျပန္ခ်ည္တယ္ဆိုတဲ့ အေၾကာင္း အသိေပးတာေပါ့ေနာ္။ မဲပုံးမွာ ခက္တာက ျပန္ခ်ည္ တဲ့ပုံက၊ ဘယ္လို ေခၚမလဲ၊ ျပန္ေဖာက္လို႔လြယ္တဲ့ ပုံစံမ်ိဳး ျဖစ္ေနေတာ့ တျခားပါတီက နည္းနည္း ကန႔္ကြက္တာ ပါတယ္”ဟု ခြန္းဘီထူးက ေျပာသည္။ ေ႐ြးေကာက္ပြဲေန႔ မဲထည့္ရာတြင္ သုံးမည့္ မဲပုံးသုံးပုံး၏ လုံၿခဳံေရးႀကိဳးမ်ား ျပတ္ေတာက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရၿပီး ထိုေန႔ ေအာက္တိုဘာလ ၂၆ ရက္ မြန္းတည့္ ၁၂ နာရီတြင္ ေကာ္မရွင္ အဖြဲ႕ခြဲ႐ုံး၌ အစားထိုး၍ ထပ္မံ ခ်ိတ္ပိတ္ ေဆာင္႐ြက္ခဲ့ေၾကာင္း ကယားျပည္နယ္ရွိ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္၏ Facebook လူမႈကြန္ရက္ စာမ်က္ႏွာတြင္လည္း ေဖာ္ျပထားသည္။

မယ္စဲ့ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ ယွဥ္ၿပိဳင္မည့္သူမ်ားအနက္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီ ကိုယ္စားျပဳ၍ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိသည္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၂) ၌ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး KNP ပါတီ ဥကၠ႒ ခြန္းဘီထူးက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ပါဝင္ယွဥ္ၿပိဳင္မည္ ျဖစ္သည္။ ထို႔အျပင္ မယ္စဲ့ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္တြင္ KNP ၊ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP) တို႔အျပင္ ရွမ္းတိုင္းရင္သားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ၊ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ၊ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီ၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီတို႔ႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းတခ်ိဳ႕လည္း ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္ေၾကာင္း သိရသည္။ မယ္စဲ့ၿမိဳ႕နယ္သည္ ထိုင္းႏိုင္ငံ၊ မယ္ေဟာင္ေဆာင္ ခ႐ိုင္ႏွင့္ နယ္စပ္ခ်င္း ထိစပ္လ်က္ရွိၿပီး ကယန္း အပါအဝင္ ကရင္တိုင္းရင္းသားမ်ားႏွင့္ ရွမ္းတိုင္းရင္းသားမ်ား ေနထိုင္ၾကသည္။ http://ww w.mizzimaburmese.com/article/74958

**************

၆။ ခ်င္းျပည္နယ္၏ ပထမဆုံးေလဆိပ္တြင္ ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲႏိုင္ရန္ အဆင္သင့္ ျဖစ္ေန
27 October 2020

ခ်င္းျပည္နယ္၏ ပထမဆုံးေလဆိပ္ျဖစ္လာမည့္ ဖလမ္း(ဆူရ္ဘုန္)ေလဆိပ္တြင္ ေလယာဥ္အစမ္း ဆင္းသက္မႈ ေအာင္ျမင္ခဲ့ သျဖင့္ ၎ေလဆိပ္တြင္ ေလယာဥ္မ်ားပ်ံသန္းေျပးဆြဲႏိုင္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးဝင္းခန္႔က မဇၥ်ိမသို႔ ေျပာသည္။ လက္ရွိျဖစ္ေပၚေနသည့္ ကူးစက္ျမန္ COVID-19 ေၾကာင့္ ျပည္တြင္းေလေၾကာင္းလိုင္းမ်ား ပ်ံသန္းေျပးဆြဲျခင္းကို ႏိုဝင္ဘာလ ၁၅ရက္အထိ ယာယီပိတ္ထားၿပီး ျပန္လည္ေျပး ဆြဲခြင့္ရပါက ေဒသတြင္းခရီးသြားလိုအပ္ခ်က္ႏွင့္ ေလေၾကာင္းလိုင္းမ်ား၏ စီးပြားေရးတြက္ေျခကိုက္မႈအေပၚ မူတည္၍ ညႇိႏႈိင္းေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

ေအာက္တိုဘာလ ၂ရရက္ နံနက္ ၁ဝနာရီ ခြဲခန႔္က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA)မွ ATR 72 အမ်ိဳးအစား ခရီးသည္တင္ ေလယာဥ္ ျဖင့္ အဆိုပါေလဆိပ္သို႔ အစမ္းဆင္းသက္ခဲ့ျခင္းျဖစ္သည္။ အၿမဲတမ္းအတြင္းဝန္ ဦးဝင္းခန႔္က “ ေလယာဥ္စမ္းသပ္ ဆင္းသက္ျခင္းလုပ္ငန္းေဆာင္႐ြက္တာပါ။ ေလယာဥ္ကြင္းတစ္ကြင္းတည္ေဆာက္ၿပီးရင္ ေလယာဥ္ကြင္း တပ္ဆင္ထားတဲ့ စက္ကိရိယာေတြကို စမ္းသပ္ရတယ္။ အဲဒါစမ္းသပ္ၿပီးရင္ စမ္းသပ္ဆင္းသက္ျခင္းလုပ္တာေပါ့။ ေအာင္ေအာင္ျမင္ျမင္ဆင္းသက္ႏိုင္ၿပီေပါ။ ATR 72 ဒီဇိုင္းနဲ႔လုပ္ထားတဲ့ ေလယာဥ္ေတြ ေကာင္းေကာင္းဆင္းလို႔ရၿပီ။” ဟု ေျပာသည္။

ဖလမ္း(ဆူရ္ဘုန္) ေလဆိပ္သည္ ပင္လယ္ျပင္မ်က္ႏွာျပင္အျမင့္ ေပ ၆ဝဝဝ တြင္ တည္ေဆာက္ထားသည့္ ေလယာဥ္ကြင္း တစ္ခုျဖစ္ၿပီး ျည္ေထာင္စုဘတ္ဂ်တ္မွ က်ပ္ ၃၄ ဘီလီယံနီးပါး က်ခံသုံးစြဲ တည္ေဆာက္ထားသည့္ ေလယာဥ္ကြင္းတစ္ ကြင္းျဖစ္သည္။ ေလယာဥ္ေျပးလမ္းမွာ အလ်ားေပ ၆၀၀၀ အနံေပ ၁ဝဝ အရွည္ရွိၿပီး ေလဆိပ္အေဆာက္အဦးမွာ အခုံး ပုံစံ ျဖင့္ ေဆာင္လုပ္ထားျခင္းျဖစ္သည္။ အဆိုပါ ေလဆိပ္သို႔ ခရီးသည္ ၇၀ ဦးဆံ့ ေလယာဥ္မ်ား ဆင္းသက္ႏိုင္မည္ျဖစ္ၿပီး ခရီး သည္ ၂၅ဝ ဦးကို တစ္ၿပိဳင္နက္ ဝန္ေဆာင္မႈေပးႏိုင္မည္ျဖစ္သည္။ http://www.mizzimaburmese.com/article/74945

*************

၇။ AA ဖမ္းသြားသည့္ ရေသ့ေတာင္ ၿမိဳ႕မိ ၿမိဳ႕ဖ ၂ ဦးအနက္မွ ၁ ဦးျပန္လြတ္လာ
29 October 2020

ရကၡိဳင္စစ္တပ္ (AA) ကဖမ္းဆီးေခၚေဆာင္သြားသည့္ ရေသ့ေတာင္ၿမိဳ႕မွ ၿမိဳ႕မိ၊ ၿမိဳ႕ဖ အဖြဲ႕ဝင္ ၂ ဦးအနက္မွ ဦးသာဇံ သည္ ေအာက္တိုဘာလ ၂၉ ရက္ေန႔ မြန္းလြဲပိုင္းက ျပန္လည္ လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း ကာယကံရွင္ ကိုယ္တိုင္က ဧရာဝတီ သို႔ အတည္ျပဳေျပာဆိုသည္။ ဦးသာဇံက “ဒီေန႔ ေန႔လည္ ၂ နာရီက က်ေနာ္ ျပန္လြတ္လာပါတယ္။ အားလုံး ေအးေအးေဆးပါ။ က်ေနာ္တို႔က အသက္ ႀကီးပိုင္း ေတြဆိုေတာ့ က်ေနာ္တို႔ကို ေလးေလးစားစား ဆက္ဆံတယ္။ ေရခ်ိဳးဖို႔ ေရေတြ ဘာေတြလည္း ခပ္ေပးၾကပါတယ္။ ဖမ္းတဲ့အေၾကာင္းက အျပင္မွာ သူတို႔မေကာင္းေၾကာင္းေတြ ေျပာတယ္ဆိုၿပီး တိုင္တဲ့ လူရွိတဲ့အတြက္ ေခၚယူစစ္ေဆးတာ လို႔ ေျပာတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

ေအာက္တိုဘာလ ၂၁ ရက္ေန႔ မနက္ပိုင္းက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ အပါအဝင္ အရပ္ဘက္ အဖြဲ႕အစည္းမွ ပုဂၢိဳလ္ ၈ ဦးႏွင့္အတူ ရေသ့ေတာင္ ၿမိဳ႕နယ္အတြင္းက စစ္ေရွာင္စခန္းမ်ားသို႔ သြားေရာက္စဥ္ င/လျပား ဆိပ္ကမ္းသို႔ အေရာက္၌ ဦးသာဇံႏွင့္ ဦးသိန္းေမာင္တို႔ကို AA တပ္ဖြဲ႕ ဝင္မ်ားက ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။ ထိုသို႔ ၿမိဳ႕မိ ၊ ၿမိဳ႕ဖ အဖြဲ႕ဝင္ ၁ ဦးျဖစ္သူ ဦးသာဇံ က်န္းက်န္းမာမာျဖင့္ ျပန္လည္ လြတ္ေျမာက္လာေသာ္လည္း ဦးသိန္းေမာင္မွာေတာ့ စစ္ေဆးမႈ မၿပီးေသးသည့္အတြက္ ျပန္လည္လြတ္ေျမာက္လာျခင္း မရွိ ေသးေၾကာင္းလည္း ဦးသာဇံက ရွင္းျပသည္။

တပ္မေတာ္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်း႐ြာသား အေျမာက္အမ်ားကို ဖမ္းဆီးမႈမ်ား ရွိေနသလို ရကၡိဳင္စစ္တပ္ (AA) ကလည္း တပ္မေတာ္ သတင္း ေပးဟုဆိုကာ ေက်း႐ြာသားမ်ားကို ဖမ္းဆီးေလ့ရွိသည္။ ကိုဗစ္ကာလအတြင္း တပ္မေတာ္ႏွင့္ AA တို႔၏ ႏွစ္ဘက္တိုက္ပြဲေၾကာင့္ ေက်ာက္ေတာ္၊ ရေသ့ေတာင္၊ ေျမာက္ဦးၿမိဳ႕နယ္ တို႔တြင္ စစ္ေရွာင္အေရအတြက္ ၃ ေသာင္းေက်ာ္ ထပ္မံတိုးပြားလာကာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ၿမိဳ႕နယ္မ်ားတြင္ စစ္ေရွာင္အေရ အတြက္ ၂၂၀၀၀၀ ေက်ာ္ထိ မ်ားျပားလာေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ေအာက္တိုဘာ ၁ ရက္ေန႔က ထုတ္ျပန္ထားသည္။ တပ္မေတာ္က စစ္တိုင္းႀကီး ၅ ခု အား တဘက္သတ္ အပစ္ခတ္ရပ္စဲေၾကာင္း အႀကိမ္ႀကိမ္ ထုတ္ျပန္ခဲ့ ေသာ္လည္း အၾကမ္းဖက္သမားမ်ား ရွိသည္ဆိုသည့္ အေၾကာင္း ျပခ်က္ျဖင့္ ရခိုင္ျပည္နယ္ကို ခ်န္လွပ္ထားခဲ့သည္။ https://burma.irrawaddy.com/news/2020/10/29/232510.html

**************

၈။ ဟုမၼလင္းၿမိဳ႕နယ္ က်ားနီပါတီမဲဆြယ္စည္း႐ုံးေရးမွဴး ကို အစိုးရတပ္ကဖမ္းဆီး႐ိုက္ႏွက္
October 28, 2020

စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕နယ္ မိုင္းကိုင္းအုပ္စု ပုံႏြဲ႕ေက်း႐ြာ က်ားနီပါတီ စည္း႐ုံးေရးမွဴး ဦးေမာင္သိန္း ကို အရပ္ဝတ္ျဖင့္ အစိုးရတပ္သားမ်ား လာေရာက္ ဖမ္းဆီးသြားေၾကာင္း စုံစမ္းသိရသည္။

ယမန္ေန႔ (ေအာက္တိုဘာ ၂၇)ရက္ ည ၈နာရီခြဲက ဟုမၼလင္းၿမိဳ႕နယ္ မိုင္းကိုင္းအုပ္စု ပုံႏြဲ႕ေက်း႐ြာ၌ တိုင္းနီ (ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ (က်ားနီ) စည္း႐ုံးေရးမွဴး ဦးေမာင္သိန္းကို အရပ္ဝတ္ျဖင့္ တပ္သားမ်ားကလာေရာက္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း က်ားနီပါတီ ဥကၠဌ ဦးေဌးေအာင္က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“ အရပ္ဝတ္နဲ႔ တပ္သားေတြက ည ၈နာရီခြဲေလာက္မွာ က်ေနာ္တို႔ ရဲ႕ ပုံႏြဲ႕ေက်း႐ြာ စည္း႐ုံးေရးမႉးကို အိမ္ေပၚကေန လာၿပီးဖမ္းတယ္။ ပါတီကြဲတာခင္ဗ်ားသိရမယ္ဆိုၿပီး ႐ိုက္ႏွက္ေနာက္ျပန္ႀကိဳးတုတ္ၿပီး ဖမ္းေခၚသြားတယ္”ဟု ဦးေဌးေအာင္ က ျပန္လည္ ေျပာျပသည္။ ဖမ္းဆီးေခၚေဆာင္သြားၿပီး တပ္ကုန္းေရာက္ခ်ိန္တြင္ လူသတ္မႈႏွင့္ ပတ္သက္ၿပီး ထပ္မံစြပ္စြဲကာ ႐ိုက္ႏွက္မႈ ျပဳလုပ္ၿပီး အတင္းအဓမၼဝန္ခံခိုင္းေၾကာင္း၊ ထို႔အျပင္ ရွမ္းနီတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္မႈရွိသည္ဟုလည္းစြပ္စြဲ ေျပာဆိုကာ က်ားနီ ပါတီ နာမည္ပ်က္ေအာင္ ျပဳလုပ္ေနေၾကာင္း ဦးေဌးေအာင္ က ေျပာသည္။

ယခုကဲ့သို႔ မဲဆြယ္စည္း႐ုံးေရးမႉးကို ဖမ္းဆီး႐ိုက္ႏွက္စြပ္စြဲျခင္းသည္ က်ားနီပါတီ နာမည္ပ်က္ေအာင္ျပဳလုပ္ေနျခင္းျဖစ္ၿပီး၊ က်ားနီကို ေထာက္ခံ သည့္ ျပည္သူမ်ားအား မဲမေပးရဲေအာင္ ေျခာက္လွန႔္ေနသည့္သေဘာျဖစ္ေၾကာင္း သူက ေျပာသည္။ လက္ရွိမွာ ဦးေမာင္သိန္းကို ဟုမၼလင္းၿမိဳ႕နယ္ နမ့္ေတာ ရဲစခန္းတြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္းထားေၾကာင္း၊ ဦးေမာင္သိန္း ျပန္လႊတ္ ေပးရန္အတြက္ ႀကိဳးစားေနၾကေၾကာင္းလည္း သိရသည္။ က်ားနီပါတီသည့္ လာမည့္ ၂၀၂၀ ပါတီစုံ ေ႐ြးေကာက္ပြဲ တြင္ စစ္ကိုင္းတိုင္း ေဒသႀကီး တြင္ ၁၀ ေနရာ၊ ကခ်င္ျပည္နယ္ တြင္ ၃၁ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ https://burmese.shannews.org/archives/19101

**************

၉။ ဦးအယ္လ္ေဖာင္းရႈိ စြပ္စြဲျပစ္တင္ခံရမႈ အေျခခံ ဥပေဒခုံ႐ုံး ဘယ္လို ဆုံးျဖတ္သလဲ
28 October 2020

ကယားျပည္နယ္ လႊတ္ေတာ္က ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ အေပၚ စြပ္စြဲျပစ္တင္ျခင္းႏွင့္ပတ္သက္၍ အေျခခံ ဥပေဒ ပုဒ္မ ၂၆၃၊ ပုဒ္မခြဲ (ခ)ႏွင့္(ဂ) တို႔အား အနက္အဓိပၸာယ္ ဖြင့္ဆိုေပးရန္ တင္သြင္းလႊာကို ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒဆိုင္ရာ ခုံ႐ုံးက ေအာက္တိုဘာ၂၇ ရက္ နံနက္ ၁၀ နာရီတြင္ E-Court စနစ္ျဖင့္ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့သည္။ အေျခခံ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို ေဖာက္ဖ်က္မႈျဖင့္ စြပ္စြဲျပစ္တင္ခံရၿပီး ရာထူးမွ ျဖဳတ္ခ်ခံရသည့္ ဦးအယ္လ္ေဖာင္းရႈိက အဆိုပါ တင္သြင္းလႊာကို တင္သြင္းခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာ ၆ ရက္တြင္ ႏွစ္ဖက္ၾကားနာမႈ ျပဳလုပ္ၿပီးေနာက္ ၃ ပတ္ ခန႔္ အၾကာ တြင္ အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်မွတ္လိုက္ျခင္းလည္း ျဖစ္သည္။ အဆိုပါ အၿပီးသတ္ ဆုံးျဖတ္ခ်က္ခ်မွတ္ျခင္းႏွင့္ ပတ္သက္၍ ဧရာဝတီက တရားေရးဌာန ၫႊန္ၾကားေရးမွဴး ဦးမင္းသိန္းကို ဆက္သြယ္ေမးျမန္းရာ “က်န္တဲ့ ရာဇဝတ္ေၾကာင္း ျပစ္မႈပိုင္း ဆိုင္ရာ၊ တရားမမႈတို႔လို သူႏိုင္တယ္၊ ကိုယ္ႏိုင္တယ္ အဲဒီလိုဆုံးျဖတ္တာ မဟုတ္ဘူး။ ဖြဲ႕စည္းပုံ ခုံ႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ သေဘာတရားေတြသည္ Solution ပဲ။ ဥပေဒ ျပႆနာရပ္ေတြကို ဥပေဒေၾကာင္းအရ ေျဖရွင္းတာပဲ” ဟု ရွင္းျပသည္။

ဆက္လက္၍ ၎က “ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပ႒ာန္းခ်က္ေတြက အကုန္ျပည့္စုံေအာင္ ျပ႒ာန္းေပးထားတာေတာ့ မဟုတ္ ဘူး။ ဒါေပမယ့္ က်န္တဲ့ ဥပေဒ၊ နည္းဥပေဒမွာ ပါတဲ့ ျပ႒ာန္းခ်က္ေတြ ရွိတယ္။ ဒီဟာေတြ အားလုံးအေပၚမွာ ေလ့လာသုံး သပ္ၿပီးမွသာလွ်င္ ဒါသည္ ဘယ္လိုမ်ိဳး ေဆာင္႐ြက္သင့္တယ္ ဆိုတာကို အနက္အဓိပၸာယ္ ဖြင့္ဆိုလိုက္တဲ့ သေဘာ။ ေနာက္ေနာင္ ဒီလိုျဖစ္လာမယ္ဆို ဒီဟာအတိုင္းပဲ လိုက္နာ က်င့္သုံးေဆာင္႐ြက္ရမယ္ ဆိုတဲ့သေဘာပဲ” ဟုလည္း ေျပာျပ သည္။ အဆိုပါ ျဖစ္စဥ္တြင္ တင္သြင္းလႊာႏွင့္ တင္သြင္းခံရသူ ကယားျပည္နယ္ လႊတ္ေတာ္ ဥကၠ႒၏ ရွင္းလင္းလႊာတို႔အရ ေပၚ ေပါက္ခဲ့ေသာ ဆုံးျဖတ္ရန္ ျပႆနာ ၃ ခု သတ္မွတ္ၿပီး ခုံ႐ုံးက အဆုံးအျဖတ္ေပးခဲ့ျခင္း ျဖစ္သည္။ ဆုံးျဖတ္ရန္ ျပႆနာ (၁) မွာ ဦးအယ္လ္ေဖာင္းရႈိကို ႏိုင္ငံေတာ္ သမၼတက၂၀၂၀ စက္တင္ဘာ ၃ ရက္စြဲျဖင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ တာဝန္မွရပ္စဲၿပီး ျဖစ္သျဖင့္ ၎သည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးသို႔ တင္သြင္းလႊာ တင္သြင္းခြင့္ရွိသူ ဟုတ္မဟုတ္ ဆုံးျဖတ္ေပးရန္ ျဖစ္သည္။

စြပ္စြဲျပစ္တင္သူ ၅ ဦး အနက္ တဦး ႏုတ္ထြက္သြားျခင္းသည္ အတည္ ျဖစ္မျဖစ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းဦး ေရ အနည္းဆုံး ေလးပုံတပုံ ျပည့္မီျခင္း မရွိေတာ့သည့္ အေျခအေနတြင္ စြပ္စြဲခ်က္ကို ဆက္လက္ စုံစမ္းစစ္ေဆးျခင္း ကိစၥ တို႔မွာ ဥပေဒျပဳ အာဏာပိုင္၏ ေဆာင္႐ြက္ခ်က္မ်ားတြင္ အက်ဳံးဝင္သည္ျဖစ္၍ ခုံ႐ုံးအေနျဖင့္ စိစစ္ပိုင္ခြင့္ရွိေသာ ကိစၥမ်ား မဟုတ္ ဟု ဆင္ျခင္သုံးသပ္ေသာေၾကာင့္ ပုဒ္မ၂၆၃(ခ)ကို အနက္အဓိပၸာယ္ ဖြင့္ဆိုရန္ လိုအပ္ျခင္းမရွိဟု ခုံ႐ုံးက ဆိုသည္။ သို႔ေသာ္ ဆုံးျဖတ္ရန္ ျပႆနာ(၂)ႏွင့္(၃)၏ ဒုတိယပိုင္းျဖစ္ေသာ အျခားအေၾကာင္းမ်ားေၾကာင့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ ၂၆၃ (ခ) ႏွင့္(ဂ)ကို အနက္ အဓိပၸာယ္ဖြင့္ဆိုရန္ လိုအပ္ျခင္း ရွိ/မရွိႏွင့္ ပတ္သက္၍မူ အနက္အဓိပၸာယ္ ဖြင့္ဆိုရန္လိုအပ္ေၾကာင္း ဆုံးျဖတ္ခဲ့သည္။ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးကလည္း “ဒီကိစၥက အယူခံမရွိဘူး။ သမၼတ ထုတ္ၿပီးရင္ အယူခံ ဝင္လို႔မရဘူး။ သူ႔မွာ ေျပာစရာတခ်က္က သူ႔ကို ေလးပုံတပုံ မျပည့္ဘဲ ျဖဳတ္တာဟာ တရားဝင္၊ မဝင္ဆိုတဲ့ အခ်က္ကို ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ခုံ႐ုံးကို တက္တာ။ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ခုံ႐ုံးက သူ႔ကို Impeach လုပ္တာ မွန္တယ္၊ မွားတယ္ ဆုံးျဖတ္လို႔ မရ ဘူး။ သူနဲ႔ မဆိုင္ဘူး။ အဲဒါက လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ သမၼတနဲ႔ပဲ ဆိုင္တယ္” ဟု မွတ္ခ်က္ျပဳ သည္။ https://burma.irrawaddy.com/news/2020/10/28/232399.html

**************

၁၀။ ရခိုင္ၿမိဳ႕နယ္ ၄ ခုတြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး တင္ျပရန္ ျပည္နယ္ေ႐ြးေကာ္ႏွင့္ ႏိုင္ငံေရးပါတီတို႔ သေဘာတူ
28 October 2020

ရခိုင္ျပည္နယ္အတြင္း မဲဆႏၵနယ္ ဖ်က္သိမ္းေၾကာင္း ေၾကညာထားသည့္ ၿမိဳ႕နယ္ ကိုးၿမိဳ႕နယ္အနက္ ေလးၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ထံသို႔ တင္ျပရန္ ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ရခိုင္ႏိုင္ငံေရးပါတီတို႔က ဘေဘာတူ ဆုံးျဖတ္လိုက္ၾကသည္။

UEC ထံ တင္ျပရန္ သေဘာတူခဲ့ၾကသည့္ အဆိုပါ မဲဆႏၵနယ္မ်ားအနက္ ဖ်က္သိမ္းေၾကာင္း ေၾကညာထားသည့္ ေပါက္ေတာ ၿမိဳ႕နယ္တစ္ခုလုံး၊ ေမာင္ေတာၿမိဳ႕ေပၚႏွင့္ ေတာင္ပိုင္းတခြင္၊ စစ္ေတြႏွင့္ ေတာင္ကုတ္ၿမိဳ႕နယ္မွ ရပ္ကြက္၊ ေက်း႐ြာႏွင့္ အုပ္စုတို႔ ပါဝင္သည္။ ေအာက္တိုဘာလ ၂၆ ရက္ေန႔က ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးတြင္ ျပဳလုပ္သည့္ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲဆိုင္ရာ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ အစည္းအေဝးတြင္ ယင္းသို႔ ဆုံးျဖတ္ခဲ့ၾကျခင္းလည္း ျဖစ္သည္။ ယင္းေဆြးေႏြးပြဲသို႔ ျပည္နယ္ေကာ္မရွင္ တာဝန္ရွိသူမ်ားႏွင့္ ရခိုင္အမ်ိဳးသားပါတီ (ANP)၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ပါတီ၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီ၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) တို႔အျပင္ ျပည္နယ္အဆင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား တက္ေရာက္ခဲ့ၾကသည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနသည္ ဆိုေသာ္လည္း ယခုတင္ျပမည့္ နယ္ေျမမ်ားမွာ တိုက္ပြဲျဖစ္ ပြား ျခင္း မရွိသည့္ ေဒသမ်ားျဖစ္ၿပီး ေ႐ြးေကာက္ပြဲ က်င္းပမည္ဆိုလွ်င္ အလားအလာ ေကာင္းမြန္ကာ မက်င္းပျဖစ္လိုက္လွ်င္ မဲဆႏၵရွင္ျပည္သူတို႔၏ ႀကီးမားသည့္ အခြင့္အေရး ဆုံးရႈံးႏိုင္သျဖင့္ ျပန္လည္က်င္းပေပးရန္ ရခိုင္အမ်ိဳးသားပါတီ (ANP) က တင္ျပခဲ့သည္။“လႊတ္ေတာ္ကတစ္ဆင့္ တင္ျပမယ့္ အခြင့္အေရးေတြကို အဓိက ဆုံးရႈံးမွာက ျပည္သူေတြပဲ။ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြ အေနနဲ႔ကေတာ့ ဒီေလာက္ ထိခိုက္နစ္နာစရာ အေၾကာင္းမရွိဘူး။ ဒီလိုသာ ေ႐ြးေကာက္ပြဲ မလုပ္ ဘဲနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဆုံးရႈံးမယ္ ဆိုလို႔ရွိရင္ ျပည္ေထာင္စုဆိုတဲ့ ျမန္မာႏိုင္ငံမွာ ကြၽန္ေတာ္တို႔ ရခိုင္ျပည္က ျပည္သူ ေတြရဲ႕ ဆုံးရႈံးနစ္နာမႈက အင္မတန္ က်ယ္ျပန႔္ႀကီးမားမယ့္ အေျခအေနေတြ ရွိတယ္။ ဒါေၾကာင့္ အတတ္ႏိုင္ဆုံး ၿမိဳ႕နယ္တိုင္း မွာ ေ႐ြးေကာက္ပြဲ ျဖစ္ေစခ်င္တဲ့ ဆႏၵကို တင္ျပခဲ့တာပါ” ဟု ANP ပါတီကိုယ္စားျပဳ စစ္ေတြၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးထြန္းေအာင္ေက်ာ္က ေျပာသည္။

ရခိုင္ျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲ မက်င္းပေတာ့ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားမွာ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ေျမပုံ၊ မင္းျပားတို႔အျပင္ စစ္ေတြ၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္ႏွင့္ အမ္းၿမိဳ႕နယ္တို႔မွ ရပ္ကြက္ႏွင့္ ေက်း႐ြာ၊ ေက်း႐ြာအုပ္စု အစိတ္ အပိုင္း အခ်ိဳ႕ပါဝင္သည္။ ယင္းညႇိႏႈိင္းေရးေဆြးေႏြးပြဲ၌ ရခိုင္ျပည္နယ္တြင္ ေ႐ြးေကာက္ပြဲ မက်င္းပခဲ့ျဖစ္သည့္ အေၾကာင္း အရင္းမ်ားႏွင့္ ေ႐ြးေကာက္ပြဲတြင္ ထားရွိမည့္ လုံၿခဳံေရး၊ မဲ႐ုံကိစၥ စသည့္ အေၾကာင္းအရာမ်ားကို အေျဖရွာခဲ့ၾကၿပီး ANP ၊ ALD ႏွင့္ အာဏာရပါတီ NLD တို႔မွ ကိုယ္စားျပဳ တက္ေရာက္လာ သူမ်ားကလည္း အႀကံျပဳခ်က္မ်ား ေပးခဲ့ၾကကာ ေ႐ြးေကာက္ပြဲ က်င္းပေပးရန္ တင္ျပမည့္ ဆုံးျဖတ္ခ်က္ခံကို လက္ခံခဲ့ၾကသည္။ http://www.mizzimaburmese.com /artic le/74970

**************

၁၁။ မြန္+ကရင္ ပူးတြဲအုပ္ခ်ဳပ္သည့္ ေတာင္ေပါက္ေဒသကုိ မဲဆြယ္ခြင့္ျပဳၿပီဟု မြန္ျပည္သစ္ပါတီထုတ္ျပန္
October 27, 2020

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ကရင္အမ်ိဳးသားအစည္းအ႐ုံး -KNU ႏွင့္ မြန္ျပည္သစ္ပါတီအဖြဲ႕တို႔ ပူးတြဲအုပ္ခ်ဳပ္ သည့္ ေတာင္ေပါက္ေဒသမွ ေက်း႐ြာ ၂၄ ႐ြာတြင္ ႏိုင္ငံေရးပါတီမ်ား လြတ္လပ္စြာ ဝင္ေရာက္မဲဆြယ္စည္း႐ုံးႏိုင္ၿပီးဟု မြန္ျပည္ သစ္ပါတီ(NMSP) က ေအာက္တိုဘာ ၂၅ ရက္ေန႔တြင္ ထုတ္ျပန္လိုက္လုိက္သည္။ မြန္ျပည္သစ္ပါတီ၏ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဗဟိုေကာ္မတီမွ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၁ ရက္ေန႔က ထုတ္ျပန္ ထားသည့္ ကပ္ေရာဂါဆိုင္ရာ လိုက္နာေဆာင္႐ြက္ရမည့္ စည္းမ်ဥ္းစည္းကမ္းအခ်ိဳ႕ ေအာက္တိုဘာ ၂၅ ရက္ေန႔တြင္ ျပန္ လည္ ေျဖေလွ်ာ့လိုက္ၿပီး လူ ၃ဝ ဦးထက္မပိုရန္ႏွင့္ က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားႏွင့္အညီ မဲဆြယ္စည္း႐ုံးမႈခြင့္ျပဳသည္ဟု ၎တို႔၏ ထုတ္ျပန္စာတြင္ ေဖာ္ျပ ထားသည္။

ယခုလ ႏိုဝင္ဘာ ၈ ရက္ေန႔ က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္အေနျဖင့္ ႏိုင္ငံေရးပါတီ ၅ ဖြဲ႕မွ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ က်န္းမာေရးဌာနမ်ား၏ လမ္းၫြန္ခ်က္အတိုင္း မဲဆြယ္ စည္း ႐ုံးရမည္ဟု နယ္ေျမခံ တာဝန္ရွိအဖြဲ႔အသီးသီးက ထုတ္ျပန္ထားေသာ္လည္း ပါတီဝန္းရံသူအမ်ားစုမွာ လူဦးေရ ေထာင္ ေသာင္းေက်ာ္ လွည့္လည္အင္အားျပမႈမ်ားရွိေနသည္ဟု ေဒသခံမ်ားထံမွ သိရသည္။“ ေရာဂါကူးစက္မႈမျဖစ္ေအာင္ ႐ြာေတြ မွာလည္း ကန႔္သတ္ခ်က္ေတြ ရွိတာျဖစ္တဲ့အတြက္ သူတို႔ေတြရဲ႕ စိုးရိမ္မႈေတြ ထည့္စဥ္း စားရတာေပါ့ေနာ္။ ေတာင္ေပါက္ ဘက္ျခမ္းကိုေတာ့ က်ေနာ္မဲဆြယ္စည္း႐ုံးမႈ မေရာက္ျဖစ္ေသးပါဘူး။ အဲ့ဘက္ကို ႏိုင္ငံေရး ပါတီတိုင္း လမ္းၫႊန္ခ်က္နဲ႔အညီ လြတ္လြတ္လပ္လပ္ မဲဆြယ္စည္း႐ုံးခြင့္ေပးေတာ့ ေကာင္းတာေပါ့ေနာ္”ဟု ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ ျပည္ေထာင္စု ႀကံ႕ခုိင္ေရးႏွင့္ ဖြ႔ံၿဖိဳးေရးပါတီ-USDP ပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေစာထြန္းထြန္းဦးက ေကအိုင္စီသို႔ ေျပာသည္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ နယ္ေျမအေျခအေနအေၾကာင္းေၾကာင့္ ၿပီးခဲ့သည့္ ၂ဝ၁ဝ တြင္ ေက်း႐ြာအုပ္စု ၄၆ စု၊ ၂ဝ၁၅ တြင္ ၃၈ အုပ္စု ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္း မရွိခဲ့ေပ။ လာမည့္ ၂ဝ၂၀ ေ႐ြးေကာက္ပြဲတြင္လည္း ေက်း႐ြာအုပ္စု ၉ စုမွာ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္သည့္နယ္ေျမအျဖစ္ ေကာ္မရွင္က ထုတ္ျပန္ထားသည္။ http://kicnews.org/2020/10/%e 1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%

**************

၁၂။ လက္နက္ကိုင္ႏွစ္ဖဲြ႔၏ ဂိမ္းႏွင့္ ေလာင္းကစား႐ုံအခ်ဳိ႕ ဖယ္ရွားရန္ အစိုးရ ကန္႔ကြက္အေၾကာင္းၾကား
October 28, 2020

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္အတြင္းရွိ လက္နက္ကိုင္ အဖြဲ႔ႏွစ္ခု၏ တပ္ဖြဲ႔ဝင္မ်ား ဖြင့္လွစ္ထားေသာ ဂိမ္း ဆိုင္မ်ားႏွင့္ ေလာင္းကစား႐ုံအခ်ဳိ႕ကို ယခုေအာက္တိုဘာလကုန္အတြင္း အၿပီးဖ်က္သိမ္းေပးရန္ ျပည္နယ္ အစိုးရကိုယ္စား လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးမွ ေအာက္တိုဘာလ ၂၀ ရက္စြဲျဖင့္ ကန္႔ကြက္အေၾကာင္း ၾကားစာေပးပို႔ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ဂိမ္း႐ုံမ်ားႏွင့္ ေလာင္းကစား႐ုံမ်ားကို သစ္ေတာေျမဧရိယာေပၚတြင္ ခြင့္ျပဳခ်က္မရွိဘဲ က်ဴးေက်ာ္ ေဆာက္လုပ္ထားျခင္း ျဖစ္ေသာေၾကာင့္ ယခုလကုန္အတြင္းအၿပီး ဖ်က္သိမ္းရန္ နယ္လုံဝန္ႀကီး ဗိုလ္မွဴးႀကီး မ်ဳိးမင္းေနာင္မွ လက္မွတ္ေရးထိုး သတိ ေပးတားျမစ္ကန္႔ကြက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။ အဆိုပါ ဂိမ္းႏွင့္ ေလာင္းကစား႐ုံမ်ားမွာ ျမဝတီၿမိဳ႕နယ္၊ ဖလူးေက်းရြာ အုပ္စု၊ ေက်ာက္ခတ္ေက်းရြာ၊ ေက်ာက္ ခတ္ႀကိဳးဝိုင္း အကြက္အမွတ္(၃၁) ေနရာရွိ သစ္ေတာေျမဧရိယာ (၃.၀၀)ဧက ေပၚ၌ ကေလာထူးေဘာတပ္ဖြဲ႔ (KKO)မွ ဗိုလ္မွဴးႀကီး အဆင့္ရွိသူ စိုင္းေက်ာ္လွသည္ ခြင့္ျပဳခ်က္မရွိဘဲ CHONGKHAEB GRADEN RESORT အမည္ျဖင့္ ကာစီႏို႐ုံ ဖြင့္လွစ္ထားေၾကာင္း ကန္႔ကြက္အေၾကာင္းၾကားစာ၌ ေဖာ္ျပထားသည္။

DKBA ဒု-စစ္ဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီး ေစာစတီးက “ အဲ့ကိစၥကို စစ္ဦးစီးခ်ဳပ္ (ဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွး) ေျဖရွင္းလို႔ ၿပီးၿပီ။ ေက်ာက္ခတ္ေဒသကို သစ္ေတာေျမကြက္လို႔ု သတ္မွတ္ထားေပမဲ့ အမွန္က ျပည္ထဲေရး ေပါက္သင့္ၿပီး။ အဲ့မွာ ေနအိမ္ တစ္ရာေက်ာ္ ႏွစ္ရာေလာက္ရွိေနၿပီး။ ဒါက အုပ္ခ်ဳပ္ေရးပိုင္းက လိုတာပါ။ ေက်းရြာအုပ္စုမွဴးေတြလိုတာ။ ျပည္ထဲေရးကို မတင္ေတာ့ ျပည္ထဲေရးမွာမေပါက္ေတာ့ ေက်းရြာေျမလို႔မေျပာဘဲ သစ္ေတာေျမလို႔ပဲ ေျပာေျပာေနတာေပါ့။”ဟု ေကအိုင္စီ သို႔ ေျပာသည္။

ထို႔အျပင္ ကာစီႏို ကိစၥႏွင့္ပတ္သက္၍လည္း တစ္ႏိုင္ငံလုံးရွိ ကာစီႏိုမ်ားမွာ တရားဝင္မႈ တစ္ခုမွမရွိဘဲ နား လည္မႈျဖင့္သာ ျပဳလုပ္ေနၾကေၾကာင္းႏွင့္ လက္ရွိတြင္လည္း အဆိုပါ ေက်ာက္ခက္ရွိ ကာစီႏို႐ုံႀကီးမ်ားကို ယခင္လမ်ားက အကုန္ဖ်က္သိမ္းလိုက္ၿပီး ျဖစ္ေၾကာင္း၊ အေသးစားဂိမ္းဆိုင္မ်ားသာ က်န္ရွိၿပီး ယခုကိစၥ တြင္လည္း သက္ဆိုင္ရာ တာဝန္ ရွိသူမ်ားမွ ကိုယ္တိုင္လာေရာက္ၾကည့္ရႈၿပီး ဓါတ္ပုံမ်ား ႐ိုက္ယူသြားၿပီး ျဖစ္ေၾကာင္းလည္း ဒု ဗိုလ္ခ်ဳပ္ႀကီး ေစာစတီးက ဆက္ေျပာသည္။

လက္ရွိတြင္ ကရင္ျပည္နယ္၊ ျမဝတီၿမဳိ႕နယ္အတြင္းရွိ နယ္စပ္ ေသာင္ရင္းျမစ္ကမ္းနဖူးေပၚ၌ လက္နက္ကုိင္အဖြဲ႔ အစည္းမ်ား ႏွင့္ ဆက္စပ္ဖြင့္လွစ္ထားသည့္ ကာစီႏုိေလာင္းကစား႐ံုမ်ားႏွင့္ ေလာင္းကစားဂိမ္းဆုိင္မ်ားစြာရွိသလုိ လတ္တေလာ နာမည္ ထြက္ေပၚေနသည့္ ေရႊကုကၠဳိၿမဳိ႕သစ္စီမံကိန္းေနရာတြင္လည္း ေလာင္းကစားရုံမ်ား၊ အြန္လုိင္းဂိမ္းမ်ားစြာရွိသည္ဟု ျမဝတီ ေဒသခံမ်ားက ေျပာသည္။ လက္ရွိ ျမန္မာႏုိင္တြင္ ႏုိင္ငံျခားသားမ်ားသာ ကစားခြင့္ျပဳသည့္ ကာစီႏုိေလာင္းကစားရုံ တရား ဝင္ ဖြင့္လွစ္ခြင့္ ဥပေဒကုိ ၿပီးခဲ့သည့္ႏွစ္ ၂၀၁၉ ခုႏွစ္ ေမလေလာက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပဌာန္း ထားၿပီး ျဖစ္သည္။ http://kicnews.org/2020/10/%e1%80%9c%e1%80%80%e1%80%b9%e1%80 %94%e1 %80%80%e1%

*************

၁၃။ မုဒုံၿမိဳ႕တြင္ မြန္ညီၫြတ္ေရးပါတီ အင္အားျပယာဥ္ေပၚမွ အမ်ိဳးသမီးသုံးဦး ျပဳတ္က်
October 27, 2020

မုဒုံၿမိဳ႕နယ္ ဗိုလ္ခ်ဳပ္လမ္းတြင္ ေအာက္တိုဘာ ၂၇ ရက္ေန႔က မြန္ညီၫြတ္ေရးပါတီဝန္းရံသူမ်ား အင္အားျပလွည့္လည္စဥ္ ယာဥ္ေပၚမွ ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလး သုံးဦး မေတာ္တဆ ျပဳတ္က်ခဲ့ေၾကာင္း သိရသည္။

ယာဥ္မွာရပ္နားထားရာမွ ႐ုတ္တရက္ေဆာင့္ထြက္မိရာမွ ျပဳတ္က်သည့္ မိန္းကေလးတစ္ဦးသာ ဦးေခါင္းဒဏ္ရာရရွိခဲ့သျဖင့္ လူမႈကူညီေရးအသင္းက မုဒုံၿမိဳ႕နယ္ေဆး႐ုံ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မြန္ညီၫြတ္ေရးပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီဝင္ မင္းဝဏၰႀကီးက ဆိုသည္။ မင္းဝဏၰႀကီးက “အရင္ဆုံးျပဳတ္က်တဲ့ ေကာင္မေလးက ဘာမွမျဖစ္ဘူး ေနာက္က်တဲ့ ေကာင္မ ေလး က ေခါင္းနဲ႔ေဆာင့္မိသြားတာ။ ဘာမွမျဖစ္ဘူး စိတ္မခ်လို႔ေဆး႐ုံမွာ ၂၄ နာရီေဆး႐ုံမွာေပးေနေစခ်င္တယ္ ေခါင္းက ဖူးသြားတာကို ဘာေသြးမွလဲမထြက္ေတာ့။ ဆင္းလို႔ေတာ့ရၿပီ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ မေပးဆင္းဘူး”ဟု ေျပာသည္။

အဆိုပါယာဥ္မေတာ္တဆမႈအတြက္ ယာဥ္ေမာင္းျဖစ္သူကို မုဒုံၿမိဳ႕မရဲစခန္းက ယာဥ္(ပ)၅၈/ ၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၃၇/၃၃၈/၁၇၉ တို႔အရ မႈဖြင့္အေရးယူထားေၾကာင္း သိရသည္။“ကားသမားကို လုပ္ထုံးလုပ္နည္းအရ ဥပေဒအရ ပုဒ္မ ၃၃၇ တို႔၊ ၂၇၉ တို႔ကေတာ့ ဖြင့္ထားတယ္။ ကြၽန္ေတာ္တို႔ရဲ လူပဲ ဒါေပမယ့္ အမႈကိုေတာ့ေျပလည္ေအာင္ ေဆာင္႐ြက္ ထားေပးတယ္ အမႈေတာ့မပိတ္ဘူး ဥပေဒလမ္းေၾကာင္းအတိုင္း ဆက္လုပ္ေနပါတယ္”ဟု ၎က ဆက္ေျပာသည္။ မြန္ညီၫြတ္ေရးပါတီဝန္းရံသူမ်ားက မုဒုံၿမိဳ႕မွ ကမာဝက္ၿမိဳ႕ရွိ ရပ္ကြက္မ်ား၊ ဝဲကလိ၊ ကမာအုပ္ေက်း႐ြာအုပ္စုမ်ားတြင္ ယာဥ္တန္းမဲဆြယ္ စီတန္းလွည့္လည္ စည္း႐ုံးလႈံ႕ေဆာ္သည့္ ခရီးစဥ္ျဖစ္ေၾကာင္း သိရသည္။ http://burmese.monnews .org/2020/10/27/%e1%80%99%e1%80%af%e1% 80%92%e1 %80%af%e1%80

*************

၁၄။ ေခါင္လံဖူးၿမိဳ႕တြင္ မဲ႐ုံတာဝန္က်သည့္ ပညာေရးဝန္ထမ္းမ်ားကို လိုက္ပို႔ေသာ ယာဥ္အစီးသုံးဆယ္ လမ္းေျမၿပိဳမႈ ေၾကာင့္ ကိုးရက္ၾကာ ပိတ္မိေနၿပီး ဆရာ၊ ဆရာမမ်ား ေျခလ်င္ခရီးဆက္ခဲ့ရ
29 October 2020

ေခါင္လံဖူးၿမိဳ႕တြင္ မဲ႐ုံတာဝန္က်သည့္ ပညာေရးဝန္ထမ္းမ်ားကို ပူတာအိုမွ လိုက္ပါပို႔ေဆာင္ေသာ ယာဥ္အစီးသုံးဆယ္ လမ္းေျမၿပိဳမႈေၾကာင့္ ကိုးရက္ၾကာ ပိတ္မိေနၿပီး ဆရာ၊ ဆရာမမ်ားမွာ အထမ္းအပိုးမ်ားႏွင့္ ေျခလ်င္ခရီး ဆက္ခဲ့ရေၾကာင္း လိုက္ပါပို႔ေဆာင္သည့္ ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

ပူတာအိုခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕နယ္ မေဂြဇႏွင့္ ရီဒမ္းၾကားတြင္ ပိတ္မိေနခဲ့ျခင္းျဖစ္ၿပီး ကားေမာင္းသူ လူဦးေရ သုံးဆယ္မွာ ကိုးရက္ၾကာ ပိတ္မိေနမႈေၾကာင့္ ရိကၡာျပတ္လမ္းမႈမ်ား ႀကဳံေတြ႕ရသည့္အတြက္ ပူတာအိုၿမိဳ႕သို႔ ေျခလ်င္ခရီး ဆင္းလာသူမ်ား ရွိေနေၾကာင္း ပူတာအိုမွ ကားအငွားလိုက္သြားသူ ကိုဒြက္က ဆိုပါသည္။ ၎က “ေအာက္တိုဘာ ၂၁ ရက္ေန႔ကေန ဒီေန႔အထိ လမ္းမွာပိတ္ေနတာ။ ဆရာမေတြကေတာ့ အထမ္းေတြ၊ အပိုးေတြနဲ႔ ခရီးဆက္သြားလိုက္ၾကၿပီ။ က်ေနာ္တို႔ ကား ဆရာေတြက ရက္ၾကာေတာ့ စားစရာမရွိေတာ့ဘူး။ ဒါေတာင္ ေလးငါးရက္က ေခါက္ဆြဲေျခာက္ပဲ စားေနရတာ။ ေနာက္သုံး ရက္ေလာက္မွ ကားသြားယူမယ္။ ကားကို အဲဒီမွာပဲ ပစ္ထားခဲ့ရတယ္။ မေဂြဇကေန ၂၅ မိုင္မွာေပါ့ အခုျဖစ္ေနတာ”ဟု ဆိုသည္။ ကခ်င္ျပည္နယ္တြင္ လမ္းခရီးခက္ခဲမႈႏွင့္ ဆက္သြယ္ေရး ခက္ခဲမႈကို ႀကဳံေတြ႕ေနရသည့္မွာ ေခါင္လန္းဖူးၿမိဳ႕ နယ္၊ ေဆာ့ေလာ္ၿမိဳ႕နယ္ႏွင့္ ေနာင္မြန္ၿမိဳ႕နယ္ ေျမာက္ပိုင္း ပန္နန္းဒင္ ၿမိဳ႕နယ္ (ခြဲ) ေဒသတို႔ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျပာၾကားသည္။

ယင္းေဝးလံေခါင္းဖ်ား ေဒသမ်ားရွိ မဲ႐ုံမ်ားမွ မဲ႐ုံပစၥည္းမ်ားကို တပ္မေတာ္ ရဟတ္ယာဥ္ျဖင့္ လိုက္ပါပို႔ေဆာင္ခဲ့ၿပီး တာဝန္က် ဆရာ/ဆရာမမ်ားကို ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ပူတာအိုၿမိဳ႕မ်ားတြင္ သင္းတန္းမ်ား ပို႔ခ်ကာ ဆရာ၊ ဆရာမ ၃၀၀ ေက်ာ္ကို ေစလႊတ္ခဲ့သည္။ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ကခ်င္ျပည္နယ္တြင္ ျပည္နယ္လႊတ္ေတာ္အတြက္ ၃၆ ေနရာ၊ ျပည္သူ႔လႊတ္ေတာ္အတြက္ ၁၈ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၁၂ ေနရာ၊ တိုင္းရင္းသားေရးရာဝန္ႀကီး ၄ ေနရာ ျဖစ္ၿပီး ပါတီေပါင္း ၁၉ ပါတီ၊ ကိုယ္စားလွယ္ေလာင္း ၄၁၀ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္ေၾကာင္း သိရသည္။ https://ne ws-eleven.com/ article/196614

**************

၁၅။ နမၼတူျမစ္ေပၚတြင္ တည္ေဆာက္ထားသည့္ ေရကာတာ ရပ္တန႔္ေပးရန္ ေဒၚေအာင္ဆန္းစုၾကည္ထံစာပို႔
October 27, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း နမၼတူျမစ္ေပၚ တည္ေဆာက္ေနသည့္ အထက္ရဲ႐ြာ ေရကာတာစီမံကိန္း ရပ္တန္ေပးရန္ ေဒသခံ ျပည္သူမ်ားက နိင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ အိတ္ဖြင့္စာကို (ေအာက္တိုဘာ ၂၇) ရက္စြဲျဖင့္ ေပးပို႔လိုက္ေၾကာင္း သိရသည္။ နမၼတူျမစ္ေပၚရွိ အထက္ရဲ႐ြာ ေရကာတာ စီမံကိန္း ႏွင့္ သီေပါ (နမၼတူ) ေရကာတာမ်ားသည္ သီေပါ၊ေက်ာက္မဲၿမိဳ႕နယ္ ေဒသခံမ်ားအတြက္ ႀကီးမားစြာ ဆိုးက်ိဳးမ်ားသက္ေရာက္မည္ျဖစ္သျဖင့္ ေဒသခံလက္မွတ္ (၁၈၈၄) ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ ထံ အိတ္ဖြင့္စာ ေပးပို႔ခဲ့သည္။

“ ဒီနမၼတူျမစ္ေပၚတည္ေဆာက္ေနတဲ့ ေရကာတာကို ရပ္တန႔္ေပးဖို႔ ထပ္ေတာင္းဆိုတာပါ။ လက္ရွိေရကာတာ အေျခအေန က ၄၀ ရာခိုင္းႏႈန္းေလာက္ေတာ့ ၿပီးၿပီလိုေတာ့ေျပာလို႔ရတယ္။ ၂၀၀၈ ကတည္းက စေဆာက္တာဆိုေတာ့၊ အခုဆို ၁၀ ႏွစ္ ေက်ာ္ေလာက္ေတာ့ရွိၿပီ” ဟု စိုင္းဖုန္းျမင့္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ေရကာတာ စီမံကိန္း ၁၀ႏွစ္ေက်ာ္ ကာလ အတြင္း စီမံကိန္း ႏွင့္ ပတ္သက္ၿပီး ေဒသခံမ်ား၏ ကန႔္ကြက္မႈေၾကာင့္ တခ်ိဳ႕ကုမၸဏီမ်ား ႏႈတ္ထြက္ခဲ့ေသာ္လည္း လက္ရွိမွာ

ေရကာတာ စီမံကိန္းကို အစိုးရ အေနျဖင့္ မရပ္တန႔္ေသးသည့္ အတြက္ ရပ္တန႔္ေပးရန္ ထပ္မံေတာင္းဆိုျခင္းျဖစ္ေၾကာင္း လည္း စိုင္းဖုန္းျမင့္ က ဆိုသည္။ အထက္ရဲ႐ြာ ေရကာတာ စီမံကိန္း ေဆာက္လုပ္ရာတြင္ ပါဝင္ခဲ့သည့္ ဆြစ္ဇာလန္ႏိုင္ငံ Stucky ကုမၸဏီမွ ၾသဂုတ္ ၂၆ ရက္တြင္ Business and Human Rights Resource Centre (BHRRC) အဖြဲ႕ထံသို႔ ေရကာတာေဆာက္လုပ္မႈတြင္ ႏႈတ္ထြက္ေၾကာင္းကိုစာေပးပို႔ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဇန္နဝါရီ လပိုင္းတြင္လည္း ျပင္သစ္ကုမၸဏီ Engie မွ အဂၤလန္အေျခစိုက္ျမန္မာအေရးလႈပ္ရွားသူမ်ား အဖြဲ႕ Burma Campaign (BCUK)ထံသို႔ မိမိတို႔၏ ကုမၸဏီခြဲျဖစ္သည့္ Lahmeyer ဂ်ာမနီသည္ အထက္ရဲ႐ြာ ေရကာတာေဆာက္ လုပ္ေရး ႏွင့္ ဆက္ႏြယ္မႈမရွိေတာ့ေသာေၾကာင့္ ျမန္မာ့လူ႔အခြင့္အေရးခ်ိဳး ေဖာက္သူမ်ား ၏စာရင္း အမည္ပ်က္ စာရင္းထဲမွ ပယ္ဖ်က္ ေပးပါရန္ ေတာင္းဆိုခဲ့ေၾကာင္းလည္း ရွမ္းျပည္နယ္အတြင္းရွိ ျမစ္ေခ်ာင္းမ်ားအေရး လႈပ္ရွားမႈ ကြန္ယက္၏ ထုတ္ျပန္ခ်က္ အရသိရသည္။ နမၼတူျမစ္ေပၚ တည္ေဆာက္လ်က္ရွိေသာ အထက္ရဲ႐ြာ စီမံကိန္း သီေပါ(နမၼတူ) ေရကာတာစီမံကိန္း ႏွင့္ အလယ္ရဲ႐ြာ စီမံကိန္းမ်ားအားလုံးရပ္တန႔္ရန္ ႏွင့္ ေဒသခံမ်ား၏ အသံ ႏွင့္ တုန႔္ျပန္မႈမ်ားကို အသိအမွတ္ျပဳေပးရန္ အတြက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ပို႔သည့္ အိတ္ဖြင့္စာထဲတြင္ ထည့္သြင္းေရးသားထားသည္။ https: //burmese.shannews.org/archives/19091

*************

၁၆။ ဖားကန႔္ ေတာင္ၿပိဳေက်း႐ြာကို ေလာဒ့္ေဒါင္း မျဖဳတ္ေသး
28 October 2020

ကခ်င္ျပည္နယ္က ပိုးေတြ႕လူနာအမ်ားဆုံးရွိေသာ ဖားကန႔္ၿမိဳနယ္ ေတာင္ၿပိဳေက်း႐ြာကို ေလာဒ့္ေဒါင္းျဖဳတ္ေပးရန္ ေတာင္းဆိုမႈရွိေနေသာ္လည္း ျဖဳတ္ေပးရန္အစီစဥ္မရွိေသးေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ထံမွ သိရသည္။

ေအာက္တိုဘာလ ၂၇ ရက္ေန႔ ေတာင္ၿပိဳေဒသခံမ်ားက ေလာဒ့္ေဒါင္းျဖဳတ္ေပးရန္ ေတာင္းဆိုခဲ့ၾကေသာ္လည္း လက္ရွိခ်ိန္ တြင္ ေရာဂါျဖစ္ပြားမူႏူန္းဆက္လက္ရွိေနေသးသည့္အတြက္ေျဖေလ်ာ့ရန္ေပးႏိုင္ျခင္းမရွိေသးေၾကာင္း ၫႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္ က ေျပာသည္။“က်န္းမာေရးဌာနရဲ႕ေျပာၾကားခ်က္အရေတာ့ ေတာင္ၿပိဳ႐ြာရဲ႕ Positive ျဖစ္ပြားမႈႏူန္းက ျမင့္ေန ေသးတယ္လို႔ သိရတယ္။ ေနာက္ဆုံးေတြ႕ထားတဲ့ ၃ေယာက္ကလည္း ေတာင္ၿပိဳကဘဲျဖစ္ေနေသးတယ္။ ခုေလာေလာဆယ္ အဲ႐ြာကဘဲ ၄၇ ေယာက္ကိုလည္း Swab ယူၿပီး စစ္ေဆးဖို႔လုပ္ေနတယ္။ အဲအေျဖကလည္း မသိရေသးဘူး။ က်န္းမာေရး ဌာန ရဲ႕စံႏႈန္းအရဆိုရင္ ဆက္တိုက္ ၂ပတ္တိတိ စစ္ေဆးလို႔မေတြ႕ရွိဘူးဆိုရင္ေတာ့ ႏႈန္းျပန္ေလ်ာ့က်မယ္။ ေနာက္ထပ္ ၁ပတ္ေလာက္ေစာင့္ၿပီး ႏႈန္းက်သြားတယ္ဆိုရင္ေတာ့ ေျဖေလ်ာ့ေပးလို႔ရမယ္။ ေလာေလာဆယ္မွာေတာ့ေျဖေလ်ာ့လို႔ မရႏိုင္ေသးဘူး။” ဟု ေျပာသည္။

ေတာင္ၿပိဳေက်း႐ြာတြင္ Covid-19 ပိုးေတြ႕ရွိသူမ်ားလာသည့္အတြက္ လြန္ခဲ့သည့္ စက္တင္ဘာလ ၁၁ ရက္ေန႔မွစကာ ေလာဒ့္ေဒါင္းခ်မွတ္ထားသည္မွာ ၁ လေက်ာ္ၾကာျမင့္လာၿပီျဖစ္သည္။ ေလာဒ့္ေဒါင္းခ်မွတ္ထားသည့္ကာလ ၾကာျမင့္လာ သည့္အတြက္ ေဒသခံမ်ား သြားလာစားေသာက္ေရးကိစၥြတြင္ ခက္ခဲမ်ားစြာႀကဳံေတြ႕လာၾကရသည္။“ေဒသခံေတြ ခက္ခဲ ေနမယ္ဆိုတာသိတယ္။ က်ေနာ္တို႔လည္းက်န္းမာေရးအရလုပ္ေဆာင္ရတာျဖစ္ပါတယ္။ ဒါေပမယ့္ေဈးဝယ္တာ က်န္းမာေရး ကိစၥေတြကိုေတာ့ ခြင့္ျပဳေပးထားတယ္။ အေရးႀကီးကိစၥသြားမယ္ဆိုရင္ေတာ့ ကားနဲ႔စီစဥ္ေပးထားပါတယ္။ ၿပီးေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္မွာရွိတဲ့သူေတြကို အဆင့္ဆင့္ဆက္သြယ္ၿပီးေတာ့ သြားလာခြင့္ျပဳထားပါတယ္။ က်ေနာ္တို႔ဒီလိုလုပ္ရ တာကလည္းအားလုံးေကာင္းဖို႔လုပ္တာျဖစ္ပါတယ္။” ဟု ေတာင္ၿပိဳေက်း႐ြာတာဝန္ခံ ဦးသန္းေ႐ႊကေျပာသည္။

ေတာင္ၿပိဳေက်း႐ြာသည္ စက္တင္ဘာလ ၁၁ ရက္ေန႔တြင္ ပထမအႀကိမ္ ေလာဒ့္ေဒါင္းအျဖစ္သတ္မွတ္ထားၿပီးေနာက္ ပိုးေတြ႕လူနာထပ္တိုးလာသည့္အတြက္ ေလာဒ့္ေဒါင္းသတ္မွတ္ရက္အား စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ က်န္းမာေရး ဝန္ႀကီးဌာနမွ ဒုတိယအႀကိမ္ေလာဒ့္ေဒါင္းနယ္ေျမအျဖစ္ ထပ္မံတိုးခဲ့ကာေလာဒ့္ေဒါင္းခ်မွတ္ထားသည့္ ရက္ေပါင္း ၄၀ ေက်ာ္ရွိၿပီျဖစ္သည္။ https://burmese.kachinnews.com/2020/10/28/l1-17/

*************

၁၇။ ဧရာဝတီတြင္ ကရင္ပါတီမ်ားကို ဝန္းရံအင္အားျပပြဲမ်ား ဆက္တိုက္ျပဳလုပ္
October 28, 2020

ဧရာဝတီတိုင္းေဒသအႀကီးအတြင္း ကရင္ႏုိင္ငံေရးပါတီမ်ားကို အားေပးဝန္းရံ လွည့္လည္ပြဲမ်ား ဆက္တိုက္ျပဳလုပ္ေနၿပီး အေႏွာင့္အယွက္ခံရမႈ အနည္းငယ္သာရွိခဲ့ကာ အမ်ားစုမွာ ေအးေအးခ်မ္းခ်မ္းျဖင့္ ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ဝန္းရံ ကရင္လူ ငယ္မ်ားက ေကအိုင္စီသို႔ ေျပာသည္။ ဧရာဝတီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ႕နယ္တြင္ ယခုလအတြင္း ကရင္ပါတီမ်ားကို အားေပးဝန္းရံ လွည့္လည္မႈမ်ား ေက်း႐ြာအလိုက္၊ ကုန္းလမ္း၊ ေရးလမ္း မ်ား၌ မၾကာခဏ ျပဳလုပ္ခဲ့သလို ေအာက္တိုဘာ ၂၇ ရက္ေန႔တြင္ တစ္ၿမိဳ႕နယ္လုံး အတိုင္းအတာျဖင့္ လွည့္လည္အင္အားျပပြဲကို ဝန္းရံသူမ်ားက ျပဳလုပ္ခဲ့ၾကသည္။

ဧရာဝတီရွိ ကရင္လူငယ္မ်ား ဦးေဆာင္ကာ ေအာက္တိုဘာ ၂၇ ရက္ေန႔တြင္ ပုသိမ္၊ ကန္ႀကီးေထာင့္၊ ဟသၤာတ၊ ေက်ာင္းကုန္း၊ ပန္းတေနာ္၊ ေညာင္တုန္း ၿမိဳ႕နယ္မ်ားက ကရင္ပါတီမ်ားကို အားေပးဝန္းရံ လွည့္လည္ပြဲ တစ္ရပ္ကို ျပဳလုပ္ခဲ့ၿပီး ေကာင္းမြန္စြာ ၿပီးစီးခဲ့သည္ဟု ဝန္းရံလူငယ္တစ္ဦးျဖစ္သူ စခန႔္တုံက ေကအိုင္စီသို႔ ေျပာ သည္။ ၎က “ က်ေနာ္တို႔ စုေပါင္းလွည့္လည္ပြဲလုပ္ေတာ့ ကန္ႀကီးေထာင့္လမ္းဆုံမွာ ေမးတယ္၊ ဘယ္သူဦးေဆာင္တာလဲတဲ့ က်ေနာ္တို႔က ဦးေဆာင္သူေတာ့ မရွိဘူး။ ဒီလိုပဲလာဝန္းရံတာလို႔ ေျပာျပတယ္။ မေန႔က ဆုံရပ္အေနနဲ႔ ကန္ႀကီးေထာင့္-ေျမာင္းျမလမ္းဆုံမွာ လုပ္ထားတယ္။ ဆုံရပ္လုပ္ထားတဲ့ ကြင္းထဲမွာ ကားေတြဝင္လို႔မရေတာ့ တခ်ိဳ႕က အျပင္မွာပဲ ေနၾကတယ္” ဟု စခန႔္တုံက ေျပာသည္။

“ ေရေၾကာင္းခရီး ဝန္းရံလွည့္လည္ပြဲမွာ စက္ေလွေတြနဲ႔ ထြက္ေတာ့ လမ္းကေန လိုက္လာတဲ့ စက္ေလွတစီးက တျခား ပါတီ သီးခ်င္းေတြဖြင့္တာရွိတယ္။ တားလို႔လည္း မရဘူး။ ဝင္ေႏွာင့္ယွက္တဲ့ သေဘာမ်ိဳးေပါ့၊ ဘယ္သူေတြလည္းဆိုတာ လိုက္လို႔လည္း မရဘူး ျဖစ္သြားတယ္။ စက္ေလွေတြက လမ္းက႐ြာေတြကေန ထြက္လိုက္ လာတာလည္းရွိၿပီး အစီး ၃၀၀ ေလာက္ရွိေတာ့ ဘယ္သူေတြဆိုတာေတာ့ မသိလိုက္ရဘူး”ဟု ဝါးခယ္မၿမိဳ႕နယ္ ကရင္အမ်ိဳးသားပါတီ ဥကၠ႒ မန္းမ်ိဳးလြင္ က ေကအိုင္စီသို႔ ေျပာသည္။ http://kicnews.org/2020/10/%e1%80%a7%e1%80%9b%e1%80%ac%e1%80 %9d%e1%80%90%e1%

**************

၁၈။ ေမာ္လၿမိဳင္ၿမိဳ႕၌ ဆိုင္ခန္းငွားရေသာေဈးသည္မ်ား ပိုမိုၾကပ္တည္းလာ
October 28, 2020

လက္ရွိကိုဗစ္ဒုတိယလႈိင္းကာလတြင္ ေမာ္လၿမိဳင္ၿမိဳ႕၌ အေရာင္းအဝယ္နည္းပါးလာသည္ႏွင့္အမွ် ဆိုင္ခန္ငွားရေသာ ေဈး သည္မ်ား ပိုမိုၾကပ္တည္းလာသည္ကို ေတြ႕ရွိရသည္။

ေမာ္လၿမိဳင္တကၠသိုလ္ကိုသာ အားထားေနရေသာ ၿမိဳင္သာယာရပ္ကြက္မွ ေဈးသည္မ်ားအေနျဖင့္ ဆိုင္ခန္းငွားရမ္းခေပးႏိုင္ ရန္သာ ပိုမိုႀကိဳးစားေနရေၾကာင္း ေ႐ႊလက္ရာမြန္ ကြတ္တီယိုႏွင့္ အေအးဆိုင္ရွင္ မဇာျခည္ဝင့္က ေျပာသည္။ မဇာျခည္ဝင့္က “ပါဆယ္နဲ႔ေရာင္းတယ္၊ အိမ္တိုင္ရာေရာက္လည္း ပို႔ရေတာ့ ပိုပင္ပန္းတယ္၊ ပိုက္ဆံနည္းနည္းရဖို႔ ပို႐ုန္းကန္ရတယ္၊ ဆိုင္ခန္းဖိုးေလာက္ေတာ့ရတယ္။ ပိုလ်ံတယ္ဆိုတာေတာ့ မရွိပါဘူး”ဟု ဆိုသည္။ အလားတူပင္ အိမ္ခန္းငွား၍ သီရိစႏၵာ( Fashion & Design) သင္တန္းဖြင့္လွစ္ရန္ အဆင္သင့္ျဖစ္ေနေသာ္လည္း ကိုဗစ္ေရာဂါဒုတိယလႈိင္းတြင္ အလုပ္ရပ္နား လိုက္ရေၾကာင္း သင္တန္းဆရာမ ေဒၚခင္သင္းသင္းအိက ေျပာသည္။ ေမာ္လၿမိဳင္ၿမိဳ႕ေပၚ ဆိုင္ခန္းငါွးရမ္းခအေနျဖင့္ တစ္လ လွ်င္က်ပ္ ၁ သိန္းဝန္းက်င္ခန႔္၊ လုံးျခင္းအိမ္ငွားခ ၁ သိန္းခြဲမွ ၂ သိန္းခြဲအထိရွိၿပီး အမ်ားအားျဖင့္ ၆ လ (သို႔) ၁ ႏွစ္စာ ေငြ အၿပီးရွင္းကာ စာခ်ဳပ္ခ်ဳပ္ဆို၍ငွားရမ္းေလ့ရွိေၾကာင္း သိရသည္။

OVID-19 ေရာဂါကူးစက္မႈႏႈန္းျမင့္တက္လာသျဖင့္ မြန္ျပည္နယ္အတြင္းသို႔ ေအာက္တိုဘာလ ၃ ရက္ေန႔မွစတင္ၿပီး မြန္ျပည္နယ္အဝင္ စစ္ေတာင္းတံတားဂိတ္တြင္ အိမ္စီးယာဥ္မ်ားႏွင့္ Express ယာဥ္မ်ားကို သက္ဆိုင္ရာမွ ျဖတ္သန္း သြားလာခြင့္မျပဳေတာ့ဘဲ ကုန္တင္ကားမ်ားသာ သြားလာလွ်က္ရွိသည္။ မြန္ျပည္နယ္တြင္ ေအာက္တိုဘာ ၂၇ ရက္ေန႔ ညပိုင္းအထိ ကိုဗစ္ေရာဂါပိုးကူးစက္သူစုစုေပါင္း ၆၅၅ ဦး ေသဆုံးသူ ၉ ဦးရွိေၾကာင္း၊ ေဆး႐ုံမွဆင္းလာသူ ၃၅၀ ဦးခန႔္ရွိၿပီး တစ္ႏိုင္ငံလုံးတြင္ ေရာဂါပိုးကူးစက္သူစုစုေပါင္း ၄၇,၆၆၆ ဦး ေသဆုံးသူ ၁,၁၄၇ ဦးႏွင့္ ေဆး႐ုံမွဆင့္ခြင့္ရွိသူ ၂၇,၃၇၃ ဦးရွိခဲ့သည္။ http://burmese.monnews.org/2020/10/28/%e1%80%99%e1%80%b1%e1%80%ac%e1%80 %ba%e1%

*************

၁၉။ ဝိုင္းေမာ္တြင္ ႀကိဳတင္မဲေပး၊ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးစည္းကမ္းလိုက္နာမႈ အားနည္း
30 October 2020

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္မွာ ေအာက္တိုဘာ ၂၉ ရက္ေန႔က အသက္ ၆၀ အထက္ ရွိသူေတြ ရပ္ကြက္ အုပ္ခ်ဳပ္ေရး မွဴး႐ုံးအခ်ိဳ႕မွာ ပထမဆုံး ႀကိဳတင္မဲေပးခဲ့ၾကၿပီး ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္းေတြလိုက္နာမႈအားနည္း ေနတယ္လို႔ သိရပါတယ္။

မဲ႐ုံတာဝန္က် ၿမိဳ႕နယ္ က်န္းမာေရးဝန္ထမ္းတဦးက “မဲေပးမယ့္သူေတြက က်န္းမာေရးဌာနက ထုတ္ျပန္ထားသလို ၆ ေပခြာၿပီး ေနရမွာ အဲ့လိုေတြလည္း မရွိဘူး၊ ထုံးေတြ ဘာေတြလည္း တားထားတာမရွိဘူး၊ စနစ္လည္းမက်ဘူး။ mask ေတာ့ ခ်ေပးထားတယ္၊ ဟန္းဂ်ယ္ေတာ့ ခ်ေပးထားတယ္။ ဒါေပမယ့္ အဲ့ဒါေတြကို စြန႔္ပစ္ဖို႔ အမႈိက္ပုံး ေပးမထားဘူး။ စုၿပဳံတိုးေန တာ မေတာ္တဆ မိုး႐ြာခဲ့ရင္ ေနဖို႔ ေနရာမရွိဘူး။ ပိုးရွိတဲ့သူပါလာရင္ ကူးၿပီ။ က်မအေနနဲ႔ ၫႊန္ၾကားခ်က္နဲ႔အညီ လုပ္ေပးဖို႔ မဲ႐ုံ တာဝန္ရွိသူေတြကို မနက္ကတည္းက ေျပာထားတယ္။ ခုထိေတာ့ ဘာမွမလုပ္ေသးဘူး” လို႔ ေျပာပါတယ္။

ႀကိဳတင္မဲဆႏၵေပးခြင့္ရွိသူေတြကို ေအာက္တိုဘာ ၂၉ ရက္မွစၿပီး ႏိုဝင္ဘာ ၅ ရက္ေန႔ထိ မနက္ ၈ နာရီကစၿပီး ညေန ၆ နာရီ အထိ မဲေပးခြင့္ျပဳထားတာလို႔ သိရပါတယ္။ ဝိုင္းေမာ္ၿမိဳ႕ အမွတ္ ၂ ရပ္ကြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒က “က်န္းမာေရး နဲ႔ အညီ ျဖစ္ေအာင္လို႔ မဲေပးမယ့္သူေတြကို လိုက္ေျပာထားတာရွိတယ္၊ ၆ ေပခြာဖို႔ စည္းေတာ့ တားထားတယ္၊ အဲ့ေလာက္ ခြာရင္ မဲထည့္တဲ့သူေတြ ေနပူထဲေနရမွာ၊ မိုးကာမ႑ပ္ထိုးရင္ေတာ့ အဆင္ေျပမယ္။ ခုက အခက္အခဲေတြရွိလို႔ အဲ့လိုေတြ မလုပ္ႏိုင္ေတာ့ဘူး” လို႔ ေျပာပါတယ္။ http://burmese.dvb.no/archives/420162

*************

၂၀။ ကိုဗစ္ကာလ ပါတီမ်ားမွ လူစုလူေဝးျဖင့္ အင္အားျပမဲဆြယ္သည့္အေပၚ ေတာင္ႀကီးေဒသခံမ်ားေဝဖန္
October 30, 2020

ကိုဗစ္ကာလ ႏိုင္ငံေရးပါတီမ်ားမွ လူစုလူေဝးျဖင့္ အင္အားျပမဲဆြယ္သည့္အေပၚ ေတာင္ႀကီးေဒသခံမ်ားက ေဝဖန္လ်က္ရွိ သည္။ ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ႏိုင္ငံေရးပါတီမ်ားအင္အားျပမဲဆြယ္ျခင္းကို မၾကာခဏျပဳလုပ္လ်က္ရွိၿပီး ယင္းသို႔လွည့္လည္မႈ ေၾကာင့္ ကိုဗစ္ဗိုင္းရပ္ျပန႔္ပြားမည္ကို စိုးရိမ္မိေၾကာင္း ေတာင္ႀကီးၿမိဳ႕ ကိုဗစ္အထူးအဖြဲ႕မွ ေစတနာ့ဝန္ထမ္း ဦးဝင္ႏိုင္စိုး က ေျပာသည္။“ပါတီေတြ မဲဆြယ္တဲ့ကာလျဖစ္ေနေတာ့ စည္း႐ုံးေရးလုပ္တဲ့အခါ စနစ္တက်ျဖစ္ေစခ်င္တယ္။ ေ႐ြးေကာက္ပြဲ နီးကပ္လာတာနဲ႔အမွ် လူစုလူေဝးလိုက္ လမ္းေပၚထြက္လာၾကတယ္။ Mask ေတြလဲမတပ္ဘူး။ ၿပီးခဲ့တဲ့ရက္ပိုင္းက ပါတီတစ္ခု မဲဆြယ္ပြဲမွာ လိုက္တဲ့သူတစ္ဦးမွာ ပိုးေတြ႕တယ္။ ဒါကြၽန္ေတာ္တို႔ အထူးစိုးရိမ္ရတဲ့အေျခအေနပဲ”ဟု ၎ကေျပာသည္။

ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ေအာက္တိုဘာ ၂၆ ရက္က ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ PNO ပါတီ၏ အင္းအားျပ မဲဆြယ္ရာ၌ပါဝင္ခဲ့သည့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးထံတြင္ ကိုဗစ္ဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။“မဲကလည္း မေပးလို႔မရဘူး။ ဒါေပမဲ့ ပါတီမဲဆြယ္ပြဲေတြက လူဦးေရအရမ္းမ်ားတယ္။ အဖြဲ႕လိုက္ပဲ၊ ေရာဂါေတြက အရမ္းတိုး လာေတာ့စိတ္ပူတယ္။ ဘယ္သူ႔ဆီမွာ ဒီေရာဂါရွိေနမလည္းမသိရေတာ့ PNO ကျဖစ္သြားတဲ့ကိစၥမွာ စိုးရိမ္စရာေတြရွိလာ တယ္”ဟု ေတာင္ႀကီးေဒသခံ မခ်ယ္ရီေအာင္ကေျပာသည္။ ပါတီမ်ားအေနျဖင့္ အင္အားျပသေန႐ုံျဖင့္ မဲရႏိုင္မည္မဟုတ္ဘဲ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးသည္ လူထု၏ အကဲျဖတ္မႈတြင္မူတည္ၿပီး က်န္းမာေရးႏွင့္မညီဘဲ မဲဆြယ္စည္း႐ုံးမႈကို လက္မခံ ေၾကာင္းႏွင့္ လက္ရွိတြင္ ျပည္သူမ်ား၏ ႏိုင္ငံေရးေရခ်ိန္ ျမင့္မားလာသည့္အခ်ိန္ျဖစ္သည္ဟု ေတာင္ႀကီးၿမိဳ႕ ေက်ာင္းႀကီးစုရပ္ ေဒသခံ ေဒၚၿပဳံးေမကေျပာသည္။

“ျပည္သူေတြအေနနဲ႔ အစကတည္းက ဘယ္သူ႔ကိုမဲထည့္မယ္ဆိုတာ ရင္ထဲမွာရွိၿပီးသား ေထြေထြထူးထူးေတြလုပ္ျပေနလို႔ ေရာဂါပိုးကူး႐ုံပဲ ရွိမယ္” ဟု ၎ကေျပာသည္။ https://burmese.shannews.org/archives/19131

*************

၂၁။ လမ္းခ်ဲ႕လို႔ ေျမၿပိဳမႈမ်ားလာၿပီး တီးတိန္ေဒသခံေတြ အခက္ေတြ႕
October 28, 2020

ခ်င္းျပည္နယ္ ေျမာက္ပိုင္း တီးတိန္ၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာတခ်ိဳ႕မွာ အစိုးရရဲ႕ ဖြံ႕ၿဖိဳးေရး ဘတ္ဂ်က္နဲ႔ ကားလမ္းေတြ တိုးခ်ဲ႕ ေဖာက္လုပ္တာတာေၾကာင့္ ေျမၿပိဳမႈေတြျဖစ္ၿပီး ေဒသခံေတြ အခက္အခဲေတြ ျဖစ္ေနပါတယ္။ ခ်င္းေတာင္တန္းေပၚမွာ တည္ရွိတဲ့ တီးတိန္ၿမိဳ႕နယ္က လမ္းတိုးခ်ဲ႕ေဖာက္လုပ္ေရးလုပ္ငန္းေတြဟာ မိုးတြင္းကာလျဖစ္တဲ့ အခုခ်ိန္မွာ ေျမစာေတြၿပိဳ က်ၿပီး ေဒသခံေတြ သြားလာရ အဆင္မေျပျဖစ္ေနတာပါ။ အရင္လမ္းမတိုးခ်ဲ႕ခင္ကထက္ ေျမၿပိဳမႈေတြပိုမ်ားလာၿပီး တခ်ိဳ႕ ေနရာေတြမွာ ေျမစာေတြကို လူအင္အားနဲ႔သာ ရွင္းရတာေၾကာင့္ အခ်ိန္ေပးလုပ္ေနရတယ္လို႔ လိမ္ခိုင္ေက်း႐ြာ အုပ္ခ်ဳပ္ေရး မွဴး ဦးက်င့္ေခၚဇမ္းက ေျပာပါတယ္။

တီးတိန္ၿမိဳ႕ ဖူးႏြမ္းေက်း႐ြာမွာလည္း ၿပီးခဲ့တဲ့ ၾသဂုတ္လက ေက်းလက္လမ္း တိုးခ်ဲ႕ရာကေန ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီး ပန္းသီး စိုက္ခင္း ၂၃ ဧက ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။ ေက်းလက္လမ္းေတြ တိုးခ်ဲ႕ေဖာက္လုပ္တာေၾကာင့္ အနည္းနဲ႔အမ်ားေျမၿပိဳမႈေတြ ႀကဳံလာရၿပီး လမ္းမခ်ဲ႕ခင္ကထက္ ပိုၿပီးအခက္အခဲျဖစ္ေနတယ္လို႔ ေဒသခံေတြက RFA ကို ေျပာပါတယ္။ မိုးတြင္းမွာ လမ္းတာခ်ဲကတာေၾကာင့္ လမ္းေပၚမွာ ႐ႊံ႕ဗြက္ေတြ ျဖစ္ေနၿပီး ကားအမ်ားစု သြားလို႔ အဆင္မေျပျဖစ္ေနေၾကာင္း တီးတိန္ၿမိဳ႕ ေဒသခံ ဦးကမ္းခတ္က ေျပာပါတယ္။“ေလာေလာဆယ္ေတာ့ ကားသြားလို႔ သိပ္အဆင္မေျပဘူး။ သြားလို႔မရဘူျဖစ္ေနတာ 4 by 4 ဆိုရင္ရတယ္၊ 4 by 2 ဆိုရင္မရဘူး။ အခုေတာ့ မိုးတြင္းမွာ လမ္းတာခ်ဲ႕တယ္ဆိုေတာ့ အကုန္လုံး ႐ႊံ႕ဗြက္ေတြ ျဖစ္ကုန္တာေပါ့။”အစိုးရရဲ႕ ဖြံ႕ၿဖိဳးေရးဘတ္ဂ်က္နဲ႔ ခ်င္းျပည္နယ္က ေက်း႐ြာေတာ္ေတာ္မ်ားမ်ားမွာ ေက်းလက္လမ္း တိုးခ်ဲ႕ ေဆာင္႐ြက္ရာမွာ ေျမၿပိဳမႈျဖစ္ပြားၿပီး အခက္အခဲေတြရွိတာေၾကာင့္ ေဒသခံေတြက ရွိၿပီးသား နဂိုလမ္းသားကို ေက်ာက္စရစ္ ခင္းလမ္း၊ ေက်ာက္ခင္းလမ္းလိုမ်ိဳး လုပ္ေဆာင္ေပးဖို႔ လိုလားေနတာျဖစ္ပါတယ္။

“တာခ်ဲ႕ မလုပ္ခင္ကေတာ့ လမ္းၿပိဳတာ သိပ္မရွိဘူး။ ကားလမ္း က်ဥ္းက်ဥ္းေလးဆိုေတာ့ ဂ်စ္ကားလမ္းကေန ဒိုင္နာကား အႀကီးေတြ သြားလို႔ရေအာင္ လူထုအားနဲ႔ လုပ္တာေလ။ အခုက်ေတာ့ လမ္းတာခ်ဲ႕တာဆိုေတာ့ အသစ္ေဖာက္သလို ျဖစ္ေနတယ္။ ကြၽန္ေတာ္တို႔ အထြက္ သီးႏွံေတြဆိုရင္ စပ်စ္သီးတို႔၊ ဟင္သီးဟင္႐ြက္မ်ိဳးစုံ ထြက္တယ္ေလ။ အဲဒါေၾကာင့္ မိုးတြင္းဆိုေတာ့ နည္းနည္း ဒုကၡေရာက္တာ၊ အဲဒါေၾကာင့္ ကတၱရာလမ္း မဟုတ္ရင္ေတာင္ ေက်ာက္ေခ်ာလမ္းျဖစ္ႏိုင္ရင္ ေဒသခံေတာင္သူေတြအတြက္ စိတ္ခ်မ္းသာမယ္လို႔ ထင္ပါတယ္။”တီးတိန္ၿမိဳ႕ေက်း႐ြာေတြက ထြက္ရွိတဲ့ သီးႏွံေတြကို တီးတိန္ၿမိဳ႕နဲ႔ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ကို တင္ပို႔ေရာင္းခ်ေနတာေၾကာင့္ ေက်း႐ြာအတြင္း ေျမၿပိဳမႈနည္းပါးၿပီး လမ္းပမ္းဆက္ သြယ္ေရးေကာင္းမြန္ဖို႔ ေဒသခံေတြက ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။ https://www.rfa.org/burmese/news/tedim-landslide-10282020063318.html

**************

၂၂။ လြိဳင္ေကာ္ၿမိဳ႕နယ္ ၀ါရီေကာခူေက်း႐ြာရွိ ယာယီကုန္တင္ယာဥ္ရပ္နားစခန္းကို လာေရာက္ညႇိႏႈိင္းေျပာင္းေ႐ႊ႕ေပးရန္ ႏွင့္ မေျဖရွင္းပါက ေက်း႐ြာလူထုက ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္
28 October 2020

လြိဳင္ေကာ္ၿမိဳ႕နယ္ ၀ါရီေကာခူေက်း႐ြာ အထကေက်ာင္းခြဲတြင္ထားရွိသည့္ ယာယီကုန္တင္ယာဥ္ရပ္နားစခန္းအား လူထု၏ သေဘာထား မေတာင္းခံဘဲ ျပည္နယ္အစိုးရအစီအမံျဖင့္ လုပ္ေဆာင္ခဲ့ေသာေၾကာင့္ အျမန္ဆုံးလာေရာက္ညႇိႏႈိင္း ေျပာင္းေ႐ႊ႕ေပးရန္ႏွင့္ မေျဖရွင္းပါက ေက်း႐ြာလူထုက သေဘာထားေဖာ္ထုတ္ ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း ေဒသခံမ်ားက ေအာက္တိုဘာ ၂၈ ရက္တြင္ ေတာင္းဆိုခ်က္တစ္ေစာင္ ထုတ္ျပန္သည္ဟု သိရသည္။

“ကြၽန္ေတာ္တို႔က လုပ္တဲ့ပုံစံေလးေတြက ဒါကလည္း ႐ြာရဲ႕ေတာင္းဆိုမႈရယ္။ ႏွစ္႐ြာေပါင္းၿပီးမွ အစည္းအေဝးလုပ္တဲ့ ဟာက ဆယ္အိမ္မွဴးေလးေတြကအစ အသင္းအဖြဲ႕ကအစအကုန္ညႇိႏႈိင္းၿပီးမွ သေဘာထားထုတ္ျပန္ရတာပါ။ သူတို႔ စိုးရိမ္တဲ့ အေနအထားကေတာ့ စာသင္ေက်ာင္းနဲ႔ကပ္ရပ္က အိမ္ကေလးေတြရွိတယ္။ သူတို႔က ႐ြာမွာကေလးေတြကို အသြားအလာ ေတြ ကန႔္သတ္ထားရတယ္။ ကားဝင္းက အေပၚမွာရွိေပမဲ့လည္း ဆယ္ဘီးကားေတြက ႐ြာလယ္လမ္းမေပၚမွာပဲ။ ခုန ေရာဂါ အတြက္က စိုးရိမ္ေနရတယ္။ သူတို႔ေျပာတဲ့ ကားေတြကို ေဆးဖ်န္းေဆးမႈတ္ေပးမယ္ဆိုတာလည္း ႏႈတ္အားျဖင့္ေျပာ ေပမဲ့ လည္း ဘာတစ္ခုမွ မလုပ္တာေတြ႕ရတယ္” ဟု ပီကင္းေကာခူေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ခြန္းေအာင္ေက်ာ္ေဌးက ေျပာၾကား သည္။ လြိဳင္ေကာ္ၿမိဳ႕နယ္ ၀ါရီေကာခူယာယီ ကုန္တင္ယာဥ္ရပ္နားစခန္းတြင္ ျပည္နယ္ျပင္ ပကားသမားႏွစ္ဦးတြင္ ေအာက္တိုဘာ ၂၆ ရက္က COVID-19 Positive ေတြ႕ၿပီးေနာက္ ျပည္နယ္တြင္းမွ ေဒသခံကားသမားမ်ားမွာ စိုးရိမ္လ်က္ရွိ ေၾကာင္း သိရသည္။

ေတာင္းဆိုခ်က္ငါးခ်က္ပါဝင္ၿပီး ျပည္နယ္အစိုးရ၏ အစီအမံျဖင့္ ျပဳလုပ္ထားေသာ ယာဥ္ရပ္နားစခန္းသည္ ေက်း႐ြာအလယ္ တြင္ ရွိေနသည့္အျပင္ ၀ါရီေကာခူႏွင့္ ပီကင္းေကာခူေက်း႐ြာလူထုသည္ ေတာင္ယာသိမ္းခ်ိန္ ျဖစ္သျဖင့္ ယာဥ္ေၾကာပိတ္ ဆို႔ျခင္းႏွင့္ က်န္းမာေရးအရ စိုးရိမ္ေသာကျဖစ္ျခင္း၊ ကားသမားမ်ား သတ္မွတ္ထားေသာေနရာထက္ ေက်ာ္လြန္၍ ႐ြာတြင္း သို႔ သြားလာျခင္းမ်ားေၾကာင့္ ေန႔စဥ္စိုးရိမ္ေနရျခင္း၊ ေက်း႐ြာတြင္ သက္ႀကီး႐ြယ္အိုႏွင့္ ကေလးငယ္မ်ားျပားသျဖင့္ စိုးရိမ္ေန ၾကျခင္းမ်ားရွိေၾကာင္း ေတာင္းဆိုခ်က္တြင္ ေရးသားထားသည္။ ထို႔ျပင္ ယာဥ္ရပ္နားစခန္းအား ေက်း႐ြာႏွင့္အလွမ္းေဝးေသာ ေနရာတြင္ သြားေရာက္ထားရွိေပးရန္၊ ေက်း႐ြာလူထုအား တိုင္ပင္ညႇိႏႈိင္းျခင္းမရွိဘဲ ကယားျပည္နယ္အစိုးရက အတင္းအဓမၼ တည္ေဆာက္ေနမႈအေပၚ ေက်း႐ြာလူထုႏွင့္ အျမန္ဆုံးလာေရာက္ညႇိႏႈိင္း ေျပာင္းေ႐ႊ႕ေျဖရွင္းေပးရန္ဟု ေတာင္းဆိုခ်က္ထဲ တြင္ ထည့္သြင္းေရးသားထားသည္။ ထိုသို႔ ကယားျပည္နယ္အစိုးရအဖြဲ႕က လာေရာက္ညႇိႏႈိင္းေျဖရွင္းျခင္းမရွိပါက ေက်း႐ြာ ေနျပည္ သူလူထုမ်ားအေနျဖင့္ မိမိတို႔၏သေဘာထားမ်ားကို ေဖာ္ထုတ္ၿပီး ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ https://news-eleven.com/article/196582

***************

၂၃။ ဖားအံၿမိဳ႕ သရက္ေတာေက်ာင္းတိုက္တြင္ သံဃာေတာ္မ်ား Covid ကူးစက္မႈမ်ားလာ
October 29, 2020

ဖားအံၿမိဳ႕ရွိ အမွတ္(၁)ရပ္ကြက္ရွိ သရက္ေတာေက်ာင္းတိုက္၌ သီတင္းသုံးေနၾကသည့္ သံဃာေတာ္မ်ားသည္ Covid-19 ေရာဂါကူးစက္ခံခဲ့ရၿပီး ေအာက္တိုဘာ ၂၈ ရက္ေန႔အထိ ကူးစက္မႈမွာ သံဃာ ၄၉ ပါးအထိ ရွိေနၿပီျဖစ္ေၾကာင္း ဖားအံၿမိဳ႕နယ္၊ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးလႈိင္ေက်ာ္စိုးက ေကအိုင္စီသို႔ ေျပာသည္။

အဆိုပါေက်ာင္းတိုက္တြင္ စုစုေပါင္း သံဃာေတာ္ ၁၂၅ ပါး သီတင္းသုံးေနထိုင္ၿပီး ေအာက္တိုဘာ ၂၇ ရက္ေန႔တြင္ သံဃာ ေတာ္အခ်ိဳ႕ကို ကူးစက္ေရာဂါပိုး စတင္ေတြ႕ရွိသည့္အတြက္ ဆက္လက္မျပန႔္ပြားရန္ လက္ရွိအခ်ိန္တြင္ ေက်ာင္း တိုက္တစ္ ခုလုံးကို Lock Down ခ်လိုက္ၿပီျဖစ္သည္ဟု သိရသည္။ ၎က “ေက်ာင္းတိုက္ကိုေတာ့ ေရာဂါအေျဖစထြက္တာနဲ႔ ေက်ာင္း ဝင္းကို Lock Down ခ်လိုက္ၿပီးေပါ့ေနာ္။ ခ်ၿပီးေတာ့ လိုအပ္တာကိုျပန္ထပ္စစ္တယ္။ ေရာဂါပိုး ထပ္ေတြ႕တဲ့ သံဃာေတာ္ ေတြကိုေတာ့ ေဆး႐ုံမွာ ပို႔လိုက္တာေပါ့။ အခုက အဲဒီေက်ာင္းတိုက္မွာ ပိုးကူးစက္ခဲ့တာ စုစုေပါင္း ၄၉ပါးရွိတယ္ေပါ့။”ဟု ဦးလႈိင္ေက်ာ္စိုးက ေကအိုင္စီသို႔ ေျပာသည္။

Covid-19 ကူးစက္ခံရသူအခ်ိဳ႕သည္ ေရာဂါကူးစက္မႈရွိသည့္ ရပ္ကြက္အတြင္းသို႔ အသြားအလာ ထိေတြ႕မႈမ်ား ပါဝင္သလို အသြားအလာ ကန႔္သတ္ထားရွိသူမ်ားလည္းျဖစ္ၿပီး ပိုးေတြ႕ရွိသူမ်ားကို ဖားအံၿမိဳ႕၊ အမွတ္(၇)ရပ္ကြက္ရွိ တိုင္းရင္း ေဆး႐ုံ တြင္ ေဆးကုသမႈ ခံယူေနရသည္ဟု ျပည္နယ္က်န္းမာေရးဦးစီးဌာန၏ ထုတ္ျပန္ထားေသာ ေရာဂါပိုးေတြ႕ရွိသည့္ အေျဖဇယားတြင္ ေဖာ္ျပထားသည္။ ေရာဂါကူးစက္ခံရသူ သံဃာေတာ္မ်ားထဲတြင္ သက္ေတာ္ ၁၀ ႏွစ္ေက်ာ္ သာမေဏ ေလးမ်ား အမ်ားဆုံးပါဝင္ၿပီး က်န္ကူးစက္ သံဃာေတာ္မ်ားႏွင့္ ေက်ာင္းတိုက္အတြင္း က်န္ရွိသည့္ သံဃာေတာ္မ်ား၏ ဆြမ္းခဲဘြယ္အတြက္ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဒါယိကာမ်ားက တာဝန္ယူ လွဴဒါန္းေပးလ်က္ရွိသည္ဟု သိရသည္။ http://kicnews.org/2020/10/%e1%80%96%e1% 80%ac%e1%80%b8%e1%80%a1%e1%80%b6%e1%

**************

၂၄။ တိုင္းရင္းသားပါတီမ်ား ပူးေပါင္း၍ ၫြန႔္ေပါင္းအစိုးရဖြဲ႕ႏိုင္က အေျပာင္းအလဲ လုပ္ႏိုင္မည္
October 30, 2020

တိုင္းရင္းသားပါတီမ်ားအေနျဖင့္ ၫႊန္ေပါင္းအစိုးရ ဖြဲ႕ႏိုင္မည္ဆိုပါက တစ္ပါတီ အာဏာရွင္စနစ္ႏွင့္ စစ္အာ ဏာရွင္စနစ္ကို တြန္းလွန္ ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD မွ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕ နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း က ေျပာဆိုလိုက္သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အခင္းအက်င္းတစ္ခုကို အလွည့္အေျပာင္း ျဖစ္လာ ႏိုင္သည့္ ေ႐ြးေကာက္ပြဲျဖစ္သည္ဟု တိုင္းရင္းသားႏိုင္ငံေရးပါတီ အခ်ိဳ႕က ဆိုသည္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD မွ ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္ေလာင္း စိုင္းဆြန္လွ်ိဳ႕က “တိုင္းရင္းသား တစ္ခုတည္းနဲ႔ မွီခိုလို႔ သြားလို႔ မွမရဘူး။ ေတာက္ေလွ်ာက္ တိုင္းရင္းသား အခ်င္းခ်င္းစည္းလုံးညီၫႊတ္မႈ ရွိမွေနာက္တစ္ခ်က္က က်ေနာ္တို႔လိုခ်င္တဲ့ၫႊန႔္ေပါင္း အစိုးရ ဒါေတြ ၫႊန႔္ေပါင္း အစိုးရဖြဲ႕ ႏိုင္ၿပီဆိုလွ်င္ ခုနက် ေနာ္ေျပာတဲ့ တစ္ပါတီ အာဏာရွင္ စနစ္တို႔ စစ္အစိုးရ ဆိုတာ တြန္းလွန္ႏိုင္မယ္လို႔ က်ေနာ္ယုံၾကည္ ပါတယ္” ဟု ေျပာသည္။

၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွ အႏိုင္ရရွိကာအစိုးရျဖစ္လာသည့္ NLD ပါတီ အေနျဖင့္ တိုင္းရင္းသားမ်ား၏ အသံကို လစ္လ်ဴရႈခဲ့ၿပီး ဗဟိုခ်ဳပ္ကိုင္မႈျဖင့္သာ အမ်ားဆုံး အုပ္ခ်ဳပ္စီမံလုပ္ ေဆာင္ခဲ့သည့္အတြက္ စုေပါင္းေခါင္းေဆာင္မႈ စုေပါင္း လုပ္ေဆာင္မႈမ်ားမွာ အားနည္းခဲ့သည္ဟု ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းက ေျပာ သည္။ ထို႔ေၾကာင့္ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲအလြန္တြင္ ၫႊန႔္ေပါင္းအစိုးရ ျဖစ္လာရန္လိုသည္ဟု စိုင္းဆြန္လ်ိဳ႕ က ဆက္ ေျပာသည္။“ဒီဟာက ၫႊန႔္ေပါင္းအစိုးရဆိုတာ ဒါကို ဒီၫႊန႔္ေပါင္းကို သြားကိုသြားရမယ္။ ဘာေၾကာင့္လဲဆိုရင္ က်ေနာ္ တို႔ တစ္ပါတီပဲ ႀကီးစိုးေနရင္ တစ္ပါတီစနစ္ တစ္ပါတီအာဏာရွင္လိုျဖစ္သြားမယ္။ ဘာေၾကာင့္လဲဆိုရင္က်ေနာ္တို႔ ခုနေျပာသလို ဖက္ဒရယ္ျပည္ေထာင္စု သြားေနတဲ့ ဒီမိုကေရစီ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ဒီၫႊန႔္ ေပါင္းကို တိုင္းရင္းသား လူမ်ိဳးစုံရဲ႕ အသံကို နားေထာင္မွရမယ္။”

ျပည္နယ္ အေျခစိုက္ ေပါင္းစည္းပါတီ ၅ ခုတြင္ ပါဝင္သည့္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP မွ ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္း က “က်ေနာ္တို႔က ၂၀၂၀ ေ႐ြးေကာက္ပြဲ အလြန္မွာ က်ေနာ္တို႔ရဲ႕ တိုင္းရင္းသား ပူးေပါင္းထားတဲ့ ပါတီေတြ အေနနဲ႔ က်ေနာ္တို႔ ဆုံးျဖတ္ထားတာ ေဆြးေႏြးထားတာကေတာ့ အနာဂတ္မွာ အစိုးရလုပ္မယ့္ ပါတီေတြ အေနနဲ႔ ဆိုရင္ ကိုယ္ပိုင္ျပဌာန္းခြင့္ရွိတဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္ကို လက္ခံရမယ္။ နံပါတ္ ၂ အေနနဲ႔ စစ္မွန္တဲ့ ဖက္ဒရယ္ ျပည္ေထာင္စု ကို တည္ေဆာက္ဖို႔လိုတယ္။ ဒါကိုလက္ခံဖို႔လိုတယ္။ ၿငိမ္းခ်မ္းေရး လုပ္ဖို႔လိုတယ္။ အဓိကကေတာ့ ကိုယ္ပိုင္ျပဌာန္းခြင့္ ဖက္ဒရယ္ ျပည္ေထာင္စုနဲ႔ အေျခခံဥပေဒ ျပင္ဆင္ေရး အသစ္ေရးဆြဲေရးကို လက္ခံတဲ့ပါတီေတြနဲ႔အတူတကြ လက္တြဲ ေဆာင္႐ြက္ဖို႔ က်ေနာ္တို႔ ဒါပဲ ေဆြးေႏြး ထားတာ ရွိပါတယ္” ဟု ေျပာသည္။

ေပါင္းစည္းထားသည့္ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီ ၅ ခုမွာ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP)၊ ကယား ျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP)၊ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ (KNDP)၊ ခ်င္းအမ်ိဳးသား ဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ (CNLD) ႏွင့္ မြန္ညီၫြတ္ေရးပါတီ (MUP) တို႔ျဖစ္သည္။ ထိုအေနအထားမ်ားေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ အလြန္တြင္ တိုင္းရင္းသားပါတီမ်ားအေနျဖင့္ ေ႐ြး ေကာက္ပြဲ ေအာင္ႏိုင္မည္ဆိုပါက ၫႊန႔္ေပါင္းအစိုးရ ဖြဲ႕သြားမည္ျဖစ္ၿပီး ထိုမွတစ္ဆင့္ တိုင္းရင္းသားမ်ား၏ အခြင့္အေရး၊ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးႏွင့္ ဒီမိုကေရစီအေရးတို႔ကို ႀကိဳးစားလုပ္ ေဆာင္ သြားမည္ဟု တိုင္းရင္းသား ပါတီမ်ားက ေျပာသည္။ https://www.bnionline.net/mm/news-76623

**************

၂၅။ ရခိုင္တြင္ လူ႔အခြင့္ေရး ခ်ိဳးေဖာက္ခံရမႈမ်ားနဲ႔ပတ္သက္ၿပီး ဂ်ပန္တြင္ ဆႏၵေဖာ္ထုတ္
October 30, 2020

ရခိုင္ျပည္နယ္တြင္ လူ႔အခြင့္ေရးခ်ိဳးေဖာက္ခံရမႈမ်ားနဲ႔ပတ္သက္ၿပီး ရခိုင္အမ်ိဳးသားဒီမိုကေရတစ္ပါတီ (ဂ်ပန္) ANDP မွ ဦးေဆာင္ၿပီး ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ ျမန္မာသံ႐ုံးေရွ႕တြင္ ေအာက္တိုဘာ ၂၉ ရက္ ညေန(၃)နာရီအခ်ိန္က ဆႏၵျပေတာင္း ဆိုခဲ့သည္။ ျမန္မာ့တပ္မေတာ္မွ ရခိုင္ျပည္နယ္အတြင္းရွိ ေက်း႐ြာမ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း၊ လူမ်ိဳးတုန္းသတ္ျဖတ္ျခင္း၊ မတရားဖမ္းဆီးျခင္း၊ စစ္ပြဲမ်ားရပ္တန႔္ကာ အင္တာနက္ 4G ရရွိရန္ စသည္ျဖင့္ ဆႏၵျပခဲ့ၾကေသာ ေက်ာင္းသားမ်ားအား ဖမ္းဆီးေထာင္ခ်မႈမ်ားျပဳလုပ္ေနသည့္ လက္ရွိအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္အား ကန႔္ကြက္ရႈတ္ခ်ျခင္း စသည္ျဖင့္ ဆႏၵေဖာ္ ထုတ္ခဲ့ၾကသည္။

“အျပစ္မဲ့ ျပည္သူေတြကို မတရားဖမ္းဆီးႏွိပ္စက္ျခင္းေတြ၊ စစ္ေရွာင္ျပည္သူမ်ားေတြဆီကို ပို႔ေပးတဲ့ စားနပ္ ရိကၡာ၊ ေဆးဝါး အကူအညီေတြကို ဟန႔္တားျခင္းေတြဟာ ဂ်ီနီဗာကြန္ေဗးရွင္းကို ဆန႔္က်င္ရာေရာက္တဲ့အတြက္ မိမိတို႔အေနနဲ႔ ဒီအေပၚမွာ ရႈတ္ခ်ကန႔္ကြက္ပါတယ္”ဟု ANDP ဥကၠ႒ ကိုဘုန္းျမင့္က DMG သို႔ေျပာသည္။ အဆိုပါ ဆႏၵေဖာ္ထုတ္ပြဲတြင္ ဂ်ပန္ အေျခစိုက္ ရခိုင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ(ဂ်ပန္) ANDP ၊ ကခ်င္အဖြဲ႕ အစည္း (KNOJ)၊ ကရင္အဖြဲ႕အစည္း (OKO J) ၊ ပအိုဝ္အဖြဲ႕အစည္း ႏွင့္ ရွမ္းအဖြဲ႕အစည္း စသည္တို႔မွ လူဦးေရ ၈၀ ခန႔္ ပူးေပါင္းပါဝင္ခဲ့ေၾကာင္းသိရသည္။

ထိုသို႔ ဆႏၵေဖာ္ထုတ္ရာတြင္ ျမန္မာ့တပ္မေတာ္မွ ထိုးစစ္တိုက္ခိုက္မႈမ်ားအား ရပ္တန႔္ေရး၊ ရခိုင္ျပည္တြင္ 4Gအင္တာနက္ ခ်က္ခ်င္းျပန္ဖြင့္ေပးေရး၊ စစ္ေရွာင္ျပည္သူမ်ားကို လူသားခ်င္းစာနာသည့္ အေထာက္အပံ့မ်ား ႏွင့္ လုံၿခဳံစြာေနထိုင္ႏိုင္ေရး၊ ကာကြယ္ေပးေရး၊ စစ္ရပ္စဲေရးအတြက္ ဆႏၵျပေတာင္းဆိုသည့္ ေက်ာင္းသားမ်ားအား အျမန္ဆုံးျပန္လႊတ္ေပးေရး၊ တရား မွ်တမႈမရွိေသာ ေ႐ြးေကာက္ပြဲအလိုမရွိ၊ ျပည္တြင္း ျပည္ပသတင္းေထာက္မ်ားအား လြတ္လပ္စြာ သတင္းရယူခြင့္ျပဳေရး စသည္တို႔ကို ဂ်ပန္၊ ျမန္မာ ႏွစ္ဘာသာျဖင့္ေႂကြးေၾကာ္ကာ ေတာင္းဆိုခဲ့ၾကသည္။ https://www.bnionline.net/mm /news-76610

***************

၂၆။ ႏိုင္ငံေရးပါတီမ်ား မဲဆြယ္စည္း႐ုံးရာတြင္ လူ ၅၀ ထက္ပိုပါက ယေန႔မွစ၍ ရဲတပ္ဖြဲ႕က ရာဇဝတ္က်င့္ထုံးႏွင့္အညီ လူစုခြဲအေရးယူမည္
29 October 2020

ႏိုင္ငံေရးပါတီမ်ား အင္အားျပျခင္း၊ လွည့္လည္ျခင္း၊ မဲဆြယ္စည္း႐ုံးျခင္းကိစၥမ်ား ေဆာင္႐ြက္ရာတြင္ လူ ၅၀ ထက္ပိုပါက (ေအာက္တိုဘာ ၂၉ ရက္) မွစ၍ ရဲတပ္ဖြဲ႕က ရာဇဝတ္က်င့္ထုံးႏွင့္အညီ လူစုခြဲ အေရးယူမည္ဟု ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္ (နရခ) မွ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ရဲတပ္ဖြဲ႕မ်ားသို႔ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားေၾကာင္း သိရသည္။ ယင္းၫႊန္ၾကားစာကို မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေအာက္တိုဘာ ၂၈ ရက္က တင္ျပထားသည္။

“အားလုံး သတိ”ဆိုသည့္ စာသားႏွင့္အတူ ယင္းၫႊန္ၾကားစာကို မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ၎ ၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ တင္ျပထားျခင္း ျဖစ္သည္။ ထို႔ျပင္ ယင္းၫႊန္ၾကားစာကို မေကြးတိုင္းရဲတပ္ဖြဲ႕မႉးက ၎အား လာေရာက္ တင္ျပသြားေၾကာင္းႏွင့္ ယင္းကိစၥကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနက ေဆာင္႐ြက္ ျခင္းျဖစ္ေၾကာင္းကို မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ၎၏ ပို႔စ္ေအာက္တြင္ မွတ္ခ်က္ေပးထားသည္။ အဆိုပါၫႊန္ၾကားစာ၌ ေအာက္တိုဘာ ၂၈ ရက္ ည ၈ နာရီတြင္ ပါတီမ်ား လွည့္လည္မဲဆြယ္ စည္း႐ုံးျခင္းႏွင့္ ပတ္သက္၍ UEC ႏွင့္ ပထရမွ ေၾကညာခ်က္ထုတ္မည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ျပင္ ႏိုင္ငံေရးပါတီမ်ား အင္အားျပျခင္း၊ လွည့္လည္ျခင္း၊ မဲဆြယ္စည္း႐ုံးျခင္း ကိစၥမ်ား ေဆာင္႐ြက္ရာတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ အမိန႔္၊ စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီရန္ လိုေၾကာင္း၊ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္က ခြင့္ျပဳခ်က္ ပါဝင္ရမည္ျဖစ္ေၾကာင္း၊ အင္အား ၅၀ ထက္ လုံးဝ (လုံးဝ) မပိုရေၾကာင္း၊ သက္ဆိုင္ ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ခြင့္ျပဳခ်က္မရွိဘဲ ေဆာင္႐ြက္မႈ၊ ခြင့္ျပဳခ်က္ရွိေသာ္လည္း အင္အား ၅၀ ထက္ ပိုမိုေနမႈရွိပါက လက္ခံရ၍ မရေၾကာင္း ပါရွိသည္။ ထို႔အတူ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ မညီပါက ယေန႔ (ေအာက္တိုဘာ ၂၉ ရက္) မွစ၍ ရဲတပ္ဖြဲ႕က ရာဇဝတ္က်င့္ထုံး ၁၂၇/၁၂၈ တို႔ႏွင့္အညီ လူစုခြဲ အေရးယူ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ပါရွိသည္။ https://news-eleven.com/article/196597

*************

၂၇။ လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္ ျမန္မာကို ICJ တရား႐ုံးတြင္ တရားစြဲဆိုမႈအတြက္ အခ်က္အလက္မ်ား ေပးအပ္ေနၿပီဟု ကုလသမဂၢ IIMM ထုတ္ျပန္
October 29, 2020

ကုလသမဂၢအျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ တြင္ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို လူမ်ိဳးတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္ျဖင့္ တရားစြဲဆိုမႈအတြက္ သက္ဆိုင္ရာ အခ်က္အလက္မ်ား ေပးအပ္ျခင္း လုပ္ငန္းစဥ္ကို စတင္ေနၿပီျဖစ္ေၾကာင္း ကုလသမဂၢ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ယႏၲရား(Independent Investigative Mechanism for Myanmar-IIMM) က ယေန႔ တရားဝင္သတင္းထုတ္ျပန္သည္။

IIMM ၏ ယေန႔ သတင္းထုတ္ျပန္ခ်က္တြင္ ဂမ္ဘီယာႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ၏ ေတာင္းခံမႈေၾကာင့္ IIMM ယႏၲရားသည္ သက္ဆိုင္ရာ အခ်က္အလက္မ်ား ေပးအပ္ျခင္း လုပ္ငန္းစဥ္ကို စတင္ေနၿပီ ျဖစ္ေၾကာင္း၊ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ (၁၁) ရက္ေန႔တြင္၊ ဂမ္ဘီယာႏိုင္ငံသည္- အစၥလာမ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (Organisation of Islamic Cooperation, OIC) အဖြဲ႕ဝင္ (၅၇) ဖြဲ႕၏ ေထာက္ခံမႈျဖင့္ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) သို႔ အမႈတင္သြင္းခဲ့ေၾကာင္း၊ ရခိုင္ျပည္နယ္ရွိ ႐ိုဟင္ဂ်ာမ်ားအေပၚ က်ဴးလြန္သည့္ ရာဇဝတ္မႈမ်ားသည္ လူမ်ိဳးျပဳန္းတီးေစမႈ တားဆီးေရးႏွင့္ ျပစ္ဒဏ္ေပးေရးဆိုင္ရာ သေဘာတူညီခ်က္စာခ်ဳပ္ (“ဂ်န္ႏိုဆိုက္ ကြန္ဗင္းရွင္း”) အား ေဖာက္ဖ်က္သည္ဟု အမႈ၌ စြပ္စြဲထားေၾကာင္း၊ ဂမ္ဘီယာ ႏိုင္ငံသည္ စာခ်ဳပ္အပိုဒ္ (၉) အရ အမႈကို တင္သြင္းခဲ့ၿပီး ၎အပိုဒ္အားျဖင့္ “လူမ်ိဳးျပဳန္းတီးေစမႈအတြက္ တိုင္းျပည္တစ္ခု တြင္ရွိေသာ တာဝန္ဝတ္ဝတၱရားႏွင့္ ပတ္သက္၍”ႏိုင္ငံမ်ားအၾကား အျငင္းပြားမႈမ်ားကို ICJ တရား႐ုံးသို႔ တင္သြင္းရန္ ခြင့္ျပဳ ထားေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံသည္ (၁၉၅၆) ခုႏွစ္ ကတည္းကစ၍ ဂ်န္ႏိုဆိုက္ ကြန္ဗင္းရွင္း သေဘာတူညီခ်က္တြင္ ပါဝင္ေသာ အဖြဲ႕ဝင္ႏိုင္ငံ ျဖစ္ၿပီး အိုင္စီေဂ် တရား႐ုံးေရွ႕ေမွာက္ရွိ ဂမ္ဘီယာႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံ အမႈသည္ ကမာၻ႔ကုလသမဂၢ ပဋိညာဥ္စာတမ္း၊ ICJ ျပဌာန္းဥပေဒႏွင့္ လူမ်ိဳးျပဳန္းတီးေစမႈ စာခ်ဳပ္တို႔တြင္ အဖြဲ႕ဝင္ျဖစ္သည့္ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား “ႏိုင္ငံတခုမွ ႏိုင္ငံတခုသို႔” တရားစြဲဆိုမႈျဖစ္ေၾကာင္း၊ ဂမ္ဘီယာႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ၏ ေတာင္းခံမႈေၾကာင့္ ယႏၲရားသည္ သက္ဆိုင္ရာ အခ်က္အလက္မ်ား‌ေပးအပ္ျခင္း လုပ္ငန္းစဥ္ကို စတင္ေနၿပီ ျဖစ္ေၾကာင္း၊ (၂၀၂၀) ခုႏွစ္၊ စက္တင္ဘာလ ( ၂) ရက္ေန႔တြင္ ကေနဒါႏိုင္ငံႏွင့္ နယ္သာလန္ႏိုင္ငံတို႔သည္ ဤအမႈ၌ ဝင္ေရာက္ပါဝင္ရန္ ဆႏၵရွိေၾကာင္း ေၾကညာခဲ့ေၾကာင္း၊ ေမာလ္ဒိုက္စ္ ႏိုင္ငံသည္လည္း ဝင္ေရာက္ပါဝင္ရန္ ၎၏ဆႏၵကို (၂၀၂၀) ခုႏွစ္၊ ေဖေဖၚဝါရီလ ကတည္းက ေၾကညာထားေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ၂၀၂၀ ခုႏွစ္၊ ဇြန္လ ၂၂ ရက္ေန႔တြင္ လူ႔အခြင့္အေရး ေကာင္စီက ဆုံးျဖတ္ ခ်က္ ၄၃/၂၆ ျဖင့္ အိုင္စီစီ ႏွင့္ အိုင္စီေဂ် တရား႐ုံးမ်ားအပါအဝင္ ႏိုင္ငံတြင္း၊ ေဒသတြင္း၊ အျပည္ျပည္ဆိုင္ရာ တရား႐ုံး မ်ားႏွင့္ ယႏၲရားအၾကား အနာဂတ္ စုံစမ္းစစ္ေဆးမႈမ်ားအတြက္ နီးနီးကပ္ကပ္ႏွင့္ အခ်ိန္မွီ ပူးေပါင္းေဆာင္႐ြက္ၾကရန္ တိုက္တြန္းခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္က ဆိုသည္။ https://www.khitthitnews.com/2020/10/%e1%80% 9c%e1%80%b0%e1%80%99%e1%80%bb%e1%80

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 69 , October 30, 2020)

၁။ မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ

၂။ ပလက်ဝရှိ ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် KACC က ရွေးကော်ထံ တင်ပြ

၃။ မေယုမြစ်ထဲတွင် ICRC ထောက်ပံ့ရေး ရေယာဉ် ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး

၄။ KNU လက်မှ ပြန်လွတ်လာသည့် ကျောင်းအုပ်ဆရာကြီးနှင့် မေးမြန်းချက်

၅။ မယ်စဲ့မြို့နယ်တွင်ထားမည့် မဲပုံးအလွတ် ၃ ပုံး လုံခြုံရေးကြိုး ပြတ်တောက်၊ ရွေးကော်က ပါတီများကို အသိပေး

၆။ ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်တွင် လေယာဉ်များ ပျံသန်းပြေးဆွဲနိုင်ရန် အဆင်သင့် ဖြစ်နေ

၇။ AA ဖမ်းသွားသည့် ရသေ့တောင် မြို့မိ မြို့ဖ ၂ ဦးအနက်မှ ၁ ဦးပြန်လွတ်လာ

၈။ ဟုမ္မလင်းမြို့နယ် ကျားနီပါတီမဲဆွယ်စည်းရုံးရေးမှူး ကို အစိုးရတပ်ကဖမ်းဆီးရိုက်နှက်

၉။ ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှု အခြေခံ ဥပဒေခုံရုံး ဘယ်လို ဆုံးဖြတ်သလဲ

၁၀။ ရခိုင်မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တင်ပြရန် ပြည်နယ်ရွေးကော်နှင့် နိုင်ငံရေးပါတီတို့ သဘောတူ

၁၁။ မွန်+ကရင် ပူးတွဲအုပ်ချုပ်သည့် တောင်ပေါက်ဒေသကို မဲဆွယ်ခွင့်ပြုပြီဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

၁၂။ လက်နက်ကိုင်နှစ်ဖွဲ့၏ ဂိမ်းနှင့် လောင်းကစားရုံအချို့ ဖယ်ရှားရန် အစိုးရ ကန့်ကွက်အကြောင်းကြား

၁၃။ မုဒုံမြို့တွင် မွန်ညီညွတ်ရေးပါတီ အင်အားပြယာဉ်ပေါ်မှ အမျိုးသမီးသုံးဦး ပြုတ်ကျ

၁၄။ ခေါင်လံဖူးမြို့တွင် မဲရုံတာဝန်ကျသည့် ပညာရေးဝန်ထမ်းများကို လိုက်ပို့သော ယာဉ်အစီးသုံးဆယ် လမ်းမြေပြိုမှု ကြောင့် ကိုးရက်ကြာ ပိတ်မိနေပြီး ဆရာ၊ ဆရာမများ ခြေလျင်ခရီးဆက်ခဲ့ရ

၁၅။ နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့

၁၆။ ဖားကန့် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်း မဖြုတ်သေး

၁၇။ ဧရာဝတီတွင် ကရင်ပါတီများကို ဝန်းရံအင်အားပြပွဲများ ဆက်တိုက်ပြုလုပ်

၁၈။ မော်လမြိုင်မြို့၌ ဆိုင်ခန်းငှားရသောဈေးသည်များ ပိုမိုကြပ်တည်းလာ

၁၉။ ဝိုင်းမော်တွင် ကြိုတင်မဲပေး၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းလိုက်နာမှု အားနည်း

၂၀။ ကိုဗစ်ကာလ ပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများဝေဖန်

၂၁။ လမ်းချဲ့လို့ မြေပြိုမှုများလာပြီး တီးတိန်ဒေသခံတွေ အခက်တွေ့

၂၂။ လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို လာရောက်ညှိနှိုင်းပြောင်းရွှေ့ပေးရန် နှင့် မဖြေရှင်းပါက ကျေးရွာလူထုက ဖယ်ရှားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်

၂၃။ ဖားအံမြို့ သရက်တောကျောင်းတိုက်တွင် သံဃာတော်များ Covid ကူးစက်မှုများလာ

၂၄။ တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်က အပြောင်းအလဲ လုပ်နိုင်မည်

၂၅။ ရခိုင်တွင် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး ဂျပန်တွင် ဆန္ဒဖော်ထုတ်

၂၆။ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရာတွင် လူ ၅၀ ထက်ပိုပါက ယနေ့မှစ၍ ရဲတပ်ဖွဲ့က ရာဇဝတ်ကျင့်ထုံးနှင့်အညီ လူစုခွဲအရေးယူမည်

၂၇။ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာကို ICJ တရားရုံးတွင် တရားစွဲဆိုမှုအတွက် အချက်အလက်များ ပေးအပ်နေပြီဟု ကုလသမဂ္ဂ IIMM ထုတ်ပြန်

**************

၁။ မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ
28 October 2020

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲရုံပစ္စည်းများ သွားပို့သည့် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ကို ပစ်ခတ်လိုက်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ဧရာဝတီကို ပြောသည်။ RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “သူတို့လည်း သွားလာမယ်ဆိုတဲ့အကြောင်း ဆက်ဆံရေးရုံး မှာ အကြောင်းကြားတယ်။ အကြောင်းကြားတာနဲ့ ဆက်ဆံရေးရုံးကလည်း ရှေ့တန်းတပ်နယ်မှူးတွေနဲ့ ရှေ့တန်းစစ်မျက် နှာပြင် ကို အဆက်အသွယ် အချိန်မီမလုပ်နိုင်ခင် သူတို့က အသွားအလာစောသွားတော့ ကြားထဲက ဟသွားတဲ့သဘောပါ။ စစ်မျက်နှာပြင်က မကြားမသိလိုက်ရဘဲ လမ်းဖြတ်ကူးလာတော့ လမ်းလုံခြုံရေးအဖွဲ့က ကားရုတ်တရတ် ပေါ်လာတော့ လန့်ပြီး ပစ်ထည့်မိတာပါ”ဟု ပြောသည်။ ပစ်ခတ်လိုက်သည့် နယ်မြေမှာ တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် အခြေ အနေ မဟုတ်သော်လည်း အလုံးစုံငြိမ်းချမ်းသည့် နယ်မြေမဟုတ်သဖြင့် ရှေ့တန်းစစ်မျက်နှာပြင်အဖြစ်ထားရှိပြီး အသင့် အနေအထားဖြင့် နေရသည့် နေရာ ဖြစ် သည် ဟု ၎င်းက ဆိုသည်။

ပစ်ခတ်ခံရသူများမှာ လင်းခေးခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ဖြစ်ပြီး ၎င်းတို့သည် အောက်တိုဘာ ၂၇ ရက် က မိုင်းပန်မြို့နယ်သို့ မဲရုံပစ္စည်းများသွားပို့ပြီး အပြန်တွင်ပစ်ခတ်ခံရခြင်း ဖြစ်သည်။ ထိုသို့ပစ်ခတ်ခံရမှုကြောင့် ခရိုင်အုပ်ချုပ် ရေးမှူးနှင့် စာရေးတဦး ကျည်ဆန်များ ထိမှန်ပြီး လက်ရှိတွင် တောင်ကြီးမြို့၊ စဝ်စံ ထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ မဲရုံပစ္စည်း သွားပို့ရာတွင် ကား ၂ စီး၊ လူ ၁၃ ဦးဖြင့် သွားသော်လည်း ပစ်ခတ်ခံရချိန်တွင် ခရိုင်အုပ်ချုပ် ရေးမှူး နှင့် စာရေးတဦး ထိခိုက်ပြီး ကျန်အဖွဲ့ဝင်များမှာ ထိခိုက်မှု မရှိကြောင်း သိရသည်။ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “ဖြစ်သွားတဲ့ကိစ္စက ဗဟိုအထက်က ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တဲ့ ကိစ္စမျိုး မဟုတ်ဘူးဆိုတော့ ဘယ်လိုပဲပြောပြော နှစ်ဖက်လုံး တော့ ခြွင်းချက်တော့ ရှိပါတယ်။ အမှားရှိပါတယ်ဆိုပြီး ကိုယ့်လူကိုလည်း စည်းကမ်းရှိတဲ့အတိုင်း အရေးယူသွားမယ်လို့ အစီအစဉ် ရှိပါတယ်” ဟု ပြောသည်။

မိုင်းပန်မြို့နယ်၏ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ခိုင်က ၎င်းတို့ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းရာတွင် မိုင်းပန်မြို့နယ်အတွင်း နိုင်ငံရေးပါတီ ပေါင်းစုံမှ သွားလာနေသော်လည်း ပြဿနာ တစုံတရာ ကြုံရခြင်း၊ လာမေးမြန်းခြင်း၊ စည်းရုံးရေးဆင်းသည်ကို လာနားထောင်ခြင်းများ တကြိမ်မှ မကြုံဖူးပါဟု ပြောဆိုသည်။ ပစ်ခတ်မှု ဖြစ်သွားသည့် မိုင်းပန်မြို့နယ်တွင် တပ်မတော်နှင့် တပ်မတော်လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များအပြင် RCSS နှင့် NCA လက်မှတ်ထိုး ထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO) တို့လည်း လှုပ်ရှား သည်။ ထိုအခြေအနေများကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မိုင်းကိုင်မြို့နယ်ကို လွတ်လပ်ပြီးတရားမျှတမှုရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေအနေမရှိဟုဆိုကာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မိုင်းကိုင်ကို ထည့်သွင်း ကျင်းပ တော့မည် မဟုတ်ကြောင်း ကြေညာထားသည်။ https://burma.irrawaddy.com/news/2020/10/28/232431.html

***************

၂။ ပလက်ဝရှိ ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် KACC က ရွေးကော်ထံ တင်ပြ
28 October 2020

လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ အပါ အဝင် ကျေးရွာအုပ်စု ၁၀၂ အုပ်စုအနက် ၉၄ ခုကို မဲဆန္ဒနယ်မြေအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တို ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကျင်းပနိုင် သော မဲဆန္ဒနယ်များကို ထုတ်ပြန်ခဲ့ရာ တပ်မတော် နှင့် ရခိုင့်တပ် AA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းများ လည်း ရှိနေသည့် ပလက်ဝမြို့နယ်ကို ထည့်သွင်းထားသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။

ဖျက်သိမ်းလိုက်သော ကျေးရွာအုပ်စု ၉၄ အုပ်စုအနက် အနည်းဆုံး ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်ကို ပြန်လည် ပြင်ဆင်ပေးရန် ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC) က ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စာပို့ တင်ပြထားကြောင်း KACC ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောသည်။“ကပ်ပြီးမှ ဖြုတ်လိုက်တာ တော့တော်တော်လေးအဆင်မပြေဘူးပေါ့လေ။ ပထမကျင်းပခွင့်ကျလာပြီဆို့တော့ လူထုကတော့ ပြင်ဆင်နေကြပြီပေါ့နော်။ တိုက်ပွဲကလည်း ပြင်းထန်နေတဲ့ ဒေသဆိုတော့ အစကတည်းက ရွေးကောက်ပွဲ မလုပ်ရမှာကို စိုးရိမ်နေကြတာ။ အခက် အခဲကြားထဲက ပါလာတော့ မျှော်လင့်တာပေါ့လေ။ နီးမှပဲ ကပ်ဖြုတ်လိုက်တော့ အကုန်လုံးအတွက် ရလဒ်ကောင်းတော့ မဟုတ်တော့ဘူးပေါ့။ နစ်နာဆုံးကတော့ လူထုပေါ့လေ။ သူတို့ရွေးချယ်ချင်တဲ့ အမတ်လောင်းတွေ ရှိမယ်။ မဲပေးခွင့်မရဘဲ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာကတော့ တော်တော်လေး ထိခိုက်တာပေါ့”ဟု မိုင်နန်းဝေက ပြောသည်။

ပလက်ဝမြို့နယ်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာ အနိုင်ရရှိခဲ့ပြီး ချင်းတိုးတက်ရေးပါတီက ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာ အနိုင်ရရှိခဲ့သည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်ကာ ရေလမ်းခရီးကို အားထားနေရသည့် ဒေသတစ်ခုဖြစ်ပြီး တပ်မတော်နှင့် ရခိုင့်တပ် AA တို့ တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေတစ်ခုလည်းဖြစ်ကာ စစ်ဘေးရှောင်စခန်းများလည်း ရှိနေသည်။ http://www.mizzimaburmese.co m/article/74986

**************

၃။ မေယုမြစ်ထဲတွင် ICRC ထောက်ပံ့ရေး ရေယာဉ် ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး
28 October 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြင်ဝန်းကျေးရွာအနီး မေယုမြစ်ထဲတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC ) ၏ ထောက်ပံ့ရေး ပစ္စည်များကို တင်ဆောင်သည့် စက်လှေတစီးမှာ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်က ပစ်ခတ်လိုက်သည့်အတွက် မီးလောင်ကာ စက်လှေသမား တဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ စက်လှေသည် ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့မည့် ICRC ထောက်ပံ့ရေး ပစ္စည်းများကို တင်ဆောင်ကာ ယနေ့ မနက်ပိုင်း က စစ်တွေမြို့မှနေ ထွက်ခွာခဲ့ရာတွင် ပြင်ဝန်းကျေးရွာနှင့် ကံပြင် ကျေးရွာ ကြား မေယုမြစ်ထဲတွင် ထိုသို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ပစ်ခံရသည့် ဒဏ်ရာရရှိခဲ့သူ ဦးမောင်သန်းဝေက ပြောသည်။ ဦးမောင်သန်းဝေက “ကျနော်တို့က အိုင်စီအာစီ ပစ္စည်းတွေကို သွားပို့တာပါ။ အစိုးရ ခွင့်ပြုချက်စာတွေလည်း ပါပါတယ်။ အဲဒီလိုသွားရင်း ပြင်ဝန်းကျေးရွာအနီးမှာ တပ်မတော် ရေယာဉ်က အထက်က ဆင်းလာပါတယ်။ ကျနော်တို့ကလည်း သူတို့နဲ့ တွေ့တော့ ဖြေးဖြေးမောင်းပါတယ်။ အဲဒီအချိန် ဘာမှန်းမသိ လှမ်းပစ်ပါတယ်။ သူတို့ဆီ လှမ်းကပ်မယ်လုပ်တော့ လည်း အကပ်မခံဘူး ။ တောက်လျှောက် ပစ်ပါတယ်။ ကျနော်တို့ ရေထဲကို ခုန်ဆင်းတဲ့အချိန် စစ်သားတွေ စက်လှေပေါ် တက်ပြီး ဓါတ်ဆီး လောင်းပြီး စက်လှေကိုပါ မီးရှို့သွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါရေယာဉ်မှာ လုံခြုံရေးအရ စစ်ဆေးရန် တပ်မတော်ရေက တားဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်း က “ICRC ရိက္ခာတွေ ပို့ဖို့ ငှားထားတဲ့ ရေယာဉ်ပဲ ICRC အပိုင်မဟုတ်ဘူး။ အဲဒီသင်္ဘောကို Navy ကနေတား တယ်။ မရပ်ဘူး။ မောင်းပြေးတယ်လို့ သိရတယ်။ စိစစ်စဲသတင်းအရ အဲဒီသင်္ဘောပေါ်ကလည်း ပြန်ပြီးပစ်တယ်လို့သိရ တယ်။ Navy က ဘာလို့တားတာလဲဆိုတော့ တရားမဝင် လက်နက်ခဲယမ်းတွေ မပါအောင် တားစစ်တာပဲ”ဟု ပြောသည်။ လက်ရှိအချိန်တွင် အဆိုပါ စက်လှေတွင် လိုက်ပါလာသူ ၄ ဦးအနက် ၁ ဦးမှာ စက်လှေပေါ်တွင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူ ၂ ဦးကိုတော့ စေတီပြင် တိုက်နယ်ဆေးရုံမှနေ စစ်တွေ ဆေးရုံသို့ ယူဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ https://burma.irrawaddy.com/news/2020/10/28/232445.html

*************

၄။ KNU လက်မှ ပြန်လွတ်လာသည့် ကျောင်းအုပ်ဆရာကြီးနှင့် မေးမြန်းချက်
28 October 2020

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် မထောရွာမှ မူလတန်းကျောင်းအုပ်ဖြစ်သူ ဦးမြင့်ဇော်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်က အဓမ္မ ဖမ်းဆီးသွားပြီး သားဖြစ်သူအား ၎င်းတို့ထံတွင် စစ်မှုထမ်းရန် ကိစ္စနှင့် ဦးမြင့်ဇော်ကို လဲလှယ်နိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ သည်။ ဖာပွန်ခရိုင် အခြေစိုက် (KNU) တပ်မဟာ (၅) မှ တာဝန်ရှိသူများကမူ ဦးမြင့်ဇော်ကို အဓမ္မ ဖမ်းဆီးခဲ့ခြင်း မရှိဘဲ ၎င်း၏ သားဖြစ်သူ စစ်မှုထမ်းနိုင်ရေးကိစ္စ ပြောဆိုရန် ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် အခြေစိုက် သတင်း ဌာနများသို့ ပြောကြားထားသည်။ ထို့နောက်တွင် ဦးမြင့်ဇော်ကိုလည်း ပြန်လွှတ်ပေး လိုက်သည်။

မေး ။ ။ KNU ဘက်က ဖမ်းသွားတယ်လို့ကြားတယ်။ ဆရာ ဘယ်လိုအဖမ်းခံရတာလဲဆိုတာ ပြောပြ ပေးပါအုံး။

ဖြေ ။ ။ သူတို့က စိတ်ကောက်တဲ့သဘောပေါ့။ ကျနော့်ကို မှာတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က။ ကျနော်ကို ခေါ်ပြီး တွေ့ဆုံတယ်။ သူတို့ရဲ့ ၁၀၂ ရုံးမှာပေါ့။ တွေ့ဆုံပြီး စကားတွေပြောတာပေါ့ ပြောပြီးတော့။ သူတို့ပဲ ပြောတာ များပါတယ်။ ကိုယ်တွေက ဘာမှ ပြောပိုင်ခွင့် သိပ်မရှိဘူး။ နောက်ဆုံးတော့လည်း ကျနော် ပြန်တော့ မယ်ဆိုတော့ သူတို့က ခဏနေဦး၊ ခဏစောင့်ဆိုပြီး စာတစောင်ထုတ်တယ်။ အဲဒီစာကို ကျနော့်ကို ပေးလိုက် တယ်ပေါ့။ စာကတော့ ကျနော့်သား အကြီး ကောင် ၁၀ တန်းအောင်တယောက်ကို အောက်တိုဘာ ၂၂ ရက်နေ့ ကျရင် ခေါ်လာပြီး သူတို့ဆီလာအပ်ဖို့ပေါ့။ အဲဒီလိုစာ ၁ စောင်ပေးလိုက်တယ်။ ပြီးတော့ ကျနော်ပြန်လာတယ်။ ၂၁ ရက်နေ့ကျတော့ ကျနော် သူတို့ဆီကို သတင်းသွားပို့တယ်။ ကလေး မလာ ဘူးပေါ့။ ခေါ်လို့မရဘူးပေါ့။ အဲဒီလိုပြောလိုက်တယ်။ အဲဒီအခါကျတော့ ကလေးမလွှတ်ဘူး ဆိုတော့လည်း နေခဲ့ရမယ်တဲ့ သူတို့က ပြောတယ်။ မိဘကို ချုပ်မယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလိုနဲ့ ကျနော့်ကို သူတို့တပ်ရင်းကို ခေါ်သွား လိုက်တယ်။

မေး ။ ။ တပ်ရင်းက ဘယ်နေရာလဲ။

ကျနော်တို့ရွာနဲ့ဆိုရင် ဆိုင်ကယ်စီးရင် ၂ နာရီလောက် စီးရတယ်။ သူက တောင်ကျော် ပြီးတော့ ဟိုဘက်အနောက်ဘက်ကို ရောက်သွားတာပေါ့။ ကျနော့်ကို ထားတာတော့ အေးဆေးပါပဲ။ သူတို့ ဘာမှ မလုပ်ခိုင်းပါဘူး။ အိပ်လိုက်၊ စားလိုက်နဲ့ပေါ့။ နောက် ၂၄ ရက်လောက်ကျတော့ ဂိတ် ၁ ဂိတ်မှာ သွားစောင့်ပေးပါဆိုပြီး ပို့လိုက်တယ်။ ၁ ညပေါ့။ နောက် မိုးလင်းလာတော့ သူတို့ပြန်ချိတ်တယ်။ ကျောင်းအုပ်တယောက်ပေါ့။ မထောရွာကပေါ့။ ပြန်ပို့ပေးပါပေါ့။ သူတို့ လာကြိုတယ်။ ကျနော့်ကို ကြိုပြီးတော့ ဘာပြောသလဲဆိုတော့ အခုက မဲကိစ္စအရေးကြီးတယ်။ အဲဒါ နင်ပြန်ရ မယ်ပေါ့။ အဲဒီတော့ ကျနော်လည်း ပြန်ဆိုတော့လည်း ပြန်မယ်ပေါ့။ မဲရုံကိစ္စဘာညာပြီးတော့မှပဲ ပြန်ဆွေးနွေးကြတာပေါ့တဲ့။ အဲဒီလိုမျိုး ကျနော့်ကို သူတို့ပြန် ပြောတယ်။ အဲဒီလိုနဲ့ ကျနော်ပြန်လာလိုက်တာ။ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီမှာ ပြန်ရောက်တာပါ။

မေး ။ ။ အခုလို KNU ဘက်က ယာယီထိန်းသိမ်းခြင်း ခံရပြီး ပြန်လွတ်လာတဲ့အပေါ်မှာ ဘာပြောချင်လဲ။ ဆရာ့ ခံစားချက် ဘယ်လိုရှိလဲ။

ခံစားချက်ကတော့ စိတ်တော့ ဘယ်ကောင်းမလဲဗျာ။ ကိုယ်လည်း ဝန်ထမ်းတယောက်ပဲ။ မဖြစ်စေချင်ဘူးပေါ့။ ဒါလေးတွေ။ သူတို့အနေနဲ့ ကျနော်တို့ ဝန်ထမ်းမိသားစုတွေကိုလည်း အတတ်နိုင်ဆုံး ကလေးတွေကို စစ်မှုထမ်း ဖို့ ကောက်တဲ့ အထဲမပါဖို့ ဖြစ်စေချင်တယ်ပေါ့။ ကျနော်က အဲဒီရွာမှာ တာဝန်ထမ်းဆောင်နေတာလည်းကြာပြီ ၁၉၉၉ ခုနှစ်ကတည်းကပေါ့။ မိသားစု လည်း အဲဒီမှာပဲနေတာ။ အခုကတော့ ပြန်လျှော့လိုက်တဲ့ သဘောလား။ ဘာလားတော့မသိဘူး။ ဒီနေ့တော့ သူတို့ဘက်က ဒီည တခေါက်တွေ့ဖို့ ခေါ်ထားသေးတယ်။ ခေါ်ထားတယ် ဆိုတာက ကျနော့်မိသားစုရောပေါ့။ ကျနော့် ညီအကို မောင်နှမ တွေ ရောပေါ့။ ၄ နာရီလောက်မှာ ချိန်းထားတာ ရှိသေးတယ်။ ဘာထပ်ပြောမယ်တော့ မသိသေးဘူး။ ကျနော်ထင် တာတော့ အခုအစိုးရဘက်ကလည်း စာတွေတင်၊ သတင်းတွေလည်း ပျံ့နေတော့ ဖြေလျှော့ပေး လိုက်တဲ့ သဘောလား။ ဒါမှမဟုတ် အခုက ကျနော့်သား အငယ်ကောင် ၁ ယောက်တော့ ရှိသေးတယ်။ သူ့ကို တောင်းဖို့ ခေါ်ပြောတာလား။ လက်မှတ်တွေ ဘာတွေ ခေါ်ထိုးခိုင်းမှာလား။ တွေးနေရတယ်။ ကျနော့်စိတ်ထင် ပေါ့။ လောလောဆယ်တော့ သူတို့ကခေါ်ထားတာဆိုတော့ ညဘက်လောက်မှ အဖြေသိရမယ်။ သူတို့နဲ့ သွားတွေ့ရဦးမယ်။ https://burma.irrawaddy.com/opinion/interview/ 2020/10/28/232440.html

**************

၅။ မယ်စဲ့မြို့နယ်တွင်ထားမည့် မဲပုံးအလွတ် ၃ ပုံး လုံခြုံရေးကြိုး ပြတ်တောက်၊ ရွေးကော်က ပါတီများကို အသိပေး
27 October 2020

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရွေးကောက်ပွဲရက်၌ ထားရှိမည့် မဲပုံးသုံးပုံး၏ လုံခြုံရေး ချိတ်ပိတ် ကြိုးများ အောက်တိုဘာ ၂၆ ရက်နေ့က ပြတ်တောက်မှု ဖြစ်ပွားခဲ့သဖြင့် ယင်းမြို့နယ်မှ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ခေါ်ယူအသိပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်တွင်ပင် မယ်စဲ့မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် တွေ့ဆုံ အသိပေးခဲ့ကြောင်း၊ လုံခြုံရေးချိတ်ပိတ်ကြိုးများ ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြောကြောင်း ကယန်း အမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ ခွန်းဘီထူး (ခ) လွီးစီငြိမ်းက မဇ္ဈိမကို ပြောသည်။“ပြန်ချည်တယ်ဆိုတဲ့ အကြောင်း အသိပေးတာပေါ့နော်။ မဲပုံးမှာ ခက်တာက ပြန်ချည် တဲ့ပုံက၊ ဘယ်လို ခေါ်မလဲ၊ ပြန်ဖောက်လို့လွယ်တဲ့ ပုံစံမျိုး ဖြစ်နေတော့ တခြားပါတီက နည်းနည်း ကန့်ကွက်တာ ပါတယ်”ဟု ခွန်းဘီထူးက ပြောသည်။ ရွေးကောက်ပွဲနေ့ မဲထည့်ရာတွင် သုံးမည့် မဲပုံးသုံးပုံး၏ လုံခြုံရေးကြိုးများ ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ထိုနေ့ အောက်တိုဘာလ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် ကော်မရှင် အဖွဲ့ခွဲရုံး၌ အစားထိုး၍ ထပ်မံ ချိတ်ပိတ် ဆောင်ရွက်ခဲ့ကြောင်း ကယားပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

မယ်စဲ့မြို့နယ်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူများအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု၍ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထို့အပြင် မယ်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် KNP ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့အပြင် ရှမ်းတိုင်းရင်သားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ကယန်း အပါအဝင် ကရင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသည်။ http://ww w.mizzimaburmese.com/article/74958

**************

၆။ ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်တွင် လေယာဉ်များ ပျံသန်းပြေးဆွဲနိုင်ရန် အဆင်သင့် ဖြစ်နေ
27 October 2020

ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်လာမည့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်တွင် လေယာဉ်အစမ်း ဆင်းသက်မှု အောင်မြင်ခဲ့ သဖြင့် ၎င်းလေဆိပ်တွင် လေယာဉ်များပျံသန်းပြေးဆွဲနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က မဇ္ဈိမသို့ ပြောသည်။ လက်ရှိဖြစ်ပေါ်နေသည့် ကူးစက်မြန် COVID-19 ကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲခြင်းကို နိုဝင်ဘာလ ၁၅ရက်အထိ ယာယီပိတ်ထားပြီး ပြန်လည်ပြေး ဆွဲခွင့်ရပါက ဒေသတွင်းခရီးသွားလိုအပ်ချက်နှင့် လေကြောင်းလိုင်းများ၏ စီးပွားရေးတွက်ခြေကိုက်မှုအပေါ် မူတည်၍ ညှိနှိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အောက်တိုဘာလ ၂ရရက် နံနက် ၁ဝနာရီ ခွဲခန့်က မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ATR 72 အမျိုးအစား ခရီးသည်တင် လေယာဉ် ဖြင့် အဆိုပါလေဆိပ်သို့ အစမ်းဆင်းသက်ခဲ့ခြင်းဖြစ်သည်။ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က “ လေယာဉ်စမ်းသပ် ဆင်းသက်ခြင်းလုပ်ငန်းဆောင်ရွက်တာပါ။ လေယာဉ်ကွင်းတစ်ကွင်းတည်ဆောက်ပြီးရင် လေယာဉ်ကွင်း တပ်ဆင်ထားတဲ့ စက်ကိရိယာတွေကို စမ်းသပ်ရတယ်။ အဲဒါစမ်းသပ်ပြီးရင် စမ်းသပ်ဆင်းသက်ခြင်းလုပ်တာပေါ့။ အောင်အောင်မြင်မြင်ဆင်းသက်နိုင်ပြီပေါ။ ATR 72 ဒီဇိုင်းနဲ့လုပ်ထားတဲ့ လေယာဉ်တွေ ကောင်းကောင်းဆင်းလို့ရပြီ။” ဟု ပြောသည်။

ဖလမ်း(ဆူရ်ဘုန်) လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင်အမြင့် ပေ ၆ဝဝဝ တွင် တည်ဆောက်ထားသည့် လေယာဉ်ကွင်း တစ်ခုဖြစ်ပြီး ြည်ထောင်စုဘတ်ဂျတ်မှ ကျပ် ၃၄ ဘီလီယံနီးပါး ကျခံသုံးစွဲ တည်ဆောက်ထားသည့် လေယာဉ်ကွင်းတစ် ကွင်းဖြစ်သည်။ လေယာဉ်ပြေးလမ်းမှာ အလျားပေ ၆၀၀၀ အနံပေ ၁ဝဝ အရှည်ရှိပြီး လေဆိပ်အဆောက်အဦးမှာ အခုံး ပုံစံ ဖြင့် ဆောင်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါ လေဆိပ်သို့ ခရီးသည် ၇၀ ဦးဆံ့ လေယာဉ်များ ဆင်းသက်နိုင်မည်ဖြစ်ပြီး ခရီး သည် ၂၅ဝ ဦးကို တစ်ပြိုင်နက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ http://www.mizzimaburmese.com/article/74945

*************

၇။ AA ဖမ်းသွားသည့် ရသေ့တောင် မြို့မိ မြို့ဖ ၂ ဦးအနက်မှ ၁ ဦးပြန်လွတ်လာ
29 October 2020

ရက္ခိုင်စစ်တပ် (AA) ကဖမ်းဆီးခေါ်ဆောင်သွားသည့် ရသေ့တောင်မြို့မှ မြို့မိ၊ မြို့ဖ အဖွဲ့ဝင် ၂ ဦးအနက်မှ ဦးသာဇံ သည် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင် ကိုယ်တိုင်က ဧရာဝတီ သို့ အတည်ပြုပြောဆိုသည်။ ဦးသာဇံက “ဒီနေ့ နေ့လည် ၂ နာရီက ကျနော် ပြန်လွတ်လာပါတယ်။ အားလုံး အေးအေးဆေးပါ။ ကျနော်တို့က အသက် ကြီးပိုင်း တွေဆိုတော့ ကျနော်တို့ကို လေးလေးစားစား ဆက်ဆံတယ်။ ရေချိုးဖို့ ရေတွေ ဘာတွေလည်း ခပ်ပေးကြပါတယ်။ ဖမ်းတဲ့အကြောင်းက အပြင်မှာ သူတို့မကောင်းကြောင်းတွေ ပြောတယ်ဆိုပြီး တိုင်တဲ့ လူရှိတဲ့အတွက် ခေါ်ယူစစ်ဆေးတာ လို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းမှ ပုဂ္ဂိုလ် ၈ ဦးနှင့်အတူ ရသေ့တောင် မြို့နယ်အတွင်းက စစ်ရှောင်စခန်းများသို့ သွားရောက်စဉ် င/လပြား ဆိပ်ကမ်းသို့ အရောက်၌ ဦးသာဇံနှင့် ဦးသိန်းမောင်တို့ကို AA တပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မြို့မိ ၊ မြို့ဖ အဖွဲ့ဝင် ၁ ဦးဖြစ်သူ ဦးသာဇံ ကျန်းကျန်းမာမာဖြင့် ပြန်လည် လွတ်မြောက်လာသော်လည်း ဦးသိန်းမောင်မှာတော့ စစ်ဆေးမှု မပြီးသေးသည့်အတွက် ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးကြောင်းလည်း ဦးသာဇံက ရှင်းပြသည်။

တပ်မတော်က အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာသား အမြောက်အများကို ဖမ်းဆီးမှုများ ရှိနေသလို ရက္ခိုင်စစ်တပ် (AA) ကလည်း တပ်မတော် သတင်း ပေးဟုဆိုကာ ကျေးရွာသားများကို ဖမ်းဆီးလေ့ရှိသည်။ ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဘက်တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ် တို့တွင် စစ်ရှောင်အရေအတွက် ၃ သောင်းကျော် ထပ်မံတိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင်အရေ အတွက် ၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။ တပ်မတော်က စစ်တိုင်းကြီး ၅ ခု အား တဘက်သတ် အပစ်ခတ်ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ သော်လည်း အကြမ်းဖက်သမားများ ရှိသည်ဆိုသည့် အကြောင်း ပြချက်ဖြင့် ရခိုင်ပြည်နယ်ကို ချန်လှပ်ထားခဲ့သည်။ https://burma.irrawaddy.com/news/2020/10/29/232510.html

**************

၈။ ဟုမ္မလင်းမြို့နယ် ကျားနီပါတီမဲဆွယ်စည်းရုံးရေးမှူး ကို အစိုးရတပ်ကဖမ်းဆီးရိုက်နှက်
October 28, 2020

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းအုပ်စု ပုံနွဲ့ကျေးရွာ ကျားနီပါတီ စည်းရုံးရေးမှူး ဦးမောင်သိန်း ကို အရပ်ဝတ်ဖြင့် အစိုးရတပ်သားများ လာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၇)ရက် ည ၈နာရီခွဲက ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းအုပ်စု ပုံနွဲ့ကျေးရွာ၌ တိုင်းနီ (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ကျားနီ) စည်းရုံးရေးမှူး ဦးမောင်သိန်းကို အရပ်ဝတ်ဖြင့် တပ်သားများကလာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျားနီပါတီ ဥက္ကဌ ဦးဌေးအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။“ အရပ်ဝတ်နဲ့ တပ်သားတွေက ည ၈နာရီခွဲလောက်မှာ ကျနော်တို့ ရဲ့ ပုံနွဲ့ကျေးရွာ စည်းရုံးရေးမှူးကို အိမ်ပေါ်ကနေ လာပြီးဖမ်းတယ်။ ပါတီကွဲတာခင်ဗျားသိရမယ်ဆိုပြီး ရိုက်နှက်နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းခေါ်သွားတယ်”ဟု ဦးဌေးအောင် က ပြန်လည် ပြောပြသည်။ ဖမ်းဆီးခေါ်ဆောင်သွားပြီး တပ်ကုန်းရောက်ချိန်တွင် လူသတ်မှုနှင့် ပတ်သက်ပြီး ထပ်မံစွပ်စွဲကာ ရိုက်နှက်မှု ပြုလုပ်ပြီး အတင်းအဓမ္မဝန်ခံခိုင်းကြောင်း၊ ထို့အပြင် ရှမ်းနီတပ်ဖွဲ့နှင့် ချိတ်ဆက်မှုရှိသည်ဟုလည်းစွပ်စွဲ ပြောဆိုကာ ကျားနီ ပါတီ နာမည်ပျက်အောင် ပြုလုပ်နေကြောင်း ဦးဌေးအောင် က ပြောသည်။

ယခုကဲ့သို့ မဲဆွယ်စည်းရုံးရေးမှူးကို ဖမ်းဆီးရိုက်နှက်စွပ်စွဲခြင်းသည် ကျားနီပါတီ နာမည်ပျက်အောင်ပြုလုပ်နေခြင်းဖြစ်ပြီး၊ ကျားနီကို ထောက်ခံ သည့် ပြည်သူများအား မဲမပေးရဲအောင် ခြောက်လှန့်နေသည့်သဘောဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိမှာ ဦးမောင်သိန်းကို ဟုမ္မလင်းမြို့နယ် နမ့်တော ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းထားကြောင်း၊ ဦးမောင်သိန်း ပြန်လွှတ် ပေးရန်အတွက် ကြိုးစားနေကြကြောင်းလည်း သိရသည်။ ကျားနီပါတီသည့် လာမည့် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲ တွင် စစ်ကိုင်းတိုင်း ဒေသကြီး တွင် ၁၀ နေရာ၊ ကချင်ပြည်နယ် တွင် ၃၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ https://burmese.shannews.org/archives/19101

**************

၉။ ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှု အခြေခံ ဥပဒေခုံရုံး ဘယ်လို ဆုံးဖြတ်သလဲ
28 October 2020

ကယားပြည်နယ် လွှတ်တော်က ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့်ပတ်သက်၍ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)နှင့်(ဂ) တို့အား အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် တင်သွင်းလွှာကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက အောက်တိုဘာ၂၇ ရက် နံနက် ၁၀ နာရီတွင် E-Court စနစ်ဖြင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်မှုဖြင့် စွပ်စွဲပြစ်တင်ခံရပြီး ရာထူးမှ ဖြုတ်ချခံရသည့် ဦးအယ်လ်ဖောင်းရှိုက အဆိုပါ တင်သွင်းလွှာကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၆ ရက်တွင် နှစ်ဖက်ကြားနာမှု ပြုလုပ်ပြီးနောက် ၃ ပတ် ခန့် အကြာ တွင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။ အဆိုပါ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ပတ်သက်၍ ဧရာဝတီက တရားရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းကို ဆက်သွယ်မေးမြန်းရာ “ကျန်တဲ့ ရာဇဝတ်ကြောင်း ပြစ်မှုပိုင်း ဆိုင်ရာ၊ တရားမမှုတို့လို သူနိုင်တယ်၊ ကိုယ်နိုင်တယ် အဲဒီလိုဆုံးဖြတ်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက် သဘောတရားတွေသည် Solution ပဲ။ ဥပဒေ ပြဿနာရပ်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းတာပဲ” ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေက အကုန်ပြည့်စုံအောင် ပြဋ္ဌာန်းပေးထားတာတော့ မဟုတ် ဘူး။ ဒါပေမယ့် ကျန်တဲ့ ဥပဒေ၊ နည်းဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဒီဟာတွေ အားလုံးအပေါ်မှာ လေ့လာသုံး သပ်ပြီးမှသာလျှင် ဒါသည် ဘယ်လိုမျိုး ဆောင်ရွက်သင့်တယ် ဆိုတာကို အနက်အဓိပ္ပာယ် ဖွင့်ဆိုလိုက်တဲ့ သဘော။ နောက်နောင် ဒီလိုဖြစ်လာမယ်ဆို ဒီဟာအတိုင်းပဲ လိုက်နာ ကျင့်သုံးဆောင်ရွက်ရမယ် ဆိုတဲ့သဘောပဲ” ဟုလည်း ပြောပြ သည်။ အဆိုပါ ဖြစ်စဉ်တွင် တင်သွင်းလွှာနှင့် တင်သွင်းခံရသူ ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၏ ရှင်းလင်းလွှာတို့အရ ပေါ် ပေါက်ခဲ့သော ဆုံးဖြတ်ရန် ပြဿနာ ၃ ခု သတ်မှတ်ပြီး ခုံရုံးက အဆုံးအဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဆုံးဖြတ်ရန် ပြဿနာ (၁) မှာ ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော် သမ္မတက၂၀၂၀ စက်တင်ဘာ ၃ ရက်စွဲဖြင့် ပြည်နယ်ဝန်ကြီးချုပ် တာဝန်မှရပ်စဲပြီး ဖြစ်သဖြင့် ၎င်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသူ ဟုတ်မဟုတ် ဆုံးဖြတ်ပေးရန် ဖြစ်သည်။

စွပ်စွဲပြစ်တင်သူ ၅ ဦး အနက် တဦး နုတ်ထွက်သွားခြင်းသည် အတည် ဖြစ်မဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦး ရေ အနည်းဆုံး လေးပုံတပုံ ပြည့်မီခြင်း မရှိတော့သည့် အခြေအနေတွင် စွပ်စွဲချက်ကို ဆက်လက် စုံစမ်းစစ်ဆေးခြင်း ကိစ္စ တို့မှာ ဥပဒေပြု အာဏာပိုင်၏ ဆောင်ရွက်ချက်များတွင် အကျုံးဝင်သည်ဖြစ်၍ ခုံရုံးအနေဖြင့် စိစစ်ပိုင်ခွင့်ရှိသော ကိစ္စများ မဟုတ် ဟု ဆင်ခြင်သုံးသပ်သောကြောင့် ပုဒ်မ၂၆၃(ခ)ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်းမရှိဟု ခုံရုံးက ဆိုသည်။ သို့သော် ဆုံးဖြတ်ရန် ပြဿနာ(၂)နှင့်(၃)၏ ဒုတိယပိုင်းဖြစ်သော အခြားအကြောင်းများကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆၃ (ခ) နှင့်(ဂ)ကို အနက် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ/မရှိနှင့် ပတ်သက်၍မူ အနက်အဓိပ္ပာယ် ဖွင့်ဆိုရန်လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း “ဒီကိစ္စက အယူခံမရှိဘူး။ သမ္မတ ထုတ်ပြီးရင် အယူခံ ဝင်လို့မရဘူး။ သူ့မှာ ပြောစရာတချက်က သူ့ကို လေးပုံတပုံ မပြည့်ဘဲ ဖြုတ်တာဟာ တရားဝင်၊ မဝင်ဆိုတဲ့ အချက်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးကို တက်တာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက သူ့ကို Impeach လုပ်တာ မှန်တယ်၊ မှားတယ် ဆုံးဖြတ်လို့ မရ ဘူး။ သူနဲ့ မဆိုင်ဘူး။ အဲဒါက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ သမ္မတနဲ့ပဲ ဆိုင်တယ်” ဟု မှတ်ချက်ပြု သည်။ https://burma .irrawaddy.com/news/2020/10/28/232399.html

**************

၁၀။ ရခိုင်မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တင်ပြရန် ပြည်နယ်ရွေးကော်နှင့် နိုင်ငံရေးပါတီတို့ သဘောတူ
28 October 2020

ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ဖျက်သိမ်းကြောင်း ကြေညာထားသည့် မြို့နယ် ကိုးမြို့နယ်အနက် လေးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံသို့ တင်ပြရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် ရခိုင်နိုင်ငံရေးပါတီတို့က ဘဘောတူ ဆုံးဖြတ်လိုက်ကြသည်။

UEC ထံ တင်ပြရန် သဘောတူခဲ့ကြသည့် အဆိုပါ မဲဆန္ဒနယ်များအနက် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ပေါက်တော မြို့နယ်တစ်ခုလုံး၊ မောင်တောမြို့ပေါ်နှင့် တောင်ပိုင်းတခွင်၊ စစ်တွေနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာနှင့် အုပ်စုတို့ ပါဝင်သည်။ အောက်တိုဘာလ ၂၆ ရက်နေ့က ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ ပြည်နယ်ကော်မရှင် တာဝန်ရှိသူများနှင့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့အပြင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည် ဆိုသော်လည်း ယခုတင်ပြမည့် နယ်မြေများမှာ တိုက်ပွဲဖြစ် ပွား ခြင်း မရှိသည့် ဒေသများဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် အလားအလာ ကောင်းမွန်ကာ မကျင်းပဖြစ်လိုက်လျှင် မဲဆန္ဒရှင်ပြည်သူတို့၏ ကြီးမားသည့် အခွင့်အရေး ဆုံးရှုံးနိုင်သဖြင့် ပြန်လည်ကျင်းပပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က တင်ပြခဲ့သည်။“လွှတ်တော်ကတစ်ဆင့် တင်ပြမယ့် အခွင့်အရေးတွေကို အဓိက ဆုံးရှုံးမှာက ပြည်သူတွေပဲ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ကတော့ ဒီလောက် ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒီလိုသာ ရွေးကောက်ပွဲ မလုပ် ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ် ဆုံးရှုံးမယ် ဆိုလို့ရှိရင် ပြည်ထောင်စုဆိုတဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရခိုင်ပြည်က ပြည်သူ တွေရဲ့ ဆုံးရှုံးနစ်နာမှုက အင်မတန် ကျယ်ပြန့်ကြီးမားမယ့် အခြေအနေတွေ ရှိတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မြို့နယ်တိုင်း မှာ ရွေးကောက်ပွဲ ဖြစ်စေချင်တဲ့ ဆန္ဒကို တင်ပြခဲ့တာပါ” ဟု ANP ပါတီကိုယ်စားပြု စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပတော့ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားတို့အပြင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့မှ ရပ်ကွက်နှင့် ကျေးရွာ၊ ကျေးရွာအုပ်စု အစိတ် အပိုင်း အချို့ပါဝင်သည်။ ယင်းညှိနှိုင်းရေးဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပခဲ့ဖြစ်သည့် အကြောင်း အရင်းများနှင့် ရွေးကောက်ပွဲတွင် ထားရှိမည့် လုံခြုံရေး၊ မဲရုံကိစ္စ စသည့် အကြောင်းအရာများကို အဖြေရှာခဲ့ကြပြီး ANP ၊ ALD နှင့် အာဏာရပါတီ NLD တို့မှ ကိုယ်စားပြု တက်ရောက်လာ သူများကလည်း အကြံပြုချက်များ ပေးခဲ့ကြကာ ရွေးကောက်ပွဲ ကျင်းပပေးရန် တင်ပြမည့် ဆုံးဖြတ်ချက်ခံကို လက်ခံခဲ့ကြသည်။ http://www.mizzimaburmese.com /artic le/74970

**************

၁၁။ မွန်+ကရင် ပူးတွဲအုပ်ချုပ်သည့် တောင်ပေါက်ဒေသကို မဲဆွယ်ခွင့်ပြုပြီဟု မွန်ပြည်သစ်ပါတီထုတ်ပြန်
October 27, 2020

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး -KNU နှင့် မွန်ပြည်သစ်ပါတီအဖွဲ့တို့ ပူးတွဲအုပ်ချုပ် သည့် တောင်ပေါက်ဒေသမှ ကျေးရွာ ၂၄ ရွာတွင် နိုင်ငံရေးပါတီများ လွတ်လပ်စွာ ဝင်ရောက်မဲဆွယ်စည်းရုံးနိုင်ပြီးဟု မွန်ပြည် သစ်ပါတီ(NMSP) က အောက်တိုဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်လိုက်သည်။ မွန်ပြည်သစ်ပါတီ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန် ထားသည့် ကပ်ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းအချို့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြန် လည် ဖြေလျှော့လိုက်ပြီး လူ ၃ဝ ဦးထက်မပိုရန်နှင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မဲဆွယ်စည်းရုံးမှုခွင့်ပြုသည်ဟု ၎င်းတို့၏ ထုတ်ပြန်စာတွင် ဖော်ပြ ထားသည်။

ယခုလ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် နိုင်ငံရေးပါတီ ၅ ဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ကျန်းမာရေးဌာနများ၏ လမ်းညွန်ချက်အတိုင်း မဲဆွယ် စည်း ရုံးရမည်ဟု နယ်မြေခံ တာဝန်ရှိအဖွဲ့အသီးသီးက ထုတ်ပြန်ထားသော်လည်း ပါတီဝန်းရံသူအများစုမှာ လူဦးရေ ထောင် သောင်းကျော် လှည့်လည်အင်အားပြမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။“ ရောဂါကူးစက်မှုမဖြစ်အောင် ရွာတွေ မှာလည်း ကန့်သတ်ချက်တွေ ရှိတာဖြစ်တဲ့အတွက် သူတို့တွေရဲ့ စိုးရိမ်မှုတွေ ထည့်စဉ်း စားရတာပေါ့နော်။ တောင်ပေါက် ဘက်ခြမ်းကိုတော့ ကျနော်မဲဆွယ်စည်းရုံးမှု မရောက်ဖြစ်သေးပါဘူး။ အဲ့ဘက်ကို နိုင်ငံရေး ပါတီတိုင်း လမ်းညွှန်ချက်နဲ့အညီ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ပေးတော့ ကောင်းတာပေါ့နော်”ဟု ကြာအင်းဆိပ်ကြီး မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောထွန်းထွန်းဦးက ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နယ်မြေအခြေအနေအကြောင်းကြောင့် ပြီးခဲ့သည့် ၂ဝ၁ဝ တွင် ကျေးရွာအုပ်စု ၄၆ စု၊ ၂ဝ၁၅ တွင် ၃၈ အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ လာမည့် ၂ဝ၂၀ ရွေးကောက်ပွဲတွင်လည်း ကျေးရွာအုပ်စု ၉ စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေအဖြစ် ကော်မရှင်က ထုတ်ပြန်ထားသည်။ http://kicnews.org/2020/10/%e 1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%8 0%80%e1%

**************

၁၂။ လက်နက်ကိုင်နှစ်ဖွဲ့၏ ဂိမ်းနှင့် လောင်းကစားရုံအချို့ ဖယ်ရှားရန် အစိုးရ ကန့်ကွက်အကြောင်းကြား
October 28, 2020

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့နှစ်ခု၏ တပ်ဖွဲ့ဝင်များ ဖွင့်လှစ်ထားသော ဂိမ်း ဆိုင်များနှင့် လောင်းကစားရုံအချို့ကို ယခုအောက်တိုဘာလကုန်အတွင်း အပြီးဖျက်သိမ်းပေးရန် ပြည်နယ် အစိုးရကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ အောက်တို ဘာလ ၂၀ ရက်စွဲဖြင့် ကန့်ကွက်အကြောင်း ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂိမ်းရုံများနှင့် လောင်းကစားရုံများကို သစ်တောမြေဧရိယာပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော် ဆောက်လုပ်ထားခြင်း ဖြစ်သောကြောင့် ယခုလကုန်အတွင်းအပြီး ဖျက်သိမ်းရန် နယ်လုံဝန်ကြီး ဗိုလ်မှူ းကြီး မျိုးမင်းနောင်မှ လက်မှတ်ရေးထိုး သတိ ပေးတားမြစ်ကန့်ကွက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းနှင့် လောင်းကစားရုံများမှာ မြဝတီမြို့နယ်၊ ဖလူးကျေးရွာ အုပ်စု၊ ကျောက်ခတ်ကျေးရွာ၊ ကျောက် ခတ်ကြိုးဝိုင်း အကွက်အမှတ်(၃၁) နေရာရှိ သစ်တောမြေဧရိယာ (၃.၀၀)ဧက ပေါ်၌ ကလောထူးဘောတပ်ဖွဲ့ (KKO)မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ စိုင်းကျော်လှသည် ခွင့်ပြုချက်မရှိဘဲ CHONGKHAEB GRADEN RESORT အမည်ဖြင့် ကာစီနိုရုံ ဖွင့်လှစ်ထားကြောင်း ကန့်ကွက်အကြောင်းကြားစာ၌ ဖော်ပြထားသည်။

DKBA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးက “ အဲ့ကိစ္စကို စစ်ဦးစီးချုပ် (ဗိုလ်ချုပ်ကြီး စောမိုရှေး) ဖြေရှင်းလို့ ပြီးပြီ။ ကျောက်ခတ်ဒေသကို သစ်တောမြေကွက်လို့ သတ်မှတ်ထားပေမဲ့ အမှန်က ပြည်ထဲရေး ပေါက်သင့်ပြီး။ အဲ့မှာ နေအိမ် တစ်ရာကျော် နှစ်ရာလောက်ရှိနေပြီး။ ဒါက အုပ်ချုပ်ရေးပိုင်းက လိုတာပါ။ ကျေးရွာအုပ်စုမှူးတွေလိုတာ။ ပြည်ထဲရေးကို မတင်တော့ ပြည်ထဲရေးမှာမပေါက်တော့ ကျေးရွာမြေလို့မပြောဘဲ သစ်တောမြေလို့ပဲ ပြောပြောနေတာပေါ့။”ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ကာစီနို ကိစ္စနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးရှိ ကာစီနိုများမှာ တရားဝင်မှု တစ်ခုမှမရှိဘဲ နား လည်မှုဖြင့်သာ ပြုလုပ်နေကြကြောင်းနှင့် လက်ရှိတွင်လည်း အဆိုပါ ကျောက်ခက်ရှိ ကာစီနိုရုံကြီးများကို ယခင်လများက အကုန်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း၊ အသေးစားဂိမ်းဆိုင်များသာ ကျန်ရှိပြီး ယခုကိစ္စ တွင်လည်း သက်ဆိုင်ရာ တာဝန် ရှိသူများမှ ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး ဓါတ်ပုံများ ရိုက်ယူသွားပြီး ဖြစ်ကြောင်းလည်း ဒု ဗိုလ်ချုပ်ကြီး စောစတီးက ဆက်ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်စပ် သောင်ရင်းမြစ်ကမ်းနဖူးပေါ်၌ လက်နက်ကိုင်အဖွဲ့ အစည်းများ နှင့် ဆက်စပ်ဖွင့်လှစ်ထားသည့် ကာစီနိုလောင်းကစားရုံများနှင့် လောင်းကစားဂိမ်းဆိုင်များစွာရှိသလို လတ်တလော နာမည် ထွက်ပေါ်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနေရာတွင်လည်း လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများစွာရှိသည်ဟု မြဝတီ ဒေသခံများက ပြောသည်။ လက်ရှိ မြန်မာနိုင်တွင် နိုင်ငံခြားသားများသာ ကစားခွင့်ပြုသည့် ကာစီနိုလောင်းကစားရုံ တရား ဝင် ဖွင့်လှစ်ခွင့် ဥပဒေကို ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ် မေလလောက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်း ထားပြီး ဖြစ်သည်။ http://kicnews.org/2020/10/%e1% 80%9c%e1%80%80%e1%80%b9%e1%80 %94%e1 %80%80%e1%

*************

၁၃။ မုဒုံမြို့တွင် မွန်ညီညွတ်ရေးပါတီ အင်အားပြယာဉ်ပေါ်မှ အမျိုးသမီးသုံးဦး ပြုတ်ကျ
October 27, 2020

မုဒုံမြို့နယ် ဗိုလ်ချုပ်လမ်းတွင် အောက်တိုဘာ ၂၇ ရက်နေ့က မွန်ညီညွတ်ရေးပါတီဝန်းရံသူများ အင်အားပြလှည့်လည်စဉ် ယာဉ်ပေါ်မှ ဆယ်ကျော်သက်အရွယ် မိန်းကလေး သုံးဦး မတော်တဆ ပြုတ်ကျခဲ့ကြောင်း သိရသည်။

ယာဉ်မှာရပ်နားထားရာမှ ရုတ်တရက်ဆောင့်ထွက်မိရာမှ ပြုတ်ကျသည့် မိန်းကလေးတစ်ဦးသာ ဦးခေါင်းဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းက မုဒုံမြို့နယ်ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မင်းဝဏ္ဏကြီးက ဆိုသည်။ မင်းဝဏ္ဏကြီးက “အရင်ဆုံးပြုတ်ကျတဲ့ ကောင်မလေးက ဘာမှမဖြစ်ဘူး နောက်ကျတဲ့ ကောင်မ လေး က ခေါင်းနဲ့ဆောင့်မိသွားတာ။ ဘာမှမဖြစ်ဘူး စိတ်မချလို့ဆေးရုံမှာ ၂၄ နာရီဆေးရုံမှာပေးနေစေချင်တယ် ခေါင်းက ဖူးသွားတာကို ဘာသွေးမှလဲမထွက်တော့။ ဆင်းလို့တော့ရပြီ ဒါပေမယ့် ကျွန်တော်ကတော့ မပေးဆင်းဘူး”ဟု ပြောသည်။

အဆိုပါယာဉ်မတော်တဆမှုအတွက် ယာဉ်မောင်းဖြစ်သူကို မုဒုံမြို့မရဲစခန်းက ယာဉ်(ပ)၅၈/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၁၇၉ တို့အရ မှုဖွင့်အရေးယူထားကြောင်း သိရသည်။“ကားသမားကို လုပ်ထုံးလုပ်နည်းအရ ဥပဒေအရ ပုဒ်မ ၃၃၇ တို့၊ ၂၇၉ တို့ကတော့ ဖွင့်ထားတယ်။ ကျွန်တော်တို့ရဲ လူပဲ ဒါပေမယ့် အမှုကိုတော့ပြေလည်အောင် ဆောင်ရွက် ထားပေးတယ် အမှုတော့မပိတ်ဘူး ဥပဒေလမ်းကြောင်းအတိုင်း ဆက်လုပ်နေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။ မွန်ညီညွတ်ရေးပါတီဝန်းရံသူများက မုဒုံမြို့မှ ကမာဝက်မြို့ရှိ ရပ်ကွက်များ၊ ဝဲကလိ၊ ကမာအုပ်ကျေးရွာအုပ်စုများတွင် ယာဉ်တန်းမဲဆွယ် စီတန်းလှည့်လည် စည်းရုံးလှုံ့ဆော်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ http://burmese.monnews .org/2020/10/27/%e1%80%99%e1%80%af%e1%80%92%e1%80%af%e1%80

*************

၁၄။ ခေါင်လံဖူးမြို့တွင် မဲရုံတာဝန်ကျသည့် ပညာရေးဝန်ထမ်းများကို လိုက်ပို့သော ယာဉ်အစီးသုံးဆယ် လမ်းမြေပြိုမှု ကြောင့် ကိုးရက်ကြာ ပိတ်မိနေပြီး ဆရာ၊ ဆရာမများ ခြေလျင်ခရီးဆက်ခဲ့ရ
29 October 2020

ခေါင်လံဖူးမြို့တွင် မဲရုံတာဝန်ကျသည့် ပညာရေးဝန်ထမ်းများကို ပူတာအိုမှ လိုက်ပါပို့ဆောင်သော ယာဉ်အစီးသုံးဆယ် လမ်းမြေပြိုမှုကြောင့် ကိုးရက်ကြာ ပိတ်မိနေပြီး ဆရာ၊ ဆရာမများမှာ အထမ်းအပိုးများနှင့် ခြေလျင်ခရီး ဆက်ခဲ့ရကြောင်း လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်းများထံမှ သိရသည်။

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် မဂွေဇနှင့် ရီဒမ်းကြားတွင် ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ကားမောင်းသူ လူဦးရေ သုံးဆယ်မှာ ကိုးရက်ကြာ ပိတ်မိနေမှုကြောင့် ရိက္ခာပြတ်လမ်းမှုများ ကြုံတွေ့ရသည့်အတွက် ပူတာအိုမြို့သို့ ခြေလျင်ခရီး ဆင်းလာသူများ ရှိနေကြောင်း ပူတာအိုမှ ကားအငှားလိုက်သွားသူ ကိုဒွက်က ဆိုပါသည်။ ၎င်းက “အောက်တိုဘာ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ လမ်းမှာပိတ်နေတာ။ ဆရာမတွေကတော့ အထမ်းတွေ၊ အပိုးတွေနဲ့ ခရီးဆက်သွားလိုက်ကြပြီ။ ကျနော်တို့ ကား ဆရာတွေက ရက်ကြာတော့ စားစရာမရှိတော့ဘူး။ ဒါတောင် လေးငါးရက်က ခေါက်ဆွဲခြောက်ပဲ စားနေရတာ။ နောက်သုံး ရက်လောက်မှ ကားသွားယူမယ်။ ကားကို အဲဒီမှာပဲ ပစ်ထားခဲ့ရတယ်။ မဂွေဇကနေ ၂၅ မိုင်မှာပေါ့ အခုဖြစ်နေတာ”ဟု ဆိုသည်။ ကချင်ပြည်နယ်တွင် လမ်းခရီးခက်ခဲမှုနှင့် ဆက်သွယ်ရေး ခက်ခဲမှုကို ကြုံတွေ့နေရသည့်မှာ ခေါင်လန်းဖူးမြို့ နယ်၊ ဆော့လော်မြို့နယ်နှင့် နောင်မွန်မြို့နယ် မြောက်ပိုင်း ပန်နန်းဒင် မြို့နယ် (ခွဲ) ဒေသတို့ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။

ယင်းဝေးလံခေါင်းဖျား ဒေသများရှိ မဲရုံများမှ မဲရုံပစ္စည်းများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ပြီး တာဝန်ကျ ဆရာ/ဆရာမများကို မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့များတွင် သင်းတန်းများ ပို့ချကာ ဆရာ၊ ဆရာမ ၃၀၀ ကျော်ကို စေလွှတ်ခဲ့သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်အတွက် ၃၆ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၈ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာ ဖြစ်ပြီး ပါတီပေါင်း ၁၉ ပါတီ၊ ကိုယ်စားလှယ်လောင်း ၄၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ https://ne ws-eleven.com/article/196614

**************

၁၅။ နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေကာတာ ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံစာပို့
October 27, 2020

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာ ရေကာတာစီမံကိန်း ရပ်တန်ပေးရန် ဒေသခံ ပြည်သူများက နိင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာကို (အောက်တိုဘာ ၂၇) ရက်စွဲဖြင့် ပေးပို့လိုက်ကြောင်း သိရသည်။ နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် သီပေါ (နမ္မတူ) ရေကာတာများသည် သီပေါ၊ကျောက်မဲမြို့နယ် ဒေသခံများအတွက် ကြီးမားစွာ ဆိုးကျိုးများသက်ရောက်မည်ဖြစ်သဖြင့် ဒေသခံလက်မှတ် (၁၈၈၄) ဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သည်။

“ ဒီနမ္မတူမြစ်ပေါ်တည်ဆောက်နေတဲ့ ရေကာတာကို ရပ်တန့်ပေးဖို့ ထပ်တောင်းဆိုတာပါ။ လက်ရှိရေကာတာ အခြေအနေ က ၄၀ ရာခိုင်းနှုန်းလောက်တော့ ပြီးပြီလိုတော့ပြောလို့ရတယ်။ ၂၀၀၈ ကတည်းက စဆောက်တာဆိုတော့၊ အခုဆို ၁၀ နှစ် ကျော်လောက်တော့ရှိပြီ” ဟု စိုင်းဖုန်းမြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ရေကာတာ စီမံကိန်း ၁၀နှစ်ကျော် ကာလ အတွင်း စီမံကိန်း နှင့် ပတ်သက်ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် တချို့ကုမ္ပဏီများ နှုတ်ထွက်ခဲ့သော်လည်း လက်ရှိမှာ ရေကာတာ စီမံကိန်းကို အစိုးရ အနေဖြင့် မရပ်တန့်သေးသည့် အတွက် ရပ်တန့်ပေးရန် ထပ်မံတောင်းဆိုခြင်းဖြစ်ကြောင်း လည်း စိုင်းဖုန်းမြင့် က ဆိုသည်။ အထက်ရဲရွာ ရေကာတာ စီမံကိန်း ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ Stucky ကုမ္ပဏီမှ သြဂုတ် ၂၆ ရက်တွင် Business and Human Rights Resource Centre (BHRRC) အဖွဲ့ထံသို့ ရေကာတာဆောက်လုပ်မှုတွင် နှုတ်ထွက်ကြောင်းကိုစာပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ လပိုင်းတွင်လည်း ပြင်သစ်ကုမ္ပဏီ Engie မှ အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK)ထံသို့ မိမိတို့၏ ကုမ္ပဏီခွဲဖြစ်သည့် Lahmeyer ဂျာမနီသည် အထက်ရဲရွာ ရေကာတာဆောက် လုပ်ရေး နှင့် ဆက်နွယ်မှုမရှိတော့သောကြောင့် မြန်မာ့လူ့အခွင့်အရေးချိုး ဖောက်သူများ ၏စာရင်း အမည်ပျက် စာရင်းထဲမှ ပယ်ဖျက် ပေးပါရန် တောင်းဆိုခဲ့ကြောင်းလည်း ရှမ်းပြည်နယ်အတွင်းရှိ မြစ်ချောင်းများအရေး လှုပ်ရှားမှု ကွန်ယက်၏ ထုတ်ပြန်ချက် အရသိရသည်။ နမ္မတူမြစ်ပေါ် တည်ဆောက်လျက်ရှိသော အထက်ရဲရွာ စီမံကိန်း သီပေါ(နမ္မတူ) ရေကာတာစီမံကိန်း နှင့် အလယ်ရဲရွာ စီမံကိန်းများအားလုံးရပ်တန့်ရန် နှင့် ဒေသခံများ၏ အသံ နှင့် တုန့်ပြန်မှုများကို အသိအမှတ်ပြုပေးရန် အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပို့သည့် အိတ်ဖွင့်စာထဲတွင် ထည့်သွင်းရေးသားထားသည်။ https: //burmese.shannews.org/archives/19091

*************

၁၆။ ဖားကန့် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်း မဖြုတ်သေး
28 October 2020

ကချင်ပြည်နယ်က ပိုးတွေ့လူနာအများဆုံးရှိသော ဖားကန့်မြိုနယ် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်းဖြုတ်ပေးရန် တောင်းဆိုမှုရှိနေသော်လည်း ဖြုတ်ပေးရန်အစီစဉ်မရှိသေးကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ တောင်ပြိုဒေသခံများက လောဒ့်ဒေါင်းဖြုတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း လက်ရှိချိန် တွင် ရောဂါဖြစ်ပွားမူနူန်းဆက်လက်ရှိနေသေးသည့်အတွက်ဖြေလျော့ရန်ပေးနိုင်ခြင်းမရှိသေးကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော် က ပြောသည်။“ကျန်းမာရေးဌာနရဲ့ပြောကြားချက်အရတော့ တောင်ပြိုရွာရဲ့ Positive ဖြစ်ပွားမှုနူန်းက မြင့်နေ သေးတယ်လို့ သိရတယ်။ နောက်ဆုံးတွေ့ထားတဲ့ ၃ယောက်ကလည်း တောင်ပြိုကဘဲဖြစ်နေသေးတယ်။ ခုလောလောဆယ် အဲရွာကဘဲ ၄၇ ယောက်ကိုလည်း Swab ယူပြီး စစ်ဆေးဖို့လုပ်နေတယ်။ အဲအဖြေကလည်း မသိရသေးဘူး။ ကျန်းမာရေး ဌာန ရဲ့စံနှုန်းအရဆိုရင် ဆက်တိုက် ၂ပတ်တိတိ စစ်ဆေးလို့မတွေ့ရှိဘူးဆိုရင်တော့ နှုန်းပြန်လျော့ကျမယ်။ နောက်ထပ် ၁ပတ်လောက်စောင့်ပြီး နှုန်းကျသွားတယ်ဆိုရင်တော့ ဖြေလျော့ပေးလို့ရမယ်။ လောလောဆယ်မှာတော့ဖြေလျော့လို့ မရနိုင်သေးဘူး။” ဟု ပြောသည်။

တောင်ပြိုကျေးရွာတွင် Covid-19 ပိုးတွေ့ရှိသူများလာသည့်အတွက် လွန်ခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့မှစကာ လောဒ့်ဒေါင်းချမှတ်ထားသည်မှာ ၁ လကျော်ကြာမြင့်လာပြီဖြစ်သည်။ လောဒ့်ဒေါင်းချမှတ်ထားသည့်ကာလ ကြာမြင့်လာ သည့်အတွက် ဒေသခံများ သွားလာစားသောက်ရေးကိစ္စွတွင် ခက်ခဲများစွာကြုံတွေ့လာကြရသည်။“ဒေသခံတွေ ခက်ခဲ နေမယ်ဆိုတာသိတယ်။ ကျနော်တို့လည်းကျန်းမာရေးအရလုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့်ဈေးဝယ်တာ ကျန်းမာရေး ကိစ္စတွေကိုတော့ ခွင့်ပြုပေးထားတယ်။ အရေးကြီးကိစ္စသွားမယ်ဆိုရင်တော့ ကားနဲ့စီစဉ်ပေးထားပါတယ်။ ပြီးတော့ သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့သူတွေကို အဆင့်ဆင့်ဆက်သွယ်ပြီးတော့ သွားလာခွင့်ပြုထားပါတယ်။ ကျနော်တို့ဒီလိုလုပ်ရ တာကလည်းအားလုံးကောင်းဖို့လုပ်တာဖြစ်ပါတယ်။” ဟု တောင်ပြိုကျေးရွာတာဝန်ခံ ဦးသန်းရွှေကပြောသည်။

တောင်ပြိုကျေးရွာသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပထမအကြိမ် လောဒ့်ဒေါင်းအဖြစ်သတ်မှတ်ထားပြီးနောက် ပိုးတွေ့လူနာထပ်တိုးလာသည့်အတွက် လောဒ့်ဒေါင်းသတ်မှတ်ရက်အား စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယအကြိမ်လောဒ့်ဒေါင်းနယ်မြေအဖြစ် ထပ်မံတိုးခဲ့ကာလောဒ့်ဒေါင်းချမှတ်ထားသည့် ရက်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သည်။ https://burmese.kachinnews.com/ 2020/10/28/l1-17/

*************

၁၇။ ဧရာဝတီတွင် ကရင်ပါတီများကို ဝန်းရံအင်အားပြပွဲများ ဆက်တိုက်ပြုလုပ်
October 28, 2020

ဧရာဝတီတိုင်းဒေသအကြီးအတွင်း ကရင်နိုင်ငံရေးပါတီများကို အားပေးဝန်းရံ လှည့်လည်ပွဲများ ဆက်တိုက်ပြုလုပ်နေပြီး အနှောင့်အယှက်ခံရမှု အနည်းငယ်သာရှိခဲ့ကာ အများစုမှာ အေးအေးချမ်းချမ်းဖြင့် ပြုလုပ်နိုင်ခဲ့ကြောင်း ဝန်းရံ ကရင်လူ ငယ်များက ကေအိုင်စီသို့ ပြောသည်။ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ယခုလအတွင်း ကရင်ပါတီများကို အားပေးဝန်းရံ လှည့်လည်မှုများ ကျေးရွာအလိုက်၊ ကုန်းလမ်း၊ ရေးလမ်း များ၌ မကြာခဏ ပြုလုပ်ခဲ့သလို အောက်တိုဘာ ၂၇ ရက်နေ့တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လှည့်လည်အင်အားပြပွဲကို ဝန်းရံသူများက ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီရှိ ကရင်လူငယ်များ ဦးဆောင်ကာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပုသိမ်၊ ကန်ကြီးထောင့်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်း မြို့နယ်များက ကရင်ပါတီများကို အားပေးဝန်းရံ လှည့်လည်ပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ကောင်းမွန်စွာ ပြီးစီးခဲ့သည်ဟု ဝန်းရံလူငယ်တစ်ဦးဖြစ်သူ စခန့်တုံက ကေအိုင်စီသို့ ပြော သည်။ ၎င်းက “ ကျနော်တို့ စုပေါင်းလှည့်လည်ပွဲလုပ်တော့ ကန်ကြီးထောင့်လမ်းဆုံမှာ မေးတယ်၊ ဘယ်သူဦးဆောင်တာလဲတဲ့ ကျနော်တို့က ဦးဆောင်သူတော့ မရှိဘူး။ ဒီလိုပဲလာဝန်းရံတာလို့ ပြောပြတယ်။ မနေ့က ဆုံရပ်အနေနဲ့ ကန်ကြီးထောင့်-မြောင်းမြလမ်းဆုံမှာ လုပ်ထားတယ်။ ဆုံရပ်လုပ်ထားတဲ့ ကွင်းထဲမှာ ကားတွေဝင်လို့မရတော့ တချို့က အပြင်မှာပဲ နေကြတယ်” ဟု စခန့်တုံက ပြောသည်။

“ ရေကြောင်းခရီး ဝန်းရံလှည့်လည်ပွဲမှာ စက်လှေတွေနဲ့ ထွက်တော့ လမ်းကနေ လိုက်လာတဲ့ စက်လှေတစီးက တခြား ပါတီ သီးချင်းတွေဖွင့်တာရှိတယ်။ တားလို့လည်း မရဘူး။ ဝင်နှောင့်ယှက်တဲ့ သဘောမျိုးပေါ့၊ ဘယ်သူတွေလည်းဆိုတာ လိုက်လို့လည်း မရဘူး ဖြစ်သွားတယ်။ စက်လှေတွေက လမ်းကရွာတွေကနေ ထွက်လိုက် လာတာလည်းရှိပြီး အစီး ၃၀၀ လောက်ရှိတော့ ဘယ်သူတွေဆိုတာတော့ မသိလိုက်ရဘူး”ဟု ဝါးခယ်မမြို့နယ် ကရင်အမျိုးသားပါတီ ဥက္ကဋ္ဌ မန်းမျိုးလွင် က ကေအိုင်စီသို့ ပြောသည်။ http://kicnews.org/2020/10/%e1%8 0%a7%e1%80%9b%e1%80%ac%e1%80 %9d%e1%80%90%e1%

**************

၁၈။ မော်လမြိုင်မြို့၌ ဆိုင်ခန်းငှားရသောဈေးသည်များ ပိုမိုကြပ်တည်းလာ
October 28, 2020

လက်ရှိကိုဗစ်ဒုတိယလှိုင်းကာလတွင် မော်လမြိုင်မြို့၌ အရောင်းအဝယ်နည်းပါးလာသည်နှင့်အမျှ ဆိုင်ခန်ငှားရသော ဈေး သည်များ ပိုမိုကြပ်တည်းလာသည်ကို တွေ့ရှိရသည်။

မော်လမြိုင်တက္ကသိုလ်ကိုသာ အားထားနေရသော မြိုင်သာယာရပ်ကွက်မှ ဈေးသည်များအနေဖြင့် ဆိုင်ခန်းငှားရမ်းခပေးနိုင် ရန်သာ ပိုမိုကြိုးစားနေရကြောင်း ရွှေလက်ရာမွန် ကွတ်တီယိုနှင့် အအေးဆိုင်ရှင် မဇာခြည်ဝင့်က ပြောသည်။ မဇာခြည်ဝင့်က “ပါဆယ်နဲ့ရောင်းတယ်၊ အိမ်တိုင်ရာရောက်လည်း ပို့ရတော့ ပိုပင်ပန်းတယ်၊ ပိုက်ဆံနည်းနည်းရဖို့ ပိုရုန်းကန်ရတယ်၊ ဆိုင်ခန်းဖိုးလောက်တော့ရတယ်။ ပိုလျံတယ်ဆိုတာတော့ မရှိပါဘူး”ဟု ဆိုသည်။ အလားတူပင် အိမ်ခန်းငှား၍ သီရိစန္ဒာ( Fashion & Design) သင်တန်းဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေသော်လည်း ကိုဗစ်ရောဂါဒုတိယလှိုင်းတွင် အလုပ်ရပ်နား လိုက်ရကြောင်း သင်တန်းဆရာမ ဒေါ်ခင်သင်းသင်းအိက ပြောသည်။ မော်လမြိုင်မြို့ပေါ် ဆိုင်ခန်းငါှးရမ်းခအနေဖြင့် တစ်လ လျှင်ကျပ် ၁ သိန်းဝန်းကျင်ခန့်၊ လုံးခြင်းအိမ်ငှားခ ၁ သိန်းခွဲမှ ၂ သိန်းခွဲအထိရှိပြီး အများအားဖြင့် ၆ လ (သို့) ၁ နှစ်စာ ငွေ အပြီးရှင်းကာ စာချုပ်ချုပ်ဆို၍ငှားရမ်းလေ့ရှိကြောင်း သိရသည်။

OVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် မွန်ပြည်နယ်အတွင်းသို့ အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်တွင် အိမ်စီးယာဉ်များနှင့် Express ယာဉ်များကို သက်ဆိုင်ရာမှ ဖြတ်သန်း သွားလာခွင့်မပြုတော့ဘဲ ကုန်တင်ကားများသာ သွားလာလျှက်ရှိသည်။ မွန်ပြည်နယ်တွင် အောက်တိုဘာ ၂၇ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ရောဂါပိုးကူးစက်သူစုစုပေါင်း ၆၅၅ ဦး သေဆုံးသူ ၉ ဦးရှိကြောင်း၊ ဆေးရုံမှဆင်းလာသူ ၃၅၀ ဦးခန့်ရှိပြီး တစ်နိုင်ငံလုံးတွင် ရောဂါပိုးကူးစက်သူစုစုပေါင်း ၄၇,၆၆၆ ဦး သေဆုံးသူ ၁,၁၄၇ ဦးနှင့် ဆေးရုံမှဆင့်ခွင့်ရှိသူ ၂၇,၃၇၃ ဦးရှိခဲ့သည်။ http://burmese.monnews.org/2020/10/28/%e1%80%99%e1%8 0%b1%e1%80%ac%e1%80 %ba%e1%

*************

၁၉။ ဝိုင်းမော်တွင် ကြိုတင်မဲပေး၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းလိုက်နာမှု အားနည်း
30 October 2020

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က အသက် ၆၀ အထက် ရှိသူတွေ ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးအချို့မှာ ပထမဆုံး ကြိုတင်မဲပေးခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေလိုက်နာမှုအားနည်း နေတယ်လို့ သိရပါတယ်။

မဲရုံတာဝန်ကျ မြို့နယ် ကျန်းမာရေးဝန်ထမ်းတဦးက “မဲပေးမယ့်သူတွေက ကျန်းမာရေးဌာနက ထုတ်ပြန်ထားသလို ၆ ပေခွာပြီး နေရမှာ အဲ့လိုတွေလည်း မရှိဘူး၊ ထုံးတွေ ဘာတွေလည်း တားထားတာမရှိဘူး၊ စနစ်လည်းမကျဘူး။ mask တော့ ချပေးထားတယ်၊ ဟန်းဂျယ်တော့ ချပေးထားတယ်။ ဒါပေမယ့် အဲ့ဒါတွေကို စွန့်ပစ်ဖို့ အမှိုက်ပုံး ပေးမထားဘူး။ စုပြုံတိုးနေ တာ မတော်တဆ မိုးရွာခဲ့ရင် နေဖို့ နေရာမရှိဘူး။ ပိုးရှိတဲ့သူပါလာရင် ကူးပြီ။ ကျမအနေနဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ပေးဖို့ မဲရုံ တာဝန်ရှိသူတွေကို မနက်ကတည်းက ပြောထားတယ်။ ခုထိတော့ ဘာမှမလုပ်သေးဘူး” လို့ ပြောပါတယ်။

ကြိုတင်မဲဆန္ဒပေးခွင့်ရှိသူတွေကို အောက်တိုဘာ ၂၉ ရက်မှစပြီး နိုဝင်ဘာ ၅ ရက်နေ့ထိ မနက် ၈ နာရီကစပြီး ညနေ ၆ နာရီ အထိ မဲပေးခွင့်ပြုထားတာလို့ သိရပါတယ်။ ဝိုင်းမော်မြို့ အမှတ် ၂ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက “ကျန်းမာရေး နဲ့ အညီ ဖြစ်အောင်လို့ မဲပေးမယ့်သူတွေကို လိုက်ပြောထားတာရှိတယ်၊ ၆ ပေခွာဖို့ စည်းတော့ တားထားတယ်၊ အဲ့လောက် ခွာရင် မဲထည့်တဲ့သူတွေ နေပူထဲနေရမှာ၊ မိုးကာမဏ္ဍပ်ထိုးရင်တော့ အဆင်ပြေမယ်။ ခုက အခက်အခဲတွေရှိလို့ အဲ့လိုတွေ မလုပ်နိုင်တော့ဘူး” လို့ ပြောပါတယ်။ http://burmese.dvb.n o/archives/420162

*************

၂၀။ ကိုဗစ်ကာလ ပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများဝေဖန်
October 30, 2020

ကိုဗစ်ကာလ နိုင်ငံရေးပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများက ဝေဖန်လျက်ရှိ သည်။ တောင်ကြီးမြို့ပေါ်တွင် နိုင်ငံရေးပါတီများအင်အားပြမဲဆွယ်ခြင်းကို မကြာခဏပြုလုပ်လျက်ရှိပြီး ယင်းသို့လှည့်လည်မှု ကြောင့် ကိုဗစ်ဗိုင်းရပ်ပြန့်ပွားမည်ကို စိုးရိမ်မိကြောင်း တောင်ကြီးမြို့ ကိုဗစ်အထူးအဖွဲ့မှ စေတနာ့ဝန်ထမ်း ဦးဝင်နိုင်စိုး က ပြောသည်။“ပါတီတွေ မဲဆွယ်တဲ့ကာလဖြစ်နေတော့ စည်းရုံးရေးလုပ်တဲ့အခါ စနစ်တကျဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လူစုလူဝေးလိုက် လမ်းပေါ်ထွက်လာကြတယ်။ Mask တွေလဲမတပ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပါတီတစ်ခု မဲဆွယ်ပွဲမှာ လိုက်တဲ့သူတစ်ဦးမှာ ပိုးတွေ့တယ်။ ဒါကျွန်တော်တို့ အထူးစိုးရိမ်ရတဲ့အခြေအနေပဲ”ဟု ၎င်းကပြောသည်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အောက်တိုဘာ ၂၆ ရက်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၏ အင်းအားပြ မဲဆွယ်ရာ၌ပါဝင်ခဲ့သည့် ယာဉ်မောင်းအမျိုးသားတစ်ဦးထံတွင် ကိုဗစ်ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။“မဲကလည်း မပေးလို့မရဘူး။ ဒါပေမဲ့ ပါတီမဲဆွယ်ပွဲတွေက လူဦးရေအရမ်းများတယ်။ အဖွဲ့လိုက်ပဲ၊ ရောဂါတွေက အရမ်းတိုး လာတော့စိတ်ပူတယ်။ ဘယ်သူ့ဆီမှာ ဒီရောဂါရှိနေမလည်းမသိရတော့ PNO ကဖြစ်သွားတဲ့ကိစ္စမှာ စိုးရိမ်စရာတွေရှိလာ တယ်”ဟု တောင်ကြီးဒေသခံ မချယ်ရီအောင်ကပြောသည်။ ပါတီများအနေဖြင့် အင်အားပြသနေရုံဖြင့် မဲရနိုင်မည်မဟုတ်ဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးသည် လူထု၏ အကဲဖြတ်မှုတွင်မူတည်ပြီး ကျန်းမာရေးနှင့်မညီဘဲ မဲဆွယ်စည်းရုံးမှုကို လက်မခံ ကြောင်းနှင့် လက်ရှိတွင် ပြည်သူများ၏ နိုင်ငံရေးရေချိန် မြင့်မားလာသည့်အချိန်ဖြစ်သည်ဟု တောင်ကြီးမြို့ ကျောင်းကြီးစုရပ် ဒေသခံ ဒေါ်ပြုံးမေကပြောသည်။

“ပြည်သူတွေအနေနဲ့ အစကတည်းက ဘယ်သူ့ကိုမဲထည့်မယ်ဆိုတာ ရင်ထဲမှာရှိပြီးသား ထွေထွေထူးထူးတွေလုပ်ပြနေလို့ ရောဂါပိုးကူးရုံပဲ ရှိမယ်” ဟု ၎င်းကပြောသည်။ https://burmese.shannews.org/archives/19131

*************

၂၁။ လမ်းချဲ့လို့ မြေပြိုမှုများလာပြီး တီးတိန်ဒေသခံတွေ အခက်တွေ့
October 28, 2020

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့မှာ အစိုးရရဲ့ ဖွံ့ဖြိုးရေး ဘတ်ဂျက်နဲ့ ကားလမ်းတွေ တိုးချဲ့ ဖောက်လုပ်တာတာကြောင့် မြေပြိုမှုတွေဖြစ်ပြီး ဒေသခံတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။ ချင်းတောင်တန်းပေါ်မှာ တည်ရှိတဲ့ တီးတိန်မြို့နယ်က လမ်းတိုးချဲ့ဖောက်လုပ်ရေးလုပ်ငန်းတွေဟာ မိုးတွင်းကာလဖြစ်တဲ့ အခုချိန်မှာ မြေစာတွေပြို ကျပြီး ဒေသခံတွေ သွားလာရ အဆင်မပြေဖြစ်နေတာပါ။ အရင်လမ်းမတိုးချဲ့ခင်ကထက် မြေပြိုမှုတွေပိုများလာပြီး တချို့ နေရာတွေမှာ မြေစာတွေကို လူအင်အားနဲ့သာ ရှင်းရတာကြောင့် အချိန်ပေးလုပ်နေရတယ်လို့ လိမ်ခိုင်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးကျင့်ခေါ်ဇမ်းက ပြောပါတယ်။

တီးတိန်မြို့ ဖူးနွမ်းကျေးရွာမှာလည်း ပြီးခဲ့တဲ့ သြဂုတ်လက ကျေးလက်လမ်း တိုးချဲ့ရာကနေ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ပန်းသီး စိုက်ခင်း ၂၃ ဧက ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ကျေးလက်လမ်းတွေ တိုးချဲ့ဖောက်လုပ်တာကြောင့် အနည်းနဲ့အများမြေပြိုမှုတွေ ကြုံလာရပြီး လမ်းမချဲ့ခင်ကထက် ပိုပြီးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ မိုးတွင်းမှာ လမ်းတာချဲကတာကြောင့် လမ်းပေါ်မှာ ရွှံ့ဗွက်တွေ ဖြစ်နေပြီး ကားအများစု သွားလို့ အဆင်မပြေဖြစ်နေကြောင်း တီးတိန်မြို့ ဒေသခံ ဦးကမ်းခတ်က ပြောပါတယ်။“လောလောဆယ်တော့ ကားသွားလို့ သိပ်အဆင်မပြေဘူး။ သွားလို့မရဘူဖြစ်နေတာ 4 by 4 ဆိုရင်ရတယ်၊ 4 by 2 ဆိုရင်မရဘူး။ အခုတော့ မိုးတွင်းမှာ လမ်းတာချဲ့တယ်ဆိုတော့ အကုန်လုံး ရွှံ့ဗွက်တွေ ဖြစ်ကုန်တာပေါ့။”အစိုးရရဲ့ ဖွံ့ဖြိုးရေးဘတ်ဂျက်နဲ့ ချင်းပြည်နယ်က ကျေးရွာတော်တော်များများမှာ ကျေးလက်လမ်း တိုးချဲ့ ဆောင်ရွက်ရာမှာ မြေပြိုမှုဖြစ်ပွားပြီး အခက်အခဲတွေရှိတာကြောင့် ဒေသခံတွေက ရှိပြီးသား နဂိုလမ်းသားကို ကျောက်စရစ် ခင်းလမ်း၊ ကျောက်ခင်းလမ်းလိုမျိုး လုပ်ဆောင်ပေးဖို့ လိုလားနေတာဖြစ်ပါတယ်။

“တာချဲ့ မလုပ်ခင်ကတော့ လမ်းပြိုတာ သိပ်မရှိဘူး။ ကားလမ်း ကျဉ်းကျဉ်းလေးဆိုတော့ ဂျစ်ကားလမ်းကနေ ဒိုင်နာကား အကြီးတွေ သွားလို့ရအောင် လူထုအားနဲ့ လုပ်တာလေ။ အခုကျတော့ လမ်းတာချဲ့တာဆိုတော့ အသစ်ဖောက်သလို ဖြစ်နေတယ်။ ကျွန်တော်တို့ အထွက် သီးနှံတွေဆိုရင် စပျစ်သီးတို့၊ ဟင်သီးဟင်ရွက်မျိုးစုံ ထွက်တယ်လေ။ အဲဒါကြောင့် မိုးတွင်းဆိုတော့ နည်းနည်း ဒုက္ခရောက်တာ၊ အဲဒါကြောင့် ကတ္တရာလမ်း မဟုတ်ရင်တောင် ကျောက်ချောလမ်းဖြစ်နိုင်ရင် ဒေသခံတောင်သူတွေအတွက် စိတ်ချမ်းသာမယ်လို့ ထင်ပါတယ်။”တီးတိန်မြို့ကျေးရွာတွေက ထွက်ရှိတဲ့ သီးနှံတွေကို တီးတိန်မြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကို တင်ပို့ရောင်းချနေတာကြောင့် ကျေးရွာအတွင်း မြေပြိုမှုနည်းပါးပြီး လမ်းပမ်းဆက် သွယ်ရေးကောင်းမွန်ဖို့ ဒေသခံတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/tedim-landslide-10282020063318.html

**************

၂၂။ လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို လာရောက်ညှိနှိုင်းပြောင်းရွှေ့ပေးရန် နှင့် မဖြေရှင်းပါက ကျေးရွာလူထုက ဖယ်ရှားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်
28 October 2020

လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာ အထကကျောင်းခွဲတွင်ထားရှိသည့် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းအား လူထု၏ သဘောထား မတောင်းခံဘဲ ပြည်နယ်အစိုးရအစီအမံဖြင့် လုပ်ဆောင်ခဲ့သောကြောင့် အမြန်ဆုံးလာရောက်ညှိနှိုင်း ပြောင်းရွှေ့ပေးရန်နှင့် မဖြေရှင်းပါက ကျေးရွာလူထုက သဘောထားဖော်ထုတ် ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဒေသခံများက အောက်တိုဘာ ၂၈ ရက်တွင် တောင်းဆိုချက်တစ်စောင် ထုတ်ပြန်သည်ဟု သိရသည်။

“ကျွန်တော်တို့က လုပ်တဲ့ပုံစံလေးတွေက ဒါကလည်း ရွာရဲ့တောင်းဆိုမှုရယ်။ နှစ်ရွာပေါင်းပြီးမှ အစည်းအဝေးလုပ်တဲ့ ဟာက ဆယ်အိမ်မှူးလေးတွေကအစ အသင်းအဖွဲ့ကအစအကုန်ညှိနှိုင်းပြီးမှ သဘောထားထုတ်ပြန်ရတာပါ။ သူတို့ စိုးရိမ်တဲ့ အနေအထားကတော့ စာသင်ကျောင်းနဲ့ကပ်ရပ်က အိမ်ကလေးတွေရှိတယ်။ သူတို့က ရွာမှာကလေးတွေကို အသွားအလာ တွေ ကန့်သတ်ထားရတယ်။ ကားဝင်းက အပေါ်မှာရှိပေမဲ့လည်း ဆယ်ဘီးကားတွေက ရွာလယ်လမ်းမပေါ်မှာပဲ။ ခုန ရောဂါ အတွက်က စိုးရိမ်နေရတယ်။ သူတို့ပြောတဲ့ ကားတွေကို ဆေးဖျန်းဆေးမှုတ်ပေးမယ်ဆိုတာလည်း နှုတ်အားဖြင့်ပြော ပေမဲ့ လည်း ဘာတစ်ခုမှ မလုပ်တာတွေ့ရတယ်” ဟု ပီကင်းကောခူကျေးရွာ အုပ်ချုပ်ရေးမှူး ခွန်းအောင်ကျော်ဌေးက ပြောကြား သည်။ လွိုင်ကော်မြို့နယ် ဝါရီကောခူယာယီ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ပြည်နယ်ပြင် ပကားသမားနှစ်ဦးတွင် အောက်တိုဘာ ၂၆ ရက်က COVID-19 Positive တွေ့ပြီးနောက် ပြည်နယ်တွင်းမှ ဒေသခံကားသမားများမှာ စိုးရိမ်လျက်ရှိ ကြောင်း သိရသည်။

တောင်းဆိုချက်ငါးချက်ပါဝင်ပြီး ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ပြုလုပ်ထားသော ယာဉ်ရပ်နားစခန်းသည် ကျေးရွာအလယ် တွင် ရှိနေသည့်အပြင် ဝါရီကောခူနှင့် ပီကင်းကောခူကျေးရွာလူထုသည် တောင်ယာသိမ်းချိန် ဖြစ်သဖြင့် ယာဉ်ကြောပိတ် ဆို့ခြင်းနှင့် ကျန်းမာရေးအရ စိုးရိမ်သောကဖြစ်ခြင်း၊ ကားသမားများ သတ်မှတ်ထားသောနေရာထက် ကျော်လွန်၍ ရွာတွင်း သို့ သွားလာခြင်းများကြောင့် နေ့စဉ်စိုးရိမ်နေရခြင်း၊ ကျေးရွာတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များပြားသဖြင့် စိုးရိမ်နေ ကြခြင်းများရှိကြောင်း တောင်းဆိုချက်တွင် ရေးသားထားသည်။ ထို့ပြင် ယာဉ်ရပ်နားစခန်းအား ကျေးရွာနှင့်အလှမ်းဝေးသော နေရာတွင် သွားရောက်ထားရှိပေးရန်၊ ကျေးရွာလူထုအား တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ကယားပြည်နယ်အစိုးရက အတင်းအဓမ္မ တည်ဆောက်နေမှုအပေါ် ကျေးရွာလူထုနှင့် အမြန်ဆုံးလာရောက်ညှိနှိုင်း ပြောင်းရွှေ့ဖြေရှင်းပေးရန်ဟု တောင်းဆိုချက်ထဲ တွင် ထည့်သွင်းရေးသားထားသည်။ ထိုသို့ ကယားပြည်နယ်အစိုးရအဖွဲ့က လာရောက်ညှိနှိုင်းဖြေရှင်းခြင်းမရှိပါက ကျေးရွာ နေပြည် သူလူထုများအနေဖြင့် မိမိတို့၏သဘောထားများကို ဖော်ထုတ်ပြီး ဖယ်ရှားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://news-eleven.com/article/196582

***************

၂၃။ ဖားအံမြို့ သရက်တောကျောင်းတိုက်တွင် သံဃာတော်များ Covid ကူးစက်မှုများလာ
October 29, 2020

ဖားအံမြို့ရှိ အမှတ်(၁)ရပ်ကွက်ရှိ သရက်တောကျောင်းတိုက်၌ သီတင်းသုံးနေကြသည့် သံဃာတော်များသည် Covid-19 ရောဂါကူးစက်ခံခဲ့ရပြီး အောက်တိုဘာ ၂၈ ရက်နေ့အထိ ကူးစက်မှုမှာ သံဃာ ၄၉ ပါးအထိ ရှိနေပြီဖြစ်ကြောင်း ဖားအံမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်စိုးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါကျောင်းတိုက်တွင် စုစုပေါင်း သံဃာတော် ၁၂၅ ပါး သီတင်းသုံးနေထိုင်ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် သံဃာ တော်အချို့ကို ကူးစက်ရောဂါပိုး စတင်တွေ့ရှိသည့်အတွက် ဆက်လက်မပြန့်ပွားရန် လက်ရှိအချိန်တွင် ကျောင်း တိုက်တစ် ခုလုံးကို Lock Down ချလိုက်ပြီဖြစ်သည်ဟု သိရသည်။ ၎င်းက “ကျောင်းတိုက်ကိုတော့ ရောဂါအဖြေစထွက်တာနဲ့ ကျောင်း ဝင်းကို Lock Down ချလိုက်ပြီးပေါ့နော်။ ချပြီးတော့ လိုအပ်တာကိုပြန်ထပ်စစ်တယ်။ ရောဂါပိုး ထပ်တွေ့တဲ့ သံဃာတော် တွေကိုတော့ ဆေးရုံမှာ ပို့လိုက်တာပေါ့။ အခုက အဲဒီကျောင်းတိုက်မှာ ပိုးကူးစက်ခဲ့တာ စုစုပေါင်း ၄၉ပါးရှိတယ်ပေါ့။”ဟု ဦးလှိုင်ကျော်စိုးက ကေအိုင်စီသို့ ပြောသည်။

Covid-19 ကူးစက်ခံရသူအချို့သည် ရောဂါကူးစက်မှုရှိသည့် ရပ်ကွက်အတွင်းသို့ အသွားအလာ ထိတွေ့မှုများ ပါဝင်သလို အသွား အလာ ကန့်သတ်ထားရှိသူများလည်းဖြစ်ပြီး ပိုးတွေ့ရှိသူများကို ဖားအံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ တိုင်းရင်း ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ထားသော ရောဂါပိုးတွေ့ရှိသည့် အဖြေဇယားတွင် ဖော်ပြထားသည်။ ရောဂါ ကူးစက်ခံရသူ သံဃာတော်များထဲတွင် သက်တော် ၁၀ နှစ်ကျော် သာမဏေ လေးများ အများဆုံးပါဝင်ပြီး ကျန်ကူးစက် သံဃာတော်များနှင့် ကျောင်းတိုက်အတွင်း ကျန်ရှိသည့် သံဃာတော်များ၏ ဆွမ်းခဲဘွယ်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒါယိကာများက တာဝန်ယူ လှူဒါန်းပေးလျက်ရှိသည်ဟု သိရသည်။ http://kicnews.org/2020/10/%e1%80%96%e1%80%ac%e1%80%b8%e1% 80%a1%e1%80%b6%e1%

**************

၂၄။ တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်က အပြောင်းအလဲ လုပ်နိုင်မည်
October 30, 2020

တိုင်းရင်းသားပါတီများအနေဖြင့် ညွှန်ပေါင်းအစိုးရ ဖွဲ့နိုင်မည်ဆိုပါက တစ်ပါတီ အာဏာရှင်စနစ်နှင့် စစ်အာ ဏာရှင်စနစ်ကို တွန်းလှန် နိုင်မည်ဟု ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း က ပြောဆိုလိုက်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတစ်ခုကို အလှည့်အပြောင်း ဖြစ်လာ နိုင်သည့် ရွေးကောက်ပွဲဖြစ်သည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီ အချို့က ဆိုသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း စိုင်းဆွန်လျှို့က “တိုင်းရင်းသား တစ်ခုတည်းနဲ့ မှီခိုလို့ သွားလို့ မှမရဘူး။ တောက်လျှောက် တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွှတ်မှု ရှိမှနောက်တစ်ချက်က ကျနော်တို့လိုချင်တဲ့ညွှန့်ပေါင်း အစိုးရ ဒါတွေ ညွှန့်ပေါင်း အစိုးရဖွဲ့ နိုင်ပြီဆိုလျှင် ခုနကျ နော်ပြောတဲ့ တစ်ပါတီ အာဏာရှင် စနစ်တို့ စစ်အစိုးရ ဆိုတာ တွန်းလှန်နိုင်မယ်လို့ ကျနော်ယုံကြည် ပါတယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ အနိုင်ရရှိကာအစိုးရဖြစ်လာသည့် NLD ပါတီ အနေဖြင့် တိုင်းရင်းသားများ၏ အသံကို လစ်လျူရှုခဲ့ပြီး ဗဟိုချုပ်ကိုင်မှုဖြင့်သာ အများဆုံး အုပ်ချုပ်စီမံလုပ် ဆောင်ခဲ့သည့်အတွက် စုပေါင်းခေါင်းဆောင်မှု စုပေါင်း လုပ်ဆောင်မှုများမှာ အားနည်းခဲ့သည်ဟု ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြော သည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် ညွှန့်ပေါင်းအစိုးရ ဖြစ်လာရန်လိုသည်ဟု စိုင်းဆွန်လျို့ က ဆက် ပြောသည်။“ဒီဟာက ညွှန့်ပေါင်းအစိုးရဆိုတာ ဒါကို ဒီညွှန့်ပေါင်းကို သွားကိုသွားရမယ်။ ဘာကြောင့်လဲဆိုရင် ကျနော် တို့ တစ်ပါတီပဲ ကြီးစိုးနေရင် တစ်ပါတီစနစ် တစ်ပါတီအာဏာရှင်လိုဖြစ်သွားမယ်။ ဘာကြောင့်လဲဆိုရင်ကျနော်တို့ ခုနပြောသလို ဖက်ဒရယ်ပြည်ထောင်စု သွားနေတဲ့ ဒီမိုကရေစီ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီညွှန့် ပေါင်းကို တိုင်းရင်းသား လူမျိုးစုံရဲ့ အသံကို နားထောင်မှရမယ်။”

ပြည်နယ် အခြေစိုက် ပေါင်းစည်းပါတီ ၅ ခုတွင် ပါဝင်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း က “ကျနော်တို့က ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ ကျနော်တို့ရဲ့ တိုင်းရင်းသား ပူးပေါင်းထားတဲ့ ပါတီတွေ အနေနဲ့ ကျနော်တို့ ဆုံးဖြတ်ထားတာ ဆွေးနွေးထားတာကတော့ အနာဂတ်မှာ အစိုးရလုပ်မယ့် ပါတီတွေ အနေနဲ့ ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်ခံရမယ်။ နံပါတ် ၂ အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်ဖို့လိုတယ်။ ဒါကိုလက်ခံဖို့လိုတယ်။ ငြိမ်းချမ်းရေး လုပ်ဖို့လိုတယ်။ အဓိကကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ် ပြည်ထောင်စုနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အသစ်ရေးဆွဲရေးကို လက်ခံတဲ့ပါတီတွေနဲ့အတူတကွ လက်တွဲ ဆောင်ရွက်ဖို့ ကျနော်တို့ ဒါပဲ ဆွေးနွေး ထားတာ ရှိပါတယ်” ဟု ပြောသည်။

ပေါင်းစည်းထားသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၅ ခုမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ချင်းအမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (CNLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ဖြစ်သည်။ ထိုအနေအထားများကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် တိုင်းရင်းသားပါတီများအနေဖြင့် ရွေး ကောက်ပွဲ အောင်နိုင်မည်ဆိုပါက ညွှန့်ပေါင်းအစိုးရ ဖွဲ့သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားများ၏ အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကြိုးစားလုပ် ဆောင် သွားမည်ဟု တိုင်းရင်းသား ပါတီများက ပြောသည်။ https://www.bnionline.net/mm/news-76623

**************

၂၅။ ရခိုင်တွင် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး ဂျပန်တွင် ဆန္ဒဖော်ထုတ်
October 30, 2020

ရခိုင်ပြည်နယ်တွင် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားဒီမိုကရေတစ်ပါတီ (ဂျပန်) ANDP မှ ဦးဆောင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် အောက်တိုဘာ ၂၉ ရက် ညနေ(၃)နာရီအချိန်က ဆန္ဒပြတောင်း ဆိုခဲ့သည်။ မြန်မာ့တပ်မတော်မှ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ စစ်ပွဲများရပ်တန့်ကာ အင်တာနက် 4G ရရှိရန် စသည်ဖြင့် ဆန္ဒပြခဲ့ကြသော ကျောင်းသားများအား ဖမ်းဆီးထောင်ချမှုများပြုလုပ်နေသည့် လက်ရှိအစိုးရနှင့် မြန်မာ့တပ်မတော်အား ကန့်ကွက်ရှုတ်ချခြင်း စသည်ဖြင့် ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

“အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ခြင်းတွေ၊ စစ်ရှောင်ပြည်သူများတွေဆီကို ပို့ပေးတဲ့ စားနပ် ရိက္ခာ၊ ဆေးဝါး အကူအညီတွေကို ဟန့်တားခြင်းတွေဟာ ဂျီနီဗာကွန်ဗေးရှင်းကို ဆန့်ကျင်ရာရောက်တဲ့အတွက် မိမိတို့အနေနဲ့ ဒီအပေါ်မှာ ရှုတ်ချကန့်ကွက်ပါတယ်”ဟု ANDP ဥက္ကဋ္ဌ ကိုဘုန်းမြင့်က DMG သို့ပြောသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဂျပန် အခြေစိုက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) ANDP ၊ ကချင်အဖွဲ့ အစည်း (KNOJ)၊ ကရင်အဖွဲ့အစည်း (OKO J) ၊ ပအိုဝ်အဖွဲ့အစည်း နှင့် ရှမ်းအဖွဲ့အစည်း စသည်တို့မှ လူဦးရေ ၈၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်တိုက်ခိုက်မှုများအား ရပ်တန့်ရေး၊ ရခိုင်ပြည်တွင် 4Gအင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရေး၊ စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာသည့် အထောက်အပံ့များ နှင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ ကာကွယ်ပေးရေး၊ စစ်ရပ်စဲရေးအတွက် ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ တရား မျှတမှုမရှိသော ရွေးကောက်ပွဲအလိုမရှိ၊ ပြည်တွင်း ပြည်ပသတင်းထောက်များအား လွတ်လပ်စွာ သတင်းရယူခွင့်ပြုရေး စသည်တို့ကို ဂျပန်၊ မြန်မာ နှစ်ဘာသာဖြင့်ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။ https://www.bnionline.net/mm /news-76610

***************

၂၆။ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရာတွင် လူ ၅၀ ထက်ပိုပါက ယနေ့မှစ၍ ရဲတပ်ဖွဲ့က ရာဇဝတ်ကျင့်ထုံးနှင့်အညီ လူစုခွဲအရေးယူမည်
29 October 2020

နိုင်ငံရေးပါတီများ အင်အားပြခြင်း၊ လှည့်လည်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းကိစ္စများ ဆောင်ရွက်ရာတွင် လူ ၅၀ ထက်ပိုပါက (အောက်တိုဘာ ၂၉ ရက်) မှစ၍ ရဲတပ်ဖွဲ့က ရာဇဝတ်ကျင့်ထုံးနှင့်အညီ လူစုခွဲ အရေးယူမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် (နရခ) မှ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များသို့ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။ ယင်းညွှန်ကြားစာကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အောက်တိုဘာ ၂၈ ရက်က တင်ပြထားသည်။

“အားလုံး သတိ”ဆိုသည့် စာသားနှင့်အတူ ယင်းညွှန်ကြားစာကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၎င်း ၏ လူမှုကွန်ရက် စာမျက်နှာတွင် တင်ပြထားခြင်း ဖြစ်သည်။ ထို့ပြင် ယင်းညွှန်ကြားစာကို မကွေးတိုင်းရဲတပ်ဖွဲ့မှူးက ၎င်းအား လာရောက် တင်ပြသွားကြောင်းနှင့် ယင်းကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက် ခြင်းဖြစ်ကြောင်းကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၎င်း၏ ပို့စ်အောက်တွင် မှတ်ချက်ပေးထားသည်။ အဆိုပါညွှန်ကြားစာ၌ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီတွင် ပါတီများ လှည့်လည်မဲဆွယ် စည်းရုံးခြင်းနှင့် ပတ်သက်၍ UEC နှင့် ပထရမှ ကြေညာချက်ထုတ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများ အင်အားပြခြင်း၊ လှည့်လည်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း ကိစ္စများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ စည်းကမ်းချက်များနှင့် ကိုက်ညီရန် လိုကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် ပါဝင်ရမည်ဖြစ်ကြောင်း၊ အင်အား ၅၀ ထက် လုံးဝ (လုံးဝ) မပိုရကြောင်း၊ သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်မှု၊ ခွင့်ပြုချက်ရှိသော်လည်း အင်အား ၅၀ ထက် ပိုမိုနေမှုရှိပါက လက်ခံရ၍ မရကြောင်း ပါရှိသည်။ ထို့အတူ သတ်မှတ်စည်းကမ်းချက်များနှင့် မညီပါက ယနေ့ (အောက်တိုဘာ ၂၉ ရက်) မှစ၍ ရဲတပ်ဖွဲ့က ရာဇဝတ်ကျင့်ထုံး ၁၂၇/၁၂၈ တို့နှင့်အညီ လူစုခွဲ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပါရှိသည်။ https://news-eleven.com/article/196597

*************

၂၇။ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာကို ICJ တရားရုံးတွင် တရားစွဲဆိုမှုအတွက် အချက်အလက်များ ပေးအပ်နေပြီဟု ကုလသမဂ္ဂ IIMM ထုတ်ပြန်
October 29, 2020

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုမှုအတွက် သက်ဆိုင်ရာ အချက်အလက်များ ပေးအပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား(Independent Investigative Mechanism for Myanmar-IIMM) က ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။

IIMM ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ တောင်းခံမှုကြောင့် IIMM ယန္တရားသည် သက်ဆိုင်ရာ အချက်အလက်များ ပေးအပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင်၊ ဂမ်ဘီယာနိုင်ငံသည်- အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation, OIC) အဖွဲ့ဝင် (၅၇) ဖွဲ့၏ ထောက်ခံမှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ အမှုတင်သွင်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် လူမျိုးပြုန်းတီးစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (“ဂျန်နိုဆိုက် ကွန်ဗင်းရှင်း”) အား ဖောက်ဖျက်သည်ဟု အမှု၌ စွပ်စွဲထားကြောင်း၊ ဂမ်ဘီယာ နိုင်ငံသည် စာချုပ်အပိုဒ် (၉) အရ အမှုကို တင်သွင်းခဲ့ပြီး ၎င်းအပိုဒ်အားဖြင့် “လူမျိုးပြုန်းတီးစေမှုအတွက် တိုင်းပြည်တစ်ခု တွင်ရှိသော တာဝန်ဝတ်ဝတ္တရားနှင့် ပတ်သက်၍”နိုင်ငံများအကြား အငြင်းပွားမှုများကို ICJ တရားရုံးသို့ တင်သွင်းရန် ခွင့်ပြု ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် (၁၉၅၆) ခုနှစ် ကတည်းကစ၍ ဂျန်နိုဆိုက် ကွန်ဗင်းရှင်း သဘောတူညီချက်တွင် ပါဝင်သော အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အိုင်စီဂျေ တရားရုံးရှေ့မှောက်ရှိ ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ အမှုသည် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ ICJ ပြဌာန်းဥပဒေနှင့် လူမျိုးပြုန်းတီးစေမှု စာချုပ်တို့တွင် အဖွဲ့ဝင်ဖြစ်သည့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား “နိုင်ငံတခုမှ နိုင်ငံတခုသို့” တရားစွဲဆိုမှုဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ တောင်းခံမှုကြောင့် ယန္တရားသည် သက်ဆိုင်ရာ အချက်အလက်များ‌ပေးအပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေပြီ ဖြစ်ကြောင်း၊ (၂၀၂၀) ခုနှစ်၊ စက်တင်ဘာလ ( ၂) ရက်နေ့တွင် ကနေဒါနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သည် ဤအမှု၌ ဝင်ရောက်ပါဝင်ရန် ဆန္ဒရှိကြောင်း ကြေညာခဲ့ကြောင်း၊ မောလ်ဒိုက်စ် နိုင်ငံသည်လည်း ဝင်ရောက်ပါဝင်ရန် ၎င်း၏ဆန္ဒကို (၂၀၂၀) ခုနှစ်၊ ဖေဖေါ်ဝါရီလ ကတည်းက ကြေညာထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ် ချက် ၄၃/၂၆ ဖြင့် အိုင်စီစီ နှင့် အိုင်စီဂျေ တရားရုံးများအပါအဝင် နိုင်ငံတွင်း၊ ဒေသတွင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး များနှင့် ယန္တရားအကြား အနာဂတ် စုံစမ်းစစ်ဆေးမှုများအတွက် နီးနီးကပ်ကပ်နှင့် အချိန်မှီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။ https://www.khitthitnews.com/2020/10/%e1%80% 9c%e1%80%b0%e1%80%99%e1%80%bb%e1%80

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

** ပြီး **

Related Articles

Back to top button