သတင်း

အကြမ်းဖက်စစ်တပ်လက်အောက်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံး နုတ်ထွက်ရန် တအာင်းဒေသ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် ( မေလ – ၂၀ )

 

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ အကြမ်းဖက်စစ်တပ်မှ နိုင်ငံတော်၏အာဏာအရပ်ရပ်ကို အတင်းအဓမ္မသိမ်းပိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်တပ်၏ ယန္တရားများပျက်စီးစေရေးအတွက် လူထုတစ်ရပ်လုံးနှင့် ဝန်ထမ်းများ ယနေ့ချိန်ထိ တော်လှန်နေကြသော်လည်း အချို့ (Non-CDM) ဝန်ထမ်းတွေကြောင့် ယန္တရားအချို့ လည်ပတ်နေသည်ကို တွေ့ရှိရသဖြင့် တအာင်းဒေသအတွင်းရှိ  Non- CDM ဝန်များအနေနဲ့ အမြန်ဆုံး တာဝန်မှ နုတ်ထွက်ပြီး အကြမ်းမဖက်သော တော်လှန်ရေးလှုပ်ရှားမှု(CDM)တွင် ပူးပေါင်းပါဝင်ရန် တအာင်းဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ခဲ့သည်။

 

ယခုအချိန်တွင် အကြမ်းဖက်စစ်တပ်မှ စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ရန်ကြိုးပမ်းနေမှုသည် စစ်အာဏာရှင်၏ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး CDM အင်အားစုများကို အင်အားလျော့နည်းစေရန်၊ ၎င်းတို့ကို ပြည်သူလူထုမှ အသိမှတ်ပြုသယောင်ဖန်တီး၍ ပြည်တွင်း/ပြည်ပနှင့် နိုင်ငံတကာကိုလှည့်စားပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုခြင်းဖြစ်ကြောင်း ကျောင်းသူ/သားများတွေအနေနဲ့လည်း စစ်တပ်ကဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းများ မတက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

အခု သတိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်မည်ဆိုပါက ဖြစ်ပေါ်လာမည့် ပြဿနားအကျိုးဆက်သည် ကာယကံရှင်တို့၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Related Articles

Back to top button