ကဗျာ

သွပ်ပြားယဉ်ကျေးမှုကြီး

Zawgyi

ႏွစ္ေပါင္း ၅၀ လယ္လုပ္ခဲ့သူ
အခု …
ႏိုင္ငံျခားေငြနဲ႔ သြပ္ျပားအိမ္ႀကီးပိုင္ေနၿပီ
သူ႔ယာခင္းကိုစြန္႔ သူ႔ေျပာင္းခင္းကိုစြန္႔ခဲ့ၿပီ
သူ႔အလုပ္က ဘဏ္သြားလက္မွတ္ထိုးျဖစ္သြားၿပီ
သူေခြ်းက်ခဲ့သေလာက္ သူဟာဇိမ္မခံခဲ့ရေတာ့
လက္နက္ခ်လိုက္ၿပီ
ျပသနာတစ္ခုကို ႏွစ္ေပါင္း ၅၀ မေျဖရွင္းႏိုင္ခဲ့ဘူး

ေခတ္ပညာေရးမွာစစ္ရံႈးၿပီး ေအာက္လမ္းေရြးခဲ့သူ
အခုေတာ့ သူ႔မိသားစုကို ပိုက္ဆံပို႔ႏိုင္ၿပီ
သူႀကိဳးစားသေလာက္ သူရခဲ့ၿပီ
ဇာတိေျခရာမနင္းႏိုင္ခဲ့ေပမယ့္
သူေ႐ြးခ်ယ္တာ မမွားခဲ့ဘူး
သူေဆာက္ေပးတဲ့ သြပ္ျပားအိမ္ႀကီးကိုပဲ ၾကည့္လိုက္ ၾက

သူ႔ဘြဲ႕ဓာတ္ပံုႀကီးခ်ိတ္ထားတဲ့အိမ္ကို ထားခဲ့သူ
ဒီႏိုင္ငံမွာဆယ္စုႏွစ္ ႏွစ္ခုစာေလာက္သင္ခဲ့တဲ့ပညာနဲ႔ ဘဝျပႆနာဟာ အေလးမွ်ေအာင္ မလုပ္ႏိုင္ခဲ့ဘူး ကမ္း အေၾကာင္းမသိဘဲ ေလလြင့္ေနရင္း ဘဝတစ္ဝက္စာက ကုန္သြားေပမယ့္ တစ္ဖက္ကမ္းကိုေတာ့ ကူးသြားခဲ့ၿပီ

တကယ္ေတာ့ သြပ္ျပားယဥ္ေက်းမႈႀကီးျဖစ္ထြန္းေနၿပီ
စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးပဲလုပ္ခဲ့တဲ့ ငါတို႔ဘိုးဘြား ေတြအတြက္ ငါတို႔မ်ိဳးဆက္က ပိုေကာင္းေအာင္လုပ္ဖို႔ က်႐ံႈးခဲ့ၾကၿပီ
ဒီလိုနဲ႔ငါတို႔ ေရၾကည္ရာမွာထြက္ေျပးခဲ့ၾကတာ
အခုေတာ့ သြပ္ျပားယဥ္ေက်းမႈႀကီး စခဲ့ၿပီ
မ်ိဳးဆက္တစ္ခုစာကေတာ့ ကိုယ့္ေျမကိုယ့္ေရကို စြန္႔ခြာခဲ့ၾကၿပီ
ငါတို႔က်႐ံႈးခဲ့တဲ့အရာဟာ
ကိုယ့္ကိုကိုယ္ ပ်ိဳးေထာင္ဖို႔ ပ်က္ကြက္တာပဲ
လယ္လုပ္သူက ထြက္ႏႈန္းပိုေကာင္းတဲ့ လယ္လုပ္ဖို႔ ပ်က္ကြက္
ေမြးျမဴေရးလုပ္သူက ပိုေကာင္းတဲ့နည္းပညာသစ္ရွာဖို႔ ပ်က္ကြက္
ပညာေရးစနစ္ဆိုးေအာက္မွာ ဒစ္လည္တဲ့မ်ိဳးဆက္သစ္ေတြရဲ႕ ပခံုးေပၚက်လာတဲ့ ဘိုးဘြားအေမြကို ထမ္းၿပီး ျမႇင့္တင္ဖို႔ ပ်က္ကြက္တာကေတာ့ ေခတ္ႀကီးတစ္ခုလံုး ရပ္တန္႔သြားခဲ့တာပဲ
ဒါ့ေၾကာင့္ပဲ သြပ္ျပားယဥ္ေက်းမႈက စလာတာ

အခုေတာ့ ငါတို႔ဆီမွာ အပ်င္းေရာဂါရယ္ ေပ်ာ္ပါးခ်င္ စိတ္သာ မ်ားေတာ့တယ္
ကိုယ္ပိုင္ကမၻာ မတည္ေဆာက္တတ္ေတာ့ ပိုနက္တဲ့ ေျခရာမွန္သမွ် လိုက္နင္းယံုပဲ Óဏ္မီေတာ့တယ္
သြပ္ျပားယဥ္ေက်းမႈႀကီးက စေနခဲ့ၿပီ

သြပ္ျပားယဥ္ေက်းမႈေတာ္လွန္ေရးစဖို႔
ေလာင္းရိပ္မမိတဲ့ မ်ိဳးဆက္သစ္တစ္ခု တည္ေထာင္ ရေတာ့မယ္
အနီးမႈန္တဲ့မ်က္လံုးေတြ ေဆးထည့္ရဦးမယ္

အေမေရ…
ေတာင္ေပၚမွာ ငါေတာ့က်႐ံႈးၿပီထင္တယ္
ဒီသြပ္ျပားယဥ္ေက်းမႈႀကီးေအာက္မွာ ငါလည္းက်႐ံႈး ၿပီ ထင္တယ္

ဆ လို င္ း နံ ရံ

 

Unicode

နှစ်ပေါင်း ၅၀ လယ်လုပ်ခဲ့သူ
အခု …
နိုင်ငံခြားငွေနဲ့ သွပ်ပြားအိမ်ကြီးပိုင်နေပြီ
သူ့ယာခင်းကိုစွန့် သူ့ပြောင်းခင်းကိုစွန့်ခဲ့ပြီ
သူ့အလုပ်က ဘဏ်သွားလက်မှတ်ထိုးဖြစ်သွားပြီ
သူချွေးကျခဲ့သလောက် သူဟာဇိမ်မခံခဲ့ရတော့
လက်နက်ချလိုက်ပြီ
ပြသနာတစ်ခုကို နှစ်ပေါင်း ၅၀ မဖြေရှင်းနိုင်ခဲ့ဘူး

ခေတ်ပညာရေးမှာစစ်ရှုံးပြီး အောက်လမ်းရွေးခဲ့သူ
အခုတော့ သူ့မိသားစုကို ပိုက်ဆံပို့နိုင်ပြီ
သူကြိုးစားသလောက် သူရခဲ့ပြီ
ဇာတိခြေရာမနင်းနိုင်ခဲ့ပေမယ့်
သူရွေးချယ်တာ မမှားခဲ့ဘူး
သူဆောက်ပေးတဲ့ သွပ်ပြားအိမ်ကြီးကိုပဲ ကြည့်လိုက် ကြ

သူ့ဘွဲ့ဓာတ်ပုံကြီးချိတ်ထားတဲ့အိမ်ကို ထားခဲ့သူ
ဒီနိုင်ငံမှာဆယ်စုနှစ် နှစ်ခုစာလောက်သင်ခဲ့တဲ့ပညာနဲ့ ဘဝပြဿနာဟာ အလေးမျှအောင် မလုပ်နိုင်ခဲ့ဘူး ကမ်း အကြောင်းမသိဘဲ လေလွင့်နေရင်း ဘဝတစ်ဝက်စာက ကုန်သွားပေမယ့် တစ်ဖက်ကမ်းကိုတော့ ကူးသွားခဲ့ပြီ

တကယ်တော့ သွပ်ပြားယဉ်ကျေးမှုကြီးဖြစ်ထွန်းနေပြီ
စိုက်ပျိုးရေးနဲ့ မွေးမြူရေးပဲလုပ်ခဲ့တဲ့ ငါတို့ဘိုးဘွား တွေအတွက် ငါတို့မျိုးဆက်က ပိုကောင်းအောင်လုပ်ဖို့ ကျရှုံးခဲ့ကြပြီ
ဒီလိုနဲ့ငါတို့ ရေကြည်ရာမှာထွက်ပြေးခဲ့ကြတာ
အခုတော့ သွပ်ပြားယဉ်ကျေးမှုကြီး စခဲ့ပြီ
မျိုးဆက်တစ်ခုစာကတော့ ကိုယ့်မြေကိုယ့်ရေကို စွန့်ခွာခဲ့ကြပြီ
ငါတို့ကျရှုံးခဲ့တဲ့အရာဟာ
ကိုယ့်ကိုကိုယ် ပျိုးထောင်ဖို့ ပျက်ကွက်တာပဲ
လယ်လုပ်သူက ထွက်နှုန်းပိုကောင်းတဲ့ လယ်လုပ်ဖို့ ပျက်ကွက်
မွေးမြူရေးလုပ်သူက ပိုကောင်းတဲ့နည်းပညာသစ်ရှာဖို့ ပျက်ကွက်
ပညာရေးစနစ်ဆိုးအောက်မှာ ဒစ်လည်တဲ့မျိုးဆက်သစ်တွေရဲ့ ပခုံးပေါ်ကျလာတဲ့ ဘိုးဘွားအမွေကို ထမ်းပြီး မြှင့်တင်ဖို့ ပျက်ကွက်တာကတော့ ခေတ်ကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့တာပဲ
ဒါ့ကြောင့်ပဲ သွပ်ပြားယဉ်ကျေးမှုက စလာတာ

အခုတော့ ငါတို့ဆီမှာ အပျင်းရောဂါရယ် ပျော်ပါးချင် စိတ်သာ များတော့တယ်
ကိုယ်ပိုင်ကမ္ဘာ မတည်ဆောက်တတ်တော့ ပိုနက်တဲ့ ခြေရာမှန်သမျှ လိုက်နင်းယုံပဲ Óဏ်မီတော့တယ်
သွပ်ပြားယဉ်ကျေးမှုကြီးက စနေခဲ့ပြီ

သွပ်ပြားယဉ်ကျေးမှုတော်လှန်ရေးစဖို့
လောင်းရိပ်မမိတဲ့ မျိုးဆက်သစ်တစ်ခု တည်ထောင် ရတော့မယ်
အနီးမှုန်တဲ့မျက်လုံးတွေ ဆေးထည့်ရဦးမယ်

အမေရေ…
တောင်ပေါ်မှာ ငါတော့ကျရှုံးပြီထင်တယ်
ဒီသွပ်ပြားယဉ်ကျေးမှုကြီးအောက်မှာ ငါလည်းကျရှုံး ပြီ ထင်တယ်

ဆ လို င် း နံ ရံ

Related Articles

Back to top button