ဆောင်းပါး

လူထုအရေးတော်ပုံအောင်မြင်ရေးနှင့် ဖက်ဒရယ်တပ်မတော်တည်ထောင်ရေး

Zawgyi
CRPH က စစ္ေကာင္စီ (ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ)ကိုအၾကမ္းဖက္အုပ္စု အျဖစ္ မတ္လ ၁ ရက္ေန႔မွာ ေၾကညာခဲ့သည္။ ထို႔ျပင္ ၎က တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ အစည္းမ်ားအားလံုးကို အၾကမ္းဖက္အဖြဲ႕အျဖစ္မွျဖစ္ေစ၊ မတရားသင္းအျဖစ္မွျဖစ္ေစ ပယ္ ဖ်က္ေၾကာင္းေၾကညာလိုက္သည္။ ထို႔ေနာက္ သူက ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ တည္ ေထာင္ႏိုင္ေရး တိုင္းရင္းသားမ်ားႏွင့္ ညႇိႏိႈင္းေၾကာင္းသိရသည္။ တစ္ဖန္ CRPH/NLD က ဧၿပီလဆန္းတြင္ အမ်ိဳးသားညီၫြတ္ေရး အစိုးရေခၚ ၾကားျဖတ္အစိုးရ (INTERIM GOVERNMENT) ေၾကညာၿပီး ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ ကို ဖ်က္သိမ္း၍ ယာယီေျခ -ဥသစ္ ခ်ာတာ (CHARTER) ျဖင့္ အုပ္ခ်ဳပ္မႈစနစ္သစ္ကို အစားထိုးသြားမည္ဟု သိရသည္။
ဤေနရာမွာ ျပည္သူတစ္ရပ္လံုး စိတ္ဝင္စားသည္ မွာ CRPH/NLD က ဦးေဆာင္ဖြဲ႕ စည္းမည့္ အစိုးရသစ္က မည္သည့္တပ္မေတာ္ကို အသံုးျပဳမည္နည္း ဆိုသည့္အခ်က္ ျဖစ္ ပါသည္။ စစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ထားမႈသည္ လက္ရွိျမန္မာ့ တပ္ မေတာ္တစ္ခုလံုးကို လႊမ္းၿခံဳ ထားသလား။ ျမန္မာ့တပ္မေတာ္တစ္ခုလံုးကို အၾကမ္းဖက္ဟု ယူဆရၿပီေလာ။ ဖက္ဒရယ္တပ္မေတာ္ကို မည္ကဲ့သို႔ဖြဲ႕စည္းမည္နည္း။ တိုင္းရင္းသား လက္ နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ စစ္ပညာ သင္ယူလ်က္ရွိေသာ လက္ရွိဗမာလူငယ္မ်ားႏွင့္ စစ္ေကာင္ စီေအာက္က တပ္ဖြဲ႕မ်ားထဲက အရပ္သားအစိုးရထံ ပူးေပါင္းပါဝင္သူမ်ားႏွင့္ ေပါင္းစပ္ဖြဲ႕ စည္းမွာေလာ။
တိုင္းရင္းသားမ်ား အစဥ္တစ္စိုက္ ေတာင္းဆို ခဲ့သည့္ ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္ (FEDERAL UNION ARMY) ဆိုသည္မွာ အဘယ္ နည္း။ CRPH ၏ လိုလားခ်က္ကေရာ အဘယ္နည္း။ ဖြဲ႕စည္းလာမည့္ ဖက္ဒရယ္တပ္မေတာ္က စစ္ေကာင္စီ ေတာ္လွန္ဖို႔ႏွင့္ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စု ႏိုင္ငံေတာ္ တည္ေဆာက္ေရးအတြက္ မည္ကဲ့သို႔ အက်ိဳးျပဳ မည္နည္း။
ယခုကဲ့သို႔ တည္ေထာင္လိုက္ျခင္းအားျဖင့္ မည္ သည့္ အားသာခ်က္၊ အားနည္းခ်က္မ်ား ရွိႏိုင္မည္ နည္း။ စသည္တို႔ကို ဥာဏ္မွီသ‌ေလာက္ မွ်ေဝသံုးသပ္ပါ မည္။

တိုင္းရင္းသားမ်ား ေတာင္းဆိုခဲ့ေသာ ဖက္ဒရယ္တပ္မေတာ္ (FUA)
တိုင္းရင္းသား ႏိုင္ငံေရး အဖြဲ႕အစည္းမ်ားက ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္(FEDERAL UNION ARMY) ထူေထာင္ေရးကို အစဥ္တစ္စိုက္ ေတာင္းဆိုခဲ့ၾကပါသည္။ လက္နက္ကိုင္အဖြဲ႕အစည္း မ်ား ႏွင့္ တိုင္းရင္းသား အင္အားစုအမ်ားစု ပါဝင္သည့္ FCDCC က ေရးဆြဲခဲ့ၾကေသာ ဖြဲ႕စည္းပံုအေျခခံ ဥပေဒ (၂၀ဝ၈) ပုဒ္မ- ၁၅၆ ပုဒ္မခြဲ(င)ႏွင့္ ၁၅၉ အရ ဖက္ဒရယ္ တပ္မေတာ္ကို “ျပည္ေထာင္စုအဖြဲ႕ဝင္ ျပည္ နယ္မ်ား အားလံုးက အခ်ိဳးတူျဖင့္ ဖြဲ႕စည္းရန္” ျပ႒ာန္း ထားသည္။ တိုင္းရင္းသားလက္နက္ကိုင္မ်ားမွ ဖြဲ႕စည္းခဲ့သည့္ UNFC တပ္ေပါင္းစုက ျပည္ေထာင္စု ၿငိမ္းခ်မ္း ေရးညီလာခံ(၂၀၁၇)သို႔ တင္ျပခဲ့သည့္ စာ တမ္းတြင္ ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္သည္ “ျပည္ေထာင္စုတပ္ႏွင့္ ျပည္နယ္တပ္မ်ားျဖင့္ ဖြဲ႕စည္း ရမည္” ဟု ပါရွိသည္။ ゞ၎ျပည္ေထာင္စုတပ္ကို “ျပည္ နယ္မ်ားမွ အခ်ိဳးက် ေစလႊတ္ေတာ္တပ္မ်ားျဖင့္ ဖြဲ႕စည္းမည္”ဟု ျပ႒ာန္းထားသည္။
FCDCC မူႏွင့္ UNFC မူတို႔သည္ အေျခခံအား ျဖင့္ တူညီသည္ဟု ဆိုႏိုင္ပါသည္။ ျပည္နယ္မ်ားက အခ်ိဳးက်ျဖင့္ ေစလႊတ္သည့္ ျပည္ေထာင္စု(ဖက္ဒရယ္)တပ္မေတာ္ဖြဲ႕စည္းသည့္ ေဖာ္ျမဴလာ ျဖစ္ပါသည္။ ကြာျခားမႈတစ္ခုသည္ UNFC မူတြင္ ဖက္ဒရယ္ျပည္ ေထာင္စု တပ္မေတာ္ကို ျပည္နယ္အသီးသီးက ကိုယ္ ပိုင္ ဖြဲ႕စည္းထားသည့္ ျပည္နယ္တပ္မ်ားႏွင့္ ျပန္နယ္ မ်ားက အခ်ိဳးက်ေစလႊတ္ဖြဲ႕စည္းထားသည့္ ျပည္ ေထာင္စုတပ္ ျဖင့္ ေပါင္းစပ္ဖြဲ႕စည္းထားၿပီး FCDCC မူတြင္ျပည္နယ္ လံုၿခံဳေရး တပ္ဖြဲ႕သည္ FUA ႏွင့္ ေပါင္းစပ္မႈမရွိဘဲ သီးျခားျဖစ္ၿပီး မျဖစ္မေန ဖြဲ႕စည္း ရမည့္တပ္အျဖစ္ သတ္မွတ္ျခင္း မရွိေျခ။

CRPH ၏ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ စဥ္းစားခ်က္
CRPH က “မိမိကိုယ္ကိုယ္ ကာကြယ္ခုခံပိုင္ခြင့္ လုပ္ငန္းစဥ္ (၁၂/၂၀၂၁)”ကို ေၾကညာခ်က္ အမွတ္ (၁၂/၂၀၂၁) ျဖင့္ ထုတ္ျပန္ရာတြင္ “ဖက္ဒရယ္ ျပည္ ေထာင္စုတပ္မေတာ္ တည္ေထာင္ဖြဲ႕စည္းႏိုင္ေရးကို အေထာက္အကူျပဳႏိုင္ေရး ရည္မွန္းလ်က္ ႀကိဳတင္ျပင္ ဆင္ေဆာင္ရြက္သြားရန္”ဟု ရွင္းလင္းထားပါသည္။ တဖန္ CRPH ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ က ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ ေရးႏွင့္ ဖက္ဒရယ္တပ္မေတာ္ တည္ေထာင္ေရး အတြက္ တိုင္းရင္းသားလက္နက္ကိုင္မ်ား၊ ႏိုင္ငံေရး ပါတီမ်ားႏွင့္ ေဆြးေႏြးလ်က္ရွိေၾကာင္း ေျပာလာပါ သည္။
CRPH တာဝန္ရွိသူမ်ား၏ ရွင္းလင္းခ်က္အရ ဖက္ဒရယ္တပ္မေတာ္ရွိရန္ ႀကိဳးပမ္းျခင္းသည္ “ျပည္ သူလူထုႏွင့္ တိုင္းျပည္ကို အကာအကြယ္ေပးမည့္ တပ္မေတာ္ကို ထူေထာင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ ၿပီး အၾကမ္းဖက္မႈမ်ားကို ဖန္တီးလာမည့္သူမ်ား၏ အႏၱရာယ္ကို သတိထားရန္ လိုအပ္ေၾကာင္း” သိရွိ ရသည္။ လြန္ခဲ့သည့္ ၅ ႏွစ္က NLD အစိုးရလက္ထက္ ၌ က်င္းပခဲ့သည့္ ၂၁ ရာစု ပင္လံုတြင္မူ ဖက္ဒရယ္ႏွင့္ ပတ္သက္၍ ကိစၥမ်ားသည္ စစ္တပ္၏ ကန္႔ကြက္ မႈေၾကာင့္ ေဆြးေႏြးခြင့္မရခဲ့ေၾကာင္း၊ လက္ရွိတြင္ ဖက္ဒရယ္ ဒီမိုကေရစီ ထူေထာင္ခ်ိန္တြင္ ဖက္ဒရယ္ တပ္မေတာ္ကိုပါ တည္ ေထာင္ရမည္ျဖစ္ေသာေၾကာင့္ စသည္ျဖင့္ ရွင္းလင္းထားပါသည္။
CRPH ဝန္ႀကီးက ထိုအတြက္ ၈၀ ရာခိုင္ႏႈန္း ညႇိႏိႈင္းၿပီးၿပီဟု ေျပာဆိုေသာ္လည္း တိုင္းရင္းသား လက္နက္ကိုင္ေခါင္းေဆာင္မ်ားက ဖက္ဒရယ္ တပ္ မေတာ္ပိုင္း သိပ္မေဆြးေႏြးေသးေၾကာင္း ျပန္ေျပာ လာ ၾကသည္။ ေနာက္ပိုင္းတြင္ CRPH ေခါင္းေဆာင္ မ်ားက “အနာဂတ္ဖက္ဒရယ္တပ္မ‌ေတာ္”ဟု အနာဂတ္ ဆို သည့္စကားလံုးကို ထည့္ေျပာလာပါသည္။ ထို႔ ေၾကာင့္ ဖက္ဒရယ္တပ္မေတာ္သည္ လူထုေမွ်ာ္လင့္ သကဲ့သို႔ စစ္ေကာင္စီ ျဖဳတ္ခ်ေရးအတြက္ ခ်က္ခ်င္း ဖြဲ႕စည္း ရမည့္အရာမဟုတ္ဘဲ အနာဂတ္ဖက္ဒရယ္ တည္ ေဆာက္ေရး၏ အစိတ္အပိုင္းကို ရည္ၫႊန္း ေနသေလာ ဇေဝဇဝါ ျဖစ္လာပါသည္။ ထို႔ေၾကာင့္ KIA လက္ ေအာက္က ဖြဲ႕စည္းသည့္ LEGALAID NETWORK က လူထုကို ရွင္းရွင္းလင္းလင္းခ်ျပရန္ CRPH ကို ေၾကညာခ်က္ျဖင့္ ေတာင္းဆိုခဲ့သည္။
ထို႔ျပင္ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္က ေသြးထြက္သံယိုျဖစ္မည့္ လက္နက္ကိုင္ လမ္းစဥ္ႏွင့္ ႏိုင္ငံေရးရလိုမႈ ေတာင္းဆိုျခင္းကို လက္ မခံ‌ေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆိုထားတာေၾကာင့္ “CRPH အေနနဲ႔ေရာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လမ္းစဥ္ကို ခ်ိဳးေဖာက္ၿပီး လက္နက္ကိုင္ တိုက္ခိုက္ မႈမွာ ဦးေဆာင္လာမလား ဆိုတာကလည္း မရွင္း လင္းလွပါဘူး”ဟု ဧရာဝတီ သတင္းဌာနက ေထာက္ျပ ခဲ့သည္။
မည္သို႔ျပင္ဆိုေစ လူထု၏ ေတာင္းဆိုမႈႏွင့္ စစ္ ေကာင္စီတပ္ဖြဲ႕မ်ား၏ လူမဆန္စြာ အၾကမ္းဖက္လာမႈ ေၾကာင့္ CRPH အေနျဖင့္ ဖက္ဒရယ္တပ္မေတာ္ႏွင့္ အတူ စစ္ေကာင္စီကို အျပတ္ေခ်မႈန္းလိုသည္မွာ သိသာ ထင္ရွားပါသည္။ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ မ်ားႏွင့္ ညႇိႏိႈင္းမႈေအာင္ျမင္မေလာ၊ သို႔မဟုတ္ ေဒၚ ေအာင္ဆန္းစုၾကည္ အၾကမ္းမဖက္မူကို လြန္ဆန္ႏိုင္ မလားဆိုသည့္အခ်က္ကိုမူ စဥ္စားစရာျဖစ္လာသည္။

တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ ညႇိႏိႈင္းရာတြင္
CRPH က ဖက္ဒရယ္တပ္မေတာ္ကို စစ္ေကာင္စီ က်ဆံုးေရးအတြက္ ေဆးတစ္ခြက္ကဲ့သို႔ အသံုးျပဳလို သည့္အခ်ိန္မွာ တိုင္းရင္းသားမ်ားက ေရရွည္ႏိုင္ငံေရး ႏွင့္ လံုၿခံဳေရး အာမခံခ်က္အတြက္ ရည္ရြယ္ထားပါ သည္။ သို႔ေသာ္ ၎မတူညီေသာ အက်ိဳးစီးပြားႏွစ္ခု သည္ ညႇိလို႔မရေသာ ကြဲလြဲမႈဟုတ္ဘဲ အျပန္အလွန္ အက်ိဳးျပဳသည့္ အခင္းအက်င္း (WIN-WIN SOTUATION) ျဖစ္ေအာင္ ဖန္တီးတည္ေဆာက္လို႔ရ ပါသည္။
ပထမခ်က္အေနျဖင့္ “မူ” ပိုင္းကို ဦးစြာညႇိႏိႈင္း ရပါလိမ့္မည္။ အထက္က တိုင္းရင္းသားမ်ား လိုလား သည့္ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ဆိုင္ရာ အခ်က္မ်ား အပါအဝင္ အေက်အလည္ညႇိႏိႈင္း သေဘာ တူညီမႈ ရယူရပါလိမ့္မည္။ ဤေနရာမွာ တပ္မေတာ္ က႑ တစ္ခုတည္းမဟုတ္ဘဲ လံုၿခံဳေရးတပ္ဖြဲ႕ဆိုင္ရာ အျခားအဖြဲ႕မ်ားျဖစ္သည့္ ရဲႏွင့္ေထာက္လွမ္းေရးအဖြဲ႕ စသည္တို႔လည္း ပါဝင္ရမည္။
ဒုတိယအဆင့္ သို႔မဟုတ္ အျပန္အလွန္အားျဖင့္ စစ္ေကာင္စီအဖြဲ႕ ဆန္႔က်င္ေတာ္လွန္ေရးအတြက္ လက္ရွိ တိုင္းရင္းသားလက္နက္ကိုင္အုပ္စုမ်ားအေန ျဖင့္ ဖက္ဒေရးတစ္ တပ္ေပါင္းစုအသြင္ျဖင့္ မည္ကဲ့သို႔ ပူးေပါင္းတိုက္ခိုက္မည္ဆိုသည့္အပိုင္းကို နည္းလမ္း ရွာေဖြရပါလိမ့္မည္။ ယင္းကို ကနဦး လက္ေတြ႕ အေကာင္အထည္ ေဖာ္ေဆာင္ရမည့္အပိုင္းအျဖစ္ သတ္မွတ္ႏိုင္ပါသည္။
အမွန္ UNFC အေနျဖင့္ ၂၀၁၄ ခုႏွစ္ကတည္း က ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္(FUA)ကို ကိုယ္စီ လက္နက္ကိုင္တပ္ဖြဲ႕မ်ား အခ်ိဳးတစ္ခုစီျဖင့္ ဖြဲ႕စည္းတည္ေထာင္ခဲ့ၾကေသးရာ အသစ္အဆန္း မဟုတ္ဟု ဆိုႏိုင္ပါသည္။ အဆိုပါ မိုဒဲလ္ကို ျပန္လည္ အသက္သြင္းလည္းရပါသည္။ စစ္ဗ်ဴဟာသည္ အမ်ိဳးစံုရွိေလရာ အေရးႀကီးဆံုးအခ်က္မွာ ပူးေပါင္း တိုက္ခိုက္ျခင္း (COORDINATED ATTACK) ဆိုသည့္ အခ်က္ ျဖစ္ပါသည္။
ျပတ္သားသည့္ ၾကားျဖတ္အစိုးရျဖစ္ဖို႔ အထက္တြင္ ေဖာ္ျပၿပီးသည့္အတိုင္း မၾကာခင္ ေပၚ ေပါက္လာမည့္ ၾကားျဖတ္ အစိုးရအေနျဖင့္ တပ္မေတာ္တစ္ရပ္ ထားရွိမလား သို႔မဟုတ္ ထားရွိဖို႔ ႀကိဳးပမ္းမွာလား ဆိုသည္မွာ အင္မတန္ အေရးႀကီး လာပါသည္။ တပ္မေတာ္ မထားရွိသည့္ အစိုးရျဖစ္ပါ က ေရရွည္မွာ ၁၉၉၀ တုန္းက ၫြန္႔ေပါင္းအစိုးရ (NCGUB) ကဲ့သို႔ ဇာတ္သိမ္းသြားႏိုင္သည္ကိုလည္း သတိခ်က္သင့္ပါသည္။
ထို႔ေၾကာင့္ ပထမဆံုးအေနျဖင့္ CRPH/NLD အစိုးရေနအျဖင့္ စစ္ေကာင္စီေအာက္မွာရွိေသာ ျမန္မာ့တပ္မေတာ္ကို သူဖြဲ႕စည္းလာသည့္ တရားဝင္ ျပည္သူ႔အစိုးရမွာ ပူးေပါင္းပါဝင္ရန္ ခ်က္ခ်င္း အမိန္႔ ထုတ္ ေၾကညာသင့္သည္။ ထိုသို႔မပူးေပါင္းဘဲ စစ္ ေကာင္စီေအာက္မွာ ဆက္လက္တာဝန္ထမ္းေဆာင္ သူမ်ားကို စစ္ေကာင္စီႏွင့္အတူ အၾကမ္းဖက္အဖြဲ႕ဝင္ မ်ားအျဖစ္ အလိုအေလ်ာက္ ပါဝင္မည္ျဖစ္ေၾကာင္းကို လည္း အတိအလင္း ထည့္သြင္းေၾကညာသင့္သည္။
တစ္ၿပိဳင္တည္းမွာပင္ တိုင္းရင္းသားလက္နက္ ကိုင္တပ္ဖြဲ႕မ်ား ပါဝင္သည့္ ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္ကို ဖြဲ႕စည္းတည္ေထာင္ထားေၾကာင္းႏွင့္ ၎ကို အရပ္သားအစိုးရ၏ တရားဝင္ တပ္မေတာ္ျဖစ္ ေၾကာင္း ခ်က္ျခင္းေၾကညာသင့္သည္။ ထိုသို႔ မေၾကညာ ထားပါက ဖြဲ႕စည္းလာမည့္ ဖက္ဒရယ္တပ္မေတာ္ႏွင့္ စစ္ေကာင္စီ ဦးေဆာင္ေသာ တပ္မေတာ္အၾကား ပစ္ခတ္တိုက္ခိုက္မႈရွိလာသည့္အခ်ိန္မွာ တရားဝင္မႈ ပိုင္းမွာ ႐ႈပ္ေထြးမႈရွိလာမွာ ျဖစ္သည္။
အဆိုပါ FUA ကို တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ားႏွင့္ သေဘာတူထားေသာ မူမ်ားျဖင့္ ဖြဲ႕စည္း ၿပီး ၾကားျဖတ္အစိုးရႏွင့္အတူ ေပၚေပါက္လာ မည့္ ေျခ-ဥ(CHARTER)ထဲမွာ ထည့္သြင္းအာမခံ သင့္ ပါသည္။
ဥပမာအားျဖင့္ ဗမာျပည္မ ခြဲတမ္းအတြက္ လက္ရွိ ျမန္မာ့တပ္မေတာ္ဘက္က ခ်က္ခ်င္း တာဝန္ ယူႏိုင္ျခင္း မရွိေသးလွ်င္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသား မ်ား ဒီမိုကရက္တစ္တပ္ဦး (ABSDF) သို႔မဟုတ္ လတ္တေလာတြင္ ေရတိုစစ္သင္တန္း တက္ေရာက္ေနၾကေသာ ဗမာလူငယ္မ်ား သို႔မဟုတ္ သူတို႔ ေပါင္းစပ္ဖြဲ႕စည္းမႈျဖင့္ တာဝန္ယူေဆာင္ရြက္ ႏိုင္လိမ့္မည္ဟု ယူဆပါသည္။
တစ္နည္းဆိုေသာ္ ဖြဲ႕စည္းလာလတၲံ႕ေသာ အရပ္ သားျပည္ေထာင္စု အစိုးရသည္ တိုင္းျပည္ကို လက္နက္ ျဖင့္ကာကြယ္ရန္ တာဝန္ရွိသည့္အတြက္ လက္နက္ ကိုင္တပ္ဖြဲ႕ ဖြဲ႕စည္းျခင္းသည္ တရားဝင္ျဖစ္ၿပီး တြန္႔ ဆုတ္ ဝန္ေလးစရာ မလိုအပ္ေပ။ အထူးသျဖင့္ ယင္း အစိုးရက အၾကမ္းဖက္အျဖစ္ သတ္မွတ္လိုက္သည့္ အဖြဲ႕မ်ားကို လိုအပ္လွ်င္ လက္နက္အင္အားျဖင့္ တိုက္ ခိုက္ရန္ တာဝန္ရွိသည္။ ထိုသို႔မဟုတ္ဘဲ အၾကမ္း မဖက္ (NON-VIOLENCE) နည္းလမ္းတစ္ခုတည္း ကိုပဲ က်င့္သံုးရန္ တရားေသမူ ဆက္လက္ကိုင္စြဲထားပါ က ေနာက္ထပ္ NCGUB ျဖစ္သြားႏိုင္ေျခ မ်ားပါလိမ့္မည္။
ဆလိုင္းက်ဲအိုဘိခ္ေထာင္း

Unicode
CRPH က စစ်ကောင်စီ (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ)ကိုအကြမ်းဖက်အုပ်စု အဖြစ် မတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့သည်။ ထို့ပြင် ၎င်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှဖြစ်စေ၊ မတရားသင်းအဖြစ်မှဖြစ်စေ ပယ် ဖျက်ကြောင်းကြေညာလိုက်သည်။ ထို့နောက် သူက ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည် ထောင်နိုင်ရေး တိုင်းရင်းသားများနှင့် ညှိနှိုင်းကြောင်းသိရသည်။ တစ်ဖန် CRPH/NLD က ဧပြီလဆန်းတွင် အမျိုးသားညီညွတ်ရေး အစိုးရခေါ် ကြားဖြတ်အစိုးရ (INTERIM GOVERNMENT) ကြေညာပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဖျက်သိမ်း၍ ယာယီခြေ -ဥသစ် ချာတာ (CHARTER) ဖြင့် အုပ်ချုပ်မှုစနစ်သစ်ကို အစားထိုးသွားမည်ဟု သိရသည်။
ဤနေရာမှာ ပြည်သူတစ်ရပ်လုံး စိတ်ဝင်စားသည် မှာ CRPH/NLD က ဦးဆောင်ဖွဲ့ စည်းမည့် အစိုးရသစ်က မည်သည့်တပ်မတော်ကို အသုံးပြုမည်နည်း ဆိုသည့်အချက် ဖြစ် ပါသည်။ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုသည် လက်ရှိမြန်မာ့ တပ် မတော်တစ်ခုလုံးကို လွှမ်းခြုံ ထားသလား။ မြန်မာ့တပ်မတော်တစ်ခုလုံးကို အကြမ်းဖက်ဟု ယူဆရပြီလော။ ဖက်ဒရယ်တပ်မတော်ကို မည်ကဲ့သို့ဖွဲ့စည်းမည်နည်း။ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ပညာ သင်ယူလျက်ရှိသော လက်ရှိဗမာလူငယ်များနှင့် စစ်ကောင် စီအောက်က တပ်ဖွဲ့များထဲက အရပ်သားအစိုးရထံ ပူးပေါင်းပါဝင်သူများနှင့် ပေါင်းစပ်ဖွဲ့ စည်းမှာလော။
တိုင်းရင်းသားများ အစဉ်တစ်စိုက် တောင်းဆို ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (FEDERAL UNION ARMY) ဆိုသည်မှာ အဘယ် နည်း။ CRPH ၏ လိုလားချက်ကရော အဘယ်နည်း။ ဖွဲ့စည်းလာမည့် ဖက်ဒရယ်တပ်မတော်က စစ်ကောင်စီ တော်လှန်ဖို့နှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအတွက် မည်ကဲ့သို့ အကျိုးပြု မည်နည်း။
ယခုကဲ့သို့ တည်ထောင်လိုက်ခြင်းအားဖြင့် မည် သည့် အားသာချက်၊ အားနည်းချက်များ ရှိနိုင်မည် နည်း။ စသည်တို့ကို ဉာဏ်မှီသ‌လောက် မျှဝေသုံးသပ်ပါ မည်။

တိုင်းရင်းသားများ တောင်းဆိုခဲ့သော ဖက်ဒရယ်တပ်မတော် (FUA)
တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများက ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်(FEDERAL UNION ARMY) ထူထောင်ရေးကို အစဉ်တစ်စိုက် တောင်းဆိုခဲ့ကြပါသည်။ လက်နက်ကိုင်အဖွဲ့အစည်း များ နှင့် တိုင်းရင်းသား အင်အားစုအများစု ပါဝင်သည့် FCDCC က ရေးဆွဲခဲ့ကြသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈) ပုဒ်မ- ၁၅၆ ပုဒ်မခွဲ(င)နှင့် ၁၅၉ အရ ဖက်ဒရယ် တပ်မတော်ကို “ပြည်ထောင်စုအဖွဲ့ဝင် ပြည် နယ်များ အားလုံးက အချိုးတူဖြင့် ဖွဲ့စည်းရန်” ပြဋ္ဌာန်း ထားသည်။ တိုင်းရင်းသားလက်နက်ကိုင်များမှ ဖွဲ့စည်းခဲ့သည့် UNFC တပ်ပေါင်းစုက ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ(၂၀၁၇)သို့ တင်ပြခဲ့သည့် စာ တမ်းတွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်သည် “ပြည်ထောင်စုတပ်နှင့် ပြည်နယ်တပ်များဖြင့် ဖွဲ့စည်း ရမည်” ဟု ပါရှိသည်။ ゞ၎င်းပြည်ထောင်စုတပ်ကို “ပြည် နယ်များမှ အချိုးကျ စေလွှတ်တော်တပ်များဖြင့် ဖွဲ့စည်းမည်”ဟု ပြဋ္ဌာန်းထားသည်။
FCDCC မူနှင့် UNFC မူတို့သည် အခြေခံအား ဖြင့် တူညီသည်ဟု ဆိုနိုင်ပါသည်။ ပြည်နယ်များက အချိုးကျဖြင့် စေလွှတ်သည့် ပြည်ထောင်စု(ဖက်ဒရယ်)တပ်မတော်ဖွဲ့စည်းသည့် ဖော်မြူလာ ဖြစ်ပါသည်။ ကွာခြားမှုတစ်ခုသည် UNFC မူတွင် ဖက်ဒရယ်ပြည် ထောင်စု တပ်မတော်ကို ပြည်နယ်အသီးသီးက ကိုယ် ပိုင် ဖွဲ့စည်းထားသည့် ပြည်နယ်တပ်များနှင့် ပြန်နယ် များက အချိုးကျစေလွှတ်ဖွဲ့စည်းထားသည့် ပြည် ထောင်စုတပ် ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး FCDCC မူတွင်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့သည် FUA နှင့် ပေါင်းစပ်မှုမရှိဘဲ သီးခြားဖြစ်ပြီး မဖြစ်မနေ ဖွဲ့စည်း ရမည့်တပ်အဖြစ် သတ်မှတ်ခြင်း မရှိခြေ။

CRPH ၏ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် စဉ်းစားချက်
CRPH က “မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် လုပ်ငန်းစဉ် (၁၂/၂၀၂၁)”ကို ကြေညာချက် အမှတ် (၁၂/၂၀၂၁) ဖြင့် ထုတ်ပြန်ရာတွင် “ဖက်ဒရယ် ပြည် ထောင်စုတပ်မတော် တည်ထောင်ဖွဲ့စည်းနိုင်ရေးကို အထောက်အကူပြုနိုင်ရေး ရည်မှန်းလျက် ကြိုတင်ပြင် ဆင်ဆောင်ရွက်သွားရန်”ဟု ရှင်းလင်းထားပါသည်။ တဖန် CRPH နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးနှင့် ဖက်ဒရယ်တပ်မတော် တည်ထောင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေး ပါတီများနှင့် ဆွေးနွေးလျက်ရှိကြောင်း ပြောလာပါ သည်။
CRPH တာဝန်ရှိသူများ၏ ရှင်းလင်းချက်အရ ဖက်ဒရယ်တပ်မတော်ရှိရန် ကြိုးပမ်းခြင်းသည် “ပြည် သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကို ထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ် ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်း” သိရှိ ရသည်။ လွန်ခဲ့သည့် ၅ နှစ်က NLD အစိုးရလက်ထက် ၌ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံတွင်မူ ဖက်ဒရယ်နှင့် ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက် မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ချိန်တွင် ဖက်ဒရယ် တပ်မတော်ကိုပါ တည် ထောင်ရမည်ဖြစ်သောကြောင့် စသည်ဖြင့် ရှင်းလင်းထားပါသည်။
CRPH ဝန်ကြီးက ထိုအတွက် ၈၀ ရာခိုင်နှုန်း ညှိနှိုင်းပြီးပြီဟု ပြောဆိုသော်လည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက ဖက်ဒရယ် တပ် မတော်ပိုင်း သိပ်မဆွေးနွေးသေးကြောင်း ပြန်ပြော လာ ကြသည်။ နောက်ပိုင်းတွင် CRPH ခေါင်းဆောင် များက “အနာဂတ်ဖက်ဒရယ်တပ်မ‌တော်”ဟု အနာဂတ် ဆို သည့်စကားလုံးကို ထည့်ပြောလာပါသည်။ ထို့ ကြောင့် ဖက်ဒရယ်တပ်မတော်သည် လူထုမျှော်လင့် သကဲ့သို့ စစ်ကောင်စီ ဖြုတ်ချရေးအတွက် ချက်ချင်း ဖွဲ့စည်း ရမည့်အရာမဟုတ်ဘဲ အနာဂတ်ဖက်ဒရယ် တည် ဆောက်ရေး၏ အစိတ်အပိုင်းကို ရည်ညွှန်း နေသလော ဇဝေဇဝါ ဖြစ်လာပါသည်။ ထို့ကြောင့် KIA လက် အောက်က ဖွဲ့စည်းသည့် LEGALAID NETWORK က လူထုကို ရှင်းရှင်းလင်းလင်းချပြရန် CRPH ကို ကြေညာချက်ဖြင့် တောင်းဆိုခဲ့သည်။
ထို့ပြင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သွေးထွက်သံယိုဖြစ်မည့် လက်နက်ကိုင် လမ်းစဉ်နှင့် နိုင်ငံရေးရလိုမှု တောင်းဆိုခြင်းကို လက် မခံ‌ကြောင်း အကြိမ်ကြိမ် ပြောဆိုထားတာကြောင့် “CRPH အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ကို ချိုးဖောက်ပြီး လက်နက်ကိုင် တိုက်ခိုက် မှုမှာ ဦးဆောင်လာမလား ဆိုတာကလည်း မရှင်း လင်းလှပါဘူး”ဟု ဧရာဝတီ သတင်းဌာနက ထောက်ပြ ခဲ့သည်။
မည်သို့ပြင်ဆိုစေ လူထု၏ တောင်းဆိုမှုနှင့် စစ် ကောင်စီတပ်ဖွဲ့များ၏ လူမဆန်စွာ အကြမ်းဖက်လာမှု ကြောင့် CRPH အနေဖြင့် ဖက်ဒရယ်တပ်မတော်နှင့် အတူ စစ်ကောင်စီကို အပြတ်ချေမှုန်းလိုသည်မှာ သိသာ ထင်ရှားပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များနှင့် ညှိနှိုင်းမှုအောင်မြင်မလော၊ သို့မဟုတ် ဒေါ် အောင်ဆန်းစုကြည် အကြမ်းမဖက်မူကို လွန်ဆန်နိုင် မလားဆိုသည့်အချက်ကိုမူ စဉ်စားစရာဖြစ်လာသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းရာတွင်
CRPH က ဖက်ဒရယ်တပ်မတော်ကို စစ်ကောင်စီ ကျဆုံးရေးအတွက် ဆေးတစ်ခွက်ကဲ့သို့ အသုံးပြုလို သည့်အချိန်မှာ တိုင်းရင်းသားများက ရေရှည်နိုင်ငံရေး နှင့် လုံခြုံရေး အာမခံချက်အတွက် ရည်ရွယ်ထားပါ သည်။ သို့သော် ၎င်းမတူညီသော အကျိုးစီးပွားနှစ်ခု သည် ညှိလို့မရသော ကွဲလွဲမှုဟုတ်ဘဲ အပြန်အလှန် အကျိုးပြုသည့် အခင်းအကျင်း (WIN-WIN SOTUATION) ဖြစ်အောင် ဖန်တီးတည်ဆောက်လို့ရ ပါသည်။
ပထမချက်အနေဖြင့် “မူ” ပိုင်းကို ဦးစွာညှိနှိုင်း ရပါလိမ့်မည်။ အထက်က တိုင်းရင်းသားများ လိုလား သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုင်ရာ အချက်များ အပါအဝင် အကျေအလည်ညှိနှိုင်း သဘော တူညီမှု ရယူရပါလိမ့်မည်။ ဤနေရာမှာ တပ်မတော် ကဏ္ဍ တစ်ခုတည်းမဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့ဆိုင်ရာ အခြားအဖွဲ့များဖြစ်သည့် ရဲနှင့်ထောက်လှမ်းရေးအဖွဲ့ စသည်တို့လည်း ပါဝင်ရမည်။
ဒုတိယအဆင့် သို့မဟုတ် အပြန်အလှန်အားဖြင့် စစ်ကောင်စီအဖွဲ့ ဆန့်ကျင်တော်လှန်ရေးအတွက် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအနေ ဖြင့် ဖက်ဒရေးတစ် တပ်ပေါင်းစုအသွင်ဖြင့် မည်ကဲ့သို့ ပူးပေါင်းတိုက်ခိုက်မည်ဆိုသည့်အပိုင်းကို နည်းလမ်း ရှာဖွေရပါလိမ့်မည်။ ယင်းကို ကနဦး လက်တွေ့ အကောင်အထည် ဖော်ဆောင်ရမည့်အပိုင်းအဖြစ် သတ်မှတ်နိုင်ပါသည်။
အမှန် UNFC အနေဖြင့် ၂၀၁၄ ခုနှစ်ကတည်း က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်(FUA)ကို ကိုယ်စီ လက်နက်ကိုင်တပ်ဖွဲ့များ အချိုးတစ်ခုစီဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသေးရာ အသစ်အဆန်း မဟုတ်ဟု ဆိုနိုင်ပါသည်။ အဆိုပါ မိုဒဲလ်ကို ပြန်လည် အသက်သွင်းလည်းရပါသည်။ စစ်ဗျူဟာသည် အမျိုးစုံရှိလေရာ အရေးကြီးဆုံးအချက်မှာ ပူးပေါင်း တိုက်ခိုက်ခြင်း (COORDINATED ATTACK) ဆိုသည့် အချက် ဖြစ်ပါသည်။
ပြတ်သားသည့် ကြားဖြတ်အစိုးရဖြစ်ဖို့ အထက်တွင် ဖော်ပြပြီးသည့်အတိုင်း မကြာခင် ပေါ် ပေါက်လာမည့် ကြားဖြတ် အစိုးရအနေဖြင့် တပ်မတော်တစ်ရပ် ထားရှိမလား သို့မဟုတ် ထားရှိဖို့ ကြိုးပမ်းမှာလား ဆိုသည်မှာ အင်မတန် အရေးကြီး လာပါသည်။ တပ်မတော် မထားရှိသည့် အစိုးရဖြစ်ပါ က ရေရှည်မှာ ၁၉၉၀ တုန်းက ညွန့်ပေါင်းအစိုးရ (NCGUB) ကဲ့သို့ ဇာတ်သိမ်းသွားနိုင်သည်ကိုလည်း သတိချက်သင့်ပါသည်။
ထို့ကြောင့် ပထမဆုံးအနေဖြင့် CRPH/NLD အစိုးရနေအဖြင့် စစ်ကောင်စီအောက်မှာရှိသော မြန်မာ့တပ်မတော်ကို သူဖွဲ့စည်းလာသည့် တရားဝင် ပြည်သူ့အစိုးရမှာ ပူးပေါင်းပါဝင်ရန် ချက်ချင်း အမိန့် ထုတ် ကြေညာသင့်သည်။ ထိုသို့မပူးပေါင်းဘဲ စစ် ကောင်စီအောက်မှာ ဆက်လက်တာဝန်ထမ်းဆောင် သူများကို စစ်ကောင်စီနှင့်အတူ အကြမ်းဖက်အဖွဲ့ဝင် များအဖြစ် အလိုအလျောက် ပါဝင်မည်ဖြစ်ကြောင်းကို လည်း အတိအလင်း ထည့်သွင်းကြေညာသင့်သည်။
တစ်ပြိုင်တည်းမှာပင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ထားကြောင်းနှင့် ၎င်းကို အရပ်သားအစိုးရ၏ တရားဝင် တပ်မတော်ဖြစ် ကြောင်း ချက်ခြင်းကြေညာသင့်သည်။ ထိုသို့ မကြေညာ ထားပါက ဖွဲ့စည်းလာမည့် ဖက်ဒရယ်တပ်မတော်နှင့် စစ်ကောင်စီ ဦးဆောင်သော တပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုရှိလာသည့်အချိန်မှာ တရားဝင်မှု ပိုင်းမှာ ရှုပ်ထွေးမှုရှိလာမှာ ဖြစ်သည်။
အဆိုပါ FUA ကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် သဘောတူထားသော မူများဖြင့် ဖွဲ့စည်း ပြီး ကြားဖြတ်အစိုးရနှင့်အတူ ပေါ်ပေါက်လာ မည့် ခြေ-ဥ(CHARTER)ထဲမှာ ထည့်သွင်းအာမခံ သင့် ပါသည်။
ဥပမာအားဖြင့် ဗမာပြည်မ ခွဲတမ်းအတွက် လက်ရှိ မြန်မာ့တပ်မတော်ဘက်က ချက်ချင်း တာဝန် ယူနိုင်ခြင်း မရှိသေးလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့မဟုတ် လတ်တလောတွင် ရေတိုစစ်သင်တန်း တက်ရောက်နေကြသော ဗမာလူငယ်များ သို့မဟုတ် သူတို့ ပေါင်းစပ်ဖွဲ့စည်းမှုဖြင့် တာဝန်ယူဆောင်ရွက် နိုင်လိမ့်မည်ဟု ယူဆပါသည်။
တစ်နည်းဆိုသော် ဖွဲ့စည်းလာလတ္တံ့သော အရပ် သားပြည်ထောင်စု အစိုးရသည် တိုင်းပြည်ကို လက်နက် ဖြင့်ကာကွယ်ရန် တာဝန်ရှိသည့်အတွက် လက်နက် ကိုင်တပ်ဖွဲ့ ဖွဲ့စည်းခြင်းသည် တရားဝင်ဖြစ်ပြီး တွန့် ဆုတ် ဝန်လေးစရာ မလိုအပ်ပေ။ အထူးသဖြင့် ယင်း အစိုးရက အကြမ်းဖက်အဖြစ် သတ်မှတ်လိုက်သည့် အဖွဲ့များကို လိုအပ်လျှင် လက်နက်အင်အားဖြင့် တိုက် ခိုက်ရန် တာဝန်ရှိသည်။ ထိုသို့မဟုတ်ဘဲ အကြမ်း မဖက် (NON-VIOLENCE) နည်းလမ်းတစ်ခုတည်း ကိုပဲ ကျင့်သုံးရန် တရားသေမူ ဆက်လက်ကိုင်စွဲထားပါ က နောက်ထပ် NCGUB ဖြစ်သွားနိုင်ခြေ များပါလိမ့်မည်။
ဆလိုင်းကျဲအိုဘိခ်ထောင်း

Related Articles

Back to top button