ဆောင်းပါး

ရှမ်းပြည်က တိုင်းရင်းတပ်ချင်း တိုက်ပွဲနဲ့ UWSA ၀ အခန်းကဏ္ဍ

Zawgyi

ဆရာစိုင္းထြန္းေအာင္လြင္ရဲ႕၂၀၁၉ ဇန္နဝါရီလက သွ်မ္းဘာသာနဲ႔ ထုတ္ေဝတဲ့ သွ်န္ပိုင္း The Hsen Pai Journal မွာ ေဖာ္ျပခဲ့တဲ့ ေဆာင္းပါးကို ျပန္လည္ေဖာ္ျပလိုက္ရပါတယ္။
စိုင္းထြန္းေအာင္လြင္
ယခုလတ္တေလာ ျဖစ္ေနတဲ့ တိုင္းရင္းသားတပ္ေတြအၾကား တိုက္ပြဲေတြနဲ႔ ဆက္စပ္လို႔ ျပန္လည္ေလ့လာႏိုင္ရန္အတြက္သာ ျဖစ္ၿပီး မည္သည့္အဖြဲ႕အစည္း မည္သည့္ ပုဂၢိဳလ္ကိုမွ် ထိခိုက္ေစလိုျခင္းမရွိေၾကာင္းလည္း ဦးစြာပထမ ေျပာလိုပါတယ္။
ရွမ္းျပည္က Inter-Ethnics Conflicts ေတြကို ၾကည့္ရင္ UWSA ၀ တပ္ဖြဲ႕အေနနဲ႔ ေနာက္ပိုင္း ၁၀ ႏွစ္အတြင္း အဲလို အေရးေတြမွာ တိုက္႐ိုက္ပါဝင္တာ မရွိေပမယ့္
( မွတ္ခ်က္ ။။ ။ မိုင္းလားနယ္ထဲ ဝင္ေရာက္စီးနင္းတာရွိ)
လြန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္းမွာေတ့ာ သူကိုယ္တိုင္ တက္တက္ႂကြႂကြပါဝင္ခဲ့ဖူးတဲ့ အဖြဲ႕ျဖစ္ပါတယ္။ ျပည္တြင္းစစ္သမိုင္းအရ ၾကည့္ရင္ေတာ့ ရွမ္းျပည္မွာ Inter-ethnics Conflicts ေတြ ၊ အစိုးရကို ပုန္ကုန္တဲ့ လက္နက္ကိုင္တပ္ဖြဲ႕ေတြအခ်င္းခ်င္း တိုက္ခိုက္ၾကတာ ယခုေခတ္မွာမဟုတ္ဘဲ လြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းက ရွိခဲ့တဲ့ အေလ့အထလည္း ျဖစ္ပါတယ္။ ေနာက္ရက္ေတြမွာ ေနာက္ပိုင္း တိုင္းရင္းသား တပ္ဖြဲ႕ေတြအနက္ Inter-ethnics conflicts အမ်ားဆုံး ျဖစ္တဲ့အဖြဲ႕ျဖစ္တဲ့ RCSS ရွမ္းျပည္ထူေထာင္ေရး ေကာင္စီ နဲ႔ ပတ္သက္တဲ့ ယခင္က ေဖာ္ျပခံခဲ့ရတဲ့ ေဆာင္းပါး၊ လူမ်ိဳးႀကီးဝါဒ မဟုတ္ေကာင္းမႈ နဲ႔ အျမင္က်ဥ္း လူမ်ိဳးငယ္ အုပ္စုဖြဲ႕ အၾကပ္ကိုင္မႈ ျပသနာမ်ား နဲ႔ အပစ္ရပ္စဲေရးအတြက္ ဘယ္လို ေျဖရွင္းေလ့ရွိတယ္ဆိုတဲ့ သမိုင္းေတြကို အခန္းဆက္အေနနဲ႔ ေဖာ္ျပဦးမွာ ျဖစ္ပါတယ္။
____&____&_______&______&
ဟိုလိုဒီလို ဝ UWSA နဲ႔ သမာသမတ္ ေမးခြန္း
စိုင္းထြန္းေအာင္လြင္
ဒီရက္ပိုင္း တိုက္ပြဲ ပဋိပကၡ သတင္းေတြထဲမွာ ရခိုင္က ေအေအ ရကၡိဳင့္တပ္မေတာ္နဲ႔ အစိုးရ စစ္တပ္အၾကား ၂ လ ၾကာ တိုက္ပြဲေတြျဖစ္ခဲ့ၿပီးေနာက္ ရကၡိဳင့္တပ္မေတာ္ကေန နယ္ျခာေစာင့္ရဲစခန္းေတြကို တန္ျပန္တိုက္ခိုက္ခဲ့တဲ့ သတင္းေတြကေတာ့ ထိပ္တန္းသတင္းအျဖစ္ ရွိေနတာပါ။
တပ္မေတာ္ရဲ႕ အပစ္ရပ္ေလးလ အပစ္ရပ္နယ္ေျမ သတ္မွတ္မႈနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈ နယ္ေျမမွာ မပါဝင္တဲ့ ရခိုင္မွာ လြတ္လပ္ေရးေန႔ တိုက္ခိုက္မႈ ေနာက္ပိုင္း တိုက္ပြဲျပင္းထန္လာမဲ့ အလားအလာ ရွိေနခဲ့တာလည္း ျဖစ္ပါတယ္။
ေလးလ ယာယီ အပစ္ရပ္ နယ္ေျမထဲ အက်ဳံးဝင္တဲ့ ရွမ္းျပည္နယ္ဘက္မွာေတာ့ တိုင္းရင္းသား လက္နက္ကိုင္အ ခ်င္းခ်င္း တိုက္ပြဲေတြ ဆက္ရွိေနခဲ့တာပါ။ ရွမ္းတပ္ဖြဲ႕ႏွစ္ဖြဲ႕အၾကား တိုက္ပြဲေတြ ၊ တီအန္အယ္လ္ေအ အာစီ အက္စ္အက္စ္ အၾကား ဆက္ရွိေနတဲ့ တင္းမာမႈနဲ႔အတူ ရွမ္းျပည္ေတာင္ပိုင္း မိုင္းပန္ၿမိဳ႕နယ္ထဲမွာေတာ့ အန္စီေအ အပစ္ရပ္အဖြဲ႕ႏွစ္ဖြဲ႕ျဖစ္တဲ့ ပအိုဝ္း PNLO နဲ႔ ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္း RCSS တို႔အၾကား တင္းမာမႈ ဆက္ရွိေနတဲ့ အေျခအေန ဆိုၿပီး ျမင္ရမွာျဖစ္ပါတယ္။
မိုင္းပန္ၿမိဳ႕နယ္ အေနာက္ေတာင္ဘက္ ပန္ပိ ေဒသက ေဒသခံ ပအိုဝ္းေတြဟာ ေနရပ္စြန႔္ခြာၿပီး သံလြင္ ျမစ္ကိုျဖတ္ေက်ာ္လို႔ ၀ ေတာင္ပိုင္း ၁၇၁ စစ္ေဒသ ထိန္းခ်ဳုပ္ရာ နယ္ေျမထဲ ဝင္ေရာက္ခိုလုံတဲ့အတြက္ ၀ တပ္ဖြဲ႕က ကူညီေပးေနရတယ္ဆိုတဲ့ သတင္းေတြလည္း ၀ တပ္ဖြဲ႕ဘက္က ေျပာၾကားမႈ အေပၚၚ မူတည္ၿပီး သတင္းမီဒီယာေတြက ေရးသားၾကတာေတြ႕ရပါတယ္။
မိုင္းပန္နယ္ထဲက ပအိုဝ္း အမ်ိဳးသားလြတ္ေျမာက္ေရး အဖြဲ႕ခ်ဳပ္ ပီအန္အယ္လ္အိုနဲ႔ အာစီအက္စ္အက္စ္ နယ္ေျမ အျငင္းပြားမႈဟာ ညႇိႏႈိင္း ေျဖရွင္ႏိုင္ျခင္း မရွိေသးတဲ့ ျပသနာ ျဖစ္ေနသလို ပီအန္အယ္လ္အိုက စစ္တပ္နဲ႔ ေပါင္းၿပီး အာစီအက္စ္အက္စ္ကို တိုက္တယ္ ၊ အာစီအက္စ္အက္စ္ကလည္း ေဒသခံ ပအိုဝ္းေတြကို လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈေတြ လုပ္လို႔ ပအိုဝ္းတိုင္းရင္းသားေတြရဲံ့ ဖိတ္ေခၚခ်က္အရ မိုင္းပန္နယ္ထဲ ပီအန္အယ္လ္အိုက လာတာျဖစ္တယ္ဆိုၿပီး အျပန္အလွန္ စြပ္စြဲမႈေတြ ရွိေနတာလည္း ျဖစ္ပါတယ္။
ဒီကိစၥနဲ႔ ဆက္စပ္တဲ့ ၀ အေၾကာင္း ဆက္ပါဦးမယ္။
၀ က ထြက္ေျပးလာသူေတြကို ကူညိယုံတင္မကဘဲ အာစီအက္စ္အက္စ္ နဲ႔ ပအိုဝ္းအၾကား အဲဒီအေရးကိစၥကို စစ္တပ္နဲ႔ အစိုးရက ဝင္ေရာက္ေျဖရွင္းေပးဖို႔ အေၾကာင္းၾကားစာ ေပးပို႔ထားတယ္ ဆိုတဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။ သာမန္ကာ လွ်ံကာ ၾကည့္ရင္ေတာ့ အစိုးရ တပ္တို႔က ဝင္ထိန္းေက်ာင္းေပးတာ သဘာဝ က်ေပမယ့္ ၀ လို အန္စီေအ မထိုးေသးဘဲ အာစီအက္စ္အက္စ္ နဲ႔ ႏွစ္ေပါင္းမ်ားစြာ တိုက္ခိုက္ခဲ့တဲ့ အဖြဲ႕က ဒီလို လုပ္လာတာကေတာ့ ၀ တပ္ဖြဲ႕ရဲ႕ အေၾကာင္းၾကားမႈဟာ ႐ိုးမွ ႐ိုးသားရဲ႕လားဆိုတာ စဥ္းစားစရာ ျဖစ္လာေစပါတယ္။
အခု စစ္တပ္ရဲ႕ ေလးလ အပစ္ရပ္ ေၾကညာမႈနဲ႔တဖြဲ႕ခ်င္းအလိုက္ ဦးတည္ေဆြးေႏြးရမယ့္ အေၾကာင္းအရာေတြ ယာယီ တဘက္သတ္ အပစ္ရပ္စဲစဥ္ ကန႔္သတ္ထားခ်က္ေတြနဲ႔ ရွမ္းျပည္ထဲမွာ ႏွစ္ေပါင္းမ်ားစြာာ မေၾကလည္မႈေတြ ျဖစ္ေနခဲ့တဲ့တိုင္းရင္းသား လက္နက္ကိုင္ေတြအၾကား သမိုင္ေနာက္ခံ အခ်က္အလက္ေတြကို ၾကည့္ရင္ ၀ ရဲ႕ ဒီလို ၾကားဝင္ၿပီး စစ္တပ္ အစိုးရတို႔ကို ဖိတ္ေခၚမႈဟာ သမား႐ိုးက် မဟုတ္ဘူး ဆိုတာ ေပၚလြင္လာပါေစလိမ့္မယ္။
(က) UWSA – RCSS ဆက္ဆံေရးနဲ႔ ထိုင္းနယ္စပ္က အျငင္းပြားနယ္ေျမေတြအေၾကာင္း
စစ္အစိုးရလက္ထက္က ထိုင္းနယ္စပ္က ရွမ္းလက္နက္ကိုင္တပ္ေတြရဲ႕ နယ္ေျမေတြကို စစ္တပ္ ရဲ႕ အေထာက္အပံ့ေတြနဲ႔အတူ ၀ တပ္ဖြဲ႕ဟာ လာေရာက္တိုက္ခိုက္တာေတြ လုပ္ခဲ့ပါတယ္။ ႏွစ္ဘက္ တပ္ေတြအၾကား ၂၀၀၆ ခုနစ္ ေနာက္ပိုင္းမွာ တိုက္ပြဲမျဖစ္ေတာ့ပါ။ ၀ ေတာင္ပိုင္း ၁၇၁ စစ္ေဒသဆိုၿပီး ထိုင္းနယ္စပ္တေလွ်ာက္ တာခ်ီလိတ္ေအာက္ဘက္ကေန မိုင္းတုံ မိုင္းဆတ္ မိုင္းပန္ နယ္စပ္အထိ ၀ တပ္ေတြ စခန္းခ်ႏိုင္ခဲ့တာပါ။ ဒါေပမယ့္လည္း အာစီအက္စ္အက္စ္ကလည္း ယေန႔အခ်ိန္အထိ မိုင္းတုံ ၊ မိုင္းဆတ္လို ေဒသေတြမွ ၀ က ေတာင္ၾကား တခု တပ္စြဲထားရင္ ေနာက္ေတာင္ေပၚ ပိုစ့္တေနရာဆိုရင္ အာစီအက္စ္အက္စ္ တပ္က စခန္းခ်လိုက္ အေနအထားမ်ိဳးက ထိုးစစ္ေတြျပင္းခဲ့တဲ့ ၂၀၀၁ ခုနစ္ေလာက္ကေန ယေန႔အခ်ိန္အထိ တပ္ေနရာေတြ မေျပာင္းမလဲဘဲ ရွိေနခဲ့ပါတယ္။
ဥပမာအားျဖင့္ အာစီအက္စ္အက္စ္ကို ယာယီ ဖြံ႕ၿဖိဳးေရး နယ္ေျမအျဖစ္ သတ္မွတ္ေပးဖို႔ သေဘာတူထားတဲ့ မုန္းေထာ့ မုန္းထား နယ္ေျမဟာ ဆိုရင္ လင္းေခးနဲ႔ မိုင္းတုံၿမိဳ႕နယ္ နယ္စပ္အတြင္းမွာ က်ေရာက္ေနၿပီး အနီးအနားမွာ ၀ တပ္ေတြလည္း ရွိေနတာပါ။
အန္စီေအ အပစ္ရပ္ထားတဲ့ အာစီအက္စ္အက္စ္ အေနနဲ႔ ဆက္ဆံေရး႐ုံးကို တာခ်ီလိတ္လို ေနရာမွာ ဖြင့္လွစ္ထားႏိုင္တာလည္း ျဖစ္ပါတယ္။
ပီအန္အယ္လ္အို ပအိုဝ္းအဖြဲ႕အေနနဲ႔ကေတာ့ ေမာက္မယ္ ကဒူးႀကီး ေဒသမွာ အေျခခ်ခြင့္ရထားတဲ့ အဖြဲ႕ပါ
(ခ) တပ္နဲ႔ ဘာေတြ ေဆြးေႏြးၾကမလဲ
အခု ေလးလ အပစ္ရပ္အေၾကာင္း ျပန္ဆက္ပါမယ္။ ေလးလ အပစ္ရပ္ကိစၥမွာာ စစ္တပ္ဘက္က တပ္မေတာ္ အဆင္ျမင့္အရာရွိေတြပါတဲ့ ေဆြးေႏြးေရး အဖြဲ႕ေတြကို ဖြဲ႕ထားပါတယ္။ အန္စီေအ ႏိုင္ငံလုံးဆိုင္ရာာ အပစ္ရပ္စဲေရး လုပ္ထားတဲ့ အဖြဲ႕ေတြဘက္က ၾကည့္ရင္ အပစ္ရပ္ခိုင္မာေရးမွာ ႏွစ္ဘက္တပ္ေတြ ေနရာခ်ထားေရးတို႔ နယ္ေျမသတ္မွတ္ေရးတို႔က အေရးပါတဲ့ ကိစၥပါ။။ ဥပမာအားျဖင့္ အပစ္ရပ္တိုင္းရင္းသား အဖြဲ႕ေတြနဲ႔ အစိုးရ တပ္တို႔ပါတဲ့ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ ေဂ်အမ္စီ အဖြဲ႕ အလုပ္မျဖစ္သေလာက္ျဖစ္ေနၿပီး အာစီအက္စ္အက္စ္ ရွမ္းျပည္ျပန္လည္ထူေထင္ေရးေကာင္စီဟာ အဲဒီအဖြဲ႕ရဲ႕ အစည္းအေဝးေတြကေန ႏႈတ္ထြက္ထားတာဟာ နယ္ေျမသတ္မွတ္ေရး တပ္ေနရာခ်ထားေရး ကိစၥေတြ မေျပလည္မႈနဲ႔ တိုက္႐ိုက္သက္ဆိုင္တဲ့ ကိစၥလည္း ျဖစ္ပါတယ္
တကယ္လို႔ နယ္ေျမသတ္မွတ္ေရးစဥ္းစားၿပီဆိုရင္ တပ္ဖြဲ႕ေတြ ေရာက္တဲ့ ေနရာကေန စတင္စဥ္းစားတာမ်ိဳးက ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေတြမွာ လုပ္ေလ့လုပ္ထ ရွိတဲ့ ကိစၥလည္း ျဖစ္ပါတယ္။
တကယ္လို႔ အဲလို ကိစၥမ်ိဳးသာ ျဖစ္လာရင္လည္း လြယ္တိုင္းလွ်န္း ဌာနခ်ဳပ္ရွိတဲ့ မိုင္းပန္နယ္ထဲ ေရာက္လာတဲ့ ပအိုဝ္း တပ္ေတြ ကိစၥကလည္း အျငင္းပြားစရာအျဖစ္ဆက္ရွိေနမွာပါ။
လက္ရွိ ၿငိမ္းခ်မ္းေရးျဖစ္စဥ္သြားေနတဲ့ စည္းမ်ဥ္းအရေတာ့ အန္စီေအ ႏိုင္ငံလုံးဆိုင္ရာ အပစ္ရပ္ၿပီးမွသာ အပစ္ရပ္ခိုင္မာေရးအတြက္ ေဂ်အမ္စီ ေဆြးေႏြးမႈေတြ ႏိုင္ငံေရးေဆြးေႏြးမႈေတြ လုပ္ႏိုင္တာ ျဖစ္ပါတယ္။
(ခ) ၀ ၁၇၁ စစ္ေဒသ အေနအထား
တကယ္ေတာ့ ထိုင္းနယ္စပ္မွာ ၀ တပ္ေတြ ရွိေနတာ ထိုင္းႏိုင္ငံက လုံးဝ မႏွစ္ၿမိဳ႕ပါ။ ထိုင္းေျမာက္ပိုင္းဘက္ကို ဝင္တဲ့ မူးယစ္ေဆးဝါးေတြ ဖမ္းမိတဲ့ အႀကိမ္ေရေတာ္ေတာ္မ်ားမ်ားကို ၀ ေဒသက ထုတ္တယ္လို႔ ထိုင္းရဲေတြက ထုတ္ျပန္ေလ့ရွိတာ ျမန္မာ အစိုးရ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ဌာနက ႏွစ္ကူး သဝဏ္လႊာမွာ ထည့္သြင္းေဖာ္ျပခံရတဲ့ ၀ အဖြဲ႕နဲ႔ ပတ္သက္သူ တဦးဟာ ထိုင္းႏိုင္ငံက ဆုေၾကးထုတ္ျပန္ျခင္း ခံရတဲ့ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္လို႔ သံသယရွိသူတဦး ျဖစ္ေနတာ စတာေတြက ထင္သာျမင္သာရွိတဲ့ ကိစၥေတြပါ။ အဲဒီသူဟာ ၀ ၁၇၁ အဖြဲ႕ရဲ႕ RCSS အေပၚ ျပဳလုပ္တဲ့ စစ္အစိုးရေခတ္က ထိုးစစ္ေတြမွာ အဓိက တာဝန္ရွိသူ ဦးေဆာင္ခဲ့သူ အျဖစ္ အကဲျဖတ္ျခင္းခံရသူလည္း ျဖစ္ပါတယ္။
ဆယ္စုႏွစ္တစုနီးပါးၾကာျမင့္တဲ့ ၀ နဲ႔ အာစီအက္စ္အက္စ္ အၾကားတိုက္ပြဲေတြကို ယူနန္ အစိုးရရဲ႕ ၾကားဝင္မႈနဲ႔အတူ အပစ္ရပ္စဲထားခဲ့တာပါ။ ပန္ဆန္းမွာ အာစီအက္စ္အက္စ္ ရဲ႕ ဆက္ဆံေရး႐ုံး ဖြင့္လွစ္ထားႏိုင္တာ ရွိေပမယ့္ႏွစ္ဖြဲ႕အၾကား နယ္ေျမသတ္မွတ္မႈနဲ႔ ႏိုင္ငံေရး ေဆြးေႏြးမႈေတြကိုေတာ့ တိတိပပ လုပ္ႏိုင္တာ မရွိပါ။
စာေရးသူ သတင္းသြားယူခဲ့တဲ့ ၂၀၁၅ ပန္ဆန္း အစည္းအေဝးမွာဆိုရင္ ၀ တပ္ဖြဲ႕အေနနဲ႔ က်န္တဲ့ တိုင္းရင္းသားအဖြဲ႕ေတြရဲ႕ ဖက္ဒရယ္အေရး ေတာင္းဆိုမႈကို ကူညီမယ္ ၀ ျပည္နယ္သတ္မွတ္ေရး က်န္တိုင္းရင္းသားအဖြဲ႕ေတြက ေထာက္ခံၾကဖို႔ ၀ ေခါင္းေဆာင္ ေပါက္ယိုခ်န္းက တိုက္တြန္းခဲ့ပါတယ္။
ေကအန္ယူလို အဖြဲ႕အျပင္ အာစီအက္စ္အက္စ္ လို အန္စီေအ ထိုးမဲ့ အဖြဲ႕ေတြပါ တက္တဲ့အစည္းအေဝးဟာ အကုန္လုံး အျပန္အလွန္ ဘုံသေဘာထားစုစည္းတာထက္ ၀ တပ္ဖြဲ႕က ငါဒါလုပ္ခ်င္ ေထာက္ခံၾကမလား ဒီစာတမ္း အတည္ျပဳခ်င္တယ္ဆိုတဲ့ အေျခအေနမ်ိဳးထက္ မပိုခဲ့ပါဘူး။
၀ ျပည္နယ္ အေရးနဲ႔ ပတ္သက္လို႔ ရွမ္းႏွစ္ဖြဲ႕စလုံးက သူတို႔ အေနနဲ႔ အဆုံးအျဖတ္မေပးႏိုင္ဘဲ ျပည္သူကသာ ဆုံၚျဖတ္ရမယ့္ ကိစၥလို႔ သေဘာထားမွတ္ခ်က္ေပးခဲ့ၾကတာပါ။။
၀ ေျမာက္ပိုင္း ပန္ဆန္း ေဒသနဲ႔ ထိုင္းျမန္မာ နယ္စပ္က ၀ တပ္ေတြ ရွိတဲ့ နယ္ေျမအၾကား က်ိဳင္းတုံလြင္ျပင္က ျခားထားသလို ၂၀၁၀ နယ္ျခားေစာင့္ျပည္သူ႔စစ္ကူးေျပာင္းေရး ကာလတုန္းကေတာ့ ေတာင္ပိုင္း ၀ တပ္ေတြ ျပန္ဆုတ္ဖို႔ စစ္တပ္က ၫႊန္ၾကားခဲ့ဖူးပါတယ္။ ခ်ဳုပ္ၾကည့္ရင္ေတာ့ ၁၇၁ အေျခစိုက္ေဒသဟာ ထိုင္းမႀကိဳက္ ေဒသခံ လားဟူေတြ သိပ္ သေဘာမက်တဲ့ ေဒသလည္းျဖစ္ေနသလို ေသာင္တင္ေရမက် နယ္ေျမ တခုလို႔ ဆိုႏိုင္ပါတယ္။
(ဂ) တိုင္းရင္းသား အခ်င္းခ်င္း တိုက္ပြဲနဲ႔ ၿငိမ္းခ်မ္းေရး ပြဲစားဆိုေပမယ့္
ရွမ္းျပည္ေျမာက္ပိုင္းမွာ ျဖစ္ေနတဲ့ အာစီအက္စ္အက္စ္ နဲ႔ တီအန္အယ္လ္ေအ တအန္းပေလာင္အၾကား တိုက္ပြဲေျဖရွင္းႏိုင္ေရး ကိစၥေတြမွာေတာ့ ေျမာက္ပိုင္းမဟာမိတ္ တပ္ဖြဲ႕ေတြဟာ အာစီအက္စ္အက္စ္ အဖြဲ႕ ေတာင္ပိုင္းျပန္ေရးကိုပဲ အၿမဲေတာင္းဆိုေလ့ရွိပါတယ္။ အထူးသျဖင့္ အာစီအက္စ္အက္စ္ နဲ႔ ပဋိပကၡျဖစ္ေနတဲ့ အဖြဲ႕ေတြျဖစ္တဲ့ တီအန္အယ္လ္ေအ နဲ႔ ဝမ္ဟိုင္း တပ္ဖြဲ႕တို႔ဟာ အဲလို ေတာင္းဆိုေလ့ ရွိတာပါ။ အာစီအက္စ္အက္စ္ နဲ႔ တီအန္အယ္လ္ေအ တိုက္ပြဲစျဖစ္စ ကာလ ၂၀၁၆ ခုနစ္တုန္းက ယူအန္အက္ဖ္စီ တပ္ေပါငင္းစုက ၾကားဝင္ေျဖရွင္းမႈ မေအာင္ျမင္တဲ့ေနာက္ ေျမာက္ပိုင္းတိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြ စုေပါင္းထုတ္ျပန္ခ်ကၤ္ တရပ္မွာ ၀ တပ္ဖြဲ႕နာမည္ ပါဝင္ခဲ့တာပါ။ အဲဒီေၾကညာခ်က္အရဆိုရင္ RCSS နဲ႔ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႕ဝင္ TNLA အၾကား ျဖစ္ေနတဲ့ ပဋိပကၡ ရပ္ဆိုင္းေရးအတြက္ ေဆြးေႏြးၾကဖို႔ တိုက္တြန္းထားသလို တကယ္လို႔ တဘက္က ပဋိပကၡျဖစ္ပြားေအာင္ ဆက္ေဆာင္႐ြက္ေနမယ္ဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြပူးေပါင္း တားဆီးသြားမယ္လို႔ TNLA ၊ UWSA ၀ အပါအဝင္ ေျမာက္ပိုင္း ၇ ဖြဲ႕စုေပါင္း ထုတ္ျပန္တဲ့ ၂၀၁၆ ခုနစ္ မတ္လ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ပူးေပါင္းတားဆီးမယ္ဆိုတဲ့ ကိစၥက ဘယ္လို တားဆီးမလဲ ဆိုတာ အဓိပၸာယ္ဖြင့္စရာ ျဖစ္ေနသလို
ေနာက္ပိုင္းမွာေတာ့ ၀ တပ္ဖြဲ႕အေနနဲ႔ အဲလို စတိတ္မန႔္ေတြမွာ ပါဝင္တာ မရွိေပမယ့္ ၾကားဝင္ေျဖရွင္းေပးဖို႔ ကမ္းလွမ္းတာမ်ိဳးလည္း ရွိပါတယ္။
၀ တပ္ဖြဲ႕တာဝန္ရွိသူတဦးကေတာ့ အာစီအက္စ္အက္စ္ ေတာင္ပိုင္းျပန္မဆုတ္ေလ ေျမာက္ပိုင္းမွာ တိုက္ပြဲျပန္ျဖစ္ေလေလ ဆိုတဲ့ သေဘာမ်ိဳး စာေရးသူကို ေျပာဖူးပါတယ္။
အခုေနာက္ပိုင္းခပ္စိပ္စိပ္ ဆက္ျဖစ္လာခဲ့တဲ့ ေျမာက္ပိုင္း FPNCC အဖြဲ႕ဝင္ေတြနဲ႔ RCSS အၾကား တိုက္ခိုက္မႈေတြဟာ ၂၀၁၆ မတ္လ ပန္ဆန္း ေဆြးေႏြးပြဲကေန ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္နဲ႔ ဘယ္လို ဆက္စပ္မလဲ ေနာက္ဆက္တြဲ ျဖစ္ရပ္လားဆိုတာ စဥ္းစားစရာရွိေနပါတယ္။
အာစီအက္စ္အက္စ္က အန္စီေအ အေၾကာင္းျပ နယ္တိုးခ်ဲ႕တာ အျပစ္ဆိုစရာ ရွိေပမယ့္ ဒီလိုကိစၥမ်ိဳးက စစ္အစိုးရလက္ထက္က UWSA ၀ လည္း လုပ္ဖူးတာပါ။
ဒါ့ အျပင္ ပဋိပကၡျဖစ္တဲ့ ေျမာက္ပိုင္းမွာ ၀ တပ္ဖြဲ႕ရဲ႕ စီးပြားေရးလုပ္ငန္းနဲ႔ ဆက္ႏြယ္ဖြယ္ရွိတဲ့ စီမံကိန္း တခ်ိ႕ရွိသလားဆိုတာလည္း စဥ္းစားစရာကိစၥပါ။ ဥပမာအားျဖင့္ ၂၀၁၄ ခုနစ္က အစိုးရနဲ႔ ၀ တပ္ဖြဲ႕ ေဆြးေႏြးပြဲမွာ သီေပါနယ္က ၀ နဲ႔ ဆက္ႏြယ္တဲ့ ေရအားလွ်ပ္စစ္ စီမံကိန္းနားမွာာ အာစီအက္စ္အက္စ္ အဖြဲ႕က လာေႏွာင့္ယွက္တာ ရွိတယ္ဆိုၿပီး အစိုးရ ကိုယ္စားလွယ္ေတြနဲ႔ စစ္တပ္ ကိုယ္စားလွယ္ေတြဆီကို ၀ တပ္ဖြဲ႕က တိုင္တန္းခဲ့ဖူးပါတယ္။
ရွမ္းေျမာက္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း တိုက္ပြဲေတြဟာ တ႐ုတ္ ျမန္မာ ရထားလမ္း စီမံကိန္း လမ္းေၾကာ ေပၚက အာစီအက္စ္အက္စ္ ရဲ႕ နယ္ေျမတိုးခ်ဲ႕မႈေကာင့္လို႔ ေယ်ဘူယ် ဆိုေကာင္း ဆိုႏိုင္ေပမယ့္ ရွမ္းေျမာက္မွာ အာစီအက္စစ္အက္စ္ လာတာကို ၀ အေနနဲ႔ မႀကိဳက္ဘူးဆိုရင္ ရွမ္းေတာင္ပိုင္းက အာစီအက္စ္အက္စ္ နဲ႔ ပီအန္အယ္လ္အို အၾကား နယ္ေျမကိစၥေတြမွာလည္း ၀ အေနနဲ႔ ႏိုင္ငံေရးအရ အျမတ္ထုတ္တာ စစ္တပ္ နဲ႔ အစိုးရကို လက္တို႔တာမ်ိဳး မလုပ္သင့္တာဟာ လူ႔စည္းဘီလူးစည္းအရ ထားရမယ့္ ကိစၥပါပဲ။
လူသားခ်င္းစာနာမႈ ေပးရတယ္ စစ္ေဘးေရွာင္ေတြကို အကူအညီေပးတာေတြဟာ ေကာင္းမြန္တဲ့ ကိစၥေတြျဖစ္သလို တကယ္တမ္း ေျပၿငိမ္းေစလိုရင္ ၾကားဝင္ ညႇိႏႈိင္းေပးတာမ်ိဳးဟာ စစ္တပ္နဲ႔ အစိုးရကို သြားဖိတ္တာထက္ ပိုသင့္ေလ်ာ္ႏိုင္ပါတယ္။ ငါလည္း ဒီနယ္ေျမကို စစ္အုပ္စု အာဏာရွင္ အုပ္စုနဲ႔ ေပါင္းရခဲ့တာ အေရးအၾကာင္းဆိုရင္ စစ္တပ္ကို မ်က္စပစ္ျပမယ္ဆိုတဲ့ ကိစၥက တဖို႔တည္းအတြက္ ဟုတ္သေယာင္ရွိေပမယ့္ စစ္တပ္နဲ႔ တိုက္ေနရဆဲ ျဖစ္တဲ့ FPNCC အဖြဲ႕ဝင္ က်န္တိုင္းရင္းသား အဖြဲ႕ေတြအဖို႔ UWSA ၀ ရဲ႕ မိုင္းပန္ အေရး စစ္တပ္နဲ႔ အစိုးရကို ဝင္ေရာာက္ေျဖရွင္းေပးေရး တင္ျပခ်က္ဟာ သမာသမတ္က်မႈအတြက္ေကာ က်င့္ဝတ္အရပါ ေမးေငါ့စရာ ျဖစ္ေနပါလိမ့္မယ္။
အခုေတာင္ ဖြဲ႕စည္းၿပီး မယ္မယ္ ရရ အလုပ္မလုပ္ႏိုင္မႈေၾကာင့္ေသာ္လည္းေကာင္း ဦးေဆာင္မႈ အခန္းက႑ ဟုတ္တိပတ္တိ မေပးႏိုင္မႈေၾကာင့္ေသာ္လည္းေကာင္ uwsa ၀ ဦးေဆာင္တဲ့ FPNCC ကို ၀ တပ္ဖြဲ႕က ဆက္ဦးေဆာင္မလား မေဆာင္မလား ဆိုတာ အဖြဲ႕ဝင္တခ်ိဳ႕က ၀ တပ္ဖြဲ႕ဆီ လွမ္းေမးျမန္းတဲ့ ကိစၥေတြ ျဖစ္ခဲ့ၿပီးျဖစ္ပါတယ္။
ဥပမာအားျဖင့္ တီအန္အယ္လ္ေအ နဲ႔ ေကအိုင္ေအ က လူ႔သစ္စု အခြန္ေကာက္တာကို မႀကိဳက္လို႔ ရွမ္းေျမာက္ နမ့္ခမ္းကို ေဒသခံ ရွမ္းေတြရဲ႕ ဖိတ္ေခၚမႈေၾကာင့္ဆိုၿပီး အာစီအက္စ္အက္စ္ ရွမ္းေျမာက္ကို လာတဲ့ ကိစၥနဲ႔ အာစီအက္စ္အက္စ္ ဌာနခ်ဳပ္ လြယ္တိုင္းလွ်ံရွိတဲ့ မိုင္းပန္ၿမိဳ႕နယ္ထဲကို ပအိုဝ္းေတြ ေခၚလို႔ ဆိုၿပီး ပီအန္အယ္လ္အို ပအိုဝ္းတပ္ေတြ ေရာက္လာတဲ့ ကိစၥေတြဟာ ျဖစ္ပုံျဖစ္ရပ္ျခင္း မကြာလွတဲ့ ကိစၥလို႔ ဆိုႏိုင္ပါတယ္။
ဒါကလည္း အာစီ ေျမာက္ပိုင္းတက္တာ စစ္တပ္ ပေရာဂ မကင္းႏိူ္ဘူးလို႔ ေျမာက္ပိုင္းတပ္ဖြဲ႕ေတြက စြပ္စြဲဖူးတာနဲ႔ မိုင္းပန္နယ္ထဲ ပအိုဝ္းတပ္ေတြ ေရာက္လာတဲ့ ကိစၥအေပၚ စစ္တပ္ ပေရာဂ ကင္းရဲ႕လားဆိုၿပီး ရွမ္းေတြဘက္က သံသယ ပြားေနတာေတြက ကြာျခားမႈ မရွိလွတဲ့ ကိစၥအျဖစ္ ေယ်ဘူယ် ေကာက္ခ်က္ခ်ႏိုင္ပါတယ္။
ေနာက္တခ်က္က ၀ ေတာင္ပိုင္းတပ္နဲ႔ အာစီအက္စ္အက္စ္ တို႔ ေတ့ဆိုင္ထားတဲ့ ေနရာေတြမွာ တအန္းပေလာင္ လူမ်ိဳးစုေတြမ်ားတဲ့ UWSA တပ္ေတြရွိလာတယ္ဆိုၿပီး အတည္ျပဳခ်က္ မရေသးတဲ့ ေျပာဆိုခ်က္ေတြ ထြက္လာတာကလည္း သို႔ေလာသို႔ေလာျဖစ္စရာပါ။
( ဃ) ရွမ္းျပည္ထဲက လက္နက္ကိုင္ခ်င္း ပဋိပကၡက လူမ်ိဳးေရး ေသြးကြဲမႈ ျဖစ္မလာေစေရး
အာစီအက္စ္အက္စ္ အင္အားႀကီးလာမွာကို ၀ အေနနဲ႔ သတိႀကီးႀကီးထားသင့္တာမွန္ေပမယ့္ အတိတ္ကတပ္ဖြဲ႕ခ်င္း တိုက္ခိုက္မႈေၾကာာင့္ လူမ်ိဳးတမ်ိဳနဲ႔ တမ်ိဳးအၾကား ယခုအထိ အႀကိတ္အခဲေတြ က်န္ရစ္ေနတာက ေရရွည္အတြက္ မေကာင္းလွတဲ့ ကိစၥျဖစ္ပါတယ္။
တကယ္ေတာ့ ျပည္ေထာင္စု အေရးနဲ႔ လက္နက္ကိုင္ ပဋိပကၡ အေရး ေျဖရွင္းရာမွာ ရွမ္းျပည္အေရးေျဖရွင္းႏိုင္ရင္ စံျပဳစရာ မိုဒယ္တခုျဖစ္လာႏိုင္တာပါ။ အဲဒီလို ျဖစ္ဖို႔ဆိုရင္ စစ္ဘုရင္အခ်င္းခ်င္း တိုင္းရင္းသားအဖြဲ႕ေတြအခ်င္းခ်င္း ပဋိဉာဥ္ တခုရွိဖို႔လိုသလို ရွမ္းျပည္အတြင္း တိုင္းရင္းသားေတြအၾကား ေသြးစည္းညီၫြတ္ေရးအတြက္ ဦးတည္တဲ့ လုပ္ေဆာာင္ခ်က္ေတြလည္း ရွိဖို႔ လိုအပ္ပါတယ္။
ပဋိပကၡဆိုတာ မီးေမႊးဖို႔က လြယ္ၿပီး ျပန္ၿငိမ္းရခက္တတ္တာ ဓမၼတာေပမို႔ ယူဂိုဆလပ္ ၿပိဳကြဲခါနီး ေဘာ့စနီးယားနဲ႔ တူတယ္ဆိုတဲ့ ရွမ္းျပည္ရဲ႕ အေျခအေနကို သတိမူၾကဖို႔က အားလုံးမွာ တာဝန္ရွိပါတယ္။

 

Unicode

ဆရာစိုင်းထွန်းအောင်လွင်ရဲ့၂၀၁၉ ဇန်နဝါရီလက သျှမ်းဘာသာနဲ့ ထုတ်ဝေတဲ့ သျှန်ပိုင်း The Hsen Pai Journal မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ရပါတယ်။
စိုင်းထွန်းအောင်လွင်
ယခုလတ်တလော ဖြစ်နေတဲ့ တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲတွေနဲ့ ဆက်စပ်လို့ ပြန်လည်လေ့လာနိုင်ရန်အတွက်သာ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်ကိုမျှ ထိခိုက်စေလိုခြင်းမရှိကြောင်းလည်း ဦးစွာပထမ ပြောလိုပါတယ်။
ရှမ်းပြည်က Inter-Ethnics Conflicts တွေကို ကြည့်ရင် UWSA ၀ တပ်ဖွဲ့အနေနဲ့ နောက်ပိုင်း ၁၀ နှစ်အတွင်း အဲလို အရေးတွေမှာ တိုက်ရိုက်ပါဝင်တာ မရှိပေမယ့်
( မှတ်ချက် ။။ ။ မိုင်းလားနယ်ထဲ ဝင်ရောက်စီးနင်းတာရှိ)
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာတေ့ာ သူကိုယ်တိုင် တက်တက်ကြွကြွပါဝင်ခဲ့ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြည်တွင်းစစ်သမိုင်းအရ ကြည့်ရင်တော့ ရှမ်းပြည်မှာ Inter-ethnics Conflicts တွေ ၊ အစိုးရကို ပုန်ကုန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း တိုက်ခိုက်ကြတာ ယခုခေတ်မှာမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ရှိခဲ့တဲ့ အလေ့အထလည်း ဖြစ်ပါတယ်။ နောက်ရက်တွေမှာ နောက်ပိုင်း တိုင်းရင်းသား တပ်ဖွဲ့တွေအနက် Inter-ethnics conflicts အများဆုံး ဖြစ်တဲ့အဖွဲ့ဖြစ်တဲ့ RCSS ရှမ်းပြည်ထူထောင်ရေး ကောင်စီ နဲ့ ပတ်သက်တဲ့ ယခင်က ဖော်ပြခံခဲ့ရတဲ့ ဆောင်းပါး၊ လူမျိုးကြီးဝါဒ မဟုတ်ကောင်းမှု နဲ့ အမြင်ကျဉ်း လူမျိုးငယ် အုပ်စုဖွဲ့ အကြပ်ကိုင်မှု ပြသနာများ နဲ့ အပစ်ရပ်စဲရေးအတွက် ဘယ်လို ဖြေရှင်းလေ့ရှိတယ်ဆိုတဲ့ သမိုင်းတွေကို အခန်းဆက်အနေနဲ့ ဖော်ပြဦးမှာ ဖြစ်ပါတယ်။
____&____&_______&______&
ဟိုလိုဒီလို ဝ UWSA နဲ့ သမာသမတ် မေးခွန်း
စိုင်းထွန်းအောင်လွင်
ဒီရက်ပိုင်း တိုက်ပွဲ ပဋိပက္ခ သတင်းတွေထဲမှာ ရခိုင်က အေအေ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရ စစ်တပ်အကြား ၂ လ ကြာ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ရက္ခိုင့်တပ်မတော်ကနေ နယ်ခြာစောင့်ရဲစခန်းတွေကို တန်ပြန်တိုက်ခိုက်ခဲ့တဲ့ သတင်းတွေကတော့ ထိပ်တန်းသတင်းအဖြစ် ရှိနေတာပါ။
တပ်မတော်ရဲ့ အပစ်ရပ်လေးလ အပစ်ရပ်နယ်မြေ သတ်မှတ်မှုနဲ့ ညှိနှိုင်းဆွေးနွေးမှု နယ်မြေမှာ မပါဝင်တဲ့ ရခိုင်မှာ လွတ်လပ်ရေးနေ့ တိုက်ခိုက်မှု နောက်ပိုင်း တိုက်ပွဲပြင်းထန်လာမဲ့ အလားအလာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
လေးလ ယာယီ အပစ်ရပ် နယ်မြေထဲ အကျုံးဝင်တဲ့ ရှမ်းပြည်နယ်ဘက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အ ချင်းချင်း တိုက်ပွဲတွေ ဆက်ရှိနေခဲ့တာပါ။ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲတွေ ၊ တီအန်အယ်လ်အေ အာစီ အက်စ်အက်စ် အကြား ဆက်ရှိနေတဲ့ တင်းမာမှုနဲ့အတူ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲမှာတော့ အန်စီအေ အပစ်ရပ်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်း PNLO နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS တို့အကြား တင်းမာမှု ဆက်ရှိနေတဲ့ အခြေအနေ ဆိုပြီး မြင်ရမှာဖြစ်ပါတယ်။
မိုင်းပန်မြို့နယ် အနောက်တောင်ဘက် ပန်ပိ ဒေသက ဒေသခံ ပအိုဝ်းတွေဟာ နေရပ်စွန့်ခွာပြီး သံလွင် မြစ်ကိုဖြတ်ကျော်လို့ ၀ တောင်ပိုင်း ၁၇၁ စစ်ဒေသ ထိန်းချုုပ်ရာ နယ်မြေထဲ ဝင်ရောက်ခိုလုံတဲ့အတွက် ၀ တပ်ဖွဲ့က ကူညီပေးနေရတယ်ဆိုတဲ့ သတင်းတွေလည်း ၀ တပ်ဖွဲ့ဘက်က ပြောကြားမှု အပေါ်ါ် မူတည်ပြီး သတင်းမီဒီယာတွေက ရေးသားကြတာတွေ့ရပါတယ်။
မိုင်းပန်နယ်ထဲက ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ပီအန်အယ်လ်အိုနဲ့ အာစီအက်စ်အက်စ် နယ်မြေ အငြင်းပွားမှုဟာ ညှိနှိုင်း ဖြေရှင်နိုင်ခြင်း မရှိသေးတဲ့ ပြသနာ ဖြစ်နေသလို ပီအန်အယ်လ်အိုက စစ်တပ်နဲ့ ပေါင်းပြီး အာစီအက်စ်အက်စ်ကို တိုက်တယ် ၊ အာစီအက်စ်အက်စ်ကလည်း ဒေသခံ ပအိုဝ်းတွေကို လူ့အခွင့်အရေးချိုး ဖောက်မှုတွေ လုပ်လို့ ပအိုဝ်းတိုင်းရင်းသားတွေရဲံ့ ဖိတ်ခေါ်ချက်အရ မိုင်းပန်နယ်ထဲ ပီအန်အယ်လ်အိုက လာတာဖြစ်တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ဆက်စပ်တဲ့ ၀ အကြောင်း ဆက်ပါဦးမယ်။
၀ က ထွက်ပြေးလာသူတွေကို ကူညိယုံတင်မကဘဲ အာစီအက်စ်အက်စ် နဲ့ ပအိုဝ်းအကြား အဲဒီအရေးကိစ္စကို စစ်တပ်နဲ့ အစိုးရက ဝင်ရောက်ဖြေရှင်းပေးဖို့ အကြောင်းကြားစာ ပေးပို့ထားတယ် ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သာမန်ကာ လျှံကာ ကြည့်ရင်တော့ အစိုးရ တပ်တို့က ဝင်ထိန်းကျောင်းပေးတာ သဘာဝ ကျပေမယ့် ၀ လို အန်စီအေ မထိုးသေးဘဲ အာစီအက်စ်အက်စ် နဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ဒီလို လုပ်လာတာကတော့ ၀ တပ်ဖွဲ့ရဲ့ အကြောင်းကြားမှုဟာ ရိုးမှ ရိုးသားရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်လာစေပါတယ်။
အခု စစ်တပ်ရဲ့ လေးလ အပစ်ရပ် ကြေညာမှုနဲ့တဖွဲ့ချင်းအလိုက် ဦးတည်ဆွေးနွေးရမယ့် အကြောင်းအရာတွေ ယာယီ တဘက်သတ် အပစ်ရပ်စဲစဉ် ကန့်သတ်ထားချက်တွေနဲ့ ရှမ်းပြည်ထဲမှာ နှစ်ပေါင်းများစွာာ မကြေလည်မှုတွေ ဖြစ်နေခဲ့တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေအကြား သမိုင်နောက်ခံ အချက်အလက်တွေကို ကြည့်ရင် ၀ ရဲ့ ဒီလို ကြားဝင်ပြီး စစ်တပ် အစိုးရတို့ကို ဖိတ်ခေါ်မှုဟာ သမားရိုးကျ မဟုတ်ဘူး ဆိုတာ ပေါ်လွင်လာပါစေလိမ့်မယ်။
(က) UWSA – RCSS ဆက်ဆံရေးနဲ့ ထိုင်းနယ်စပ်က အငြင်းပွားနယ်မြေတွေအကြောင်း
စစ်အစိုးရလက်ထက်က ထိုင်းနယ်စပ်က ရှမ်းလက်နက်ကိုင်တပ်တွေရဲ့ နယ်မြေတွေကို စစ်တပ် ရဲ့ အထောက်အပံ့တွေနဲ့အတူ ၀ တပ်ဖွဲ့ဟာ လာရောက်တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ နှစ်ဘက် တပ်တွေအကြား ၂၀၀၆ ခုနစ် နောက်ပိုင်းမှာ တိုက်ပွဲမဖြစ်တော့ပါ။ ၀ တောင်ပိုင်း ၁၇၁ စစ်ဒေသဆိုပြီး ထိုင်းနယ်စပ်တလျှောက် တာချီလိတ်အောက်ဘက်ကနေ မိုင်းတုံ မိုင်းဆတ် မိုင်းပန် နယ်စပ်အထိ ၀ တပ်တွေ စခန်းချနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း အာစီအက်စ်အက်စ်ကလည်း ယနေ့အချိန်အထိ မိုင်းတုံ ၊ မိုင်းဆတ်လို ဒေသတွေမှ ၀ က တောင်ကြား တခု တပ်စွဲထားရင် နောက်တောင်ပေါ် ပိုစ့်တနေရာဆိုရင် အာစီအက်စ်အက်စ် တပ်က စခန်းချလိုက် အနေအထားမျိုးက ထိုးစစ်တွေပြင်းခဲ့တဲ့ ၂၀၀၁ ခုနစ်လောက်ကနေ ယနေ့အချိန်အထိ တပ်နေရာတွေ မပြောင်းမလဲဘဲ ရှိနေခဲ့ပါတယ်။
ဥပမာအားဖြင့် အာစီအက်စ်အက်စ်ကို ယာယီ ဖွံ့ဖြိုးရေး နယ်မြေအဖြစ် သတ်မှတ်ပေးဖို့ သဘောတူထားတဲ့ မုန်းထော့ မုန်းထား နယ်မြေဟာ ဆိုရင် လင်းခေးနဲ့ မိုင်းတုံမြို့နယ် နယ်စပ်အတွင်းမှာ ကျရောက်နေပြီး အနီးအနားမှာ ၀ တပ်တွေလည်း ရှိနေတာပါ။
အန်စီအေ အပစ်ရပ်ထားတဲ့ အာစီအက်စ်အက်စ် အနေနဲ့ ဆက်ဆံရေးရုံးကို တာချီလိတ်လို နေရာမှာ ဖွင့်လှစ်ထားနိုင်တာလည်း ဖြစ်ပါတယ်။
ပီအန်အယ်လ်အို ပအိုဝ်းအဖွဲ့အနေနဲ့ကတော့ မောက်မယ် ကဒူးကြီး ဒေသမှာ အခြေချခွင့်ရထားတဲ့ အဖွဲ့ပါ
(ခ) တပ်နဲ့ ဘာတွေ ဆွေးနွေးကြမလဲ
အခု လေးလ အပစ်ရပ်အကြောင်း ပြန်ဆက်ပါမယ်။ လေးလ အပစ်ရပ်ကိစ္စမှာာ စစ်တပ်ဘက်က တပ်မတော် အဆင်မြင့်အရာရှိတွေပါတဲ့ ဆွေးနွေးရေး အဖွဲ့တွေကို ဖွဲ့ထားပါတယ်။ အန်စီအေ နိုင်ငံလုံးဆိုင်ရာာ အပစ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေဘက်က ကြည့်ရင် အပစ်ရပ်ခိုင်မာရေးမှာ နှစ်ဘက်တပ်တွေ နေရာချထားရေးတို့ နယ်မြေသတ်မှတ်ရေးတို့က အရေးပါတဲ့ ကိစ္စပါ။။ ဥပမာအားဖြင့် အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ တပ်တို့ပါတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဂျေအမ်စီ အဖွဲ့ အလုပ်မဖြစ်သလောက်ဖြစ်နေပြီး အာစီအက်စ်အက်စ် ရှမ်းပြည်ပြန်လည်ထူထေင်ရေးကောင်စီဟာ အဲဒီအဖွဲ့ရဲ့ အစည်းအဝေးတွေကနေ နှုတ်ထွက်ထားတာဟာ နယ်မြေသတ်မှတ်ရေး တပ်နေရာချထားရေး ကိစ္စတွေ မပြေလည်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်
တကယ်လို့ နယ်မြေသတ်မှတ်ရေးစဉ်းစားပြီဆိုရင် တပ်ဖွဲ့တွေ ရောက်တဲ့ နေရာကနေ စတင်စဉ်းစားတာမျိုးက နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ လုပ်လေ့လုပ်ထ ရှိတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
တကယ်လို့ အဲလို ကိစ္စမျိုးသာ ဖြစ်လာရင်လည်း လွယ်တိုင်းလျှန်း ဌာနချုပ်ရှိတဲ့ မိုင်းပန်နယ်ထဲ ရောက်လာတဲ့ ပအိုဝ်း တပ်တွေ ကိစ္စကလည်း အငြင်းပွားစရာအဖြစ်ဆက်ရှိနေမှာပါ။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သွားနေတဲ့ စည်းမျဉ်းအရတော့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ပြီးမှသာ အပစ်ရပ်ခိုင်မာရေးအတွက် ဂျေအမ်စီ ဆွေးနွေးမှုတွေ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်နိုင်တာ ဖြစ်ပါတယ်။
(ခ) ၀ ၁၇၁ စစ်ဒေသ အနေအထား
တကယ်တော့ ထိုင်းနယ်စပ်မှာ ၀ တပ်တွေ ရှိနေတာ ထိုင်းနိုင်ငံက လုံးဝ မနှစ်မြို့ပါ။ ထိုင်းမြောက်ပိုင်းဘက်ကို ဝင်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ အကြိမ်ရေတော်တော်များများကို ၀ ဒေသက ထုတ်တယ်လို့ ထိုင်းရဲတွေက ထုတ်ပြန်လေ့ရှိတာ မြန်မာ အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဌာနက နှစ်ကူး သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခံရတဲ့ ၀ အဖွဲ့နဲ့ ပတ်သက်သူ တဦးဟာ ထိုင်းနိုင်ငံက ဆုကြေးထုတ်ပြန်ခြင်း ခံရတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ သံသယရှိသူတဦး ဖြစ်နေတာ စတာတွေက ထင်သာမြင်သာရှိတဲ့ ကိစ္စတွေပါ။ အဲဒီသူဟာ ၀ ၁၇၁ အဖွဲ့ရဲ့ RCSS အပေါ် ပြုလုပ်တဲ့ စစ်အစိုးရခေတ်က ထိုးစစ်တွေမှာ အဓိက တာဝန်ရှိသူ ဦးဆောင်ခဲ့သူ အဖြစ် အကဲဖြတ်ခြင်းခံရသူလည်း ဖြစ်ပါတယ်။
ဆယ်စုနှစ်တစုနီးပါးကြာမြင့်တဲ့ ၀ နဲ့ အာစီအက်စ်အက်စ် အကြားတိုက်ပွဲတွေကို ယူနန် အစိုးရရဲ့ ကြားဝင်မှုနဲ့အတူ အပစ်ရပ်စဲထားခဲ့တာပါ။ ပန်ဆန်းမှာ အာစီအက်စ်အက်စ် ရဲ့ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားနိုင်တာ ရှိပေမယ့်နှစ်ဖွဲ့အကြား နယ်မြေသတ်မှတ်မှုနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကိုတော့ တိတိပပ လုပ်နိုင်တာ မရှိပါ။
စာရေးသူ သတင်းသွားယူခဲ့တဲ့ ၂၀၁၅ ပန်ဆန်း အစည်းအဝေးမှာဆိုရင် ၀ တပ်ဖွဲ့အနေနဲ့ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဖက်ဒရယ်အရေး တောင်းဆိုမှုကို ကူညီမယ် ၀ ပြည်နယ်သတ်မှတ်ရေး ကျန်တိုင်းရင်းသားအဖွဲ့တွေက ထောက်ခံကြဖို့ ၀ ခေါင်းဆောင် ပေါက်ယိုချန်းက တိုက်တွန်းခဲ့ပါတယ်။
ကေအန်ယူလို အဖွဲ့အပြင် အာစီအက်စ်အက်စ် လို အန်စီအေ ထိုးမဲ့ အဖွဲ့တွေပါ တက်တဲ့အစည်းအဝေးဟာ အကုန်လုံး အပြန်အလှန် ဘုံသဘောထားစုစည်းတာထက် ၀ တပ်ဖွဲ့က ငါဒါလုပ်ချင် ထောက်ခံကြမလား ဒီစာတမ်း အတည်ပြုချင်တယ်ဆိုတဲ့ အခြေအနေမျိုးထက် မပိုခဲ့ပါဘူး။
၀ ပြည်နယ် အရေးနဲ့ ပတ်သက်လို့ ရှမ်းနှစ်ဖွဲ့စလုံးက သူတို့ အနေနဲ့ အဆုံးအဖြတ်မပေးနိုင်ဘဲ ပြည်သူကသာ ဆုံါ်ဖြတ်ရမယ့် ကိစ္စလို့ သဘောထားမှတ်ချက်ပေးခဲ့ကြတာပါ။။
၀ မြောက်ပိုင်း ပန်ဆန်း ဒေသနဲ့ ထိုင်းမြန်မာ နယ်စပ်က ၀ တပ်တွေ ရှိတဲ့ နယ်မြေအကြား ကျိုင်းတုံလွင်ပြင်က ခြားထားသလို ၂၀၁၀ နယ်ခြားစောင့်ပြည်သူ့စစ်ကူးပြောင်းရေး ကာလတုန်းကတော့ တောင်ပိုင်း ၀ တပ်တွေ ပြန်ဆုတ်ဖို့ စစ်တပ်က ညွှန်ကြားခဲ့ဖူးပါတယ်။ ချုုပ်ကြည့်ရင်တော့ ၁၇၁ အခြေစိုက်ဒေသဟာ ထိုင်းမကြိုက် ဒေသခံ လားဟူတွေ သိပ် သဘောမကျတဲ့ ဒေသလည်းဖြစ်နေသလို သောင်တင်ရေမကျ နယ်မြေ တခုလို့ ဆိုနိုင်ပါတယ်။
(ဂ) တိုင်းရင်းသား အချင်းချင်း တိုက်ပွဲနဲ့ ငြိမ်းချမ်းရေး ပွဲစားဆိုပေမယ့်
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အာစီအက်စ်အက်စ် နဲ့ တီအန်အယ်လ်အေ တအန်းပလောင်အကြား တိုက်ပွဲဖြေရှင်းနိုင်ရေး ကိစ္စတွေမှာတော့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေဟာ အာစီအက်စ်အက်စ် အဖွဲ့ တောင်ပိုင်းပြန်ရေးကိုပဲ အမြဲတောင်းဆိုလေ့ရှိပါတယ်။ အထူးသဖြင့် အာစီအက်စ်အက်စ် နဲ့ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ တီအန်အယ်လ်အေ နဲ့ ဝမ်ဟိုင်း တပ်ဖွဲ့တို့ဟာ အဲလို တောင်းဆိုလေ့ ရှိတာပါ။ အာစီအက်စ်အက်စ် နဲ့ တီအန်အယ်လ်အေ တိုက်ပွဲစဖြစ်စ ကာလ ၂၀၁၆ ခုနစ်တုန်းက ယူအန်အက်ဖ်စီ တပ်ပေါငင်းစုက ကြားဝင်ဖြေရှင်းမှု မအောင်မြင်တဲ့နောက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စုပေါင်းထုတ်ပြန်ချင်္က် တရပ်မှာ ၀ တပ်ဖွဲ့နာမည် ပါဝင်ခဲ့တာပါ။ အဲဒီကြေညာချက်အရဆိုရင် RCSS နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် TNLA အကြား ဖြစ်နေတဲ့ ပဋိပက္ခ ရပ်ဆိုင်းရေးအတွက် ဆွေးနွေးကြဖို့ တိုက်တွန်းထားသလို တကယ်လို့ တဘက်က ပဋိပက္ခဖြစ်ပွားအောင် ဆက်ဆောင်ရွက်နေမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပူးပေါင်း တားဆီးသွားမယ်လို့ TNLA ၊ UWSA ၀ အပါအဝင် မြောက်ပိုင်း ၇ ဖွဲ့စုပေါင်း ထုတ်ပြန်တဲ့ ၂၀၁၆ ခုနစ် မတ်လ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပူးပေါင်းတားဆီးမယ်ဆိုတဲ့ ကိစ္စက ဘယ်လို တားဆီးမလဲ ဆိုတာ အဓိပ္ပာယ်ဖွင့်စရာ ဖြစ်နေသလို
နောက်ပိုင်းမှာတော့ ၀ တပ်ဖွဲ့အနေနဲ့ အဲလို စတိတ်မန့်တွေမှာ ပါဝင်တာ မရှိပေမယ့် ကြားဝင်ဖြေရှင်းပေးဖို့ ကမ်းလှမ်းတာမျိုးလည်း ရှိပါတယ်။
၀ တပ်ဖွဲ့တာဝန်ရှိသူတဦးကတော့ အာစီအက်စ်အက်စ် တောင်ပိုင်းပြန်မဆုတ်လေ မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လေလေ ဆိုတဲ့ သဘောမျိုး စာရေးသူကို ပြောဖူးပါတယ်။
အခုနောက်ပိုင်းခပ်စိပ်စိပ် ဆက်ဖြစ်လာခဲ့တဲ့ မြောက်ပိုင်း FPNCC အဖွဲ့ဝင်တွေနဲ့ RCSS အကြား တိုက်ခိုက်မှုတွေဟာ ၂၀၁၆ မတ်လ ပန်ဆန်း ဆွေးနွေးပွဲကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်နဲ့ ဘယ်လို ဆက်စပ်မလဲ နောက်ဆက်တွဲ ဖြစ်ရပ်လားဆိုတာ စဉ်းစားစရာရှိနေပါတယ်။
အာစီအက်စ်အက်စ်က အန်စီအေ အကြောင်းပြ နယ်တိုးချဲ့တာ အပြစ်ဆိုစရာ ရှိပေမယ့် ဒီလိုကိစ္စမျိုးက စစ်အစိုးရလက်ထက်က UWSA ၀ လည်း လုပ်ဖူးတာပါ။
ဒါ့ အပြင် ပဋိပက္ခဖြစ်တဲ့ မြောက်ပိုင်းမှာ ၀ တပ်ဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဆက်နွယ်ဖွယ်ရှိတဲ့ စီမံကိန်း တချိ့ရှိသလားဆိုတာလည်း စဉ်းစားစရာကိစ္စပါ။ ဥပမာအားဖြင့် ၂၀၁၄ ခုနစ်က အစိုးရနဲ့ ၀ တပ်ဖွဲ့ ဆွေးနွေးပွဲမှာ သီပေါနယ်က ၀ နဲ့ ဆက်နွယ်တဲ့ ရေအားလျှပ်စစ် စီမံကိန်းနားမှာာ အာစီအက်စ်အက်စ် အဖွဲ့က လာနှောင့်ယှက်တာ ရှိတယ်ဆိုပြီး အစိုးရ ကိုယ်စားလှယ်တွေနဲ့ စစ်တပ် ကိုယ်စားလှယ်တွေဆီကို ၀ တပ်ဖွဲ့က တိုင်တန်းခဲ့ဖူးပါတယ်။
ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲတွေဟာ တရုတ် မြန်မာ ရထားလမ်း စီမံကိန်း လမ်းကြော ပေါ်က အာစီအက်စ်အက်စ် ရဲ့ နယ်မြေတိုးချဲ့မှုကောင့်လို့ ယျေဘူယျ ဆိုကောင်း ဆိုနိုင်ပေမယ့် ရှမ်းမြောက်မှာ အာစီအက်စစ်အက်စ် လာတာကို ၀ အနေနဲ့ မကြိုက်ဘူးဆိုရင် ရှမ်းတောင်ပိုင်းက အာစီအက်စ်အက်စ် နဲ့ ပီအန်အယ်လ်အို အကြား နယ်မြေကိစ္စတွေမှာလည်း ၀ အနေနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်တာ စစ်တပ် နဲ့ အစိုးရကို လက်တို့တာမျိုး မလုပ်သင့်တာဟာ လူ့စည်းဘီလူးစည်းအရ ထားရမယ့် ကိစ္စပါပဲ။
လူသားချင်းစာနာမှု ပေးရတယ် စစ်ဘေးရှောင်တွေကို အကူအညီပေးတာတွေဟာ ကောင်းမွန်တဲ့ ကိစ္စတွေဖြစ်သလို တကယ်တမ်း ပြေငြိမ်းစေလိုရင် ကြားဝင် ညှိနှိုင်းပေးတာမျိုးဟာ စစ်တပ်နဲ့ အစိုးရကို သွားဖိတ်တာထက် ပိုသင့်လျော်နိုင်ပါတယ်။ ငါလည်း ဒီနယ်မြေကို စစ်အုပ်စု အာဏာရှင် အုပ်စုနဲ့ ပေါင်းရခဲ့တာ အရေးအကြာင်းဆိုရင် စစ်တပ်ကို မျက်စပစ်ပြမယ်ဆိုတဲ့ ကိစ္စက တဖို့တည်းအတွက် ဟုတ်သယောင်ရှိပေမယ့် စစ်တပ်နဲ့ တိုက်နေရဆဲ ဖြစ်တဲ့ FPNCC အဖွဲ့ဝင် ကျန်တိုင်းရင်းသား အဖွဲ့တွေအဖို့ UWSA ၀ ရဲ့ မိုင်းပန် အရေး စစ်တပ်နဲ့ အစိုးရကို ဝင်ရောာက်ဖြေရှင်းပေးရေး တင်ပြချက်ဟာ သမာသမတ်ကျမှုအတွက်ကော ကျင့်ဝတ်အရပါ မေးငေါ့စရာ ဖြစ်နေပါလိမ့်မယ်။
အခုတောင် ဖွဲ့စည်းပြီး မယ်မယ် ရရ အလုပ်မလုပ်နိုင်မှုကြောင့်သော်လည်းကောင်း ဦးဆောင်မှု အခန်းကဏ္ဍ ဟုတ်တိပတ်တိ မပေးနိုင်မှုကြောင့်သော်လည်းကောင် uwsa ၀ ဦးဆောင်တဲ့ FPNCC ကို ၀ တပ်ဖွဲ့က ဆက်ဦးဆောင်မလား မဆောင်မလား ဆိုတာ အဖွဲ့ဝင်တချို့က ၀ တပ်ဖွဲ့ဆီ လှမ်းမေးမြန်းတဲ့ ကိစ္စတွေ ဖြစ်ခဲ့ပြီးဖြစ်ပါတယ်။
ဥပမာအားဖြင့် တီအန်အယ်လ်အေ နဲ့ ကေအိုင်အေ က လူ့သစ်စု အခွန်ကောက်တာကို မကြိုက်လို့ ရှမ်းမြောက် နမ့်ခမ်းကို ဒေသခံ ရှမ်းတွေရဲ့ ဖိတ်ခေါ်မှုကြောင့်ဆိုပြီး အာစီအက်စ်အက်စ် ရှမ်းမြောက်ကို လာတဲ့ ကိစ္စနဲ့ အာစီအက်စ်အက်စ် ဌာနချုပ် လွယ်တိုင်းလျှံရှိတဲ့ မိုင်းပန်မြို့နယ်ထဲကို ပအိုဝ်းတွေ ခေါ်လို့ ဆိုပြီး ပီအန်အယ်လ်အို ပအိုဝ်းတပ်တွေ ရောက်လာတဲ့ ကိစ္စတွေဟာ ဖြစ်ပုံဖြစ်ရပ်ခြင်း မကွာလှတဲ့ ကိစ္စလို့ ဆိုနိုင်ပါတယ်။
ဒါကလည်း အာစီ မြောက်ပိုင်းတက်တာ စစ်တပ် ပရောဂ မကင်းနိူ်ဘူးလို့ မြောက်ပိုင်းတပ်ဖွဲ့တွေက စွပ်စွဲဖူးတာနဲ့ မိုင်းပန်နယ်ထဲ ပအိုဝ်းတပ်တွေ ရောက်လာတဲ့ ကိစ္စအပေါ် စစ်တပ် ပရောဂ ကင်းရဲ့လားဆိုပြီး ရှမ်းတွေဘက်က သံသယ ပွားနေတာတွေက ကွာခြားမှု မရှိလှတဲ့ ကိစ္စအဖြစ် ယျေဘူယျ ကောက်ချက်ချနိုင်ပါတယ်။
နောက်တချက်က ၀ တောင်ပိုင်းတပ်နဲ့ အာစီအက်စ်အက်စ် တို့ တေ့ဆိုင်ထားတဲ့ နေရာတွေမှာ တအန်းပလောင် လူမျိုးစုတွေများတဲ့ UWSA တပ်တွေရှိလာတယ်ဆိုပြီး အတည်ပြုချက် မရသေးတဲ့ ပြောဆိုချက်တွေ ထွက်လာတာကလည်း သို့လောသို့လောဖြစ်စရာပါ။
( ဃ) ရှမ်းပြည်ထဲက လက်နက်ကိုင်ချင်း ပဋိပက္ခက လူမျိုးရေး သွေးကွဲမှု ဖြစ်မလာစေရေး
အာစီအက်စ်အက်စ် အင်အားကြီးလာမှာကို ၀ အနေနဲ့ သတိကြီးကြီးထားသင့်တာမှန်ပေမယ့် အတိတ်ကတပ်ဖွဲ့ချင်း တိုက်ခိုက်မှုကြောာင့် လူမျိုးတမျိုနဲ့ တမျိုးအကြား ယခုအထိ အကြိတ်အခဲတွေ ကျန်ရစ်နေတာက ရေရှည်အတွက် မကောင်းလှတဲ့ ကိစ္စဖြစ်ပါတယ်။
တကယ်တော့ ပြည်ထောင်စု အရေးနဲ့ လက်နက်ကိုင် ပဋိပက္ခ အရေး ဖြေရှင်းရာမှာ ရှမ်းပြည်အရေးဖြေရှင်းနိုင်ရင် စံပြုစရာ မိုဒယ်တခုဖြစ်လာနိုင်တာပါ။ အဲဒီလို ဖြစ်ဖို့ဆိုရင် စစ်ဘုရင်အချင်းချင်း တိုင်းရင်းသားအဖွဲ့တွေအချင်းချင်း ပဋိဉာဉ် တခုရှိဖို့လိုသလို ရှမ်းပြည်အတွင်း တိုင်းရင်းသားတွေအကြား သွေးစည်းညီညွတ်ရေးအတွက် ဦးတည်တဲ့ လုပ်ဆောာင်ချက်တွေလည်း ရှိဖို့ လိုအပ်ပါတယ်။
ပဋိပက္ခဆိုတာ မီးမွှေးဖို့က လွယ်ပြီး ပြန်ငြိမ်းရခက်တတ်တာ ဓမ္မတာပေမို့ ယူဂိုဆလပ် ပြိုကွဲခါနီး ဘော့စနီးယားနဲ့ တူတယ်ဆိုတဲ့ ရှမ်းပြည်ရဲ့ အခြေအနေကို သတိမူကြဖို့က အားလုံးမှာ တာဝန်ရှိပါတယ်။

Related Articles

Back to top button