အင်တာဗျူး

ရင်းနှီးမြုပ်နှံမူ စီမံကိန်းများနှင့် ဒေသခံတိုင်းရင်းသားတို့၏ အကျိုးခံစားခွင့်

ဦးကျော်မြင့်ဦး(ပလက်ဝ)

မြို့နယ်အတွင်းရေးမူး(ကြက်ခြေနီ)

ကုလားတန်စီမံကိန်းက လောလောဆယ်(၂)ပိုင်းတွေ့တယ်။ ပထမတစ်ခုက ဆိပ်ခံတံတားပေါ။နောက်တစ် ပိုင်းက ကားလမ်းပေါ။စစ်တွေကနေ ပလက်ဝအထိကိုရေလမ်း၊ ပလက်ဝကနေကားနဲ့ မီဇိုရမ်ပြည်နယ်ပို့ပေါ။ ခုကားလမ်းတွေလည်းဖောက်နေတယ် ဆိပ်ခံလည်း ပြီးသလောက်ဖြစ်နေပြီ။ဒီလမ်းကြောင်းပွင့်သွားရင် အန္ဒိယနိုင်ငံကနေလာတဲ့ ကုန်စည်စီးဆင်းမူဟာ တို့ပလက်ဝမြို့နယ်ကဖြတ်သန်းလာမှာဖြစ်တဲ့အတွက်နှောင် (၁၀)နှစ်တာကာလမှာ ပလက်ဝမြို့နယ်ဟာဒီထက်ပိုဖွံ့ဖြိုးလာမှာမြင်နေရတယ်။ကုလားတန်မြစ်က စက်လှေ တစ်ခုတည်းနဲ့ သွားလာရာ ကားလမ်းပါရလာမယ်ဆိုရင် ပိုပြီးတော့ဖွံ့ဖြိုးတိုးတက်ဖို့ရှိနိုင်တယ်။ ဒီလမ်း ကြောင်းပွင့်လာတာနဲ့အမျှ စီးပွားလုပ်ငန်းတွေကလည်း လမ်းကြောင်းပေါ်အမှီပြုပြီးအများကြီးပေါ် ထွက်လာ အုံးမှာ ဒီတော့ ပလက်ဝမြို့နယ်အနေအထားနဲ့တွေးရရင်တော့ အလားအလာကောင်းတဲ့ ဒေသတစ်ခု ဖြစ်လာတယ်လို့သုံးသပ်ရတယ်။ အဓိကကတော့ ဒေသခံတွေရဲ့အကျိုးအမြတ်ကအရင်ခံစားရမှာ များတယ် မများတယ်က လုပ်နိုင်မူအပေါ်မူတည်တယ်။ကိုကိုယ်တိုင်ဝင်ရောက်ပါဝင်လုပ်နိုင်ဖို့လည်းလိုတယ်။ ဒီစီမံချက် နဲ့နွယ်ပြီး နိုင်ငံတော်အစိုးရကချပေးလိုက်တဲ့ လမ်းတွေ တံတားတွေလည်း ဖြစ်လာနေပြီလေ။ ဒါကြောင့်တို့ ဒေသခံတွေက နောက်ကျကျန်ခဲ့လို့မရဘူး။ ဦးအောင်လုပ်ရမယ်။ အခြားသောအဖွဲ့အစည်းတွေက နောက်မှ လာမှာဒေသတွေညီညီညာညာနဲ့ ဦးအောင်လုပ်နိုင်ရင်အကျိုးခံစားခွင့်ပိုရလိမ့်မယ်။ ငါအမြင်နဲ့ပြောရရင် လက်ခံတယ် ကြိုက်တယ်။ကျန်တဲ့သူအမြင်တော့ မသိဘူး။ ငါတို့ကရေရည်မျှော်တွေးရမှာလေ။ ရေတိုတွက် လို့မရဘူး။ ဥပမာ ခုနစ်ဆုံးရှုံးသူတွေကို နစ်နာမူမရှိသလောက်မဖြစ်အောင်နိုင်ငံတော်အစိုးရလည်းကြပ်မတ် ပေးတယ်။ ပြည်နယ်အစိုးရကလည်းသေသေချာချာစီစစ်ပေးတယ်။ မြို့နယ်ကလည်းရအောင်ဆောင်ရွက် ပေးတယ်။ ငါအနေနက်ကတော့ ကိုယ်ဒေသလူတွေ နစ်နာမူမရှိဘူးယူဆတော့။ လက်ခံတယ်။ ကျေနပ် တယ်။ တချို့ကတော့ အမျိုးမျိုးစိတ်ထားရှိမှာပေါကွာ။ အများစုကတော့ လက်ခံတဲ့သဘောပါ။ ခုကားလမ်းမှာ ပါသွားတဲမြေတွေကိုနစ်နာကြေးပေးတယ်။အဲလိုပေးရာတွေမှာလည်းကွန်ပလိန်းတက်တာတွေမရှိသလောက်  ပါပဲ။ ဒါပေမဲ့နေရာတကာမှာတော့ ၁၀၀%တော့ မဖြစ်နိုင်ကြဘူးပေါ။ လောလောဆယ်အနေအထားအရ နှောင်းအလားအလာကြည့်ရတာလည်း အခြေအနေကောင်းတယ်။ ဒီတော့ လက်ခံရမယ့်သဘောမှာရှိတယ်။ နိုင်ငံရေးအရတော့ မပြောတော့ဘူး နိုင်ငံရေးကတော့ တစ်ပိုင်းပေါ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button