ဆောင်းပါး

ဖက္ဒရယ္ဆိုတာ

ေသြး(စကိုင္း)

ကမာၻေပၚမွာဖက္ဒရယ္စနစ္ကို လက္ခံက်င့္သံုးတဲ့ႏိုင္ငံေတြ အမ်ားအျပားရွိပါတယ္။ ျမန္မာႏုိင္ငံမွာလည္း ဖက္ဒ ရယ္ျပည္ေထာင္စုစနစ္ဆီ ဦးတည္မယ္လို႔ ေၾကြးေၾကာ္ထားပါတယ္။ တစ္ခ်ိန္တုန္းက ဖက္ဒရယ္မူကို လက္ခံလုိက္ရင္ ႏုိင္ငံ အစိတ္စိတ္ အမႊာမႊာ ၿပိဳကြဲေတာ့မယ္လုိ႔ တစ္ပါတီအာဏာရွင္အစိုးရက ဝါဒျဖန္႔ခဲ့ဖူးပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ တုိင္းရင္းသားေတြရဲ႕သေဘာဆႏၵက ဖက္ဒရယ္ျပည္ေထာင္စုတည္ေထာင္ဖို႔ပါပဲ။ ဖက္ဒရယ္ျပည္ ေထာင္စုေတြကို ကမာၻမွာ ေလ့လာၾကည့္ရင္ အာဂ်င္တီးနား၊ ၾသစေၾတးလ်၊ ၾသစႀတီးယား၊ ဘယ္ဂ်ီယမ္၊ ဘရာဇီးလ္၊ ကေနဒါ၊ ဂ်ာမနီ၊ အီသီယိုးပီးယား၊ အိႏၵိယ၊ မေလးရွား၊ မကၠဆီကို၊ နီေပါ၊ ႏုိင္ဂ်ီးရီးယား၊ ပါကစၥတန္၊ ရုရွား၊ UAE၊ ဆြစ္ဇာလန္၊ အေမရိကန္. . . . စသျဖင့္ေတြ႕ရပါတယ္။ ဖက္ဒရယ္လို႔ပဲေခၚေခၚ “ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ စီရင္စုေတြ၊ ျပည္နယ္ေတြကို ဖက္ဒ ရယ္အစိုးရေအာက္မွာ ထားရွိအုပ္ခ်ဳပ္ျခင္း”ပါပဲ။ ဗဟုိအစိုးရနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္ေတြၾကားမွာ အာဏာခြဲ ေဝထားပါတယ္။
ဖက္ဒရယ္စနစ္ကို က်င့္သံုးၾကတ့ဲႏုိင္ငံေတြဟာ တစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံ မတူၾကပါဘူး။ ကမာၻေပၚက ႏုိင္ငံအမ်ားစုက ေတာ့ “တစ္ျပည္ေထာင္စနစ္ ႏုိင္ငံေတာ္” လို႔ေခၚတဲ့ Unitary Statesေတြ ျဖစ္ၾကပါတယ္။ အဲ့ဒီႏုိင္ငံေတြမွာ ဗဟိုအစိုးရရဲ႕ ခ်ဳပ္ကိုင္မႈပိုမ်ားသလို ဗဟိုအစိုးရကပဲ ဥပေဒျပဳေရးအာဏာရွိတဲ့သေဘာပါ။ တစ္ျပည္ေထာင္စနစ္က်င့္သံုးတဲ့ႏုိင္ငံေတြထဲမွာ ယူႏုိက္တက္ကင္းဒမ္း (ျဗိတိန္)၊ ဂ်ပန္၊ စပိန္၊ ျပင္သစ္ . . . စတဲ့ ႏုိင္ငံေတြပါဝင္ပါတယ္။
ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ ဝိေသသလကၡဏာေတြ
ဖက္ဒရယ္ျပည္ေထာင္စုတစ္စုကို သူ႕ရဲ႕အဖြဲ႕ဝင္ေတြနဲ႔ စုေပါင္း ဖြဲ႕စည္းထားပါတယ္။ ဒီေနရာမွာလည္း တစ္ႏုိင္ငံနဲ႔ တစ္ႏုိင္ငံမတူပါဘူး။ ဖက္ဒရယ္ျပည္ေထာင္စုအဖြဲ႕ဝင္ေတြထဲမွာ ကုိယ္ပိုင္ျပ႒ာန္းခြင့္ရတဲ့ (ဒါမွမဟုတ္) ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရတဲ့ အဖြဲ႕ဝင္ေတြပါဝင္ပါတယ္။ လူမ်ိဳးကို အေျခခံလို႔ပဲျဖစ္ျဖစ္၊ ပထဝီအေနအထားကို အေျခခံလုိ႔ပဲျဖစ္ျဖစ္၊ စီးပြားေရးေနာက္ ခံကို အေျခခံလို႔ပဲျဖစ္ျဖစ္ ျပည္ေထာင္စုအဖြဲ႕ဝင္အျဖစ္ သတ္မွတ္ပါတယ္။
ျမန္မာႏုိင္ငံဟာ တုိင္းရင္းသားလူမ်ိဳးေပါင္းစံုမွီတင္းေနထိုင္တဲ့ႏုိင္ငံျဖစ္လို႔ လူမ်ိဳးကို အေျခခံတဲ့ ျပည္ေထာင္စုအဖြဲ႕ဝင္ ေတြ သတ္မွတ္ရင္ သတ္မွတ္လို႔ရတဲ့အေနအထားပါ။ ဒါေပမယ့္ မတူညီကြဲျပားတဲ့ ယဥ္ေက်းမႈရွိေနတဲ့ လူမ်ိဳးေတြရဲ႕ ျဖစ္တည္ မႈကို အသိအမွတ္ျပဳလက္ခံရမွာျဖစ္ပါတယ္။ အမွန္တကယ္ ဖက္ဒရယ္ျပည္ေထာင္စုဆီဦးတည္ခ်င္ရင္ လူမ်ိဳးေရးပဋိပကၡပံုစံ ပံုေဖာ္ေနမႈေတြကိုပါ ေလွ်ာ့ခ်ရမွာပါ။ လက္ရွိအေနအထားမွာ တုိင္းရင္းသားေတြေနထိုင္တဲ့ျပည္နယ္ေတြမွာ (၂၀၁၅) ေရြးေကာက္ပြဲတုန္းက တိုင္းရင္းသားပါတီေတြ အႏုိင္ရရွိဖူးတဲ့ သာဓကရွိပါတယ္။ ရွမ္းနဲ႔ရခိုင္ျပည္နယ္မွာပါ။ ဒါေပမယ့္ ျပည္နယ္အစိုးရဖြဲ႕စည္းတဲ့အခါ တိုင္းရင္းသားပါတီကသူေတြ ဝန္ႀကီးခ်ဳပ္ျဖစ္ခြင့္မရဘဲ ဗဟုိအစိုးရကေရြးခ်ယ္သူေတြပဲ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ ျဖစ္လာခဲ့ပါတယ္။ ဖက္ဒရယ္ကိုသာက်င့္သံုးရင္ တုိင္းရင္းသားပါတီေတြအမ်ားစု အႏုိင္ရရွိတဲ့ ျပည္နယ္ေတြမွာ လြတ္လြတ္လပ္လပ္အစိုးရဖြဲ႕ႏုိင္မွာပါ။
ျမန္မာႏုိင္ငံမွာ (၁၉၄၇)ခုႏွစ္၊ ဧၿပီလမွာ က်င္းပခဲ့တဲ့ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္ေရြးေကာက္ပြဲကေန လူမ်ိဳးစုလႊတ္ ေတာ္အမတ္ေတြ ေပၚထြက္ခဲ့ဖူးပါတယ္။ ဒါ့အျပင္(၁၉၄၇) ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ျမန္မာႏုိင္ငံမွာ လူမ်ိဳးကို အေျခခံတဲ့ ျပည္ေထာင္စုအဖြဲ႕ဝင္ေတြကို သတ္မွတ္ခဲ့ဖူးပါတယ္။ဂ်ာမနီဥပမာ
ဂ်ာမနီႏုိင္ငံဟာ ျပည္နယ္ (၁၆)ျပည္နယ္ပါဝင္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုႏုိင္ငံတစ္ႏုိင္ငံပါ။ ပထဝီအေနအထားေပၚ မူတည္ၿပီး “ဘာလင္”နဲ႔ “ဟန္းဘာ့ခ်္”ကို CITY STATE(ၿမိဳ႕ျပျပည္နယ္)လို႔ သတ္မွတ္ထားပါတယ္။ ၁၉၄၉ ခုႏွစ္မွာ Federal Republic of Germany ကို ဒုတိယကမာၻစစ္ၿပီးေနာက္ပိုင္း တည္ေထာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက အေနာက္ဘာလင္ ဟာ ဂ်ာမနီရဲ႕ တရားဝင္အစိတ္အပိုင္းမဟုတ္ေသးပါဘူး။ ၁၉၅၂ ခုႏွစ္မွာ လူထုဆႏၵခံယူပြဲက်င္းပၿပီး Baden အပါအဝင္ နယ္ေျမ (၃) ခုဟာ Baden- Wur Hemberg ျပည္နယ္အျဖစ္ ေပၚထြက္လာခဲ့ပါတယ္။ ၁၉၅၇ ခုႏွစ္မွာ ဆားလိစိ အေစာင့္ အေရွာက္ခံေဒသဟာ ျပည္ေထာင္စုနဲ႔ ပူးေပါင္းၿပီး ဆားလိစိျပည္နယ္အျဖစ္ ေပၚထြက္လာခဲ့ျပန္ပါတယ္။
၁၉၉၀ ခုႏွစ္မွာ အေနာက္ဂ်ာမနီနဲ႔ အေရွ႕ဂ်ာမနီဟာ ဂ်ာမနီႏုိင္ငံအျဖစ္ တရားဝင္ေပါင္းစည္းခဲ့ပါတယ္။ ဂ်ာမနီ ဒီမိုကရက္တစ္ျပည္ေထာင္စုလို႔ေခၚေဝၚတဲ့ အေရွ႕ဂ်ာမနီဟာ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕အစိတ္အပိုင္းျဖစ္လာခဲ့ပါတယ္။ ေပါင္းစည္းခဲ့တဲ့ ျပည္နယ္ေတြက Branden burg, Saxany, Saxany-Anhalt နဲ႔ Thuringia တို႔ျဖစ္ပါတယ္။ အေနာက္ဘာလင္န႔ဲ အေရွ႕ဘာလင္ဟာလည္း “ဘာလင္”အျဖစ္ စုစည္းၿပီး တန္းတူညီမွ်အခြင့္အေရးရတဲ့ ျပည္နယ္တစ္ခုျဖစ္ လာခဲ့ပါတယ္။
ႏုိင္ငံတကာဆက္ဆံေရးမွာ ျပည္ေထာင္စုအစိုးရက အဓိကလုပ္ကိုင္ေဆာင္ရြက္ေပမယ့္ ျပည္ေထာင္စုအဖြဲ႕ဝင္ျပည္ နယ္ေတြမွာလည္း လုပ္ပုိင္ခြင့္ ရွိသင့္သေလာက္ ရွိပါတယ္။ Bundesrat လို႔ေခၚတဲ့ အထက္လႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္ စားလွယ္ေတြကို သက္ဆိုင္ရာျပည္နယ္အစိုးရေတြက ေရြးခ်ယ္ခန္႔အပ္ၾကပါတယ္။ ဒါ့အျပင္ ျပည္နယ္ေတြမွာရွိတဲ့ လူဦးေရ အေပၚမူတည္ၿပီး အထက္လႊတ္ေတာ္မွာ ပါဝင္ခြင့္ရရွိတာပါ။
Basic Law လို႔ လူသိမ်ားတဲ့ (၁၉၄၉)ခုအိမ္မွာ ျပဌါန္းခဲ့တဲ့ ဥပေဒဟာ ႏိုင္ငံအုပ္ခ်ဳပ္ေရးရဲ႕အသက္ျဖစ္ပါ တယ္။ ဒီ Basic Law ကုိျပင္ဆင္ဖို႔အတြက္ ပါလီမန္အဖြဲ႔၀င္ သုံးပုံႏွစ္ပုံရဲ႕ ေထာက္ခံမႈ လိုအပ္ပါတယ္။ လူ႔အခြင့္အေရး၊ လူ႔ဂုဏ္ သိကၡာကုိ အာမခံျပီး ဖက္ဒရယ္ကုိ အေျခခံတဲ့ ျပည္နယ္အစုိးရေတြဟာ တရားဥပေဒစုိးမိုးေရးကုိပဲ အဓိကဦးစားေပးအျဖစ္ သတ္မွတ္ထားပါတယ္။ ပထ၀ီအေနအထားအရ အေျခခံတဲ့ ဖက္ဒရယ္ျပည္ေထာင္စုပဲျဖစ္ျပီး လက္ရွိအခ်ိန္အထိ စက္မႈအင္ အားႀကီးႏိုင္ငံအျဖစ္ ရပ္တည္ေနဆဲပါ။ ထူးျခားခ်က္က အေျခခံ ဥပေဒမွာ အထက္လႊတ္ေတာ္ကုိ ဖ်က္သိမ္းခြင့္မရွိပါဘူး။
ၾသစႀတီးယား ဥပမာ
ၾသစႀတီးယားဟာ ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံမွာ ထင္ရွာသလို ဖက္ဒရယ္စနစ္ကုိ လက္က်င့္သုံးတဲ့ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ ျပည္နယ္ (၉) ခုနဲ႔ ဖြဲ႔စည္းထားတဲ့ႏိုင္ငံျဖစ္ျပီး ဂ်ာမန္ဘာသာနဲ႔ Lander လို႔ေခၚပါတယ္။ ( ပည္နယ္ေတြကုိေခၚတဲ့ အေခၚအေ၀ၚပါ) ။ ဖက္ဒယ္ျပည္နယ္ေတြကုိေတာ့ ဂ်ာမန္ဘာသာနဲ႔ Bundeslander လို႔ေခၚပါတယ္။
ျပည္နယ္ (၉) ခုက Bundeslander, Carinthing, Lawer Austria, Salzburg, Styria, Tyrol, Upper Austria, Vienna တို႔ျဖစ္ပါတယ္။ ျပည္နယ္တစ္ခုစီတိုင္းဟာ Landtag လို႔ေခၚတဲ့ ဥပေဒျပဳလႊတ္ေတာ္ေတြ အတြက္ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကုိ ေရြးခ်ယ္တင္ေျမွာက္ရပါတယ္။ ျပည္နယ္ေတြမွာ ေရြးေကာက္ပြဲေတြကုိ ငါးႏွစ္တစ္ႀကိမ္ က်င္းပပါတယ္။
အားနည္းခ်က္ကေတာ့ ျပည္ေထာင္စုအစုိးရမွာ ဥပေဒျပဳခြင့္အာဏာပိုရွိတဲ့ အခ်က္ပါပဲ။ ဥပေဒျပဳလႊတ္ေတာ္မွာ ပါတီ ရွစ္ခုက ကုိယ္စားလွယ္ေတြပါ၀င္ျပီး အထက္လႊတ္ေတာ္ကုိ ဖက္ဒရယ္ေကာင္ဒီလို႔ေခၚျပီး ေအာက္လႊတ္ေတာ္ကုိ အမ်ိဳၚသားေကာင္စီလို႔ေခၚပါတယ္။ ပါလီမန္ဟာ ျမိဳ႕ေတာ္ဗီယင္နာမွာ တည္ရွိျပီး (၁၉၂၀) က အတည္ျပဳခဲ့တဲ့ ဖက္ဒရယ္အေျခခံဥပေဒကုိ က်င့္သုံးတာပါ။ အစုိးရအႀကီးအကဲဟာ ဖက္ဒရယ္သမၼတျဖစ္ျပီး Popular Vote နဲ႔ ေရြးခ်ယ္ပါတယ္။
ဖက္ဒရယ္ဟာ ကုိယ္ပိုင္ျပဌါန္းခြင့္နဲ႔ တန္းတူအခြင့္အေရးကုိ အာမခံတဲ့စနစ္သာျဖစ္ျပီး ဘယ္လုိဖက္ဒရယ္က ပိုအက်ိဳးမ်ားမလဲဆိုတာ ကုိယ့္ႏိုင္ငံနဲ႔ ကုိက္ညီတဲ့ ဖက္ဒရယ္စနစ္ကုိပဲ ေရြးခ်ယ္ရမွာျဖစ္ပါေၾကာင္း။ ။ေသြး (စစ္ကုိင္း)
Ref: Basic Law for the Federal Republic of Germany by Christian Tomuschat, David P. Currie
Austrian Historical Memory and National Identity.

 

unicode

ဖက်ဒရယ်ဆိုတာ
ကမ္ဘာပေါ်မှာဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးတဲ့နိုင်ငံတွေ အများအပြားရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ဖက်ဒ ရယ်ပြည်ထောင်စုစနစ်ဆီ ဦးတည်မယ်လို့ ကြွေးကြော်ထားပါတယ်။ တစ်ချိန်တုန်းက ဖက်ဒရယ်မူကို လက်ခံလိုက်ရင် နိုင်ငံ အစိတ်စိတ် အမွှာမွှာ ပြိုကွဲတော့မယ်လို့ တစ်ပါတီအာဏာရှင်အစိုးရက ဝါဒဖြန့်ခဲ့ဖူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့သဘောဆန္ဒက ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ပါပဲ။ ဖက်ဒရယ်ပြည် ထောင်စုတွေကို ကမ္ဘာမှာ လေ့လာကြည့်ရင် အာဂျင်တီးနား၊ သြစတြေးလျ၊ သြစတြီးယား၊ ဘယ်ဂျီယမ်၊ ဘရာဇီးလ်၊ ကနေဒါ၊ ဂျာမနီ၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ မလေးရှား၊ မက္ကဆီကို၊ နီပေါ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှား၊ UAE၊ ဆွစ်ဇာလန်၊ အမေရိကန်. . . . စသဖြင့်တွေ့ရပါတယ်။ ဖက်ဒရယ်လို့ပဲခေါ်ခေါ် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေ၊ ပြည်နယ်တွေကို ဖက်ဒ ရယ်အစိုးရအောက်မှာ ထားရှိအုပ်ချုပ်ခြင်း”ပါပဲ။ ဗဟိုအစိုးရနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေကြားမှာ အာဏာခွဲ ဝေထားပါတယ်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြတဲ့နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါဘူး။ ကမ္ဘာပေါ်က နိုင်ငံအများစုက တော့ “တစ်ပြည်ထောင်စနစ် နိုင်ငံတော်” လို့ခေါ်တဲ့ Unitary Statesတွေ ဖြစ်ကြပါတယ်။ အဲ့ဒီနိုင်ငံတွေမှာ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုပိုများသလို ဗဟိုအစိုးရကပဲ ဥပဒေပြုရေးအာဏာရှိတဲ့သဘောပါ။ တစ်ပြည်ထောင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေထဲမှာ ယူနိုက်တက်ကင်းဒမ်း (ဗြိတိန်)၊ ဂျပန်၊ စပိန်၊ ပြင်သစ် . . . စတဲ့ နိုင်ငံတွေပါဝင်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဝိသေသလက္ခဏာတွေ
ဖက်ဒရယ်ပြည်ထောင်စုတစ်စုကို သူ့ရဲ့အဖွဲ့ဝင်တွေနဲ့ စုပေါင်း ဖွဲ့စည်းထားပါတယ်။ ဒီနေရာမှာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်တွေထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတဲ့ (ဒါမှမဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့ အဖွဲ့ဝင်တွေပါဝင်ပါတယ်။ လူမျိုးကို အခြေခံလို့ပဲဖြစ်ဖြစ်၊ ပထဝီအနေအထားကို အခြေခံလို့ပဲဖြစ်ဖြစ်၊ စီးပွားရေးနောက် ခံကို အခြေခံလို့ပဲဖြစ်ဖြစ် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် သတ်မှတ်ပါတယ်။
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံမှီတင်းနေထိုင်တဲ့နိုင်ငံဖြစ်လို့ လူမျိုးကို အခြေခံတဲ့ ပြည်ထောင်စုအဖွဲ့ဝင် တွေ သတ်မှတ်ရင် သတ်မှတ်လို့ရတဲ့အနေအထားပါ။ ဒါပေမယ့် မတူညီကွဲပြားတဲ့ ယဉ်ကျေးမှုရှိနေတဲ့ လူမျိုးတွေရဲ့ ဖြစ်တည် မှုကို အသိအမှတ်ပြုလက်ခံရမှာဖြစ်ပါတယ်။ အမှန်တကယ် ဖက်ဒရယ်ပြည်ထောင်စုဆီဦးတည်ချင်ရင် လူမျိုးရေးပဋိပက္ခပုံစံ ပုံဖော်နေမှုတွေကိုပါ လျှော့ချရမှာပါ။ လက်ရှိအနေအထားမှာ တိုင်းရင်းသားတွေနေထိုင်တဲ့ပြည်နယ်တွေမှာ (၂၀၁၅) ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားပါတီတွေ အနိုင်ရရှိဖူးတဲ့ သာဓကရှိပါတယ်။ ရှမ်းနဲ့ရခိုင်ပြည်နယ်မှာပါ။ ဒါပေမယ့် ပြည်နယ်အစိုးရဖွဲ့စည်းတဲ့အခါ တိုင်းရင်းသားပါတီကသူတွေ ဝန်ကြီးချုပ်ဖြစ်ခွင့်မရဘဲ ဗဟိုအစိုးရကရွေးချယ်သူတွေပဲ ပြည်နယ်ဝန်ကြီးချုပ်တွေ ဖြစ်လာခဲ့ပါတယ်။ ဖက်ဒရယ်ကိုသာကျင့်သုံးရင် တိုင်းရင်းသားပါတီတွေအများစု အနိုင်ရရှိတဲ့ ပြည်နယ်တွေမှာ လွတ်လွတ်လပ်လပ်အစိုးရဖွဲ့နိုင်မှာပါ။
မြန်မာနိုင်ငံမှာ (၁၉၄၇)ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကနေ လူမျိုးစုလွှတ် တော်အမတ်တွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါ့အပြင်(၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ လူမျိုးကို အခြေခံတဲ့ ပြည်ထောင်စုအဖွဲ့ဝင်တွေကို သတ်မှတ်ခဲ့ဖူးပါတယ်။ဂျာမနီဥပမာ
ဂျာမနီနိုင်ငံဟာ ပြည်နယ် (၁၆)ပြည်နယ်ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံပါ။ ပထဝီအနေအထားပေါ် မူတည်ပြီး “ဘာလင်”နဲ့ “ဟန်းဘာ့ချ်”ကို CITY STATE(မြို့ပြပြည်နယ်)လို့ သတ်မှတ်ထားပါတယ်။ ၁၉၄၉ ခုနှစ်မှာ Federal Republic of Germany ကို ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အနောက်ဘာလင် ဟာ ဂျာမနီရဲ့ တရားဝင်အစိတ်အပိုင်းမဟုတ်သေးပါဘူး။ ၁၉၅၂ ခုနှစ်မှာ လူထုဆန္ဒခံယူပွဲကျင်းပပြီး Baden အပါအဝင် နယ်မြေ (၃) ခုဟာ Baden- Wur Hemberg ပြည်နယ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဆားလိစိ အစောင့် အရှောက်ခံဒေသဟာ ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး ဆားလိစိပြည်နယ်အဖြစ် ပေါ်ထွက်လာခဲ့ပြန်ပါတယ်။
၁၉၉၀ ခုနှစ်မှာ အနောက်ဂျာမနီနဲ့ အရှေ့ဂျာမနီဟာ ဂျာမနီနိုင်ငံအဖြစ် တရားဝင်ပေါင်းစည်းခဲ့ပါတယ်။ ဂျာမနီ ဒီမိုကရက်တစ်ပြည်ထောင်စုလို့ခေါ်ဝေါ်တဲ့ အရှေ့ဂျာမနီဟာ ဖက်ဒရယ်ပြည်ထောင်စုရဲ့အစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်။ ပေါင်းစည်းခဲ့တဲ့ ပြည်နယ်တွေက Branden burg, Saxany, Saxany-Anhalt နဲ့ Thuringia တို့ဖြစ်ပါတယ်။ အနောက်ဘာလင်နဲ့ အရှေ့ဘာလင်ဟာလည်း “ဘာလင်”အဖြစ် စုစည်းပြီး တန်းတူညီမျှအခွင့်အရေးရတဲ့ ပြည်နယ်တစ်ခုဖြစ် လာခဲ့ပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ ပြည်ထောင်စုအစိုးရက အဓိကလုပ်ကိုင်ဆောင်ရွက်ပေမယ့် ပြည်ထောင်စုအဖွဲ့ဝင်ပြည် နယ်တွေမှာလည်း လုပ်ပိုင်ခွင့် ရှိသင့်သလောက် ရှိပါတယ်။ Bundesrat လို့ခေါ်တဲ့ အထက်လွှတ်တော်မှာ လွှတ်တော်ကိုယ် စားလှယ်တွေကို သက်ဆိုင်ရာပြည်နယ်အစိုးရတွေက ရွေးချယ်ခန့်အပ်ကြပါတယ်။ ဒါ့အပြင် ပြည်နယ်တွေမှာရှိတဲ့ လူဦးရေ အပေါ်မူတည်ပြီး အထက်လွှတ်တော်မှာ ပါဝင်ခွင့်ရရှိတာပါ။
Basic Law လို့ လူသိများတဲ့ (၁၉၄၉)ခုအိမ်မှာ ပြဌါန်းခဲ့တဲ့ ဥပဒေဟာ နိုင်ငံအုပ်ချုပ်ရေးရဲ့အသက်ဖြစ်ပါ တယ်။ ဒီ Basic Law ကိုပြင်ဆင်ဖို့အတွက် ပါလီမန်အဖွဲ့ဝင် သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ လူ့အခွင့်အရေး၊ လူ့ဂုဏ် သိက္ခာကို အာမခံပြီး ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်နယ်အစိုးရတွေဟာ တရားဥပဒေစိုးမိုးရေးကိုပဲ အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။ ပထဝီအနေအထားအရ အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပဲဖြစ်ပြီး လက်ရှိအချိန်အထိ စက်မှုအင် အားကြီးနိုင်ငံအဖြစ် ရပ်တည်နေဆဲပါ။ ထူးခြားချက်က အခြေခံ ဥပဒေမှာ အထက်လွှတ်တော်ကို ဖျက်သိမ်းခွင့်မရှိပါဘူး။
သြစတြီးယား ဥပမာ
သြစတြီးယားဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ထင်ရှာသလို ဖက်ဒရယ်စနစ်ကို လက်ကျင့်သုံးတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ပြည်နယ် (၉) ခုနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပြီး ဂျာမန်ဘာသာနဲ့ Lander လို့ခေါ်ပါတယ်။ ( ပည်နယ်တွေကိုခေါ်တဲ့ အခေါ်အဝေါ်ပါ) ။ ဖက်ဒယ်ပြည်နယ်တွေကိုတော့ ဂျာမန်ဘာသာနဲ့ Bundeslander လို့ခေါ်ပါတယ်။
ပြည်နယ် (၉) ခုက Bundeslander, Carinthing, Lawer Austria, Salzburg, Styria, Tyrol, Upper Austria, Vienna တို့ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုစီတိုင်းဟာ Landtag လို့ခေါ်တဲ့ ဥပဒေပြုလွှတ်တော်တွေ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ရပါတယ်။ ပြည်နယ်တွေမှာ ရွေးကောက်ပွဲတွေကို ငါးနှစ်တစ်ကြိမ် ကျင်းပပါတယ်။
အားနည်းချက်ကတော့ ပြည်ထောင်စုအစိုးရမှာ ဥပဒေပြုခွင့်အာဏာပိုရှိတဲ့ အချက်ပါပဲ။ ဥပဒေပြုလွှတ်တော်မှာ ပါတီ ရှစ်ခုက ကိုယ်စားလှယ်တွေပါဝင်ပြီး အထက်လွှတ်တော်ကို ဖက်ဒရယ်ကောင်ဒီလို့ခေါ်ပြီး အောက်လွှတ်တော်ကို အမျါိ်ုသားကောင်စီလို့ခေါ်ပါတယ်။ ပါလီမန်ဟာ မြို့တော်ဗီယင်နာမှာ တည်ရှိပြီး (၁၉၂၀) က အတည်ပြုခဲ့တဲ့ ဖက်ဒရယ်အခြေခံဥပဒေကို ကျင့်သုံးတာပါ။ အစိုးရအကြီးအကဲဟာ ဖက်ဒရယ်သမ္မတဖြစ်ပြီး Popular Vote နဲ့ ရွေးချယ်ပါတယ်။
ဖက်ဒရယ်ဟာ ကိုယ်ပိုင်ပြဌါန်းခွင့်နဲ့ တန်းတူအခွင့်အရေးကို အာမခံတဲ့စနစ်သာဖြစ်ပြီး ဘယ်လိုဖက်ဒရယ်က ပိုအကျိုးများမလဲဆိုတာ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်ကိုပဲ ရွေးချယ်ရမှာဖြစ်ပါကြောင်း။ ။သွေး (စစ်ကိုင်း)
Ref: Basic Law for the Federal Republic of Germany by Christian Tomuschat, David P. Currie
Austrian Historical Memory and National Identity.

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button