သတင်း

နေ့စဉ်သတင်းအကျဉ်း

#Photo-Credit

၆ – ​အောက်တိုဘာ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ် ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​အောက် တိုဘာလ ၆ ရက်နေ့ အထိ နွေဦးတော် လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၅၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၈၇၇၀)၊ ချုပ်နှောင်ခံထားရဆဲ (၇၁၀၄) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၉) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • “KIA နဲ့ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစို့ရ၊ အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ဒို့အရေး” ဟု ကြွေးကြော်ကာ ဖားကန့်ဒေသက တိုင်းရင်းသား​ပေါင်းစုံသပိတ်စစ်​ကြောင်း ယ​နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
  • မွန်ပြည်နယ်၊ ကျိုက်ထိုတွင် အကြမ်းဖက်စစ် တပ်က လုပ်ငန်းရှင်များကို ဖမ်းဆီးကာ သိန်းထောင်ချီ ငွေညှစ်တာ​ကြောင့် လုပ်ငန်းရှင် ၃ ဦးက လွတ်မြောက် ရေး သိန်း ၇၀၀ ပေးရရကြောင်းသိရပါတယ်။လုပ်ငန်းရှင်တချို့မှာလည်း အမှန်တကယ် PDF များနှင့် ဆက်နွယ်မှုမရှိသော်လည်း စစ်တပ်က PDF များကို ငွေကြေး ထောက်ပံ့သည်ဆိုသော အမှုဆင် ဖမ်းဆီးမှုများ ကြောက်၍ ထွက်ပြေးတိမ်းရှောင်ရမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

  • စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသမှ သံမဏိနှင်းဆီ အမျိုးသမီးမဟာမိတ်အင်အားစုနှင့် လူထု သပိတ်စစ်ကြောင်းသည် ယနေ့စက်တင်ဘာလ ၆ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • CDM ဝန်ထမ်း တွေနဲ့ PDF တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကလေးမြို့က ၂၄၁ ရက် မြောက်​နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်​ကြောင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • CDM သူရဲကောင်းများနှင့် PDF တပ်သားများကို ဦးညွတ် ဂုဏ်ပြုရင်း ဖက်ဒရယ်ပြည် ထောင်စု တည်ထောင်နိုင်​ရေး အောင်မြေသာစံ ပညာ ရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းက ယ​နေ့ နံနက်ပိုင်း ချီတက် သပိတ်​မှောက်သည်။

 

  • ဒီပဲယင်း အုံးခါးရွာကို စစ်ကောင်စီ တပ်များ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးကာ ရွှေထည်ပစ္စည်းများ ယူဆောင်သွား၊ ပြည်သူ ၅ဝဝ ဘေးလွတ်ရာသို့ ထွက်ပြေး​နေရ။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ သည် ညောင်လှ စခန်းက အောက်တိုဘာလ ၅ ရက်နေ့ နံနက် (၉)နာရီ ခန့်တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး အုံးခါးရွာ၊ တိုင်နတ်ရွာနှင့် မြင့်တန့်ရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ကာ လက်ရှိချိန်တွင် မြင့်တန့်ရွာ၌ စခန်းချတပ်စွဲထားပြီး အဆို ပါ ကျေးရွာ၃ရွာရှိ ဒေသခံပြည်သူ ၃၅ဝဝကျော် သည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုပိုင် Mytel ဆင်းမ်ကဒ်မသုံးစွဲဘဲ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး မြိုင်မြို့နယ်အတွင်းရှိ တော်လှန်တက်ကြွလူငယ်များ အောက်တို ဘာလ ၆ ရက် ညနေပိုင်းတွင် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန်ဆရာတော် ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၆ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ်တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန် ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးမြို့တွင် အာဏာရှင်စနစ်ဖြုတ်ချရေး မန္တလေးသပိတ်အင်အားစု သပိတ်စစ်ကြောင်းက ယနေ့နံနက်ပိုင်း ချီတက် သပိတ်​မှောက်ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ရေး၊ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲတိုင်း အောင်နိုင်ရေး ကြွေး ကြော်ကာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေး ရွာ ၁ ရွာရှိ တော်လှန်ပြည်သူများက ယ​နေ့ နံနက်တွင် ချီတက်ဆန္ဒပြကြသည်။

 

  • ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၆ ရက်နေ့တွင် “သွေးကြွေးဆပ်ရန်ကျန်သေးသည်” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်းမှာ ❝ အာဏာဖီဆန် CDM တိုက်ပွဲအဆုံး သတ် PDF ❞ စာသားကိုင်ဆောင်ပြီး ချီတက်ကာဆန္ဒပြခဲ့ကြပါသည်။

 

  • ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ် (Pale PDF – Headquarters) နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ကနီမြို့နယ်) တို့ မဟာမိတ်အဖြစ် ဖွဲ့စည်း​ကြောင်းသိရ။

 

Related Articles

Back to top button