သတင်း

နေ့စဉ်သတင်းအကျဉ်း

#Photo-Credit
၁၄ – ​အောက်တိုဘာ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​အောက်တိုဘာလ ၁၄ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၇၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၈၉၈၁)၊ ချုပ်နှောင်ခံထားရဆဲ (၇၃၀၈၀) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၉) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

• ကချင်ပြည်နယ်၊ ဖားကန့်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ ပြည်သူများက တရားသောစစ်ပွဲကို ဆင်နွဲနေသော KIA နှင့် PDF များ ဘေးအန္တရယ် ကင်းစေရန် အန္တရယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပြီး နွေဦးတော် လှန်ရေးတွင်ကျဆုံးသွားသော ဒီမိုကရေစီ သူရဲကောင်း ကြယ်ပွင့်များ ကောင်းရာဘုံသို့ရှောက်ရှိပြီး ငြိမ်းချမ်းစေရန်နှင့် မတရားဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွတ်မြောက်စေရန် ဆုတောင်းမေတ္တာပို့ကြသည်။

• ယ​နေ့ ၁၄.၁၀.၂၀၂၁ မနက် ၉း၀၀ နာရီချိန်တွင် စကစဖက်မှစစ်​ကြောင်း(၃) ​ကြောင်းဖြင့် စံပြ (၆)မိုင်သို့ထိုးစစ်ဆင်ရာတွင် ဒီ​မောဆို PDFနှင့်ထိပ်တိုက်တိုက်ပွဲဖြစ်ပြီး စကစဖက်မှ ၅ ဦးကျဆုံးပြီး PDFဖက်မှထိခိုက်မှုမရှိတပ်ဆုတ်ခွာခဲ့ရာ စကစဖက်မှလက်နက်ကြီးဖြစ် ရမ်းတမ်းပစ်ခတ်မှု​ကြောင့် ဒေါခလိုက်လင်း​ကျေးရွာရှိပြည်သူအိမ် (၂) လုံးမီး​လောင်ပျက်စီးသွားခဲ့ပါသည်။

• အောက်တိုဘာလ ၁၄ရက်နေ့ နေ့လည်ပိုင်းမှာ ကော့ကရိတ်မြို့နယ် ရွာသစ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်ခဲ့ရာမှာ ပြည်သူတွေရဲ့ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေ မွေးမြူထားတဲ့ ကျွဲနွားအချို့ပါ လက်နက် ကြီးထိမှန်ခဲ့တယ်လို့ သိရပါတယ်။

• နမ့်ခမ်းမြို့တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ်တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

• တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် အမျိုးသမီးများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က အကြမ်း ဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

• လုံခြုံရေး တင်းကျပ်ပိတ်ဆို့တားဆီးမှုတွေ ကြားက ကလေးမြို့မှာ အာဏာ သိမ်းစစ်ကောင်စီကို ဒီကနေ့ ငြိမ်းချမ်းစွာ ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ကျဆုံးသွားတဲ့ PDF သူရဲကောင်းတွေအတွက်လည်း လွမ်းသူ့ ပန်းခွေချ ဆီမီးထွန်း ဆုတောင်းပြီး ဦးညွတ် အလေးပြုခဲ့ကြပါတယ်။

• ရန်ကုန်ရှိ တော်လှန်တက်ကြွ ကျောင်းသားလူငယ်များသည် အောက်တိုဘာလ ၁၄ ရက် နံနက်တွင် ‘တော်လှန်စစ်ကို ထောက်ခံကြ၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိတယ်’ ခေါင်းစဉ်ဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆဲဆိုရှုတ်ချကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဆန္ဒပြကြသည်။

• လူမျိုးရေး ဘာသာရေး မှိုင်းတိုက်တတ်သည့် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး အောက်တို ဘာလ ၁၄ ရက်တွင် မန္တလေးဘာသာပေါင်းစုံသပိတ်စစ်ကြောင်း ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

• မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့​ကြောင်းသိရပါတယ်။

• မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန်ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

• ပုဂံမြို့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ သမိုင်းဝင်အာန္ဒာဘုရားရင်ပြင်တော်တွင် အောက်တိုဘာ(၁၄) မနက်(၉)နာရီဝန်းကျင်ခန့်က ရဟန်းတော်တစ်ပါးသည် “မတရားဖမ်းဆီးထားသော ရဟန်းတော်များကိုချက်ချင်းလွှတ်” ရဟန်း ရှင် လူ ပြည်သူများကို ဖမ်းဆီးနှိက်စက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီအလိုမရှိစာတန်းပါဆိုင်းဘုတ်ကိုကိုင်ဆောင်ပြီး တစ်ကိုယ်တော်ဆန္ဒပြခဲ့ကြောင်းသိရပါသည်

• ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

• ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

• ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂနှင့် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ တို့ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

• အရာတော်မြို့နယ်တွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့၌ ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး မိုးထဲရေထဲ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

• လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာ ရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

• ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ်စစ်တပ် တော်လှန် ရေး ပြည်သူများ ဦးဆောင်ကာာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

• ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အာဆီယံ အနေဖြင့် အကြမ်းဖက်၊ ဖက်ဆစ် စစ်တပ်အားဖယ်ထုတ်ပြီး NUG အစိုးရနှင့် အမြန်ဆုံး တွေ့ဆုံရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

• မြိုင်မြို့နယ်တွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က အကြမ်း ဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ကမ်ပိန်း လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

• ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

#FederalJournal

Related Articles

Back to top button