သတင်း

နေ့စဉ်သတင်းအကျဉ်း

#Photo-Black

#FederalJournal

၇ – ​အောက်တိုဘာ – ၂၀၂၁

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ် ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​အောက် တိုဘာလ ၇ ရက်နေ့ အထိ နွေဦးတော် လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၅၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၈၇၉၀)၊ ချုပ်နှောင်ခံထားရဆဲ (၇၁၁၉) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၉) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ၈ လ ပြည့် အထိမ်းအမှတ် ဖားကန့်မြို့ပေါ် ရပ်ကွက်များနှင့် မှော်ပေါင်းစုံ ပြည်သူ ၁၀၀၀ ကျော် စုပေါင်းပြီး အကြမ်း ဖက် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ယ​နေ့ ​အောက်တို ဘာ ၇ ရက်​​နေ့မှာ အင်တိုက်အား တိုက် ချီတက် သပိတ် မှောက်ကြခြင်းဖြစ်သည်။ ဆန္ဒပြပြည်သူများက ပြည်သူများကို ကာကွယ်ပေးသည့် “KIA ကိုကျေးဇူးတင်ကြောင်း၊ ကြွေကြော်ပြီး KIA နှင့်PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ဟုဆုတောင်းပေးခဲ့ကြသည်။ ထို့ပြင် “NUG အစိုး ရ ဒို့အစိုးရ၊ အကြမ်းဖက် လူ သတ်သမား စစ်ကောင်စီ အလိုမရှိ” ဟုကြွေးကြော်ပြီး ဖားကန့်မြို့ပေါ်တွင် ၁ နာရီကျော်ကြာ လှည့်လည် ဆန္ဒပြကြသည်။
  • မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ လူငယ်များဦး​ဆောင်ပြီး ယ​နေ့ ​အောက်တိုဘာလ ၇ ရက်​နေ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တော်လှန်လူငယ်များ သည် သွေးမအေးတဲ့ ထား ဝယ်မြေ ခေါင်း စဉ်ဖြင့် အောက်တိုဘာလ ၇ ရက်တွင် ညသပိတ်ပြုလုပ်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြကြသည်။
  • ယနေ့ ​အောက်တိုဘာ ၇ ရက်​နေ့ ည​နေပိုင်းအချိန်မှာ ပူတာအိုမြို့ လုံးစွပ်ရပ်ကွက်တွင် လက်နက်အပြည့်စုံ စစ်ကောင်စီစစ်သားနှင့်ရဲများ အယောက်တစ်ဆယ်ကျော်ပါ ၀င်တဲ့အဖွဲ့က တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
  • ကလေးမြို့ ပြည်သူများက ယ​နေ့ ၂၄၂ ရက် မြောက်​နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ဆက် လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
  • ကရင်ပြည်နယ် ဘားအံမြိုနယ်၊ တကောင်ဘို ကျေးနယ်အုပ်စုရှိ ဂျိုပင်ဆိပ်ကျေးရွာ၊ မြိုင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ မီးပုံးကျေးရွာတိုတွင် (၁)လ သူကြီး သိုမဟုတ် ၁၅ ရက်သူကြီးများ အုပ်ချုပ်စေပြီး KNU/KNLA သတင်းများရယူပေးပိုရန် အာဏာ သိမ်းစစ်ကောင်စီ၏ နယ် ခြား စောင့်တပ် (BGF)က ညွှန်ကြားထားကြောင်း သိရသည်။ အဆိုပါကျေးရွာ (၄) ရွာမှ ရပ်မိရပ်ဖများနှင့် ဂေါပကများကို မိတ်ထိလာ ကျေးရွာ( ဃိုကုန်း)တွင် (BGF) ၁၀၁၄တပ်ရင်း၊ တပ်ခွဲမှူး တင်ဝင်း က ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ (၃) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံကာ အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု KNU ၏ သတင်းပြန်ကြားရေးထုတ်ပြန်ချက်အရ သိရသည်။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အာဏာ သိမ်းစစ်တပ်ကို အလိုမရှိသည့် မုံရွာပြည်သူ များ၏ မုံရွာလူထုပင်မသပိတ် စစ်ကြောင်းက ယနေ့ အောက်တိုဘာလ(၇) ရက်နေ့ နံနက်အစောပိုင်းက ❝အာဏာဖီဆန် CDM တိုက်ပွဲအဆုံး သတ် PDF❞စာတန်းအား ကိုင်ဆောင်ကာ စစ်အာ ဏာရှင်ကျဆုံးရေး ကြွေး ကြော်သံများဖြင့် မြို့လယ်လမ်းမပေါ်တွင် စုပေါင်း ဆန္ဒပြခဲ့ကြသည်။
  • အဆုံးထိတိုက်မယ့် ငါတို့မြိုင်၊ မြိုင်မြို့နယ် အခြေခံ ပညာအထွေထွေသပိတ်ကော်မတီနဲ့ အနောက်တောင်ပိုင်းဇုန်ရှိ ပြည်သူလူထုပူးပေါင်းကာ အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပြီး အာဏာ ရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ရရာနည်းပေါင်းစုံနဲ့ အဆုံးသတ်ထိ ဆက်လက်တိုက်ပွဲဝင်ကြမယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေက “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ အရေးတော်ပုံမြန်မြန်အောင်ဖို့နိုင်ရာတာဝန်ထမ်းကြစို့၊ အာဏာရှင်စနစ်မုချကျရှုံးရမည်၊ အရေး တော်ပုံအောင်ရမည်” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
  • မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ် စုပေါင်းသပိတ်စစ်ကြောင်း၊ အ.ထ.က ၂၄ ကျောင်းသား သမဂ္ဂ သပိတ်စစ်ကြောင်း တို့သည် ယနေ့တွင် စစ်အာဏာရှင် ဆန့် ကျင်ရေးအတွက် ကြွေး ကြော်သံများနှင့်အတူ ချီတက် ဆန္ဒပြခဲ့ကြသည်။
  • အာဏာဖီဆန် CDM၊ တိုက်ပွဲအဆုံးသတ် PDF ဟုကြွေးကြော်ကာ စစ်ကိုင်တိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာများမှ တော်လန်တက် ကြွပြည်သူများစုပေါင်းကာ အောက်တိုဘာလ ၇ ရက် နံနက်တွင် ချီတက်ဆန္ဒပြကြသည်။
  • လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေး ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် “အာဏာဖီဆန် CDM တိုက်ပွဲအဆုံးသတ် PDF” အကြမ်းဖက် စစ်အာ ဏာရှင်တော်လှန်ရေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • မန္တလေး၊ ပြည်ကြီးတံခွန်ရှိ တော်လှန်တက်ကြွလူငယ်များသည် အောက်တိုဘာလ ၇ ရက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဖြုတ်ချရေး ညသပိတ်ဖြင့် ဆန္ဒပြကြသည်။
  • မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၌ YMBA အသင်း၏ နာယကဖြစ်သူသည် ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခံရ၍သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက်သတင်း မီဒီယာများ၏ဖော် ပြချက်အရ သိရသည်။ အဆိုပါ သေဆုံးသူသည် ပေါင်မြို့နယ် YMBA (ဗုဒ္ဓဘာ သာကလျာဏယုဝအသင်း) ၏ နာယက ဦးခင်မောင်ဦး ဖြစ်ပြီး ယင်းအသင်းကို ၂၀၂၀ ပြည့်နှစ်၊ မေလတွင် စတင်ဖွဲ့စည်းခဲ့စဉ်က နာယက အဖြစ်စတင်တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။
  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပြည်သူများ ဦးဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • အရာတော်မြို့နယ် တောင်လတ်ဒေသတွင် လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၇ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော် လှန်ရေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင် စီ ဖက်ဆစ် စစ်တပ် တော် လှန်ရေး ပြည်သူများ ဦး ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် ရိက္ခာရပ်ကွက် သံတံ တား အနီးတွင်တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတစ်ဦးဟာ မနေ့ အောက်တို ဘာ ၆ ရက်နေ့လည် ၁၂ နာရီလောက်က မိမိကိုယ်ကို သေနတ်နဲ့ သတ်သေသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

Related Articles

Back to top button