မော်ကွန်း

တွင်းနက်


ငါတို့ကို….

တွင်းနက်ထဲ တွန်းချခဲ့ကြ

တွင်းနက်ထဲ လှောင်ပိတ်ခဲ့ကြ

ပြီးတော့…

နည်းဗျူဟာ မီးခဲတွေခွံ့ကျွေးခဲ့ကြ

မူဝါဒ သံရည်ပူတွေ တိုက်ကျွေးခဲ့ကြ

ပြီးတော့…

ယမ်းနံ့ကြည်နံ့တွေနဲ့

သွေးနံ့ပြာနံ့တွေနဲ့..လှည့်ဖျားခဲ့ကြ

ပြီးတော့…

မာကျောကျော လျှာကြမ်းတွေနဲ့

ချွန်ထက်ထက်သွားရိုင်းတွေနဲ့…ပြုစားခဲ့ကြ။

အဓိပ္ပာယ်ရှိတဲ့ အလင်း

အဓိပ္ပာယ်ရှိတဲ့ ကမ္ဘာ…ဘယ်မှာလဲ။

ငါတို့ရဲ့…

ဘ၀မွဲခြောက်ခြောက်တွေ

ဘ၀ မှောင်ခါးခါးတွေ…

ဒီလောင်မီးကျ ထောင်ချောက်ကြီးထဲ

တနင့်နင့် တဆစ်ဆစ်အဆုံးသတ်ခဲ့ရတာ များပြီ…။

လူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိတဲ့…

လူသားတိုင်း ပိုင်ဆိုင်သင့်တဲ့…

အဓိပ္ပာယ်ရှိတဲ့ အလင်းရ.. အဓိပ္ပာရှိတဲ့ ကမ္ဘာ

ဘယ်. . . . မှာ. . . ပါ. . . . လဲ။

ထွန်းကြယ်သိုက်

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button