သတင်း

တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင် ရဲဘော် ဟင်နရီ ရဲ့ ဈာပနာအခမ်းအနား ပြုလုပ်

Photo -Crd

ဖက်ဒရယ်ဂျာနယ် (ဇန်နဝါရီ / ၃ )
၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးသွားတဲ့ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF) မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟင်နရီရဲ့ ဈာပနာအခမ်းအနားကို ဒီကနေ့ မှာ ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဟင်နရီဟာ ဆေးကုသမှုခံယူနေရင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းမှာ ကျဆုံးသွားတာဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ဟင်နရီ စျာပန ပြုလုပ်နေစဉ် (Photo -Crd)
ဟင်နရီဟာ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်မှာ ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့အတူ စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီရေး နဲ့ ဒီမိုကရေစီပညာရေးတို့မှာ တက်တက်ကြွကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့ဝင်ကျောင်းသားရဲဘော်တစ်ဦးဖြစ်တယ်လို့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။
ဟင်နရီဟာ နွေဦးတော်လှန်ရေး၊ ပြည်သူ့လက်နက်ကိုင်တော်လှန် ရေးအတွင်း CDM ကျောင်းဆရာအဖြစ်လည်းကောင်း၊ KNDF ရဲဘော်အဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ဟင်နရီ စျာပန လိုက်ပို့သည်ကို တွေ့ရစဉ် (Photo -Crd)

Related Articles

Back to top button