ကဗျာ

စစ်မုန်းသူ

အေစိုင်းကေ

“ပြည်သူမွဲမွဲ မမွဲမွဲ
ငါတို့အမြဲတိုက်ကြမယ်။”

နွေထဲ
စိန်ပန်းတွေရဲရဲနီနေတယ်။

စပါယ်ပန်းကုံးလေးတွေ
ခရေပန်းကုံးလေးတွေကို
ရှေ့တန်းပြန်ပခုံးတွေပေါ် မတင်ကြပါနဲ့။

ပြည်သူတွေရဲ့နှလုံးကို
တဝုန်ုးဝုန်းခြွေချနေတဲ့ ဗုံဆံတွေရပ်ပေးပါ။

မောင်းတင်ခလုတ်ဆွဲ
စစ်ပွဲထဲက သွေးထွက်သံယိုမြင်ကွင်းတွေနဲ့
စစ်သားသူရဲကောင်းတွေပါ
နိင်ငံတော်အတွက်ပေးဆပ်သူတွေပါဆိုပြီး
မျက်ရည်မခြူကြပါနဲ့။

မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်
အသက်ပေး ဆက်နေရတဲ့ပြည်သူအပေါ်
အကြောက်တရားတွေနဲ့ပစ်ဖောက်နေတာတွေ
ခြိမ်းခြောက်စော်ကားနေတာတွေ ရပ်ပေးပါ။

ပြည်သူ့အမှန်တရားကိုပြန်ပေးပါ။
ငြိမ်းချမ်းရေးကိုပေးပါ။
စစ်ပွဲတွေရပ်ပေးပါ။
တာဝန်ယူမှုတာဝန်ခံမှုကိုပေးပါ။

မောလိုက်တာ
ဘယ်လောက်ပြောပြော သောက်ကြောကိုမပြေဘူး။

ထပ်လာပြန်တယ်

“ပြည်သူမွဲမွဲ မမွဲမွဲ
ငါတို့အမြဲတိုက်ကြမယ်တဲ့။”

နွေထဲ
စိန်ပန်းတွေ ရဲရဲနီလို့ရယ်။

အေစိုင်းကေ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button