ဆောင်းပါး

ကြောက်မက်ဖွယ် အကျပ်အတည်း

Unicode

ကြောက်မက်ဖွယ် အကျပ်အတည်း

မောက်ဂ္ဂလိ (ဆောင်းပါး)

ဩဂုတ် ၁၃ ရက်

စာရေးဆရာ ဝင်းတင့်ထွန်းရေးသားသော အမှောင်ကြားက ဗမာပြည်ဟူသည့် စာအုပ်ကို ဖတ် ဖူးကြမည် ထင်ပါသည်။ ဗမာပြည်လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်မှ ၁၉၈၈ စစ်တပ်က အာဏာသိမ်းချိန် အထိ တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေးတို့အပြင် ပြည် တွင်းစစ်၊ ဖဆပလအကွဲအပြဲနှင့် စစ်တပ်က နိုင်ငံရေး၊ စီးပွားရေးတို့ကို ဝင်ရောက်ချယ်လှယ်လာပုံများကို ကွင်းကွင်းကွက်ကွက်ပေါ်အောင် ရေးသားခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။ အကယ်၍သာ စာရေးသူ က လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံအခြေအနေ အား ဆက်လက်ရေးသားမည်ဆိုလျှင် မည်ကဲ့သို့ ခေါင်းစဉ်တပ်မည်နည်းဆိုသည်မှာ မတွေးရဲစရာပင် ဖြစ်တော့သည်။

လက်ရှိအခြေအနေတွင် မြန်မာပြည်သူပြည်သား အားလုံးသည် အကြမ်းဖက်စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးဒဏ်ကို အလူးအလဲခံနေကြ ရသည်။ ပို၍ဆိုးသည်မှာ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့ရှိ စစ်ဘေး ရှောင် တိုင်းရင်းသားပြည်သူများ၏ အခြေအနေပင် ဖြစ်၏။ သူတို့သည် အကြမ်းဖက်စစ်ကောင်စီ၏ အင် အားသုံး တိုက်ခိုက်ခြင်း၊ အရပ်ဖက် ပစ်မှတ်များပါ မကျန် လေကြောင်းမှ ပစ်ခတ်ခြင်းတို့ကြောင့် နေရပ် ဒေသကို စွန့်ခွာကာ တောကြားတောင်ကြားသို့ တိမ်း ရှောင်ထွက်ပြေးနေကြရသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှောင်ဦးရေ တစ် သိန်းခန့်ရှိသည်ဟု သိရသည်။ ထိုသူတို့သည် ရာသီ ဥတုဆိုးရွားမှုဒဏ်ကို ခံရခြင်း၊ စားနပ်ရိက္ခာနှင့် နေရာ ထိုင်ခင်း မပြည့်စုံခြင်း၊ သောက်သုံးရေနှင့် ဆေးဝါး များ မလုံလောက်ခြင်းတို့ကို ရင်ဆိုင်နေရပြီး ကပ် ရောဂါကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှုမရှိသည့် အခြေ အနေတွင် ရှိနေသည်။ နေရပ်သို့ပြန်ရန်မှာလည်း စစ်တပ်က အိုးအိမ်များကို ဖျက်ဆီးသွားခြင်း၊ လုံခြုံမှု မရှိခြင်းတို့ကြောင့် ပြန်သွားရန် မဖြစ်နိုင်သေးပေ။

ထိုအတောအတွင်း ကုလသမဂ္ဂဒုက္ခသည် ဆိုင်ရာ (UNHCR) ယာဉ်တန်းသည် ၁၉-၇-၂၀၂၁ နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ရောက်ရှိလာခဲ့ သည်။ UNHCR သည် ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်း ကိရိယာများအပါအဝင် တာပေါ်လင်များ၊ ခြင်ထောင် များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမည်ဖြစ်သည်။ UNHCR က လူဦးရေ ၅၀ဝ၀ (အိမ်ထောင်စုပေါင်း ၁၀ဝဝ)အထိ အကျိုးသက်ရောက်စေမည့် အထောက်အပံ့များ ယူဆောင်သွားသော်လည်း မင်းတပ်မြို့ပေါ်ရှိ အိမ် ထောင်စု ၅၀ ခန့်ကိုသာ ထောက်ပံ့နိုင်ခဲ့ပြီး ကျေးရွာ နှင့် တောတွင်းစစ်ဘေးရှောင်များအား ထောက်ပံ့ခွင့် မရသဖြင့် ထောက်ပံ့မှုမပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇွန်လအတွင်း၌ပင့် UNHCR သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မြိုင်ကြီးငူနှင့် ကမမောင်းမြို့နယ်များတွင် လာရောက် ခိုလှုံနေထိုင်လျက်ရှိသည့် ဖာပွန်မြို့နယ်မှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၄၄၂၇ ဦးအတွက် စောင်များ၊ ဖျာ များ၊ ရေပုံးများ၊ ခြင်ထောင်များ၊ မီးဖိုချောင်သုံးပစ္စည်း များနှင့် ဆပ်ပြာများ စသည့် နေရပ်စွန့်ခွာနေထိုင်နေရ သူများ၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင် ရေးအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများအနက် မှ အချို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂအပါအဝင် အာရှမိတ်ဆွေနိုင်ငံများ ဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က မြန်မာ ပြည်သူများ၏ အခက်အခဲအတွက် ကူညီထောက်ပံ့ ပေးမှုများ ရှိနေသော်လည်း မြန်မာစစ်ကောင်စီကမူ အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများအား ဆက်လက်ဖိနှိပ်ရန်သာ ဆောင်ရွက်နေသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ရောဂါ ကြောင့် သေဆုံးသူ မြောက်များစွာ ရှိနေသော်လည်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသည် လျော့ နည်းသော ကိန်းဂဏန်းများကိုသာ နေ့စဉ် သတင်း ထုတ်ပြန်လျက်ရှိသည်။ နိုင်ငံပိုင် ဆေးရုံနှင့် ပုဂ္ဂလိက  ဆေးရုံများမှ လက်မခံသော လူနာများ၊ ကွာရန်တင်း စင်တာများမှ လက်မခံသော လူနာများမှာ မိမိအိမ်တွင် သာ ရောဂါကို အံတုခုခံနေကြရသည်။ ကွာရန်တင်း စင်တာနှင့် ဆေးရုံများတွင် ဆေးဝါးပြည့်စုံမှုမရှိခြင်း၊ အာဟာရပြည့်ဝသော အစားအသောက်မရှိခြင်း၊ အောက်ဆီဂျင်မလုံလောက်ခြင်းတို့ကြောင့် ရောဂါ ကူးစက်ခံနေရသူများနှင့် ယင်းတို့၏မိသားစုဝင်များ မှာလည်း စစ်တပ်၏ ကျန်းမာရေးစောင့်ရှောက်မှုကို အယုံအကြည်မရှိကြပေ။

ပြည်သူများသည် ညမထွက်ရကာဖျူးနှင့် စစ် အုပ်ချုပ်ရေးအမိန့်များကို ဂရုမစိုက်နိုင်ဘဲ အောက်ဆီ ဂျင်ရရှိရေးကိုသာ နေရာအနှံ့ ပြေးလွှားရှာဖွေနေကြ ရသည်။ ယခင် ဒုတိယလှိုင်းအတွင်းက ကွာရန်တင်း စင်တာများ၌ တပ်ဆင်အသုံးပြုခဲ့သည့် အောက်ဆီဂျင် အိုးများကိုလည်း စစ်တပ်က ဖြုတ်ယူသိမ်းဆည်းသွား သည်ဟု သိရသည်။ မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ တတိယ လှိုင်း ရောဂါသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနေပြီး လူနေသိပ်သည်းသည့် မြို့ပေါ်သာမက တောရွာများ အထိပါ ကူးစက်ပြန့်ပွားနေသည်။

အာဏာသိမ်းစစ်ကောင်စီပိုင် MRTV နှင့် MWD ရုပ်သံများ၌ ဆေးရုံနှင့် ကွာရန်တင်းစင်တာ များ ပြည့်စုံစွာရှိကြောင်း၊ အောက်ဆီဂျင်လည်း အလုံ အလောက်ရှိကြောင်း စဉ်ဆက်မပြတ် ထုတ်ပြန်ကြေညာ နေသော်လည်း ရန်ကုန်မြို့ရှိ ရေဝေးသုသာန်၊ ထိန်ပင် သုသာန်၊ ကျီစုသုသာန်များ၌မူ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအလောင်း ထောင်ချီကာ နေ့စဉ် သင်္ဂြိုဟ် ပေးနေရလေသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် သည် အခြေအနေကောင်းစဉ်ကပင် အခြေခံအဆင့် မျှသာရှိခဲ့ပြီး ယခုအခါ ဆရာဝန်များက အာဏာသိမ်း မှုကို ဆန့်ကျင်ရကောင်းလားဟု စစ်တပ်က ဆရာဝန် များအပေါ် ပစ်မှတ်ထား ဖမ်းဆီးအရေးယူခြင်းများ ကြောင့် ရှိသမျှ ပြိုလဲသွားရပြီဖြစ်သည်။ လက်လုပ် လက်စားများနေထိုင်ရာ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း မြန်နေခြင်းကြောင့် အာဟာရ ပြည့်ဝမှုမရှိခြင်း၊ ဆေးဝါးဝယ်ယူနိုင်မှုမရှိခြင်းတို့နှင့် ကြုံတွေ့နေရသော ရောဂါသည်များသည် အသက် ပေးရုံမှလွဲ၍ ဘာမျှမတတ်နိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။

ထိုသို့သော ကြောက်မက်ဖွယ်အခြေအနေကြီး ဖြင့် ပြည်သူလူထုက ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီ သည် ပြည်သူလူထု၏ ကျန်းမာရေးကို ၂၀၂၀ မဲစာရင်း လောက်ပင် စိတ်ဝင်စားခြင်းမရှိသည်ကို တွေ့ရပေ သည်။ အချိန်တန်တော့ ပါးစပ်က ဘုရားဘုရား လက် က ကိုးရို့ကားယားဆိုသကဲ့သိုပ အာဏာရှင်၏ ဇာတိ ရုပ်က ဘက်ပေါင်းစုံက ရုပ်လုံးပေါ်လာခဲ့သည်။ မည်သို့ ပင်ရှိစေကာမူ ပြည်သူအားလုံးသည် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်ကာကွယ်ရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန် ကြိုးပမ်းရဦးမည် ဖြစ်သည်။

မောက်ဂ္ဂလိ (ဆောင်းပါး)

Zawgyi

ေၾကာက္မက္ဖြယ္ အက်ပ္အတည္း

စာေရးဆရာ ဝင္းတင့္ထြန္းေရးသားေသာ အေမွာင္ၾကားက ဗမာျပည္ဟူသည့္ စာအုပ္ကို ဖတ္ ဖူးၾကမည္ ထင္ပါသည္။ ဗမာျပည္လြတ္လပ္ေရးရခ်ိန္ ၁၉၄၈ ခုႏွစ္မွ ၁၉၈၈ စစ္တပ္က အာဏာသိမ္းခ်ိန္ အထိ တိုင္းျပည္၏ႏိုင္ငံေရး၊ စီးပြားေရးတို႔အျပင္ ျပည္ တြင္းစစ္၊ ဖဆပလအကြဲအၿပဲႏွင့္ စစ္တပ္က ႏိုင္ငံေရး၊ စီးပြားေရးတို႔ကို ဝင္ေရာက္ခ်ယ္လွယ္လာပုံမ်ားကို ကြင္းကြင္းကြက္ကြက္ေပၚေအာင္ ေရးသားခဲ့ေသာ စာအုပ္တစ္အုပ္ျဖစ္သည္။ အကယ္၍သာ စာေရးသူ က လက္ရွိျဖစ္ေပၚေနေသာ ျမန္မာႏိုင္ငံအေျခအေန အား ဆက္လက္ေရးသားမည္ဆိုလွ်င္ မည္ကဲ့သို႔ ေခါင္းစဥ္တပ္မည္နည္းဆိုသည္မွာ မေတြးရဲစရာပင္ ျဖစ္ေတာ့သည္။

လက္ရွိအေျခအေနတြင္ ျမန္မာျပည္သူျပည္သား အားလုံးသည္ အၾကမ္းဖက္စစ္အာဏာသိမ္းမႈႏွင့္ ကိုဗစ္-၁၉ ေရာဂါဆိုးႀကီးဒဏ္ကို အလူးအလဲခံေနၾက ရသည္။ ပို၍ဆိုးသည္မွာ ကခ်င္ျပည္နယ္၊ ခ်င္းျပည္ နယ္၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္တို႔ရွိ စစ္ေဘး ေရွာင္ တိုင္းရင္းသားျပည္သူမ်ား၏ အေျခအေနပင္ ျဖစ္၏။ သူတို႔သည္ အၾကမ္းဖက္စစ္ေကာင္စီ၏ အင္ အားသုံး တိုက္ခိုက္ျခင္း၊ အရပ္ဖက္ ပစ္မွတ္မ်ားပါ မက်န္ ေလေၾကာင္းမွ ပစ္ခတ္ျခင္းတို႔ေၾကာင့္ ေနရပ္ ေဒသကို စြန႔္ခြာကာ ေတာၾကားေတာင္ၾကားသို႔ တိမ္း ေရွာင္ထြက္ေျပးေနၾကရသည္။

အရပ္ဘက္ လူ႔အဖြဲ႕အစည္းမ်ား၏ အဆိုအရ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စစ္ေရွာင္ဦးေရ တစ္ သိန္းခန႔္ရွိသည္ဟု သိရသည္။ ထိုသူတို႔သည္ ရာသီ ဥတုဆိုး႐ြားမႈဒဏ္ကို ခံရျခင္း၊ စားနပ္ရိကၡာႏွင့္ ေနရာ ထိုင္ခင္း မျပည့္စုံျခင္း၊ ေသာက္သုံးေရႏွင့္ ေဆးဝါး မ်ား မလုံေလာက္ျခင္းတို႔ကို ရင္ဆိုင္ေနရၿပီး ကပ္ ေရာဂါကို ဘယ္လိုမွ ရင္ဆိုင္ႏိုင္မႈမရွိသည့္ အေျခ အေနတြင္ ရွိေနသည္။ ေနရပ္သို႔ျပန္ရန္မွာလည္း စစ္တပ္က အိုးအိမ္မ်ားကို ဖ်က္ဆီးသြားျခင္း၊ လုံၿခဳံမႈ မရွိျခင္းတို႔ေၾကာင့္ ျပန္သြားရန္ မျဖစ္ႏိုင္ေသးေပ။

ထိုအေတာအတြင္း ကုလသမဂၢဒုကၡသည္ ဆိုင္ရာ (UNHCR) ယာဥ္တန္းသည္ ၁၉-၇-၂၀၂၁ ေန႔တြင္ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕သို႔ ေရာက္ရွိလာခဲ့ သည္။ UNHCR သည္ ကိုဗစ္-၁၉ ကာကြယ္ေရး အတြက္ တစ္ကိုယ္ေရသုံး အကာအကြယ္ပစၥည္း ကိရိယာမ်ားအပါအဝင္ တာေပၚလင္မ်ား၊ ျခင္ေထာင္ မ်ား၊ ဖ်ာမ်ား၊ ေစာင္မ်ား၊ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား၊ ေနေရာင္ျခည္စြမ္းအင္သုံး မီးအိမ္မ်ားကို ကူညီ ေထာက္ပံ့ျဖန႔္ျဖဴးသြားမည္ျဖစ္သည္။ UNHCR က လူဦးေရ ၅၀ဝ၀ (အိမ္ေထာင္စုေပါင္း ၁၀ဝဝ)အထိ အက်ိဳးသက္ေရာက္ေစမည့္ အေထာက္အပံ့မ်ား ယူေဆာင္သြားေသာ္လည္း မင္းတပ္ၿမိဳ႕ေပၚရွိ အိမ္ ေထာင္စု ၅၀ ခန႔္ကိုသာ ေထာက္ပံ့ႏိုင္ခဲ့ၿပီး ေက်း႐ြာ ႏွင့္ ေတာတြင္းစစ္ေဘးေရွာင္မ်ားအား ေထာက္ပံ့ခြင့္ မရသျဖင့္ ေထာက္ပံ့မႈမေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

၂၀၂၁ ခုႏွစ္ ဇြန္လအတြင္း၌ပင့္ UNHCR သည္ ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္အတြင္းရွိ ၿမိဳင္ႀကီးငူႏွင့္ ကမေမာင္းၿမိဳ႕နယ္မ်ားတြင္ လာေရာက္ ခိုလႈံေနထိုင္လ်က္ရွိသည့္ ဖာပြန္ၿမိဳ႕နယ္မွ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရသူ ၄၄၂၇ ဦးအတြက္ ေစာင္မ်ား၊ ဖ်ာ မ်ား၊ ေရပုံးမ်ား၊ ျခင္ေထာင္မ်ား၊ မီးဖိုေခ်ာင္သုံးပစၥည္း မ်ားႏွင့္ ဆပ္ျပာမ်ား စသည့္ ေနရပ္စြန႔္ခြာေနထိုင္ေနရ သူမ်ား၏ က်န္းမာေရး၊ ဂုဏ္သိကၡာႏွင့္ တစ္ကိုယ္ရည္ သန႔္ရွင္းေရးတို႔ကို ေကာင္းမြန္စြာ ထိန္းသိမ္းထားႏိုင္ ေရးအတြက္ မရွိမျဖစ္ လိုအပ္ေသာ ပစၥည္းမ်ားအနက္ မွ အခ်ိဳ႕ကို လႉဒါန္းခဲ့ေၾကာင္း သိရွိရသည္။

ကုလသမဂၢအပါအဝင္ အာရွမိတ္ေဆြႏိုင္ငံမ်ား ျဖစ္သည့္ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔က ျမန္မာ ျပည္သူမ်ား၏ အခက္အခဲအတြက္ ကူညီေထာက္ပံ့ ေပးမႈမ်ား ရွိေနေသာ္လည္း ျမန္မာစစ္ေကာင္စီကမူ အာဏာသိမ္းမႈကို ဆန႔္က်င္ေသာ ျပည္သူမ်ားအား ဆက္လက္ဖိႏွိပ္ရန္သာ ေဆာင္႐ြက္ေနသည္။

ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြားမႈႏွင့္ ေရာဂါ ေၾကာင့္ ေသဆုံးသူ ေျမာက္မ်ားစြာ ရွိေနေသာ္လည္း စစ္ေကာင္စီ၏ က်န္းမာေရးဝန္ႀကီးဌာနသည္ ေလ်ာ့ နည္းေသာ ကိန္းဂဏန္းမ်ားကိုသာ ေန႔စဥ္ သတင္း ထုတ္ျပန္လ်က္ရွိသည္။ ႏိုင္ငံပိုင္ ေဆး႐ုံႏွင့္ ပုဂၢလိက  ေဆး႐ုံမ်ားမွ လက္မခံေသာ လူနာမ်ား၊ ကြာရန္တင္း စင္တာမ်ားမွ လက္မခံေသာ လူနာမ်ားမွာ မိမိအိမ္တြင္ သာ ေရာဂါကို အံတုခုခံေနၾကရသည္။ ကြာရန္တင္း စင္တာႏွင့္ ေဆး႐ုံမ်ားတြင္ ေဆးဝါးျပည့္စုံမႈမရွိျခင္း၊ အာဟာရျပည့္ဝေသာ အစားအေသာက္မရွိျခင္း၊ ေအာက္ဆီဂ်င္မလုံေလာက္ျခင္းတို႔ေၾကာင့္ ေရာဂါ ကူးစက္ခံေနရသူမ်ားႏွင့္ ယင္းတို႔၏မိသားစုဝင္မ်ား မွာလည္း စစ္တပ္၏ က်န္းမာေရးေစာင့္ေရွာက္မႈကို အယုံအၾကည္မရွိၾကေပ။

ျပည္သူမ်ားသည္ ညမထြက္ရကာဖ်ဴးႏွင့္ စစ္ အုပ္ခ်ဳပ္ေရးအမိန႔္မ်ားကို ဂ႐ုမစိုက္ႏိုင္ဘဲ ေအာက္ဆီ ဂ်င္ရရွိေရးကိုသာ ေနရာအႏွံ႔ ေျပးလႊားရွာေဖြေနၾက ရသည္။ ယခင္ ဒုတိယလႈိင္းအတြင္းက ကြာရန္တင္း စင္တာမ်ား၌ တပ္ဆင္အသုံးျပဳခဲ့သည့္ ေအာက္ဆီဂ်င္ အိုးမ်ားကိုလည္း စစ္တပ္က ျဖဳတ္ယူသိမ္းဆည္းသြား သည္ဟု သိရသည္။ မ်ိဳး႐ိုးဗီဇကြဲ ကိုဗစ္-၁၉ တတိယ လႈိင္း ေရာဂါသည္ လ်င္ျမန္စြာ ကူးစက္ျပန႔္ပြားေနၿပီး လူေနသိပ္သည္းသည့္ ၿမိဳ႕ေပၚသာမက ေတာ႐ြာမ်ား အထိပါ ကူးစက္ျပန႔္ပြားေနသည္။

အာဏာသိမ္းစစ္ေကာင္စီပိုင္ MRTV ႏွင့္ MWD ႐ုပ္သံမ်ား၌ ေဆး႐ုံႏွင့္ ကြာရန္တင္းစင္တာ မ်ား ျပည့္စုံစြာရွိေၾကာင္း၊ ေအာက္ဆီဂ်င္လည္း အလုံ အေလာက္ရွိေၾကာင္း စဥ္ဆက္မျပတ္ ထုတ္ျပန္ေၾကညာ ေနေသာ္လည္း ရန္ကုန္ၿမိဳ႕ရွိ ေရေဝးသုသာန္၊ ထိန္ပင္ သုသာန္၊ က်ီစုသုသာန္မ်ား၌မူ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူအေလာင္း ေထာင္ခ်ီကာ ေန႔စဥ္ သၿဂႋဳဟ္ ေပးေနရေလသည္။

ျမန္မာႏိုင္ငံ၏ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ သည္ အေျခအေနေကာင္းစဥ္ကပင္ အေျခခံအဆင့္ မွ်သာရွိခဲ့ၿပီး ယခုအခါ ဆရာဝန္မ်ားက အာဏာသိမ္း မႈကို ဆန႔္က်င္ရေကာင္းလားဟု စစ္တပ္က ဆရာဝန္ မ်ားအေပၚ ပစ္မွတ္ထား ဖမ္းဆီးအေရးယူျခင္းမ်ား ေၾကာင့္ ရွိသမွ် ၿပိဳလဲသြားရၿပီျဖစ္သည္။ လက္လုပ္ လက္စားမ်ားေနထိုင္ရာ ရပ္ကြက္မ်ားတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္မႈႏႈန္း ျမန္ေနျခင္းေၾကာင့္ အာဟာရ ျပည့္ဝမႈမရွိျခင္း၊ ေဆးဝါးဝယ္ယူႏိုင္မႈမရွိျခင္းတို႔ႏွင့္ ႀကဳံေတြ႕ေနရေသာ ေရာဂါသည္မ်ားသည္ အသက္ ေပး႐ုံမွလြဲ၍ ဘာမွ်မတတ္ႏိုင္ေသာ အေျခအေနသို႔ ေရာက္ရွိေနသည္။

ထိုသို႔ေသာ ေၾကာက္မက္ဖြယ္အေျခအေနႀကီး ျဖင့္ ျပည္သူလူထုက ရင္ဆိုင္ေနရခ်ိန္တြင္ စစ္ေကာင္စီ သည္ ျပည္သူလူထု၏ က်န္းမာေရးကို ၂၀၂၀ မဲစာရင္း ေလာက္ပင္ စိတ္ဝင္စားျခင္းမရွိသည္ကို ေတြ႕ရေပ သည္။ အခ်ိန္တန္ေတာ့ ပါးစပ္က ဘုရားဘုရား လက္ က ကိုး႐ို႕ကားယားဆိုသကဲ့သိုပ အာဏာရွင္၏ ဇာတိ ႐ုပ္က ဘက္ေပါင္းစုံက ႐ုပ္လုံးေပၚလာခဲ့သည္။ မည္သို႔ ပင္ရွိေစကာမူ ျပည္သူအားလုံးသည္ ကိုဗစ္-၁၉ တတိယလႈိင္းကို ရင္ဆိုင္ကာကြယ္ရမည္ျဖစ္ၿပီး အာဏာရွင္စနစ္ကို အျမစ္ျဖဳတ္ရန္ ႀကိဳးပမ္းရဦးမည္ ျဖစ္သည္။

ေမာက္ဂၢလိ

Related Articles

Back to top button