ဆောင်းပါး

ကရင္အာဇာနည္ေန႔ႏွင့္ တိုင္းရင္းသားတန္းတူညီမွ်ေရး ကရင်အာဇာနည်နေ့နှင့် တိုင်းရင်းသားတန်းတူညီမျှရေး

Zawgyi

၁၉၅၀ခုႏွစ္၊ ၾသဂုတ္လ(၁၂)ရက္ေန႔တြင္ ကရင္အမ်ိဳးသားေခါင္းေဆာင္ေစာဘဦးႀကီးႏွင့္ ဗိုလ္ခ်ဳပ္ေစာစုိင္းေခ အပါ အဝင္ အေပါင္းပါ(၉)ဦးတုိ႔သည္ ကရင္ျပည္နယ္ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေထာ့ကိုကိုးေက်းရြာတြင္ တပ္မေတာ္တပ္ခြဲတစ္ခြဲ၏ ဝုိင္းဝန္းပစ္ခတ္မႈျဖင့္ အသက္ဆံုးရႈံးခ့ဲၾကရပါသည္။ ၁၉၅၁ခု ဧၿပီလတြင္ က်င္းပေသာ ေကာ္သူးေလအစိုးရ၏ အစည္းအ ေဝး၌ ေစာဘဦးႀကီး က်ဆံုးခ့ဲေသာ ၾသဂုတ္လ(၁၂)ရက္ေန႔ကုိ ကရင္အာဇာနည္ေန႔အျဖစ္ သတ္မွတ္အတည္ျပဳခ့ဲပါသည္။

၁၉၅၁ခုႏွစ္မွစ၍ ယခုအခ်ိန္အထိ KNU-ကရင္အမ်ိဳးသားအစည္းအရံုး၏ ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ ကရင္အာဇာ နည္ေန႔အခမ္းနားမ်ားကို ႏွစ္စဥ္ႏွစ္တုိင္း က်င္းပလာခ့ဲၾကပါသည္။ ကရင္လက္နက္ကိုင္အဖြဲ႔အစည္းမ်ားျဖစ္သည့္ ပဒိုေအာင္ ဆန္း၊ ေစာသုမူဟဲ၊ ဗိုလ္ခ်ဳပ္ႀကီးေဌးေမာင္(ေစာထိန္ေမာင္)၊ သံေတာင္ေျမာက္ပိုင္းအဖြဲ႔၊ ဒီေကဘီေအအဖြဲ႔ႏွင့္ ေနာက္ဆံုး KNU-ကရင္အမ်ိဳးသားအစည္းအရံုး အပါအဝင္ ႏုိင္ငံေတာ္အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရး လက္မွတ္ထုိးၿပီး ျပည္တြင္းသုိ႔ ဝင္လာၾကရာ၌ ၂၀၁၂ခုႏွစ္တြင္ အားလံုးေရာက္ရိွလာၾကသည္ဟု သိရပါသည္။

ထုိသို႔ ေရာက္လာသည္ႏွင့္အတူ ကရင္သမုိင္းအေမြအႏွစ္တစ္ခုျဖစ္သည့္ ကရင္အာဇာနည္ေန႔သမုိင္းသည္လည္း ထပ္ၾကပ္မကြာ ပါဝင္လာသည္ျဖစ္ရာ မွတ္သားမိသေရြ႕ ျပည္တြင္း၌ ၂၀၁၄ခုႏွစ္တြင္ ရန္ကုန္ ယုဒသန္ခန္းမ၌ ေနာ္အုန္းလွ ႏွင့္ ကရင္အမ်ိဳးသားတစ္ခ်ိဳ႕က ကရင္အာဇာနည္ေန႔အခမ္းအနားကို စတင္က်င္းပခ့ဲပါသည္။ ၂၀၁၅ခုႏွစ္တြင္မူ KNU မွ ဦးစီးၿပီး သံေတာင္ၿမိဳ႕နယ္ဘက္တြင္ ကရင္အာဇာနည္ေန႔အခမ္းအနားကို က်င္းပခ့ဲပါသည္ဟု သိရိွရပါသည္။

၂၀၁၅ခုႏွစ္တြင္ KNU က NCA စာခ်ဳပ္ လက္မွတ္ထိုးလုိက္သျဖင့္ မတရားအသင္းဥပေဒပုဒ္မ ၁၇/၁ မွ လြတ္ကင္း သြားၿပီျဖစ္ရာ ကရင္ျပည္နယ္ၿမိဳ႕ေတာ္ ဖားအံၿမိဳ႕ေပၚတြင္ ၂၀၁၆ခုႏွစ္မွစ၍ ယခု ၂၀၁၉ခုႏွစ္အထိ ႏွစ္စဥ္ႏွစ္တုိင္း ကရင္အာ ဇာနည္ေန႔ အခမ္းအနားကို ပံုမွန္က်င္းပလာခဲ့ပါသည္။ ကရင္လက္နက္ကုိင္အဖြဲ႔မ်ား ထိန္းခ်ဳပ္ရာေဒသမ်ားျဖစ္သည့္ ေလး၀ါး(ေလာ္ဟီးလာ)၊ ေထာ့ကိုကိုးရြာ(ေကာ့ကရိတ္ၿမိဳ႕နယ္)၊ ကြင္းကေလးရြာ၊ ျမဝတီၿမိဳ႕နယ္ (ဗိုလ္ခ်ဳပ္ေစာမူတူးေစးဖုိး ၏ ေမြးရပ္)၊ ဆံုဆည္းၿမိဳင္ (DKBA)ဌာနခ်ဳပ္ႏွင့္ KNU တပ္မေတာ္-၇ခု တည္ရိွရာေနရာမ်ား၌ ၁၉၅၁ခုႏွစ္မွ ယေန႔အထိ ကရင္အာဇာနည္ေန႔ အခမ္းအနားမ်ားကို ပံုမွန္က်င္းပလာခဲ့ၾကသည္။

ျပည္တြင္း၌ကား အထင္ေဖာ္ျပပါအတုိင္း အေႏွာက္အယွက္ အဟန္႔အတား မရိွ က်င္းပလာခ့ဲၾကေသာ္လည္း ယခု ၂၀၁၉ခုႏွစ္တြင္ ရန္ကုန္ႏွင့္ ဧရာဝတီတုိင္းေဒသႀကီးတုိ႔၌ ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပျခင္းကို ဟန္႔တားပိတ္ဆုိ႔ မႈမ်ား ရွိေနေၾကာင္း သိရိွရသည္။ ယခု ဤေဆာင္းပါးစတင္ေရးသားသည့္ (၁၇.၉.၂၀၁၉) အထိ လူမႈကြန္ယက္၊ ဆုိရွယ္မီ ဒီယာႏွင့္ ေဖ့စ္ဘြတ္တုိ႔တြင္ အမ်ိဳးမ်ိဳးေဝဖန္သံုးသပ္ ေထာက္ျပေျပာဆုိေနၾကသည္မ်ား ရိွသက့ဲသုိ႔ KNU၏ ဒုတိယဥကၠဌ တာဝန္ယူခ့ဲဖူးေသာ ေနာ္စီဖုိးရာစိန္ ဦးစီးသည့္ KNU Concerned Group သည္၎၊ KNU ကရင္အမ်ိဳးသားအစည္းအရံုး သည္၎၊ IKO (International Karen Organization) အျပည္ျပည္ဆုိင္ရာကရင္အမ်ိဳးသားမ်ားအဖြဲ႔သည္၎၊ တုိင္းရင္း သားေပါင္းစံုလူမႈကြန္ယက္သည္၎၊ ျပစ္တင္ရႈတ္ခ် ကန္႔ကြက္ေဝဖန္သည့္ သတင္းထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ၾကပါ သည္။ ကရင္ႏိုင္ငံေရးပါတီမ်ားႏွင့္ ကရင္အမ်ိဳးသားသဟာယအသင္း၊ ကရင္လူငယ္မ်ား၊ ကရင္လူမႈအဖြဲ႔အစည္းမ်ား ရန္ကုန္ၿမိဳ႕တြင္ ေတြ႔ဆံုညိွႏႈိင္း၍ ကရင္အာဇာနည္ေန႔ အခမ္းအနားက်င္းပမႈ ဟန္႔တားျခင္းကို မလိုလားေၾကာင္း၊ မျဖစ္သင့္ ေၾကာင္း၊ သေဘာထားထုတ္ျပန္ၿပီး ႏုိင္ငံေတာ္သမၼတႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔ထံ ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပခြင့္ျပဳေရး တင္ျပေမတၱာရပ္ခံ စာေပးပို႔ခ့ဲေၾကာင္း သိရိွရပါသည္။

ယခု ၂၀၁၉ခုႏွစ္တြင္ ဤသို႔ေသာအေျခအေနမ်ား ေပၚေပါက္လာရျခင္းႏွင့္ ပတ္သက္၍ ျပန္လည္ဆန္းစစ္ၾကည့္ရာ ၌ ဧရာဝတီတုိင္း ကရင္တုိင္းရင္းသားေရးရာဝန္ႀကီးက “ကရင္အာဇာနည္ေန႔” ဟူသည့္ အသံုးအႏႈန္းကို မသံုးစြဲရန္ ဧရာဝတီ တုိင္း ကရင္စာေပႏွင့္ယဥ္ေက်းမႈ တုိးတက္ျပန္႔ပြားေရးအသင္းသို႔ စာထုတ္ညႊန္ၾကားခ့ဲရာမွ ေစာဘဦးႀကီးရဲ႕ ေမြးရပ္ေျမ ပုသိမ္ၿမိဳ႕နယ္၊ ဘဲဂယက္ရြာရိွ ေစာဘဦးႀကီးကို ရည္ရြယ္တည္ေဆာက္ထားေသာ ေက်ာက္တုိင္၌ အခမ္းအနားက်င္းပခြင့္၊ အရိုအေသအေလးျပဳခြင့္ မရဘဲ သစ္ပင္စုိက္ပ်ိဳးသည့္ အထိမ္းအမွတ္သာ ေဆာင္ရြက္ခ့ဲရေၾကာင္း သိရိွခဲ့ရပါသည္။

တဖန္ ရန္ကုန္တုိင္း၌လည္း ကမာရြတ္ၿမိဳ႕နယ္ႏွင့္ ဒဂုန္ၿမိဳ႕သစ္(အေရွ႕ပို္င္း)ၿမိဳ႕နယ္တုိ႔တြင္ ကရင္အာဇာနည္ေန႔ က်င္းပခြင့္ရရန္ တင္ျပေတာင္းခံခဲ့ေသာ္လည္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ က်င္းပခြင့္မျပဳသျဖင့္ ရန္ကုန္ၿမိဳ႕ ေတာ္ ခန္းမေရွ႕ ဗႏၶဳလပန္းၿခံတြင္ ၿငိမ္းစုစီဥပေဒျဖင့္ က်င္းပခြင့္ျပဳရန္ ထပ္မံတင္ျပရာ ကရင္အာဇာနည္ေန႔ဟူေသာ အသံုး အႏူန္းကို မသံုးရဟူသည့္ ကန္႔သတ္ခ်က္ျဖင့္ ခြင့္ျပဳခ့ဲသည္ဟု ၾကားသိပါသည္။ သို႔ေသာ္ ေနာ္အုန္းလွႏွင့္ ကရင္လူငယ္ ေခါင္းေဆာင္မ်ားက ကရင္အာဇာနည္ေန႔ ဟူသည္ကိုသာ အသံုးျပဳခ့ဲသျဖင့္ တစ္ျပည္လံုး သိရိွၾကား ၿပီးျဖစ္သည့္အတြက္ ေနာ္အုန္းလွႏွင့္ ကရင္လူငယ္ႏွစ္ဦးတုိ႔ ဖမ္းဆီးျခင္းခံၾကရပါသည္။ ဖားအံၿမိဳ႕ႏွင့္ ကရင္လက္နက္ကိုင္အဖြဲ႔မ်ား ထိန္းခ်ဳပ္ရာ ေဒသတုိ႔တြင္ က်င္းပသည့္ ကရင္အာဇာနည္ေန႔ အခမ္းအနားမ်ားကိုမူကား ေႏွာက္ယွက္ဟန္႔တားမႈ တစ္စံုတစ္ရာ မရိွ ေၾကာင္း သိရိွရပါသည္။

သို႔ဆုိလွ်င္ မိမိတုိ႔ျပည္သူမ်ား၊ ကရင္တုိင္းရင္းသားမ်ား မည္သို႔နားလည္သေဘာေပါက္ၾကရမည္နည္း..။ ကရင္ တုိင္းရင္းသားမ်ားသည္ တစ္ႏုိင္ငံလံုး အႏွံ႔အျပားေနထိုင္ၾကသည္။ ဧရာဝတီ၊ ရန္ကုန္၊ ပဲခူး၊ တနသၤာရီ၊ မြန္၊ ကယား၊ အထက္ျမန္မာျပည္ေဒသအားလံုး၌ ကရင္မ်ားရိွၾကသည္။ ဧရာဝတီတုိင္းရိွ ကရင္လူဦးေရသည္ ကရင္ျပည္နယ္ရိွ ကရင္လူ ဦးေရထက္ မ်ားသည္။ ေစာဘဦးႀကီးသည္ ဧရာဝတီဇာတိျဖစ္သည္။ ကရင္အာဇာနည္ေန႔ အခမ္းအနားကို ကရင္ျပည္နယ္၌ ဟန္႔တားေႏွာက္ယွက္မႈကင္းစြာ က်င္းပခြင့္ရသက့ဲသုိ႔ ကရင္မ်ားေနထုိင္ရာ ဤႏုိင္ငံရိွ မည္သည့္ေဒသတြင္မဆုိ ကရင္မ်ား က “ကရင္အာဇာနည္ေန႔” အခမ္းအနားကို က်င္းပလုိၾကမည္သာ ျဖစ္ပါသည္။

မိမိ၏ေခါင္းေဆာင္ကို သတိတရဦးခုိက္၊ ရွိခိုးကန္ေတာ့ အရိုအေသေပးလုိၾကသည္မွာ ဓမၼတာပင္ မဟုတ္ပါလား။ တစ္ခုရိွသည္ကား ဤအခမ္းအနားက်င္းပျခင္းေၾကာင့္ ဆူပူမႈ၊ ရုန္းရင္းဆန္ခတ္ျပဳမႈ၊ မလုိလား မုန္းထားမႈမ်ား ေပၚေပါက္လာ ခ့ဲလွ်င္ တာဝန္ရိွသူကို ထိေရာက္စြာ အေရးယူႏုိင္ေပသည္ပဲေလ။ ယခုကား အမ်ိဳးသားရင္ၾကားေစ့ေရး၊ ၿငိမ္းခ်မ္းေရး၊ ဒီမုိ ကေရစီေရး၊ တန္းတူညီမွ်ေရးဟူ၍ က်ယ္က်ယ္ေလာင္ေလာင္ ေႂကြးေၾကာ္ခ်ီတက္လာသည့္ ဒီမုိကေရစီအစိုးရသည္ ဟန္႔ တားပိတ္ဆို႔မႈ၊ ဖမ္းဆီးအေရးယူမႈ တုိင္းရင္းသား ခ်စ္ၾကည္စည္းလံုးညီညႊတ္ေရးကို လ်စ္လ်ဴရႈမႈတုိ႔ျဖင့္ မိမိ၏ ကတိကဝတ္ မ်ားကို ေဖာက္ဖ်က္ေနေလသေလာ…။

ကရင္အာဇာနည္ေန႔အခမ္းအနား က်င္းပျခင္းေၾကာင့္မဟုတ္ဘဲ ၿငိမ္းစုစီဥပေဒပုဒ္မ(၂၀)ကို ေဖာက္ဖ်က္ ျခင္း ေၾကာင့္ အဖမ္းခံရသည္ဟူသည့္ ႏိုင္ငံေတာ္သမၼတရံုး ေျပာေရးဆုိခြင့္ရိွသူ၏ ေျပာၾကားခ်က္ကိုလည္း နားမလည္ႏိုင္ျဖစ္ရ သည္။ ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပမည္ဆုိပါမွ “ကရင္အာဇာနည္ေန႔” ဟူသည့္ အသံုးအႏူန္း မသံုးရလွ်င္ ဘာမ်ားအဓိပၸါယ္ရိွေတာ့မည္နည္း…။
ေစာဘဦးႀကီးကို ကရင္တုိင္းခ်စ္ခင္ေလးစားၾကည္ညိဳၾကသည္။ ၿဗိတိသွ်အင္ပါယာတစ္ခုလံုးတြင္ ေရွ႕ေနလုိက္ခြင့္ ရိွေသာ ဝတ္လံုေတာ္ရပညာတတ္ျဖစ္ေပမယ့္လည္း မာန္မာနေထာင္လႊားျခင္းမရိွ၊ ခ်မ္းသာႂကြယ္ဝသည့္မိသားစုမွ ဆင္း သက္လာေသာ္လည္း ဆင္းရဲသားမ်ားကို ငဲ့ညာေထာက္ထားသူျဖစ္သည္။ ဆင္းရဲသားလယ္သမားမ်ားအေပၚ လယ္ပိုင္ရွင္ ဖခင္၏ ျပဳမူေဆာင္ရြက္ပံုႏွင့္ပတ္သက္၍ ႏွစ္သက္ေက်နပ္မႈ မရိွသျဖင့္ သားအဖ အခ်င္းမ်ားရသည့္ျဖစ္စဥ္ရိွခဲ့သည္။ KNDO တပ္သားမ်ား ေငြတုိက္ေဖာက္၊ ဘဏ္စီးနင္း၍ ေငြမ်ားရယူမႈအေပၚ မိမိပိုင္လယ္ဧကမ်ားကို ေရာင္းခ်၍ ေပးေလ်ာ္မည္ဟု ဟိုစဥ္က ဝန္ႀကီးခ်ဳပ္ဦးႏုကို ကမ္းလွမ္းခ့ဲဖူးသည္ဟု သိရသည္။

ကရင္ျပည္နယ္ရယူေရးတြင္ လက္နက္ျဖင့္မဟုတ္ဘဲ ေစ့စပ္ညိႇႏႈိင္းသည့္နည္းျဖင့္ ရယူလုိသည့္ ေစ့စပ္ေရး၊ ညႇိႏႈိင္း ေရး၊ ၿငိမ္းခ်မ္းေရးသမားတစ္ဦးလည္း ျဖစ္သည္။ ဦးႏု၏ “ကရင္ျပည္နယ္ လိုိခ်င္ရင္ တုိက္ယူကြာ” ဟူသည့္ စိန္ေခၚစကား ဆုိလာမွသာ လက္နက္ကိုင္ေတာ္လွန္ေရးကို မလြဲမေရွာင္သာ စတင္ခ့ဲရပါသည္။ သူ၏ေဆာင္ပုဒ္တစ္ခုျဖစ္သည့္ “For us Surrender is out of Question” အတုိင္း အစိုးရတပ္ခြဲက သူတုိ႔ (၉)ဦးကို ဝုိင္းမိေသာအခါ လက္နက္ခ်ရန္ ေျပာေသာ္ လည္း အသက္ေသဆံုးသြားသည္အထိ ခုခံပစ္ခတ္ၾကသည့္ သူရဲေကာင္းစိတ္ဓာတ္ကို မည္သည့္ ကရင္ကမွ် မေလးစား၊ အသိအမွတ္မျပဳဘဲ မေနႏိုင္ပါ။

ဤသည္တုိ႔အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္လည္း လုပ္ေဖာ္ကိုင္ဖက္ ေရာင္းရင္းေကာင္းမ်ားပင္ ျဖစ္ၾကပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ကက္ဘိနက္ဝန္ႀကီးအဖြဲ႔တြင္ ျပန္ၾကားေရးဝန္ႀကီးအျဖစ္ ထမ္းရြက္ခ့ဲသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တုိ႔ႏွင့္အတူ ဂ်ပန္ေတာ္လွန္ေရးတြင္ ပူးေပါင္းပါဝင္ခ့ဲသည္။ ကရင္-ဗမာ အဓိက႐ုဏ္းမ်ားကို ဝုိင္းဝန္းေျဖရွင္းၿပီး ကရင္-ဗမာ ခ်စ္ၾကည္ေရးအတြက္ ေရွ႕တန္းမွေန၍ ဦးစီးဦးရြက္ျပဳခ့ဲသူတစ္ဦး ျဖစ္ပါသည္။ ကရင္ျပည္ရရိွေရးအတြက္ တစ္ျပည္လံုးရိွ ကရင္တုိင္းရင္းသားမ်ားအား အသံတိတ္ စည္းကမ္းတက် ဆႏၵျပႏုိင္ေရး စနစ္တက် စီမံေဆာင္ရြက္ႏုိင္မႈေၾကာင့္ ၁၉၄၈ ခု၊ ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႔တြင္ အနယ္နယ္အရပ္ရပ္ရိွ ကရင္တုိင္းရင္းသား စုစုေပါင္း(၄၄၁၀၀၀)က ရန္ကုန္သုိ႔ လာေရာက္အင္အားျပၿပီး ကရင္ျပည္ရရိွေရး၊ ဆႏၵထုတ္ေဖာ္ခ့ဲသည္မွာ ေစာဘဦးႀကီး၏ မွန္ကန္သည့္ ဦးေဆာင္စည္းရံုးမႈ ေၾကာင့္ပင္ ျဖစ္ပါသည္။

ယင္းသို႔ ကရင္တုိင္းရင္းသားအဖုိ႔ အလြန္ထူးကဲျမင့္ျမတ္ေသာ ေခါင္းေဆာင္က်ဆံုးသည့္ေန႔ကို “ကရင္အာဇာနည္ ေန႔”ဟု သတ္မွတ္ေခၚဆုိလွ်င္ မည္သူ႔ကို ထိခိုက္နစ္နာေစႏိုင္ပါသနည္း …။ သည္ႏိုင္ငံတြင္ အာဇာနည္ေန႔ တစ္ေန႔တည္း သာ ရိွရမည္ဟု ဆုိသူက ဆုိသည္။ တစ္ျပည္လံုးအတုိင္းအတာႏွင့္က မွန္သည္။ သို႔ရာတြင္ သက္ဆုိင္ရာတုိင္းရင္းသားမ်ား၌ လည္း သူ႔သမုိင္းႏွင့္သူရွိေနသည္ကို အသိအမွတ္ျပဳဖုိ႔ လုိမည္ျဖစ္ပါသည္။ မည္သည့္ တုိင္းရင္းလူမ်ိဳးတစ္မ်ိဳးမ်ိဳး၏ သမုိင္း ကိုမွ် ဖံုးကြယ္ခ်န္လွန္ထားလွပ္ထားျခင္း မျပဳသင့္ဟု ယူဆပါသည္။ ဤသို႔ေဆာင္ရြက္ျခင္းျဖင့္သာ ခ်စ္ၾကည္ျခင္း၊ စည္းလံုး ျခင္း၊ အမ်ိဳးသားရင္ၾကားေစ့ျခင္းကို ေဖာ္ေဆာင္ေနသည္ဟုပင္ ခံယူပါသည္။

ကရင္အာဇာနည္ ေစာဘဦးႀကီး၏ ရုပ္အေလာင္းကို က်ဳိကၡမီ ေရျပင္က်ယ္တြင္ ပစ္ခ်ျမဳပ္ႏွံခဲ့သည္ဟု သိရသည္။ တစ္ခ်ိန္တုန္းက မည္မွ်ပင္ မ်က္ႏွာခ်င္းမဆုိင္ေလာက္ေအာင္ မုန္းတီးေနၾကေပမယ့္လည္း ကြယ္လြန္အနိစၥေရာက္ခ့ဲေသာ အခါ အေလးထား ဂရုမူသင့္သည္ဟု ဆုိခ်င္ပါသည္။ ေစာဘဦးႀကီး၊ ဗိုလ္ခ်ဳပ္ေစာစို္င္းေခႏွင့္ အျခား အုတ္ဂူ( (၇)ခု၊ ေပါင္း (၉)ခုကို KNU/KNLA(PC)အဖြဲ႔ဝင္မ်ား ေနထုိင္ရာ ေထာ့ကိုကိုးေဒသ၌ ေဆာက္လုပ္ထားသည္ကို ေတြရသည္။

ေစာဘဦးႀကီး၏ ေမြးရပ္ ပုသိမ္ၿမိဳ႕နယ္၊ ဘဲကယက္ရြာ၌ ေစာဘဦးႀကီး၏ အာဇာနည္ေက်ာက္တုိင္ စိုက္ထူထား သည္ကို ေတြ႔ရသည္။… သူႏွင့္ပတ္သက္သည့္ အထိမ္းအမွတ္ ထုိမွ်သာရိွသည္။ ၿပီးခဲ့သည့္ ၂၀၁၇ခုႏွစ္က ၾကာအင္းဆိပ္ ႀကီးၿမိဳ႕နယ္၊ ဘုရားသံုးဆူေဒသတြင္ ေစာဦးႀကီး၏ပံုရုပ္ထုကို စုိက္ထူခြင့္ ေတာင္းခံခ့ဲေသာ္လည္း စုိက္ထူခြင့္မရခ့ဲေၾကာင္း သိရသည္။

တစ္ခုစဥ္းစားမိသည္။ ေစာဘဦးႀကီးသည္ ကရင္အမ်ိဳးသားေစာေမာင္အဲ၏ လက္ေထာက္ခ်မႈေၾကာင့္ ဝုိင္းဝန္း ပစ္ခတ္ျခင္းခံရၿပီး က်ဆံုးခ့ဲရသည္။ အလားတူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္လည္း ဗမာအမ်ိဳးသားဦးေစာ၏ လုပ္ၾကံမႈေၾကာင့္ က်ဆံုးခ့ဲရသည္။ အသားထဲက ေလာက္ထြက္သည့္ ျဖစ္ရပ္ေၾကာင့္ ေခါင္းေဆာင္ႀကီး(၂)ဦး က်ဆံုးရပံုခ်င္းတူညီေနသည္။ ထို႔ျပင္ သူတုိ႔ႏွစ္ဦး လက္တဲြေဆာင္ရြက္ခ့ဲၾကသည့္ အျခားလုပ္ရပ္မ်ားစြာရိွေနေသးသည္ကို ေဖာ္ျပၿပီးျဖစ္ပါသည္။ သို႔ရာတြင္ တႏိုင္ငံလံုး၌ ဗုိလ္ခ်ဳပ္ေဈး၊ ဗိုလ္ခ်ဳပ္ျပတုိက္၊ ဗိုလ္ခ်ဳပ္စာၾကည့္တုိက္၊ ဗိုလ္ခ်ဳပ္ေဘာလံုးကြင္း၊ ဗုိလ္ခ်ဳပ္ပန္းၿခံ၊ ဗိုလ္ခ်ဳပ္ေၾကး ရုပ္၊ ဗိုလ္ခ်ဳပ္လမ္း စသည္ စသည္တို႔ရိွေနၿပီး ျဖစ္သည့္အျပင္ မြန္တုိင္းရင္းသားမ်ား အလုိရိွသည့္ “ရာမညတံတား” (ေခၚ) ေမာ္လၿမိဳင္ ေခ်ာင္းဆံုတံတား (သို႔မဟုတ္) သံလြင္တံတား-ေခ်ာင္းဆံုကိုလည္း ဗုိလ္ခ်ဳပ္ေအာင္ဆန္း တံတား အမည္ ေပါက္ေအာင္ ျပည္ေထာင္စုလႊတ္ေတာ္၌ မဲခြဲဆံုးျဖတ္အမည္ေပးရသည့္ အေျခအေနထိေရာက္ေအာင္ ဖန္တီးေနျခင္းမွာ လြန္မ်ားလြန္လြန္းေနသလားဟူ၍… ဆုိခ်င္ပါသည္။

ဗုိလ္ခ်ဳပ္ေအာင္ဆန္းအမည္မေမးလွ်င္ ဘာမွမျဖစ္သလုိ၊ ဘုရားသံုးဆူၿမိဳ႕တြင္ ေစာဘဦးႀကီးပံုတစ္ပိုင္းပံု တပ္ဆင္ လွ်င္လည္း ဘာျပႆနာမွ်ေပၚမည္မထင္ပါ။ လြိဳင္ေကာ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္တစ္ခု မတပ္ဆင္လွ်င္လည္း ဘာမ်ား ျဖစ္ သြားမည္နည္း? သည္ကိစၥမ်ားသည္ တုိင္းရင္းသားခ်စ္ၾကည္စည္းလံုး ေသြးစည္းညီညႊတ္ေရးႏွင့္ အမ်ိဳးသားရင္ၾကားေစ့ေရး တုိ႔အတြက္ မ်ားစြာ သက္ေရာက္မႈရိွေစႏိုင္ေၾကာင္းကိုကား ေလးနက္စြာ သတိမူအပ္ေပသည္။

တုိင္းရင္းသားမ်ား၊ အထူးသျဖင့္ ကရင္တုိင္းရင္းသားတုိ႔၏ ခံစားခ်က္မ်ားႏွင့္ပတ္သက္၍ ရွည္လ်ားစြာ ေရးသား ေဖာ္ျပခ့ဲၿပီးျဖစ္ပါသည္။ ကရင္အာဇာနည္ေန႔ ျဖစ္တည္ေပၚေပါက္ခဲ့သည္ဟူသည့္ သမုိင္းျဖစ္ရပ္မွန္ကို ဖံုးကြယ္ေမွးမိွန္ေစ ျခင္းသည္လည္းေကာင္း၊ ကရင့္အေရးကို ေတာ္တည့္မွန္ကန္စြာ ဦးေဆာင္ဦးရြက္ျပဳသည့္ ကရင္အမ်ိဳးသားေခါင္းေဆာင္မ်ား ကို ဖမ္းဆီးအေရးယူျခင္းသည္လည္းေကာင္း၊ တစ္ေျမတစ္ေရတည္း၌ ရိွေနၾကေသာ တိုင္းရင္းသားမ်ား၏ သမိုင္းအေမြ အႏွစ္မ်ားကို တန္းတူညီတူ တင္ျပေဖာ္ထုတ္ခြင့္ မရိွျခင္းသည္လည္းေကာင္း၊ တုိင္းရင္းသားစည္းလံုးညီညႊတ္ေရးကို အသိ အမွတ္ျပဳရာ က်မက် စဥ္းစားသင့္ၿပီျဖစ္ပါသည္။ ကရင္အာဇာနည္ေန႔အခမ္းအနား က်င္းပျခင္းသည္ ျပည္ေထာင္စု မၿပိဳ ကြဲေရးကို အေႏွာက္အယွက္ေပးရာမေရာက္၊ ႏုိင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ တည္တ့ံခုိင္ၿမဲေရးကို ခ်ိဳးေဖာက္ရာလည္း မက်ေၾကာင္း၊ တင္ျပလုိပါသည္။

တစ္ဆို႔ေဝဝါးေနသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြမ်ား နားလည္မႈအလဲြမ်ားအေပၚ ဤအခ်က္တစ္ခုတည္းျဖင့္ ဗူးေလး ရာ ဖ႐ံုမဆင့္ေစခ်င္ပါ။ မိမိတုိ႔အခ်င္းခ်င္း နားလည္မႈျပည့္ဝစြာျဖင့္ ညီညႊတ္မွ်တ တန္းတူအခြင့္အေရးမ်ား ေဖာ္ထုတ္ေဆာင္ ၾကဥ္းေပးျခင္းအားျဖင့္ စစ္မွန္ေသာဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ၾကပါစို႔ … ။

မန္းေအာင္ျပည္စိုး

 

Unicode

၁၉၅၀ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့တွင် ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစိုင်းခေ အပါ အဝင် အပေါင်းပါ(၉)ဦးတို့သည် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်၊ ထော့ကိုကိုးကျေးရွာတွင် တပ်မတော်တပ်ခွဲတစ်ခွဲ၏ ဝိုင်းဝန်းပစ်ခတ်မှုဖြင့် အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ၁၉၅၁ခု ဧပြီလတွင် ကျင်းပသော ကော်သူးလေအစိုးရ၏ အစည်းအ ဝေး၌ စောဘဦးကြီး ကျဆုံးခဲ့သော သြဂုတ်လ(၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်အတည်ပြုခဲ့ပါသည်။

၁၉၅၁ခုနှစ်မှစ၍ ယခုအချိန်အထိ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်ရာဒေသများတွင် ကရင်အာဇာ နည်နေ့အခမ်းနားများကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြပါသည်။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ပဒိုအောင် ဆန်း၊ စောသုမူဟဲ၊ ဗိုလ်ချုပ်ကြီးဌေးမောင်(စောထိန်မောင်)၊ သံတောင်မြောက်ပိုင်းအဖွဲ့၊ ဒီကေဘီအေအဖွဲ့နှင့် နောက်ဆုံး KNU-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ပြည်တွင်းသို့ ဝင်လာကြရာ၌ ၂၀၁၂ခုနှစ်တွင် အားလုံးရောက်ရှိလာကြသည်ဟု သိရပါသည်။

ထိုသို့ ရောက်လာသည်နှင့်အတူ ကရင်သမိုင်းအမွေအနှစ်တစ်ခုဖြစ်သည့် ကရင်အာဇာနည်နေ့သမိုင်းသည်လည်း ထပ်ကြပ်မကွာ ပါဝင်လာသည်ဖြစ်ရာ မှတ်သားမိသရွေ့ ပြည်တွင်း၌ ၂၀၁၄ခုနှစ်တွင် ရန်ကုန် ယုဒသန်ခန်းမ၌ နော်အုန်းလှ နှင့် ကရင်အမျိုးသားတစ်ချို့က ကရင်အာဇာနည်နေ့အခမ်းအနားကို စတင်ကျင်းပခဲ့ပါသည်။ ၂၀၁၅ခုနှစ်တွင်မူ KNU မှ ဦးစီးပြီး သံတောင်မြို့နယ်ဘက်တွင် ကရင်အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်ဟု သိရှိရပါသည်။

၂၀၁၅ခုနှစ်တွင် KNU က NCA စာချုပ် လက်မှတ်ထိုးလိုက်သဖြင့် မတရားအသင်းဥပဒေပုဒ်မ ၁၇/၁ မှ လွတ်ကင်း သွားပြီဖြစ်ရာ ကရင်ပြည်နယ်မြို့တော် ဖားအံမြို့ပေါ်တွင် ၂၀၁၆ခုနှစ်မှစ၍ ယခု ၂၀၁၉ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ကရင်အာ ဇာနည်နေ့ အခမ်းအနားကို ပုံမှန်ကျင်းပလာခဲ့ပါသည်။ ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများဖြစ်သည့် လေးဝါး(လော်ဟီးလာ)၊ ထော့ကိုကိုးရွာ(ကော့ကရိတ်မြို့နယ်)၊ ကွင်းကလေးရွာ၊ မြဝတီမြို့နယ် (ဗိုလ်ချုပ်စောမူတူးစေးဖိုး ၏ မွေးရပ်)၊ ဆုံဆည်းမြိုင် (DKBA)ဌာနချုပ်နှင့် KNU တပ်မတော်-၇ခု တည်ရှိရာနေရာများ၌ ၁၉၅၁ခုနှစ်မှ ယနေ့အထိ ကရင်အာဇာနည်နေ့ အခမ်းအနားများကို ပုံမှန်ကျင်းပလာခဲ့ကြသည်။

ပြည်တွင်း၌ကား အထင်ဖော်ပြပါအတိုင်း အနှောက်အယှက် အဟန့်အတား မရှိ ကျင်းပလာခဲ့ကြသော်လည်း ယခု ၂၀၁၉ခုနှစ်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခြင်းကို ဟန့်တားပိတ်ဆို့ မှုများ ရှိနေကြောင်း သိရှိရသည်။ ယခု ဤဆောင်းပါးစတင်ရေးသားသည့် (၁၇.၉.၂၀၁၉) အထိ လူမှုကွန်ယက်၊ ဆိုရှယ်မီ ဒီယာနှင့် ဖေ့စ်ဘွတ်တို့တွင် အမျိုးမျိုးဝေဖန်သုံးသပ် ထောက်ပြပြောဆိုနေကြသည်များ ရှိသကဲ့သို့ KNU၏ ဒုတိယဥက္ကဌ တာဝန်ယူခဲ့ဖူးသော နော်စီဖိုးရာစိန် ဦးစီးသည့် KNU Concerned Group သည်၎င်း၊ KNU ကရင်အမျိုးသားအစည်းအရုံး သည်၎င်း၊ IKO (International Karen Organization) အပြည်ပြည်ဆိုင်ရာကရင်အမျိုးသားများအဖွဲ့သည်၎င်း၊ တိုင်းရင်း သားပေါင်းစုံလူမှုကွန်ယက်သည်၎င်း၊ ပြစ်တင်ရှုတ်ချ ကန့်ကွက်ဝေဖန်သည့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ကြပါ သည်။ ကရင်နိုင်ငံရေးပါတီများနှင့် ကရင်အမျိုးသားသဟာယအသင်း၊ ကရင်လူငယ်များ၊ ကရင်လူမှုအဖွဲ့အစည်းများ ရန်ကုန်မြို့တွင် တွေ့ဆုံညှိနှိုင်း၍ ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပမှု ဟန့်တားခြင်းကို မလိုလားကြောင်း၊ မဖြစ်သင့် ကြောင်း၊ သဘောထားထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြုရေး တင်ပြမေတ္တာရပ်ခံ စာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

ယခု ၂၀၁၉ခုနှစ်တွင် ဤသို့သောအခြေအနေများ ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ ပြန်လည်ဆန်းစစ်ကြည့်ရာ ၌ ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက “ကရင်အာဇာနည်နေ့” ဟူသည့် အသုံးအနှုန်းကို မသုံးစွဲရန် ဧရာဝတီ တိုင်း ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းသို့ စာထုတ်ညွှန်ကြားခဲ့ရာမှ စောဘဦးကြီးရဲ့ မွေးရပ်မြေ ပုသိမ်မြို့နယ်၊ ဘဲဂယက်ရွာရှိ စောဘဦးကြီးကို ရည်ရွယ်တည်ဆောက်ထားသော ကျောက်တိုင်၌ အခမ်းအနားကျင်းပခွင့်၊ အရိုအသေအလေးပြုခွင့် မရဘဲ သစ်ပင်စိုက်ပျိုးသည့် အထိမ်းအမှတ်သာ ဆောင်ရွက်ခဲ့ရကြောင်း သိရှိခဲ့ရပါသည်။

တဖန် ရန်ကုန်တိုင်း၌လည်း ကမာရွတ်မြို့နယ်နှင့် ဒဂုန်မြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် ကရင်အာဇာနည်နေ့ ကျင်းပခွင့်ရရန် တင်ပြတောင်းခံခဲ့သော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပခွင့်မပြုသဖြင့် ရန်ကုန်မြို့ တော် ခန်းမရှေ့ ဗန္ဓုလပန်းခြံတွင် ငြိမ်းစုစီဥပဒေဖြင့် ကျင်းပခွင့်ပြုရန် ထပ်မံတင်ပြရာ ကရင်အာဇာနည်နေ့ဟူသော အသုံး အနူန်းကို မသုံးရဟူသည့် ကန့်သတ်ချက်ဖြင့် ခွင့်ပြုခဲ့သည်ဟု ကြားသိပါသည်။ သို့သော် နော်အုန်းလှနှင့် ကရင်လူငယ် ခေါင်းဆောင်များက ကရင်အာဇာနည်နေ့ ဟူသည်ကိုသာ အသုံးပြုခဲ့သဖြင့် တစ်ပြည်လုံး သိရှိကြား ပြီးဖြစ်သည့်အတွက် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့ ဖမ်းဆီးခြင်းခံကြရပါသည်။ ဖားအံမြို့နှင့် ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဒေသတို့တွင် ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနားများကိုမူကား နှောက်ယှက်ဟန့်တားမှု တစ်စုံတစ်ရာ မရှိ ကြောင်း သိရှိရပါသည်။

သို့ဆိုလျှင် မိမိတို့ပြည်သူများ၊ ကရင်တိုင်းရင်းသားများ မည်သို့နားလည်သဘောပေါက်ကြရမည်နည်း..။ ကရင် တိုင်းရင်းသားများသည် တစ်နိုင်ငံလုံး အနှံ့အပြားနေထိုင်ကြသည်။ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကယား၊ အထက်မြန်မာပြည်ဒေသအားလုံး၌ ကရင်များရှိကြသည်။ ဧရာဝတီတိုင်းရှိ ကရင်လူဦးရေသည် ကရင်ပြည်နယ်ရှိ ကရင်လူ ဦးရေထက် များသည်။ စောဘဦးကြီးသည် ဧရာဝတီဇာတိဖြစ်သည်။ ကရင်အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ်၌ ဟန့်တားနှောက်ယှက်မှုကင်းစွာ ကျင်းပခွင့်ရသကဲ့သို့ ကရင်များနေထိုင်ရာ ဤနိုင်ငံရှိ မည်သည့်ဒေသတွင်မဆို ကရင်များ က “ကရင်အာဇာနည်နေ့” အခမ်းအနားကို ကျင်းပလိုကြမည်သာ ဖြစ်ပါသည်။

မိမိ၏ခေါင်းဆောင်ကို သတိတရဦးခိုက်၊ ရှိခိုးကန်တော့ အရိုအသေပေးလိုကြသည်မှာ ဓမ္မတာပင် မဟုတ်ပါလား။ တစ်ခုရှိသည်ကား ဤအခမ်းအနားကျင်းပခြင်းကြောင့် ဆူပူမှု၊ ရုန်းရင်းဆန်ခတ်ပြုမှု၊ မလိုလား မုန်းထားမှုများ ပေါ်ပေါက်လာ ခဲ့လျှင် တာဝန်ရှိသူကို ထိရောက်စွာ အရေးယူနိုင်ပေသည်ပဲလေ။ ယခုကား အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီရေး၊ တန်းတူညီမျှရေးဟူ၍ ကျယ်ကျယ်လောင်လောင် ကြွေးကြော်ချီတက်လာသည့် ဒီမိုကရေစီအစိုးရသည် ဟန့် တားပိတ်ဆို့မှု၊ ဖမ်းဆီးအရေးယူမှု တိုင်းရင်းသား ချစ်ကြည်စည်းလုံးညီညွှတ်ရေးကို လျစ်လျူရှုမှုတို့ဖြင့် မိမိ၏ ကတိကဝတ် များကို ဖောက်ဖျက်နေလေသလော…။

ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းကြောင့်မဟုတ်ဘဲ ငြိမ်းစုစီဥပဒေပုဒ်မ(၂၀)ကို ဖောက်ဖျက် ခြင်း ကြောင့် အဖမ်းခံရသည်ဟူသည့် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကိုလည်း နားမလည်နိုင်ဖြစ်ရ သည်။ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမည်ဆိုပါမှ “ကရင်အာဇာနည်နေ့” ဟူသည့် အသုံးအနူန်း မသုံးရလျှင် ဘာများအဓိပ္ပါယ်ရှိတော့မည်နည်း…။
စောဘဦးကြီးကို ကရင်တိုင်းချစ်ခင်လေးစားကြည်ညိုကြသည်။ ဗြိတိသျှအင်ပါယာတစ်ခုလုံးတွင် ရှေ့နေလိုက်ခွင့် ရှိသော ဝတ်လုံတော်ရပညာတတ်ဖြစ်ပေမယ့်လည်း မာန်မာနထောင်လွှားခြင်းမရှိ၊ ချမ်းသာကြွယ်ဝသည့်မိသားစုမှ ဆင်း သက်လာသော်လည်း ဆင်းရဲသားများကို ငဲ့ညာထောက်ထားသူဖြစ်သည်။ ဆင်းရဲသားလယ်သမားများအပေါ် လယ်ပိုင်ရှင် ဖခင်၏ ပြုမူဆောင်ရွက်ပုံနှင့်ပတ်သက်၍ နှစ်သက်ကျေနပ်မှု မရှိသဖြင့် သားအဖ အချင်းများရသည့်ဖြစ်စဉ်ရှိခဲ့သည်။ KNDO တပ်သားများ ငွေတိုက်ဖောက်၊ ဘဏ်စီးနင်း၍ ငွေများရယူမှုအပေါ် မိမိပိုင်လယ်ဧကများကို ရောင်းချ၍ ပေးလျော်မည်ဟု ဟိုစဉ်က ဝန်ကြီးချုပ်ဦးနုကို ကမ်းလှမ်းခဲ့ဖူးသည်ဟု သိရသည်။

ကရင်ပြည်နယ်ရယူရေးတွင် လက်နက်ဖြင့်မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းသည့်နည်းဖြင့် ရယူလိုသည့် စေ့စပ်ရေး၊ ညှိနှိုင်း ရေး၊ ငြိမ်းချမ်းရေးသမားတစ်ဦးလည်း ဖြစ်သည်။ ဦးနု၏ “ကရင်ပြည်နယ် လိုချင်ရင် တိုက်ယူကွာ” ဟူသည့် စိန်ခေါ်စကား ဆိုလာမှသာ လက်နက်ကိုင်တော်လှန်ရေးကို မလွဲမရှောင်သာ စတင်ခဲ့ရပါသည်။ သူ၏ဆောင်ပုဒ်တစ်ခုဖြစ်သည့် “For us Surrender is out of Question” အတိုင်း အစိုးရတပ်ခွဲက သူတို့ (၉)ဦးကို ဝိုင်းမိသောအခါ လက်နက်ချရန် ပြောသော် လည်း အသက်သေဆုံးသွားသည်အထိ ခုခံပစ်ခတ်ကြသည့် သူရဲကောင်းစိတ်ဓာတ်ကို မည်သည့် ကရင်ကမျှ မလေးစား၊ အသိအမှတ်မပြုဘဲ မနေနိုင်ပါ။

ဤသည်တို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်လည်း လုပ်ဖော်ကိုင်ဖက် ရောင်းရင်းကောင်းများပင် ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကက်ဘိနက်ဝန်ကြီးအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း တို့နှင့်အတူ ဂျပန်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ခဲ့သည်။ ကရင်-ဗမာ အဓိကရုဏ်းများကို ဝိုင်းဝန်းဖြေရှင်းပြီး ကရင်-ဗမာ ချစ်ကြည်ရေးအတွက် ရှေ့တန်းမှနေ၍ ဦးစီးဦးရွက်ပြုခဲ့သူတစ်ဦး ဖြစ်ပါသည်။ ကရင်ပြည်ရရှိရေးအတွက် တစ်ပြည်လုံးရှိ ကရင်တိုင်းရင်းသားများအား အသံတိတ် စည်းကမ်းတကျ ဆန္ဒပြနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်နိုင်မှုကြောင့် ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား စုစုပေါင်း(၄၄၁၀၀၀)က ရန်ကုန်သို့ လာရောက်အင်အားပြပြီး ကရင်ပြည်ရရှိရေး၊ ဆန္ဒထုတ်ဖော်ခဲ့သည်မှာ စောဘဦးကြီး၏ မှန်ကန်သည့် ဦးဆောင်စည်းရုံးမှု ကြောင့်ပင် ဖြစ်ပါသည်။

ယင်းသို့ ကရင်တိုင်းရင်းသားအဖို့ အလွန်ထူးကဲမြင့်မြတ်သော ခေါင်းဆောင်ကျဆုံးသည့်နေ့ကို “ကရင်အာဇာနည် နေ့”ဟု သတ်မှတ်ခေါ်ဆိုလျှင် မည်သူ့ကို ထိခိုက်နစ်နာစေနိုင်ပါသနည်း …။ သည်နိုင်ငံတွင် အာဇာနည်နေ့ တစ်နေ့တည်း သာ ရှိရမည်ဟု ဆိုသူက ဆိုသည်။ တစ်ပြည်လုံးအတိုင်းအတာနှင့်က မှန်သည်။ သို့ရာတွင် သက်ဆိုင်ရာတိုင်းရင်းသားများ၌ လည်း သူ့သမိုင်းနှင့်သူရှိနေသည်ကို အသိအမှတ်ပြုဖို့ လိုမည်ဖြစ်ပါသည်။ မည်သည့် တိုင်းရင်းလူမျိုးတစ်မျိုးမျိုး၏ သမိုင်း ကိုမျှ ဖုံးကွယ်ချန်လှန်ထားလှပ်ထားခြင်း မပြုသင့်ဟု ယူဆပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့်သာ ချစ်ကြည်ခြင်း၊ စည်းလုံး ခြင်း၊ အမျိုးသားရင်ကြားစေ့ခြင်းကို ဖော်ဆောင်နေသည်ဟုပင် ခံယူပါသည်။

ကရင်အာဇာနည် စောဘဦးကြီး၏ ရုပ်အလောင်းကို ကျိုက္ခမီ ရေပြင်ကျယ်တွင် ပစ်ချမြုပ်နှံခဲ့သည်ဟု သိရသည်။ တစ်ချိန်တုန်းက မည်မျှပင် မျက်နှာချင်းမဆိုင်လောက်အောင် မုန်းတီးနေကြပေမယ့်လည်း ကွယ်လွန်အနိစ္စရောက်ခဲ့သော အခါ အလေးထား ဂရုမူသင့်သည်ဟု ဆိုချင်ပါသည်။ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစိုင်းခေနှင့် အခြား အုတ်ဂူ( (၇)ခု၊ ပေါင်း (၉)ခုကို KNU/KNLA(PC)အဖွဲ့ဝင်များ နေထိုင်ရာ ထော့ကိုကိုးဒေသ၌ ဆောက်လုပ်ထားသည်ကို တွေရသည်။

စောဘဦးကြီး၏ မွေးရပ် ပုသိမ်မြို့နယ်၊ ဘဲကယက်ရွာ၌ စောဘဦးကြီး၏ အာဇာနည်ကျောက်တိုင် စိုက်ထူထား သည်ကို တွေ့ရသည်။… သူနှင့်ပတ်သက်သည့် အထိမ်းအမှတ် ထိုမျှသာရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ခုနှစ်က ကြာအင်းဆိပ် ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် စောဦးကြီး၏ပုံရုပ်ထုကို စိုက်ထူခွင့် တောင်းခံခဲ့သော်လည်း စိုက်ထူခွင့်မရခဲ့ကြောင်း သိရသည်။

တစ်ခုစဉ်းစားမိသည်။ စောဘဦးကြီးသည် ကရင်အမျိုးသားစောမောင်အဲ၏ လက်ထောက်ချမှုကြောင့် ဝိုင်းဝန်း ပစ်ခတ်ခြင်းခံရပြီး ကျဆုံးခဲ့ရသည်။ အလားတူ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ဗမာအမျိုးသားဦးစော၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ အသားထဲက လောက်ထွက်သည့် ဖြစ်ရပ်ကြောင့် ခေါင်းဆောင်ကြီး(၂)ဦး ကျဆုံးရပုံချင်းတူညီနေသည်။ ထို့ပြင် သူတို့နှစ်ဦး လက်တွဲဆောင်ရွက်ခဲ့ကြသည့် အခြားလုပ်ရပ်များစွာရှိနေသေးသည်ကို ဖော်ပြပြီးဖြစ်ပါသည်။ သို့ရာတွင် တနိုင်ငံလုံး၌ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်စာကြည့်တိုက်၊ ဗိုလ်ချုပ်ဘောလုံးကွင်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ကြေး ရုပ်၊ ဗိုလ်ချုပ်လမ်း စသည် စသည်တို့ရှိနေပြီး ဖြစ်သည့်အပြင် မွန်တိုင်းရင်းသားများ အလိုရှိသည့် “ရာမညတံတား” (ခေါ်) မော်လမြိုင် ချောင်းဆုံတံတား (သို့မဟုတ်) သံလွင်တံတား-ချောင်းဆုံကိုလည်း ဗိုလ်ချုပ်အောင်ဆန်း တံတား အမည် ပေါက်အောင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်အမည်ပေးရသည့် အခြေအနေထိရောက်အောင် ဖန်တီးနေခြင်းမှာ လွန်များလွန်လွန်းနေသလားဟူ၍… ဆိုချင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအမည်မမေးလျှင် ဘာမှမဖြစ်သလို၊ ဘုရားသုံးဆူမြို့တွင် စောဘဦးကြီးပုံတစ်ပိုင်းပုံ တပ်ဆင် လျှင်လည်း ဘာပြဿနာမျှပေါ်မည်မထင်ပါ။ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တစ်ခု မတပ်ဆင်လျှင်လည်း ဘာများ ဖြစ် သွားမည်နည်း? သည်ကိစ္စများသည် တိုင်းရင်းသားချစ်ကြည်စည်းလုံး သွေးစည်းညီညွှတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး တို့အတွက် များစွာ သက်ရောက်မှုရှိစေနိုင်ကြောင်းကိုကား လေးနက်စွာ သတိမူအပ်ပေသည်။

တိုင်းရင်းသားများ၊ အထူးသဖြင့် ကရင်တိုင်းရင်းသားတို့၏ ခံစားချက်များနှင့်ပတ်သက်၍ ရှည်လျားစွာ ရေးသား ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ကရင်အာဇာနည်နေ့ ဖြစ်တည်ပေါ်ပေါက်ခဲ့သည်ဟူသည့် သမိုင်းဖြစ်ရပ်မှန်ကို ဖုံးကွယ်မှေးမှိန်စေ ခြင်းသည်လည်းကောင်း၊ ကရင့်အရေးကို တော်တည့်မှန်ကန်စွာ ဦးဆောင်ဦးရွက်ပြုသည့် ကရင်အမျိုးသားခေါင်းဆောင်များ ကို ဖမ်းဆီးအရေးယူခြင်းသည်လည်းကောင်း၊ တစ်မြေတစ်ရေတည်း၌ ရှိနေကြသော တိုင်းရင်းသားများ၏ သမိုင်းအမွေ အနှစ်များကို တန်းတူညီတူ တင်ပြဖော်ထုတ်ခွင့် မရှိခြင်းသည်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အသိ အမှတ်ပြုရာ ကျမကျ စဉ်းစားသင့်ပြီဖြစ်ပါသည်။ ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းသည် ပြည်ထောင်စု မပြို ကွဲရေးကို အနှောက်အယှက်ပေးရာမရောက်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ချိုးဖောက်ရာလည်း မကျကြောင်း၊ တင်ပြလိုပါသည်။

တစ်ဆို့ဝေဝါးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နားလည်မှုအလွဲများအပေါ် ဤအချက်တစ်ခုတည်းဖြင့် ဗူးလေး ရာ ဖရုံမဆင့်စေချင်ပါ။ မိမိတို့အချင်းချင်း နားလည်မှုပြည့်ဝစွာဖြင့် ညီညွှတ်မျှတ တန်းတူအခွင့်အရေးများ ဖော်ထုတ်ဆောင် ကြဉ်းပေးခြင်းအားဖြင့် စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြပါစို့ … ။

မန်းအောင်ပြည်စိုး

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button