ဆောင်းပါး

သတ္နည္းရယ္တဲ့ အစုံအလင္

သတ်နည်းရယ်တဲ့ အစုံအလင်

တကယ်တော့ အကြမ်းဖက်စစ်အုပ်စုပြောတဲ့ လွတ်ငြိမ်းခွင့်ဆိုတာ မတရားဖမ်းဆီးခံရတဲ့သူတွေကို ပြန်လွှတ် တာဖြစ်လို့ ရွေးတစ်စေ့မျှပင် ကျေးဇူးတင်စရာမလိုတဲ့ ကိစ္စရပ်ပါ။အောက်တိုဘာ၁၈ရက်မှ စတင် လွှတ်တယ်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသား၅၀၀၀ကျော်၊ဒါပေမဲ့ နောက်တစ်နေ့မှာပဲ အော့အန်ချင်စရာ အ ပုပ်နံ့ကြီးက တစ်နိုင်ငံလုံးအနှံ့ပျံ့ခဲ့တယ်။

အင်မတန်လူမဆန်လွန်းတဲ့ ယုတ်မာပက်စက်မှုကြီး။လွှတ်ပါတယ်လို့ပြောပြီး ထောင်ဗူးဝရောက်ရုံရှိ သေး နောက်တစ်မှုနဲ့ ထပ်ဖမ်းလိုက်တယ်။မိတ္ထီလာမှာဆို စုစုပေါင်း၁၁ယောက်၊ထောင်ဗူးဝအရောက်၊မိသားစု ဝင်တွေကို လိုက်ရှာရုံရှိသေး အချုပ်ကားက အဆင်သင့်စောင့်နေပြီး မပြောမဆိုနဲ့ ရဲစခန်းကိုတန်းခေါ်သွား ၊နောက်တစ်မှုနဲ့ထပ်ဖမ်းတယ်တဲ့။

ထောင်ကလွတ်ပြီဆိုမှ ဘာ့ကြောင့် နောက်တစ်မှုဆိုတာကြီးက ချက်ချင်းပေါ်လာရသလဲ။ပြီးတော့ နောက်တစ်မှုဆိုတာကြီးက အခုထောင်ကနေလွတ်ပြီဆိုမှ အစုလိုက်အပြုံလိုက် ဘာ့ကြောင့်ပေါ်လာရသလဲ။ အမှန်တကယ်သွေးရိုးသားရိုး နောက်တစ်မှုဆိုတာရှိခဲ့ရင် ထောင်ကိုအကြောင်းကြား၊ထောင်နဲ့ရဲအာဏာပိုင် ချင်းညှိပြီး ထောင်ကနေလွှတ်မပေးခင်ကတည်းက တစ်ခါတည်းအပြတ်လုပ်လို့ရတယ်။

စဉ့်ကူမြို့သား နိုင်ငံရေးအကျဉ်းသား၃ဦးဆို မန္တလေး၊အိုးဘို ထောင်ကနေလွတ်ပြီး စဉ်ကူကိုရောက် ပြီး မှ ရဲစခန်းထဲခေါ်ပြီး နောက်တစ်မှုနဲ့ဖမ်းလိုက်တယ်။အဆိုတော် အီတိုးဆို ဒီနေ့ထောင်ကလွတ်၊အိမ်မှာ တစ်ညအိပ်ပြီး နောက်တစ်ရက်နေ့ခင်းကျတော့ ရဲက နောက်တစ်မှုဆို ပြီး အိမ်မှာလာဖမ်းသွားပြန်တယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ အောက် တိုဘာ၂၁ရက်နေ့ထုတ်ပြန်ချက် အရ တစ်နိုင်ငံလုံးမှာ လွှတ်ပြီးပြန်အဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား၁၁၀ ရှိ တယ်လို့သိရတယ်။

ထောင်ဆိုတာ ဘယ်သူမှနေချင်တဲ့နေရာမဟုတ်ဘူး။ထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ပေါင်းပြီး ကြီးပွားနေတဲ့ အကျဉ်းသားတွေတောင် ထောင်ထဲမနေချင်ကြဘူး။ဒါ့ကြောင့် ထောင်ကျအားလုံးလိုလို ဟာ ကိုယ်လွတ်မယ့်ရက်ကို တရွေ့ရွေ့နဲ့မျှော်လေ့ရှိတယ်။ထောင်ကနေ လွတ်ရင် ဘာလုပ်မယ်ဆိုပြီး စိတ်ကူးယဉ် တတ်ကြတယ်။လွတ်ငြိမ်းလိုမျိုးနဲ့ မမျှော်လင့်ဘဲ ထောင်က လွတ်တော့မယ်ဆို ရုတ်တရက် ရှော့ခ်ရတဲ့အထိ ပျော်ကြရတယ်။

မှတ်မိသေးတယ်။ဆရာဒဂုန်တာရာထောင်ထဲရောက်နေစဉ်တစ်ရက်၊ထောင်ပိုင်ကတွေ့ချင်လို့ဆိုပြီး သူနေတဲ့အခန်းဆီ ထောင်ဝန်ထမ်းတစ်ဦးကလာခေါ်တယ်။ဆရာတာရာက ဘာတွေစိတ်အချဉ်ပေါက်နေသ လဲမသိ၊နေမကောင်းဘူး၊ဒီအတိုင်းမလိုက်နိုင်ဘူး၊ထမ်းစင်နဲ့ခေါ်မှ လိုက်နိုင်မယ်လို့ဆိုတာနဲ့ ထောင်ဗူးဝဆီ ထမ်းစင်နဲ့ခေါ်သွားကြတယ်။ဆရာတာရာက ထမ်းစင်ပေါ် လှဲလျက်နဲ့၊ဗူးထဲရောက်တော့ ထောင်ပိုင်က ‘ဆရာ ကို ထောင်ကနေလွှတ်ဖို့လာခေါ်တာ’ လို့ဆိုလိုက်ရော အနုပညာစိတ်ကြီးတဲ့ဆရာတာရာခမျာ ရုတ်တရက် ရှော့ခ် ထမ်းစင်ပေါ် ငေါက်ခနဲ ထထိုင်မိတယ်တဲ့။

အဲဒီလို မထင်ထားဘဲ ထောင်ကလွတ်တော့မယ်လို့ ရုတ်တရက်သိရတဲ့အချိန်မှာ ဘယ်သူမဆို သိပ် ကိုပျော်ကြရတယ်။အခုလို နိုင်ကျဉ်း၅၀၀၀ကျော်ကို လွှတ်မယ်လို့ သတင်းကြားရတော့ အပြင်မှာကျန်ခဲ့တဲ့ မိ သားစုတွေခမျာ ထောင်ထဲရောက်နေတဲ့ ကိုယ့်လင်ကိုယ့်သား ကိုယ့်အဖေ၊ကိုယ့်အမေများ ပါလာလေမလား၊ မရဲတရဲ မျှော်လင့်ချက်တွေနဲ့ ထောင်ထိပ်ကို ပြေးလာကြရတယ်။

စဉ်းစားကြည့်၊ရုတ်တရက် ထောင်ကလွတ်ပြီဆိုပြီးမှ ရုတ်တရက်ပြန်အဖမ်းခံရတဲ့ ရှော့ခ်။ထောင်ရှေ့ မှာ ကိုယ့်ကိုမြင်လို့လွှတ်ပျော်နေတဲ့ မိသားစုဝင်တွေခမျာ ချက်ချင်းဆိုသလို ပြန်အဖမ်းခံတယ်လို့ ထပ်သိရ တော့ ဘယ်လောက်ခံစားရရှာမလဲ။ကိုယ့်အဖေ(သို့မဟုတ်)ကိုယ့်အမေကို ခဏလေးမြင်လိုက်ရပြီး ပြန်အဖမ်း ခံရ တာကို သားသမီးအငယ်လေးတွေ ဘယ်လောက်ခံစားရရှာမလဲ။

ဒီလိုချက်ချင်းလွှတ်၊ချက်ချင်းပြန်ဖမ်းတာကတစ်နိုင်ငံလုံးအနှံ့၊ နိုင်ငံရေးအကျဉ်းသား၁၁၀ ကြီးများ တောင်ဆိုတော့ တိုက်ဆိုင်မှုတော့မဖြစ်တန်ရာ၊စနစ်တကျကြိုတင်ပြင်ဆင်ပြီးလုပ်တဲ့ ရက်စက်ယုတ်မာမှုကြီး ပါပဲ။

ဒီလိုယုတ်မာမှုမျိုးက အခုမှလုပ်တာဘယ်ဟုတ်မလဲ။ပထမအာဏာရှင်နေဝင်းလက်ထက်တုန်းကဆို ရင် နိုင်ငံရေးအကျဉ်းသားများစွာကို ထောင်ထဲပစ်ထည့်ထားလိုက်တယ်။တရားလည်းမစွဲဘူး။ထောင်လည်းမ ချဘူး။ဘယ်နေ့လွှတ်မယ်မှန်းလည်းမသိဘူး။ဒီနေ့လည်းလွှတ်ချင်လွှတ်မယ်၊နောက်၅နှစ်လည်းကြာနိုင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ့်အနာဂတ်ကိုယ် ကြိုစဉ်းစားခွင့်မရအောင်ကိုလုပ်ခဲ့တယ်။နိုင်ငံရေးအကျဉ်း သားတွေရဲ့ဘဝဟာ သူ့လက်ထဲလုံးလုံးလျားလျားရှိတယ်ဆိုတဲ့အပေါက်မျိုးနဲ့ အစွမ်းကုန်ရက်စက်ခဲ့တယ်။

ဒုတိယအာဏာရှင်လက်ထက်ရောက်တော့လည်း ဘဘဦးဝင်းတင်၊ကိုမင်းကိုနိုင်…….။နိုင်ငံရေးမ လုပ်တော့ပါဘူးလို့ လက်မှတ်ထိုးရင် လွှတ်ပေးမယ်ဆိုတဲ့ အားပြိုင်ပွဲမှာ သံမဏိသားတွေက ပြတ်ပြတ်သား သားအနိုင်ရခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း လွတ်ရက်မသိတဲ့နိုင်ကျဉ်းများစွာ။လွှတ်ပြီဆိုပြီး ထောင်ဗူးထဲခေါ်၊ ပြီးတော့ ထောင်ဗူးထဲမှာတင် နောက်တစ်မှုတပ်၊ပြန်ဖမ်း။

ဆိုတော့၊နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ဒဏ်ရာအကြီးကြီးရအောင် မွှေ့ရမ်းပစ်လိုက်တဲ့ အင်မ တန် ယုတ်မာပက်စက်မှုတွေဟာ အာဏာရှင်တွေရဲ့ဉာဉ်၊အာဏာရှင်တွေရဲ့ သန္ဓေဆိုးလို့ပြောရင်လည်း တစ် ရာခိုင်နှုန်းမလွဲ မှန်မယ်လို့ ယုံကြည်ပါတယ်။

နောက်ထပ်ရှိသေးတယ်၊ထောင်ကျရက်ပြည့်ပြီ၊ထောင်ကလွတ်ပြီဆိုပေမဲ့ SB(သတင်းတပ်ဖွဲ့)လာမ ခေါ်လို့ မလွတ်တဲ့သူတွေ။ဒုတိယအာဏာရှင်သန်းရွှေလက်ထက်တုန်းက ယုတ်မာပက်စက်မှု။၁၇/၁ပုဒ်မနဲ့ ထောင်ကျ တဲ့တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်တွေ ထောင်ကလွတ်ပြီဆို SBက ထောင်ဗူးဝမှာလာခေါ်ပြီး သူတို့စရိတ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်ရဲ့ ဇာတိမြို့ပေါ်အထိ လိုက်ပို့လေ့ရှိတယ်။

ဘာ့ကြောင့်ဇာတိမြို့အထိလိုက်ပို့သလဲဆိုတာ သေချာမသိပေမဲ့ ကျနော်ထိ တွေ့ခဲ့ဖူးတဲ့ တိုင်းရင်း သား ရဲဘော်အများစုဟာ သူတို့မြို့ပရဝဏ်နဲ့ တောထဲတောင်ထဲသာ ဖြတ်သန်းခဲ့ကြတာမို့ မန္တလေးကနေ သူတို့ရွာအရောက် မပြန်တတ်တာလည်းတစ်ကြောင်းပါမယ်လို့ထင်တယ်။

မန္တလေးထောင်မှာက ည၆နာရီတန်းပိတ်တဲ့အချိန်ဆို မနက်ဖြန်ထောင်ကလွတ်မယ့် လွတ်လူစာရင်း ကိုကြေညာလေ့ရှိတယ်။ထောင်အုပ်ချုပ်ရေးပိုင်းမှာပါတဲ့ အကျဉ်းသားတွေနဲ့သူတို့နဲ့ပတ်သက်တဲ့လူတွေက ကိုယ်လွတ်မယ့်နေ့ကို ၄-၅ရက်ကြိုအခိုင်အမာသိကြပေမဲ့ သာမန်အကျဉ်းသားတွေက တစ်ညကြိုသာ အခိုင် အမာသိခွင့်ရတယ်။မနက်ဖြန်လွတ်မယ်ဆိုတော့ တပြုံးပြုံးနဲ့ပေါ့၊ထောင်တွင်းမိတ်ဆွေတွေကို နုတ်ဆက်၊ကိုယ့် ဆီမှာရှိတဲ့ စားစရာတွေ အသုံးအဆောင်တွေဝေဌပေး၊မနက်ခင်း ၆နာရီ တန်းဖွင့်ပြီးမကြာပါဘူး၊လွတ်လူ ဆိုတဲ့ အသံကြားရင် တန်းစီ၊ထောင်ဗူးဝသွား၊ထောင်လုပ်ထုံးလုပ်နည်းတွေလုပ်ပြီးနောက် ထောင်အာဏာပိုင် တွေပေးတဲ့ လွှတ်ဝရမ်းယူပြီးရင်တော့ လွတ်ပြီကျွတ်ပြီပေါ့။

၁၇/၁တွေကျတော့ လွှတ်ဝရမ်းရပြီးလည်းကိုယ့်ကိုလာခေါ်မယ့် SB မလာမချင်း ထောင်ဗူးဝမှာ ငုတ် တုပ်ထိုင်စောင့်နေရတယ်။တကယ်တော့ SBတွေကို ထောင်အာဏာပိုင်တွေက ကြိုအကြောင်းကြားထားပြီး သားပါ။ဒါပေမဲ့ လူလိုနားမလည်တဲ့ ရဲတွေက အချိန်မှန်ရောက်မလာလို့ တိုင်းရင်းသားလက်နက်ကိုင်တွေခမျာ တထိတ်ထိတ်နဲ့ ထိုင်စောင့်ရရှာတယ်။

ကံဆိုးသူတချို့က ညနေစောင်းတဲ့အထိ SBမလာလို့ ထောင်ထဲကို မျက်နှာငယ်လေးနဲ့ပြန်ဝင်ခဲ့ရ တယ်.တကယ်တော့ လွတ်ပြီးသားအကျဉ်းသားတစ်ယောက်ကို ထောင်ဉပဒေအရ ထောင်ထဲထည့်ထားပိုင်ခွင့် မရှိပါဘူး။ဒါပေမဲ့ ထောင်အာဏာပိုင်တွေက ထားစရာနေရာမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးစလွယ် ထောင်ထဲပြန်ထည့်လိုက်တာပါ။တချို့တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်တွေက ကန့်ကွက်ရကောင်းမှန်းသိ ပေမဲ့ ကန့်ကွက်လို့ ငါ့ကိုထပ်ဖမ်းရင်ဘယ့်နှယ့်လုပ်မလဲဆိုတဲ့အတွေးကရှိနေပြန်တော့ မကန့်ကွက်ရဲတော့ဘူး ပေါ့။

ကျနော့်မိတ်ဆွေ ရှမ်းလက်နက်ကိုင်ရဲဘော်ကြီးဆိုလည်း အဲဒီလို SBလာမခေါ်တဲ့ ဒဏ်အပြင်းအထန် ခံစားခဲ့ရဖူးပါတယ်။သူက ဗမာစကားကို ကျနော်တို့နားလည်တဲ့အဆင့် တတ်တဲ့ရှမ်းလူမျိုး။ကျနော်တို့နဲ့ဆုံတဲ့ ၁၉၉၁ခုနှစ်မှာ သူ့အသက်က သန်တုန်းမြန်တုန်း၄၀ဝန်းကျင်လောက်လို့ ထင်ပါတယ်။ကျနော်တို့နဲ့ တစ်ခန်း တည်းမို့ စားအိုးတွဲမဟုတ်ပေမဲ့ တတ်နိုင်သလောက် အပြန်အလှန်ဖေးမကြပါတယ်။

သူထောင်ကမလွတ်ခင် ၂လလောက်မှာ လေဖြန်းသွားပါတယ်။ပြောရရင် အာဟာရမရှိလို့ဖြစ်သွားတာပါ။အာ ဏာရှင်တို့ရဲ့ထောင်ဆိုတော့ ဆေးဝါးကုသမှုလည်း ရေရေရာရာမရပါဘူး။ဒါနဲ့ ကျနော်တို့ထဲကတစ်ယောက် ထောင်ဝင်စာလာမယ်ဆိုတော့ ဦးစိုင်းလိမ်းဆေးမှာလိုက်တယ်။ရောက်လာတော့ ကျနော်တို့ကျောင်းသားလေး တွေ ညစဉ် ဦးစိုင်းလိမ်းပေးပြီး သွားနှိပ်ပေးပါတယ်။ဦးစိုင်းပဲစွမ်းလို့လား၊ဆေးနဲ့ရောဂါတည့်တည့်တိုးလို့လား၊ ကျနော်တို့ချင်းကြားမေတ္တာစိတ်ကြောင့်လားမသိ ။တစ်ပတ်လောက်အကြာမှာလူတွဲစရာမလိုဘဲ လမ်း လျှောက်နိုင်တဲ့အထိ သက်သာသွား ပါတယ်။

သူလွတ်မယ့်ညမှာ ကျနော်တို့ သိပ်ကျေးဇူးတင်တဲ့အကြောင်း သူ့ဇာတိရပ်ရွာကို အလည်တစ်ခေါက် လာခဲ့စေချင်ကြောင်း ကျနော်တို့ကို သူ့အသက်သခင်တွေလို့ သဘောထားကြောင်းပေါ့၊သူဝမ်းသာစွာနဲ့ အ လေးအနက်လာပြောရှာတယ်။သူ့ကျန်းမာရေးကအရှင်းမပျောက်သေးဘူးဆိုတော့ အခုလိုလွတ်တာကျနော် တို့လည်း သိပ်ဝမ်းသာမိတယ်။

မနက်ရောက်တော့ သူထောင်ဗူးဝအသွား ကျနော်တို့လိုက်ပို့ခွင့်ရတဲ့နေရာအထိ လိုက်ပို့ကြပေါ့။ညနေ ကျတော့ မျက်နှာငယ်လေးနဲ့သူပြန်ရောက်လာတယ်။SB လာမခေါ်လို့ စောင့်ရဦးမယ်တဲ့။နောက်တစ်ရက်၊နှစ် ရက်လည်းလာမခေါ်တော့ သူသွေးပျက်လာတယ်။သူ့စိတ်ထဲ သူ့ကို ရာသက်ပန်ထောင်ထဲမှာပဲ ထားတော့မ လားဆိုတဲ့အတွေးက အပြင်းအထန်နှောက်ယှက်လာတယ်။

သူကဗမာစကားကျွမ်းကျင်အဆင့်မတတ်သူ၊ဗမာအတန်းပညာလည်းမရှိသူမို့ ဗဟုသုတ အားနည်းသူ ၊ပြီးတော့ သူ့ကိုလိုက်ပို့ မယ့်လူမရှိရင် သူတစ်ယောက်တည်း သူ့ဇာတိကိုမပြန်တတ်သူ။ကျနော်တို့က သူတွေး နေသလို ထောင်ထဲရာသက်ပန်ထားမှာ လုံးဝမဟုတ်တဲ့အကြောင်း အထပ်ထပ်ပြောပြ၊ထောင်အာဏာ ပိုင်တွေ ကို SB ဘယ်တော့လာခေါ်မလဲမေးပေး၊သူကတော့ ကျနော်တို့ပြောပြသမျှ မျက်နှာငယ်လေးနဲ့နား ထောင် လိုက်၊ သက်ပြင်းချလိုက်ပေါ့။

၃ရက်မြောက်ကစပြီး သူတစ်ယောက်တည်းတိတ်ဆိတ်နေတော့တယ်၊ထမင်းတွေဘာတွေလည်း ဟုတ်တိ ပတ်တိမစားနိုင်ရှာဘူး။၅ရက်မြောက်လို့ထင်တယ်။သူအားတင်းထားသမျှ လွှတ်ချလိုက်ပုံပါပဲ။မနက် ခင်း တန်း ဖွင့်တော့ သူအသက်မရှိတော့ပါဘူး။

ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလိုက်လေသလဲ၊သူသေပြီးနောက်တစ်ရက်ကျမှ သူ့ကိုဇာတိပြန်ပို့ မယ့်SB ရောက်လာသတဲ့။အာဏာရှင်တွေက ကျနော်တို့တိုင်းရင်းသားတွေကို အဲဒီလို နည်းမျိုးစုံနဲ့ သတ်ခဲ့ တယ်။

အခုကျနော့်မိတ်ဆွေအကြောင်းပြန်တွေးမိတော့ ကျနော့်စိတ်ထဲ သူ့ပုံရိပ်ကိုမြင်မိတုန်း၊ကျနော့်စိတ် တွေ တဆတ်ဆတ်ခုန်နေတုန်းပါပဲ။

မင်းကိုမင်း

သတ္နည္းရယ္တဲ့ အစုံအလင္

တကယ္ေတာ့ အၾကမ္းဖက္စစ္အုပ္စုေျပာတဲ့ လြတ္ၿငိမ္းခြင့္ဆိုတာ မတရားဖမ္းဆီးခံရတဲ့သူေတြကို ျပန္လႊတ္ တာျဖစ္လို႔ ေ႐ြးတစ္ေစ့မွ်ပင္ ေက်းဇူးတင္စရာမလိုတဲ့ ကိစၥရပ္ပါ။ေအာက္တိုဘာ၁၈ရက္မွ စတင္ လႊတ္တယ္။ စုစုေပါင္းႏိုင္ငံေရးအက်ဥ္းသား၅၀၀၀ေက်ာ္၊ဒါေပမဲ့ ေနာက္တစ္ေန႔မွာပဲ ေအာ့အန္ခ်င္စရာ အ ပုပ္နံ႔ႀကီးက တစ္ႏိုင္ငံလုံးအႏွံ႔ပ်ံ႕ခဲ့တယ္။

အင္မတန္လူမဆန္လြန္းတဲ့ ယုတ္မာပက္စက္မႈႀကီး။လႊတ္ပါတယ္လို႔ေျပာၿပီး ေထာင္ဗူးဝေရာက္႐ုံရွိ ေသး ေနာက္တစ္မႈနဲ႔ ထပ္ဖမ္းလိုက္တယ္။မိတၳီလာမွာဆို စုစုေပါင္း၁၁ေယာက္၊ေထာင္ဗူးဝအေရာက္၊မိသားစု ဝင္ေတြကို လိုက္ရွာ႐ုံရွိေသး အခ်ဳပ္ကားက အဆင္သင့္ေစာင့္ေနၿပီး မေျပာမဆိုနဲ႔ ရဲစခန္းကိုတန္းေခၚသြား ၊ေနာက္တစ္မႈနဲ႔ထပ္ဖမ္းတယ္တဲ့။

ေထာင္ကလြတ္ၿပီဆိုမွ ဘာ့ေၾကာင့္ ေနာက္တစ္မႈဆိုတာႀကီးက ခ်က္ခ်င္းေပၚလာရသလဲ။ၿပီးေတာ့ ေနာက္တစ္မႈဆိုတာႀကီးက အခုေထာင္ကေနလြတ္ၿပီဆိုမွ အစုလိုက္အၿပဳံလိုက္ ဘာ့ေၾကာင့္ေပၚလာရသလဲ။ အမွန္တကယ္ေသြး႐ိုးသား႐ိုး ေနာက္တစ္မႈဆိုတာရွိခဲ့ရင္ ေထာင္ကိုအေၾကာင္းၾကား၊ေထာင္နဲ႔ရဲအာဏာပိုင္ ခ်င္းညႇိၿပီး ေထာင္ကေနလႊတ္မေပးခင္ကတည္းက တစ္ခါတည္းအျပတ္လုပ္လို႔ရတယ္။

စဥ့္ကူၿမိဳ႕သား ႏိုင္ငံေရးအက်ဥ္းသား၃ဦးဆို မႏၲေလး၊အိုးဘို ေထာင္ကေနလြတ္ၿပီး စဥ္ကူကိုေရာက္ ၿပီး မွ ရဲစခန္းထဲေခၚၿပီး ေနာက္တစ္မႈနဲ႔ဖမ္းလိုက္တယ္။အဆိုေတာ္ အီတိုးဆို ဒီေန႔ေထာင္ကလြတ္၊အိမ္မွာ တစ္ညအိပ္ၿပီး ေနာက္တစ္ရက္ေန႔ခင္းက်ေတာ့ ရဲက ေနာက္တစ္မႈဆို ၿပီး အိမ္မွာလာဖမ္းသြားျပန္တယ္။ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း(AAPP)ရဲ႕ ေအာက္ တိုဘာ၂၁ရက္ေန႔ထုတ္ျပန္ခ်က္ အရ တစ္ႏိုင္ငံလုံးမွာ လႊတ္ၿပီးျပန္အဖမ္းခံရတဲ့ ႏိုင္ငံေရးအက်ဥ္းသား၁၁၀ ရွိ တယ္လို႔သိရတယ္။

ေထာင္ဆိုတာ ဘယ္သူမွေနခ်င္တဲ့ေနရာမဟုတ္ဘူး။ေထာင္ထဲ ေထာင္အာဏာပိုင္ေတြနဲ႔ေပါင္းၿပီး ႀကီးပြားေနတဲ့ အက်ဥ္းသားေတြေတာင္ ေထာင္ထဲမေနခ်င္ၾကဘူး။ဒါ့ေၾကာင့္ ေထာင္က်အားလုံးလိုလို ဟာ ကိုယ္လြတ္မယ့္ရက္ကို တေ႐ြ႕ေ႐ြ႕နဲ႔ေမွ်ာ္ေလ့ရွိတယ္။ေထာင္ကေန လြတ္ရင္ ဘာလုပ္မယ္ဆိုၿပီး စိတ္ကူးယဥ္ တတ္ၾကတယ္။လြတ္ၿငိမ္းလိုမ်ိဳးနဲ႔ မေမွ်ာ္လင့္ဘဲ ေထာင္က လြတ္ေတာ့မယ္ဆို ႐ုတ္တရက္ ေရွာ့ခ္ရတဲ့အထိ ေပ်ာ္ၾကရတယ္။

မွတ္မိေသးတယ္။ဆရာဒဂုန္တာရာေထာင္ထဲေရာက္ေနစဥ္တစ္ရက္၊ေထာင္ပိုင္ကေတြ႕ခ်င္လို႔ဆိုၿပီး သူေနတဲ့အခန္းဆီ ေထာင္ဝန္ထမ္းတစ္ဦးကလာေခၚတယ္။ဆရာတာရာက ဘာေတြစိတ္အခ်ဥ္ေပါက္ေနသ လဲမသိ၊ေနမေကာင္းဘူး၊ဒီအတိုင္းမလိုက္ႏိုင္ဘူး၊ထမ္းစင္နဲ႔ေခၚမွ လိုက္ႏိုင္မယ္လို႔ဆိုတာနဲ႔ ေထာင္ဗူးဝဆီ ထမ္းစင္နဲ႔ေခၚသြားၾကတယ္။ဆရာတာရာက ထမ္းစင္ေပၚ လွဲလ်က္နဲ႔၊ဗူးထဲေရာက္ေတာ့ ေထာင္ပိုင္က ‘ဆရာ ကို ေထာင္ကေနလႊတ္ဖို႔လာေခၚတာ’ လို႔ဆိုလိုက္ေရာ အႏုပညာစိတ္ႀကီးတဲ့ဆရာတာရာခမ်ာ ႐ုတ္တရက္ ေရွာ့ခ္ ထမ္းစင္ေပၚ ေငါက္ခနဲ ထထိုင္မိတယ္တဲ့။

အဲဒီလို မထင္ထားဘဲ ေထာင္ကလြတ္ေတာ့မယ္လို႔ ႐ုတ္တရက္သိရတဲ့အခ်ိန္မွာ ဘယ္သူမဆို သိပ္ ကိုေပ်ာ္ၾကရတယ္။အခုလို ႏိုင္က်ဥ္း၅၀၀၀ေက်ာ္ကို လႊတ္မယ္လို႔ သတင္းၾကားရေတာ့ အျပင္မွာက်န္ခဲ့တဲ့ မိ သားစုေတြခမ်ာ ေထာင္ထဲေရာက္ေနတဲ့ ကိုယ့္လင္ကိုယ့္သား ကိုယ့္အေဖ၊ကိုယ့္အေမမ်ား ပါလာေလမလား၊ မရဲတရဲ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေထာင္ထိပ္ကို ေျပးလာၾကရတယ္။

စဥ္းစားၾကည့္၊႐ုတ္တရက္ ေထာင္ကလြတ္ၿပီဆိုၿပီးမွ ႐ုတ္တရက္ျပန္အဖမ္းခံရတဲ့ ေရွာ့ခ္။ေထာင္ေရွ႕ မွာ ကိုယ့္ကိုျမင္လို႔လႊတ္ေပ်ာ္ေနတဲ့ မိသားစုဝင္ေတြခမ်ာ ခ်က္ခ်င္းဆိုသလို ျပန္အဖမ္းခံတယ္လို႔ ထပ္သိရ ေတာ့ ဘယ္ေလာက္ခံစားရရွာမလဲ။ကိုယ့္အေဖ(သို႔မဟုတ္)ကိုယ့္အေမကို ခဏေလးျမင္လိုက္ရၿပီး ျပန္အဖမ္း ခံရ တာကို သားသမီးအငယ္ေလးေတြ ဘယ္ေလာက္ခံစားရရွာမလဲ။

ဒီလိုခ်က္ခ်င္းလႊတ္၊ခ်က္ခ်င္းျပန္ဖမ္းတာကတစ္ႏိုင္ငံလုံးအႏွံ႔၊ ႏိုင္ငံေရးအက်ဥ္းသား၁၁၀ ႀကီးမ်ား ေတာင္ဆိုေတာ့ တိုက္ဆိုင္မႈေတာ့မျဖစ္တန္ရာ၊စနစ္တက်ႀကိဳတင္ျပင္ဆင္ၿပီးလုပ္တဲ့ ရက္စက္ယုတ္မာမႈႀကီး ပါပဲ။

ဒီလိုယုတ္မာမႈမ်ိဳးက အခုမွလုပ္တာဘယ္ဟုတ္မလဲ။ပထမအာဏာရွင္ေနဝင္းလက္ထက္တုန္းကဆို ရင္ ႏိုင္ငံေရးအက်ဥ္းသားမ်ားစြာကို ေထာင္ထဲပစ္ထည့္ထားလိုက္တယ္။တရားလည္းမစြဲဘူး။ေထာင္လည္းမ ခ်ဘူး။ဘယ္ေန႔လႊတ္မယ္မွန္းလည္းမသိဘူး။ဒီေန႔လည္းလႊတ္ခ်င္လႊတ္မယ္၊ေနာက္၅ႏွစ္လည္းၾကာႏိုင္တယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြကို ကိုယ့္အနာဂတ္ကိုယ္ ႀကိဳစဥ္းစားခြင့္မရေအာင္ကိုလုပ္ခဲ့တယ္။ႏိုင္ငံေရးအက်ဥ္း သားေတြရဲ႕ဘဝဟာ သူ႔လက္ထဲလုံးလုံးလ်ားလ်ားရွိတယ္ဆိုတဲ့အေပါက္မ်ိဳးနဲ႔ အစြမ္းကုန္ရက္စက္ခဲ့တယ္။

ဒုတိယအာဏာရွင္လက္ထက္ေရာက္ေတာ့လည္း ဘဘဦးဝင္းတင္၊ကိုမင္းကိုႏိုင္…….။ႏိုင္ငံေရးမ လုပ္ေတာ့ပါဘူးလို႔ လက္မွတ္ထိုးရင္ လႊတ္ေပးမယ္ဆိုတဲ့ အားၿပိဳင္ပြဲမွာ သံမဏိသားေတြက ျပတ္ျပတ္သား သားအႏိုင္ရခဲ့ဖူးတယ္။ အဲဒီတုန္းကလည္း လြတ္ရက္မသိတဲ့ႏိုင္က်ဥ္းမ်ားစြာ။လႊတ္ၿပီဆိုၿပီး ေထာင္ဗူးထဲေခၚ၊ ၿပီးေတာ့ ေထာင္ဗူးထဲမွာတင္ ေနာက္တစ္မႈတပ္၊ျပန္ဖမ္း။

ဆိုေတာ့၊ႏိုင္ငံေရးအက်ဥ္းသားေတြကို စိတ္ဒဏ္ရာအႀကီးႀကီးရေအာင္ ေမႊ႕ရမ္းပစ္လိုက္တဲ့ အင္မ တန္ ယုတ္မာပက္စက္မႈေတြဟာ အာဏာရွင္ေတြရဲ႕ဉာဥ္၊အာဏာရွင္ေတြရဲ႕ သေႏၶဆိုးလို႔ေျပာရင္လည္း တစ္ ရာခိုင္ႏႈန္းမလြဲ မွန္မယ္လို႔ ယုံၾကည္ပါတယ္။

ေနာက္ထပ္ရွိေသးတယ္၊ေထာင္က်ရက္ျပည့္ၿပီ၊ေထာင္ကလြတ္ၿပီဆိုေပမဲ့ SB(သတင္းတပ္ဖြဲ႕)လာမ ေခၚလို႔ မလြတ္တဲ့သူေတြ။ဒုတိယအာဏာရွင္သန္းေ႐ႊလက္ထက္တုန္းက ယုတ္မာပက္စက္မႈ။၁၇/၁ပုဒ္မနဲ႔ ေထာင္က် တဲ့တိုင္းရင္းသားလက္နက္ကိုင္ရဲေဘာ္ေတြ ေထာင္ကလြတ္ၿပီဆို SBက ေထာင္ဗူးဝမွာလာေခၚၿပီး သူတို႔စရိတ္ နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ရဲေဘာ္ရဲ႕ ဇာတိၿမိဳ႕ေပၚအထိ လိုက္ပို႔ေလ့ရွိတယ္။

ဘာ့ေၾကာင့္ဇာတိၿမိဳ႕အထိလိုက္ပို႔သလဲဆိုတာ ေသခ်ာမသိေပမဲ့ က်ေနာ္ထိ ေတြ႕ခဲ့ဖူးတဲ့ တိုင္းရင္း သား ရဲေဘာ္အမ်ားစုဟာ သူတို႔ၿမိဳ႕ပရဝဏ္နဲ႔ ေတာထဲေတာင္ထဲသာ ျဖတ္သန္းခဲ့ၾကတာမို႔ မႏၲေလးကေန သူတို႔႐ြာအေရာက္ မျပန္တတ္တာလည္းတစ္ေၾကာင္းပါမယ္လို႔ထင္တယ္။

မႏၲေလးေထာင္မွာက ည၆နာရီတန္းပိတ္တဲ့အခ်ိန္ဆို မနက္ျဖန္ေထာင္ကလြတ္မယ့္ လြတ္လူစာရင္း ကိုေၾကညာေလ့ရွိတယ္။ေထာင္အုပ္ခ်ဳပ္ေရးပိုင္းမွာပါတဲ့ အက်ဥ္းသားေတြနဲ႔သူတို႔နဲ႔ပတ္သက္တဲ့လူေတြက ကိုယ္လြတ္မယ့္ေန႔ကို ၄-၅ရက္ႀကိဳအခိုင္အမာသိၾကေပမဲ့ သာမန္အက်ဥ္းသားေတြက တစ္ညႀကိဳသာ အခိုင္ အမာသိခြင့္ရတယ္။မနက္ျဖန္လြတ္မယ္ဆိုေတာ့ တၿပဳံးၿပဳံးနဲ႔ေပါ့၊ေထာင္တြင္းမိတ္ေဆြေတြကို ႏုတ္ဆက္၊ကိုယ့္ ဆီမွာရွိတဲ့ စားစရာေတြ အသုံးအေဆာင္ေတြေဝဌေပး၊မနက္ခင္း ၆နာရီ တန္းဖြင့္ၿပီးမၾကာပါဘူး၊လြတ္လူ ဆိုတဲ့ အသံၾကားရင္ တန္းစီ၊ေထာင္ဗူးဝသြား၊ေထာင္လုပ္ထုံးလုပ္နည္းေတြလုပ္ၿပီးေနာက္ ေထာင္အာဏာပိုင္ ေတြေပးတဲ့ လႊတ္ဝရမ္းယူၿပီးရင္ေတာ့ လြတ္ၿပီကြၽတ္ၿပီေပါ့။

၁၇/၁ေတြက်ေတာ့ လႊတ္ဝရမ္းရၿပီးလည္းကိုယ့္ကိုလာေခၚမယ့္ SB မလာမခ်င္း ေထာင္ဗူးဝမွာ ငုတ္ တုပ္ထိုင္ေစာင့္ေနရတယ္။တကယ္ေတာ့ SBေတြကို ေထာင္အာဏာပိုင္ေတြက ႀကိဳအေၾကာင္းၾကားထားၿပီး သားပါ။ဒါေပမဲ့ လူလိုနားမလည္တဲ့ ရဲေတြက အခ်ိန္မွန္ေရာက္မလာလို႔ တိုင္းရင္းသားလက္နက္ကိုင္ေတြခမ်ာ တထိတ္ထိတ္နဲ႔ ထိုင္ေစာင့္ရရွာတယ္။

ကံဆိုးသူတခ်ိဳ႕က ညေနေစာင္းတဲ့အထိ SBမလာလို႔ ေထာင္ထဲကို မ်က္ႏွာငယ္ေလးနဲ႔ျပန္ဝင္ခဲ့ရ တယ္.တကယ္ေတာ့ လြတ္ၿပီးသားအက်ဥ္းသားတစ္ေယာက္ကို ေထာင္ဉပေဒအရ ေထာင္ထဲထည့္ထားပိုင္ခြင့္ မရွိပါဘူး။ဒါေပမဲ့ ေထာင္အာဏာပိုင္ေတြက ထားစရာေနရာမရွိဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ၿပီးစလြယ္ ေထာင္ထဲျပန္ထည့္လိုက္တာပါ။တခ်ိဳ႕တိုင္းရင္းသားလက္နက္ကိုင္ရဲေဘာ္ေတြက ကန႔္ကြက္ရေကာင္းမွန္းသိ ေပမဲ့ ကန႔္ကြက္လို႔ ငါ့ကိုထပ္ဖမ္းရင္ဘယ့္ႏွယ့္လုပ္မလဲဆိုတဲ့အေတြးကရွိေနျပန္ေတာ့ မကန႔္ကြက္ရဲေတာ့ဘူး ေပါ့။

က်ေနာ့္မိတ္ေဆြ ရွမ္းလက္နက္ကိုင္ရဲေဘာ္ႀကီးဆိုလည္း အဲဒီလို SBလာမေခၚတဲ့ ဒဏ္အျပင္းအထန္ ခံစားခဲ့ရဖူးပါတယ္။သူက ဗမာစကားကို က်ေနာ္တို႔နားလည္တဲ့အဆင့္ တတ္တဲ့ရွမ္းလူမ်ိဳး။က်ေနာ္တို႔နဲ႔ဆုံတဲ့ ၁၉၉၁ခုႏွစ္မွာ သူ႔အသက္က သန္တုန္းျမန္တုန္း၄၀ဝန္းက်င္ေလာက္လို႔ ထင္ပါတယ္။က်ေနာ္တို႔နဲ႔ တစ္ခန္း တည္းမို႔ စားအိုးတြဲမဟုတ္ေပမဲ့ တတ္ႏိုင္သေလာက္ အျပန္အလွန္ေဖးမၾကပါတယ္။

သူေထာင္ကမလြတ္ခင္ ၂လေလာက္မွာ ေလျဖန္းသြားပါတယ္။ေျပာရရင္ အာဟာရမရွိလို႔ျဖစ္သြားတာပါ။အာ ဏာရွင္တို႔ရဲ႕ေထာင္ဆိုေတာ့ ေဆးဝါးကုသမႈလည္း ေရေရရာရာမရပါဘူး။ဒါနဲ႔ က်ေနာ္တို႔ထဲကတစ္ေယာက္ ေထာင္ဝင္စာလာမယ္ဆိုေတာ့ ဦးစိုင္းလိမ္းေဆးမွာလိုက္တယ္။ေရာက္လာေတာ့ က်ေနာ္တို႔ေက်ာင္းသားေလး ေတြ ညစဥ္ ဦးစိုင္းလိမ္းေပးၿပီး သြားႏွိပ္ေပးပါတယ္။ဦးစိုင္းပဲစြမ္းလို႔လား၊ေဆးနဲ႔ေရာဂါတည့္တည့္တိုးလို႔လား၊ က်ေနာ္တို႔ခ်င္းၾကားေမတၱာစိတ္ေၾကာင့္လားမသိ ။တစ္ပတ္ေလာက္အၾကာမွာလူတြဲစရာမလိုဘဲ လမ္း ေလွ်ာက္ႏိုင္တဲ့အထိ သက္သာသြား ပါတယ္။

သူလြတ္မယ့္ညမွာ က်ေနာ္တို႔ သိပ္ေက်းဇူးတင္တဲ့အေၾကာင္း သူ႔ဇာတိရပ္႐ြာကို အလည္တစ္ေခါက္ လာခဲ့ေစခ်င္ေၾကာင္း က်ေနာ္တို႔ကို သူ႔အသက္သခင္ေတြလို႔ သေဘာထားေၾကာင္းေပါ့၊သူဝမ္းသာစြာနဲ႔ အ ေလးအနက္လာေျပာရွာတယ္။သူ႔က်န္းမာေရးကအရွင္းမေပ်ာက္ေသးဘူးဆိုေတာ့ အခုလိုလြတ္တာက်ေနာ္ တို႔လည္း သိပ္ဝမ္းသာမိတယ္။

မနက္ေရာက္ေတာ့ သူေထာင္ဗူးဝအသြား က်ေနာ္တို႔လိုက္ပို႔ခြင့္ရတဲ့ေနရာအထိ လိုက္ပို႔ၾကေပါ့။ညေန က်ေတာ့ မ်က္ႏွာငယ္ေလးနဲ႔သူျပန္ေရာက္လာတယ္။SB လာမေခၚလို႔ ေစာင့္ရဦးမယ္တဲ့။ေနာက္တစ္ရက္၊ႏွစ္ ရက္လည္းလာမေခၚေတာ့ သူေသြးပ်က္လာတယ္။သူ႔စိတ္ထဲ သူ႔ကို ရာသက္ပန္ေထာင္ထဲမွာပဲ ထားေတာ့မ လားဆိုတဲ့အေတြးက အျပင္းအထန္ေႏွာက္ယွက္လာတယ္။

သူကဗမာစကားကြၽမ္းက်င္အဆင့္မတတ္သူ၊ဗမာအတန္းပညာလည္းမရွိသူမို႔ ဗဟုသုတ အားနည္းသူ ၊ၿပီးေတာ့ သူ႔ကိုလိုက္ပို႔ မယ့္လူမရွိရင္ သူတစ္ေယာက္တည္း သူ႔ဇာတိကိုမျပန္တတ္သူ။က်ေနာ္တို႔က သူေတြး ေနသလို ေထာင္ထဲရာသက္ပန္ထားမွာ လုံးဝမဟုတ္တဲ့အေၾကာင္း အထပ္ထပ္ေျပာျပ၊ေထာင္အာဏာ ပိုင္ေတြ ကို SB ဘယ္ေတာ့လာေခၚမလဲေမးေပး၊သူကေတာ့ က်ေနာ္တို႔ေျပာျပသမွ် မ်က္ႏွာငယ္ေလးနဲ႔နား ေထာင္ လိုက္၊ သက္ျပင္းခ်လိုက္ေပါ့။

၃ရက္ေျမာက္ကစၿပီး သူတစ္ေယာက္တည္းတိတ္ဆိတ္ေနေတာ့တယ္၊ထမင္းေတြဘာေတြလည္း ဟုတ္တိ ပတ္တိမစားႏိုင္ရွာဘူး။၅ရက္ေျမာက္လို႔ထင္တယ္။သူအားတင္းထားသမွ် လႊတ္ခ်လိုက္ပုံပါပဲ။မနက္ ခင္း တန္း ဖြင့္ေတာ့ သူအသက္မရွိေတာ့ပါဘူး။

ဘယ္ေလာက္ဝမ္းနည္းဖို႔ေကာင္းလိုက္ေလသလဲ၊သူေသၿပီးေနာက္တစ္ရက္က်မွ သူ႔ကိုဇာတိျပန္ပို႔ မယ့္SB ေရာက္လာသတဲ့။အာဏာရွင္ေတြက က်ေနာ္တို႔တိုင္းရင္းသားေတြကို အဲဒီလို နည္းမ်ိဳးစုံနဲ႔ သတ္ခဲ့ တယ္။

အခုက်ေနာ့္မိတ္ေဆြအေၾကာင္းျပန္ေတြးမိေတာ့ က်ေနာ့္စိတ္ထဲ သူ႔ပုံရိပ္ကိုျမင္မိတုန္း၊က်ေနာ့္စိတ္ ေတြ တဆတ္ဆတ္ခုန္ေနတုန္းပါပဲ။

မင္းကိုမင္း

Related Articles

Back to top button