Zawgyi
ရခုိင္တို႔အတြက္ AA လား၊ နစကလား၊ NUG လား
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ တပ္မေတာ္က NLD အစိုးရထံမွ အာဏာသိမ္းယူအၿပီး ျမန္မာႏိုင္ငံကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက)အစိုးရအျဖစ္ျဖင့္ အုပ္ခ်ဳပ္လ်က္ရွိေနသည္။ ယင္းသို႔အုပ္ခ်ဳပ္ေနသည္မွာ ၂ လခဲြၾကာျမင့္လာၿပီးေနာက္ နစကအစိုးရႏွင့္ စင္ၿပိဳင္အစိုးရတစ္ရပ္ ျမန္မာႏိုင္ငံတြင္ ေပၚေပါက္လာခဲ့သည္။
အမ်ဳိးသားညီၫြတ္ေရးအစိုးရ National Unity Government of Myanmar (NUG)အမည္ရွိ အစိုးရတစ္ရပ္ကို ၿပီးခဲ့သည့္ဧၿပီလ ၁၆ ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ(CRPH)က အဖဲြ႕ဝင္ ၁၅ ဦးျဖင့္ ဖဲြ႕စည္းလိုက္ျခင္းျဖစ္သည္။ NUG ၏သမၼတသည္ ဖမ္းဆီးအမႈဖြင့္ခံထားရသည့္ ဦးဝင္းျမင့္ျဖစ္ၿပီး ဒုတိယသမၼတမွာ ဒူဝါလရွီးလျဖစ္သည္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ ဖမ္းဆီးအမႈဖြင့္ခံထားရသည့္ ေဒၚေအာင္ဆန္းစုၾကည္ပင္ျဖစ္သည္။ က်န္သည့္ဝန္ႀကီးဌာနအသီးသီးတြင္လည္း NLD ေခါင္းေဆာင္မ်ားအပါအဝင္ အျခား ျပင္ပမွ ႏိုင္ငံေရးသမားမ်ား၊ တတ္သိပညာရွင္မ်ား ပါဝင္သည္ကိုေတြ႕ရသည္။
သို႔ရာတြင္ ယခုအစိုးရအဖြဲ႕၌ ထူးျခားခ်က္တစ္ခုရွိေနသည္ကိုေတြ႕ရသည္။ ယင္းထူးျခားခ်က္မွာ ယခုအစိုးရအဖဲြ႕တြင္ ရခိုင္မွ ႏိုင္ငံေရးသမားမ်ား၊ တတ္သိပညာရွင္မ်ား တစ္ဦးတစ္ေယာက္မွ် ပါဝင္လာမႈမရွိျခင္းပင္ျဖစ္သည္။ ဒါ ဘာေၾကာင့္လဲ။
NUG ၏ ေရွ႕ဆက္သြားမည့္ လုပ္ငန္းစဥ္မ်ားတြင္ မပါဝင္ေစလို၍ ရခိုင္ကို တမင္ခ်န္လွပ္ထားခဲ့ျခင္းလား။ သို႔တည္းမဟုတ္ ရခိုင္ကို NUG တြင္ ထည့္သြင္းအုပ္ခ်ဳပ္ေနစရာမလိုေတာ့၍လား။ လက္ရွိေျမျပင္အေနအထားအရ ရခိုင္တြင္ ရကၡိဳင့္တပ္ေတာ္ (AA)က အနည္းႏွင့္အမ်ား အုပ္ခ်ဳပ္ေရးယႏၲရားလည္ပတ္ေနသည္ကိုသိထား၍ ရခိုင္ကို သီးျခားအုပ္ခ်ဳပ္ခြင့္ေပးလိုက္ျခင္းလား။ အစကတည္းက NLD ကို ႀကိဳဆိုေထာက္ခံျခင္းမရွိခဲ့သည့္အတြက္ ရခိုင္ကို ဂ႐ုမစိုက္ခဲ့ျခင္းလား။ NUG တြင္ပါဝင္ရန္ ရခိုင့္ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ တတ္သိပညာရွင္မ်ားအား ကမ္းလွမ္းေဆြးေႏြးခဲ့ေသာ္လည္း လက္မခံၾကသည့္အတြက္ ယခုကဲ့သို႔ က်န္ေနရျခင္းလား။ ေမးခြန္းမ်ားက အေတြးပြားစရာပင္။
အမွန္က CRPH အေနျဖင့္ ရခိုင္ကို သီးျခားခဲြဖယ္ခ်န္လွပ္ထားခဲ့ျခင္းမဟုတ္ေပ။ ရခိုင္ႏွင့္ပတ္သက္လာလွ်င္ ေမ့ထား၍ မရႏိုင္သည့္ ရကၡိဳင့္တပ္ေတာ္(AA)ကို CRPH က ဂ႐ုတစိုက္ျဖင့္ ေခၚယူခဲ့သည္ဟု AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က NUG ဖြဲ႕စည္းသည့္ေန႔၌ သူ၏ တြစ္တာစာမ်က္ႏွာတြင္ ရခိုင္ဘာသာစကားျဖင့္ ေရးသားခဲ့သည္။ သို႔ေသာ္ ကိုယ့္ရပ္တည္ခ်က္ႏွင့္ကိုယ္ မပါလိုက္ျခင္းသာျဖစ္သည္ဟုလည္း ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ဆိုထားသည္။ ဒါကေတာ့ လက္နက္ကိုင္အဖြဲ႕အစည္းကို CRPH က ကမ္းလွမ္းခဲ့မႈအပိုင္း။
ႏိုင္ငံေရးပါတီအပိုင္းကို ဆက္လက္ၾကည့္ၾကရေအာင္ပါ။ ရခိုင္ျပည္၏ အင္အားႀကီးပါတီတစ္ခုျဖစ္ေသာ ရခိုင္အမ်ဳိးသားပါတီ(ANP)ဥကၠ႒ ဦးသာထြန္းလွကေတာ့ NUG တြင္ပါဝင္ရန္ ကမ္းလွမ္းလာျခင္းလည္းမရွိခဲ့သလို ေဆြးေႏြးမႈလည္း မရွိခဲ့ဟု မီဒီယာမ်ားကို ေျပာထားသည္။ ယင္းကဲ့သို႔ ကမ္းလွမ္းေဆြးေႏြးခဲ့မႈမရွိခဲ့မႈအေပၚတြင္လည္း ANP ပါတီအေနျဖင့္ ေထြေထြထူးထူးေဝဖန္စရာအေၾကာင္းမရွိဟု သူက ဆိုသည္။ ဒါကေတာ့ CRPH က ရခိုင့္ႏိုင္ငံေရးပါတီကို ကမ္းလွမ္းမႈမရွိခဲ့သည့္အပိုင္း။
ေနာက္က်န္ေနေသးသည္ကေတာ့ ရခိုင္ အရပ္ဘက္အဖဲြ႕အစည္းမ်ားႏွင့္ တတ္သိပညာရွင္မ်ားပင္ျဖစ္သည္။ သူတို႔ေတြကိုလည္း CRPH က ဆက္သြယ္ကမ္းလွမ္းျခင္းမရွိခဲ့ပံုရသည္။ အကယ္၍ ရွိခဲ့သည္ဆိုလွ်င္ မီဒီယာေတြမွာျဖစ္ျဖစ္၊ အြန္လိုင္းေတြမွာျဖစ္ျဖစ္ အသံတစ္ခုုခုေတာ့ ထြက္ၿပီးေနေလာက္ၿပီ။
ဆက္လက္၍ NUG အစိုးရဖဲြ႕စည္းျခင္းႏွင့္ပတ္သက္ၿပီး CRPH ကထုတ္ျပန္ထားသည့္ထုတ္ျပန္ခ်က္ အပိုဒ္ ၆ ကို တစ္ခ်က္ၾကည့္ၾကရေအာင္။ ယင္းအပိုဒ္၌ “NUG တြင္ ျပည္ေထာင္စုသားတိုင္းရင္းသားလူမ်ဳိးစံုပါဝင္ေရးကို ဦးတည္လ်က္ လိုအပ္သလို ဆက္လက္တိုးခ်ဲ႕ဖဲြ႕စည္းသြားမည္”ဟု ဆိုထားသည္။ “ျပည္ေထာင္စုသားတိုင္းရင္းသားလူမ်ဳိးစံုပါဝင္ေရး”ဟုဆိုထားသည္ျဖစ္ရာ ဤအခ်က္ကိုၾကည့္ျခင္းျဖင့္ NUG ၌ ေနာက္ပိုင္းတြင္ ရခိုင္မွလည္း မပါဝင္လာႏိုင္ဟု ေျပာ၍မရေပ။ ရခိုင္မွ မည္သည့္လက္နက္ကိုင္အဖဲြ႕အစည္း၊ မည္သည့္ႏိုင္ငံေရးပါတီ၊ မည္သည့္လူပုဂၢိဳလ္ ပါဝင္လာႏိုင္သလဲဆိုသည္ကိုေတာ့ ခန္႔မွန္းရခက္ေနေသးသည္။
အကယ္၍ ယခု NUG အစိုးရအဖဲြ႕တြင္ ရခိုင့္လက္နက္ကိုင္အဖဲြ႕အစည္းတစ္ခုခုမွပင္ျဖစ္ျဖစ္၊ ရခိုင့္ႏိုင္ငံေရးအသိုင္းအဝိုင္းမွပင္ျဖစ္ျဖစ္၊ ရခိုင့္တတ္သိပညာရွင္အသိုင္းအဝိုင္းမွပင္ျဖစ္ျဖစ္ ပါဝင္လာၿပီဆိုပါစို႔။ သူတို႔ကို ရခိုင္လူထုက လက္ခံၾကမည္လား။ ေသခ်ာသည္ကေတာ့ ရခိုင္အနည္းစုသာ လက္ခံေကာင္း လက္ခံၾကေပလိမ့္မည္။ အမ်ားစုကေတာ့ လက္မခံႏိုင္ျဖစ္ၾကရမည္။ ဘာေၾကာင့္ဆိုလွ်င္ NUG သည္ NLD အမာခံမ်ားျဖင့္ ဖဲြ႕စည္းထားျခင္းေၾကာင့္ျဖစ္သည္။ NLD အစိုးရလက္ထက္က ရခိုင္တြင္ ျဖစ္ပ်က္ခဲ့ၾကရသည့္ ေသြးပ်က္ဖြယ္ စစ္ပဲြအနိ႒ာ႐ုံျဖစ္ရပ္ဆိုးမ်ားအေပၚ NLD ေခါင္းေဆာင္မ်ားက လ်စ္လ်ဴ႐ႈႏိုင္လြန္းခဲ့ၾကသည္ကို ရခိုင္တို႔က ယေန႔ထိတိုင္ မေမ့ေသးေပ။
ရပ္ရြာအနီးတိုက္ပဲြျဖစ္၍ ရပ္ရြာအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားက်ေရာက္ေပါက္ကြဲမႈေၾကာင့္ အျပစ္မဲ့အရပ္သားရာေပါင္းမ်ားစြာ ေသေၾကခဲ့ၾကသည္။ ကိုယ္လက္အဂၤါဆံုး႐ႈံး၊ ေနအိမ္အလံုးေပါင္း ေထာင္ႏွင့္ခ်ီ မီးေလာင္ျပာက်ၿပီး ေဒသခံေသာင္းႏွင့္ခ်ီ အိုးအိမ္စြန္႔ခြာ၍ အသက္လုထြက္ေျပးခဲ့ၾကရသည္။ သည္ၾကားထဲ ေတာနားေတာင္နား ငါးရွာ၊ ဟင္းခူးသူတို႔က မိုင္းေပါက္ကဲြမႈေၾကာင့္ မေသသင့္ဘဲ ေသ၊ ကိုယ္လက္အဂၤါတို႔ မဆံုးရႈံးသင့္ဘဲ ဆံုးရႈံးျဖင့္ ရခိုင္တို႔ ဒုကၡအဖံုဖံုကို ခါးစည္းခံခဲ့ၾကရသည္။ ယင္းဒုုကၡသည္မ်ားအေပၚ NLD ေခါင္းေဆာင္မ်ားက ႏွစ္သိမ့္ေဖာ္မရခဲ့၊ အားေပးစကားတစ္ခြန္းမဆိုခဲ့။
ရခိုင္တို႔ ယခုလို ဒုကၡမ်ဳိးစံုခံေနၾကရျခင္း၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္ခံေနၾကရျခင္းတို႔ကို ရခိုင္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လႊတ္ေတာ္တြင္ အဆိုတင္သြင္းျခင္း၊ ေမးခြန္းေမးျမန္းျခင္းတို႔ကို အႀကိမ္ႀကိမ္အခါခါ ျပဳလုပ္ခဲ့ၾကသည္။ သို႔ေသာ္ ထိုအဆို၊ ထိုေမးခြန္းမ်ားကို NLD အားေကာင္းေသာလႊတ္ေတာ္က ပယ္ခ်ျခင္း၊ ေဆြးေႏြးခြင့္မျပဳျခင္းစသည္ျဖင့္ ရခိုင္တို႔ဒုကၡအေပၚ စာနာမႈမျပခဲ့ေပ။
ေနာက္လည္း ရွိေသးသည္။ ၂ဝ၂ဝ အေထြေထြေရြးေကာက္ပဲြႀကီးတြင္လည္း ရခိုင္တစ္ျပည္လံုး၏ ၇၅ ရာခိုင္ႏႈန္းကို ေရြးေကာက္ပဲြက်င္းပခြင့္ မေပးခဲ့ျခင္းျဖစ္သည္။ NLD အမာခံနယ္ေျမျဖစ္ေသာ၊ တစ္နည္းအားျဖင့္ NLD ႏိုင္ႏိုင္ေျခရွိသည့္ေဒသမ်ားကိုသာ ေရြးေကာက္ပဲြက်င္းပခြင့္ေပးခဲ့သည္။ NLD ကိုအားေပးေထာက္ခံမႈမရွိသည့္ၿမိဳ႕နယ္မ်ားကိုမူ တိုက္ပဲြမ်ားျဖစ္ပြားေနသည္ဟုအေၾကာင္းျပကာ ေရြးေကာက္ပဲြ က်င္းပေပးျခင္းမရွိခဲ့ေပ။ (ေရြးေကာက္ပဲြက်င္းပေနစဥ္ ရခိုင္တြင္ တိုက္ပဲြမ်ားျဖစ္ပြားခဲ့မႈ အလ်ဥ္းမရွိခဲ့ပါ။ ဤကား စကားခ်ပ္) သို႔ဆိုလွ်င္ ယင္းေရြးေကာက္ပဲြကား အဘယ္မွာ တရားမွ်တသည့္ ေရြးေကာက္ပဲြျဖစ္ပါဦးမလဲ။
ထိုထိုေသာအခ်က္မ်ားေၾကာင့္ NLD အေပၚ ရခိုင္တို႔ စိတ္နာ၍ မဆံုး။ ယင္းေၾကာင့္ NUG တြင္ ေနာက္ပိုင္း ရခိုင္မွပါဝင္မႈ ရွိလာသည္ဆိုေသာ္လည္း ရခိုင္အမ်ားစုကေတာ့ အားေပးေထာက္ခံၾကလိမ့္မည္မဟုတ္ေပ။
ရခိုင္လူမ်ဳိးအမ်ားစုလိုလားသည္က လူမ်ဳိးႀကီးဝါဒီမ်ားႀကီးစိုးသည့္အစိုးရအဖဲြ႕တို႔တြင္ ဝန္ႀကီးတစ္ေနရာ၊ ေကာင္စီဝင္တစ္ေနရာ၊ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေနရာစသည္ျဖင့္ တြယ္ကပ္လုပ္ခ်င္ေနသည္ေတာ့ မဟုတ္။ ကိုယ့္ျပည္ႏွင့္ကိ္ုယ့္လူမ်ဳိးကို ကိုယ္ကိုယ္တိုင္ကာကြယ္ႏိုင္သည့္ အာရကၡျပည္ေထာင္စု၊ ရခိုင့္ႏိုင္ငံေတာ္အျဖစ္ တည္ေထာင္လိုၾကျခင္းျဖစ္သည္။ လူမ်ဳိးျခားတို႔ထံ အအုပ္ခ်ဳပ္ခံလူတန္းစားမျဖစ္လိုဘဲ ကိုယ္ပိုင္အုပ္ခ်ဳပ္မည့္လူတန္းစားသာ ျဖစ္လိုၾကသည္။ ျပည္ေထာင္စုႀကီးဟူသည့္ ေဝစုမွ မဝေရစာ မရယူခ်င္ဘဲ ကိုယ့္ေဝစုႏွင့္ကိုယ္ သီးသန႔္ရယူလိုၾကျခင္းျဖစ္သည္။
ရကၡိဳင့္တပ္ေတာ္(AA) ကလည္း သည္အတိုင္းပင္။ ကိုယ့္လူမ်ဳိးကို ကိုယ္သာလွ်င္ အုပ္ခ်ဳပ္မည္။ ကိုယ့္ျပည္နယ္ကို ကိုယ္သာလွ်င္ စီမံခန္႔ခဲြမည္။ မည္သည့္အစိုးရႏွင့္မွ် ပူးေပါင္းမည္မဟုတ္။ ယင္းရည္တည္ခ်က္မ်ားေၾကာင့္ပင္ NUG ကို လွည့္မၾကည့္ခဲ့ျခင္းျဖစ္ႏိုင္သည္။ NUG ကို လွည့္မၾကည့္ခဲ့သည့္ AA ၏လုပ္ရပ္ကိုလည္း AA ကို အားေပးေထာက္ခံသည့္ျပည္သူမ်ားက ႏွစ္ေထာင္းအားရရွိေနၾကသည္။ အေၾကာင္းကေတာ့ AA သည္ ရခိုင္တို႔အတြက္ အျမဳေတအျဖစ္ ရခိုင္တို႔၏ႏွလံုးသားထဲတြင္ စဲြၿမဲစြာလက္ခံထားၾက၍ပင္ျဖစ္သည္။
လက္ရွိအေနအထားတြင္လည္း AA သည္ ရခုိင္တြင္ အယ္လ္ဖာ၊ ဘီတာ၊ နိုဗာ ဟူေသာအမည္မ်ားျဖင့္ စစ္ေဒသမ်ား ဖြဲ႕စည္းထားၿပီး အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးႏွင့္ အခြန္ေကာက္ခံေရးမ်ားကုိ နယ္ေျမအပုိင္းအျခားအလုိက္ တာဝန္ယူေဆာင္ရြက္ေနၿပီျဖစ္သည္။ လူထုကလည္း အေၾကာင္းကိစၥတစ္စံုတရာေပၚေပါက္လာပါက AA နယ္ေျမမွဴးမ်ားအား အားကုိးတႀကီး သြားေရာက္တုိင္ၾကားေနၾကၿပီျဖစ္သည္။ AA ကလည္း တရားမွ်တမႈရွိရွိ တာဝန္ယူေျဖရွင္းေဆာင္ရြက္ေပးေနသည္ျဖစ္ရာ သီးျခားလြတ္လပ္သည့္နယ္ေျမအျဖစ္ ေလွ်ာက္လွမ္းေနၾကၿပီဟုပင္ ဆုိရမည္ျဖစ္သည္။ AA ေတာ့ ရခိုင္ေဒသ၏ က်န္းမာေရး၊ ပညာေရး၊ လူမႈစီးပြားေရး၊ လယ္ယာသစ္ေတာ၊ သားငါးက႑စသည့္က႑မ်ားကုိလည္း ဆက္လက္ကိုင္တြယ္နိုင္ရန္ျပင္ဆင္ေနသည္ဟု ေျမျပင္သတင္းမ်ားအရ သိရသည္။
တစ္ဘက္တြင္လည္း NUG သည္ တရားမဝင္အဖြဲ႕အစည္းအျဖစ္သတ္မွတ္ခံထားရသည့္ CRPH က ဖဲြ႕စည္းထားသည့္အဖဲြ႕အစည္းျဖစ္ေနသည္။ ထို႔ေၾကာင့္ NUG ႏွင့္တကြ ယင္းအဖဲြ႕တြင္ပါဝင္သူမ်ားသည္လည္း မတရားအသင္းႏွင့္ မတရားအသင္းဝင္မ်ားျဖစ္သည့္အေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဧၿပီလ ၂၁ ရက္ေန႔တြင္ သတ္မွတ္ေၾကညာခဲ့သည္။
မည္သို႔ပင္ဆိုေစကာမူ ရခိုင္အမ်ားစုကေတာ့ NUG တြင္ ပါေရး၊ မပါေရးကို ဂ႐ုစိုက္ၾကလိမ့္မည္ မဟုတ္။ လက္ရွိအုပ္ခ်ဳပ္ေနသည့္ နစကေကာင္စီတြင္ ပါေရး၊ မပါေရးကုိလည္း စိတ္ဝင္စားၾကလိမ့္မည္မဟုတ္။ ကိုယ့္ျပည္ကိုယ့္လူမ်ဳိးကို ကိုယ္ပိုင္စီမံအုပ္ခ်ဳပ္ပိုင္ခြင့္ရွိေသာ သီးျခားလြတ္လပ္ေသာျပည္နယ္တစ္ခုအျဖစ္သာ လုိလားေနၾကျခင္းျဖစ္သည္။ ထုိလုိလားခ်က္ကုိ ရကၡိဳင့္တပ္ေတာ္(AA)က ျဖည့္ဆည္းေပးႏုိင္လိမ့္မည္ဟုလည္း ရခုိင္လူထုက အၾကြင္းမဲ့ ယုံၾကည္ထားၾကသည္။ လက္ရွိတြင္လည္း AA သည္ ရခိုင့္ေျမျပင္ေနရာအႏွံ႔အျပားတြင္ ျဖန္႔ၾကက္ ေျခကုပ္ထားႏိုင္ၿပီျဖစ္ရာ ရခိုင္တို႔၏ကံၾကမၼာသည္ ေရွ႕ဆက္ ဘာေတြျဖစ္လာႏုိင္မလဲဆုိသည္ကုိ အေလးထား ေစာင့္ၾကည့္ၾကရမည္ျဖစ္သည္။
မာန္ယုေက်ာ္ (ေရႊဝေျမ)
Unicode
ရခိုင်တို့အတွက် AA လား၊ နစကလား၊ NUG လား
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က NLD အစိုးရထံမှ အာဏာသိမ်းယူအပြီး မြန်မာနိုင်ငံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အစိုးရအဖြစ်ဖြင့် အုပ်ချုပ်လျက်ရှိနေသည်။ ယင်းသို့အုပ်ချုပ်နေသည်မှာ ၂ လခွဲကြာမြင့်လာပြီးနောက် နစကအစိုးရနှင့် စင်ပြိုင်အစိုးရတစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government of Myanmar (NUG)အမည်ရှိ အစိုးရတစ်ရပ်ကို ပြီးခဲ့သည့်ဧပြီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
NUG ၏ သမ္မတသည် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဦးဝင်းမြင့်ဖြစ်ပြီး ဒုတိယသမ္မတမှာ ဒူဝါလရှီးလဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်။ ကျန်သည့်ဝန်ကြီးဌာနအသီးသီးတွင်လည်း NLD ခေါင်းဆောင်များ အပါအဝင် အခြား ပြင်ပမှ နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ ပါဝင်သည်ကိုတွေ့ရသည်။
သို့ရာတွင် ယခုအစိုးရအဖွဲ့၌ ထူးခြားချက်တစ်ခုရှိနေသည်ကိုတွေ့ရသည်။ ယင်းထူးခြားချက်မှာ ယခုအစိုးရအဖွဲ့တွင် ရခိုင်မှ နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ တစ်ဦးတစ်ယောက်မျှ ပါဝင်လာမှုမရှိခြင်းပင်ဖြစ်သည်။ ဒါ ဘာကြောင့်လဲ။
NUG ၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များတွင် မပါဝင်စေလို၍ ရခိုင်ကို တမင်ချန်လှပ်ထားခဲ့ခြင်းလား။ သို့တည်းမဟုတ် ရခိုင်ကို NUG တွင် ထည့်သွင်းအုပ်ချုပ်နေစရာမလိုတော့၍လား။ လက်ရှိမြေပြင်အနေအထားအရ ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)က အနည်းနှင့်အများ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်ကိုသိထား၍ ရခိုင်ကို သီးခြားအုပ်ချုပ်ခွင့်ပေးလိုက်ခြင်းလား။ အစကတည်းက NLD ကို ကြိုဆို ထောက်ခံခြင်းမရှိခဲ့သည့်အတွက် ရခိုင်ကို ဂရုမစိုက်ခဲ့ခြင်းလား။ NUG တွင်ပါဝင်ရန် ရခိုင့်နိုင်ငံရေးခေါင်းဆောင်များ၊ တတ်သိ ပညာရှင် များအား ကမ်းလှမ်းဆွေးနွေးခဲ့သော်လည်း လက်မခံကြသည့်အတွက် ယခုကဲ့သို့ ကျန်နေရခြင်းလား။ မေးခွန်းများက အတွေးပွားစရာပင်။
အမှန်က CRPH အနေဖြင့် ရခိုင်ကို သီးခြားခွဲဖယ်ချန်လှပ်ထားခဲ့ခြင်းမဟုတ်ပေ။ ရခိုင်နှင့်ပတ်သက်လာလျှင် မေ့ထား၍ မရနိုင်သည့် ရက္ခိုင့်တပ်တော်(AA)ကို CRPH က ဂရုတစိုက်ဖြင့် ခေါ်ယူခဲ့သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က NUG ဖွဲ့စည်းသည့်နေ့၌ သူ၏ တွစ်တာစာမျက်နှာတွင် ရခိုင်ဘာသာစကားဖြင့် ရေးသားခဲ့သည်။ သို့သော် ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် မပါလိုက်ခြင်း သာဖြစ်သည် ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုထားသည်။ ဒါကတော့ လက်နက်ကိုင်အဖွဲ့အစည်းကို CRPH က ကမ်းလှမ်းခဲ့မှုအပိုင်း။
နိုင်ငံရေးပါတီအပိုင်းကို ဆက်လက်ကြည့်ကြရအောင်ပါ။ ရခိုင်ပြည်၏ အင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ NUG တွင်ပါဝင်ရန် ကမ်းလှမ်းလာခြင်းလည်းမရှိခဲ့သလို ဆွေးနွေးမှုလည်း မရှိခဲ့ဟု မီဒီယာများကို ပြောထားသည်။ ယင်းကဲ့သို့ ကမ်းလှမ်းဆွေးနွေးခဲ့မှုမရှိခဲ့မှုအပေါ်တွင်လည်း ANP ပါတီအနေဖြင့် ထွေထွေထူးထူးဝေဖန်စရာအကြောင်းမရှိဟု သူက ဆိုသည်။ ဒါကတော့ CRPH က ရခိုင့်နိုင်ငံရေးပါတီကို ကမ်းလှမ်းမှုမရှိခဲ့သည့်အပိုင်း။
နောက်ကျန်နေသေးသည်ကတော့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များပင်ဖြစ်သည်။ သူတို့တွေကိုလည်း CRPH က ဆက်သွယ်ကမ်းလှမ်းခြင်းမရှိခဲ့ပုံရသည်။ အကယ်၍ ရှိခဲ့သည်ဆိုလျှင် မီဒီယာတွေမှာဖြစ်ဖြစ်၊ အွန်လိုင်းတွေမှာဖြစ်ဖြစ် အသံတစ်ခုခုတော့ ထွက်ပြီးနေလောက်ပြီ။
ဆက်လက်၍ NUG အစိုးရဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး CRPH ကထုတ်ပြန်ထားသည့်ထုတ်ပြန်ချက် အပိုဒ် ၆ ကို တစ်ချက်ကြည့်ကြ ရအောင်။ ယင်းအပိုဒ်၌ “NUG တွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံပါဝင်ရေးကို ဦးတည်လျက် လိုအပ်သလို ဆက်လက်တိုးချဲ့ ဖွဲ့စည်းသွားမည်”ဟု ဆိုထားသည်။ “ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံပါဝင်ရေး”ဟုဆိုထားသည်ဖြစ်ရာ ဤအချက်ကိုကြည့်ခြင်း ဖြင့် NUG ၌ နောက်ပိုင်းတွင် ရခိုင်မှလည်း မပါဝင်လာနိုင်ဟု ပြော၍မရပေ။ ရခိုင်မှ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၊ မည်သည့် နိုင်ငံရေး ပါတီ၊ မည်သည့်လူပုဂ္ဂိုလ် ပါဝင်လာနိုင်သလဲဆိုသည်ကိုတော့ ခန့်မှန်းရခက်နေသေးသည်။
အကယ်၍ ယခု NUG အစိုးရအဖွဲ့တွင် ရခိုင့်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုမှပင်ဖြစ်ဖြစ်၊ ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းမှပင်ဖြစ်ဖြစ်၊ ရခိုင့်တတ်သိပညာရှင်အသိုင်းအဝိုင်းမှပင်ဖြစ်ဖြစ် ပါဝင်လာပြီဆိုပါစို့။ သူတို့ကို ရခိုင်လူထုက လက်ခံကြမည်လား။ သေချာသည်ကတော့ ရခိုင်အနည်းစုသာ လက်ခံကောင်း လက်ခံကြပေလိမ့်မည်။ အများစုကတော့ လက်မခံနိုင်ဖြစ်ကြရမည်။ ဘာကြောင့်ဆိုလျှင် NUG သည် NLD အမာခံများဖြင့် ဖွဲ့စည်းထားခြင်းကြောင့်ဖြစ်သည်။ NLD အစိုးရလက်ထက်က ရခိုင်တွင် ဖြစ်ပျက်ခဲ့ကြရသည့် သွေးပျက်ဖွယ် စစ်ပွဲအနိဋ္ဌာရုံဖြစ်ရပ်ဆိုးများအပေါ် NLD ခေါင်းဆောင်များက လျစ်လျူရှုနိုင်လွန်းခဲ့ကြသည်ကို ရခိုင်တို့က ယနေ့ထိတိုင် မမေ့သေးပေ။
ရပ်ရွာအနီးတိုက်ပွဲဖြစ်၍ ရပ်ရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားရာ ပေါင်းများစွာ သေကြေခဲ့ကြသည်။ ကိုယ်လက်အင်္ဂါဆုံးရှုံး၊ နေအိမ်အလုံးပေါင်း ထောင်နှင့်ချီ မီးလောင်ပြာကျပြီး ဒေသခံသောင်းနှင့်ချီ အိုးအိမ်စွန့်ခွာ၍ အသက်လုထွက်ပြေးခဲ့ကြရသည်။ သည်ကြားထဲ တောနားတောင်နား ငါးရှာ၊ ဟင်းခူးသူတို့က မိုင်းပေါက်ကွဲမှုကြောင့် မသေသင့်ဘဲ သေ၊ ကိုယ်လက်အင်္ဂါတို့ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးဖြင့် ရခိုင်တို့ ဒုက္ခအဖုံဖုံကို ခါးစည်းခံခဲ့ကြရသည်။ ယင်းဒုက္ခသည်များအပေါ် NLD ခေါင်းဆောင်များက နှစ်သိမ့်ဖော်မရခဲ့၊ အားပေးစကားတစ်ခွန်းမဆိုခဲ့။
ရခိုင်တို့ ယခုလို ဒုက္ခမျိုးစုံခံနေကြရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရခြင်းတို့ကို ရခိုင်မှ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့ကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့ကြသည်။ သို့သော် ထိုအဆို၊ ထိုမေးခွန်းများ ကို NLD အားကောင်းသောလွှတ်တော်က ပယ်ချခြင်း၊ ဆွေးနွေးခွင့်မပြုခြင်းစသည်ဖြင့် ရခိုင်တို့ဒုက္ခအပေါ် စာနာမှုမပြခဲ့ပေ။
နောက်လည်း ရှိသေးသည်။ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း ရခိုင်တစ်ပြည်လုံး၏ ၇၅ ရာခိုင်နှုန်းကို ရွေးကောက်ပွဲ ကျင်းပ ခွင့် မပေးခဲ့ခြင်းဖြစ်သည်။ NLD အမာခံနယ်မြေဖြစ်သော၊ တစ်နည်းအားဖြင့် NLD နိုင်နိုင်ခြေရှိသည့်ဒေသများကိုသာ ရွေးကောက်ပွဲကျင်းပ ခွင့်ပေးခဲ့သည်။ NLD ကိုအားပေးထောက်ခံမှုမရှိသည့်မြို့နယ်များကိုမူ တိုက်ပွဲများဖြစ်ပွားနေသည်ဟု အကြောင်းပြကာ ရွေးကောက်ပွဲ ကျင်းပပေးခြင်းမရှိခဲ့ပေ။ (ရွေးကောက်ပွဲကျင်းပနေစဉ် ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့မှု အလျဉ်းမရှိခဲ့ပါ။ ဤကား စကားချပ်) သို့ဆိုလျှင် ယင်းရွေးကောက်ပွဲကား အဘယ်မှာ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပါဦးမလဲ။
ထိုထိုသောအချက်များကြောင့် NLD အပေါ် ရခိုင်တို့ စိတ်နာ၍ မဆုံး။ ယင်းကြောင့် NUG တွင် နောက်ပိုင်း ရခိုင်မှပါဝင်မှု ရှိလာသည် ဆိုသော်လည်း ရခိုင်အများစုကတော့ အားပေးထောက်ခံကြလိမ့်မည်မဟုတ်ပေ။
ရခိုင်လူမျိုးအများစုလိုလားသည်က လူမျိုးကြီးဝါဒီများကြီးစိုးသည့်အစိုးရအဖွဲ့တို့တွင် ဝန်ကြီးတစ်နေရာ၊ ကောင်စီဝင်တစ်နေရာ၊ လွှတ်တော်ကိုယ်စားလှယ်တစ်နေရာစသည်ဖြင့် တွယ်ကပ်လုပ်ချင်နေသည်တော့ မဟုတ်။ ကိုယ့်ပြည်နှင့်ကိုယ့်လူမျိုးကို ကိုယ်ကိုယ်တိုင် ကာကွယ်နိုင်သည့် အာရက္ခပြည်ထောင်စု၊ ရခိုင့်နိုင်ငံတော်အဖြစ် တည်ထောင်လိုကြခြင်းဖြစ်သည်။ လူမျိုးခြားတို့ထံ အအုပ်ချုပ်ခံ လူတန်း စားမဖြစ်လိုဘဲ ကိုယ်ပိုင်အုပ်ချုပ်မည့်လူတန်းစားသာ ဖြစ်လိုကြသည်။ ပြည်ထောင်စုကြီးဟူသည့် ဝေစုမှ မဝရေစာ မရယူချင်ဘဲ ကိုယ့်ဝေစုနှင့်ကိုယ် သီးသန့်ရယူလိုကြခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်(AA) ကလည်း သည်အတိုင်းပင်။ ကိုယ့်လူမျိုးကို ကိုယ်သာလျှင် အုပ်ချုပ်မည်။ ကိုယ့်ပြည်နယ်ကို ကိုယ်သာလျှင် စီမံခန့်ခွဲမည်။ မည်သည့်အစိုးရနှင့်မျှ ပူးပေါင်းမည်မဟုတ်။ ယင်းရည်တည်ချက်များကြောင့်ပင် NUG ကို လှည့်မကြည့်ခဲ့ခြင်းဖြစ်နိုင်သည်။ NUG ကို လှည့်မကြည့်ခဲ့သည့် AA ၏လုပ်ရပ်ကိုလည်း AA ကို အားပေးထောက်ခံသည့်ပြည်သူများက နှစ်ထောင်းအားရရှိနေကြသည်။ အကြောင်းကတော့ AA သည် ရခိုင်တို့အတွက် အမြုတေအဖြစ် ရခိုင်တို့၏နှလုံးသားထဲတွင် စွဲမြဲစွာလက်ခံထားကြ၍ပင်ဖြစ်သည်။
လက်ရှိအနေအထားတွင်လည်း AA သည် ရခိုင်တွင် အယ်လ်ဖာ၊ ဘီတာ၊ နိုဗာ ဟူသောအမည်များဖြင့် စစ်ဒေသများ ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေးများကို နယ်မြေအပိုင်းအခြားအလိုက် တာဝန်ယူဆောင်ရွက်နေပြီဖြစ်သည်။ လူထုကလည်း အကြောင်းကိစ္စတစ်စုံတရာပေါ်ပေါက်လာပါက AA နယ်မြေမှူးများအား အားကိုးတကြီး သွားရောက်တိုင်ကြား နေကြ ပြီဖြစ်သည်။ AA ကလည်း တရားမျှတမှုရှိရှိ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနေသည်ဖြစ်ရာ သီးခြားလွတ်လပ်သည့်နယ်မြေအဖြစ် လျှောက်လှမ်းနေကြပြီဟုပင် ဆိုရမည်ဖြစ်သည်။ AA တော့ ရခိုင်ဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေး၊ လယ်ယာသစ်တော၊ သားငါးကဏ္ဍစသည့်ကဏ္ဍများကိုလည်း ဆက်လက်ကိုင်တွယ်နိုင်ရန်ပြင်ဆင်နေသည်ဟု မြေပြင်သတင်းများအရ သိရသည်။
တစ်ဘက်တွင်လည်း NUG သည် တရားမဝင်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံထားရသည့် CRPH က ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်နေသည်။ ထို့ကြောင့် NUG နှင့်တကွ ယင်းအဖွဲ့တွင်ပါဝင်သူများသည်လည်း မတရားအသင်းနှင့် မတရားအသင်းဝင်များ ဖြစ်သည့် အကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီလ ၂၁ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရခိုင်အများစုကတော့ NUG တွင် ပါရေး၊ မပါရေးကို ဂရုစိုက်ကြလိမ့်မည် မဟုတ်။ လက်ရှိအုပ်ချုပ်နေသည့် နစကကောင်စီတွင် ပါရေး၊ မပါရေးကိုလည်း စိတ်ဝင်စားကြလိမ့်မည်မဟုတ်။ ကိုယ့်ပြည်ကိုယ့်လူမျိုးကို ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသော သီးခြားလွတ်လပ်သောပြည်နယ်တစ်ခုအဖြစ်သာ လိုလားနေကြခြင်းဖြစ်သည်။ ထိုလိုလားချက်ကို ရက္ခိုင့်တပ်တော်(AA)က ဖြည့်ဆည်း ပေး နိုင်လိမ့်မည်ဟုလည်း ရခိုင်လူထုက အကြွင်းမဲ့ ယုံကြည်ထားကြသည်။ လက်ရှိတွင်လည်း AA သည် ရခိုင့်မြေပြင်နေရာအနှံ့အပြားတွင် ဖြန့်ကြက် ခြေကုပ်ထားနိုင်ပြီဖြစ်ရာ ရခိုင်တို့၏ကံကြမ္မာသည် ရှေ့ဆက် ဘာတွေဖြစ်လာနိုင်မလဲဆိုသည်ကို အလေးထား စောင့်ကြည့်ကြ ရမည် ၏ဖြစ်သည်။
မာန်ယုကျော် (ရွှေဝမြေ)
==========