ဆောင်းပါး

တိုးတက်မှုအကြောင်းရင်းခံ

▄ တိုးတက်မှုအကြောင်းရင်းခံ

- အခြေခံကောင်းတဲ့ ပညာရေးနဲ့ လွတ်လွတ်လပ်လပ်လုပ်ခွင့်၊ ဒီနှစ်ခု ရှိရင် တိုးတက်မယ်တဲ့။

- တို့နိုင်ငံမှာ အခြေခံကောင်းတဲ့ ပညာရေး ရခဲ့သလား။

- အခြေခံကောင်းတဲ့ ပညာရေးမှာ

- ဘယ်လိုအင်္ဂါရပ်တွေ ပါဝင်သလဲဆိုတာ တွေးမိတယ်။

- အကောင်း အဆိုး ၊ အကြောင်း အကျိုး၊

- အမှား အမှန်ကို ခွဲခြားသိမြင်နိုင်မယ့်

- ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားနိုင်စွမ်းကို ဖြည့်ပေးရင်

- အခြေခံကောင်းတဲ့ ပညာရေးလို့ ပြောနိုင်တယ်။

- ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးနိုင်ရင်

- အခြေခံကောင်းတဲ့ ပညာရေးလို့ ပြောနိုင်လိမ့်မယ်။

- အစုအဖွဲ့နဲ့ အလုပ်လုပ်တတ်တာ၊

- အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တတ်တာ၊

- ဒီလို အလေ့အထတွေ ဖြစ်ထွန်းရင် အခြေခံကောင်းတဲ့ ပညာရေးလို့ ပြောနိုင်တယ်။

- အလုပ်တစ်ခုခု၊ အကြောင်းရပ်တစ်ခုခု၊

- ဘာသာရပ်တစ်ခုခု… စတဲ့ ဘယ်အရာကိုမဆို

- ဘယ်လို လေ့လာသင်ယူရမလဲဆိုတဲ့

- (How to learn) ဆိုတဲ့ နည်းနာကို ကောင်းကောင်း သင်ပေးနိုင်ရင်

- အဲဒါ အခြေခံကောင်းတဲ့ ပညာရေးကို ရတာပဲ။

- ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ကို

- အမွေပေးနိုင်တဲ့ ပညာရေးဟာ အခြေခံကောင်းတဲ့ပညာရေးပဲ။

- အလှတရားကို ချစ်မြတ်နိုးတတ်တဲ့ နှလုံးသားကို

- မွေးမြူပေးနိုင်ရင် အခြေခံကောင်းတဲ့ ပညာရေးလို့ ခေါ်နိုင်ပါတယ်။

- ဒီနေရာမှာ ချုပ်လိုက်ရင်….

- အချက် ( ၆ ) ချက်ကို သွားတွေ့ရတယ်။

- (၁) critical thinking လို့ခေါ်တဲ့ စဉ်းစားဉာဏ်။

- (၂) confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရင် ကိုယ့်အားကိုယ်ကိုးနိုင်တယ်။

- (၃) teamwork နဲ့ cooperative mindset လို့ခေါ်နိုင်တဲ့

- ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထ။

- (၄) ဘယ်လိုလေ့လာသင်ယူရမလဲဆိုတာကို သိတာ။

- (၅) ethic လို့ခေါ်တဲ့ ကျင့်ဝတ်၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ။

- (၆) အလှတရားကို ချစ်တတ်တာ။

- ဒီအချက် (၆) ချက်ဟာ ပညာရေးမှာ

- သိပ်ပြီး အခြေခံကျတယ်လို့ ယူဆတယ်။

- တိုင်းပြည်တစ်ခုဟာ အခြေခံကောင်းတဲ့ ပညာရေးကိုလည်း မပေးနိုင်၊

- လွတ်လပ်စွာ လုပ်ကိုင် ပြောဆို ဖန်တီးခွင့်လည်း မရ။

- ဒါဆိုရင် အဲသည့်တိုင်းပြည် တဖြည်းဖြည်းနဲ့ ပျက်မှာပဲ။

- လူ့အဖွဲ့အစည်းကို တိုးတက်အောင် လုပ်ပေးတာ၊

- တည်ငြိမ်အောင် လုပ်ပေးတာ၊

- ငြိမ်းချမ်းအောင် လုပ်ပေးတာ၊

- လွတ်လပ်အောင် လုပ်ပေးတာ၊

- ဂုဏ်သိက္ခာရှိအောင် လုပ်ပေးတာ….

- ပညာရေး အခြေခံကောင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်၊

- ဒီနှစ်ချက်နဲ့ အများကြီး သက်ဆိုင်ပါတယ်။

မင်းသေ့

Federal Journal

Related Articles

Back to top button