ဆောင်းပါး

တိတိုအလွန် ယူဂိုဆလားဗီးယားသမိုင်းက ပြောပြသော မြန်မာနိုင်ငံ၏အနာဂတ်

Zawgyi

ဒုတိယကမ္ဘာစစ်အလွန် ၁၉၄၈တွင် စစ်သူကြီး တိတိုသည် ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ကြီးစတာလင်ရဲ့ ကွန်မြူနစ် စံနစ်ကို အံတုကာ ဆိုရှယ်လစ် ဖက်ဒရယ် ယူဂိုဆလားဗီးယားနိုင်ငံထူထောင်ခဲ့သည်။ စတာလင်ပံုစံ ကွန်မြူနစ် စနစ်ကို သူမကြိုက်၊ အပြက်ငြင်းသည်။ ထိုမှစ၍ တိတိုသည် အရှေ့ ဥရောပတွင် လူကြိုက်များပြီး သြဇာကြီးထွားလာခဲ့သည်။ စစ်အေးကာလ အရှေ့ အနောက်အားပြိုင်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ကာ ၁၉၆၁ ခုနှစ်တွင် Non-Aligned Movement (NAM) ခေ်ါ ကြားနေလှုပ်ရှားမှုကိုဦးဆောင်ပြီး အီဂျစ်၊အိန္ဒိယလိုနိုင်ငံကြီများအပါဝင် နိုင်ငံပေါင်းများစွာကို အောင်မြင်စွာစည်းရံုးနိုင်ခဲ့သည်။ ထိုမှတဆင့် အရှေ့အနောက်ဥရောပနိုင်ငံများအလိုကျ ဇတ်မင်းသားကြီးဖြစ်သွားသည်။ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သည့် အရှေ့ ဥရောပဘလောက် (Eastern Block) သြဇာကြီးထွားမှာ အမြဲစီုးရိမ်သည့် အနောက်နိုင်တွေအတွက် တိတိုဦးဆောင်သည့် ယူဂိုဆလားဗီးယားနိုင်ငံသည် နိုင်ငံရေးအရ မချစ်သေ်ာလည်း အောင့်ကာနမ်း သိုမဟုတ် ကိုယ့်ရန်သူ၏ ရန်သူသည် ကိုယ့်မိတ်ဆွေ ဆိုသလို နိုင်ငံရေးအရ မိတ်ဖွဲ့ရ မည့်နိုင်ငံဖြစ်လာခဲ့သည်။ ထိုသို့ အနောက်နိုင်ငံသည် တိတိုအလိုကိုလိုက်ကာ ယူဂိုဆလားဗီးယားနိုင်ငံကို မာရှယ်စီမံကိန်းခေ်ါ နိုင်ငံရေး နှင့်စီးပွားရေးအရ လိုလည်သေးမရှိ ထောက်ပံ့ကူညီခဲ့သည်။ ထိုမျှမကသေး တိတိုသည် အတန်းပညာလေးနှစ်သာ သင်ယူခဲ့သေ်ာလည်း အနောက်အုပ်စုက ချီးမြှင့်သောဂုဏ်ထူးဘွဲ့ ၁၉ ဘွဲ့ နှင့် အရှေ့ ဥရောပအုပ်စုကချီးမြှင့်သော၂၆ဘွဲ့ စုစုပေါင်း နိုင်ငံတကာ ၄၅ ဂုဏ်ထူးဘွဲ့ရရှိခဲ့သည်။ အရှေ့အနောက်အလိုကျနိုင်ငံရေးကောင်းကောင်း ကစားနိုင့်ခဲ့သည်သာမက ယူဂိုဆလားဗီးယားနိုင်ငံအတွင်းရှိ လူမျိုးရေး ပဋိပက္ခနှင့် ဝိရောဓိအားလံုးကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ကာ ယူဂိုဆလားဗီးယား ပြည်သူအားလံုးချစ်ခင်လေးစားသောနိုင်ငံ့ခေါင်းဆောင်ကြီးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ ၁၉၈၀ မေလ ၄ ရက်နေ့တွင် တိတိုကွယ်လွန်သည်။
၁၉၉၀ တွင်ဆိုဗိယက်ပြည်ထောင်စုကြီးလည်းအလံုးရင်း ပြိုကွဲခဲ့သည်။ ၁၉၉၀ အလွန်ဆိုဗိယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း အနောက်နိုင်ငံအတွက် စိုးရိမ်ရမယ့်ရန်သူမရှိတော့သလို တိတိုထူထောင်ခဲ့သော ယူဂိုဆလားဗီးယားကိုလည်းအလိုမရှိဖြစ်လာသည်။ ထိုမျှမက တိတိုထူထောင်ခဲ့သော ဆိုရှယ်လစ် ယူဂိုဆလားဗီးယားနိုင်ငံသည် မိတ်ဖွဲ့ရမယ့်အစား အမြစ်ပျက် ခြေဖြုတ်ရမယ့် ပစ်မှတ်ဖြစ်လာသည်။ ပထမ ထောက်ပံ့ငွေရုပ်သိမ်းသည်။ ပြီနောက် တိတိုခက်တုန်းက ချေးထားတဲ့ ကွြေးမြီးအားလံုးပြန်တောင်းသည်။ထိုမှတဆင့်ဖြည်းဖြည်းနဲ့ နိုင်ငံရေးပဋိပက တစ်ခုတစ်ပြီးတစ်ခုဖန်တီးလာကာ ပြည်တွင်း စိးပွားရေးကျဆင်းလာသည်။ လိုမျိုးရေးနှင့် ဘာသာရေး မုန်းတီးမှုကြီးထွားလာကာ လူမျိုးရေး ဘာသာရေးအလိုက် နိုင်ငံရေးအခွင့်ရေးသမားများ အားကောင်းလာသည်။ ထိုသို့ ၁၉၉၁ ဇွန်လ ၂၅ တွင် ဆလိုဗေးနီယားသည် မထမဆံုး ငြီမ်းချမ်းစွာခွဲထွက်ခဲ့ရသည်။ ခရိုအေးရှားကနောက်မှလိုက်လာသည်။ သို့သေ်ာ ဘောစနီးယားခွဲထွက်ရေးကြိုးပမ်းမှုသည် အခြားနှင့်မတူ အဖိုးခအများကြီးပေးဆပ်ရသည်။ ၁၉၉၁ မှ ၁၉၉၅ ထိ အနည်းဆံုးလူဦးရေ နှစ်သိန်းကျေ်ာ အသက်ဆံုးရံုးရပြီး သန်းနဲ့ချီအိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ အနောက်နိုင်ငံအားလံုးလက်ပိုက်စောင့်ကြည့်နေခဲ့သည်။ ယနေ့ထိစစ်ကြောင့်အိမ်ပြန်လမ်းမဲ့နေတဲ့ မိသားစုပေါင်းများစွာရှိသေးသည့် အပြင် ယူဂိုဆလားဗီးယားနိုင်သည် လည်း ၇ နိုင်ငံအဖြစ်သို့ အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ရသည်။
ယနေ့ မြန်မာနိုင်ငံသည် ပထဝီဒေသအရ အချက်ခြာကျသည့်နိုင်ငံဖြစ်သည်။ အရှေ့မြောက်ဘက်မှ နိုင်ငံရေးစီးပွားရေးအရ တရုတ်တွေအာဏာကြီးထွားနေချိန်မှာ တိတိုရဲ့ယူဂိုဆလားဗီးလို ငါတို့ကိုမချစ်သေ်ာလည်း အောင့်ကာနမ်းချင်တဲ့သူတွေအများကြီးရှိသည်။ ထိုကဲ့သို့ပြည်တွင်းအမျိုးချစ် ဘာသာချစ် တွေ့မရှောင်သူရဲကောင်းတွေ နေရာတကာမှိုလိုပေါက်နေသည်။ အရှေ့အနောက်အလိုကျကစားပြီးဘွဲ့ထူးဂုဏ်ထူးရတဲ့သူတွေလည်း တစ်နေ့ပြီးတစ်နေ့ တစ်ဖြည်းဖြည်းများလာသည်။ သင်ခန်းစာယူသင့်တာက ယူဂိုဆလားဗီးလို အစိတ်စိတ်အမွှမွှကွဲစေပြီး အသက်အိုးအိမ်ပေါင်းများစွာပျက်စီးစေတဲ့ အဓိက တရာခံများသည် အမျိုးချစ်ဘာသာချစ် သူရဲကောင်း တွေဆိုတာ မြဲမြဲမှတ်ထားဖို့လိုသည်။ ဆလားဗီးပြည်တွင်းစစ်ကာလမှာ အမျိုးချစ် ဘာသာချစ်သူရဲကောင်းကြီးတွေ ယနေ့နိုင်ငံတကာခံုရံုးက လူသတ်ရာဇဝတ်များအဖြစ် ပြစ်ဒဏ်အသီးသီးချခံရတာလည် သာဓကယူသင့်သည်။

By-Rual Lian Thang။

 

Unicode

ဒုတိယကမ္ဘာစစ်အလွန် ၁၉၄၈တွင် စစ်သူကြီး တိတိုသည် ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ကြီးစတာလင်ရဲ့ ကွန်မြူနစ် စံနစ်ကို အံတုကာ ဆိုရှယ်လစ် ဖက်ဒရယ် ယူဂိုဆလားဗီးယားနိုင်ငံထူထောင်ခဲ့သည်။ စတာလင်ပုံစံ ကွန်မြူနစ် စနစ်ကို သူမကြိုက်၊ အပြက်ငြင်းသည်။ ထိုမှစ၍ တိတိုသည် အရှေ့ ဥရောပတွင် လူကြိုက်များပြီး သြဇာကြီးထွားလာခဲ့သည်။ စစ်အေးကာလ အရှေ့ အနောက်အားပြိုင်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ကာ ၁၉၆၁ ခုနှစ်တွင် Non-Aligned Movement (NAM) ခေါ် ကြားနေလှုပ်ရှားမှုကိုဦးဆောင်ပြီး အီဂျစ်၊အိန္ဒိယလိုနိုင်ငံကြီများအပါဝင် နိုင်ငံပေါင်းများစွာကို အောင်မြင်စွာစည်းရုံးနိုင်ခဲ့သည်။ ထိုမှတဆင့် အရှေ့အနောက်ဥရောပနိုင်ငံများအလိုကျ ဇတ်မင်းသားကြီးဖြစ်သွားသည်။ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သည့် အရှေ့ ဥရောပဘလောက် (Eastern Block) သြဇာကြီးထွားမှာ အမြဲစီုးရိမ်သည့် အနောက်နိုင်တွေအတွက် တိတိုဦးဆောင်သည့် ယူဂိုဆလားဗီးယားနိုင်ငံသည် နိုင်ငံရေးအရ မချစ်သော်လည်း အောင့်ကာနမ်း သိုမဟုတ် ကိုယ့်ရန်သူ၏ ရန်သူသည် ကိုယ့်မိတ်ဆွေ ဆိုသလို နိုင်ငံရေးအရ မိတ်ဖွဲ့ရ မည့်နိုင်ငံဖြစ်လာခဲ့သည်။ ထိုသို့ အနောက်နိုင်ငံသည် တိတိုအလိုကိုလိုက်ကာ ယူဂိုဆလားဗီးယားနိုင်ငံကို မာရှယ်စီမံကိန်းခေါ် နိုင်ငံရေး နှင့်စီးပွားရေးအရ လိုလည်သေးမရှိ ထောက်ပံ့ကူညီခဲ့သည်။ ထိုမျှမကသေး တိတိုသည် အတန်းပညာလေးနှစ်သာ သင်ယူခဲ့သော်လည်း အနောက်အုပ်စုက ချီးမြှင့်သောဂုဏ်ထူးဘွဲ့ ၁၉ ဘွဲ့ နှင့် အရှေ့ ဥရောပအုပ်စုကချီးမြှင့်သော၂၆ဘွဲ့ စုစုပေါင်း နိုင်ငံတကာ ၄၅ ဂုဏ်ထူးဘွဲ့ရရှိခဲ့သည်။ အရှေ့အနောက်အလိုကျနိုင်ငံရေးကောင်းကောင်း ကစားနိုင့်ခဲ့သည်သာမက ယူဂိုဆလားဗီးယားနိုင်ငံအတွင်းရှိ လူမျိုးရေး ပဋိပက္ခနှင့် ဝိရောဓိအားလုံးကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ကာ ယူဂိုဆလားဗီးယား ပြည်သူအားလုံးချစ်ခင်လေးစားသောနိုင်ငံ့ခေါင်းဆောင်ကြီးအဖြစ်သမိုင်းမှတ်တမ်း၀င်ခဲ့သည်။ ၁၉၈၀ မေလ ၄ ရက်နေ့တွင် တိတိုကွယ်လွန်သည်။
၁၉၉၀ တွင်ဆိုဗိယက်ပြည်ထောင်စုကြီးလည်းအလုံးရင်း ပြိုကွဲခဲ့သည်။ ၁၉၉၀ အလွန်ဆိုဗိယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း အနောက်နိုင်ငံအတွက် စိုးရိမ်ရမယ့်ရန်သူမရှိတော့သလို တိတိုထူထောင်ခဲ့သော ယူဂိုဆလားဗီးယားကိုလည်းအလိုမရှိဖြစ်လာသည်။ ထိုမျှမက တိတိုထူထောင်ခဲ့သော ဆိုရှယ်လစ် ယူဂိုဆလားဗီးယားနိုင်ငံသည် မိတ်ဖွဲ့ရမယ့်အစား အမြစ်ပျက် ခြေဖြုတ်ရမယ့် ပစ်မှတ်ဖြစ်လာသည်။ ပထမ ထောက်ပံ့ငွေရုပ်သိမ်းသည်။ ပြီနောက် တိတိုခက်တုန်းက ချေးထားတဲ့ ကြွေးမြီးအားလုံးပြန်တောင်းသည်။ထိုမှတဆင့်ဖြည်းဖြည်းနဲ့ နိုင်ငံရေးပဋိပက တစ်ခုတစ်ပြီးတစ်ခုဖန်တီးလာကာ ပြည်တွင်း စိးပွားရေးကျဆင်းလာသည်။ လိုမျိုးရေးနှင့် ဘာသာရေး မုန်းတီးမှုကြီးထွားလာကာ လူမျိုးရေး ဘာသာရေးအလိုက် နိုင်ငံရေးအခွင့်ရေးသမားများ အားကောင်းလာသည်။ ထိုသို့ ၁၉၉၁ ဇွန်လ ၂၅ တွင် ဆလိုဗေးနီယားသည် မထမဆုံး ငြီမ်းချမ်းစွာခွဲထွက်ခဲ့ရသည်။ ခရိုအေးရှားကနောက်မှလိုက်လာသည်။ သို့သော် ဘောစနီးယားခွဲထွက်ရေးကြိုးပမ်းမှုသည် အခြားနှင့်မတူ အဖိုးခအများကြီးပေးဆပ်ရသည်။ ၁၉၉၁ မှ ၁၉၉၅ ထိ အနည်းဆုံးလူဦးရေ နှစ်သိန်းကျော် အသက်ဆုံးရုံးရပြီး သန်းနဲ့ချီအိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ အနောက်နိုင်ငံအားလုံးလက်ပိုက်စောင့်ကြည့်နေခဲ့သည်။ ယနေ့ထိစစ်ကြောင့်အိမ်ပြန်လမ်းမဲ့နေတဲ့ မိသားစုပေါင်းများစွာရှိသေးသည့် အပြင် ယူဂိုဆလားဗီးယားနိုင်သည် လည်း ၇ နိုင်ငံအဖြစ်သို့ အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ရသည်။
ယနေ့ မြန်မာနိုင်ငံသည် ပထဝီဒေသအရ အချက်ခြာကျသည့်နိုင်ငံဖြစ်သည်။ အရှေ့မြောက်ဘက်မှ နိုင်ငံရေးစီးပွားရေးအရ တရုတ်တွေအာဏာကြီးထွားနေချိန်မှာ တိတိုရဲ့ယူဂိုဆလားဗီးလို ငါတို့ကိုမချစ်သော်လည်း အောင့်ကာနမ်းချင်တဲ့သူတွေအများကြီးရှိသည်။ ထိုကဲ့သို့ပြည်တွင်းအမျိုးချစ် ဘာသာချစ် တွေ့မရှောင်သူရဲကောင်းတွေ နေရာတကာမှိုလိုပေါက်နေသည်။ အရှေ့အနောက်အလိုကျကစားပြီးဘွဲ့ထူးဂုဏ်ထူးရတဲ့သူတွေလည်း တစ်နေ့ပြီးတစ်နေ့ တစ်ဖြည်းဖြည်းများလာသည်။ သင်ခန်းစာယူသင့်တာက ယူဂိုဆလားဗီးလို အစိတ်စိတ်အမွှမွှကွဲစေပြီး အသက်အိုးအိမ်ပေါင်းများစွာပျက်စီးစေတဲ့ အဓိက တရာခံများသည် အမျိုးချစ်ဘာသာချစ် သူရဲကောင်း တွေဆိုတာ မြဲမြဲမှတ်ထားဖို့လိုသည်။ ဆလားဗီးပြည်တွင်းစစ်ကာလမှာ အမျိုးချစ် ဘာသာချစ်သူရဲကောင်းကြီးတွေ ယနေ့နိုင်ငံတကာခုံရုံးက လူသတ်ရာဇဝတ်များအဖြစ် ပြစ်ဒဏ်အသီးသီးချခံရတာလည် သာဓကယူသင့်သည်။

By-Rual Lian Thang။

 

Related Articles

Back to top button