ဆောင်းပါး

ကပ်ရောဂါကာလထဲက အထွေထွေရွေးကောက်ပွဲ

 

ကပ္ေရာဂါကာလထဲက အေထြေထြေရြးေကာက္ပြဲ

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည္ ျဖစ္သည္။ ေရြးေကာက္ပြဲက်င္းပမည့္ရက္ကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာ ခဲ့ၿပီးေနာက္ ၂၀၂၀ ျပည့္ႏွစ္ ဩဂုတ္လမွစတင္ကာ ကိုဗစ္ကပ္ေရာဂါ ဒုတိယလိႈင္းက ျမန္မာ ႏိုင္ငံကို ႐ိုက္ခတ္လာခဲ့သည္။ စက္တင္ဘာလတြင္ ကူးစက္မႈ ၃၀ဝ၀ နီးပါး ရွိလာသည္။

အေထြေထြေရြးေကာက္ပြဲအတြက္ ပထမအႀကိမ္ မဲဆႏၵရွင္စာရင္းကို ဇူလိုင္လအတြင္း စတင္ေၾကညာခဲ့ၿပီး ရက္ေပါင္း ၂၁ ရက္ၾကာ မဲဆႏၵရွင္မ်ား မဲစာရင္းၾကည့္ခြင့္ ရခဲ့သည္။ ထိုရက္ မ်ား၌ ကိုဗစ္ကူးစက္မႈမွာ ျပည္တြင္းကူးစက္မႈ လံုးဝမရွိသျဖင့္ ရပ္/ေက်းေကာ္မရွင္ အဖြဲ႕ခြဲ႐ံုး မ်ား၌ မဲစာရင္းၾကည့္႐ႈသူ မ်ားျပားခဲ့၏။ မဲစာရင္းတြင္ မပါဝင္ျခင္း၊ အခ်က္အလက္မ်ား မွားယြင္း ေနျခင္းေၾကာင့္ မဲဆႏၵရွင္ အမ်ားအျပားက ေဝဖန္ေျပာဆိုၾကၿပီး ပံုစံ ၃ ျဖင့္ မဲစာရင္းပါဝင္လို ေၾကာင္း ေလွ်ာက္ထားျခင္း၊ ပံုစံ ၄(ဂ)ျဖင့္ အခ်က္အလက္မ်ား ျပင္ဆင္ျခင္း ျပဳလုပ္သူမ်ားစြာ ရွိခဲ့သည္။

ပထမအႀကိမ္ မဲစာရင္းကို တစ္ႏိုင္ငံလံုး အတိုင္း အတာျဖင့္ လာ ေရာက္ ၾကည့္႐ႈသူ မ်ားျပားခဲ့ေသာ္ လည္း စစ္မက္ျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္ ေျမာက္ ပိုင္း ရွိ ေဒသအခ်ိဳ႕က မဲဆႏၵရွင္မ်ားမွာမူ ကိုယ္တိုင္မဲစာရင္း ၾကည့္ခြင့္ မရခဲ့ေပ။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္သည္ ပထမအႀကိမ္ မဲစာရင္းမ်ားကို ကပ္ထားေၾကညာၿပီး ေနာက္ ဒုတိယအႀကိမ္ မဲစာရင္း ထုတ္ျပန္ေၾကညာရန္ အတြက္ မဲဆႏၵရွင္မ်ား၏ ေလွ်ာက္ထားျခင္း၊ ျပင္ဆင္ ျခင္း၊ ျဖည့္စြက္ျခင္း လုပ္ေဆာင္ထားသည္မ်ားကို မဲစာရင္းမ်ား၌ ျပန္လည္ျပင္ဆင္ေဆာင္ရြက္ခဲ့သည္။ ထိုအေတာအတြင္း ျပည္ပႏိုင္ငံမ်ားေရာက္ မဲဆႏၵရွင္ မ်ား၏ ပံုစံ ၁၅ ျဖင့္ မဲေပးခြင့္ရရန္ ေတာင္းဆိုျခင္း၊ ျပည္တြင္းႏိုင္ငံသား မဲဆႏၵရွင္မ်ားအနက္ မဲဆႏၵနယ္ ျပင္ပေရာက္ မဲဆႏၵရွင္မ်ား၏ မဲေပးခြင့္ ေတာင္းဆို ျခင္းမ်ားကိုလည္း စိစစ္ေဆာင္ရြက္ခဲ့သည္။

ဩဂုတ္လကုန္တြင္ လႊတ္ေတာ္အဆင့္ဆင့္၌ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ား ၏ စာရင္းကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ က ေၾကညာၿပီးသည့္ေနာက္ စက္တင္ဘာလ ၈ ရက္ ေန႔တြင္မူ သက္ဆိုင္ရာ ကိုယ္စားလွယ္ေလာင္းမ်ား၏ မဲဆြယ္စည္း႐ံုးခြင့္ကာလသို႔ ေရာက္ရွိလာေတာ့သည္။

ထိုအခ်ိန္တြင္ ကိုဗစ္ကပ္ေရာဂါ ဒုတိယလိႈင္းမွာ ရခိုင္ျပည္နယ္မွတစ္ဆင့္ ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးအမ်ား အျပားသို႔ ႐ိုက္ခတ္လာေနၿပီျဖစ္သည္။ အဓိက အထိ အခိုက္အမ်ားဆံုးက ရန္ကုန္ၿမိဳ႕ျဖစ္ေလသည္။ ရန္ကုန္ တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္မ်ား တြင္ ေရာဂါကူးစက္မႈ ႏႈန္း ျမင့္ မားလာၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနက Stay at Home ေနရန္ ေၾကညာ ထားရသည္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြး ေကာက္ပြဲဆိုင္ရာ က်န္းမာေရး အေထာက္အကူျပဳ ေကာ္မတီ ကို ဖြဲ႕စည္းတာဝန္ေပး အပ္ခဲ့ ၿပီး ဗဟိုအဆင့္ေကာ္မတီမွ ၿမိဳ႕နယ္အဆင့္ ေကာ္မတီအထိ ဖြဲ႕စည္းခဲ့သည္။

ထိုေကာ္မတီသည္ ေရြးေကာက္ပြဲမတိုင္မီကာလ၊ ေရြးေကာက္ပြဲကာလ၊ ေရြးေကာက္ပြဲၿပီးကာလမ်ားတြင္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲအဆင့္ဆင့္ႏွင့္ မဲဆႏၵ ရွင္ ျပည္သူမ်ား ကိုဗစ္ေရာဂါ ေဘးအႏၱရာယ္ကင္းရွင္း စြာ ေရြးေကာက္ပြဲတာဝန္မ်ား ထမ္းေဆာင္ႏိုင္ေရး၊ မဲေပးႏိုင္ေရးတို႔အတြက္ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ ကာ ေဆာင္ရြက္သြားမည္ျဖစ္၏။ ေကာ္မတီ၏ ၫႊန္ ၾကားခ်က္မ်ားသည္ ေရြးေကာက္ပြဲမတိုင္မီ ပါတီမ်ား၊ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္း႐ံုးရာတြင္ လိုက္နာေဆာင္ရြက္ရမည့္ အခ်က္မ်ား၊ ရပ္/ေက်း ေကာ္မရွင္အဖြဲ႕ခြဲမ်ားအား ဆင့္ပြားသင္တန္းေပးရာ တြင္ ေဆာင္ရြက္ရမည့္အခ်က္မ်ားကို ထုတ္ျပန္ ေၾကညာခဲ့သည္။

ထို႔ေၾကာင့္ မဲဆြယ္စည္း႐ံုးခ်ိန္ ယခုလိုကာလ မ်ားတြင္ လူ ၅၀ ဦးထက္ ပိုမို မစုေဝးေစျခင္း၊ Social Distancing ႏွင့္ ေနထိုင္ေစျခင္း၊ Stay at Home ေဒသမ်ားတြင္ Door to Door မဲဆြယ္စည္း႐ံုးမႈ မျပဳ လုပ္ေစျခင္းတို႔ေၾကာင့္ ေရြးေကာက္ပြဲမတိုင္မီကာလ မွာ ယခင္ ေရြးေကာက္ပြဲမ်ားကဲ့သို႔ လူစုလူေဝး ျဖစ္ ေပၚေနျခင္းမ်ား မေတြ႕ရေပ။

မဲဆြယ္စည္း႐ံုးေရးကာလတြင္ ေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ က်န္းမာေရးဌာနတို႔မွ ၫႊန္ၾကားခ်က္ မ်ားကို ပါတီမ်ားႏွင့္ ကိုယ္စား လွယ္ေလာင္းမ်ားက လိုက္နာ ေဆာင္ရြက္သကဲ့သို႔ ပါတီမ်ား ႏွင့္ကိုယ္စားလွယ္ေလာင္းမ်ား ကိုယ္တိုင္က ေရြးေကာက္ပြဲ အတြက္ လိုက္နာေဆာင္ရြက္ ရန္ လံႈ႔ေဆာ္ျခင္း၊ က်န္းမာေရး အေထာက္အကူျပဳဆိုင္ရာ ပစၥည္းမ်ား ေဝငွျခင္းတို႔ ျပဳ လုပ္လာသည္မွာလည္း ႏိုင္ငံ ေရးနယ္ပယ္တြင္ စိတ္ယဥ္ ေက်းမႈ ျမင့္မားလာျခင္းဟု သံုးသပ္ႏိုင္ေလသည္။

Stay at Home ေဒသမ်ားတြင္ ေရြးေကာက္ပြဲသံ တိတ္ဆိတ္ေနသေလာက္ Stay at Home အက်ံဳးမဝင္ သည့္ ေဒသမ်ားတြင္ကား လူဦးေရမ်ားျပားစြာျဖင့္ ယာဥ္ႀကီးယာဥ္ငယ္ျဖင့္ စီတန္းလွည့္လည္ မဲဆြယ္ေန ၾကသည္ကို ေတြ႕ရသည္။ ထိုအျပဳအမူအေပၚ မဲဆႏၵ ရွင္မ်ားက စိုးရိမ္ေနၾကၿပီး ေရြးေကာက္ပြဲတြင္ မဲေပး ရမည့္ပါတီမွာ မိမိတို႔ႏွလံုးသားထဲတြင္ ရွိႏွင့္ၿပီးေၾကာင္း၊ လူစုလူေဝးျဖင့္ မဲဆြယ္ျခင္းေၾကာင့္ ေရာဂါပိုးကူးစက္ ႏိုင္ေၾကာင္း လူမႈကြန္ရက္တြင္ သတိေပး ေရးသား လာၾကသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွာကား ကပ္ေရာဂါႀကီးႏွင့္ ႀကံဳေတြ႕ေနရပါေသာ္လည္း ေရြး ေကာက္ပြဲဟူသည့္ ပန္းတိုင္သို႔ ဆက္လက္ခ်ီတက္ေန သည္။ ထိုသို႔ခ်ီတက္ရာတြင္ ေရြးေကာက္ပြဲေကာ္မရွင္ ႐ံုးဝန္ထမ္းမ်ား၏ အားကလည္း အေရးပါသည္။ ေရြး ေကာက္ပြဲတစ္ခု ေအာင္ျမင္ေရးအတြက္ ေကာ္မရွင္ ႐ံုးအဆင့္ဆင့္ ဝန္ထမ္းမ်ားသည္ ေရွ႕တန္းတိုက္စစ္မွဴး မ်ား ျဖစ္ၾကသည္။ ယခု ကိုဗစ္ကာလတြင္ ႐ံုးဝန္ထမ္း မ်ား အင္အားတစ္ဝက္ေလွ်ာ့ကာ တစ္ဝက္႐ံုးတက္ တစ္ဝက္နား စနစ္ကို က်င့္သံုးရန္ အစိုးရက လမ္းၫႊန္ ထားေသာ္လည္း ေကာ္မရွင္ဝန္ထမ္းမ်ားမွာ ညနက္ ပိုင္းအထိ အခ်ိန္ျပည့္ အင္အားျပည့္ အလုပ္ဆင္းေန ရသည္။

စက္တင္ဘာလ ေနာက္ဆံုးပတ္ေလာက္တြင္ ေရြးေကာက္ပြဲအတြက္ ဒုတိယအႀကိမ္ မဲစာရင္းကပ္ ပါမည္။ တစ္ၿပိဳင္တည္း UEC Website မွတစ္ဆင့္ မဲစာရင္းၾကည့္ႏိုင္ေအာင္လည္း ျပင္ဆင္ထားပါလိမ့္ မည္။ လူစုလူေဝးျဖင့္ မဲစာရင္း တိုးေဝွ႔မၾကည့္ျဖစ္ရန္ စီစဥ္ထားပံုရပါသည္။ ကိုဗစ္ေရာဂါ ကူးစက္မႈကလည္း ေန႔စဥ္ ရာဂဏန္း ရွိေနဆဲျဖစ္သည္။ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ေရြးေကာက္ပြဲ ရက္ေရြ႕ မေရြ႕ကို ႏိုဝင္ဘာလတြင္ ေၾကညာမည္ဟု ဆိုသည္။ ေရြးေကာက္ပြဲကိုေတာ့ ေအာင္ျမင္စြာ က်င္းပႏိုင္လိမ့္ မည္ ထင္သည္။

 

ဗညားလိႈင္ဦး

Unicode

ကပ်ရောဂါကာလထဲက အထွေထွေရွေးကောက်ပွဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှစတင်ကာ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းက မြန်မာ နိုင်ငံကို ရိုက်ခတ်လာခဲ့သည်။ စက်တင်ဘာလတွင် ကူးစက်မှု ၃၀ဝ၀ နီးပါး ရှိလာသည်။

အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လအတွင်း စတင်ကြေညာခဲ့ပြီး ရက်ပေါင်း ၂၁ ရက်ကြာ မဲဆန္ဒရှင်များ မဲစာရင်းကြည့်ခွင့် ရခဲ့သည်။ ထိုရက် များ၌ ကိုဗစ်ကူးစက်မှုမှာ ပြည်တွင်းကူးစက်မှု လုံးဝမရှိသဖြင့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံး များ၌ မဲစာရင်းကြည့်ရှုသူ များပြားခဲ့၏။ မဲစာရင်းတွင် မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်း နေခြင်းကြောင့် မဲဆန္ဒရှင် အများအပြားက ဝေဖန်ပြောဆိုကြပြီး ပုံစံ ၃ ဖြင့် မဲစာရင်းပါဝင်လို ကြောင်း လျှောက်ထားခြင်း၊ ပုံစံ ၄(ဂ)ဖြင့် အချက်အလက်များ ပြင်ဆင်ခြင်း ပြုလုပ်သူများစွာ ရှိခဲ့သည်။

ပထမအကြိမ် မဲစာရင်းကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လာ ရောက် ကြည့်ရှုသူ များပြားခဲ့သော် လည်း စစ်မက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက် ပိုင်း ရှိ ဒေသအချို့က မဲဆန္ဒရှင်များမှာမူ ကိုယ်တိုင်မဲစာရင်း ကြည့်ခွင့် မရခဲ့ပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပထမအကြိမ် မဲစာရင်းများကို ကပ်ထားကြေညာပြီး နောက် ဒုတိယအကြိမ် မဲစာရင်း ထုတ်ပြန်ကြေညာရန် အတွက် မဲဆန္ဒရှင်များ၏ လျှောက်ထားခြင်း၊ ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ဆောင်ထားသည်များကို မဲစာရင်းများ၌ ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ထိုအတောအတွင်း ပြည်ပနိုင်ငံများရောက် မဲဆန္ဒရှင် များ၏ ပုံစံ ၁၅ ဖြင့် မဲပေးခွင့်ရရန် တောင်းဆိုခြင်း၊ ပြည်တွင်းနိုင်ငံသား မဲဆန္ဒရှင်များအနက် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ၏ မဲပေးခွင့် တောင်းဆို ခြင်းများကိုလည်း စိစစ်ဆောင်ရွက်ခဲ့သည်။

ဩဂုတ်လကုန်တွင် လွှတ်တော်အဆင့်ဆင့်၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ ၏ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာပြီးသည့်နောက် စက်တင်ဘာလ ၈ ရက် နေ့တွင်မူ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကာလသို့ ရောက်ရှိလာတော့သည်။

ထိုအချိန်တွင် ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းမှာ ရခိုင်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံ မြို့ကြီးအများ အပြားသို့ ရိုက်ခတ်လာနေပြီဖြစ်သည်။ အဓိက အထိ အခိုက်အများဆုံးက ရန်ကုန်မြို့ဖြစ်လေသည်။ ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်များ တွင် ရောဂါကူးစက်မှု နှုန်း မြင့် မားလာပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက Stay at Home နေရန် ကြေညာ ထားရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ကော်မတီ ကို ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ ပြီး ဗဟိုအဆင့်ကော်မတီမှ မြို့နယ်အဆင့် ကော်မတီအထိ ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီသည် ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲပြီးကာလများတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲဆန္ဒ ရှင် ပြည်သူများ ကိုဗစ်ရောဂါ ဘေးအန္တရာယ်ကင်းရှင်း စွာ ရွေးကောက်ပွဲတာဝန်များ ထမ်းဆောင်နိုင်ရေး၊ မဲပေးနိုင်ရေးတို့အတွက် ညွှန်ကြားချက်များ ထုတ်ပြန် ကာ ဆောင်ရွက်သွားမည်ဖြစ်၏။ ကော်မတီ၏ ညွှန် ကြားချက်များသည် ရွေးကောက်ပွဲမတိုင်မီ ပါတီများ၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများအား ဆင့်ပွားသင်တန်းပေးရာ တွင် ဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ကြောင့် မဲဆွယ်စည်းရုံးချိန် ယခုလိုကာလ များတွင် လူ ၅၀ ဦးထက် ပိုမို မစုဝေးစေခြင်း၊ Social Distancing နှင့် နေထိုင်စေခြင်း၊ Stay at Home ဒေသများတွင် Door to Door မဲဆွယ်စည်းရုံးမှု မပြု လုပ်စေခြင်းတို့ကြောင့် ရွေးကောက်ပွဲမတိုင်မီကာလ မှာ ယခင် ရွေးကောက်ပွဲများကဲ့သို့ လူစုလူဝေး ဖြစ် ပေါ်နေခြင်းများ မတွေ့ရပေ။

မဲဆွယ်စည်းရုံးရေးကာလတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် ကျန်းမာရေးဌာနတို့မှ ညွှန်ကြားချက် များကို ပါတီများနှင့် ကိုယ်စား လှယ်လောင်းများက လိုက်နာ ဆောင်ရွက်သကဲ့သို့ ပါတီများ နှင့်ကိုယ်စားလှယ်လောင်းများ ကိုယ်တိုင်က ရွေးကောက်ပွဲ အတွက် လိုက်နာဆောင်ရွက် ရန် လှုံ့ဆော်ခြင်း၊ ကျန်းမာရေး အထောက်အကူပြုဆိုင်ရာ ပစ္စည်းများ ဝေငှခြင်းတို့ ပြု လုပ်လာသည်မှာလည်း နိုင်ငံ ရေးနယ်ပယ်တွင် စိတ်ယဉ် ကျေးမှု မြင့်မားလာခြင်းဟု သုံးသပ်နိုင်လေသည်။

Stay at Home ဒေသများတွင် ရွေးကောက်ပွဲသံ တိတ်ဆိတ်နေသလောက် Stay at Home အကျုံးမဝင် သည့် ဒေသများတွင်ကား လူဦးရေများပြားစွာဖြင့် ယာဉ်ကြီးယာဉ်ငယ်ဖြင့် စီတန်းလှည့်လည် မဲဆွယ်နေ ကြသည်ကို တွေ့ရသည်။ ထိုအပြုအမူအပေါ် မဲဆန္ဒ ရှင်များက စိုးရိမ်နေကြပြီး ရွေးကောက်ပွဲတွင် မဲပေး ရမည့်ပါတီမှာ မိမိတို့နှလုံးသားထဲတွင် ရှိနှင့်ပြီးကြောင်း၊ လူစုလူဝေးဖြင့် မဲဆွယ်ခြင်းကြောင့် ရောဂါပိုးကူးစက် နိုင်ကြောင်း လူမှုကွန်ရက်တွင် သတိပေး ရေးသား လာကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာကား ကပ်ရောဂါကြီးနှင့် ကြုံတွေ့နေရပါသော်လည်း ရွေး ကောက်ပွဲဟူသည့် ပန်းတိုင်သို့ ဆက်လက်ချီတက်နေ သည်။ ထိုသို့ချီတက်ရာတွင် ရွေးကောက်ပွဲကော်မရှင် ရုံးဝန်ထမ်းများ၏ အားကလည်း အရေးပါသည်။ ရွေး ကောက်ပွဲတစ်ခု အောင်မြင်ရေးအတွက် ကော်မရှင် ရုံးအဆင့်ဆင့် ဝန်ထမ်းများသည် ရှေ့တန်းတိုက်စစ်မှူး များ ဖြစ်ကြသည်။ ယခု ကိုဗစ်ကာလတွင် ရုံးဝန်ထမ်း များ အင်အားတစ်ဝက်လျှော့ကာ တစ်ဝက်ရုံးတက် တစ်ဝက်နား စနစ်ကို ကျင့်သုံးရန် အစိုးရက လမ်းညွှန် ထားသော်လည်း ကော်မရှင်ဝန်ထမ်းများမှာ ညနက် ပိုင်းအထိ အချိန်ပြည့် အင်အားပြည့် အလုပ်ဆင်းနေ ရသည်။

စက်တင်ဘာလ နောက်ဆုံးပတ်လောက်တွင် ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ် ပါမည်။ တစ်ပြိုင်တည်း UEC Website မှတစ်ဆင့် မဲစာရင်းကြည့်နိုင်အောင်လည်း ပြင်ဆင်ထားပါလိမ့် မည်။ လူစုလူဝေးဖြင့် မဲစာရင်း တိုးဝှေ့မကြည့်ဖြစ်ရန် စီစဉ်ထားပုံရပါသည်။ ကိုဗစ်ရောဂါ ကူးစက်မှုကလည်း နေ့စဉ် ရာဂဏန်း ရှိနေဆဲဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ရက်ရွေ့ မရွေ့ကို နိုဝင်ဘာလတွင် ကြေညာမည်ဟု ဆိုသည်။ ရွေးကောက်ပွဲကိုတော့ အောင်မြင်စွာ ကျင်းပနိုင်လိမ့် မည် ထင်သည်။

 

ဗညားလှိုင်ဦး

 

Related Articles

Back to top button