ဆောင်းပါး

မင္းေအာင္လႈိင္ ဟန္လုပ္ကေနသည့္ အရူးမီး၀ိုင္းဇာတ္

မင္းေအာင္လႈိင္ ဟန္လုပ္ကေနသည့္ အရူးမီး၀ိုင္းဇာတ္

——————————————————————————

မင္းေအာင္လႈိင္ရုပ္ကုိျမင္တုိင္း က်ေနာ္၂၀ေက်ာ္အရြယ္တုန္းက ရယ္ျပၿပဳံးျပအဆင့္ မိတ္ေတြတစ္ ဦးကုိသတိရတတ္သည္။အသက္အရြယ္ကလည္းက်ေနာ့္ထက္၃-၄ႏွစ္ႀကီးတယ္ဆုိရုံ၊ရပ္ကြက္ခ်င္း လည္းကပ္လ်က္ ၊ဒီေလာက္ေန႔စဥ္ျမင္ေတြ႔ေနသည့္တုိင္ သူကသိပ္ဟန္လုပ္တတ္သူမုိ႔ ေမးထူးေခၚေျပာထက္ မပုိ။

သူ၏အိမ္မွာသစ္သားထည္ခေနာ္ခနဲ႔၊သူ႔မိဘမ်ားမွာကုိယ့္ကာယစုိက္လက္လုပ္လက္စားမ်ား။သူကေတာ့ လမ္းထိပ္လက္ဖက္ရည္ဆုိင္ကုိပင္ ရုိက္ကြင္းသြားမည့္သရုပ္ေဆာင္တစ္ေယာက္လုိစတုိင္က်က် ထြက္ေလ့ရွိသည္။

သူ႔ခါးၾကားတြင္ လူအထင္ႀကီးခ်င္စရာေဖာင္းကားေနေသာလွတပတပုိက္ဆံအိတ္ရွိသည္။သူ႔ အိတ္ကတ္ထဲတြင္ အခ်ိန္ျပည့္မာပုိလာစီးကရက္ဗူး။ထုိစီးကရက္ဗူးထဲတြင္ အေပါစားပုိလုိစီးကရက္ခပ္ မ်ားမ်ားႏွင့္ မာပုိလာအစစ္တစ္လိပ္၊ႏွစ္လိပ္။ဟန္မလုပ္တတ္ေသာ သူ႔ညီ၀မ္းကြဲက က်ေနာ္တုိ႔ေဘာ္ဒါမုိ႔ သူ႔စီးကရက္ဗူး၏အတြင္းေရးကုိသိရျခင္းျဖစ္သည္။

‘ေကာင္မေလးေတြေရွ႕တုိ႔၊သူ႔အေၾကာင္းမသိတဲ့လူေတြေရွ႕ဆုိမာပုိလုိဗူးကုိထုတ္တယ္။မာပုိလုိအစစ္ကုိထုတ္ၿပီးေသာက္မလုိနဲ႔ ႏႈတ္ခမ္းမွာေတ့ထားတယ္။မလုိရင္မေသာက္ဘူး။တကယ္လူမရွိတဲ့အခ်ိန္သူေသာက္တာကေတာ့ ပုိလုိပဲ။’ဟု သူ႔ညီ၀မ္းကြဲက က်ေနာ္တုိ႔နားလည္ရခက္ေသာစီးကရက္ဋီကာကုိဖြင့္ျပ သည္။

သူ႔လက္ဖက္ရည္၀ိုင္းထဲ လူထူလာၿပီဆုိသူေျပာသမွ်စကားတုိင္းမွာ ေနာက္ဆုံးေပၚအ၀တ္အထည္၊ ေနာက္ဆုံးေပၚအသုံးအေဆာင္၊ ေနာက္ဆုံးေပၚဆုိင္ကယ္ႏွင့္ကားမ်ားအေၾကာင္းျဖစ္သည္။ထင္ရာျမင္ရာ ၾကားဖူးနား၀သူေလွ်ာက္ေျပာေနျခင္းမဟုတ္။သူအမွန္တကယ္ေလ့လာၿပီးေျပာျခင္းျဖစ္သည္။

သူႏွင့္ေသြးတူသားတူေဘာ္ဒါတစ္ဦးတုိ႔သည္ တစ္ပတ္လွ်င္ အနည္းဆုံး၂ရက္ ရန္ကုန္ၿမဳိ႕ထဲထြက္၊ ဆုိင္တကာေစ်းတကာလွည့္ကာ ေနာက္ဆုံးေပၚအ၀တ္အစားမ်ားကုိ ၀ယ္ေတာ့မလုိႏွင့္ေစ်းေလွ်ာက္ေမး။သူတုိ႔၏၀တ္စားဆင္ယင္ထားမႈမွာ အမွန္တကယ္၀ယ္ေတာ့မည့္စတုိင္မ်ဳိးမုိ႔ အေရာင္းစာေရးမေလးမ်ားခမ်ာစိတ္ရွည္လက္ရွည္ ရႊန္းရႊန္းေ၀ရွင္းျပလုိ႔။ေဖာင္းကားေနေသာသူတုိ႔၏ပုိက္ဆံအိတ္ထဲတြင္မူကားခအျပင္ ေရခဲေရတစ္ခြက္ေသာက္ဖုိ႔ပင္ မရွိသည့္အျဖစ္။

ကားပြဲစားဆုိင္ကယ္ပြဲစားဆုိလွ်င္လည္းသူက က်ဳိ႕ေနေအာင္ေပါင္းသင္းကာ ေဆးလိပ္ေျပး၀ယ္ ကြမ္းေျပး၀ယ္ျဖင့္တပည့္ခံ။ပြဲစားေျပာသမွ် လုိက္နားေထာင္၊သိခ်င္တာေမးျမန္း။သူ၏ရည္ရြယ္ခ်က္မွာလက္ ေၾကာတင္းတင္းျဖင့္ ပြဲစားလုပ္ရန္ေတာ့ မဟုတ္။လက္ဖက္ရည္ဆုိင္ထဲေျပာႏုိင္ရုံ၊ ငါဒါေတြသိတယ္ဟုဟန္လုပ္ဖုိ႔သာအဓိက။

ထုိသုိ႔ မစားရ၀ခမန္း ဟန္လုပ္ေျပာရျခင္းသည္ သူ႔ဘ၀ျဖစ္သည္။သူ႔ဟန္လုပ္စကားမ်ားကုိေၾကြ ကာလက္ဖက္ရည္တုိက္ေသာခ်ာတိတ္တခ်ဳိ႕လည္းရွိသည္။သူလက္ေၾကာတင္းတာဆုိလုိ႔ ပုိက္ဆံရွိၿပီးေနာက္ဆုံးေပၚမသိေသာခ်ာတိတ္မ်ားကုိဆရာလုပ္ကာ ေနာက္ဆုံးေပၚလုိက္၀ယ္ေပးျခင္းသာလွ်င္ျဖစ္ သည္။ထား။

ယခုဟန္လုပ္ေကာင္းေသာမင္းေအာင္လႈိင္ကုိက်ေနာ္တုိ႔ ထပ္ေတြ႔ရျပန္ၿပီ။မင္းေအာင္လႈိင္ကဘာကုိဟန္လုပ္သလဲဆုိေတာ့ ဘာဆုိဘာကုိမွမမႈသလုိအရာရာကုိအသာတၾကည္ေက်ာ္လႊားႏုိင္စြမ္းေသာအဓိပတိစြမ္းေဆာင္ရွင္ႀကီးလုိလုိျဖင့္ အရူးမီး၀ိုင္းဇာတ္ကုိ ဟန္လုပ္ကေနျခင္းျဖစ္သည္။

တကယ္ေတာ့ ဟန္လုပ္ရသည္မွာအလြယ္တကူကိစၥမဟုတ္ပါ။အတည္ေပါက္ဟန္လုပ္ႏုိင္ရန္အတြက္ မျဖစ္မေနေက်ာ္လႊားရသည္မွာကုိယ္ေျပာသည့္စကားအမွားမွန္းသိလ်က္ ကုိယ့္စကားကုိယ္ယုံလာေအာင္လိမ္ရျခင္းျဖစ္သည္။

ဥပမာ-၂၀၂၀ေရြးေကာက္ပြဲသည္ မဲလိမ္မဲညာမဲမသမာရုံတင္မက မွ်တမႈလုံး၀မရွိေသာေရြး ေကာက္ပြဲျဖစ္ေၾကာင္းလိမ္လည္ျခင္းျဖစ္သည္။၂၀၂၀ေရြးေကာက္ပြဲသည္ လြတ္လပ္မွ်တေသာေရြးေကာက္ ပြဲျဖစ္ေၾကာင္းအေျခခံဥပေဒအရ ၂၅ရာခုိင္ႏႈန္းအေက်ာရထားသည့္တုိင္ စစ္တပ္ႏွင့္ျပည္ခုိင္ၿဖဳိးပါတီတင္ မကစစ္တပ္အလုိက်ပါတီမ်ားစုေပါင္းခဲ့သည့္တုိင္ ဒီမုိကေရစီအင္အားစုမ်ားကုိ ဒီဘ၀တြင္ တရားမွ်တစြာယွဥ္ၿပဳိင္ျခင္းျဖင့္ အႏုိင္ရေတာ့မည္မဟုတ္ေၾကာင္းမင္းေအာင္လႈိင္ေကာင္းေကာင္းသိသည္။

သုိ႔ေသာ္၊မိမိသိရွိထားသမွ်အျဖစ္မွန္မ်ားကုိတကယ္မဟုတ္သေယာင္ ထင္ေယာင္ထင္မွားျဖစ္ ေအာင္ ကုိယ့္ကုိယ့္ကုိယ္လိမ္ရသည္။ကုိယ္ေျပာသည့္စကားမွားမွန္းသိေသာ္လည္းေျပာပါမ်ားလွ်င္အမွန္ ထင္လာႏုိင္ေၾကာင္းနည္းကုိသုံးကာအထပ္ထပ္လိမ္ရသည္။စစ္ေကာင္စီမသူေတာ္ခ်င္းေတြ႔သည့္အခါတုိင္းတြင္ အျပန္အလွန္ယုံၾကည္လာရေအာင္ အျပန္အလွန္လိမ္ၾကျခင္းျဖင့္အျပန္အလွန္ယုံၾကည္မႈတည္ ေဆာက္ရသည္။

မင္းေအာင္လႈိင္ခမ်ာထုိသုိ႔ကုိယ့္ကုိယ္ကုိယ္ယုံေအာင္လိမ္လည္ခဲ့ရရုံမကျမန္မာတြင္ငါသည္ထိပ္ ဟုကုိယ့္ကုိယ္ကုိယ္ယုံၾကည္လာေအာင္ရဲေဆးတင္ရေသးသည္။ေရဗူးေပါက္တာမလုိခ်င္ဘူးဆုိသည့္ ျမန္မာစစ္တပ္၏ထုံးစံအတုိင္းမင္းေအာင္လႈိင္ေျပာသမွ်ေခါင္းညိတ္ကာမင္းေအာင္လႈိင္အေပၚအရွင္သခင္ ႀကီးပမာကုိးကြယ္မႈသည္ ရွိႏွင့္ၿပီးျဖစ္ေသာ္လည္းမင္းေအာင္လႈိင္ကၽြတ္ခဲ့ရ၊ရွိန္ခဲ့ရ၊သိမ္ငယ္ခဲ့ရေသာေဒၚ ေအာင္ဆန္းစုၾကည္ထက္ ပုိတတ္ပုိေတာ္ပုိမုိသာလြန္ပါေၾကာင္းက်ေတာ့ သူ႔နံေဘးကစစ္သားမ်ား၏ သံေတာ္ဦးေလာက္ ႏွင့္မလုံေလာက္။

ယခင္ဒီမုိကေရစီအတြင္းစည္းထဲတြင္ လက္သီးလက္ေမာင္းတန္းခဲ့ေသာသိန္းညြန္႔တုိ႔ခင္ေမာင္ေဆြ တုိ႔ သက္သက္ခုိင္တုိ႔ႏွင့္ေဒၚေအာင္ဆန္းစုၾကည္သည္ဘာမွမဟုတ္ေၾကာင္းေဒၚေအာင္ဆန္းစုၾကည္ သည္ ထင္ရာျမင္ရာအဆင့္သာရွိေၾကာင္းေဒၚေအာင္ဆန္းစုၾကည္မေကာင္းေၾကာင္းကုိယ္ေကာင္းေၾကာင္းစကား၀ိုင္းဖြဲ႔ျခင္းနည္းျဖင့္ရဲေဆးတင္ရသည္။ေဒၚေအာင္ဆန္းစု ၾကည္သည္ဒီမုိကေရစီအာဏာရွင္ႀကီးျဖစ္ၿပီးအာဏာသိမ္းရဲေသာသတၱိခဲမင္းေအာင္လႈိင္ေၾကာင့္သာတုိင္း ျပည္ကံျကမၼာအေကာင္းဘက္ေရာက္လာေၾကာင္းဘက္ေျပာင္းငနဲတုိ႔ေျပာသည့္စကားသည္ မဟုတ္မွန္းသိလ်က္ မင္းေအာင္လႈိင္ခံတြင္းေတြ႔ရသည္။

ယခုဆုိလွ်င္ မင္းေအာင္လႈိင္ႏွင့္အေပါင္းအပါတစ္စုတုိ႔သည္ သူတုိ႔ကုိယ္သူတုိ႔ယုံၾကည္မႈရွိေအာင္ လိမ္လည္ႏုိင္ခဲ့ၿပီျဖစ္သည္။ျမန္မာျပည္သူတုိ႔သည္ သူတုိ႔ေျပာသမွ် မယုံၾကည္မွန္းသိသျဖင့္ သူတုိ႔ေျပာသမွ် ျပည္သူတုိ႔မယုံၾကည္ျခင္းအေပၚ ေခါင္းမီးေတာက္ေနျခင္းလည္းမရွိပါ။စကားစပ္လုိ႔ထပ္ေျပာရေသာ္ အာဏာရွင္ဆုိသည္မွာသူတုိ႔ကုိမယုံ ၾကည္ေသာျပည္သူမ်ားကုိသူတုိ႔အေပၚယုံၾကည္လာေအာင္ စည္းရုံးႏုိင္စြမ္းမရွိသလုိစည္းရုံးခ်င္စိတ္လည္းမရွိ၊သူတုိ႔၏ကၽြမ္းက်င္မႈ တစ္ခုတည္းေသာနည္းလမ္းကုိသာထုတ္သုံးေလ့ရွိသည္။

ယင္းမွာျပည္သူကုိေသနတ္ျဖင့္ပစ္သတ္ျခင္းႏွင့္ဖမ္းဆီးေထာင္ခ်ျခင္းျဖစ္သည္။AAPP၏ စာရင္းအ ရ အာဏာသိမ္းၿပီးေနာက္ စစ္တပ္ကသတ္ျဖတ္သျဖင့္ က်ဆုံးသြားေသာျပည္သူ ၁၀၀၀ေက်ာ္သြားခဲ့ၿပီျဖစ္ သလုိယခုတစ္ပတ္အတြင္းစစ္ေကာင္စီသတ္ျဖတ္သျဖင့္ အရပ္သားျပည္သူ ၁၂ဦးက်ဆုံးခဲ့ေၾကာင္း ၾသ ဂုတ္၂၈ရက္ေန႔ထုတ္ ဧရာ၀တီသတင္းကေဖာ္ျပသည္။

မင္းေအာင္လႈိင္ႏွင့္စစ္ေကာင္စီအေပါင္းအပါတစ္စုသည္ သူတုိ႔စကားသူတုိ႔ယုံေအာင္လိမ္လည္ခဲ့ၿပီးေနာက္ ၂၀၂၀ေရြးေကာက္ပြဲရလဒ္ကုိဖ်က္သိမ္းေၾကာင္းေၾကညာခဲ့သည္။ထုိ႔ျပင္ ၂၀၂၃ထိတုိင္ စစ္ေကာင္စီဆက္ရွိေနမည္ဟုလည္းေၾကညာခဲ့ျပန္သည္။

ထုိ႔ေနာက္ ကုိဗစ္တတိယလႈိင္းတြင္ ျပည္သူတုိ႔မီွခုိရာမဲ့ဘ၀ျဖင့္ ကုိယ့္ေရာဂါကုိယ့္ဘာသာအိမ္မွာ ျဖစ္သလုိကုကာေသာက္ေသာက္လဲေသဆုံးခဲ့သည့္တုိင္ မင္းေအာင္လႈိင္သည္အၿပဳံးမပ်က္။စစ္ေကာင္စီသည္စီမံခန္႔ခြဲမႈေကာင္းစြာျဖင့္ အစုိးရေဆးရုံမ်ားႏွင့္ကုိဗစ္ကုသေရးစင္တာမ်ားတြင္ ကုိဗစ္လူနာမ်ား၏အသက္ကုိကယ္တင္ေပးႏုိင္ခဲ့သလုိလုိ၊ျမန္မာ့နည္းျမန္မာ့ဟန္ျဖင့္ ကုိဗစ္ကာကြယ္ေဆးထုတ္လုပ္ရန္ ႀကံဆေနၿပီလုိလုိ ျဖင့္ အႀကီးအက်ယ္ဟန္လုပ္ေတာ့သည္။ထုိသုိ႔ဟန္လုပ္ျခင္းႏွင့္တစ္ၿပဳိင္နက္တြင္မူ ျပည္သူတုိ႔ ၏အေရးေပၚ ေအာက္ဆီဂ်င္လုိအပ္မႈကုိကန္႔သတ္ပိတ္ပင္ျခင္းမ်ဳိးစုံျဖင့္ ျပည္သူကုိအသံတိတ္သတ္ျဖတ္ခဲ့သည္။

မင္းေအာင္လႈိင္၏ယခုေနာက္ဆုံးေပၚဟန္လုပ္ျခင္းမွာေနျပည္ေတာ္တြင္ ၿမဳိ႕ပတ္ရထားလမ္း၊ဘတ္ စ္ကားလမ္း၊လွ်ပ္စစ္ဘတ္စ္ကားလမ္းႏွင့္ေျမေအာက္ရထားလမ္းမ်ားတည္ေဆာက္ႏုိင္ေရးအတြက္ႀကဳိတင္ စီမံထားရန္ ညႊန္ၾကားခ်က္ျဖစ္သည္။

မည္သည့္ၿမဳိ႕ကုိမဆုိလာမည့္ႏွစ္၅၀ဟုိဘက္တြင္ ျဖစ္လာႏုိင္သည့္ ေနထုိင္သူလူဦးေရအေပၚ ခန္႔ မွန္းတြက္ခ်က္ကာယာဥ္ေၾကာၾကပ္မႈျပႆနာမ်ားေလ်ာ့ပါးေစေရးအတြက္ ေျမေအာက္ရထားလမ္းကအစ ႀကဳိတင္စီမံခ်က္ခ် ျပင္ဆင္ထားရန္လုိအပ္ေသာ္လည္း ျမန္မာႏုိင္ငံ၏လတ္တေလာအေရးတႀကီးလုိအပ္မႈမွာ ၿမဳိ႕ျပေရာေက်းလက္ပါ ထမင္းမငတ္ေအာင္ မည္သုိ႔ႀကံေဆာင္ၾကမလဲဆုိသည့္ျပႆနာႀကီးျဖစ္သည္။

စစ္ေကာင္စီအာဏာသိမ္းခဲ့သည့္ေဖေဖၚ၀ါရီ၁ရက္ကစတင္ကာ အတက္ခ်ည္းျပခဲ့ေသာအလုပ္ လက္မဲ့တုိးပြားလာမႈမွာအသက္လုရေသာကုိဗစ္တတိယလႈိင္းသုိ႔အေရာက္တြင္ သူေဌးေရာဆင္းရဲသားပါ ငုတ္တုတ္ေမ့ဦးေရဒင္းၾကမ္းျပည့္တုိးလာသည္။

လုပ္ငန္းစုံရွိေသာက်ေနာ့္မိတ္ေဆြသူေဌးႀကီးတစ္ဦးမွာ လုပ္စရာမရွိေသာဘ၀ကုိေခတၱေမ့ထားရန္ အလုိ႔ဌာ သာသနာ့ေဘာင္၀င္ေနသည္မွာ ၂လၾကာခဲ့ၿပီ။အာဏာမသိမ္းမီအခ်ိန္က လစဥ္၀င္ေငြ ၁၁သိန္း ေက်ာ္ရွိေသာက်ေနာ့္မိတ္ေဆြတစ္ဦးသည္လည္းယခု တစ္လတစ္သိန္း၀င္ေငြသာရွိေတာ့သည္။

‘အထုပ္မရွိဘူးလားဆုိေတာ့ နည္းနည္းပါးပါးရွိပါတယ္။ဒါေပမဲ့ ကုိယ့္အထုပ္ကုိယ္ျဖည္စားဖုိ႔က် ေတာ့လည္းကုိယ့္အထုပ္ကဘဏ္ထဲမွာေလ။ဘယ္လုိမွထုပ္မရလုိ႔ ဒီအတုိင္းထုိင္ၾကည့္ေနရတယ္။’ဟု၀င္ေငြတစ္သိန္းသာရွိေတာ့ေသာ မိတ္ေဆြကေျပာသည္။

ျမန္မာႏုိင္ငံ၏ဘဏ္မ်ားအေျခအေနမွာဘယ္ေတာ့ၿပဳိမလဲထုိင္ၾကည့္ေနရသည့္အေျခအေနျဖစ္ သည္။သုိ႔ေသာ္၊မင္းေအာင္လႈိင္ကေတာ့ အၿပဳံးမပ်က္။စီးပြားေရး ျပန္လည္နာလန္ထလာေအာင္ မည္သုိ႔ မည္ပုံထူမတ္မည္ဆုိသည့္ တိက်ေရရာသည့္မူ၀ါဒမရွိ။

ေန႔စဥ္အက်ဘက္မျပေသာေဒၚလာေစ်းကုိဆြဲခ်ရန္အလုိ႔ဌာဗဟုိဘဏ္ကသူလုပ္တတ္ေသာတစ္ခုတည္းနည္းေဒၚလာထုတ္ေရာင္းသည္။ယခုဆုိဗဟုိဘဏ္၏ေဒၚလာထုတ္ေရာင္းမႈမွာ သန္း၁၂၀ ပင္ ေက်ာ္ခဲ့ၿပီ။မင္းေအာင္လႈိင္၏ စီးပြားေရးျပႆနာေနာက္ထပ္ေျဖရွင္းနည္းအရမွင္မေျခာက္တေျခာက္ ေငြစကၠဴအသစ္မ်ားထြက္ေပၚလာျပန္သည္။ဥာဏ္ႀကီးရွင္စစ္ေခါင္းေဆာင္တုိ႔သာထုိးထြင္းသိျမင္ႏုိင္စြမ္းေသာတုိင္းျပည္သံယံဇာတကုိေအာက္ေစ်းျဖင့္ထုတ္ေရာင္းရန္လည္းမင္းေအာင္လႈိင္ႀကံဆေနပုံရသည္။

ေျပာရလွ်င္ တြင္းဆုံးနစ္ေနေသာတုိင္းျပည္စီးပြားေရးကုိမည္သုိ႔မည္ပုံဆြဲတင္ရမလဲဆုိသည္ကုိမင္းေအာင္လႈိင္မသိသျဖင့္ ၄င္း၏စတုိင္အတုိင္း အရာရာကုိႀကဳိတင္သိျမင္ႏုိင္စြမ္းရွိသူပမာေျမေအာက္ရထားေတြဘာေတြေျပာကာအႀကီးအက်ယ္ဟန္လုပ္ျခင္းျဖစ္သည္။

ဟန္လုပ္ရျခင္းကုိအရသာတစ္ခုလုိစြဲလန္းခဲ့ေသာက်ေနာ္ခ်ာတိတ္ဘ၀ကေတြ႔ခဲ့သည့္မိတ္ေဆြမွာဟန္လုပ္ေနထုိင္၍မရေသာလူ႔ေလာကႀကီးထဲတြင္ အႀကိမ္ႀကိမ္က်ရႈံးၿပီးေနာက္ အသက္၃၀ေက်ာ္မွ်အရြယ္၌ပင္ ကုိယ့္ကုိယ္ကုိယ္သတ္ ေသကာ လူ႔ဘ၀လုိက္ကာခ်ခဲ့သည္။

မင္းေအာင္လႈိင္မွာမူဘယ္အခ်ိန္ထိဟန္လုပ္ေနဦးမည္ေတာ့မသိ။

မင္းကုိမင္း

မင်းအောင်လှိုင် ဟန်လုပ်ကနေသည့် အရူးမီးဝိုင်းဇာတ်

——————————————————————————

မင်းအောင်လှိုင်ရုပ်ကိုမြင်တိုင်း ကျနော်၂၀ကျော်အရွယ်တုန်းက ရယ်ပြပြုံးပြအဆင့် မိတ်တွေတစ် ဦးကိုသတိရတတ်သည်။အသက်အရွယ်ကလည်းကျနော့်ထက်၃-၄နှစ်ကြီးတယ်ဆိုရုံ၊ရပ်ကွက်ချင်း လည်းကပ်လျက် ၊ဒီလောက်နေ့စဉ်မြင်တွေ့နေသည့်တိုင် သူကသိပ်ဟန်လုပ်တတ်သူမို့ မေးထူးခေါ်ပြောထက် မပို။

သူ၏အိမ်မှာသစ်သားထည်ခနော်ခနဲ့၊သူ့မိဘများမှာကိုယ့်ကာယစိုက်လက်လုပ်လက်စားများ။သူကတော့ လမ်းထိပ်လက်ဖက်ရည်ဆိုင်ကိုပင် ရိုက်ကွင်းသွားမည့်သရုပ်ဆောင်တစ်ယောက်လိုစတိုင်ကျကျ ထွက်လေ့ရှိသည်။

သူ့ခါးကြားတွင် လူအထင်ကြီးချင်စရာဖောင်းကားနေသောလှတပတပိုက်ဆံအိတ်ရှိသည်။သူ့ အိတ်ကတ်ထဲတွင် အချိန်ပြည့်မာပိုလာစီးကရက်ဗူး။ထိုစီးကရက်ဗူးထဲတွင် အပေါစားပိုလိုစီးကရက်ခပ် များများနှင့် မာပိုလာအစစ်တစ်လိပ်၊နှစ်လိပ်။ဟန်မလုပ်တတ်သော သူ့ညီဝမ်းကွဲက ကျနော်တို့ဘော်ဒါမို့ သူ့စီးကရက်ဗူး၏အတွင်းရေးကိုသိရခြင်းဖြစ်သည်။

‘ကောင်မလေးတွေရှေ့တို့၊သူ့အကြောင်းမသိတဲ့လူတွေရှေ့ဆိုမာပိုလိုဗူးကိုထုတ်တယ်။မာပိုလိုအစစ်ကိုထုတ်ပြီးသောက်မလိုနဲ့ နှုတ်ခမ်းမှာတေ့ထားတယ်။မလိုရင်မသောက်ဘူး။တကယ်လူမရှိတဲ့အချိန်သူသောက်တာကတော့ ပိုလိုပဲ။’ဟု သူ့ညီဝမ်းကွဲက ကျနော်တို့နားလည်ရခက်သောစီးကရက်ဋီကာကိုဖွင့်ပြ သည်။

သူ့လက်ဖက်ရည်ဝိုင်းထဲ လူထူလာပြီဆိုသူပြောသမျှစကားတိုင်းမှာ နောက်ဆုံးပေါ်အဝတ်အထည်၊ နောက်ဆုံးပေါ်အသုံးအဆောင်၊ နောက်ဆုံးပေါ်ဆိုင်ကယ်နှင့်ကားများအကြောင်းဖြစ်သည်။ထင်ရာမြင်ရာ ကြားဖူးနားဝသူလျှောက်ပြောနေခြင်းမဟုတ်။သူအမှန်တကယ်လေ့လာပြီးပြောခြင်းဖြစ်သည်။

သူနှင့်သွေးတူသားတူဘော်ဒါတစ်ဦးတို့သည် တစ်ပတ်လျှင် အနည်းဆုံး၂ရက် ရန်ကုန်မြို့ထဲထွက်၊ ဆိုင်တကာဈေးတကာလှည့်ကာ နောက်ဆုံးပေါ်အဝတ်အစားများကို ဝယ်တော့မလိုနှင့်ဈေးလျှောက်မေး။သူတို့၏ဝတ်စားဆင်ယင်ထားမှုမှာ အမှန်တကယ်ဝယ်တော့မည့်စတိုင်မျိုးမို့ အရောင်းစာရေးမလေးများခမျာစိတ်ရှည်လက်ရှည် ရွှန်းရွှန်းဝေရှင်းပြလို့။ဖောင်းကားနေသောသူတို့၏ပိုက်ဆံအိတ်ထဲတွင်မူကားခအပြင် ရေခဲရေတစ်ခွက်သောက်ဖို့ပင် မရှိသည့်အဖြစ်။

ကားပွဲစားဆိုင်ကယ်ပွဲစားဆိုလျှင်လည်းသူက ကျို့နေအောင်ပေါင်းသင်းကာ ဆေးလိပ်ပြေးဝယ် ကွမ်းပြေးဝယ်ဖြင့်တပည့်ခံ။ပွဲစားပြောသမျှ လိုက်နားထောင်၊သိချင်တာမေးမြန်း။သူ၏ရည်ရွယ်ချက်မှာလက် ကြောတင်းတင်းဖြင့် ပွဲစားလုပ်ရန်တော့ မဟုတ်။လက်ဖက်ရည်ဆိုင်ထဲပြောနိုင်ရုံ၊ ငါဒါတွေသိတယ်ဟုဟန်လုပ်ဖို့သာအဓိက။

ထိုသို့ မစားရဝခမန်း ဟန်လုပ်ပြောရခြင်းသည် သူ့ဘဝဖြစ်သည်။သူ့ဟန်လုပ်စကားများကိုကြွေ ကာလက်ဖက်ရည်တိုက်သောချာတိတ်တချို့လည်းရှိသည်။သူလက်ကြောတင်းတာဆိုလို့ ပိုက်ဆံရှိပြီးနောက်ဆုံးပေါ်မသိသောချာတိတ်များကိုဆရာလုပ်ကာ နောက်ဆုံးပေါ်လိုက်ဝယ်ပေးခြင်းသာလျှင်ဖြစ် သည်။ထား။

ယခုဟန်လုပ်ကောင်းသောမင်းအောင်လှိုင်ကိုကျနော်တို့ ထပ်တွေ့ရပြန်ပြီ။မင်းအောင်လှိုင်ကဘာကိုဟန်လုပ်သလဲဆိုတော့ ဘာဆိုဘာကိုမှမမှုသလိုအရာရာကိုအသာတကြည်ကျော်လွှားနိုင်စွမ်းသောအဓိပတိစွမ်းဆောင်ရှင်ကြီးလိုလိုဖြင့် အရူးမီးဝိုင်းဇာတ်ကို ဟန်လုပ်ကနေခြင်းဖြစ်သည်။

တကယ်တော့ ဟန်လုပ်ရသည်မှာအလွယ်တကူကိစ္စမဟုတ်ပါ။အတည်ပေါက်ဟန်လုပ်နိုင်ရန်အတွက် မဖြစ်မနေကျော်လွှားရသည်မှာကိုယ်ပြောသည့်စကားအမှားမှန်းသိလျက် ကိုယ့်စကားကိုယ်ယုံလာအောင်လိမ်ရခြင်းဖြစ်သည်။

ဥပမာ-၂၀၂၀ရွေးကောက်ပွဲသည် မဲလိမ်မဲညာမဲမသမာရုံတင်မက မျှတမှုလုံးဝမရှိသောရွေး ကောက်ပွဲဖြစ်ကြောင်းလိမ်လည်ခြင်းဖြစ်သည်။၂၀၂၀ရွေးကောက်ပွဲသည် လွတ်လပ်မျှတသောရွေးကောက် ပွဲဖြစ်ကြောင်းအခြေခံဥပဒေအရ ၂၅ရာခိုင်နှုန်းအကျောရထားသည့်တိုင် စစ်တပ်နှင့်ပြည်ခိုင်ဖြိုးပါတီတင် မကစစ်တပ်အလိုကျပါတီများစုပေါင်းခဲ့သည့်တိုင် ဒီမိုကရေစီအင်အားစုများကို ဒီဘဝတွင် တရားမျှတစွာယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရတော့မည်မဟုတ်ကြောင်းမင်းအောင်လှိုင်ကောင်းကောင်းသိသည်။

သို့သော်၊မိမိသိရှိထားသမျှအဖြစ်မှန်များကိုတကယ်မဟုတ်သယောင် ထင်ယောင်ထင်မှားဖြစ် အောင် ကိုယ့်ကိုယ့်ကိုယ်လိမ်ရသည်။ကိုယ်ပြောသည့်စကားမှားမှန်းသိသော်လည်းပြောပါများလျှင်အမှန် ထင်လာနိုင်ကြောင်းနည်းကိုသုံးကာအထပ်ထပ်လိမ်ရသည်။စစ်ကောင်စီမသူတော်ချင်းတွေ့သည့်အခါတိုင်းတွင် အပြန်အလှန်ယုံကြည်လာရအောင် အပြန်အလှန်လိမ်ကြခြင်းဖြင့်အပြန်အလှန်ယုံကြည်မှုတည် ဆောက်ရသည်။

မင်းအောင်လှိုင်ခမျာထိုသို့ကိုယ့်ကိုယ်ကိုယ်ယုံအောင်လိမ်လည်ခဲ့ရရုံမကမြန်မာတွင်ငါသည်ထိပ် ဟုကိုယ့်ကိုယ်ကိုယ်ယုံကြည်လာအောင်ရဲဆေးတင်ရသေးသည်။ရေဗူးပေါက်တာမလိုချင်ဘူးဆိုသည့် မြန်မာစစ်တပ်၏ထုံးစံအတိုင်းမင်းအောင်လှိုင်ပြောသမျှခေါင်းညိတ်ကာမင်းအောင်လှိုင်အပေါ်အရှင်သခင် ကြီးပမာကိုးကွယ်မှုသည် ရှိနှင့်ပြီးဖြစ်သော်လည်းမင်းအောင်လှိုင်ကျွတ်ခဲ့ရ၊ရှိန်ခဲ့ရ၊သိမ်ငယ်ခဲ့ရသောဒေါ် အောင်ဆန်းစုကြည်ထက် ပိုတတ်ပိုတော်ပိုမိုသာလွန်ပါကြောင်းကျတော့ သူ့နံဘေးကစစ်သားများ၏ သံတော်ဦးလောက် နှင့်မလုံလောက်။

ယခင်ဒီမိုကရေစီအတွင်းစည်းထဲတွင် လက်သီးလက်မောင်းတန်းခဲ့သောသိန်းညွန့်တို့ခင်မောင်ဆွေ တို့ သက်သက်ခိုင်တို့နှင့်ဒေါ်အောင်ဆန်းစုကြည်သည်ဘာမှမဟုတ်ကြောင်းဒေါ်အောင်ဆန်းစုကြည် သည် ထင်ရာမြင်ရာအဆင့်သာရှိကြောင်းဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းကိုယ်ကောင်းကြောင်းစကားဝိုင်းဖွဲ့ခြင်းနည်းဖြင့်ရဲဆေးတင်ရသည်။ဒေါ်အောင်ဆန်းစု ကြည်သည်ဒီမိုကရေစီအာဏာရှင်ကြီးဖြစ်ပြီးအာဏာသိမ်းရဲသောသတ္တိခဲမင်းအောင်လှိုင်ကြောင့်သာတိုင်း ပြည်ကံကြမ္မာအကောင်းဘက်ရောက်လာကြောင်းဘက်ပြောင်းငနဲတို့ပြောသည့်စကားသည် မဟုတ်မှန်းသိလျက် မင်းအောင်လှိုင်ခံတွင်းတွေ့ရသည်။

ယခုဆိုလျှင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတစ်စုတို့သည် သူတို့ကိုယ်သူတို့ယုံကြည်မှုရှိအောင် လိမ်လည်နိုင်ခဲ့ပြီဖြစ်သည်။မြန်မာပြည်သူတို့သည် သူတို့ပြောသမျှ မယုံကြည်မှန်းသိသဖြင့် သူတို့ပြောသမျှ ပြည်သူတို့မယုံကြည်ခြင်းအပေါ် ခေါင်းမီးတောက်နေခြင်းလည်းမရှိပါ။စကားစပ်လို့ထပ်ပြောရသော် အာဏာရှင်ဆိုသည်မှာသူတို့ကိုမယုံ ကြည်သောပြည်သူများကိုသူတို့အပေါ်ယုံကြည်လာအောင် စည်းရုံးနိုင်စွမ်းမရှိသလိုစည်းရုံးချင်စိတ်လည်းမရှိ၊သူတို့၏ကျွမ်းကျင်မှု တစ်ခုတည်းသောနည်းလမ်းကိုသာထုတ်သုံးလေ့ရှိသည်။

ယင်းမှာပြည်သူကိုသေနတ်ဖြင့်ပစ်သတ်ခြင်းနှင့်ဖမ်းဆီးထောင်ချခြင်းဖြစ်သည်။AAPP၏ စာရင်းအ ရ အာဏာသိမ်းပြီးနောက် စစ်တပ်ကသတ်ဖြတ်သဖြင့် ကျဆုံးသွားသောပြည်သူ ၁၀၀၀ကျော်သွားခဲ့ပြီဖြစ် သလိုယခုတစ်ပတ်အတွင်းစစ်ကောင်စီသတ်ဖြတ်သဖြင့် အရပ်သားပြည်သူ ၁၂ဦးကျဆုံးခဲ့ကြောင်း သြ ဂုတ်၂၈ရက်နေ့ထုတ် ဧရာဝတီသတင်းကဖော်ပြသည်။

မင်းအောင်လှိုင်နှင့်စစ်ကောင်စီအပေါင်းအပါတစ်စုသည် သူတို့စကားသူတို့ယုံအောင်လိမ်လည်ခဲ့ပြီးနောက် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းကြောင်းကြေညာခဲ့သည်။ထို့ပြင် ၂၀၂၃ထိတိုင် စစ်ကောင်စီဆက်ရှိနေမည်ဟုလည်းကြေညာခဲ့ပြန်သည်။

ထို့နောက် ကိုဗစ်တတိယလှိုင်းတွင် ပြည်သူတို့မှီခိုရာမဲ့ဘဝဖြင့် ကိုယ့်ရောဂါကိုယ့်ဘာသာအိမ်မှာ ဖြစ်သလိုကုကာသောက်သောက်လဲသေဆုံးခဲ့သည့်တိုင် မင်းအောင်လှိုင်သည်အပြုံးမပျက်။စစ်ကောင်စီသည်စီမံခန့်ခွဲမှုကောင်းစွာဖြင့် အစိုးရဆေးရုံများနှင့်ကိုဗစ်ကုသရေးစင်တာများတွင် ကိုဗစ်လူနာများ၏အသက်ကိုကယ်တင်ပေးနိုင်ခဲ့သလိုလို၊မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရန် ကြံဆနေပြီလိုလို ဖြင့် အကြီးအကျယ်ဟန်လုပ်တော့သည်။ထိုသို့ဟန်လုပ်ခြင်းနှင့်တစ်ပြိုင်နက်တွင်မူ ပြည်သူတို့ ၏အရေးပေါ် အောက်ဆီဂျင်လိုအပ်မှုကိုကန့်သတ်ပိတ်ပင်ခြင်းမျိုးစုံဖြင့် ပြည်သူကိုအသံတိတ်သတ်ဖြတ်ခဲ့သည်။

မင်းအောင်လှိုင်၏ယခုနောက်ဆုံးပေါ်ဟန်လုပ်ခြင်းမှာနေပြည်တော်တွင် မြို့ပတ်ရထားလမ်း၊ဘတ် စ်ကားလမ်း၊လျှပ်စစ်ဘတ်စ်ကားလမ်းနှင့်မြေအောက်ရထားလမ်းများတည်ဆောက်နိုင်ရေးအတွက်ကြိုတင် စီမံထားရန် ညွှန်ကြားချက်ဖြစ်သည်။

မည်သည့်မြို့ကိုမဆိုလာမည့်နှစ်၅၀ဟိုဘက်တွင် ဖြစ်လာနိုင်သည့် နေထိုင်သူလူဦးရေအပေါ် ခန့် မှန်းတွက်ချက်ကာယာဉ်ကြောကြပ်မှုပြဿနာများလျော့ပါးစေရေးအတွက် မြေအောက်ရထားလမ်းကအစ ကြိုတင်စီမံချက်ချ ပြင်ဆင်ထားရန်လိုအပ်သော်လည်း မြန်မာနိုင်ငံ၏လတ်တလောအရေးတကြီးလိုအပ်မှုမှာ မြို့ပြရောကျေးလက်ပါ ထမင်းမငတ်အောင် မည်သို့ကြံဆောင်ကြမလဲဆိုသည့်ပြဿနာကြီးဖြစ်သည်။

စစ်ကောင်စီအာဏာသိမ်းခဲ့သည့်ဖေဖေါ်ဝါရီ၁ရက်ကစတင်ကာ အတက်ချည်းပြခဲ့သောအလုပ် လက်မဲ့တိုးပွားလာမှုမှာအသက်လုရသောကိုဗစ်တတိယလှိုင်းသို့အရောက်တွင် သူဌေးရောဆင်းရဲသားပါ ငုတ်တုတ်မေ့ဦးရေဒင်းကြမ်းပြည့်တိုးလာသည်။

လုပ်ငန်းစုံရှိသောကျနော့်မိတ်ဆွေသူဌေးကြီးတစ်ဦးမှာ လုပ်စရာမရှိသောဘဝကိုခေတ္တမေ့ထားရန် အလို့ဌာ သာသနာ့ဘောင်ဝင်နေသည်မှာ ၂လကြာခဲ့ပြီ။အာဏာမသိမ်းမီအချိန်က လစဉ်ဝင်ငွေ ၁၁သိန်း ကျော်ရှိသောကျနော့်မိတ်ဆွေတစ်ဦးသည်လည်းယခု တစ်လတစ်သိန်းဝင်ငွေသာရှိတော့သည်။

‘အထုပ်မရှိဘူးလားဆိုတော့ နည်းနည်းပါးပါးရှိပါတယ်။ဒါပေမဲ့ ကိုယ့်အထုပ်ကိုယ်ဖြည်စားဖို့ကျ တော့လည်းကိုယ့်အထုပ်ကဘဏ်ထဲမှာလေ။ဘယ်လိုမှထုပ်မရလို့ ဒီအတိုင်းထိုင်ကြည့်နေရတယ်။’ဟုဝင်ငွေတစ်သိန်းသာရှိတော့သော မိတ်ဆွေကပြောသည်။

မြန်မာနိုင်ငံ၏ဘဏ်များအခြေအနေမှာဘယ်တော့ပြိုမလဲထိုင်ကြည့်နေရသည့်အခြေအနေဖြစ် သည်။သို့သော်၊မင်းအောင်လှိုင်ကတော့ အပြုံးမပျက်။စီးပွားရေး ပြန်လည်နာလန်ထလာအောင် မည်သို့ မည်ပုံထူမတ်မည်ဆိုသည့် တိကျရေရာသည့်မူဝါဒမရှိ။

နေ့စဉ်အကျဘက်မပြသောဒေါ်လာဈေးကိုဆွဲချရန်အလို့ဌာဗဟိုဘဏ်ကသူလုပ်တတ်သောတစ်ခုတည်းနည်းဒေါ်လာထုတ်ရောင်းသည်။ယခုဆိုဗဟိုဘဏ်၏ဒေါ်လာထုတ်ရောင်းမှုမှာ သန်း၁၂၀ ပင် ကျော်ခဲ့ပြီ။မင်းအောင်လှိုင်၏ စီးပွားရေးပြဿနာနောက်ထပ်ဖြေရှင်းနည်းအရမှင်မခြောက်တခြောက် ငွေစက္ကူအသစ်များထွက်ပေါ်လာပြန်သည်။ဉာဏ်ကြီးရှင်စစ်ခေါင်းဆောင်တို့သာထိုးထွင်းသိမြင်နိုင်စွမ်းသောတိုင်းပြည်သံယံဇာတကိုအောက်ဈေးဖြင့်ထုတ်ရောင်းရန်လည်းမင်းအောင်လှိုင်ကြံဆနေပုံရသည်။

ပြောရလျှင် တွင်းဆုံးနစ်နေသောတိုင်းပြည်စီးပွားရေးကိုမည်သို့မည်ပုံဆွဲတင်ရမလဲဆိုသည်ကိုမင်းအောင်လှိုင်မသိသဖြင့် ၎င်း၏စတိုင်အတိုင်း အရာရာကိုကြိုတင်သိမြင်နိုင်စွမ်းရှိသူပမာမြေအောက်ရထားတွေဘာတွေပြောကာအကြီးအကျယ်ဟန်လုပ်ခြင်းဖြစ်သည်။

ဟန်လုပ်ရခြင်းကိုအရသာတစ်ခုလိုစွဲလန်းခဲ့သောကျနော်ချာတိတ်ဘဝကတွေ့ခဲ့သည့်မိတ်ဆွေမှာဟန်လုပ်နေထိုင်၍မရသောလူ့လောကကြီးထဲတွင် အကြိမ်ကြိမ်ကျရှုံးပြီးနောက် အသက်၃၀ကျော်မျှအရွယ်၌ပင် ကိုယ့်ကိုယ်ကိုယ်သတ် သေကာ လူ့ဘဝလိုက်ကာချခဲ့သည်။

မင်းအောင်လှိုင်မှာမူဘယ်အချိန်ထိဟန်လုပ်နေဦးမည်တော့မသိ။

မင်းကိုမင်း (ဆောင်းပါး)

စက်တင်ဘာ ၂ ရက်၊ ၂၀၂၁

Related Articles

Back to top button