
စစ်မှန်သော ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြည့်ရအောင်
.
မန်းအောင်ပြည့်စိုး
.
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု စနစ်၏အခြေခံအင်္ဂါများ (Principles of Federalism) နှင့်ပတ်သက်၍ ပညာရှင်များက အခိုင်အမာထုတ်ဖေါ် ညွှန်းဆိုခဲ့ကြပြီးဖြစ်ပါသည်။ ပြည်ထောင်စုကို စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့်ထူထောင်လို
.
(၁) ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်
.
(၂) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တည်းဟူသော နိုင်ငံရေးအာဏာ (၃) ရပ်စလုံးကို အပြည့်အဝ အပ်နှင်းစေရမည့်အပြင်၊ ထိုနိုင်ငံရေး အာဏာ (၃) ရပ်လုံးကို တရားဥပဒေနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးနိုင်ရးအတွက် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်များကို လွတ်လပ်စွာ ထူထောင်ပိုင်ခွင့် ရှိစေရမည်။
.
(၃) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမျ
.
(၄) ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-rule) နှင့် ထိုအဖွဲ့ဝင် ပြည်နယ်များ ပူးပေါင်း၍ဖွဲ့စည်းသည့် ပြည်ထောင်စုကို စုပေါင်းအုပ်ချုပ်ခွင့် (Sharrd-rule) တို့ကို ပေါင်းစပ်ထားသည့် စနစ်ဖြစ်သောကြောင့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ် အစိုးရများအကြားတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးခြင်း (Division of Powers ) ရှိစေရမည်။
.
(၅) တန်းတူသော ပြည်နယ်များပူးပေါင်း၍ ပြည်ထောင်စုကို ဖွဲ့စည်းသောအခါ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) များကို ထားရှိရမည်။ ပြည်သူ့လွှတ်တော်သည် ဒီမိုကရေစီစနစ်အ လူထု (ဝါ) လူဦးရေကို ကိုယ်စားပြုသော လွတ်တော်ဖြစ်၍ အမျိုးသားလွှတ်တော်သည် ပြည်ထောင်စုစနစ်အရ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ကိုယ်စားပြုသော လွှတ်တော်ဖြစ်သည်။
.
ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် ပြည်နယ်များက ဦးရေတူညီသော ပြည်နယ်ကိုယ်စားလှယ်များကို စေလွှတ်ခွင့် ရှိစေရမည်။
(၆) ပြည်နယ်များက စုပေါင်းကျင့်သုံးရန် ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားသည့် နိုင်ငံခြားဆက်သွယ်ရေး၊ ပြည်ထောင်စုကာကွယ်ရေး၊ ငွေစက္ကူနှင့်ငွေဒင်္ဂါးထုတ်လုပ်ေ
.
(၇) ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် (Self-rule) နှင့် စုပေါင်းအုပ်ချုပ်ရေးစနစ် (Shared-rule) တို့ကို ပေါင်းစပ်ထားသော စနစ်ဖြစ်သောကြောင့် ပြည်ထောင်စုထဲတွင် အနည်းဆုံး အစိုးရ (၂) ရပ်ဖွဲ့စည်းထူထောင်ရပေမည်။ ယင်းတို့မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ဖြစ်ကြသည်။
.
(၈) ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများသာမက ဒေသန္တရအစိုးရ များကိုလည်း ဖွဲ့စည်းထူထောင်ရမည်။ ထိုဒေသန္တရအစိုးရများကိုလည်း သင့်လျော်သော လုပ်ပိုင်ခွင့်အာဏာများ အပြည့်အဝ ပေးထားရမည်။ အထူးသဖြင့် ဒေသန္တရအစိုးရနှင့် ပြည်နယ်အစိုးရများကို သက်ဆိုင်ရာ ဒေသစီမံ အုပ်ချုပ်ရေးအတွက် အခွန်တော် ကောက်ခံခွင့် အာဏာများကို ပေးအပ်ထားရမည်ဖြစ်သည်။
.
အခြေခံ အင်္ဂါရပ်များ၏ အပိုဒ် (၁)တွင် နိုင်ငံတော်ကို တန်းတူသော နိုင်ငံရေးအာဏာများအပ်နှင့် ထားသည့်ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်ဟူ၍ ပါရှိရာ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံမှာ ထိုသို့ဖြစ်နေပါရဲ့လား ၊ စဉ်းစားသုံးသပ်ရန် လိုအပ်ပါသည်။ မိမိတို့နိုင်ငံသည် ကွဲပြားခြားနားသော ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ လူဦးရေအနည်းအများနှင့် နယ်မြေအကျယ်အဝန်းတို့အပြင် မတူညီသော လူမျိုးစုများဖြင့် ပေါင်းစည်းထားသည်ဖြစ်ရာ (Unitary Sate) ခေါ် တစ်ပြည်ထောင်စနစ်ကို မည်သည့်နည်းနှင့်မျှ မထူထောင်သင့်ပါ။ (Federal State) ခေါ် ပြည်ထောင်စုစနစ်ဖြင့် မလွှဲမသွေဖွဲ့စည်းထူထောင်ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုစနစ် ဆိုရာ၌ မိမိတို့တွင်ရှိသော တိုင်းရင်းသာားလူမျိုးစုကြီး (၈) မျိုးကို ပြည်နယ်တစ်ခုစီ ပေးရန်နှင့် တူညီသော အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ကိုပေးရန် ဖြစ်သည်။ သို့ဆိုလျှင် ဗမာကို ပြည်နယ်တစ်ပြည်နယ် ပေးရမည် ဖြစ်သည်။ မည်သည့်အရပ်ကို ဗမာပြည်နယ်ဟု သတ်မှတ်သင့်သနည်း။ နိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများကို သတ်မှတ်သင့်သည်ဟု ယူဆမိသည်။ အဘယ့်ကြောင့်မူ ထိုဒေသများတွင် ဗမာအများစုနေထိုင်ကြသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် တိုင်းရင်းသား (၈) မျိုးအတွင် ပြည်နယ် (၈) ပြည်နယ်ရှိလာမည်ဖြစ်ပါသည်။ သို့သော်တိုင်းရင်းသားပေါင်းစုံေ
.
ဖော်ပြထားသော အခြေခံမူများအနက် အခြေခံမူအမှတ်စဉ် (၁) နှင့် ပတ်သတ်၍ သုံးသပ်ခဲ့ပြီးဖြစ်ရာ အခြေခံမူအမှတ်စဉ် (၅) ကို ထပ်မံစဉ်းစားကြည့်ကြဖို့လိုပါ
.
ဆိုကြပါစို့…. မြို့နယ်တစ်မြို့နယ်တွင်  လူဦးရေ (၂) သိန်းရှိလျှင် ကိုယ်စားလှယ်တစ်ဦးရသည်ဟု သတ်မှတ်ပါက (၄) သိန်းရှိလျှင် ၂ဦး၊ ၆ သိန်းရှိလျှင် ၃ဦးစသည်ဖြင့် ရွေးချယ်ရန်နှင့် လူဦးရေး ၂သိန်းမပြည့်က ထိုမြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မရပဲ အခြားမြို့နယ်နှင့် ပေါင်းရွေးရန်ဖြစ်သည်။ မှတ်မှတ်ရရပြောရလျှင် လမ်းစဉ်ပါတီခေတ်က မြို့နယ်အတော်များများ တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ
.
အထူးတင်ပြလိုသည်မှာ လူမျိုးစုလွှတ်တော် ဟုခေါ်ဆိုသဖြင့် တိုင်းရင်းသားလူမျိုး၏အရေအတွက်
.
အထက်တွင်တင်စားဖော်ပြခဲ့သည့် ဗမာပြည်နယ်၌ ဗမာဦးရေ (၁၀) သိန်း၊ ချင်းလူဦးရေ (၂)သိန်း၊ ကချင်လူဦးရေ (၁) သိန်း၊ ရှမ်း လူဦးရေ (၈) သောင်းရှိသည်ဆိုပါစို့ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်
.
ဤသို့ဆောင်ရွက်ပါက အမျိုးသား (ဝါ) လူမျိုးစုလွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများကို အမှန်ကိုယ်စားပြုသော လွှတ်တော်ကြီးဖြစ်လာမည်ဖြစ်ပါသည်
.
ဖော်ပြပါ အခြေခံအင်္ဂါရပ်များအပြင် ကျား-မ တန်းတူညီမျှမှု (Genda) လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု (Secular State) စသည့်တို့ကိုလည်း အလေးအနက်ထားရပါမည်။ လူမျိုးပေါင်းစုံရောနှောနေထိုင်ေ
ဒီမိုကရေစီစနစ်တွင် အများဆန္ဒအရ အရာရာကို အဆုံးအဖြတ်ပေးရာ၌ အနည်းစု၏ အခွင့်အရေးများကိုလည်း မမေ့အပ်ပေ။ ဒီမိုကရေစီစနစ်သည် လူမျိုးကြီးဝါဒ (ဝါ) မဟုတ်လူမျိုးကြီးဝါဒ လွှမ်းမိုးရေးနှင့် လူအုပ်ကြီးဖြင့် အနိုင်ကျင့်သော (Tyranny of Majority )်ဖြစ်သွားတက်သည်ကိုလည်း သတိမူအပ်ပေသည်။
.
ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံေ
.
ထို့ကြောင့် ဖြစ်ထွန်းပေါ်ပေါက်ထူထောင်လိုသော ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဖွဲ့စည်းလိုသော နိုင်ငံတော၏ ပုံသဏ္ဍန်ကို ထုဆစ်ပုံဖော်ကြည့်ပြီးဖြစ်၍ ဝေဖန်သုံးသပ်စိစစ်ကြရန်သာရှိတော့
.
ထိုကတိကြီးအဖြေပေါ်သည့်နေ့၊ မိမိတို့တိုင်းရင်းသားအားလုံး
.
မန်းအောင်ပြည့်စိုး
			
		 
				


