တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဇွန်လတတိယနှင့် စတုတ္ထအပတ် တိုက်ပွဲသတင်း KNDF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၁

ဇွန်လ တတိယနှင့် စတုတ္ထအပတ်အတွင်း ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်
စစ်ကောင်စီတပ်များ၏ တိုက်ပွဲများဖြစ်ပွားခဲ့သလို ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း ခြေကုပ်ယူ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များ၊ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ဆိုသည်။ တဖန် ဖယ်ခုံမြို့နယ်အတွင်း စစ်အင်အား ဖြည့်တင်းလျက်ရှိသည့် စစ်ကောင်စီတပ်နှင့် မိုးဗြဲမြို့အနီး ဝါရီဆူဖလှိုင်ကျေးရွာ၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း KNDF ဘက်က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ (၁၅) ရက်နေ့တွင် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုနှင့် ဒေါညေးခူတို့တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများပြင်းထန်ခဲ့သလို ယင်းတိုက်ပွဲများအတွင်း စစ်ကာင်စီတပ်မှ ဒေါညေးခူ ဘုရားကျောင်းနှင့်ဘုန်းတော်ကြီးနေအိမ်တို့အား မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၅)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၊ ကုန်းသာ၊ ပူဖားကျေးရွာနှင့် သေးဆူလဲ ကျေးရွာမျာအးတွင်း ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲ တိုက်ခိုက်ခဲ့ရာ ထိုစစ်ဆင်ရေးမှာ (၈) နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံမှုများရှိခဲ့ကြောင်း ဆိုသည်၊ သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်ပါ။

ဇွန်လ (၂၈)ရက်နေ့တို့တွင်လည်း လွိုင်လင်လေး မြို့အနီးတွင်၊ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး(၂၉)ရက်နေ့ တွင် လက်နက်ကြီးများဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဆိုသည်။

ဇွန်လ(၃၀)ရက်နေ့၌ လွိုင်ကော်မြိုနယ်၊ လောပိတ အမှတ် (၂) သင်္ဘောပင်စခန်းနှင့်ဓါတ်ဦးပွင့် ဘုရားကျောင်း အကြား ဖြတ်သန်းသွားနေသော စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီးအား၊ KNDF မှ တိုက်ခိုက်ခဲ့ရာ၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ယာဥ်အတွင်းလိုက်ပါစီးနင်းလာသော စစ်ကောင်စီတပ်၏ တပ်ရေးဗိုလ်ကြီး နှင့် တပ်ကြပ်ကြီး အဆင့်ရှိသူ(၂)ဦး အပါအဝင် စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး KNDF မှ ပစ္စတို သေနတ် တစ်လက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ တစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲအကြိမ်ရေပေါင်း (၃၀) ကြိမ်ဖြစ်ပွားခဲ့ပြီး အကစစ်ကောင်စီတပ်ဘက်မှ (၂၅) ဦးသေဆုံးခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက်ငယ် (၁၃) လက်သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မီးရှို့မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် (၁၂) လုံး နှင့် ဘာသာရေးအဆောက်အဦး (၂) လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထား သည်။

Related Articles

Back to top button